ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်

  • Home
  • Myanmar
  • Yangon
  • ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်

ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင် Drugs&Clinical equipment

20/07/2023

မနက်စာမစားခြင်း၏ဆိုးကျိုးများ
=======================
သင်ဟာ မနက်စာမစားတဲ့သူတစ်ယောက်ဆိုရင်တော့ ၁၂ နာရီနီးပါး အားအင်မရှိတဲ့ ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်နေရပါလိမ့်မယ်။ သင်ဟာ ညစာကို ည (၈) နာရီမှာ စားခဲ့တယ်ဆိုရင် မနက်စာကို မနက် (၇) နာရီမှာ စားသင့်ပါတယ်။ မနက်စာမစားခြင်းက ဆီမရှိဘဲ ကားစက်နှိုးနေသလို ဖြစ်နေပါလိမ့်မယ်။ မနက်စာ မစားလျှင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးသွားပါမယ်။

၁။ နှလုံးရောဂါအန္တရာယ် မြင့်မားလာခြင်း
မနက်စာမစားသူ အမျိုးသားများဟာ နှလုံးရောဂါဖြစ်နိုင်ချေ (၂၇) ရာခိုင်နှုန်းအထိ ရှိပါတယ်။ မနက်စာ မစားသူများဟာ သွေးတိုးရောဂါနှင့် ကိုလက်စထရောဓာတ်မြင့်မားခြင်းကိုလည်း ခံစားရနိုင်ချေပိုမြင့်မားပါတယ်။

၂။ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း
မနက်စာစာခြင်းက အားအင်များကို ဖြည့်ဆည်းပေးပြီး အင်ဆူလည်လယ်ဗယ်ကို တည်ငြိမ်အောင် ထိန်းညှိပေးပါတယ်။ ဂလူးကို့စ်လယ်ဗယ်ကို ပြန်လည်ဖြည့်တင်းမှု မလုပ်သူများဟာ အဆာလွန်ပြီးတော့ မောပန်းလွယ် ဒေါသထွက်လွယ်နေကြပါလိမ့်မယ်။

၃။ ဝိတ်တက်ခြင်း
ပြည့်စုံလှပသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေဖို့ မနက်စာ မစားဘဲနေမယ်ဆိုလျှင် နည်းလမ်းအမှားတစ်ခုပါ။ တစ်နေ့တာရဲ့ ပထမဆုံးအစားအသောက်ကို မစားဘဲနေလျှင် ဝိတ်ပိုတက်လာပါလိမ့်မယ်။ မနက်စာမစားခြင်းက ခန္ဓာကိုယ်ကို သကြားဓာတ်နှင့် အဆီပါဝင်သော အစားအသောက်များကို ဆာလောင်မှု ဖြစ်လာစေပါလိမ့်မယ်။ ဒုတိယအချက်အနေဖြင့် ဆာလောင်မှု ပိုဖြစ်စေတာကြောင့် ကယ်လိုရီစားသုံးမှု ပိုတိုးလာစေနိုင်ပါတယ်။

၄။ အစာခြေဖျက်မှု နှေးကွေးခြင်း
မနက်စာဟာ တစ်နေ့တာရဲ့ ပထမဆုံးအစားအသောက်ဖြစ်တာကြောင့် အစာခြေဖျက်မှုကို အထောက်အကူဖြစ်စေသည့် အရေးကြီးဆုံး အစားအသောက်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်ဖို့ တစ်နေ့တာလုံးရဲ့ အားအင်တွေကို တိုးပွားလာစေပါတယ်။ သို့သော် မနက်စာကို မစားသုံးဘဲနေလျှင်တော့ အားအင်မပြည့်ဝဖြစ်နေပါလိမ့်မယ်။

၅။ ဆီးချို အမျိုးအစား (၂) အန္တရာယ် မြင့်တက်လာခြင်း
အလုပ်များလို့ မနက်စာ မစားဖြစ်ကြသူ အမျိုးသမီးအများစုဟာ ဆီးချိုအမျိုးအစား (၂) ကို ဖြစ်လေ့ရှိကြပါတယ်။

၆။ ခန္ဓာကိုယ်တွင်း အက်ဆစ်လယ်ဗယ်မြင့်တက်လာခြင်း
သင်စားလိုက်တဲ့အစားအသောက်ကို ချေဖျက်ဖို့ အစာခြေအရည်တွေကို အစာအိမ်က ထုတ်ပေးပါတယ်။ အစာခြေဖို့ အစားအသောက်မရှိလျှင်တောင် သင်စားနေကြအချိန်ရောက်လျှင် လုပ်နေကြအလုပ်ကို သူက လုပ်ပါတယ်။ အစာမရှိဘဲ အချိန်ကြာမြင့်စွာ နေလျှင် အက်စစ်အချဉ်ပြန်ခြင်း၊ လေတက်ခြင်း၊ အစာအိမ်အချဉ်ပြန်ခြင်းများ ဖြစ်လာစေနိုင်ပါတယ်။

၇။ ဆံပင်ကျွတ်ခြင်း
ပရိုတိန်းနည်းပါးသည့် အစားအသောက်များကို စားသုံးခြင်းက ဆံပင်ကျွတ်စေနိုင်ပါတယ်။ မနက်စာဟာ ဆံသားပြန်လည်အားဖြည့်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါကြောင့် ပရိုတိန်းဓာတ်ကြွယ်ဝသော မနက်စာများကို နေ့စဉ် စားသုံးပေးဖို့က အရေးကြီးပါတယ်။

၈။ ရာသီမမှန်ခြင်း
မနက်စာမစားခြင်းက ရာသီမမှန်ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ရာသီမလာမီ နာကျင်ကိုက်ခဲခြင်း၊ ခံတွင်းပျက်ခြင်း စသည်တို့ကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

၉။ ခေါင်းတစ်ခြမ်းကိုက်ခြင်း
မနက်စာ မစားခြင်းက သကြားဓာတ်လျော့ကျသွားပြီး ခန္ဓာကိုယ်က ဂလူးကို့စ်လယ်ဗယ် နည်းပါးသွားစေနိုင်ပါတယ်။ ဒါက ခေါင်းတစ်ခြမ်းကိုက်ခြင်း ဖြစ်လာစေနိုင်ပါတယ်။

၁၀။ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အားနည်းခြင်း
မနက်စာမစားခြင်းက စိတ်အခြေအနေနှင့် အားအင်အပေါ်မှာလည်း ကောင်းကောင်းသက်ရောက်စေပါတယ်။ မနက်စာလုံးဝမစားသူတွေက မောပန်းနွမ်းနယ်လွယ်ပြီး မှတ်ဉာဏ်အားနည်းတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် မနက်စာကို မဖြစ်မနေ စားသုံးကြစေရန် အကြံပြုအပ်ပါတယ်။

.com


ဒေါ်လာစျေးအဆမတန်မြင့်တက်နေခြင်း နှင့် အောက်ပါ အခြေအနေအရပ်ရပ်များကြောင့် နိုင်ငံခြားဆေးစျေးနှုန်းများပြောင်းလဲမှု နေ့စဉ်ဖ...
01/09/2022

ဒေါ်လာစျေးအဆမတန်မြင့်တက်နေခြင်း နှင့် အောက်ပါ အခြေအနေအရပ်ရပ်များကြောင့် နိုင်ငံခြားဆေးစျေးနှုန်းများပြောင်းလဲမှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်ဆိုတဲ့အကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်🙏🙏🙏

