Biomanix Japan Company Limited Direct

Biomanix Japan Company Limited Direct အမျိုးသားအား​​ဆေးတိုင်းရဲ့ အ​ကောင်းဆုံး Biomanix Japan

Order Now 09444599120
05/01/2024

Order Now 09444599120

22/06/2023
မီးစနဲ့ထိုးသလို အော်ငိုနေရတဲ့  #ဆီးကျောက်တည်ခြင်းဝေဒနာ‼️👉 ခါးကနေပေါင်ခြံခြားထိထိုးပြီးအောင့်တာ၊ 👉 ဆီးသွားရင်းလည်းသွေးစလေ...
13/01/2023

မီးစနဲ့ထိုးသလို အော်ငိုနေရတဲ့ #ဆီးကျောက်တည်ခြင်းဝေဒနာ‼️

👉 ခါးကနေပေါင်ခြံခြားထိထိုးပြီးအောင့်တာ၊

👉 ဆီးသွားရင်းလည်းသွေးစလေးတွေပါတယ်

👉 ချမ်းတုန်ပြီးလည်းဖျားတယ်

#ဆီးကျောက်တည်တယ် လို့တော့ပြောတယ်။သေချာအောင်ထပ်စစ်ရမယ်တဲ့၊ ဘာလို့ဖြစ်ပြီး မဖြစ်အောင်ဘယ်လိုရှောင်ရမလဲ❓

#ဆီးကျောက်တည် တယ်ဆိုတာ တကယ်တော့ ကျောက်ကပ်ကစွန့်ထုတ်လိုက်တဲ့ အနည်အနှစ်လေးတွေများလာတဲ့အခါ ဆီးစွန့်တဲ့ လမ်းကြောင်းတစ်လျောက်မှာ အနည်ကျပြီး ကျောက်ဖြစ်လာတာပါ။အဲ့ လမ်းကြောင်းတလျောက်မှာမှ တချို့ကွေ့ကောက်တဲ့ နေရာ 3ခုမှာဆို အနည်ပိုကျတတ်လို့ အဲ့နေရာတွေမှာဆို #ဆီးကျောက် လေးတွေပိုဖြစ်တတ်ပါတယ်။

#ဆီးကျောက် ဖြစ်ပြီဆိုရင်တော့ တချို့လည်းဘာမှ မခံစားရပါဘူး၊ ကျောက်မဖြစ်သေးခင် အနည် အမှုန်ဘဝဆို ရေများများသောက်တာနဲ့ သက်သာသွားတတ်ပါတယ်။ အနည်အမှုန်ဘဝကျော်ပြီး ဆီးကျောက်ဘဝ ရောက်လာရင်တော့

🔺 ခါးထဲကနေထိုးအောင့်ပါတယ်။အန်ချင်ပျို့ချင်တဲ့အထိကိုအောင့်ပါတယ်၊ တချို့ဆို နာတာကြီးက ခါးကနေ ပေါင်အတွင်းကြားအထိကို အောင့်ပါတယ်။တချို့တွေတော့ နံရိုးနောက်ကနေလိုမျိုးအောင့်ပါတယ်၊ ဆီးကျင်ပါတယ်၊ ဆီးအရမ်းသွားချင်တယ်၊ မပေါက်နိုင်ဘူး စတာတွေခံစားရပါတယ်။

🔺 ဒီရှိနေတဲ့ကျောက်က ဆီးစွန့်တဲ့လမ်းကို အနှောင့်အယှက်ဖြစ်စေတဲ့အခါ ဆီးပိုး ပိုဝင်လွယ်ပါတယ်၊ ဒါဆို ဖျားမယ်၊ ချမ်းတုန်မယ် စတာတွေဖြစ်တတ်ပြီး ကျောက်ကပ်ပြည်တည်ခြင်းမျိုးတွေပါ ဆိုးဆိုးဝါးဝါးဖြစ်တတ်ပါတယ်။

#ကျောက်ကိုသေချာအောင်ဘယ်လိုရှာကြည့်ကြမလဲ??

👉 အရင်ဆုံးတော့ သွေးတွေစစ်ပါတယ်၊ တချို့ဓာတ်တွေများနေရင် ဆီးကျောက်တည်တာ ပိုဖြစ်တတ်လို့ပါ၊ ဥပမာ Calcium ကယ်လဆီယမ်၊ ယူရစ်အက်ဆစ် uric acid

👉 ပြီးရင်တော့ ကျောက်ကိုမြင်နိုင်ဖို့ ကွန်ပြူတာဓာတ်မှန် ရိုးရိုးဓာတ်မှန်ရိုက်တာတွေလုပ်ပါတယ်။

