Myanmar Premium J Medical Clinic - Myanmar

Myanmar Premium J Medical Clinic - Myanmar Myanmar Premium J medical clinic is a Japanese operated clinic located at Junction City Tower 5th Floor.

🌤️ Indoor Lifestyle ကြောင့် Vitamin D ချို့တဲ့နိုင်တာ သင်သိပါသလား?ယနေ့ခေတ်မှာဆိုရင် လူတိုင်းဟာ အလုပ်အကိုင်များကြောင့်၊ L...
04/04/2026

🌤️ Indoor Lifestyle ကြောင့် Vitamin D ချို့တဲ့နိုင်တာ သင်သိပါသလား?

ယနေ့ခေတ်မှာဆိုရင် လူတိုင်းဟာ အလုပ်အကိုင်များကြောင့်၊ Lifestyle ပုံစံများကြောင့် အချိန်အများစုကို အခန်းအတွင်းမှာပဲ နေထိုင်နေကြတာများလာပါတယ်။
အဲ့အခါမှာ နေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့နိုင်ခြင်းကြောင့် Vitamin D ချို့တဲ့မှုတွေ ဖြစ်လာနိုင်ပါတယ်။
🏢 Indoor Lifestyle နေထိုင်သူများ အထူးသတိထားဖို့တော့ လိုပါတယ်။ ဘယ်လိုသူတွေလဲဆိုရင် Office တွင် အချိန်ကြာရှည်အလုပ်လုပ်သူများ ၊ Gym, Studio, Clinic စတဲ့ Indoor Environment တွင် နေထိုင်သူများ၊ နေရောင်ခြည်ထိတွေ့မှုနည်းသူများပဲ ဖြစ်ပါတယ်။

💡 Vitamin D ချို့တဲ့,တဲ့အခါမှာ
• အားနည်းခြင်း၊ မောပန်းလွယ်ခြင်း
• အရိုးနာကျင်မှု၊ ကြွက်သားနာခြင်း
• ကိုယ်ခံအားကျဆင်းခြင်း
• Mood ပြောင်းလဲခြင်း (စိတ်ဓာတ်ကျဆင်းမှု) များ ဖြစ်ပေါ်တတ်ပါတယ်။

ဒါကြောင့် သင့်ကျန်းမာရေးအတွက် Vitamin D Level ကို သိရှိရန် သွေးစစ်ဆေးခြင်းက အလွန်လွယ်ကူပြီး တိကျမှုရှိပါပဲ ဖြစ်ပါတယ်။

နောက်ဆုံးပေါ် 𝗦𝗰𝗶𝗲𝗻𝗰𝗲 နဲ့ 𝗕𝗲𝗮𝘂𝘁𝘆 & 𝗛𝗲𝗮𝗹𝘁𝗵 𝗨𝗽𝗱𝗮𝘁𝗲 📌အသက်အရွယ်ကြောင့် ပြောင်းလဲလာတဲ့ အသားအရည်များ၊ ခန္ဓာကိုယ်အတွင်းပိုင်းမှ...
31/03/2026

နောက်ဆုံးပေါ် 𝗦𝗰𝗶𝗲𝗻𝗰𝗲 နဲ့ 𝗕𝗲𝗮𝘂𝘁𝘆 & 𝗛𝗲𝗮𝗹𝘁𝗵 𝗨𝗽𝗱𝗮𝘁𝗲 📌

အသက်အရွယ်ကြောင့် ပြောင်းလဲလာတဲ့ အသားအရည်များ၊ ခန္ဓာကိုယ်အတွင်းပိုင်းမှ အရိုးအဆစ်များ ပြန်လည်သန်စွမ်း နုပျိုနိုင်ဖို့အတွက် ယနေ့ခေတ် နောက်ဆုံးပေါ် Japan Stem Cells Therapy ကို အသုံးပြုလိုက်ပါ။

𝐒𝐭𝐞𝐦 𝐂𝐞𝐥𝐥𝐬 𝐓𝐡𝐞𝐫𝐚𝐩𝐲 ကို ဂျပန်နိုင်ငံမှာ သွားရောက်ပြီး Treatment ယူနိုင်ဖို့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗣𝗿𝗺𝗶𝘂𝗺 𝗝 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗹𝗶𝗻𝗶𝗰 မှ ဝန်ဆောင်မှုပေးနေပါတယ်ရှင့်❤️




