24/03/2026
💛🖤ချောင်းဆိုးတာ ပုံမှန်လား???
အအေးမိ အပူရှပ်တာတွေကြောင့်
ချောင်းဆိုးတာ ပုံမှန်ဖြစ်နိုင်သလို
မြန်မာပြည်လို TB ပေါတဲ့နိုင်ငံမျိုးမှာနေထိုင်သူတွေအတွက်က
TB (တီဘီရောဂါ) လည်းဖြစ်နိုင်ပါတယ်။
အဲတော့ ချောင်းဆိုးတာဘယ်လိုဆိုရင်
သတိထားရမလဲ
ချောင်းဆိုးဆေးသောက်ဆေးခန်းပြလည်း
မသက်သာဘဲ ၂ပါတ်ကျော်လာမယ်။
ချွဲနဲ့တူတူသွေးစလေးတွေပါလာတယ်
ဒါမှမဟုတ် ချွဲတွေက အညိုရောင်လိုလို
သံချေးရောင်ဖြစ်နေမယ်။
ညနေဘက်ဆို ဖျားချင်သလိုလိုဖြစ်မယ်။
ချွေးစေး လေးတွေလည်းစို့နေမယ်။
ကိုယ်အလေးချိန်ကလည်း သိသိသာသာကျလာမယ်။
အဲ့ဒါဆိုရင်တော့ တီဘီဖြစ်နေပြီလားလို့ ကိုယ့်ဘာကိုယ်
သတိထားရပါတော့မယ်။
ဘာဆက်လုပ်ရမလဲ?
အဓိက ကဆရာဝန်ပြရပါမယ်။
ဓာတ်မှန်ရိုက်တာ သလိပ်စစ်တာလုပ်ရပါမယ်။
ပြင်ပဆေးခန်းပြလည်းရပါတယ်။
မြို့နယ်ဒေသန္တရမှာ ကိုယ်ဖြစ်နေတဲ့ရောဂါလက္ခဏာတွေကို
ပြောပြပြီး ဆေးခန်းပြလို့ရပါတယ်။
ပြီးရင်တော့ တီဘီဆေးကို သတ်မှတ်ထားတဲ့အချိန်အထိ
သောက်ရုံပါဘဲ။
အဆုတ် တီဘီရောဂါက
လမ်းညွန်ချက်အတိုင်း နားထောင်ပြီး ကုသမှု ခံယူမယ်ဆို
ကုသရတာ လွယ်ကူပါတယ်။ မြန်ဆန်ပါတယ်။
ကုန်ကျစရိတ်မရှိသလောက်နည်းပါတယ်။
မကုသဘဲထားရင်တော့ မိမိကိုယ်ကို အတွက်
အန္တရာယ်ဖြစ်စေနိုင်သလို မိမိ ပါတ်ဝန်းကျင်အတွက်လည်း
အန္တရာယ်ပေးတဲ့လူဖြစ်စေနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့မှာချင်တာက
တီဘီရောဂါဆိုတာ မြန်မာပြည်မှာက လမ်းလျှောက်ရင်း
လမ်းမှာ ခလုတ်တိုက်မိတဲ့လူကိုမေးရင်တောင်
တီဘီဆေးသောက်ဖူးတဲ့လူဖြစ်ရင်ဖြစ် မဖြစ်ရင်
တီဘီရောဂါဖြစ်နေတဲ့လူဖြစ်ဖို့ များပါတယ်။
ကိုယ်ဆီကို ရောက်လာဖို့ခက်ခဲတဲ့ ရောဂါမဟုတ်တဲ့အတွက်
မဖြစ်အောင် ဂရုစိုက်ပါ။ ဖြစ်ရင်လည်းကုသမှုအမြန်ခံယူပါ။
ခံယူပြီးရင်လည်း ရောဂါကိုရှိမရှိပြန်စစ်ဆေးပါ။
တီဘီရောဂါအကြောင်းဖတ်ရှုရင်း
မင်းဆေးခန်းရဲ့ မိဘပြည်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။
မင်းအထူးကုဆေးခန်း၊ရောဂါရှာဖွေရေးစင်တာနှင့်ဆေးဆိုင်
အမှတ်(၅၉/၆၁) ၊၅၄ လမ်း၊ ကုန်သည်လမ်း နဲ့မဟာဗန္ဓုလလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။de
☎
09-880083384
09-898364041
#ဆေးရုံဆေးခန်း #အထူးကုဆေးခန်း #ဆေးစစ် #ကာကွယ်ဆေး #ဗိုလ်တထောင် #ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့