Shop Myanmar Online

Shop Myanmar Online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shop Myanmar Online, Yangon.

13/07/2025

ဝင်သက်ထွက်သက်များ🩵
Color creation 🌈🫶


12/07/2025

Color creation 🩵



12/07/2025

Imagic eyeshadow palette 🌈🫶

သုံးလခံဆေးထိုးပြီးလို့ ရာသီမလာရင် ကျန်းမာရေးထိခိုက်နိုင်လား? (တစ်နည်းအားဖြင့် ဆေးထိုးပီးရာသီလာလို့ စိတ်ပူနေကြသူများဖတ်နိ...
13/06/2024

သုံးလခံဆေးထိုးပြီးလို့ ရာသီမလာရင် ကျန်းမာရေးထိခိုက်နိုင်လား?
(တစ်နည်းအားဖြင့် ဆေးထိုးပီးရာသီလာလို့ စိတ်ပူနေကြသူများဖတ်နိုင်ပါတယ်)
အမေးအများဆုံးမေးခွန်းလေးပါ

×××××××××××××××

သုံးလခံသားဆက်ခြားထိုးဆေးနဲ့ ရာသီအပြောင်းအလဲ

သုံးလခံထိုးဆေးကို စသုံးကြတဲ့ အမျိုးသမီးအများစုမှာ အဓိကခံစားရတာကေတာ့ ရာသီမမှန်တဲ့ ပြသနာပါ။ အဲဒီ့ ရာသီမမှန်ရတဲ့အကြောင်းရယ် ရာသီမမှန်တာအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးပေးသွားမှာပါ။

ရာသီဘာကြောင့်လာတာလဲ?

ရာသီမမှန်တဲ့အကြောင်းပြောမယ်ဆိုရင် အမျိုးသမီးတွေ ဘာကြောင့်ရာသီလာတာလဲဆိုတာက စပြောရမှာပါ။ မိန်းကလေးတွေ အပျိုဖော်ဝင်ပြီဆိုရင်မျိုးဥအိမ်ကနေ တစ်လကိုတစ်လုံး မျိုးဥလေးတွေ မှန်မှန်ကြွေပါတယ်။ အဲဒီ့မျိုးဥလေးက အမျိုးသားဆီက သုတ်ပိုးနဲ့တွေ့ရင် သန္ဓေအောင်ပြီး ကိုယ်ဝန်ရှိလာပါတယ်။ သန္ဓေအောင်သွားတဲ့ မျိုးဥလေး တွယ်ကပ်ဖို့အတွက် သားအိမ်ရဲ့ အတွင်းနံရံက မျိုးဥမကြွေခင်မှာ တဖြည်းဖြည်း ထူလာရပါတယ်။ ဒါပေမဲ့ မျိုးဥလေးက အမျိုးသားသုတ်ပိုးနဲ့ မတွေ့ရင်တော့ သန္ဓေမအောင်တဲ့အတွက် သားအိမ်အတွင်းနံရံက ကွာကျသွားပါတယ်။ အဲဒါကို ရာသီသွေးဆင်းတယ်လို့ ခေါ်တာပါ။ အဲဒီ ဖြစ်စဉ်ကို အကျိုးသက်ရောက်နေတာက အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Progesterone ပါ။

သုံးလခံသားဆက်ခြားထိုးဆေးဆိုတာ ဘာလဲ?

သုံးလခံထိုးဆေးထဲမှာ အမျိုးသမီးဟော်မုန်း Progesterone နဲ့ ဆင်တူတဲ့ Progestin ဓာတ် ပါဝင်ပါတယ်။ မျိုးဥကြွေတာကိုတားဆီးပြီး သနေ္ဓမရအောင် ကာကွယ်ပေးတာပါ။ဆေးကို လက်မောင်း(သို့)တင်ပါးအသားထဲ ဒါမှမဟုတ် အရေပြားအောက်က အဆီထဲ ထိုးကြပါတယ်။ သုံးလခံထိုးဆေးဟာ ကိုယ်ဝန်ရခြင်းကို ၉၇ ရာနှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဆေးရဲ့ ဘေးထွက်ဆိုးကျိုး?

အဓိကကေတာ့ ရာသီမမှန်တာပါ။ ရာသီနည်းသွားတာ များလာတာ ရာသီစောတာ နောက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ စသုံးတဲ့ ပထမသုံးလမွာ ရက်ရှည်သွေးဆင်းတာ သွေးတစက်စက်ဆင်းနေတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ရာသီလာတဲ့ အကြိမ်ရေနည်းသွားပြီး ရာသီလုံးဝထိမ်သွားတာ ဖြစ်နိုင်ပါတယ်။ တခြားကတော့ဝလာတာ ခေါင်းမူး ခေါင်းကိုက်တာ စိတ်ခံစားမှု ပြောင်းလွယ်တာတွေ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။

ရာသီမမှန်တာအတွက် ဘာတွေလုပ်လို့ရလဲ?

ရာသီမမှန်တာဟာ အန္တရာယ်မရှိပါဘူး။ ဟော်မုန်းအာနိသင်ကြောင့် နောက်ပိုင်းမှာ ရာသီလာတာအလိုလိုရပ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရာသီမမှန်တာ ကြာနေတာ ဒါမှမဟုတ် ရာသီထိမ်နေရာကနေ ပြန်ပြီး သွေးဆင်းလာတာဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ သွားရောက်တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သွေးဆင်းမမှန်တာဆိုရင် သုံးလခံထိုးဆေးကို ဆက်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် တခြားသားဆက်ခြားနည်းလမ်းတွေ (ဥပမာ ကွန်ဒုံး)ကို ပြောင်းသုံးနိုင်ပါတယ်။
ရာသီထိမ်နေတဲ့အတွက် ကလေးမရနိုင်တော့မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ ဆေးရပ်လိုက်ပြီး လအနည်းငယ်ကြာရင် ရာသီပြန်လာပြီး ကလေးရနိုင်ပါတယ်။ ရာသီမလာတာကို မကြိုက်ရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး တခြားသားဆက်ခြားနည်းလမ်းတွေကို ပြောင်းသုံးလို့ ရပါတယ်။

မူရင်းရေးသားသူအားလေးစားစွာ Credit ပေးအပ်ပါသည်။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say



Zawgyi

သုံးလခံဆေးထိုးပြီးလို့ ရာသီမလာရင် ကျန်းမာရေးထိခိုက်နိုင်လား?
(တစ်နည်းအားဖြင့် ဆေးထိုးပီးရာသီလာလို့ စိတ်ပူနေကြသူများဖတ်နိုင်ပါတယ်)
အမေးအများဆုံးမေးခွန်းလေးပါ

သုံးလခံသားဆက်ခြားထိုးဆေးနဲ့ ရာသီအပြောင်းအလဲ

သုံးလခံထိုးဆေးကို စသုံးကြတဲ့ အမျိုးသမီးအများစုမှာ အဓိကခံစားရတာကေတာ့ ရာသီမမှန်တဲ့ ပြသနာပါ။ အဲဒီ့ ရာသီမမှန်ရတဲ့အကြောင်းရယ် ရာသီမမှန်တာအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးပေးသွားမှာပါ။

ရာသီဘာကြောင့်လာတာလဲ?