#ကျောက်ထပ်မဖြစ်အောင်‌ေကာဘာတွေရှောင်ရမလဲ❓

၁) ရေများများသောက်ပါ။

၂) ဆား အငံ လျော့စားပါ။

၃) အသားဓာတ် ညီမျှရုံသာစားပါ၊ အသားကင်တွေ သိပ်မစားပါနဲ့ ။

၄) Calcium နည်းတာကော များတာကောက သူ့နည်းသူဟန်နဲ့ဆီးကျောက်ပိုဖြစ်စေပါတယ်၊ ဒါကြောင့် ကယ်လဆီယမ်တွေ ပမာဏတအားများတဲ့ Vitamin D တွေ Vitamin C တွေ ပမာဏတအားများတာတွေကို တချိန်လုံးစွဲသောက်ခြင်းတွေကိုရှောင်ပါနော်။

၅) တချို့ဆီးဆေးသောက်နေရတဲ့ လူနာတချို့မှာလည်းကျောက်တည်ဖို့ အခွင့်အလမ်းများတတ်သောကြောင့် ဆရာဝန်နဲ့တိုင်ပင်ပါနော်။

၆) ယူရစ်အက်ဆစ်များရင်လည်းဆီးကျောက်တည်တတ်တဲ့အတွက် ယူရစ်အက်ဆစ်များတဲ့လူနာတွေ သတိထားရပါမယ်။

#ဆီးကျောက်တည်ခြင်း က အဖြစ်လည်းများတတ်ပြီး စောစောသိရင် ဆီးလမ်းကြောင်းပိုးမဝင်အောင်၊ ပိုးဆိပ်မပျံ့အောင်ကုလို့လည်းရပါတယ်၊ တချို့လည်းသောက်ဆေးလောက်နဲ့တင် အဆင်ပြေသွားပါတယ်၊ တချို့လည်းဆေးပေးပြီးမသက်သာရင် ချေလို့ရလောက်တဲ့ ကျောက်အရွယ်အစားလည်းဖြစ်ရင် အသံလှိုင်းနဲ့ကျောက်ခြေနည်း လိုမျိုးတွေ၊ မှန်ပြောင်းကြည့်ပြီးကျောက်လေးကို ဆွဲဖမ်းလိုက်တာမျိုး procedure တွေလည်း ဆီးနှင့်ကျောက်ကပ် အထူးကုဆရာဝန်ကြီးများ ပြုလုပ်ညွှန်ကြားလေ့ရှိပါတယ်။

🔺🔺🔺 ဒါဆိုနိဂုံးချုပ်ရရင် ကျောက်မတည်အောင်
ရေများများသောက်မယ်
Vitamins တွေ ကယ်လဆီယမ်တွေကို ကာလရှည်ကြာစွဲမသောက်ဘူး ❌
ဆီးကျင်တယ် ခါးကိုက်တယ် ဖျားတယ်ဆိုရင်မပေါ့ဆပဲ ဆရာဝန်နဲ့သေချာပြကြပါနော်။

ကျောက်ထဲမှာ တန်ဖိုးမရှိဆုံး လူကို ဘေးဥပါဒ်ဖြစ်စေဆုံး #ဆီးကျောက် တော့ မဖြစ်အောင်ကော ဖြစ်ရင်လည်းစနစ်တကျကုကြရပါမယ်။

အားလုံးနေကောင်းကျန်းမာကြပါစေ

24/12/2022

👉🏻လိင်ပညာပေးနှင့် အလွဲအမှားများ❗

✅၁။ ကြီး ရှည်

💥အပြာစာအုပ်တွေကို မယုံပါနဲ့ ၈လက်မ၊ကိုးလက်မဆိုတာ မြန်မာထဲ့မှာ ရှားရှားပါးပါးပါ။ပုံမှန်မြန်မာတယောက်ဟာ ၅လက်မကျော်ကျော်သာရှိတတ်ပါတယ်။
အဲဒါကို ကြီးချင်ရင် သောက်ဆေး၊စားဆေး၊လိမ်းဆေးတွေ၊လေ့ကျင့်ခန်းတွေရှိပါတယ်။ဒါမဲ့အဲဒါတွေက ၁၀၀% အာမခံလို့မရပါဘူး လူအပေါ်ရော ဆေးအပေါ်ရော မူတည်ပါသေးတယ်။ထိုးဆေးကတော့ အားမပေးပါဘူး
စီလီကွန်တွေကလူကို
ကောင်းကြိုးမပေးပါဘူး။ကြီးလို့မက်တယ်ဆိုတာတွေက ဒိတ်အောက်နေတဲ့ အယူအဆတွေပါ။ငှက်ပြောသီးလိုပေါ့ အမြင်လှတာက အသီးချိုမချိုကို အာမမခံပါဘူး။

✅၂။ ကြာ

💥အဲဟာကိုလည်း အတော်ရူးကြတယ်။စော်က ၇ခါ ၈ခါပြီးမှ တခါပြီးတာတို့ဘာတို့ကို အဲဒါကလည်း ပြောရရင် မွေးလာကတည်းက အဲလိုသန်တာ ရှားပါတယ်။တစ်သောင်းမှာတယောက်လောက်ပဲရှိမှာပါ။
ပုံမှန်အရ လေ့လာဖူးသလောက်က ယောကျားတယောက်က ပုံမှန်အရ ၃မိနစ်ကနေဆယ်ငါးမိနစ်ထိရှိတတ်ပါတယ်။တစ်နာရီ၊နှစ်နာရီကြာတယ်ဆိုတာ ဆေး၊အရက်တခုခုသုံးထားတာဖြစ်နိုင်ပြီး တချို့လူတွေကတော့ လေ့ကျင့်ယူထားတာဖြစ်ပါတယ်။

👉🏻အဲတော့ အဲဒါတွေပြည့်စုံပြီး ကိုယ့်ကောင်မလေးကတမ်းတမ်းစွဲဖြစ်အောင် ဘယ်လိုလုပ်မလည်း❓
💥
ကျနော်စဉ်းစားစေချင်တာက ရိုးရိုးလေးပါ။လူတွေက အိပ်ယာပေါ်က ကိစ္စဆိုရင် လိင်ချောင်းပေါ်ပဲ အာရုံစိုက်နေတယ်။အဲအရာက ကိုယ်ခန္ဓာမှာကပ်ပေါက်နေတယ်ဆိုတာ မသိချင်တာလား မသိချင်ယောင်ဆောင်နေတာလား မသဲကွဲပါ။တကယ်တော့ ကျန်းမာသန်စွမ်းတဲ့သူဖြစ်ရင် ကျန်းမာသန်စွမ်းတဲ့ စွမ်းဆောင်ရည်ကိုရမယ်ဆိုတာကို မတွေးကြဘူး။ဒီမှာကျနော်ပြောချင်တာက အိပ်ယာပေါ်မှာစွမ်းဆောင်ရည်မြင့်ဖို့က ကိုယ်နေထိုင်စားသောက်ပုံမှန်ဖို့လိုတယ်။လူအားရှိတဲ့အစာတွေစားပါ သုတ်အားရှိတာတွေစားပါ။ကျန်းမာရေးမဲ့အညီ လေ့ကျင့်နေထိုင်ပါ။အဲ့လိုမျိုးပြည့်စုံလာရင် တဖြည်းဖြည်းနဲ့ ကိုယ်လိုရာသွားနိုင်လာလိမ့်မယ်။ပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ ဇင်ရဲ့အသက်ရှုလေ့ကျင့်ခန်းတွေတခြားကီးဂယ်လေ့ကျင့်ခန်းတွေကိုလေ့ကျင့်။အဲ့အပေါ်မှာမှ အားဆေးသောက်။အဲ့လို ကျန်းမာရေးလိုက်စားရင် စွမ်းဆောင်ရည်မြင့်ဖို့ ဘာများခဲယဉ်းမှာလည်း❓
💥ပြီးတော့ အပေးအယူမျှဖို့လိုတယ် ယောင်္ကျားဆိုတဲ့အမျိုးဟာဝုန်းဒိုင်းကြဲမြန်တတ်ပေမဲ့ မိန်းကလေးကတော့ တငြိမ်ငြိမ့်တက်လာတတ်တယ်။အဲ့ဒီအပေါ်မှာ အပေးအယူမျှပြီး သူ့ဘက်ကိုတွေးဖို့လိုတယ် ငါကောင်းပြီးရောမလုပ်ဖို။ပြီးတော့ ပုံစံစုံဖို့လုပ်သင့်တယ် တမျိုးနှစ်မျိုးဆို ဘယ်လောက်ကောင်းကောင်း အချိန်တန် ရိုးအီလာတတ်တာပဲလေ။

💥နောက်ဆုံးအရေးကြီးဆုံးအချက်က ကိုယ့်အဖော်စိတ်ကျေနပ်ရင် အရာရာအေးဆေးပါ သူ့စိတ်ကိုပဲနားလည်အောင်လုပ်ပါ။
ကျနော်တို့ဆီမှာ အကြီးဆုံးအမှားက ကြာကြာလုပ်နိုင် ပုံစံစုံနိုင်ရင် မိန်းမတွေက စွဲလမ်းတယ်ထင်ကြတယ်။မဟုတ်ပါဘူး မိန်းမတွေက တယောက်နဲ့တယောက်မတူကြပါဘူး။တချို့ကကြာတာကြိုက်တယ် တချို့က သိပ်မကြာလည်း အလေးမထားပါဘူး။
အဲ့တော့ အကြာကြီးဆက်ဆံနိုင်ဖို့တခုတည်း အာရုံမထားပါနဲ့

ကိုယ့်ပါတနာအကြိုက်အလိုက်သိပါ

24/12/2022

လိပ်ခေါင်းအမျိုးအစားများ/နဲ့ လက္ခဏါများ

လိပ်ခေါင်းကိုအတွင်းလိပ်၊အပြင်လိပ်၊ အတွင်းနဲ့အပြင် တစ်ဆက်တည်းရောနှောနေတဲ့လိပ် ဆိုပြီးတော့အမျိုးအစားလဲခွဲထားပါတယ်။အပြင်ကိုပြူထွက်နေတဲ့အတိုင်းအတာပေါ်မူတည်ပြီးတော့လည်း အဆင့်၄မျိုး(degree)ခွဲထားပါတယ်။

ဘယ်သူတွေမှာရောဂါအဖြစ်များလဲ ❓

လိပ်ခေါင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။အသက် ၃၀ နဲ့ ၇၀ ကြားအဖြစ်များတတ်ပါတယ်။

ရောဂါလက္ခဏာ♨

ဝမ်းသွားလျှင်သွေးပါခြင်း၊ စအိုနားတဝိုက်ယားယံခြင်း၊ ချွဲများစိုနေခြင်း၊ နေထိုင်ရခက်ခြင်းများ ဖြစ်တတ်ပါတယ်။
အိမ်သာတက်ရင် ဝမ်းကိုစညှစ်လိုက်တဲ့အချိန် ဖောင်းနေတဲ့သွေးကြောလေးတွေပေါက်ထွက်ပြီး သွေးတွေအိမ်သာကမုတ်ပေါ်ကို ပန်းထွက်ပါတယ်။နောက်တစ်မျိုးက ဝမ်းစညှစ်တဲ့အချိန်မှာ သွေးကြောမပေါက်သေးပဲ စမြင်းတုံးနဲ့ပွတ်မိပြီးတော့မှ ပေါက်တာမို့လို့ ဝမ်းသွားပြီးနောက်မှ သွေးကကျလာခြင်းဖြစ်ပါတယ်။

✅ အကြံပြုချက် ✅

ရေများများသောက်ပေးခြင်း၊ အသီးအရွက် အသီးအနှံ များများစားပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းကို သင့်တင့်မျှတစွာ လုပ်ပေးခြင်း အားဖြင့် လိပ်ခေါင်းရောဂါသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါနည်းတူ အသည်းရောဂါ အချို့သော အူမကြီးကင်ဆာတို့တွင်လဲ ဝမ်းသွားလျှင်သွေးပါတတ်သဖြင့် သွေးပါတိုင်း လိပ်ခေါင်းရောဂါ ဟု တထစ်ချမမှတ်စေလိုပဲ သတိမူစေချင်ပါတယ်

24/12/2022

👉🏻အမျိုးသားများသိသင့်တဲ့ အချက်များ❗

✅အကြီးဆုံး လိင်တံ

💥လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။

✅လိင်တံတွေဟာ ကွေးနိုင်ပြီး ကျိုးလဲကျိုးနိုင်ပါတယ်။

💥၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင် လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။

💥အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ သေချာကုသဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

✅သုက်ရည်ဟာ ကယ်လိုရီ နည်းပါးပါတယ်။

💥သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

✅တိုင်းတာတဲ့ အရာမရှိဘူး။

💥ခြေထောက် အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက် အရွယ်အစား၊ နောက်ဆုံး ခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။

💥အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့ လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန် ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။

✅နေထိုင်မှုပုံစံက လိင်တံကျန်းမာရေးကို ထိခိုက်နိုင်တယ်

💥ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေမှာ ယောက်ျား ဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်

24/12/2022

အမျိုးသားများတွင် အဖြစ်များသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးလမ်းကြောင်းယားယံခြင်း၊ ရောင်ရမ်းခြင်း များသည် အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၏ အဓိက လက္ခဏာများဖြစ်ပါသည်။ တကိုယ်ရည်သုံးပစ္စည်းများ မျှဝေ သုံးစွဲခြင်းနှင့် ကျား/မ ဆက်ဆံမှုများမှလည်း ပိုးဝင်နိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ပြင်းထန်သောကူးစက်မှုဖြစ်သည့်အတွက် လိင်မှုဘဝမှတစ်ဆင့် အခြားလူများထံ ကူးစက်နိုင်ပါသည်။ အချိန်မီ မကုသနိုင်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကြောင့် ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးအိမ်ရောင်ခြင်းစသည့် ရောဂါများ ပြန့်နှံ့နိုင်ပါသည်။ ထို့အပြင် အမျိုးသား မျိုးပွားမှုဆိုင်ရာ အခက်အခဲများ ၊ အူလမ်းကြောင်းရောင်ခြင်း ၊ မျက်မြှေးရောင်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်းများပါ ဖြစ်စေနိုင်ပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ပြင်းထန်သော ကူးစက်မှု ဖြစ်သည့်အတွက် အခြားသူများထံကူးစက်နိုင်ပါသည်။ အချိန်မှီ ကုသမှု မရှိပါက ဆီးကျိတ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မျိုးပွားမှုဆိုင်ရာ အခက်အခဲများ၊ အူလမ်းကြောင်းရောင်ခြင်း၊ မျက်မြှေးရောင်ခြင်း နှင့် ဦးနှောက်အမြှေးရောင်ခြင်းထိပါ ပျံ့နှံ့နိုင်ပါသည်။

24/12/2022

လိင်စိတ်နည်းလာတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်❗️

များသောအားဖြင့် လိင်စိတ်နည်းရခြင်းရဲ့ ယေဘုယျအကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

အမျိုးသားတွေမှာ
• စိတ်ဖိစီးမှုများလာတာ
• ကျားဟော်မုန်း ကျဆင်းခြင်း
• ရောဂါအတွက် ဆေးပြင်းများ သောက်ရခြင်း
• အိပ်ချိန်မမှန်ခြင်း
• အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း
• စိတ်ကျန်းမာရေးပြဿနာများ ရှိခြင်း
• စိတ်ကျရောဂါရှိခြင်း
• ခြေထောက်ကို မကြာခဏဆန့်တန်းလိုတဲ့ ရောဂါရှိခြင်း
• ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိခြင်း
• အသက်ကြီးလာခြင်း
• မိမိကိုယ်ကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ် နည်းခြင်း
• လေ့ကျင့်ခန်း မလုပ်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့
• လိင်မှုကိစ္စဖြစ်ရမှာ အလွန်ရှက်တာ
• သွေးဆုံးချိန် ရောက်တာ
• မဟော်မုန်း မျှခြေပျက်ယွင်းတာ
• ရာသီစက်ဝန်းမှာ ကိုက်ခဲမှုဒဏ်တွေ
• စိတ်ဖိစီးမှုများခြင်း
• လိင်မှုကိစ္စမှာ စိတ်ဒဏ်ရာရခဲ့ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လိင်စိတ်နည်းပါးခြင်း ပြဿနာတွေဟာ လူကြီးပိုင်းမှာတော့ အသက်အရွယ်သဘောအရ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် လူငယ်ပိုင်းမှာဆိုရင် များသောအားဖြင့် နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။

''  #ဆီးပူ  ဆီးနီ  ဆီးအောင့်  ဆီးကျန်  ကျောက်တည်   ကျောက်ကပ်အားနည်း  နေပါသလား''  ၁။ကျောက်ဖရုံသီးရင့်ရင့်တစ်လုံးကို  ရှာပ...
18/12/2022

'' #ဆီးပူ ဆီးနီ ဆီးအောင့် ဆီးကျန် ကျောက်တည် ကျောက်ကပ်အားနည်း နေပါသလား''

၁။ကျောက်ဖရုံသီးရင့်ရင့်တစ်လုံးကို ရှာပါ။ ထိပ်ကိုဖြတ်ပါ။ အတွင်းမှ အူတိုင်နှင့်အစေ့များကို ဖယ်ပစ်ပါ။

ထိူကျောက်ဖရုံသီးထဲသို့ ထန်းရည် အပြည့်ထည့်လိုက်ပါ။ ထန်းရည်မရပါက ထန်းလျှက်ခဲ ၁၀ သားခန့်ထည့်ပါ။ မကြာမီ အရည်ပျော်လာပါလိမ့်မည်။ ဖျော်ရည်ကဲ့သို့ဖြစ်လာပါလိမ့်မည်။

ရေဆာတိုင်းသောက်ပါ မကြာချက်ချင်း သက်သာပါလိမ့်မည်။ ဝေဒနာမခံစားရသော လူကောင်းများပင် တစ်ပါတ် ၂ ကြိမ်သောက်ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ ဆီးရောဂါ ကာကွယ်နိုင်ပါလိမ့်မည်။

၂။ ဆီးကျောက်တည်နေပါသလား

ခရုဖင်ရှည် အခွံကိုပြာပြုလျှက် အုန်းရည်နှင့်သောက်ပါ။ ၅ ရက်အတွင်းကျောက်ကြေ၍ ကျပါလိမ့်မည်။

၃။ ခရုခွံကို ပြာမချ လိုပါက သံပုရာရည်တွင်စိမ်လိုက်ပါ ပျော်သွားပါလိမ့်မည်။ ထိုအရည်ကိူသောက်ပါ ကျောက်ကျပါလိမ့်မယ်။

ကျန်းမာကြပါစေ🙏
Crd #

Unicode
'' ဆီးပူ ဆီးနီ ဆီးအောင့် ဆီးကျန် ကျောက်တည် ကျောက်ကပ်အား နည်း နေပါသလား''

၁။ ကျောက်ဖရုံသီးရင့်ရင့်တစ်လုံးကို ရှာပါ။ ထိပ်ကိုဖြတ်ပါ။ အတွင်းမှ အူတိုင်နှင့်အစေ့များကို ဖယ်ပစ်ပါ။

ထိူကျောက်ဖရုံသီးထဲသို့ ထန်းရည် အပြည့်ထည့်လိုက်ပါ။ ထန်းရည်မရပါက ထန်းလျှက်ခဲ ၁၀ သားခန့်ထည့်ပါ။ မကြာမီ အရည်ပျော်လာပါလိမ့်မည်။ ဖျော်ရည်ကဲ့သို့ဖြစ်လာပါလိမ့်မည်။

ရေဆာတိုင်းသောက်ပါ မကြာချက်ချင်း သက်သာပါလိမ့်မည်။ ဝေဒနာမခံစားရသော လူကောင်းများပင် တစ်ပါတ် ၂ ကြိမ်သောက်ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ ဆီးရောဂါ ကာကွယ်နိုင်ပါလိမ့်မည်။

၂။ ဆီးကျောက်တည်နေပါသလား

ခရုဖင်ရှည် အခွံကိုပြာပြုလျှက် အုန်းရည်နှင့်သောက်ပါ။ ၅ ရက်အတွင်းကျောက်ကြေ၍ ကျပါလိမ့်မည်။

၃။ ခရုခွံကို ပြာမချ လိုပါက သံပုရာရည်တွင်စိမ်လိုက်ပါ ပျော်သွားပါလိမ့်မည်။ ထိုအရည်ကိူသောက်ပါ ကျောက်ကျပါလိမ့်မယ်။

 #ဆီးပူ..ဆီးကျင်..ဆီးအောင့်ခြင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့........... #သဘာဝကုထုံး........ဆီးလမ်းကြောင်း ပိုးဝင်တဲ့အ...
18/12/2022

#ဆီးပူ..ဆီးကျင်..ဆီးအောင့်ခြင်း ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့........... #သဘာဝကုထုံး........

ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ
ဆီးလမ်းကြောင်း မှတစ်ဆင့်
ဆီးအိမ်
ကျောက်ကပ်အတွင်း...bacteria ဘက်တီးရီးယားပိုး ဝင်တဲ့အခါ....

ဆီးကျင် ခြင်း
ဆီးပူခြင်း
မကြာခဏ ဆီးသွားချင်ခြင်း
ဆီးသွားရတာ မဝခြင်း
ဆီးစပ်နာကျင်ကိုက်ခဲခြင်း
ဆီးနဲ့အတူ သွေးအနည်းငယ် ပါခြင်း...စတဲ့

#လက္ခဏာ များခံစားကြရတယ်

အဖြစ်များဆုံးရောဂါ များထဲ တစ်ခုအပါအဝင်ဖြစ်ပြီး
အမျိုးသမီး များမှာ...ဆီးလမ်းကြောင်း တိုလို့...အမျိုးသား များထက်
ပိုအဖြစ်များတာကို တွေ့ရပါတယ်

အမျိုးသား များမှာတော့ ဆီးကျိတ်ကြီးနေသူများ ပိုအဖြစ်များတာကို တွေ့ရပါတယ်.. .

ဆီးချိုရောဂါ ရှိသူများ...ကိုယ်ခံအားနည်းသူများလည်း...မကြာခဏ.. ဆီးပိုးဝင်တဲ့ ဝေဒနာ ခံစားရတာ တွေ့ရပါတယ်

မကုသပဲထားပါက.. .ကျောက်ကပ်နဲ့ သွေးတွင်း ပိုးပျံ့နှံကာ...အရေးပေါ် အခြေအနေ ဖြစ်နိုင်သလို.. .ကျောက်ကပ်လည်း ပျက်စီးသွားနိုင်ပါတယ်.....

လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့ ကျွမ်းကျင် ပညာရှင်နဲ့ ပြသ ပြီး...ဖြစ်ပွားစေတဲ့ အကြောင်းအရာ ကိုလည်း...ရှာဖွေ ဖို့လိုပါတယ်

လိုအပ်တဲ့ ကုသမှု များအပြင်...သဘာဝ အစားအသောက် ကိုလည်း သေချာစား ဖို့လိုအပ်ပါတယ်.....

ဆီးလမ်းကြောင်း နဲ့ ကျောက်ကပ် ပိုးဝင်ခြင်း...ဝေဒနာများကို
သဘာဝ အစားအသောက်တွေ က...သက်သာစေတဲ့ အပြင်..မကြာခဏ ပြန်လည်ဖြစ်ပွားခြင်းမှ လျော့နည်း ကျန်းမာစေတယ်

သက်သာစေတဲ့ သဘာဝ နည်းလမ်း များစွာထဲက.. ..အလွယ်တကူ ရနိုင်ပြီး.. .အကျိုးများလှတဲ့...နည်းလမ်း လေးတွေ.. ဖော်ပြပေးလိုက်ပါတယ်နော်.. ..

ပိုးသတ်ဆေး ပြတ်လို့မရ...ဆေးအမြဲသောက်နေရတဲ့...ဆီးအောင့် ဝေဒနာ သည်များ အတွက်...ပိုးသတ်ဆေး အပြင်

၁/ ကြက်သွန်နီ အစိမ်းစားပါ ...မြန်မာကြက်သွန်ဥကြီး တစ်နေ့ ၆လုံးမှ....၁၀ လုံးထိစားပါ...
ဥကြီးမစားနိုင်လျင် ဥသေးလေးများ....များများ စားပါ
တစ်နာရီ ၂ လုံး သို့မဟုတ် အကြိမ်ကြိမ် အဆင်ပြေ သလိုစားပါ
အစိမ်းမစားနိုင်လျင်...ရေနွေးပွက်ပွက်ထဲ ...၁၅ လုံးမှ အလုံး ၂၀ ထိ စိမ်ပြီး....နေ့စဉ် သောက်ပါ ....ရေဆာတိုင်း သောက်နိုင်ပါတယ်

၂/ #ရေများများ သောက်ပါ

၃/သံပုရာသီး ..တစ်နေ့ ၂လုံး....ကို အခွံပါ blender နဲ့ကျိတ်ပြီး သောက်ပါ....
အခွံမသောက်လိုလျင်....သံပုရာရည်.. .တစ်ခါ.. ၂..လုံး...တစ်နေ့...၃ ကြိမ်...ထမင်းစားပြီးလျင် သောက်ပါ

အရမ်းကို ထိရောက်ပြီး...သက်သာကြတာတွေ့ရတယ်
ဆေးရုံ ဆေးခန်း မကြာခဏ သွားရခြင်းမှ...ကင်းဝေးပြီး ကျန်းမာလာကြတာကို...တွေ့ရပါတယ်

ရောဂါ သက်သာလာပါက ကြက်သွန်နီ သံပုရာရည် စားသုံးတဲ့ ပမာဏ လျော့လို့ရပေမယ့်...နေ့စဉ် စားသုံးခြင်းကိုတော့.. .ပုံမှန် ပြုလုပ်ဖို့လိုပါတယ်....
ပုံမှန် စားသုံး ခြင်းဖြင့်.. ..ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ရောဂါ သက်သာစေတဲ့ အပြင်....အခြား.ရောဂါများပါ အဖြစ်နည်းပြီး ကျန်းမာခြင်း ဆုလာဘ် ကိုပါ ရရှိနိုင်မှာ ဖြစ်တဲ့အကြောင်း.....ဝေမျှရေးသားလိုက်ပါတယ်

17/12/2022

#ရှေးလူကြီးသူမ_ဆိုရိုးစကားများ

(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။
စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။

(၂) အကောင်းပြောလျင် ချက်ချင်း ၀မ်းမသာပါနှင့်၊
မကောင်းပြောလျင်လည်း ချက်ချင်း ၀မ်းမနည်းပါနှင့်။

(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။
လူသည်လည်း အကျင့်ပျက်ကို မမေ့။

(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။
ထသည့်အခါ အပေါ်ကို ကြည့်ပါ။

(၅) မပုပ်သော အသီးကို ပိုးမထိုး။
မရှိသောသူကို သူခိုးမခိုး။

(၆) လက်ခြေတို့သည် ၀မ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။
မည်သူကမျှ အလကားခေါ်မကျွေးနိုင်။

(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊
လူတိုင်းသည် အချစ်နှင့် မကင်း။

(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊
မာနကြီးသူသည် စကားကျဲ၏။

(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊
အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကျွေးပါနှင့်။

(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊
စကားကြောင့် မုန်းတတ်၏။

(၁၁) မြန်မြန်စားသော် နင်တတ်၏၊
မြန်မြန်ပြေးသော် ချော်လဲတတ်၏။

(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေးရာ၏၊
အရောင်းအ၀ယ်ပြုလျင် အများတကာကဲ့သို့ စျေးယူရာ၏။

(၁၃) နှုတ်ချိုသော် ပုခုံး သက်သာ၏၊
နှုတ်ချိုသော် ဗိုက်ပြည့်၏။

(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာတတ်၏၊
ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။

(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊
မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။

(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊
သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။

(၁၇) အတူတကွ ဝိုင်း၀န်းစားမှ အရသာမြိန်၏၊
အတူတကွ ဝိုင်း၀န်းမမှ အလေးချိန်ပေါ့၏။

(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊
ပညာရှိသည် တိတ်တိတ်နေတတ်၏။

(၁၉) တောချုံကိုလည်း မပျက်စေရာ၊
ယုံကိုလည်း မလွှတ်ထွက်စေရာ။

(၂၁) ကြာပန်းကိုလည်း မနွမ်းစေရာ၊
ရေကိုလည်း မနောက်စေရာ။

(၂၂) စားလို၍ မေးမြန်းတတ်သည်။
ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။

(၂၃) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊
ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။

(၂၄) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။
အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။

(၂၅) လူဖြစ်လာလျင် မအပါနှင့်၊
မိမိကျော ကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။

(၂၆) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။

(၂၇) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊
ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မဖြစ်တော့။

(၂၈) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။

(၂၉) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊
ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မထူးပါဘူး။

(၃၀) လူသည် အသက်ရှူတာခြင်း ခြားနား၏။
တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။

(၃၁) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊
မလုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။

(၃၂) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။
ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။

(၃၃) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျနိုင်၊
နာခေါင်းဖြင့် စားလျင် ဗိုက်မ၀။ (အနံ့ခံရရုံဖြင့် ဗိုက်မ၀ဟု ဆိုလို၏)

(၃၄) သူတစ်ပါးကို လက်ညှိုးထိုး၊
ကိုယ်ဘက် သုံးချောင်းတိုး။
(လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊
လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက်ကို လှည့်နေ၏)

(၃၅) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။

(၃၆) အသွင်ပြောင်းသော သမန်းကျားသည် နွားကိုဖျောက်၏။
အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။

(၃၇) မကိုက်တတ်သော ခွေးသည် ဟောင်၏။
ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။

(၃၈) ဆင်ပြောင်ကြီးသည် သစ်တုံးကြီိးကို ချီနိုင်သကဲ့သို့
စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။

(၃၉) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊
ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။

(၄၀) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေသော်လည်း မဖြူ။
ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။

(၄၂) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊
သန်းက ခွေးကို ကိုက်သော် လည်း ခွေးမသေ။

(၄၃) ကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊
တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။

(၄၄) ဒုက္ခရောက်ချိန် ၀က်ဝံကိုရှောင်စဉ် ကျားနှင့် ၀င်တိုးတတ်၏။

(၄၅) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊
အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။

(၄၆) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။

ှင်သုခမိန္ဒ

10/12/2022

သွားကိုက်ပျောက်ဆေးနည်း
===============

သွားကိုက်ရောဂါများ မည်သည့်နည်းနဲ့ကိုက်ကိုက် ဘယ်လောက်ပဲကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားစေမယ့် ဆေးနည်း

မည်သည့်နည်းနဲ့ သွားကိုက်ကိုက် အသုံးဝင်ထိရောက်စေသော သွားကိုက်သွားနာ ဆေးနည်းတစ်လက်မှာ

(၁) ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်

(၂) အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်

(၃) ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ် ပေးခြင်းဖြစ်ပါတယ်။

(၄) သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားမည်ဟုဆရာကြီးရန်ရှင်း ကိုယ်တိုင် မှာလိုက်ကြောင်း ဖေါ်ပြထားပါတယ်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။ သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီးရန်ရှင်းလို့ ဖော်ပြပေးထားပါတယ်။ ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေးတဲ့ သံရွာကလို့ ဆိုပါတယ်။ ရောဂါဝေဒနာ တစ်ခုအတွက် အရွက်တစ်မျိုးတည်း၊ ဆေးမြစ်တစ်မျိုးတည်းနဲ့ ကုသလို့ရတဲ့ မြစ်ချင်းပြီး ဆေးနည်းတိုတွေ ပြည့်လို့ပါ။ တည့်/မတည့်၊ ပျောက်/မပျောက် ဆိုတာကိုတော့ ကိုယ်တိုင်သုံးကြည့်မှ သိမှာပါလို့ ဖော်ပြထားပါတယ်။

အစ်မ ဖြစ်သူမှာ မကြာခဏ သွားကိုက်ပါတယ်။ နေ့စဉ် နေ့တိုင်းလည်း နံနက် ညသွားတိုက်ခြင်း၊ ဆားရည်ငုံထွေးခြင်းလည်း လုပ်ပါတယ်။ ဒါပေမယ့် သွားကိုက်ခြင်းက တစ်လ(၁) ခါ၊ နှစ်လ(၁) ခါ ဖြစ်ရကာ သွားဆေးခန်းကို သွားရကြိမ်လည်း မနည်းတော့ပါ။ ခဏတာ သက်သာသော်လည်း အရှင်းပျောက်ကင်းခြင်း မရှိဘဲ ဖြစ်နေပါတော့တယ်။ဆေးနည်းလည်း စုံနေပါပြီ။ အသက်ကြီးသူများပင် မျက်ရည်ကျအောင် ကိုက်ခဲနာ ကျင်ခြင်းခံရပါတယ်။

လက်တွေ့ အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်းလမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့် နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှ အသီးများကို မီးကျွမ်းအောင် လှော်ပြီး၊ အမှုန့်ကို သိပ်ပေးကြည့်ရာ အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်းအပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အနှံ့ အတော်များများ ပေါက်နေတတ်ပါတယ်။ သွားကိုက် ဝေဒနာရှင်များ အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။

အဓိက သွားနာ၊ သွားကိုက် ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များနှင့် ဝေးကွာစွာ ရှိနေကြသော ကျေးလက်နေပြည်သူများအား ရည်စူးပါတယ်။ ကျေးလက်နေသူတို့အဖို့ နွားမြီးကပ်( ကပ်စေးနဲစေ့)ကို သိကြပြီး ဖြစ်ပါတယ်။

လိုသူတို့သုံး လက်တွေ့အပြုံးဖြင့် ခံစားရ ခက်သော သွားကိုက်၊ သွားနာဝေဒနာ ပျောက်ကင်းနိုင်ကြပါစေ။

Address

Yangon

Telephone

+959444615150

Website

Alerts

Be the first to know and let us send you an email when Biomanix Japan Company Limited Direct posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Biomanix Japan Company Limited Direct:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram