19/01/2026
Inside Out ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ပြီးတဲ့အခါ "ပျော်တာ ကောင်းတယ်၊ ဝမ်းနည်းတာ မကောင်းဘူး" ဆိုတဲ့ အယူအဆလေးတွေ အနည်းနဲ့အများတော့ လျော့ပါးသွားလိမ့်မယ်လို့ ထင်ပါတယ်။
Riley ဆိုတဲ့ ဇာတ်ကောင် ကောင်မလေးရဲ့ ဦးနှောက်ထဲမှာ စိတ်ခံစားချက် အသီးသီး ရှိပါတယ်။
💛 Joy က အမြဲတမ်း အရာအားလုံးကို ပျော်ရွှင်စေချင်တယ်။
😭 Sadness ကတော့ မျက်ရည်တွေနဲ့ အေးအေးဆေးဆေး နေချင်တယ်။
🔥 Anger က မတရားမှုကို မခံနိုင်ဘူး။
😰 Fearက ကာကွယ်ဖို့အတွက် ကြောက်တတ်တယ်။
🤢 Disgustက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သူမနှစ်မြို့တာတွေကို ရှောင်ခိုင်းတယ်။
သူတို့အားလုံးဟာ မကောင်းတဲ့ စိတ်ခံစားချက်တွေ မဟုတ်ဘဲ သူ့နည်းသူ့ဟန်နဲ့သူ အလုပ်လုပ်နေကြပြီး သူ့တာဝန်ကို သူထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။
‼️ ဘဝမှာ ဝမ်းနည်းစရာ မရှိရင် ဘာဖြစ်မလဲ?
ကျွန်မတို့ လူတွေက အမြဲပျော်ချင်ကြတယ်။ ဝမ်းနည်းမှုကို မလိုချင်ကြဘူး။ Inside Out ထဲမှာလည်း Joyက Sadness ကို ဖယ်ထားချင်ခဲ့တယ်။ ဒါပေမဲ့ Sadness မရှိတဲ့အခါ Riley က သူ့ရဲ့ ခံစားချက်ကို သူထုတ်မပြနိုင်တော့ဘူး။ အကူညီမတောင်းနိုင်တော့ဘူး။ သူ့ကို နားလည်ပေးမဲ့သူတွေနဲ့ သူမနီးစပ်တော့ဘူး။
ဒါကြောင့် ဝမ်းနည်းမှုဟာ လိုအပ်တယ်။ Sadnessဟာ အားနည်းချက် မဟုတ်ဘဲ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့၊ အကူညီတောင်းဖို့၊ ချိတ်ဆက်ဖို့ တံတားတစ်စင်း ဖြစ်တယ်။
ဒါဆို တခြား စိတ်ခံစားချက်တွေ ဖြစ်တဲ့
🔥Anger, 😰 Fear, 🤢 Disgust ကရော မကောင်းတဲ့ စိတ်ခံစားချက်တွေလား?
🔥 Anger မရှိရင် ကိုယ့်အခွင့်အရေးကို ကိုယ်မကာကွယ်နိုင်ဘူး။ ဘယ်သူကပဲ စည်းကျော်လာကျော်လာ ခေါင်းငုံ့ခံနေရမှာပါ။
😰 Fear မရှိရင် အန္တရာယ်တွေကို မမြင်နိုင်ဘူး။ Fear ကြောင့်သာ Fight or Flight mode ဖြစ်ပေါ်လာပြီး အန္တရာယ်တွေကနေ ရှောင်ရှား ကာကွယ်နိုင်တာ ဖြစ်ပါတယ်။
🤢 Disgust လည်း အတူတူပဲ။ သူမရှိရင် ကိုယ့်ကို ထိခိုက်စေမဲ့အရာတွေ၊ ကိုယ်မနှစ်မြို့တဲ့ အရာတွေကို မရှောင်ရှားနိုင်ဘူး။
🤍 ဒါကြောင့် စိတ်ခံစားချက်တိုင်းမှာ အကြောင်းပြချက်ရှိတယ်။ သူနဲ့သက်ဆိုင်ရာ အလုပ်တစ်ခု ရှိပါတယ်။ "All the Feelings are Valid" ပါ။ အရာအားလုံးကို ခံစားခွင့် ရှိပါတယ်။
🤍 Inside Out ကာတွန်းကားလေးကနေ ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် သင်ပေးသွားတဲ့အရာက ဘဝမှာ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။ ဘဝဆိုတာ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်း ပေါင်းစပ်ထားတာဖြစ်ပြီးတော့ စိတ်ကျန်းမာရေးဆိုတာ အမြဲပျော်နေဖို့၊ bliss ဖြစ်နေဖို့ မလိုပါဘူး။ ပျော်တဲ့ ရက်တွေကို လက်ခံသလို၊ ဝမ်းနည်းစရာကောင်းတဲ့ နေ့ရက်တွေကိုပါ လက်ခံ ခံစား ခွင့်ပြုပေးနိုင်ခြင်းကသာ အရေးအကြီးဆုံး ဖြစ်ပါတယ်။
▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။
ဆေးခန်းလိပ်စာ- အမှတ် (၂၁၅)၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ ရွာမ အရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။