ရာသီမမှန်တဲ့အကြောင်းပြောမယ်ဆိုရင် အမျိုးသမီးတွေ ဘာကြောင့်ရာသီလာတာလဲဆိုတာက စပြောရမှာပါ။ မိန်းကလေးတွေ အပျိုဖော်ဝင်ပြီဆိုရင်မျိုးဥအိမ်ကနေ တစ်လကိုတစ်လုံး မျိုးဥလေးတွေ မှန်မှန်ကြွေပါတယ်။ အဲဒီ့မျိုးဥလေးက အမျိုးသားဆီက သုတ်ပိုးနဲ့တွေ့ရင် သန္ဓအောင်ပြီး ကိုယ်ဝန်ရှိလာပါတယ်။ သန္ဓအောင်သွားတဲ့ မျိုးဥလေး တွယ်ကပ်ဖို့အတွက် သားအိမ်ရဲ့ အတွင်းနံရံက မျိုးဥမကြွေခင်မှာ တဖြည်းဖြည်း ထူလာရပါတယ်။ ဒါပေမဲ့ မျိုးဥလေးက အမျိုးသားသုတ်ပိုးနဲ့ မတွေ့ရင်တော့ သန္ဓမေအောင်တဲ့အတွက် သားအိမ်အတွင်းနံရံက ကွာကျသွားပါတယ်။ အဲဒါကို ရာသီသွေးဆင်းတယ်လို့ ခေါ်တာပါ။ အဲဒီ ဖြစ်စဉ်ကို အကျိုးသက်ရောက်နေတာက အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ Estrogen နဲ့ Progesterone ပါ။

သုံးလခံသားဆက်ခြားထိုးဆေးဆိုတာ ဘာလဲ?

သုံးလခံထိုးဆေးထဲမှာ အမျိုးသမီးဟော်မုန်း Progesterone နဲ့ ဆင်တူတဲ့ Progestin ဓာတ် ပါဝင်ပါတယ်။ မျိုးဥကြွေတာကိုတားဆီးပြီး သန္ဓေမရအောင် ကာကွယ်ပေးတာပါ။ဆေးကို လက်မောင်း(သို့)တင်ပါးအသားထဲ ဒါမှမဟုတ် အရေပြားအောက်က အဆီထဲ ထိုးကြပါတယ်။ သုံးလခံထိုးဆေးဟာ ကိုယ်ဝန်ရခြင်းကို ၉၇ ရာနှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

ဆေးရဲ့ ဘေးထွက်ဆိုးကျိုး?

အဓိကကေတာ့ ရာသီမမှန်တာပါ။ ရာသီနည်းသွားတာ များလာတာ ရာသီစောတာ နောက်ကျတာတွေ ဖြစ်နိုင်ပါတယ်။ စသုံးတဲ့ ပထမသုံးလမွာ ရက်ရှည်သွေးဆင်းတာ သွေးတစက်စက်ဆင်းနေတာတွေ ဖြစ်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ရာသီလာတဲ့ အကြိမ်ရေနည်းသွားပြီး ရာသီလုံးဝထိမ်သွားတာ ဖြစ်နိုင်ပါတယ်။ တခြားကတော့ဝလာတာ ခေါင်းမူး ခေါင်းကိုက်တာ စိတ်ခံစားမှု ပြောင်းလွယ်တာတွေ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။

ရာသီမမှန်တာအတွက် ဘာတွေလုပ်လို့ရလဲ?

ရာသီမမှန်တာဟာ အန္တရာယ်မရှိပါဘူး။ ဟော်မုန်းအာနိသင်ကြောင့် နောက်ပိုင်းမှာ ရာသီလာတာအလိုလိုရပ်သွားတတ်ပါတယ်။ ဒါပေမဲ့ ရာသီမမှန်တာ ကြာနေတာ ဒါမှမဟုတ် ရာသီထိမ်နေရာကနေ ပြန်ပြီး သွေးဆင်းလာတာဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ သွားရောက်တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ရောဂါတစ်ခုခုကြောင့် သွေးဆင်းမမှန်တာဆိုရင် သုံးလခံထိုးဆေးကို ဆက်သုံးနိုင်ပါတယ်။ ဒါမှမဟုတ် တခြားသားဆက်ခြားနည်းလမ်းတွေ (ဥပမာ ကွန်ဒုံး)ကို ပြောင်းသုံးနိုင်ပါတယ်။
ရာသီထိမ်နေတဲ့အတွက် ကလေးမရနိုင်တော့မှာကိုလည်း စိုးရိမ်စရာမရှိပါဘူး။ ဆေးရပ်လိုက်ပြီး လအနည်းငယ်ကြာရင် ရာသီပြန်လာပြီး ကလေးရနိုင်ပါတယ်။ ရာသီမလာတာကို မကြိုက်ရင်တော့ ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပြီး တခြားသားဆက်ခြားနည်းလမ်းတွေကို ပြောင်းသုံးလို့ ရပါတယ်။

မူရင်းရေးသားသူအားလေးစားစွာ Credit ပေးအပ်ပါသည်။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say

မူစကူဒူး ရုပ်ရှင်ရုံ 🤭
12/06/2024

မူစကူဒူး ရုပ်ရှင်ရုံ 🤭

🌵 နယ်ကားဂိတ်တင်အပို့ထုပ်လေးများ🟩လက်ပံတန်းမြို့🟩ကွန်ဟိန်းမြို့🟩မြိတ်မြို့🟩ရမည်းသင်းမြို့🛑ယုံကြည်စွာမှာယူပေးကြလို့ကျေးဇူးပ...
12/06/2024

🌵 နယ်ကားဂိတ်တင်အပို့ထုပ်လေးများ

🟩လက်ပံတန်းမြို့
🟩ကွန်ဟိန်းမြို့
🟩မြိတ်မြို့
🟩ရမည်းသင်းမြို့

🛑ယုံကြည်စွာမှာယူပေးကြလို့ကျေးဇူးပါ🙏
❤️အဆင်ပြေကြပါစေနော်🙏

☎️မှာယူလိုပါက
Viber or Ph - 09 766 551 579 / 09 954 868 533

ကျွန်မ လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ? ? ?အရမ်းအမေးများတဲ့မေးခွန်းမို့လို့တင်ပေးလိုက်ပါတယ် ဆေးပညာ...
12/06/2024

ကျွန်မ လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ? ? ?

အရမ်းအမေးများတဲ့မေးခွန်းမို့လို့တင်ပေးလိုက်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Arkar Hein
Update Date . May 12, 2020

သင် လစဉ်သုံးသန္ဓေတားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရလျင်ရခြင်းပဲ ဆေး ၂ လုံးသောက်ပါ။ ၂ ရက်လောက် ဆေးသောက်ဖို့မေ့သွားရင် သတိရတဲ့ ရက်မှာ ဆေး ၂ လုံးသောက်ပြီး နောက်ရက်မှာ ဆေး ၂ လုံးထပ်သောက်ပါ။ ဒါဆိုရင် သန္ဓေတားလုပ်ငန်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တနင်္ဂနွေတစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးလုံးတွေကို ပစ်ပြီး ဆေးကဒ်အသစ်ကို ပုံမှန်သောက်ဖို့လိုပါလိမ့်မယ်။

သင် သန္ဓေတားဆေးသောက်ဖို့မေ့သွားတာနဲ့ တစ်ပြိုက်နဲ့ ဒီဆေးကဒ် မကုန်မှီ တခြား သန္ဓေတားအကာအကွယ် တစ်ခုခု ဆောင်ထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့် သန္ဓေတားဆေးကဒ်ကို သောက်ဖို့မေ့တာနဲ့ သင့်ရဲ့မျိုးဥအိမ်ဟာ မျိုးဥဟာ ထွက်လာနိုင်လို့ပါပဲ။

ဒါပေမဲ့ သင်ဟာ ၂၇ လုံးပါဝင်တဲ့ ဆေးကဒ်ထဲက နောက်ဆုံး ၇ လုံးကို သောက်ဖို့မေ့သွားရင် (placebo လို့ခေါ်တဲ့ ဆေးနဲ့ တူသော်လည်း အာနိသင်မရှိတဲ့ ဆေးလုံး ၄ လုံးပါဝင်တဲ့ ဆေးကဒ်မှ ကျန် ၄ လုံးကို သောက်ဖို့မေ့ခဲ့ရင် )( placebo ၂ လုံးပါတဲ့ ဆေးကဒ်မှ နောက်ဆုံး ၂ လုံးကို သောက်ဖို့မေ့ခဲ့ရင်) တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Placebo ဆေးတွေဟာ တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိတာကြောင့် ဒီဆေးတွေ သောက်ဖို့မေ့သွားလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။

ဒါပေမဲ့ တစ်ခုသတိထားရမှာတော့ တစ်ချို့တော့ ဆေးကဒ်တွေမှာ Placebo ဆေးလုံး တစ်လုံးမှ မပါပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို အချိန်မှန်မှန်သောက်သုံးဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင်က ဓမ္မတာလာချိန်မှာလည်း မလာဘူး၊ ဆေးကိုလည်း တစ်လုံးထက်မက မေ့ခဲ့တယ် ဆိုရင်တော့ #ကိုယ်ဝန်ရနေပြီလားဆိုတာ သေချာအောင်သွားစစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုဟာ low-dose လစဉ်သုံးသန္ဓေတားဆေးများကို မှီဝဲနေရင် ဆေးလုံးမှန်မှန်သောက်နေရင်တောင် ဓမ္မတာ လာလေ့မရှိကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ပုံမှန်ဖြစ်လို့ သိပ်တော့စိုးရိမ်စရာမလိုပါဘူး။

ဒီနေရာမှာ low-dose ဆိုတာ သန္ဓေတားဆေးအမျိုးအစားတစ်ခုပါ။ လစဉ်သုံးသန္ဓေတားဆေးတွေထဲမှာ ပါဝင်တဲ့ ဟော်မုန်းတွေက #ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒီလို လစဉ်သုံးသန္ဓေတားဆေး အများစုမှာ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုပါဝင်တတ်ကြပါတယ်။ တစ်ချို့ဆေးတွေမှာတော့ estrogen ပိုများကြပါတယ်။ ဒီဆေးတွေမှာ ဟော်မုန်း အနည်းအများအပေါ်မူတည်ပြီး low-dose နဲ့ Ultra-low-dose ဆိုပြီးကွဲသွားကြပါတယ်။ ဟော်မုန်းနည်းနည်းပဲပါတဲ့ ဆေးက ကောင်းသလို ထင်ရပေမဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

low-dose ဆိုတာ

အီစထရိုဂျင် များများပါဝင်တဲ့ သန္ဓေတားဆေးတွေသောက်မိရင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ရင်သားများပျော့ပြောင်းလာခြင်းနဲ့ ရှားပါးပေမဲ့ ဖြစ်နိုင်တဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

#သန္ဓေတားဆေးတွေ ၁၉၆၀ ခုနှစ်လောက်က စပေါ်တုန်းက ဒီဆေးတွေမှာ အီစထရိုဂျင်ပမာဏ ၁၅၀ မိုက်ကရို ဂရမ် အထိ ပါဝင်ခဲ့ပါတယ်။ (1 gram = 1,000,000 microgram) နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များလို့ ဈေးကွက်ထဲမှာ မရောင်းချတော့ပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင်ပမာဏ အမြင့်ဆုံးပါဝင်တဲ့ ဆေးတောင် ၅၀ မိုက်ကရိုဂရမ် အီစထရိုဂျင်သာပါဝင်ပြီး ဆရာဝန်တွေကလည်း သိပ်ညွှန်းလေ့မရှိကြပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင် ၃၅ မိုက်ကရိုဂရမ် နဲ့ အောက်ပါဝင်တဲ့ သန္ဓေတားဆေးတွေကို Low dose လို့ခေါ်ကြပါတယ်။

Ultra-Low Dose ဆေးဆိုတာ

ဒီဘက်ခေတ်ပိုင်းမှာ ဟော်မုန်းအများအပြားကို ဆေးဝါးတွေထဲ သိပ်ပြီး ထည့်သွင်းအသုံးမပြုလာကြတဲ့အတွက် Ultra-Low Dose သန္ဓေတားဆေးတွေ ပေါ်လာပါတယ်။ ဒီဆေးတွေမှာဆိုရင် အီစထရိုဂျင်ပမာဏ ၂၀ မိုက်ကရို ဂရမ်နဲ့ အောက် ပမာဏသာပါဝင်ပါတယ်။ Low Dose ပဲဖြစ်ဖြစ် Ultra-Low Dose ပဲဖြစ်ဖြစ် သန္ဓေတားဆီးနိုင်ပါတယ်။ ဒါပေမဲ့ Ultra-Low Dose ဆေးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခန်ဓါကိုယျ အရည်ဓတ်များလားခြင်း (fluid retention) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နှုန်းနည်းပါးစေပါတယ်။ Ultra-Low Dose ဆေးတွေကိုတော့ သွေးဆုံးချိန် နီးနေတဲ့ အမျိုးသမီးတွေ အများစု အသုံးပြုလေ့ရှိကြပါတယ်။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say





ကျွန်မ လစဉ်သုံးသန္ဓတေားဆေး သောက်ဖို့မေ့သွားရင် ဘာဆက်လုပ်ရမလဲ? ? ?

အရမ်းအမေးများတဲ့မေးခွန်းမို့လို့တင်ပေးလိုက်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Arkar Hein
Update Date . May 12, 2020

သင် လစဉ်သုံးသန္ဓတေားဆေး သောက်ဖို့မေ့သွားရင် သတိရတဲ့ အချိန်မှာ ချက်ခြင်း ပြန်သောက်ပါ။ နောက်နေ့အထိ မေ့သွားရင် သတိရလျင်ရခြင်းပဲ ဆေး ၂ လုံးသောက်ပါ။ ၂ ရက်လောက် ဆေးသောက်ဖို့မေ့သွားရင် သတိရတဲ့ ရက်မှာ ဆေး ၂ လုံးသောက်ပြီး နောက်ရက်မှာ ဆေး ၂ လုံးထပ်သောက်ပါ။ ဒါဆိုရင် သန္ဓတေားလုပ်ငန်း ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

၂ ရက်ကျော်ပြီးမှ သတိရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ သွားတွေ့ဖိုလိုလာပါပြီ။ သင်အနေနဲ့ တစ်နေ့တစ်ခါ ဆေးကို တနင်္ဂနွတေစ်ပတ်အထိ ပုံမှန်သောက်ဖို့ လိုအပ်သလို ဆေးပတ်လည်အောင် ပြန်လည်မှီဝဲဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ် လက်ရှိသောက်နေတဲ့ ဆေးလုံးတွေကို ပစ်ပြီး ဆေးကဒ်အသစ်ကို ပုံမှန်သောက်ဖို့လိုပါလိမ့်မယ်။

သင် သန္ဓတေားဆေးသောက်ဖို့မေ့သွားတာနဲ့ တစ်ပြိုက်နဲ့ ဒီဆေးကဒ် မကုန်မှီ တခြား သန္ဓတေားအကာအကွယ် တစ်ခုခု ဆောင်ထားဖို့လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင့် သန္ဓတေားဆေးကဒ်ကို သောက်ဖို့မေ့တာနဲ့ သင့်ရဲ့မျိုးဥအိမ်ဟာ မျိုးဥဟာ ထွက်လာနိုင်လို့ပါပဲ။

ဒါပေမဲ့ သင်ဟာ ၂၇ လုံးပါဝင်တဲ့ ဆေးကဒ်ထဲက နောက်ဆုံး ၇ လုံးကို သောက်ဖို့မေ့သွားရင် (placebo လို့ခေါ်တဲ့ ဆေးနဲ့ တူသော်လည်း အာနိသင်မရှိတဲ့ ဆေးလုံး ၄ လုံးပါဝင်တဲ့ ဆေးကဒ်မှ ကျန် ၄ လုံးကို သောက်ဖို့မေ့ခဲ့ရင် )( placebo ၂ လုံးပါတဲ့ ဆေးကဒ်မှ နောက်ဆုံး ၂ လုံးကို သောက်ဖို့မေ့ခဲ့ရင်) တော့ စိုးရိမ်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ Placebo ဆေးတွေဟာ တကယ့်ဆေးနှင့် အသွင်တူသော်လည်း အာနိသင်မရှိတာကြောင့် ဒီဆေးတွေ သောက်ဖို့မေ့သွားလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိပါဘူး။

ဒါပေမဲ့ တစ်ခုသတိထားရမှာတော့ တစ်ချို့တော့ ဆေးကဒ်တွေမှာ Placebo ဆေးလုံး တစ်လုံးမှ မပါပါဘူး။ ဒါကြောင့် ဆေးလုံးတွေကို အချိန်မှန်မှန်သောက်သုံးဖို့က အရေးကြီးပါတယ်။ တကယ်လို့ သင်က ဓမ္မတာလာချိန်မှာလည်း မလာဘူး၊ ဆေးကိုလည်း တစ်လုံးထက်မက မေ့ခဲ့တယ် ဆိုရင်တော့ #ကိုယ်ဝန်ရနေပြီလားဆိုတာ သေချာအောင်သွားစစ်ဆေးသင့်ပါတယ်။ ဒါပေမဲ့ မိန်းကလေးအများစုဟာ low-dose လစဉ်သုံးသန္ဓတေားဆေးများကို မှီဝဲနေရင် ဆေးလုံးမှန်မှန်သောက်နေရင်တောင် ဓမ္မတာ လာလေ့မရှိကြပါဘူး။ ဒါ့ကြောင့် ဒါဟာ ပုံမှန်ဖြစ်လို့ သိပ်တော့စိုးရိမ်စရာမလိုပါဘူး။

ဒီနေရာမှာ low-dose ဆိုတာ သန္ဓတေားဆေးအမျိုးအစားတစ်ခုပါ။ လစဉ်သုံးသန္ဓတေားဆေးတွေထဲမှာ ပါဝင်တဲ့ ဟော်မုန်းတွေက #ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒီလို လစဉ်သုံးသန္ဓတေားဆေး အများစုမှာ estrogen လို့ခေါ်တဲ့ အမျိုးသမီး လိင်ဟော်မုန်းနဲ့ progestin လို့ခေါ်တဲ့ သားအိမ်တွင်း ပြောင်းလဲမှုများကို ဖြစ်စေတဲ့ ဟော်မုန်း (၂) ခုပါဝင်တတ်ကြပါတယ်။ တစ်ချို့ဆေးတွေမှာတော့ estrogen ပိုများကြပါတယ်။ ဒီဆေးတွေမှာ ဟော်မုန်း အနည်းအများအပေါ်မူတည်ပြီး low-dose နဲ့ Ultra-low-dose ဆိုပြီးကွဲသွားကြပါတယ်။ ဟော်မုန်းနည်းနည်းပဲပါတဲ့ ဆေးက ကောင်းသလို ထင်ရပေမဲ့ အားသာချက် အားနည်းချက်တွေကို သိထားဖို့လိုအပ်ပါတယ်။

low-dose ဆိုတာ

အီစထရိုဂျင် များများပါဝင်တဲ့ သန္ဓတေားဆေးတွေသောက်မိရင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ ရင်သားများပျော့ပြောင်းလာခြင်းနဲ့ ရှားပါးပေမဲ့ ဖြစ်နိုင်တဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

#သန္ဓတေားဆေးတွေ ၁၉၆၀ ခုနှစ်လောက်က စပေါ်တုန်းက ဒီဆေးတွေမှာ အီစထရိုဂျင်ပမာဏ ၁၅၀ မိုက်ကရို ဂရမ် အထိ ပါဝင်ခဲ့ပါတယ်။ (1 gram = 1,000,000 microgram) နောက်ပိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ အဖြစ်များလို့ ဈေးကွက်ထဲမှာ မရောင်းချတော့ပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင်ပမာဏ အမြင့်ဆုံးပါဝင်တဲ့ ဆေးတောင် ၅၀ မိုက်ကရိုဂရမ် အီစထရိုဂျင်သာပါဝင်ပြီး ဆရာဝန်တွေကလည်း သိပ်ညွှန်းလေ့မရှိကြပါဘူး။ ဒီနေ့ခေတ်မှာ အီစထရိုဂျင် ၃၅ မိုက်ကရိုဂရမ် နဲ့ အောက်ပါဝင်တဲ့ သန္ဓတေားဆေးတွေကို Low dose လို့ခေါ်ကြပါတယ်။

Ultra-Low Dose ဆေးဆိုတာ

ဒီဘက်ခေတ်ပိုင်းမှာ ဟော်မုန်းအများအပြားကို ဆေးဝါးတွေထဲ သိပ်ပြီး ထည့်သွင်းအသုံးမပြုလာကြတဲ့အတွက် Ultra-Low Dose သန္ဓတေားဆေးတွေ ပေါ်လာပါတယ်။ ဒီဆေးတွေမှာဆိုရင် အီစထရိုဂျင်ပမာဏ ၂၀ မိုက်ကရို ဂရမ်နဲ့ အောက် ပမာဏသာပါဝင်ပါတယ်။ Low Dose ပဲဖြစ်ဖြစ် Ultra-Low Dose ပဲဖြစ်ဖြစ် သန္ဓတေားဆီးနိုင်ပါတယ်။ ဒါပေမဲ့ Ultra-Low Dose ဆေးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခန်ဓါကိုယျ အရည်ဓတ်များလားခြင်း (fluid retention) စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နှုန်းနည်းပါးစေပါတယ်။ Ultra-Low Dose ဆေးတွေကိုတော့ သွေးဆုံးချိန် နီးနေတဲ့ အမျိုးသမီးတွေ အများစု အသုံးပြုလေ့ရှိကြပါတယ်။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say

လိင်ဆက်ဆံပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ကိုယ်ဝန် စဖြစ်ပါသလဲ?လိင်မှု ကိစ္စဟာ ကိုယ်ဝန်ရစေနိုင်တယ်ဆိုတာ ကောင်းကောင်းသိထားက...
11/06/2024

လိင်ဆက်ဆံပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ကိုယ်ဝန် စဖြစ်ပါသလဲ?