Monkeypox ရောဂါ😱▪️Monkeypox ကဘယ်လိုဖြစ်တာလဲ❓Monkeypox က smallpox ရေကျောက်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မျောက်တ...
20/05/2022

Monkeypox ရောဂါ😱

▪️Monkeypox ကဘယ်လိုဖြစ်တာလဲ❓

Monkeypox က smallpox ရေကျောက်အမျိုးအနွယ်ဝင်ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မျောက်တွေမှာစတွေ့လို့ monkeypox လို့ခေါ်တာဖြစ်တယ်။

WHO ရဲ့အဆိုအရ ၁၉၇၀ ကစပြီး အာဖရိက (၁၁) နိုင်ငံရှိလူတွေမှာတွေ့ရပါတယ်။ ၁၉၉၆-၉၇ မှာ DRC ကွန်ဂိုနိုင်ငံမှာကူးစက်ပြန့်နှံ့ဖူးတယ်။

https://www.who.int/news-room/fact-sheets/detail/monkeypox

#အခုဖြစ်ရတဲ့အကြောင်းရင်းတစ်ခုကဒီလို။ ၁၉၈၀ လောက်က smallpox ရေကျောက်ကာကွယ်ဆေးတွေထိုးကြတယ်။ အခုနောက်ပိုင်းမှာ အဲ့လိုထိုးမှုနည်းလာလို့ ရောဂါအဖြစ်များလာတာလို့ UCLA မှ ပါမောက္ခ Anne Rimoin ကဆိုတယ်။

▪️အခုဘယ်နိုင်ငံတွေမှာတွေ့နေလဲ❓

အခု အမေရိကန်၊ စပိန်၊ ပေါ်တူဂီ၊ ယူကေနဲ့အခြားနိုင်ငံတွေမှာ တွေ့ရပါတယ်။ အမေရိကန်မှာ မေလ ၁၈ ရက်နေ့က ကနေဒါကပြန်လာတဲ့သူဆီမှာတွေ့တယ်။

ယူကေမှာ မေလ ၁၈ ရက်နေ့အထိ (၉) ယောက်တွေ့ထားတယ်။ မေလ ၆ ရက်နေ့မှာ နိုင်ဂျီးရီးယားကပြန်လာသူဆီမှာတွေ့တယ်။

ပေါ်တူဂီမှာ မေလ ၁၉ ရက်နေ့အထိ (၁၄) ယောက်မှာတွေ့ထားပြီး အယောက် (၂၀) မှာသံသယရှိနေတယ်။

စပိန်မှာလည်း ၂၃ ယောက်ကို သံသယရှိထားတယ်။

ယူကေကရော ပေါ်တူဂီက ကျန်းမာရေးအာဏာပိုင်တွေ သတိပေးထားတာက အဓိကတွေ့သူတွေဟာ ယောက်ျားချင်းလိင်ဆက်ဆံတဲ့ လိင်တူချစ်သူနဲ့ bisexual တွေမှာတွေ့ရတယ်လို့ သတိပေးထားတယ်။

▪️အခုစိုးရိမ်ရသလား❓

မစိုးရိမ်ရပါ။ monkeypox ဟာအခုကပ်လို ဖြစ်လာမှာမဟုတ်ပါ။ ကူးစက်သူအရေအတွက်နည်းပါတယ်။

monkeypox ဟာဖြစ်ခဲတဲ့ရောဂါမျိုးပါ။ များသောအားဖြင့်ရောဂါမပြင်းထန်ပါဘူး။

သို့သော်ကူးစက်နိုင်တာရယ်၊ ကူးစက်ခဲ့ရင်အန္တရာယ်ရှိတာမို့ သတိတော့ထားရပါမယ်။

မကာမကွယ်နဲ့ သတင်းပါမပို့ပဲထားရင် ရောဂါကူးစက်မှုပိုမို့ပြန့်နှံ့မှာကို စိုးရိမ်ရတယ်။

အဓိကရောဂါနှစ်မျိုး (၂) စားရှိတယ်။ Congo strain ကွန်ဂိုကရောဂါအမျိုးအစားက ပိုပြင်းထန်တယ်။ အဖိတ်အစဉ်နှုန်း (၁၀) ရာခိုင်နှုန်းအထိရှိတယ်။

West African အနောက်အာဖရိကအမျိုးအစားက အဖိတ်အစဉ် (၁) ရာနှုန်းပဲရှိတယ်။ ယူကေမှာဖြစ်နေတာ အဲ့ဒီအနောက်အာဖရိကမျိုး။

▪️ဘယ်လိုကူးစက်တာလဲ❓

အဓိက monkeypox ဗိုင်းရပ်စ်ပိုးကိုသယ်ဆောင်သူဟာ ကြွက်ဖြစ်တယ်။ မသန့်တဲ့အစားအစာစားမိတာ၊ တိရိစ္ဆာန်အကုတ်ခံရတာ၊ တိရိစ္ဆာန်အကိုက်ခံရတာတွေကနေဖြစ်တတ်တယ်။

လူလူချင်း အသက်ရှုလမ်းကြောင်းအရည်တွေထိတွေ့ရာကနေ၊ အရေပြားထိခိုက်ဒဏ်ရာကနေထိတွေ့မိပြီးလည်း ကူးစက်တတ်တယ်။

▪️ရောဂါလက္ခဏာတွေကဘာလဲ❓

ခေါင်းပြင်းပြင်းထန်ထန်ကိုက်တာ၊ ကိုယ်ပူတက်တာ၊ ခါးနာတာ၊ အကျိတ်တွေရောင်ယမ်းတာ၊ ကြွက်သားတွေနာကျင်တာ၊ အရေပြားမှာအနီကွက်တွေထကာ အဖုအပိမ့်တွေထွက်တာတွေဖြစ်မယ်။

ဖျားနာမှုက (၂) ပတ် (၃) ပတ်လောက်ကြာနိုင်တယ်။

https://www.cdc.gov/poxvirus/monkeypox/outbreak/us-outbreaks.html

အခုအချိန်အထိက မစိုးရိမ်ရသေးပေမယ့် အားလုံးသိထားရအောင်ရေးသားလိုက်ပါတယ်။


20-May-2022

စုံလင်စွာရောက်ရှိ😍
18/05/2022

စုံလင်စွာရောက်ရှိ😍

💙မင်္ဂလာ ညချမ်းလေးပါ ရှင့်💙     ခုလို မိုးရာသီ အချိန်၊ သရက်သီးတွေ ပေါတဲ့ အချိန်ဆို ဝမ်းလျှော တာတွေ များတတ်ကြတယ်နော်  ⛈️ ...
16/05/2022

💙မင်္ဂလာ ညချမ်းလေးပါ ရှင့်💙

ခုလို မိုးရာသီ အချိန်၊ သရက်သီးတွေ ပေါတဲ့ အချိန်ဆို ဝမ်းလျှော တာတွေ များတတ်ကြတယ်နော် ⛈️ ⛈️ ⛈️

ဒါကြောင့် ဝမ်းပျက် ဝမ်းလျှော တာနဲ့ ပတ်သက်ပြီး ပြောပြမယ်နော် 💩 💩 💩

ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ တစ်ရက်အတွင်း သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး အရည်ကျဲကျဲဝမ်းသွားတာ (သာမန်ထက် အကြိမ်ရေများတာ) ကိုဆိုလိုပါတယ်
🙀🙀🙀

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေက

💥မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကတစ်ဆင့် ဘက်တီးရီးယား ၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးပိုးတွေ အူလမ်းကြောင်းသို့ ဝင်ရောက်လာခြင်းကြောင့်

💥အစာအာဟာရ စုံလင်စွာ မစားရတာကြောင့်

💥သောက်သုံးနေရတဲ့ ဆေးဝါးတွေ ကြောင့်

💥မတည့်တဲ့ အစားအသောက် တွေ ကြောင့်

စတဲ့ အချက် တွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်

ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ

🥴သုံးကြိမ် (သို့) သုံးကြိမ်ထက်ပိုပြီး အရည်ကျဲကျဲဝမ်းသွားတာ

🥴ရေဓာတ် ခမ်းခြောက်တာ

🥴ခြေဖျားလက်ဖျားအေးလာတာ

🥴ဆီးသွားနည်းတာ

🥴အဖျားကြီးတာ

🥴မှိန်းနေတာ

🥴ဗိုက်ရစ်နာ

🥴ပျို့အန်တာ

🥴မျက်တွင်း တွေ ချိုင့်နေတာ

🥴ကတ္တရာစေးလို ဝမ်းအရောင်မည်းမည်းသွားတာမျိုးတွေ ရှိနိုင်ပါတယ်


ဝမ်းပျက် ဝမ်းလျှော ဖြစ်ခဲ့ရင်

💯 💯 💯 ရေဓာတ် ဖြည့်တာက အဓိက အရေးအပါဆုံး ကုသမှုပါ

💢အရည်များများသောက်ရပါမယ်။
(ရေ၊စွပ်ပြုတ်၊သဘာဝလတ်ဆတ်သောသစ်သီးဖျော်ရည်များသောက်နိုင်ပါတယ်။

💢ဓာတ်ဆားရည်(WHO ဖော်မြူလာ)သောက်နိုင်ပါတယ်။

💢ဝမ်းသွားလိုက်တဲ့ ပမာဏနဲ့ ညီမျှအောင် ဖြည့်သောက်ပေးရပါမယ်။

💢ဝမ်းတစ်ကြိမ်သွားပြီးတိုင်းအရည်တစ်ခွက်ဖြည့်သောက်ရပါမယ်။

💢အစာမစားခင်ကြားထဲမှာ အရည်ကိုတတ်နိုင်သမျှ များများသောက်ပေးရပါမယ်။

💢ရေဓာတ်ဆုံးရှုံးမှုများရင် ဓာတ်ဆားရည်ချိတ်ဖို့လိုပါတယ်။(Dripချိတ်ခြင်း)


စားသင့်တဲ့ အစားအသောက် တွေကတော့

🥥ပိုတက်စီယမ် ကြွယ်ဝတဲ့ အစားအသောက် တွေ စားပါ။
(သဘာဝသစ်သီးဖျော်ရည်များ၊အာလူး၊ငှက်ပျောသီး၊အုန်းစိမ်းရေ)

🥥ဆားဓာတ်များသောအစားအစာနဲ့ အရည်များသောက်ပေးပါ။
(စွပ်ပြုတ်များ၊အငန်အရသာပါသောမုန့်များ)

🥥အမျှင်ဓာတ်များတဲ့ အစားအသောက်များက ဝမ်းပုံစံကိုပြန်ကောင်းစေပါတယ်။
(ဆန်၊ဂျုံ၊ Oat Meal၊ငှက်ပျောသီး)

🛑🛑ရှောင်ရမယ့် အစားအသောက်တွေက

🚨အချိုဓာတ်များတဲ့ အစားအသောက်များ

🚨နို့နဲ့ နို့ထွက်ပစ္စည်းများ

🚨ကဖင်းဓာတ်ပါတဲ့ အစားအသောက်များ

🚨Gas ပါတဲ့ အချိုရည်များ

🚨အကြော်များ

🚨ခရင်မ်များ


သတိထားရမယ့် အပြုအမူတွေကတော့

🚀အစာမစားမီ နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာဆေးပါ။

🚀ဝမ်းရပ်ပြီး ၄၈နာရီ မတိုင်ခင်အထိ အိမ်တွင်သာနေပါ။

🚀ဝမ်းလျှောဝမ်းပျက် နေလျှင် အစားအသောက်ပြင်ဆင် ချက်ပြုတ်ခြင်း ရှောင်ပါ။

🚀အစားအသောက်များကို ယင်မနားအောင် ဖုံးအုပ်ထားပါ။

🚀အမှိုက်နှင့်အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပါ။

🚀သောက်ရေ နဲ့ သုံးရေကို သန့်ရှင်းအောင်ဂရုစိုက်ပါ။

🚀နို့တိုက်မိခင်များ မိခင်နို့ဆက်တိုက်လို့ရပါတယ်။

ဒီလောက်ဆို ဝမ်းပျက် ဝမ်းလျှောတာနဲ့ ပတ်သက်ပြီး သတိထား ဆင်ခြင်လို့ ရလောက်ပြီပေါ့နော်
crd to original post🙏

မှိုရောဂါအမျိုးမျိုး Fungal infectionsသုံး  ဆေးများအကြောင်း******************************မှိုရောဂါအမျိုးမျိုး=========ဆေ...
16/05/2022

မှိုရောဂါအမျိုးမျိုး Fungal infectionsသုံး
ဆေးများအကြောင်း
******************************

မှိုရောဂါအမျိုးမျိုး
=========
ဆေးများမပြောခင်မှာ ရောဂါရဲ့အကျဉ်းလေးတော့သိဖို့လိုတဲ့အတွက်အနည်းအကျသ်းအတိုချုပ်ဖော်ပြပေးလိုက်ပါတယ်။

၁။မှက္ခရုနာ Thrush (Oral candidiasis)
=======================
နို့တိုက်အရွယ် ကလေးငယ်တွေမှာ လျှာ၊ အာခေါင်၊
ပါးစောင်တွေမယ် အဖြူဖတ်တွေ ဖြစ်ပြီး၊ ဘေးက နီနေ
တယ်။ နာတယ်၊ နို့စို့၊ အစာစားရ ခက်တယ်။ Moniliasis
လို့လဲ ခေါ်တယ်။ ကလေးရဲ့ လျှာကို အဝတ်သန့်သန့်လေးကို လက်ညှိုးမှာပါတ်ပြီး အဖြူဖတ်တွေ ရှင်းပေးပါ။ Gentian Violet ဆေးပြာ လိမ်းပေးလို့ ရတယ်။ မိခင်နို့ကို အမြဲ သန့်
့်နေပါစေ။ လိုအပ်ရင် Nystatin Oral Suspension 4-6 mL တနေ့ ၄ ကြိမ်တိုက်ပါ။ Fungus မှိုတမျိုးကနေ ဖြစ်တယ်။ Fungus ရောဂါတွေကို Mycosis လို့လဲ ခေါ်ပြန်တယ်။

မှို အမျိုးအစားတွေ အများကြီးဘဲ။ ခန္ဓာကိုယ်အပြင်မှာ နေရာကနေ ကိုယ်ထဲ ဝင်လာမယ်။ ပူလောင် စိုစွပ်ရာ နေရာတွေမှာ ပေါက်ပွါးတတ်တယ်။ အရေပြား အရေး-အကြောင်း ရှိရာတွေမှာ ဖြစ်တတ်တယ်။ အတွင်းခံဝတ်တဲ့ နေရာမှာ
ရောဂါရရင် Diaper candidiasis ခေါ်တယ်။ လက်သည်းမှာ ဖြစ်ရင် ကြာကြာကုရတယ်။