𝐁𝐞𝐚𝐮𝐭𝐲 𝐃𝐫𝐢𝐩 နဲ့ Skin ကို Recharge လုပ်ဖို့ အချိန်တန်ပြီနော်🧡
30/03/2026

𝐁𝐞𝐚𝐮𝐭𝐲 𝐃𝐫𝐢𝐩 နဲ့ Skin ကို Recharge လုပ်ဖို့ အချိန်တန်ပြီနော်🧡




Vitamin-D ချို့တဲ့ခြင်းရှိ၊မရှိ ဆန်းစစ်ခြင်း💛Vitamin D ဟာ ကိုယ်ခန္ဓာထဲမှာ အရိုးတွေ တည်ဆောက်တဲ့ နေရာ၊ ကိုယ်ခံအားစနစ် တည်ဆ...
22/03/2026

Vitamin-D ချို့တဲ့ခြင်းရှိ၊မရှိ ဆန်းစစ်ခြင်း💛

Vitamin D ဟာ ကိုယ်ခန္ဓာထဲမှာ အရိုးတွေ တည်ဆောက်တဲ့ နေရာ၊ ကိုယ်ခံအားစနစ် တည်ဆောက်တဲ့ နေရာတွေမှာ အရေးပါပါတယ်။ အရောင်ကျအောင်လည်း ကူညီပေးနိုင်ပြီး ဆဲလ်တွေကို ကြီးထွားစေတဲ့နေရာမှာလည်း ကူညီပေးပါတယ်။
အဲ့လို အရေးပါတာကြောင့် Vitamin D ချို့တဲ့ရင် ဖြစ်တတ်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ပြန်လည် မျှဝေပေးမှာပဲ ဖြစ်ပါတယ်။

✅ အရိုးနာခြင်း

Vitamin D ချို့တဲ့ရင် အရိုးနာတတ်ပါတယ်။ အစပိုင်းမှာတော့ လုံးဝမသိသာပါဘဲ အချိန်ကြာလာတဲ့အမျှ သိသိသာသာ နာလာတတ်ပါတယ်။ တစ်ကိုယ်လုံးက အရိုးတွေက နေရာစုံနာနေတတ်ပါတယ်။ ကြွက်သားတွေကလည်း တဖြည်းဖြည်း အားနည်းလာပါတယ်။ Vitamin D ချို့တဲ့ရင် အရိုးတည်ဆောက်ခြင်း၊ အရိုးကျန်းမာသန်စွမ်းခြင်းဆိုတာတွေကို ပုံမှန် မလုပ်ဆောင်နိုင်တော့တာကြောင့်ဖြစ်ပါတည်။

✅ စိတ်ဓာတ်ကျခြင်း

Vitamin D ချို့တဲ့ရင် စိတ်ကျရောဂါ ရတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Vitamin D ဟာ ဦးနှောက်ရဲ့ လုပ်ငန်းအတော်များများမှာ အရေးပါတဲ့ Vitamin တစ်မျိုးဖြစ်ပါတယ်။

✅ ဆံပင်ကျွတ်ခြင်း

Vitamin D ချို့တဲ့ရင် ဆံပင်‌တွေ ပိုကျွတ်လာတတ်ပါတယ်။ တစ်နေရာတည်းကွက်ပြီး ကျွတ်တာမဟုတ်ဘဲ တစ်ခေါင်းလုံးမှာ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း ကျွတ်တာမျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Vitamin D ချို့တဲ့ရင် စိတ်ပူပန်မှုများမယ်၊ Stress များမယ်၊ ဆံပင်အမြစ်တွေကလည်း မခိုင်ခန့်တော့ဘဲ အားနည်းလာတာကြောင့်ဖြစ်ပါတယ်။

✅ အားနည်းလာခြင်း၊ မောပန်းခြင်း

Vitamin D ချို့တဲ့ရင် ဘာမှ မလုပ်ရသေးဘဲ အချိန်ပြည့်အားမရှိသလို ဖြစ်တတ်ပါတယ်။ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မောပန်းနေတတ်ပါတယ်။

✅ အရိုးပွရောဂါ

Vitamin D ချို့တဲ့ရင် တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတွေဟာ ကျစ်လစ်မနေတော့ဘဲ ပွနေတတ်ပါတယ်။ နည်းနည်းထိခိုက်လိုက်ရင်ကိုပဲ အရိုးကျိုးတတ်ပါတယ်။ ကျိုးပြီးရင်လည်း ပြန်ဆက်ဖို့ အချိန်တော်တော် ကြာတတ်ပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာ ပိုပီး ဂရုစိုက်သင့်ပါတယ်။