လိင်မှု ကိစ္စဟာ ကိုယ်ဝန်ရစေနိုင်တယ်ဆိုတာ ကောင်းကောင်းသိထားကြမှာပေါ့။
ဒါပေမဲ့ လိင်ကိစ္စအပြီး အချိန်ဘယ်လောက်မှာ ကိုယ်ဝန်စဖြစ်သလဲ။
ကိုယ်ဝန်ဟာ လိင်ဆက်ဆံတဲ့ ရက်မှာ စမဖြစ်ပါဘူး။
လိင်ဆက်ဆံအပြီး သုက်ကောင်နဲ့ မျိုးဥပေါင်းစည်းပြီး သနေ္ဓအောင်ဥဖြစ်လာဖို့ အတွက် ၆ ရက်ခန့် အထိ အများဆုံးကြာနိုင်ပါတယ်။

အဲ့နောက်မှာ မျိုးအောင်သွားတဲ့မျိုးဥဟာ သားအိမ် အနားသတ်လိုင်းတွေမှာ တွယ်ကပ်ဖို့ အတွက် ၁၀ ရက်ခန့် အထိ ကြာနိုင်ပါတယ်။ ကိုယ်ဝန်ကတော့ မျိုးအောင်သွားတဲ့မျိုးဥ သားအိမ်အနားသတ်လိုင်းမှာ တွယ်ကပ်တဲ့အချိန် ကိုယ်ဝန်ဆက်ကြီးထွားဖို့ လိုအပ်တဲ့ဟော်မုန်းတွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ စပါတယ်။

ဒီတော့ ကိုယ်ဝန်ဖြစ်ဖို့ အတွက် အဆင့် (၂) ဆင့်လိုပါတယ်။
ပထမအဆင့် သုတ်ကောင်ဟာ မျိုးဥနဲ့တွေ့ပြီး မျိုးအောင်ဖို့ပါ။
ဒုတိယ အဆင့်ကတော့ မျိုးအောင်သွားတဲ့မျိုးဥဟာ သားအိမ်နံရံတွေမှာ လာကပ်တွယ်ဖို့ပါ။

ဒီလို ကိုယ်ဝန်ရဖို့ အတွက် ၁၆ ရက်အထိ အများဆုံး ကြာတဲ့အခါမှာ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာကို ချက်ခြင်း မသိနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရသွားတဲ့အခါ လက္ခဏာတွေက မျိုးအောင်သွားတဲ့ မျိုးဥ သားအိမ်မှာ တွယ်ကပ်မှသာ စဖြစ်တဲ့အတွက်ကြောင့်ပါ။ အမျိုးသမီး အမ်ားစု အနေနဲ့ ကိုယ်ဝန်လက္ခဏာတွေကို ဓမ္မတာ လာရမယ့် အချိန် ကျော်သွားတဲ့အထိ
လုံးဝ မသိကြပါဘူး။ ပုံမှန်အားဖြင့်ကိုယ်ဝန် လက္ခဏာတွေ စသိဖို့ အတွက် ၂ ပတ္ကေန ၄ ပတ်ခန့် အထိကြာနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ရှိ မရှိ သေချာသိနိုင်စေမယ့် နည်းလမ်းကတော့ ကိုယ်ဝန် ရှိ၊ မရှိစစ်ဆေးဖို့ပါ။ ဆေးဆိုင်တွေ၊ ဆေးခန်းတွေမှာ Lydia E-Zee Check လိုမျိုး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေကို ၅၀၀ ကေန ၁၀၀၀ ကြားနဲ့ ဝယ်ယူလို့ ရနိုင်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေဟာ human chorionic gonadotropin hormone (HCG) လို့ခေါ်တဲ့ ကိုယ်ဝန်ကြီးထွားဖို့အတွက် လိုအပ်တဲ့ဟော်မုန်းကို ထောက်လှမ်းပေးတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးကိရိယာတွေဟာ ဓမ္မတာ မလာတော့တဲ့အချိန်မှာ စစ်ဆေးရင် အတိက်ဆုံး ဖြစ်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး ကိုယ်ဝန်ရသွားမှာစိုးရိမ်နေတဲ့သူတွေ အတွက် ရွေးချယ်နိုင်တာကတော့ Lydia 1Safe Pill လို အရေးပေါ် သားဆက်ခြားနည်းပါ။ ဒီဆေးဟာ အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ၇၂ နာရီအတွင်းမှာသောက်သုံးမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ ၈၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ စောစောသောက်လေ ပိုအစွမ်းထက်လေပါပဲ။ အရေးပေါ် သားဆက်ခြားနည်းတွေက ကိုယ်ဝန် မဖြစ်ခင် အလုပ္လုပ္တာ ဖြစ်တဲ့အတွက် ဒီဆေးတွေက ကိုယ်ဝန်ကို တားပေးတာဖြစ်ပါတယ်။ ကိုယ်ဝန် မပျက်ကျစေနိုင်ပါဘူး။

နောက်ထပ် အရေးပေါ် သနေ္ဓတားနိုင်တဲ့နည်းတစ်မျိုးကတော့ ကြေးနီ IUD ထည့်သွင်းဖို့ပါ။ ကြေးနီ IUD တွေက မျိုးအောင်သွားတဲ့မျိုးဥ သားအိမ်တွင်း လာမတွယ်ကပ်နိုင်အောင်ပြုလုပ်ပေးတာ ဖြစ်ပြီး အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ၅ ရက်အတွင်းမှာ ထည့်သွင်းရတာ ဖြစ်ပါတယ်။ ထိရောက်မှု နှုန်းကတော့ ၉၉. ၉ ရာခိုင်နှုန်းကျော် ထိရောက်ပါတယ်။ ဒီ ကြေးနီ IUD တွေကတော့ အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ကိုယ်ဝန်ကို အစွမ်းထက်ဆုံး ကာကွယ်ပေးနိုင်တဲ့ပစ္စည်းပါ။

ဒါပေမဲ့ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။
အရေးပေါ် ဖြစ်လာရင် အန္တရာယ်များပါတယ်။
ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ဆိုရင် ကွန်ဒုံးအသုံးပြုခြင်း၊ ရောဂါ မရှိကြောင်းစိတ်ချရတဲ့သူဆိုရင် စိတ္ခ်ရတဲ့ သနေ္ဓတားနည်း သုံးစွဲမှသာလျှင် မိသားစုဘဝကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှာပါ။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say



Zawgyi

လိင်ဆက်ဆံပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ကိုယ်ဝန် စဖြစ်ပါသလဲ?

လိင်မှု ကိစ္စဟာ ကိုယ်ဝန်ရစေနိုင်တယ်ဆိုတာ ကောင်းကောင်းသိထားကြမှာပေါ့။
ဒါပေမဲ့ လိင်ကိစ္စအပြီး အချိန်ဘယ်လောက်မှာ ကိုယ်ဝန်စဖြစ်သလဲ။
ကိုယ်ဝန်ဟာ လိင်ဆက်ဆံတဲ့ ရက်မှာ စမဖြစ်ပါဘူး။
လိင်ဆက်ဆံအပြီး သုက်ကောင်နဲ့ မျိုးဥပေါင်းစည်းပြီး သန္ဓေအောင်ဥဖြစ်လာဖို့ အတွက် ၆ ရက်ခန့် အထိ အများဆုံးကြာနိုင်ပါတယ်။

အဲ့နောက်မှာ မျိုးအောင်သွားတဲ့မျိုးဥဟာ သားအိမ် အနားသတ်လိုင်းတွေမှာ တွယ်ကပ်ဖို့ အတွက် ၁၀ ရက်ခန့် အထိ ကြာနိုင်ပါတယ်။ ကိုယ်ဝန်ကတော့ မျိုးအောင်သွားတဲ့မျိုးဥ သားအိမ်အနားသတ်လိုင်းမှာ တွယ်ကပ်တဲ့အချိန် ကိုယ်ဝန်ဆက်ကြီးထွားဖို့ လိုအပ်တဲ့ဟော်မုန်းတွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ စပါတယ်။

ဒီတော့ ကိုယ်ဝန်ဖြစ်ဖို့ အတွက် အဆင့် (၂) ဆင့်လိုပါတယ်။
ပထမအဆင့် သုတ်ကောင်ဟာ မျိုးဥနဲ့တွေ့ပြီး မျိုးအောင်ဖို့ပါ။
ဒုတိယ အဆင့်ကတော့ မျိုးအောင်သွားတဲ့မျိုးဥဟာ သားအိမ်နံရံတွေမှာ လာကပ်တွယ်ဖို့ပါ။

ဒီလို ကိုယ်ဝန်ရဖို့ အတွက် ၁၆ ရက်အထိ အများဆုံး ကြာတဲ့အခါမှာ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ရှိတဲ့ လက္ခဏာကို ချက်ခြင်း မသိနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ရသွားတဲ့အခါ လက္ခဏာတွေက မျိုးအောင်သွားတဲ့ မျိုးဥ သားအိမ်မှာ တွယ်ကပ်မှသာ စဖြစ်တဲ့အတွက်ကြောင့်ပါ။ အမျိုးသမီး အမ်ားစု အနေနဲ့ ကိုယ်ဝန်လက္ခဏာတွေကို ဓမ္မတာ လာရမယ့် အချိန် ကျော်သွားတဲ့အထိ
လုံးဝ မသိကြပါဘူး။ ပုံမှန်အားဖြင့်ကိုယ်ဝန် လက္ခဏာတွေ စသိဖို့ အတွက် ၂ ပတ္ကေန ၄ ပတ်ခန့် အထိကြာနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ရှိ မရှိ သေချာသိနိုင်စေမယ့် နည်းလမ်းကတော့ ကိုယ်ဝန် ရှိ၊ မရှိစစ်ဆေးဖို့ပါ။ ဆေးဆိုင်တွေ၊ ဆေးခန်းတွေမှာ Lydia E-Zee Check လိုမျိုး ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေကို ၅၀၀ ကေန ၁၀၀၀ ကြားနဲ့ ဝယ်ယူလို့ ရနိုင်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးတဲ့ ကိရိယာတွေဟာ human chorionic gonadotropin hormone (HCG) လို့ခေါ်တဲ့ ကိုယ်ဝန်ကြီးထွားဖို့အတွက် လိုအပ်တဲ့ဟော်မုန်းကို ထောက်လှမ်းပေးတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးကိရိယာတွေဟာ ဓမ္မတာ မလာတော့တဲ့အချိန်မှာ စစ်ဆေးရင် အတိက်ဆုံး ဖြစ်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး ကိုယ်ဝန်ရသွားမှာစိုးရိမ်နေတဲ့သူတွေ အတွက် ရွေးချယ်နိုင်တာကတော့ Lydia 1Safe Pill လို အရေးပေါ် သားဆက်ခြားနည်းပါ။ ဒီဆေးဟာ အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ၇၂ နာရီအတွင်းမှာသောက်သုံးမယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကနေ ၈၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ စောစောသောက်လေ ပိုအစွမ်းထက်လေပါပဲ။ အရေးပေါ် သားဆက်ခြားနည်းတွေက ကိုယ်ဝန် မဖြစ်ခင် အလုပ္လုပ္တာ ဖြစ်တဲ့အတွက် ဒီဆေးတွေက ကိုယ်ဝန်ကို တားပေးတာဖြစ်ပါတယ်။ ကိုယ်ဝန် မပျက်ကျစေနိုင်ပါဘူး။

နောက်ထပ် အရေးပေါ် သန္ဓေတားနိုင်တဲ့နည်းတစ်မျိုးကတော့ ကြေးနီ IUD ထည့်သွင်းဖို့ပါ။ ကြေးနီ IUD တွေက မျိုးအောင်သွားတဲ့မျိုးဥ သားအိမ်တွင်း လာမတွယ်ကပ်နိုင်အောင်ပြုလုပ်ပေးတာ ဖြစ်ပြီး အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ၅ ရက်အတွင်းမှာ ထည့်သွင်းရတာ ဖြစ်ပါတယ်။ ထိရောက်မှု နှုန်းကတော့ ၉၉. ၉ ရာခိုင်နှုန်းကျော် ထိရောက်ပါတယ်။ ဒီ ကြေးနီ IUD တွေကတော့ အကာကွယ်မဲ့ လိင်ဆက်ဆံအပြီး ကိုယ်ဝန်ကို အစွမ်းထက်ဆုံး ကာကွယ်ပေးနိုင်တဲ့ပစ္စည်းပါ။

ဒါပေမဲ့ ဘယ်အရာမဆို ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။
အရေးပေါ် ဖြစ်လာရင် အန္တရာယ်များပါတယ်။
ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ကာကွယ်ဖို့ဆိုရင် ကွန်ဒုံးအသုံးပြုခြင်း၊ ရောဂါ မရှိကြောင်းစိတ်ချရတဲ့သူဆိုရင် စိတ္ခ်ရတဲ့ သန္ဓေတားနည်း သုံးစွဲမှသာလျှင် မိသားစုဘဝကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှာပါ။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say

 #အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်းကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ ...
10/06/2024

#အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

ကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။

အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ……???
အရေးပေါ်သန္ဓေတားဆေးက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့် ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။

သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား……???
သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။

အရေးပေါ်သန္ဓေတားသောက်ဆေး
ပုံမှန်သန္ဓေတားသောက်ဆေး
သားအိမ်တွင်းထည့်ပစ္စည်း (IUD)
လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant)
သားဆက်ခြား ထိုးဆေး
ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။
အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား………..
သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတာကကောင်းပါတယ်။

ရာနှုန်းပြည့်စိတ်ချရမှုမရှိပါဘူး🔻🔻🔻

အရေးပေါ်သန္ဓေတားသောက်ဆေးက ရာနှုန်းပြည့်စိတ်ချရတာမျိုးမရှိပါဘူး။ အရေးပေါ်သန္ဓေတားသောက်ဆေးက ၆၂ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်ပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ တကယ်လို့များ ဆေးသောက်ပြီး ၂ နာရီ ၃ နာရီအတွင်းမှာ ပြန်အန်ခဲ့လို့ ထပ်မသောက်မိဘူးဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါဘူး🔻🔻🔻

အရေးပေါ်သန္ဓေတားသောက်ဆေးက ကိုယ်ဝန်မရအောင်တားပေးနိုင်ရင်တောင် သင့်ကို လိင်ကနေတဆင့် ကူးစက်တတ်တဲ့ အိတ်ချ်အိုင်ဗွီ၊ ကာလသားရောဂါ၊ HPV လိုမျိုးရောဂါပိုးတွေကို မကာကွယ်ပေးနိုင်ပါဘူး။

သွေးဆင်းစေနိုင်တယ်🔻🔻🔻

အရေးပေါ်သန္ဓေတားသောက်ဆေးက ဟော်မုန်းပါတာကြောင့် ဆေးသောက်ပြီးချိန်ကနေ ၂ ရက် ၃ ရက်လောက်အထိ သွေးဆင်းတာမျိုးဖြစ်စေနိုင်ပါတယ်။ တကယ်လို့များသွေးက ၃ ရက်ကျော်တဲ့အထိ ဆက်ဆင်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အဆင်ပြေမှာပါ။

မအီမသာဖြစ်စေတယ်။ ခေါင်းကိုက်စေတယ်🔻🔻

အချို့အမျိုးသမီးတွေမှာ အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ မအီမသာဖြစ်တာမျိုးတွေ။ ခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် အော့အန်တာ၊ ရေဓာတ်ဆုံးရှုံးတာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂ ရက်ကြာတဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

ဗိုက်အောင့်စေတယ်။ ခြေကုန်လက်ပမ်းကျစေတယ်🔻🔻🔻

ဗိုက်အောင့်တာက အရေးပေါ်သန္ဓေတားဆေးသောက်ပြီးချိန်မှာ လေဒီတော်တော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာတစ်ရပ်ပါ။ ဗိုက်ထဲကအောင့်နေတာပါ။ ရေဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာမျိုးလည်းခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုးလည်းရှိနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေ ခံစားရမှုနဲ့အတူ နာကျင်မှုကပိုဆိုးလာမယ်။ အစားစားချင်စိတ်မရှိဖြစ်မယ်ဆိုခဲ့ရင်တော့ ဆေးကုသမှုခံယူဖို့ လိုပါပြီ။

ရာသီသွေးအပေါ်သက်ရောက်တာမျိုးဖြစ်နိုင်တယ်🔻🔻🔻

အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ ရာသီသွေးစောဆင်းတာမျိုးရှိနိုင်သလို ရာသီသွေးမဆင်းတာမျိုး၊ ရာသီလာချိန်မှာ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးက တစ်ပတ်ထက်နောက်ကျနေမယ်ဆိုရင်တော့ စစ်ဆေးမှုလုပ်ကြည့်ပါ။

အခြားဆေးတွေရဲ့ အာနိသင်ကို ကျစေနိုင်တယ်🔻🔻

အရေးပေါ် သန္ဓေတားသောက်ဆေးက အတက်ရောဂါအတွက်သောက်ရတဲ့ဆေး၊ တီဘီရောဂါသောက်ဆေး၊ မှိုပိုးကူးစက်ခံရတာသက်သာစေဖို့ သောက်ရတဲ့ဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေနိုင်ပါတယ်။

ကိုယ်အလေးချိန်ကိုလိုက်ပြီး သက်ရောက်မှုကွာတယ်🔻🔻🔻

အရေးပေါ်သန္ဓေတားဆေးက ကိုယ်အလေးချိန်များတဲ့သူတွေ (အထူးသဖြင့် အဝလွန်နေသူတွေ) မှာ သက်ရောက်မှုအားနည်းပါတယ်။

ဒီတော့ အရေးပေါ်သန္ဓေတားဆေးသောက်မယ့်အစား အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုခုကိုသုံးကြည့်ဖို့ တိုက်တွန်းပါရစေ လေဒီလေးတို့ရေ………

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say


#ဆေးပညာဗဟုသုတအ‌ေနဖြင့်သာဖတ်ရှုပါ

အိမ်ထောင်မပြုခင်ကြိုမေးထားကြနော် 😁😁🤭
10/06/2024

အိမ်ထောင်မပြုခင်ကြိုမေးထားကြနော် 😁😁🤭

 #မလိုချင်တဲ့ကိုယ်ဝန်အတွက်ဗဟုသုတရစေရန်အတွက်ရည်ရွယ်ပါသည်လက်ထပ်ပြီးစ အမျိုးသမီး တို့ မသုံးသင့်တဲ့ သားဆက်ခြားနည်း…အခုမှ လက်...
09/06/2024

#မလိုချင်တဲ့ကိုယ်ဝန်အတွက်ဗဟုသုတရစေရန်အတွက်ရည်ရွယ်ပါသည်

လက်ထပ်ပြီးစ အမျိုးသမီး တို့ မသုံးသင့်တဲ့ သားဆက်ခြားနည်း…

အခုမှ လက်ထပ်မယ့် အမျိုးသမီးတွေ၊ အိမ်ထောင်ကျခါစ အမျိုးသမီးတွေ အတွက်ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်ရတာ ခက်ခဲတာကြောင့် IUDကို မရွေးသင့်ပါဘူး

သတို့သမီးလောင်းများအတွက် လက်ထပ်ပြီးပြီးချင်း ကလေးမယူသေးဘူးလို့ စဉ်းစားထားရင်....

မင်္ဂလာပွဲ မကျင်းပခင် ကတတည်းက ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်း တစ်မျိုးမျိုးကို ရွေးချယ်ပြီး သုံးထားဖို့ လိုပါတယ်။

သန္ဓေတားတဲ့ နည်းလမ်းတွေကတော့ လေး၊ငါးမျိုးထက် မနည်းရှိတဲ့အတွက် ကိုယ့်အတွက် အသင့်တော်ဆုံး၊ အဆင်အပြေဆုံး ဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်

သန္ဓေတားတဲ့ နည်းလမ်းတွေကတော့ လေး၊ငါးမျိုးထက် မနည်းရှိပါတယ်

နည်းလမ်းတွေက တစ်ခုနဲ့ တစ်ခု မတူကြသလို အမျိုးသမီးလေးတွေကလည်း တစ်ဦးနဲ့ တစ်ဦး ကျန်းမာရေး အခြေခံနဲ့ အကျင့်စရိုက် အနေအထိုင်တွေ မတူကြတဲ့အတွက် သုံးသင့်တဲ့ သန္ဓေတားနည်းတွေလည်း မတူကြပါဘူး။ ဒါပေမယ့် အခုမှ လက်ထပ်ပြီးခါစ သတို့သမီးလေးတွေ အနေနဲ့ မရွေးချယ်သင့်တဲ့ သန္ဓေတားနည်းတွေတော့ ရှိနေပါတယ်။

အရေးပေါ် တားဆေး သောက်ခြင်း

အရေးပေါ် တားဆေး

အရေးပေါ် သန္ဓေတားဆေးကတော့ တားဆေးမသုံးထား၊ အကာအကွယ် မသုံးထားဘဲ လိင်ဆက်ဆံ မိသွားတဲ့အခါ ကိုယ်ဝန်မရနိုင်စေဖို့

သောက်ရတဲ့ ဆေး ဖြစ်ပါအတယ်။ အရေးပေါ် အခြေအနေတွေမှာ သုံးရတဲ့ ဆေး အမျိုးအစား ဖြစ်လို့ ရံဖန်ရံခါ အခန့်မသင့်တဲ့ အခြေအနေမျိုးတွေ မှာပဲ သုံးသင့်တာပါ။ ရေရှည် သန္ဓေတားဖို့ အတွက် စွဲမြဲ သုံးသင့်တဲ့ ဆေးမျိုး မဟုတ်တာကြောင့် သတို့သမီးလောင်းလေးတို့က မရွေးချယ်သင့်ပါဘူး

သားအိမ်ထဲ အကာအကွယ် ပစ္စည်းထည့်ခြင်း(IUD)

IUD လို့ ခေါ်တဲ့ နည်းလမ်းလေးပါ။ သားအိမ်ထဲကို အကာအကွယ် ပစ္စည်းထည့်ပြီး သန္ဓေတားတာ ဖြစ်ပါတယ်။

IUD က ဟော်မုန်း မပါတဲ့ အတွက် သန္ဓေတားဆေး ထိုးတာ၊ နေ့စဉ်သောက် ဆေးသောက်တာတွေလို ဘေးထွက် ဆိုးကျိုး မရှိဘဲ

အချိန်ကြာကြာလည်း ခံတာကြောင့် အမျိုးသမီး အများစု စိတ်ဝင်စားကြတဲ့ နည်းလမ်းပါ

ဒါပေမယ့် အခုမှ လက်ထပ်မယ့် အမျိုးသမီးတွေ၊ အိမ်ထောင်ကျခါစ အမျိုးသမီးတွေ အတွက်ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်ရတာ ခက်ခဲတာကြောင့် ဒီနည်းလမ်းကို မရွေးချယ်သင့်တာပါ။

ဒါပေမယ့် လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် များသွားပြီ ဆိုရင်တော့ IUD ကို လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေ ထည့်လို့ရပါပြီ
(Exp များမှအဆင်ပြေမယ်ဆိုလိုချင်တာပါ :3)

သတို့သမီးလေးတွေလည်း ကိုယ်နဲ့ အဆင်ပြေဆုံး နည်းလမ်းကောင်း တစ်ခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ကြပါစေနော်။

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️viber or pH - 09 766 551 579/09 954 868 533 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။
#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


say


#ဆေးပညာဗဟုသုတ
#မလိုအပ်သူများကျော်သွားပေးပါ #
#ဗဟုသုတအနေဖြင့်သာဖတ်ရှုပေးပါရန် #
#မလိုချင်တဲ့ကိုယ်ဝန်

သားဆက်ခြားနည်းတွေသုံးရဲ့သားနဲ့ကိုယ်ဝန်ရတာဘာကြောင့်လဲ?Page မှာ ကိုယ်ဝန်ရှိနေပြီးမလိုချင်သူများအတွက် ဝန်ဆောင်မှုပေးရင်း ကြ...
08/06/2024

သားဆက်ခြားနည်းတွေသုံးရဲ့သားနဲ့ကိုယ်ဝန်ရတာဘာကြောင့်လဲ?

Page မှာ ကိုယ်ဝန်ရှိနေပြီးမလိုချင်သူများအတွက် ဝန်ဆောင်မှုပေးရင်း ကြုံလာတဲ့ အမျိုးမျိုးအဖုံဖုံသောကိုယ်ဝန်ရလာတဲ့သူတွေအများကြီး ကြုံတွေ့ရပါတယ်။
အရမ်းစိတ်ချရပါတယ်ဆိုတဲ့ IUD နည်းသုံးနေရင်းတောင် ကြုံတောင့်ကြုံခဲရသွားပြီးတော့ ဒီကိုရောက်လာသူအများကြီးရှိပါတယ်။
ပြောချင်တာက ဘယ်လောက်စိတ်ချရပါစေ 100% အပြည့်စိတ်ချရတဲ့သားဆက်ခြားနည်း မရှိဘူးဆိုတာပါ။

လိင်ဆက်ဆံထားတဲ့သူ တစ်ယောက်က
ဘယ်လောက်ကောင်းတဲ့ တားဆေး တားနည်း တွေ သုံးထားတဲ့သူပဲဖြစ်ဖြစ် ကိုယ်ဝန်မရဖို့့ ၁၀၀% အပြည့် မကာကွယ်ပေးနိုင်ပါဘူး တားနည်းနဲ့တားဆေးတွေဟာ
ရနိင်ချေနဲအောင်ပဲလုပ်ဆောင်ပေးနိုင်ပါတယ်
အမှန်ကန်ဆုံး နည်းလမ်း အကောင်းဆုံးတားနည်းကိုသုံးမယ်ဆိုရင်တောင် ၉၉% ထိပဲကာကွယ်ပေးနိုင်ပီး ကျန်တဲ့၁%ကတော့တားနေရင်းနဲ့ကို
အခန့်မသင့်ဘဲရသွားတတ်ပါတယ်

အဲ့တာကြောင့် သင်သာလိင်ဆက်ဆံထားတဲ့သူဖြစ်ရင်
ဘာလိုပုံစံမျိုးနဲ့ ဘယ်တားဆေးသုံးထားတယ်ပြောပြော
ကိုယ်ဝန်ရနိုင်လား တို့ ရနိုင်ချေရှိလားလို့မေးရင်

''ကိုယ်ဝန်ရနိုင်ပါတယ်'' လို့ပဲဖြေရမှာဖြစ်ပါတယ်

ရနိုင်ချေနဲတာ များတာကတော့
ကိုလုပ်ခဲ့တဲ့လုပ်ရက်ပေါ်မူတည်ပါတယ်

ရနိုင်ချေများသူများ (မမှန်ကန်သောတားနည်းများ)

👉 ဘာဆေး ဘာတားနည်းမှမသုံးထားသူ
👉 ရက်ရှောင်နည်းတစ်ခုကိုသာသုံးသူ
👉 အရေးပေါတားဆေးကို လိင်ဆက်ဆံတိုင်း သုံးနေသူ
👉 အထဲတွင်မပီးသောနည်းကိုသာသုံးသူ
👉 နေ့စဉ်သောက်တားဆေးများ အချိန်မှန်မသောက်သူ
👉 ထိုးဆေးများကို အချိန်မှန်မထိုးသူ
👉 ကွန်ဒုံးစနစ်တကျမသုံးသောသူ
(ထိုသူများသည် ကိုယ်ဝန်ရနိုင်ချေများသူများဖြစ်သည် လုံးဝကိုယ်ဝန်ရမည်ဟုဆိုလိုခြင်းမဟုတ်ပါ ❌)

အဲ့တော့ ကိုယ်ဝန်ကတော့ လိင်ဆက်ဆံထားသူတိုင်း ရနိုင်ပါတယ် ရနိုင်ချေနဲလားများလားဆိုတာ ကိုယ့်ပြုမူနေထိုင်ခဲ့ပုံကို ပြန်စဉ်းစားပီး ကိုယ်တို်င် ဆုံးဖြတ်ရပါမယ် တခြားသူကို မေးနေလို့ အဖြေမှန်မရပါ

ဒါဆိုရင် ကိုယ်ဝန်ရမရကို ဘယ်လိုသိနိုင်လဲ?
➖➖➖➖➖➖➖➖➖➖➖

ရာသီလာနေကျ ပုံမှန်ရက်ကို စိတ်ရှည်ရှည်စောင့်ပါ ရာသီလာမယ့်ရက်ထက် တစ်ပါတ် နှစ်ပါတ် ကျော်သည်ထိမလာပါက ဆီးစစ်ပါ

ဆီးစစ်လို့ တစ်ကြောင်းပဲပြရင်ရော ဘာဆက်လုပ်ရမလဲ?
➖➖➖➖➖➖➖➖➖➖➖➖➖➖

နောက်တစ်ပါတ်ထပ်စောင့်ပီးဆီး ထပ်စစ်ပါ ထပ်စစ်လို့မှ နှစ်ကြောင်းလဲ မပေါ် ရာသီလဲမလာဆိုရင် ခန့်မှန်းပီးထိုင်မနေဘဲ အခြေအနေ သေချာသိရအောင်ဆေးခန်းသွားပြသင့်ပါတယ် 👩‍⚕️

#တားဆေးများသုံးနေရင်းအဆင်သင့်မဖြစ်သေးပဲကိုယ်ဝန်ရသွားလို့မလိုချင်သေးပါက
☎️ viber or pH - 09 954 868 533/09 766 551 579 သို့ဆက်သွယ်ဆွေးနွေးလိုက်ပါ။

#တားဆေး
#ကိုယ်ဝန်
#ကိုယ်ဝန်မလိုချင်သေးသူများ
#ကိုယ်ဝန်မလိုချင်သေးသူများလမ်းညွှန်


#အာမခံpyat say

Address

Yangon

Telephone

+66949288709

Website

Alerts

Be the first to know and let us send you an email when Shop Myanmar Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shop Myanmar Online:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram