30/06/2025                                                                            
                                    
                                                                            
                                            ကွယ်လွန်သူ အဘိုး ဦးဘချို + အဘွား ဒေါ်အိမ်ကြွယ် တို့အား ရည်စူးပြီး  ငလျင်ဒဏ်ကြောင့် ပြိုလဲသွားသော အိမ်များဆောက်လုပ် လှူဒါန်းရန်အတွက်  အလှူငွေ 200,000 ( နှစ်သိန်း ) ကျပ်တိတိကို လွှဲလှူပေးခဲ့ပါတယ်။
ယနေ့ ယခုလို ပြုလုပ်ရသော ကောင်းမှုကုသိုလ်ကြောင့်  ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော   ဦးဘချို + ဒေါ်အိမ်ကြွယ် တို့သည် လူ၊နတ်၊နိဗ္ဗာန် သုံးတန်သော ချမ်းသာတို့ကို ခံစား ရပါစေခြင်း အကျိုးငှာ ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်တို့၏ ဂုဏ်တော်ကို အာရုံပြု၍ လှူဒါန်းပါသည်။
 ဦးဘချို + ဒေါ်အိမ်ကြွယ် တို့သည် ကံများလွဲချော်၍ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ ဘဝသို့ ရောက်ရှိခဲ့သော် သို့ သာဓုမခေါ်ဆိုနိုင်သော ဘဝသို့ ရောက်ရှိခဲ့ရင်လည်း လောကကို စောင့်ရှောက်တဲ့ ဓတရဌ၊ ဝိရူဠှက၊ ဝိရူပက္ခ၊ ကုဝေရ ဟု ခေါ်ဆိုအပ်သော နတ်မင်းကြီး လေးပါးမှ သာဓုခေါ်ဆိုနိုင်ရန် ကူညီပေးပါ။
ဤကုသိုလ်၏ အဖိုးဘာဂကို  ဦးဘချို + ဒေါ်အိမ်ကြွယ် တို့နှင့် အတူတကွ အားလုံးသော သတ္တဝါတို့အား အမျှပေးဝေပါ၏။
အမျှရ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ လန်းဖြာကြသည် ဖြစ်ပါစေသော်။
အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။
သာဓု သာဓု သာဓု
(04-05-2025)) မန္တလေးမြို့  မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့၊ 41×42 လမ်းကြား 86လမ်း မာလကာခြံ ပြည်လွန်းအံ့ သဲပုံစေတီ ဓမ္မာရုံမှာ မန္တလေးမြို့ အုတ်ကျင်း၊ နတိရွာကုန်းစံပြ၊ မာလကာခြံ၊ သာသနာပိုင်၊ ပျော်ဘွယ်အစု စတဲ့ ရပ်ကွက်တွေက ငလျင်ကြောင့် အိမ်ပြိုလဲတော့မယ့် အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက်၊ အိမ်ပြန်ဆောက်ရန် လုပ်ပေးသင့်တဲ့အိမ်တွေကို သေချာစစ်ဆေးပြီး အိမ်ပြန်ဆောက်ဖို့ လက်သမားဆရာတွေနဲ့ လိုအပ်တဲ့ သစ် ဝါး ထရံ သွပ်မိုး လက်သမားလက်ခ အပါ တစ်အိမ်ချင်းစီ  သေချာတွက်ချက်၍အိမ်ပေါင်း 24လုံးကို ရန်ကုန် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပ အလှူငွေတွေနဲ့ ပထမပိုင်းပေးငွေ 21,495,000 ( နှစ်ရာတစ်ဆယ့် လေးသိန်း ကိုးသောင်း ငါးထောင် ) ကျပိတိတိကို ကူညီ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
 # #
(03-05-2025) မန္တလေးမြို့  အမှတ် 402 စိန်ပန်းရပ်ကွက် မှာ ငလျင်ကြောင့် မီးလောင်သွားတဲ့ မီးလောင်ပြင်က အိမ်  288 အိမ်ကို တစ်အိမ် 500,000 ( ငါးသိန်း ) ကျပ် စီ နှင့်
အခြားအလှူရှင်တွေ လာရောက်လှူတဲ့ ကာလအတွင်း ဆေးရုံတက်နေရတဲ့ မိသားစု၊ ကလေးမွေးကင်းစရှိလို့ တစ်ခြားနေရာကိုရောက်နေတဲ့ မိသားစု  စတဲ့ မိသားစု 3စုက အလှူငွေ လုံးဝ မရလိုက်တဲ့ မိသားစု 3စုကို တစ်အိမ် သိန်း 20 ကျပ် စီ 
တို့ကို ရန်ကုန် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပအလှူငွေတွေ လှူပေးခဲ့ပါတယ်။
အလှူငွေ ပမာဏ သိန်း 1,500 ကျပ်ကို ရန်ကုန် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ အလှူငွေတွေနဲ့ လှူပေးခဲ့ခြင်း ဖြစ်ပါတယ်။
 # #
(25-04-2025)) မန္တလေးမြို့  41, 42, 47, 392, 393, 404 သာသနာပိုင် နှင့် 406 စတဲ့ ရပ်ကွက်များက ငလျင်ကြောင့် အိမ်ပြိုလဲတော့မယ့် အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ပြန်ဆောက်ရန် လုပ်ပေးသင့်တဲ့အိမ်တွေကို သေချာစစ်ဆေးပြီး အိမ်ပြန်ဆောက်ဖို့ လက်သမားဆရာတွေနဲ့ လိုအပ်တဲ့ သစ် ဝါး ထရံ သွပ်မိုး လက်သမားလက်ခ အပါ တစ်အိမ်ချင်းစီ  သေချာတွက်ချက်၍အိမ်ပေါင်း 27လုံးကို ရန်ကုန် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပ အလှူငွေတွေနဲ့ ပထမပိုင်းပေးငွေ 24,975,000ကျပ်ကို ကူညီ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
အိမ်ပြင်ဆင်စရိတ် အိမ်အလုံးပေါင်း 4လုံးအတွက် 1,650,000 ကျပ် လှူဒါန်းပေးခဲ့ပါတယ်။
 # #
မန္တလေးမြို့  သံလျက်မော်အနောက် 403 x404 ရပ်ကွက်၊  သံလျက်မော်အရှေ့ 42ရပ်ကွက်၊ 511 မဟာအောင်မြေ၊ 405 အုတ်ကျင်း၊ 394 သံနောက် မဟာအောင်မြေ နှင့် 406 မဟာအောင်မြေ စတဲ့ ရပ်ကွက်များက
ငလျင်ကြောင့် အိမ်ပြိုလဲတော့မယ့် အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်ပြန်ဆောက်ရန် လုပ်ပေးသင့်တဲ့အိမ်တွေကို သေချာစစ်ဆေးပြီး အိမ်ပြန်ဆောက်ဖို့ လက်သမားဆရာတွေနဲ့ လိုအပ်တဲ့ သစ် ဝါး ထရံ သွပ်မိုး လက်သမားလက်ခ အပါ တစ်အိမ်ချင်းစီ  သေချာတွက်ချက်၍အိမ်ပေါင်း 42လုံးကို ရန်ကုန် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပ အလှူငွေတွေနဲ့ ပထမပိုင်းပေးငွေ 36950000ကျပ်ကို ကူညီ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
အိမ်ပြင်ဆင်စရိတ် အိမ်အလုံးပေါင်း 10လုံးအတွက် 3250000 ကျပ် လှူဒါန်းပေးခဲ့ပါတယ်။
သင်္ကြန်မကျခင် အိမ်အပြီးဆောက်ရန်အတွက် ပထမပိုင်း နှင့် ဒုတိယပိုင်းအပြီးပေးရန် 22သိန်းအိမ် 20သိန်းအိမ် 13သိန်းအိမ် ပေါင်းအိမ်3လုံး55သိန်းကို အပြီးလှူဒါန်းပေးခဲ့ပါတယ်။
အိမ်ပြင်ဆင်စရိတ်အတွက် 440000အိမ်တစ်လုံး  3သိန်းအိမ်တစ်လုံး ပေါင်း2လုံး 740000 လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
သင်္ကြန်မကျခင် အိမ်ပြန်ဆောက်ရန် အိမ်8လုံးအတွက် ပထမပိုင်းပေးငွေ 57သိန်းကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်။
ငလျင်ကြောင့် သစ်အိမ်ကို တိုက်ကပြိုကျ သစ်အိမ်ပြန်ဆောက်ဖို့ အခက်အခဲကဖြစ်နေတော့  ပြိုတဲ့ အုတ်ကျိုးတွေကို ဖယ်ရှားရှင်းလင်းဖို့    ပိုက်ဆံပေးဖို့ စီစဉ်ပေးခဲ့ရပါတယ်။
ဖယ်ရှားရှင်းလင်းပြီးတော့ တိုက်ပြိုခံရတဲ့ သစ်အိမ်ကို ပြန်ဆောက်ဖို့အတွက် လက်သမားဆရာနဲ့ အသုံးပြုလို့ရတဲ့ သစ်တွေနဲ့ အိမ်ပြန်ဆောက်ဖို့ သေချာတွက်ချက် စီစဉ်ပေးခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်တွေ ပြိုလဲ ပျက်စီးခဲ့တဲ့ အိမ်တွေပုံစံရဲ့ အဖြစ်အပျက် အမျိုးမျိုးကို ဘယ်လိုလုပ်ရင်ဒီအိမ်က အကောင်းဆုံးပြန်ဆောက်လို့ရမလဲဆိုတာကို သေချာတွက်ချက်သုံးသပ်ပြီး လုပ်ပေးနေရပါတယ်။
ရန်ကုန် သန်းမင်းကြွယ် ပရဟိတ အလှူရှင်တွေရဲ့ ငွေနှင့် အိမ်များဆောက်လုပ်ပြီးစီးသွားသော အိမ်အလုံးပေါင်း 5လုံး ဖြစ်ပါတယ်။
ဆောက်လုပ်ဆဲ အိမ်အလုံးပေါင်း 100လုံး ဆောက်လုပ်ဖို့ စတင်နေပြီဖြစ်ပါတယ်။
အခက်အခဲ ဒုက္ခတွေ ရင်ဆိုင်နေရတဲ့ လူတွေကို လှူပေးတဲ့ အလှူရှင်အားလုံး အလှူငွေတွေရအောင် အမြဲကူညီပေးတဲ့ ပရဟိတ စင်္ကာပူက အမ Mya Zar Zar Wint ကို ကျေးဇူးတင်မိတယ်နော်။
ဦးစီးဦးဆောင်လုပ်ပြီး လှူပေးတဲ့ ပရဟိတ ညီကို မောင်နှမ အားလုံး သံဃာတော် သီလရှင် အရှင်ဘုရားအားလုံးကို 🙏🙏🙏🙏🙏 ကျေးဇူးတင်မိပါတယ်။
ကျွန်တော် သန်းမင်းကြွယ်နှင့် ရင်ဘတ်ချင်းတူ အသေးစိတ်ကအစ သေချာတွက်ချက် လိုက်ပါ ကူညီ
ပေးကြတဲ့ နေပြည်တော်က မန္တလေးက ဦးကျော်ဦး၊ ကိုဝင်း၊ ကိုအရှည်ကြီး နှင့် ကိုမျိုးကြီး တို့အားလုံးကို ကျေးဇူးတင်မိနေပါတယ်။
ငလျင်ကြောင့် ပြိုလဲသွားသောအိမ်နှင့် မီးလောင်သွားသောအိမ်များအတွက် သန်းမင်းကြွယ် ပရဟိတ ပြည်တွင်းပြည်ပမှ ရရှိထားတဲ့ အလှူငွေ နဲ့ 17သိန်းတန် အိမ်အလုံးပေါင်း 200လုံးကျော် ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
ငလျင်ကြောင့် အိမ်များ ပြိုလဲသွားတဲ့ သူတို့လေးတွေရဲ့ ဘဝ အခက်အခဲ ဒုက္ခဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေနေရတာ အိန္ဒြေရရပြန်လည် အဆင်ပြေစေဖို့ အိမ်ဆောက်ပေးမှာ ဖြစ်ပါတယ်။
ရရှိတဲ့အလှူငွေထဲမှ အိမ်ပေါင်း အလုံး100ကို ပထမ ဦးစားပေးမှာက
နာတာရှည်ရောဂါသည်
အဖိုးအဖွား
မသန်စွမ်း
ကိုယ်ဝန်သည်
အိမ်တစ်လုံးထဲမှာ 5ယောက် နှင့် အထက် မိသားစု များသူတွေကို ဦးစားပေးလှူပေးသွားမှာပါ။
ငလျင်ကြောင့် အိမ်များ  ပြိုလဲနေတဲ့ အိမ်ရှေ့ လမ်းဘေးမှာ ညဘက် အိပ်နေရပါတယ်။
အလှူရှင်တွေ လာလှူတဲ့ ရေသန့် ထမင်းဟင်း မုန့် လူ့အသုံးဆောင်တွေနဲ့ လမ်းဘေးမှာ အိပ်နေရရှာတယ်။
ငလျင်ကြောင့် အိမ်များ ပြိုလဲခဲ့တဲ့ သူတို့တွေရဲ့ ရင်ထဲမှာ ဘယ်လောက် နာကျင် ဝမ်းနည်း ကြေကွဲ စိတ်ထိခိုက် ခံစားနေရမလဲ ဆိုတာ ကျွန်တော် ထပ်တူ ခံစားမိပါတယ်။
ငလျင်ကြောင့် အိမ်များ ပြိုလဲသွားတော့ လမ်းဘေးမှာနေရပြီး အလှူရှင်တွေရဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ လမ်းဘေးမှာ မလုံမခြုံဖြစ်နေရပါတယ်။
သူတို့တွေရဲ့ အဓိက လိုအပ်ချက်မှာ အိမ်ပြန်ဆောက်နိုင်ရန် ငွေကြေးအဓိက လိုအပ်ပါတယ်။
ငလျင်ကြောင့်  ပြိုလဲသွားတဲ့ အိမ်များကို ပြန်လည်ထူထောင်ရေး လုပ်ပေးနိုင်ရန်အတွက် မီးစက်နဲ့ လိုအပ်တာတွေ ကားပေါ်တင်ပြီး ကိုသန်းမင်းကြွယ်တို့ မန္တလေးကို ဒီနေ့ (29-03-2025)မနက် ၃နာရီကတည်းက စတင်ထွက်ခွာသွားပါပြီ။ 
ကိုသန်းမင်းကြွယ်ရဲ့ ဘယ်ဘက်မျက်လုံးက မမြင်ရတော့လို့ ယခု တနဂ်နွေ (30-03-2025) တွင် အထူးကု ဆေးရုံမှာ ခွဲစိပ်ဖို့ ရက်ချိန်းယူထားပြီးပါပြီ။
ငလျင်ကြောင့် အခက်အခဲ ဒုက္ခရောက်နေတာတွေကို  မြင်တွေ့နေရတော့ နောက်မှပဲ မျက်စိခွဲစိပ်မယ့် ရက်ချိန်းပြန်ယူပြီး ခွဲစိပ်ရတော့မှာပါ။
🙏🙏 🙏လှူပေးတဲ့ မွေးနေ့ အလှူရှင် မိသားစု
အလုပ်အကိုင် ကောင်းပါစေ။ 
စိတ်ချမ်းသာ ကိုယ်ကျမ္မာပါစေ။
ဘယ်ဘက်က တစ်ဆုပ်ကျဲ ညာဘက်က တစ်လှည်းဝင်ပါစေ။
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ။
သူတော်ကောင်းတွေနဲ့ဘဝခရီးလမ်း လျှောက်လှမ်းနိုင်ပါစေ။
နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်း ရပါစေ လို့ ကျတော် သန်းမင်းကြွယ်မှ 
🙏🙏🙏ဆုတောင်း  မေတ္တာ ပို့သပေးပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
အခက်အခဲ ဒုက္ခတွေ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ လူအားလုံးအတွက် လှူပေး ကူညီပေးတော့ သင့်ဘဝခရီးလမ်း အေးချမ်း သာယာ ပျော်ရွှင်နိုင်မှာပါ🙏🙏🙏
Wave Pay 
09961408629 Than Min Kywe
09950303625 Zin Mar Naing
K Pay
09 961 408 629 Than Min Kywe 
09 950 303 625 Zin Mar Naing 
KBZ/AYA/CB/AGD(OnePay)WavePay 
099 6140 8629 Than Min Kywe 
Bankအကောင့်နံပါတ်များ 
KBZ Special Account 
Than Min Kyawe
0705 1106 0008 97001 
KBZအကောင့် 
28630 106000 897001 
AYAအကောင့်
200 1666 2431 
CB Special Account
U Than Min Kywe
00811009 0000 6653
CBအကောင့်
0143600 10001 6365 
YOMAအကောင့်
006944 18000 1260 
AGD အကောင့်  353000 10019 73017 
ငွေလွှဲပြီးရင် idနံပါတ်(သို့မဟုတ်) လုပ်ငန်းစဥ်အမှတ်
ပါတဲ့ ပုံကို စာရင်းစစ်ခြင်လို့ Screenshot (သို့မဟုတ်)ဓါတ်ပုံရိုက်ပြီး 
ပို့ပေးနော်။ 
သန်းမင်းကြွယ် ပရဟိတ