✅ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

Vitamin D ချို့တဲ့ရင် အသက်ရှူလမ်းကြောင်းထဲကို ပိုးဝင်ရ လွယ်ကူပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကူးစက်ခံရနိုင်ချေများပါတယ်။ ဥပမာ- တုတ်ကွေးတို့၊ ကိုဗစ်တို့ပဲ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းရဲ့ ခုခံအားစနစ်တွေက ကျဆင်းလာတာကြောင့်ဖြစ်ပါတယ်။
တကယ်လို့ အထက်ပါ လက္ခဏာတွေနဲ့ အတော်များများ ကိုက်ညီနေတယ်ဆိုရင်တော့ Vitamin D ချို့တဲ့နေမလားဆိုတာ စစ်ဆေးသင့်ပါတယ်။

Vitamin D စစ်ဆေးဖို့ လိုအပ်ပါက ကျွန်မတို့ Myanmar Premium J Medical Clinic သို့ဆက်သွယ်ပီး ဘိုကင်တင်ထားနိုင်ပါပီ။

#ကျန်းမာရေး

Silent Disease ကို စောင့်မနေပါနဲ့ 📌တိတ်တဆိတ်ဝင်လာတဲ့ ရောဂါတွေဟာ အစပိုင်းမှာ လက္ခဏာမပြသေးတာကြောင့် မသိမသာစေဘဲ ခန္ဓာကိုယ်က...
18/03/2026

Silent Disease ကို စောင့်မနေပါနဲ့ 📌

တိတ်တဆိတ်ဝင်လာတဲ့ ရောဂါတွေဟာ အစပိုင်းမှာ လက္ခဏာမပြသေးတာကြောင့် မသိမသာစေဘဲ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါ ပြင်းထန်လာပြီးမှ သိရတာထက် ကြိုတင်စစ်ဆေးပြီး ကာကွယ်ထားခြင်းက အကောင်းဆုံး လုံခြုံမှုပဲဖြစ်ပါတယ် 🩺

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် Regular Medical Checkup ပြုလုပ်ပြီး မမြင်နိုင်တဲ့ ရောဂါတွေကို အချိန်မီ သိရှိပြီး ကာကွယ်ထားလိုက်ပါနော် 🛡️

#ကျန်းမာရေးစစ်ဆေးမှု

ဆံပင်ဆိုတာ ဒုတိယမျက်နှာ👩🧑ဆံပင်ဆိုတာဟာ လူတစ်ယောက်ရဲ့ပုံစံ၊ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖော်ပြပေးတဲ့ အရေးကြီးတဲ့ အစိတ်အပို...
14/03/2026

ဆံပင်ဆိုတာ ဒုတိယမျက်နှာ👩🧑

ဆံပင်ဆိုတာဟာ လူတစ်ယောက်ရဲ့ပုံစံ၊ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ဖော်ပြပေးတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဆံပင်ပါးလာတာ၊ ဆံပင်ကျွတ်လာတာတွေကြောင့် အရင်ကလို ယုံကြည်မှု မရှိတော့ဘူးလို့ ခံစားနေရပါသလား? ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဆံပင်ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေဖို့ AGA Treatment ဖြင့် ကုသနိုင်ပါတယ်နော်။

ဆံပင်ကျွတ်ခြင်းကို လျစ်လျူမရှုဘဲ သင့်ယုံကြည်မှုကို ပြန်လည်ရယူဖို့ ဆရာဝန်နဲ့ အချိန်မီ စစ်ဆေးပြီး ကုသမှု ခံယူလိုက်ပါနော်။

#ဆံပင်သန်ခြင်း

နေ့စဉ်ဘဝအတွက် ဟော်မုန်းထိန်းညှိမှု 💪အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးမဝခြင်း၊ အသက်အရွယ်တိုးလာခြင်းတွေစတဲ့အချက်တွေကြောင့် Hormon...
09/03/2026

နေ့စဉ်ဘဝအတွက် ဟော်မုန်းထိန်းညှိမှု 💪

အလုပ်ပင်ပန်းခြင်း၊ အိပ်ရေးမဝခြင်း၊ အသက်အရွယ်တိုးလာခြင်းတွေစတဲ့အချက်တွေကြောင့် Hormone Balance မညီမညာ ဖြစ်လာတဲ့အခါ

✅ ပင်ပန်းလွယ်ခြင်း
✅ အားနည်းခြင်း
✅ စိတ်မပျော်ရွှင်ခြင်း / စိတ်ဓာတ်ကျသလိုဖြစ်ခြင်း
✅ အာရုံစိုက်ရခက်ခြင်းစတဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကို Hormone Injection Treatment ဖြင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်း Balance ကို ပြန်လည်ညှိပေးနိုင်ပြီး အားအင်ပြန်လည်တက်ကြွလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ကျန်းမာပြီး စွမ်းအင်ပြည့်ဝတဲ့နေ့စဉ်ဘဝကို ပြန်လည်ရရှိနိုင်ဖို့ Hormone Injection Treatment ကို Myanmar Premium J Medical Clinic မှာ ဆရာဝန်နှင့် လာရောက် တိုင်ပင်လိုက်ပါနော်။

📌 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐉 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜
🏥 𝟓𝐭𝐡 𝐅𝐥𝐨𝐨𝐫, 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐂𝐢𝐭𝐲 𝐎𝐟𝐟𝐢𝐜𝐞 𝐓𝐨𝐰𝐞𝐫
☎️ 𝟬𝟵 𝟴𝟴𝟯 𝟳𝟲𝟴 𝟴𝟴𝟱𝟱
📨 𝐦𝐩𝐣𝐦𝐜𝐥𝐢𝐧𝐢𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

အချိန်မရှိသူများအတွက် အဆီလျော့နည်းစေမဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ Slimming Drip ပါပဲနော်........   #အဆီဖယ်ရှား
06/03/2026

အချိန်မရှိသူများအတွက် အဆီလျော့နည်းစေမဲ့ အကောင်းဆုံးရွေးချယ်မှုကတော့ Slimming Drip ပါပဲနော်........

#အဆီဖယ်ရှား

တောင်သူလယ်သမားနေ့  🌾မတ်လ (၂)ရက်နေ့ မှာ ကျရောက်သော  တောင်သူလယ်သမားနေ့ အခါသမယတွင်မြန်မာနိုင်ငံအနှံ့ရှိ တောင်သူလယ်သမားအပေါင...
01/03/2026

တောင်သူလယ်သမားနေ့ 🌾

မတ်လ (၂)ရက်နေ့ မှာ ကျရောက်သော တောင်သူလယ်သမားနေ့ အခါသမယတွင်
မြန်မာနိုင်ငံအနှံ့ရှိ တောင်သူလယ်သမားအပေါင်းတို့ ကျန်းမာခြင်း၊ ခွန်အားပြည့်ဝခြင်းနှင့် အောင်မြင်ခြင်းများ အမြဲတမ်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

လယ်ယာမြေများ စိုပြေစိုက်ပျိုးကောင်းမွန်၍
မိုးရေ အချိန်မှန်ကျစေပြီး သီးနှံများ ထွက်ရှိအောင်မြင်စေကာ
အပင်၊ သီးပွင့်များ ရေရှည်တည်တံ့ဖွံ့ဖြိုးစေပါစေ။

တောင်သူလယ်သမားများ၏ ပင်ပန်းအားထုတ်မှုများ
တန်ဖိုးထားလေးစားခံရပြီး မိသားစုဘဝ သာယာအေးချမ်းကြပါစေကြောင်း ကျွန်မတို့ Myanmar Premium J Medical Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#တောင်သူလယ်သမားနေ့
#မတ်လ၂ရက်နေ့

ကျန်းမာရေး လုံခြုံမှုအတွက် B Vaccine 💛မမြင်နိုင်တဲ့ အန္တရာယ်တွေထဲမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာနိုင်...
28/02/2026

ကျန်းမာရေး လုံခြုံမှုအတွက် B Vaccine 💛

မမြင်နိုင်တဲ့ အန္တရာယ်တွေထဲမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲကို တိတ်တဆိတ် ဝင်ရောက်လာနိုင်တဲ့ ရောဂါတွေအများကြီး ရှိနေပါတယ်။ အထူးသဖြင့်တော့ အသည်းကို ထိခိုက်စေတဲ့ Hepatitis B ကတော့ သတိမထားမိချိန်မှာပဲ အန္တရာယ်ဖြစ်စေ နိုင်ပါတာပဲ ဖြစ်ပါတယ်။
ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် မဖြစ်ခင်က ကာကွယ်ခြင်းက အကောင်းဆုံး လုံခြုံမှုပါပဲနော်။
B Vaccine ဟာ
✔ Hepatitis B ကူးစက်မှုကို ကာကွယ်ပေးနိုင်ခြင်း
✔ အသည်းရောင်ရမ်းခြင်း၊ အသည်းပျက်စီးခြင်းအန္တရာယ် လျော့ချပေးနိုင်ခြင်း
✔ ကိုယ့်ကိုယ်ကိုသာမက မိသားစုကိုပါ ကာကွယ်ပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။
ကျန်းမာရေးဟာ အစားထိုးမရတဲ့ ပိုင်ဆိုင်မှုပါ။ ဒါကြောင့် ကိုယ့်ကျန်းမာရေးအတွက် B Vaccine ထိုးနှံပြီး ကိုယ့်အနာဂတ်ကို လုံခြုံစေလိုက်ပါနော်………..

#အနာဂတ်လုံခြုံမှု

မမြင်နိုင်တဲ့ အန္တရာယ်ကို အချိန်မီ သိရှိနိုင်ဖို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩  ပြုလုပ်ပါ...............................................
23/02/2026

မမြင်နိုင်တဲ့ အန္တရာယ်ကို အချိန်မီ သိရှိနိုင်ဖို့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 ပြုလုပ်ပါ..............................................................................................................................

ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရောဂါအချို့ဟာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြဘဲ
တဖြည်းဖြည်းနဲ့ ကြီးထွားလာနိုင်ပါတယ်။
👉 သွေးတိုး၊ ဆီးချို၊ အသည်းနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ စတဲ့ “မမြင်နိုင်တဲ့ အန္တရာယ်များ” ကို လက္ခဏာပေါ်မှ စောင့်မနေဘဲ
အချိန်မီ စစ်ဆေးသိရှိခြင်းကသာ အကောင်းဆုံး ကာကွယ်မှုပဲ ဖြစ်ပါတယ်။

ပုံမှန် 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 ပြုလုပ်ခြင်းက
✔️ ရောဂါကို စောစော ရှာဖွေတွေ့ရှိနိုင်ခြင်း
✔️ ကုသမှုကို လွယ်ကူစေခြင်း
✔️ ကုန်ကျစရိတ်ကို လျော့နည်းစေခြင်း
✔️ မိမိနှင့် မိသားစုအတွက် စိတ်ချရမှု ပိုမိုရရှိစေခြင်း
တို့ကို ကူညီပေးနိုင်ပါတယ်။

ကျန်းမာရေးက စောင့်ရှောက်မှ တန်ဖိုးရှိတာပါ။ မမြင်နိုင်တဲ့ အန္တရာယ်များကို အချိန်မီ သိရှိနိုင်ဖို့
ယနေ့ပဲ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤𝐮𝐩 ပြုလုပ်လိုက်ပါနော်.....

#ဆေးစစ်ခြင်း

ကိုယ့်ကိုယ်ကို လှပအောင် Beauty Drip နဲ့ ဆုချပါ🏅Stress တွေနဲ့ တာဝန်တွေကြားမှာ ကိုယ့်အတွက် အချိန်ပေးဖို့ မေ့နေကြပြီလား?လှပ...
20/02/2026

ကိုယ့်ကိုယ်ကို လှပအောင် Beauty Drip နဲ့ ဆုချပါ🏅

Stress တွေနဲ့ တာဝန်တွေကြားမှာ ကိုယ့်အတွက် အချိန်ပေးဖို့ မေ့နေကြပြီလား?
လှပနေခြင်းက အပြင်အဆင်တစ်ခုသာ မဟုတ်ပဲ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက်ရဲ့ Confidence ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လှပအောင်နေခြင်းက ကိုယ့်စိတ်ကို ပျော်ရွှင်မှု ပေးနိုင်ပါတယ်။ အသားအရည် လှပမှုကို ဂရုစိုက်နိုင်ဖို့အတွက် Beauty Drip က ကူညီပေးနိုင်ပါတယ်။

✨ Beauty Drip က အသားအရေ ကြည်လင်တောက်ပစေပြီး Glow ပိုတိုးစေကာ ပြန်လည် ဖြည့်တင်းပေး နိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကို လှပအောင် Beauty Drip နဲ့ ဆုချလိုက်ပါနော်….

#အလှအပရေးရာ

Address

No. 3/A, Corner Of Bogyoke Aung San Road & 27th Street, Level 5, Junction City Tower Pabaedan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Premium J Medical Clinic - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category