ကင်ဆာဆေး၊ စတီရွိုက်ဆေး၊ ပဋိဇီဝဆေး ပေးနေရင်း မှို
ရောဂါ ဖြစ်တတ်တယ်။ ဘက်တီးရီးယားပိုး ဝင်နေတဲ့ အခါမျိုးမှာ စတီရွိုက်ပါတဲ့ မျက်စဉ်း ခတ်မိရင် မှိုရောဂါ နောက်
ဆက်တွဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်၊ သွေးဆုံး၊ ဆီးချိုနဲ့လဲ တွဲတတ်တယ်။ ဆီးပိုက် စတာမျိုး တပ်ထားရသူတွေမှာ မှိုရောဂါဝင်လာတတ်တယ်။ Fluconazole 100 mg/d ဒါမှမဟုတ် Itraconazole 200 mg/d ဆေး ၁ဝ-၁၄ ရက် ပေး
တယ်။ AIDS နဲ့ လူကီးမီးယားနဲ့လဲ တွဲဖြစ်တတ်တယ်။ အစာမြိုပြွန်မှာ လာဖြစ်မယ်။ အစာမြိုရင်-ရေမြိုရင် နာမယ်။
အောက် ဆက်ဆင်းရင် ပျို့-အန်ဖြစ်မယ်။ ရေ-ဆား ခမ်း
ခြောက်တာ ဖြစ်လာမယ်။ ရင်ညွန့်ရိုး အောက်က နာမယ်။

မှိုက သွေးထဲ ရောက်ရာကနေ အထဲအင်္ဂါတွေမှာ ရောဂါရ
စေနိုင်တယ်။ မျက်နှာ၊ နား-နှာခေါင်း-လည်ချောင်း၊ ဦးနှောက်၊ နှလုံးသား၊ ဆိုးဝါးတဲ့ မှိုရောဂါကို ဆေးအပြင်းတွေပေး၊ ဆေးရုံတက် ကုရတာမို့ ဆေးနည်းတွေ မရေးတော့ပါ။ (၄၅%) အသက် အန္ကရာယ် ထိခိုက်နိုင်တယ်။

၂။Yeast (Candida) (ရိစ်) (ကင်ဒီဒါ) မှို
======================
ဒီမှိုက လူတွေရဲ့ ပါးစပ် နဲ့ (ဗဂျိုင်းနား) မှာ ရှိနေတဲ့အကောင်။ ဒါ့ကြောင့် မွေးလမ်းကြောင်းမှာ ဒီမှိုကြောင့်ရတဲ့ရောဂါကို STD လိင်ကတဆင့် ကူးစက်ရောဂါလို့ မသတ်မှတ်ဘူး။
အမျိုးသမီးတွေမှာ တသက်မှာ အနဲဆုံးတခါ Vulvovaginal Candidiasis (Vaginal yeast infections) ဖြစ်သူပေါင်း 75% ရှိတယ်။ (ဗဂျိုင်းနား) ရောင်တာထဲမှာ ဒုတိယ အများဆုံး။ ယားမယ်၊ အဖြူဆင်းမယ်၊ ဒိန်ခဲလို အဖတ်အဖတ်တွေ
ဖြစ်တတ်တယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်။ ဖြစ်တတ်
လွန်းလို့ ဆေးနည်းပါ ရေးပါမယ်။
• Clotrimazole Vaginal suppositories မွေးလမ်းထည့်
ဆေး 100 mg ၆ ည၊ 200 mg ၃ ည။
• Miconazole ointment or 2% cream or 100-200 mg suppository မွေးလမ်းထည့်ဆေး၊ ၃ ည။
• Nystatin 100,000 units vaginal tablets မွေးလမ်း
ထည့်ဆေး ၁၄ ရက်။
• Fluconazole 150 mg ပြန်ပြန်ဖြစ်နေသူတွေကို
တပါတ်တခါ ပေးတယ်။

၃။Tinea Cruris (Jock Itch) ပွေးတမျိုး
======================
“မိုးတောင်က၊ ပွေးပေါင်က” ဆိုသလို တင်ပါးနဲ့ ပေါင်ခြံမှာ အဖြစ်များတယ်။
• Miconazole nitrate ဆေးမှုံ့၊ Terbinafine cream( ၇) ရက် လိမ်းတာနဲ့ ၈ဝ% မက ပျောက်တယ်။
• Griseofulvin 250–500 mg စားဆေး တနေ့ ၂ ကြိမ် ၁-၂ ပါတ်နဲ့ ပျောက်တယ်။
• Itraconazole 200 mg daily or Terbinafine 250 mg daily နဲ့လဲ ရတယ်။

၄။Tinea Corporis or Tinea Circinata (Ringworm) ပွေး
===============================
• Miconazole, Clotrimazole, Butenafine နဲ့ Terbinafine လိမ်းဆေး။ အမြင်အရ ပျောက်သွားတဲ့နောက် ၁-၂ ပါတ် အထိ ဆေးပေးပါ။
• Griseofulvin 250–500 mg ကို တရက် ၂ ကြိမ်။ Itraconazole 200 mg daily ၁ ပါတ်၊ Terbinafine 250 mg daily ၁ လ၊ Griseofulvin က အရေပြားမှာ ဖြစ်တဲ့
မှိုရောဂါတွေအတွက် အကောင်းဆုံးဖြစ်တယ်။ ဦးရေခွံနဲ့
လက်သည်း ဖြစ်ရင်တော့ မရဘူး။
• Fluconazole က Mucocutaneous Candidiasis
အတွက် အကောင်းဆုံးပါ။ (Fluconazole 50-400 mg daily ဖြစ်တဲ့နေရာကိုလိုက်ပေးရတယ်။ အပြင်ကမြင်ရတာ
တွေ ပျောက်ပေမဲ့ နောက်ထပ် ၁-၂ ပါတ်ကြာတဲ့အထိ ဆေးဆက်ပေးရမယ်။ Esophageal Candida အစာမြိုပြွန်မှာ
ဖြစ်ရင် ၄ ပါတ်ကြာအောင်ပေးရမယ်။ Cryptococcal meningitis ဦးနှောက်မှေးရောင်တာဆိုရင် ၁၀-၁၂ ပါတ်
ကြာမယ်။)
• Ketoconazole က တလကျော်ပေးရင် အသည်းကို
ထိခိုက်နိုင်တာမို့ Tinea Versicolor ကလွဲရင် မပေးတော့ပါ။

၅။Tinea Versicolor (Pityriasis Versicolor) ညှင်း
============================
• Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင်
ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဖြစ်တယ်။
• Selenium sulfide 2.5% lotion or Shampoo
လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။
• Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်
အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Ketoconazole 200 mg daily orally for 1 week or 400 mg as a single oral dose စားဆေးပေးပါ။
• Clotrimazole 1% solution တနေ့တခါ တပါတ်ကြာ
လိမ်းပါ။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာ
လိမ်းပါ။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Itraconazole 200-400 mg တရက်ခြား ၇ ရက်
သောက်ပါ။
• Hydrogen peroxide ဆေးရည်လိမ်းနိုင်တယ်။

၆။Tinea Manuum & Tinea Pedis (Athlete’s Foot) အားကစားသမား ခြေထောက်
==============================
• Aluminum subacetate ဆေးရည်ထဲမှာ မိနစ် ၂ဝ တနေ့ ၂ ကြိမ် စိမ်ပါ။
• Imidazoles or Ciclopirox ဆေးလိမ်းပါ။
• Urea 10–20% lotion or cream ပါလိမ်းရင် ပိုမြန်
တယ်။
• ဆိုးရင်၊ ပြန်ဖြစ်ရင် Griseofulvin 250–500 mg စား
ဆေး တနေ့ ၂ ကြိမ်ပါ ပေးပါ။
• Itraconazole 200 mg daily for 2 weeks or 400 mg daily for 1 week or Terbinafine 250 mg daily for 2–4 weeks လဲရတယ်။

၇။Nail fungal infection လက်သည်းမှို
======================
လက်သည်း-ခြေသည်းကို မှိုဝင်လာရင် အစမှာတော့ ဖြူ-ဝါဝါ အစက်အပျောက်လေး ဖြစ်လာပြီး နောက်တော့ အောက်ထဲ ဝင်လာလို့ အရောင်ပြောင်းလာ၊ ထူလာ၊ ကျွတ်ဆတ်လာ၊ ပုံပြောင်းလာမယ်။ ကုရတာ မလွယ်လှပါ။ ခြေသည်း-
လက်သည်း ကြွတက်လာတဲ့ အဆင့်ရောက်ရင် Onychomycosis လို့ ဆေးစာက ခေါ်တယ်။ နာလာ၊ အနံ့ပါရလာပြီ။ သေခြာမကုရင် တသက်လုံးလို့ ပြောရမလို
ဖြစ်နေမယ်။

Fungus မှိုပိုးဆိုတာ မျက်စိနဲ့ မမြင်ရဘူး။ စိုထိုင်းတာ
ကြိုက်တယ်။ ကိုယ့်မှာ အပေါက်-အပြဲ၊ အကွဲ-အရှ ရှိလာမှ အထဲ ဝင်လာတာ။ သူနဲ့ဆင်တဲ့ Yeasts တို့ Molds တို့က
နေလဲ ရောဂါဖြစ်ပါတယ်။ ချွေးထွက်များသူ၊ ယောက်ျား၊
အသက် မငယ်သူ၊ စိုထိုင်းတဲ့ အလုပ်လုပ်ရသူ၊ ခြေအိတ်-
လက်အိတ် အမြဲ ဝတ်ထားရသူ၊ ဘာမှမစီးဘဲ လမ်းသွားရသူ၊ ဆီးချို ရှိသူတွေမှာ အဖြစ်များတယ်။ Leukemia, AIDS နဲ့ အင်္ဂါအစားထိုး ထားရသူတွေမှာလဲ ပိုဖြစ်တတ်တယ်။

• Terbinafine, Fluconazole and Itraconazole စား
ဆေးတွေ ပေးတယ်။
• Terbinafine (Lamisil) စားဆေး 250 mg ကို တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆
ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ဝမ်းပျက်၊ ယား၊ အစာ-
မကျေ၊ အနီပြင်ထွက်၊ အစားပျက်။
• Fluconazole (Diflucan) စားဆေးကို 150 mg တနေ့ ၁ လုံး၊ ဖြစ်ခဲ့တာ ကြာကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ခေါင်းကိုက်၊ မူး၊ ဝမ်းပျက်၊ ယား၊ အစာမကျေ၊ အစားပျက်။
• Itraconazole (Sporanox) စားဆေးကို 200-400 mg တနေ့ ၁ ကြိမ်၊ ၂ ခါခွဲသောက်လဲ ရတယ်။ ဖြစ်ခဲ့တာ ကြာ-
ကြာသလို သောက်ရမယ်။ ဥပမာ ၆ ပါတ်။ ဘေးထွက်ဆိုးကျိုးတွေက ဝမ်းလျှော-ဝမ်းချုပ်၊ လေထ၊ ခေါင်းကိုက်၊ မူး၊ ယား၊ အစာမကျေ၊ ပါးစပ်နာ၊ သွးဖုံး သွေးယို၊ ချွေးထွက်၊
ကြွက်သားနာ၊ အတူနေခြင်စိတ်နည်း၊ စိတ်ကျ၊ နှာစေး၊
အိပ်မက်မက်။
• မှိုအပြင် ဗက်တီးရီးယား ဝင်တာ ရှိနေရင်လဲ နောက်
ဆေး ပေးရမယ်။ Ciclopirox (Penlac) ဆိုတဲ့ Antifungal nail polish ကိုလဲ သုံးနိုင်တယ်။ လိမ်းဆေး တခုထဲနဲ့ မရ
တတ်ပါ။ စားဆေးနဲ့ တွဲတာ ကောင်းတယ်။ သိပ်ဆိုးရင်
ဖြစ်တဲ့ လက်သည်း-ခြေသည်း ခွဲထုတ်ရတယ်။ Laser
လေဆာနည်း၊ Photodynamic therapy အလင်းရောင်
ပေးကုနည်းတွေလဲ ရှိတယ်။

• အိမ်မှာတင် လုပ်လို့ရတာတွေလည်း ရှိတယ်။ Vinegar (ဗနီဂါ) ၁ ဆ၊ ရေ ၂ ဆ ထဲမှာ ၁၅-၂ဝ မိနစ်ကြာ၊တပါတ်မှာ ၃ ကြိမ် စိမ်ထားရမယ်။ Vicks VapoRub ကိုလဲ လိမ်းလို့
ရတယ်။
ရှေင်ရန်ဆောင်ရန်
**************
ခြေသည်း-လက်သည်း တိုတိုထားပါ။ ခြောက်သွေ့နေ
အောင်ထားပါ၊ တကိုယ်ရေ-သန့်ရှင်းရေး လုပ်ပါ။စိုထိုင်းတဲ့
အလုပ်မှာ ရာဘာ လက်အိတ်-ခြေအိတ်သုံးပါ။ သင့်တော်တဲ့
ခြေအိတ်ရွေးသုံးပါ။ ချွေးထွက်များရင် လဲပါ။ ဖိနပ်မပါဘဲ
လမ်းမသွားပါနဲ့။ Manicure and Pedicure salon
လက်သည်း-ခြေသည်း အလှပြင်ဆိုင်သွားရင် နာမည်ရတဲ့ဆိုင်သာ သွားပါ။ Nail polish and artificial nails အလှ
လုပ်တာ၊ အတုလုပ်တာတွေ ရှောင်ပါ။

မှိုရောဂါအတွက်ဆေးများ
******************
ကျွန်တော်တို့fungal infectionတွေက အပေါ်ယံတင်သာမကပဲ အတွင်းထဲထိ ကူးစက်နိုင်ကြပါတယ်။ fungal infectionဖြစ်နေရင်း တခြားရောဂါပိုးတွေလည်း ဝင်လာတာတတ်တယ်။ ဒါကြောင့် ပိုးဝင်ရောက်နိုင်တဲ့နေရာ(၃) မျိုး
အတွက်အောက်ပါအတိုင်း ဆေးများရှိပါတယ်။

(က)

အပေါ်ယံ မှိုရောဂါများ သုံးဆေးများ(Superficial fungal infections)
၂။ Oral antifungal drug စားဆေးများ =
1. Ketoconazole
2. Griseofulvin

(ခ) ခန္ဓာကိုယ် အတွင်းထဲရောက် မှိုရောဂါများSystemic infections

3. Fungal infections + Infection မှိုရောဂါ + ဗက်တီးရီးယားဝင်ခြင်း

၁။Amphotericin B (injection)
ဒီဆေးကိုအသက်ရန်ရှာနိုင်တဲ့ မှိုရောဂါအတွက်ပေးတယ်။ တခြားမှိုရောဂါ အတွက် မပေးဘူး။ အောက်ပါရောဂါများအတွက်ပေးပါတယ်
• Aspergillosis, Cryptococcosis (Torulosis),
• North American blastomycosis,
• Systemic candidiasis,
• Coccidioidomycosis, Histoplasmosis,
• Zygomycosis (Mucormycosis),
• Conidiobolus, Basidiobolus,
• Sporotrichosis တွေအတွက် ပေးတယ်။ ဘယ်လောက်ဆိုးဆိုး တနေ့မှာ 1.5 mg/kg ထက်ပိုမပေးရဘူး။ IV infusion is 0.1 mg/mL (1mg/10mL) သွင်းဆေးအနေနဲ့ ၂-၆ နာရီအထိကြာအောင် ဖြေးဖြေးပေးရတယ်။ ဆေးကိုလဲ စမ်းပြီးမှ ပေးရမယ်။

၂။Ciclopirox

(CNL8, Loprox, Loprox TS, Penlac) (ခရင်မ်)၊ (ဂျဲလ်)၊ ဆေးရည် နဲ့ ခေါင်းလျှော်ရည်စသည့်တို့တွင်ပါဝင်ပါတယ်။အောက်ပါရောဂါများတွင်အသုံးပြုနိုင်ပါတယ်

1. Ringworm of the body (Tinea corporis)
ကိုယ်ခန္ခာပွေး၊
2. Ringworm of the foot (Tinea pedis; Athlete’s foot) ခြေထောက်မှို၊ အားကစားသမားခြေထောက်၊
3. Ringworm of the groin (Tinea cruris; Jock itch)
ပေါင်ခြံမှို-ဂျွတ်၊
4. Sun fungus (tinea versicolor; pityriasis versicolor) နေရာင်ထိတဲ့နေရာမှို-ပွေး၊
5. Candida (Monilia) infections ပါးစပ်၊ မွေးလမ်းမှို၊
6. Seborrheic dermatitis အဆီပြန်မှိုရောဂါ၊

၃။Clotrimazole

• Clotrimazole cream solution or lotion 1%
(ခရင်မ်)၊ လိမ်းဆေး၊ Buccal troche 10 mg ဆေးရည်၊
ပါးစပ်ထည့်ဆေး၊
• Clotrimazole Vaginal suppositories မွေးလမ်းထဲ
ထည့်ဆေးတောင့်၊ 100 mg တညတခါ၊ ၇ ရက်။ 200 mg တညတခါ၊ ၃ ရက်။
• Clotrimazole Vaginal cream 1% and 2% မွေးလမ်းထဲထည့် (ခရင်မ်)၊ တညတခါ၊ ၇ ရက်။

၄။Econazole (Spectazole)

အောက်ပါရောဂါများတွင်အသုံးပြုနိုင်ပါတယ်။
• Ringworm of the body (Tinea corporis)
ကိုယ်ခန္ခာပွေး၊
• Ringworm of the foot (Tinea pedis; athlete’s foot) ခြေထောက်မှို၊ အားကစားသမားခြေထောက်၊
• Ringworm of the groin (Tinea cruris; jock itch)
ပေါင်ခြံမှို-ဂျွတ်၊
• Sun fungus (tinea versicolor; pityriasis versicolor) နေရာင်ထိတဲ့နေရာမှို-ပွေး၊
Candida (Monilia) infections ပါးစပ်၊ မွေးလမ်းမှို၊
Cream (ခရင်မ်)၊ တနေ့ ၁-၂ ကြိမ်၊ ၂-၄ ပါတ်။

၅။Fluconazole

အောက်ပါရောဂါများတွင်အသုံးပြုနိုင်ပါသည်။
• ၁။Cryptococcal meningitis မှိုကြောင့် ဦးနှောက်မှေး
ရောင်ခြင်း၊ 400/mg on the first day, followed by 200 mg once a day for at least 10 to 12 weeks; Children 6 months to 13 years of age 12 mg/kg on the first day, followed by 6 mg/kg once a day for at least 10 to 12 weeks
• ၂။Esophageal candidiasis အစာမြိုပြွန် မှိုရောဂါ၊ 200 mg on the first day, followed by 100 mg once a day for at least 3 weeks; Children 6 months to 13 years of age 6 mg/kg on the first day, followed by 3 mg/kg once a day, for at least 3 weeks
• ၃။Oropharyngeal candidiasis အာခေါင်-လည်ချောင်း မှိုရောဂါ၊ 200 mg on the first day, followed by 100 mg once a day for at least 2 weeks; Children 6 months to 13 years of age 6 mg/kg on the first day, followed by 3 mg/kg once a day, for at least 2 weeks
• ၄။Other infections that may occur in different parts of the body တခြားမှိုရောဂါများ၊ 400/mg per day; Children 6 months to 13 years of age 6 to 12 mg/kg/day
• ၅။Urinary tract infections or peritonitis ဆီးလမ်းနဲ့ ဗိုက်အတွင်းဖုံးလွှာ မှိုရောဂါ၊ 50 to 200 mg/day
• ၆။Vaginal candidiasis မွေးလမ်းကြောင်း မှိုရောဂါ၊ 150 mg taken as a single dose
• ၇။Bone marrow transplantation ရိုးတွင်းခြင်ဆီ
အစားထိုးခြင်းမှာ မှိုပိုးကနေ ကာကွယ်ရန်၊ 400 mg once a day

၆။Flucytosine
ဆေးကိုမှိုရောဂါများတွင်50 to 150 mg/kg/day in divided doses every 6 hပေးနိုင်ပါသည်။

၇။Griseofulvin
အရပ်အခေါ် ဖြူစင်မော့Fulcin Forte ဟာ ဒီဆေးကိုပြောတာပါ။ အောက်ပါအတိုင်းအသုံးပြုနိုင်ပါတယ်
• Jock itch ဂျွတ်၊ Athlete’s foot အားကစားသမားခြေ
ထောက်၊
• Ringworm ပွေး၊
• Fungal infections of the scalp ဦးရေခွံပွေး-မှို၊
• Fingernails and toenails လက်သည်း-ခြေသည်းမှို၊ တနေ့ ၁ ကြိမ်ကနေ ၃-၄ ကြိမ်ပေးရတယ်။ ရောဂါ
သက်သာရင်လည်းဆေးဆက်သောက်ရပါမည်၊အရေပြားမှာဖြစ်ရင် ၂-၄ ပါတ်အထိပေးရမည်ဖြစ်ပီးတော့။ ဦးရေခွံမှာ
ဖြစ်ရင် ၄-၈ ပါတ်အထိ ပေးရပါမည်။ လက်သည်းမှာဖြစ်ရင် ၃-၄ လအထိပေးရမယ်။ ခြေသည်းမှာဖြစ်ရင် ၆ လအထိပေးရမယ်။
• Tinea capitis (Ringworm of the scalp) ဦးရေခွံမှို
ရောဂါ၊ Tinea corporis (Ringworm of the body) ကိုယ်ခန္ခာမှို၊ Tinea pedis (Athlete’s foot) အားကစားသမားခြေထောက်၊ Tinea unguium (Onychomycosis; Ringworm of the nails) ခြေသည်း-လက်သည်းမှို၊ Tinea cruris (Ringworm of the thigh) ပေါင်ခြံမှို၊ Tinea barbae (Barber’s itch) ဆံပင်ညှပ်ဆိုင်ကကူးလာတဲ့မှို၊ Tinea corporis, Tinea cruris, and Tinea capitis တွေအတွက် တနေ့မှာ 500 mg ပေးတယ်။ Tinea pedis and Tinea တွေအတွက် တနေ့မှာ 1.0 gram ပေးရပါမည်။

၈။Itraconazole

• Oropharyngeal candidiasis (Oral thrush) ပါးစပ်
မှက္ခရု၊
• Esophageal candidiasis အစာမြိုပြွန်မှို၊
• Blastomycosis (Gilchrist’s disease) တိရစ္ဆာန်မှို၊
• Aspergillosis အဆုပ်မှို၊
• Histoplasmosis (Darling’s disease) အသက်ရှူလမ်းမှို၊ Onychomycosis ခြေသည်း-လက်သည်းမှို။
၁။Itraconazole capsules ဆေးတောင့်ကို အစာနဲ့ရော
မသောက်ရပါ။
၂။Oral solution ဆေးရည်ကို အစာမရှိချိန်သောက်ပါ။
• Aspergillosis 200 to 400/mg/day တကြိမ်တည်း
ဒါမှမဟုတ် ၂ ခါခွဲပေး။
• Blastomycosis or Histoplasmosis 200/mg တနေ့ ၁ ကြိမ်၊
• Onychomycosis of the fingernails 200/mg တနေ့ ၂ ကြိမ်၊
• Onychomycosis of the toenails 200/mg တနေ့
၁ ကြိမ်၊
• Esophageal candidiasis 100-200/mg or 10-20 mL တနေ့ ၁ ကြိမ်၊
• Oropharyngeal candidiasis 200/mg or 20 mL တနေ့ ၁ ကြိမ်၊

• Vaginal Yeast infections (Thrush) မွေးလမ်းကြောင်းမှို = 200 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။
• Shin fungus infection ခြေသလုံးရှေ့ အရေပြားမှို = 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်။
• Infections of nails လက်သည်း-ခြေသည်းမှို = 200 mg တနေ့ ၁ ကြိမ်၊ ၃ လ။
• Candidia infections of mouth, throat and oesophagus ပါးစပ်-ခံတွင်း-အစာမြိုပြွန်မှို = 100 mg တနေ့ ၁ ကြိမ်၊ ၁၅ ရက်။

၉။Ketoconazole

၁။စားဆေး
အရေပြားနဲ့ လက်သည်း-ခြေသည်းမှိုရောဂါများအတွက် စားဆေးဖြစ်ပြီးအောက်ပါရောဂါများတွင်အသုံးပြုနိုင်ပါသည်။
• Protozoal infections (ပရိုတိုဇိုးဝါး) ပိုး၊
• Cushing’s syndrome (ကွတ်ရှင်-ဆင်ဒရုမ်း)၊
• Prostate cancer ဆီးကျိတ်-ကင်ဆာ နောက်ပိုင်း၊ နဲ့ Sarcoidosis (ဆာကွိုက်ဒိုးးဆစ်) နဲ့ Tuberculosis တီဘီ
ရောဂါရောဂါတွေမှာ (ကယ်လ်စီယမ်)များနေတာအတွက်လဲ သုံးသေးတယ်။ Antacid လေနာဆေး နဲ့တွဲမသောက်ရပါ။
၂။Ketoconazole 2% cream လိမ်းဆေး
Tinea corporis,
• Tinea cruris,
• Tinea pedis,
• Tinea (pityriasis) versicolor,
• Cutaneous candidiasis,
• Seborrheic dermatitis,
• Cutaneous candidiasis,
• Tinea corporis ၂-၄-၆ ပါတ်အထိပေးရတယ်။

၁၀။Miconazole
• Cream (ခရင်မ်)၊ Lotion ဆေးရည်၊ Powder (ပေါင်ဒါ)၊ Spray liquid ဖြန်းဆေးရည်၊ Spray powder ဖြန်းဆေးမှုံ့၊
• Vaginal cream မွေးလမ်းထဲထည့် (ခရင်မ်)၊ Vaginal suppository မွေးလမ်းထဲထည့်ဆေးတောင့်၊
• Athlete’s foot အားကစားသမားခြေထောက်၊ တနေ့ ၁-၂ ကြိမ်၊ ၁ လ။
• Skin infections အရေပြားမှို ၂ ပါတ် အနည်းဆုံး။
• Vaginal infections မွေးလမ်းမှို (Monistat-3) ၃ ည၊ (Monistat-7) ၇ ည။

၁၁။Naftifine လိမ်းဆေး
• Athlete’s foot (Tinea pedis) အားကစားသမား
ခြေထောက်၊
• Jock itch (Ringworm of the groin; Tinea cruris) ဂျွတ်၊ ပေါင်ခြံပွေး၊
• Ringworm of the body (Tinea corporis)
ကိုယ်ခန္ဓာပွေး၊

၁၂။Terbinafine သောက်ဆေး
• Onychomycosis of the toenail or fingernail (Tinea unguium) ခြေသည်း-လက်သည်းမှို၊
• လက်သည်းမှို 250 mg တနေ့ ၁ ကြိမ်၊ ၆ ပါတ်။
• ခြေသည်းမှို 250 mg တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်။

၁၃။Tolnaftate လိမ်းဆေး
Absorbine Jr. Antifungal, Aftate, Blis-To-Sol, Dermasept Antifungal, Fungi-Guard, Podactin, Q-Naftate, Tinactin, Tinaderm, Ting, Athlete’s Foot Gel, Dr. Scholl’s Athlete’s Foot, Pitrex, Scholl’s Athlete’s Foot Spray, Scholl Tritin Antifungal Powder, Scholl Tritin Antifungal Spray Powder
မှတ်ချက်။မှတ်မိသလောက်နဲ့တွေ့ရသလောက်စုစည်းတင်
ပေးထားတာဖြစ်သည့်အတွက် ကျန်ခဲ့သည့်ဆေးနဲ့ရောဂါများလည်းရှိနေနိုင်ပါသည်။
Regards:
General sai
Ref; dr ts ,internet

ဆေးဝါးများအကြောင်း ———————————👩‍💻ဆေးများရဲ့ သဘာဝ/ဂုဏ်သတ္တိ [အခဲ၊အရည်] နှင့် လူနာဖျားနာမှု ပုံစံ [အော့အန်လျှင်သောက်ဆေးပေး...
16/05/2022

ဆေးဝါးများအကြောင်း
———————————

👩‍💻ဆေးများရဲ့ သဘာဝ/ဂုဏ်သတ္တိ [အခဲ၊အရည်] နှင့် လူနာဖျားနာမှု ပုံစံ [အော့အန်လျှင်သောက်ဆေးပေးလို့မရ] တို့အပေါ် မူတည်ပြီး ဆေးသောက် / ဆေးပေးနည်း ပုံစံများစွာရှိပါတယ်

▶️oral (ပါးစပ်မှပေးခြင်း)
▶️parenteral (ထိုးဆေးပေးခြင်း)
▶️rectal (စအိုဆေးတောင့်ထည့်ခြင်း)
▶️topical (လိမ်းဆေးပေးခြင်း)

👩‍⚕️oral မှ ပေးနိုင်သော ဆေးပုံစံများ - tablet (ဆေးအခဲ)၊ capsule (ဆေးအပျော့)၊ liquid (ဆေးအရည်)

💢Tablet ကို (၅) မျိုးထပ်ခွဲထားပါတယ်

✔️sublingual tablet - လျှာအောက်ငုံဆေး
✔️effervescent tablet - ရေဆူဆေး
✔️chewable tablet - ဝါးစားရသောဆေး
✔️enteric-coated tablet - ချေထောင်းလို့မရပဲ အလုံးလိုက်မြိုချရသောဆေး [အစာအိမ်မှ ထွက်သော acid များနှင့် ဆေးကို မထိတွေ့ရအောင် special coat လုပ်ထားသောဆေး]
✔️slow release (SR) tablet - အချိန်ကြာကြာ အာနိသင်ရစေသောဆေး

💢Capsules မှာလဲ (၄) မျိုး ထပ်ခွဲထားပါတယ်

✔️hard gelatin capsule - အခန်းနှစ်ခန်းပါပြီး တစ်ခုမှ နောက်တစ်ခုကို အုပ်ထားသော ပုံစံ
✔️soft elastic capsule - ခပ်ပျော့ပျော့ အခန်းတစ်ခန်းပါ ဆေးတောင့်ရှည်
✔️enteric capsule - အစာအိမ်ထဲရောက်ချိန် ဆေးမထွက်လာစေသေးပဲ အူလမ်းကြောင်းရောက်မှ ဆေးအာနိသင်ရအောင်လုပ်ထားသော ဆေးမျိုး [enteric-coated tablet နှင့် တူ]
✔️slow-release capsule - အချိန်ကြာကြာအာနိသင်ရစေသော ဆေး

💢Liquid ဆေးအရည်က ရှင်းပါတယ် [ဥပမာ-ချောင်းဆိုးပျောက်ဆေးရည် ၊ ကလေးအားဆေး (သို့) ပိုးသတ်ဆေးအရည် ၊ ဝမ်းပျော့ဆေးရည် ၊ လေဆေးအရည်]

✔️မသောက်ခင် ဆေးအရည်ကိုလှုပ်ပေးပါ
✔️ဆေးအချိန်အဆ အမှန်ရအောင် packing တွင်ပါသော ဇွန်း (သို့) ခွက် ဖြင့် တိတိကျကျ ချိန်သောက်ပါ
✔️ဆေးပုလင်းကို ဘယ်လို သိမ်းဆည်းရမယ်ဆိုတာ ဆေးဆိုင်မှ pharmacist ​၏ အကြံဉာဏ်ရယူပါ

👨‍⚕️parenteral ထိုးဆေးတွေမှာတော့ intramuscular,IM ( ကြွက်သားထဲထိုးထည့် )၊ intravenous ,IV ( သွေးပြန်ကြောထဲထိုးထည့် )၊ subcutaneous ( အရေပြားအောက်အဆီလွှာထိုးထည့် ) ဆိုပြီး (၃) မျိုး ခွဲထားပါတယ်

✔️လူနာသတိမေ့မျောနေချိန်
✔️အစာအိမ်လမ်းကြောင်းအနာ (သို့) ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်
✔️ခံတွင်းတွင် အနာ (သို့) သွား/သဖုံးယောင် ဖြစ်နေချိန်
✔️မြန်မြန်ဆန်ဆန် ဆေးအာနိသင်ရချင် လျှင် ထိုးဆေးကို အသုံးပြုနိုင်ပါတယ်

👩‍💻rectal မှပေးနိုင်သော ဆေးအတောင့် (သို့) ဒုံးကျည် ကို suppository လို့ခေါ်ပါတယ် ၊ ဆေးလောကမှာ အတိုကောက် suppo ပေးတယ်လို့ပြောကြပါတယ်

✔️လိပ်ခေါင်းဆေး ၊ ဝမ်းချူဆေး
✔️အဖျားကျဆေး
✔️အချို့သော suppo တောင့်များကို fridge ထဲတွင် သိမ်းဆည်းရပါတယ် [pharmacist နှင့် check လုပ်ပါ]

👨‍💻topical လိမ်းဆေးဆိုတာ အရေပြား၊မျက်လုံး၊နား၊နှာခေါင်း ထဲထည့်တဲ့ အရည် (သို့) လိမ်းဆေးများကို ခေါ်ပါတယ်

✔️မျက်စဉ်း၊နားဆေးရည် များကို ဆေးဗူးဖွင့်ပြီး တစ်လတွင် လွှင့်ပစ်ရပါမယ်
✔️အရေပြားလိမ်းဆေးများကိုတော့ ဆေးလိုသလောက်သာ ညှစ်ပြီး ဂွမ်းစလေးနှင့်ယူပြီး အသုံးပြုသင့်ပါတယ်
crd to Dr Nyein Kay Khine💛

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🌻🙏🌻🙏🌻🙏🌻🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏(...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🌻🙏🌻🙏🌻🙏🌻🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။
==========================

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ💊💊 ( လူကြီးများ အတွက် )Crd to original post
12/05/2022

အိမ်တွင်ဆောင်ထားသင့်သော အိမ်တွင်းဆေးဝါးများ💊💊 ( လူကြီးများ အတွက် )

Crd to original post

12/05/2022
11/05/2022
💦🌧Arrival🌧💦Customersများအားလုံး စီးပွားဥစ္စာတိုးတက်ကြပါစေ💙
11/05/2022

💦🌧Arrival🌧💦

Customersများအားလုံး စီးပွားဥစ္စာတိုးတက်ကြပါစေ💙

သပြေရွှန်းမှ အစဥ်အမြဲအားပေးသော✨မယု ဆေးဆိုင်✨ချစ်စန်းမောင် ဆေးဆိုင်✨မသီတာဝင်း ဆေးဆိုင်✨ဘေဘီလေး ကုန်စုံဆိုင်✨သရဖူ ဆေးဆိုင်...
08/05/2022

သပြေရွှန်းမှ အစဥ်အမြဲအားပေးသော
✨မယု ဆေးဆိုင်
✨ချစ်စန်းမောင် ဆေးဆိုင်
✨မသီတာဝင်း ဆေးဆိုင်
✨ဘေဘီလေး ကုန်စုံဆိုင်
✨သရဖူ ဆေးဆိုင်
✨မဟာ ဆေးဆိုင်တို့အား ကျေးဇူးအထူးတင်ရှိပါသည်💖

🤍Arrival🤍မင်္ဂလာရှိသော ညချမ်းလေးပါရှင်🥰
04/05/2022

🤍Arrival🤍
မင်္ဂလာရှိသော ညချမ်းလေးပါရှင်🥰

03/05/2022

ရှမ်းပြည်သွားမယ့် Clinic orders😍များကြီးလာအားပေးသွားလို့ ကျေးဇူးပါရှင့်✨
30/04/2022

ရှမ်းပြည်သွားမယ့် Clinic orders😍
များကြီးလာအားပေးသွားလို့ ကျေးဇူးပါရှင့်✨

😍သရဖူ ဆေးဆိုင် orders😍ကြီးပွားတိုးတက်ပါစေ Senior မမရေ💖
28/04/2022

😍သရဖူ ဆေးဆိုင် orders😍
ကြီးပွားတိုးတက်ပါစေ Senior မမရေ💖

Address

Nawarat Street
Yangon

Opening Hours

Monday 07:00 - 18:30
Tuesday 07:00 - 18:30
Wednesday 07:00 - 18:30
Thursday 07:00 - 18:30
Friday 07:00 - 18:30
Saturday 07:00 - 18:30
Sunday 06:30 - 18:30

Telephone

+959986619511

Website

Alerts

Be the first to know and let us send you an email when ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ThaPhay Shoon Pharmacy-သပြေရွှန်း ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram