Gestrocid ဂက်စတိုးဆစ်

  • Home
  • Gestrocid ဂက်စတိုးဆစ်

Gestrocid ဂက်စတိုးဆစ် “အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေစေဖို့ဆို Gestrocid(ဂက်စတိုးဆစ်)”

လေထိုးလေအောင့်ချက်ခြင်းပျောက် Gestrocid ဂက်စတိုးဆစ် ကိုသောက်

Gestrocid ဂက်စတိုးဆစ်ကို အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ရင်ပူခြင်း၊ လေပွခြင်းတွေနဲ့ အစာမကြေခြင်းတွေ အတွက် အဓိက အသုံးပြုကြပါတယ်။

Gestrocid ဂက်စတိုးဆစ်မှာ ပါဝင်တဲ့ Simethicone ကြောင့် အူထဲမှာရှိတဲ့ လေတွေကို ခြေဖျက်ပေးနိုင်ပြီး အစာမကြေရင်ပြည့်ခြင်းကိုလည်း သက်သာစေပါတယ်။ Gestrocid ဂက်စတိုးဆစ်ဆေးများကိုလည်း မြန်မာတစ်နိုင်ငံလုံးရှိ ဆေးခန်း၊ ဆေးဆိုင်၊ ဆေးရုံတွေမှာ အလွယ်တကူ သင့်တင့်သော်ဈေးနှုန်းဖြင့် ဝယ်ယူသောက်သုံးနိုင်ပါတယ်။

ဘယ်လိုသောက်သုံးရမလဲ

အစားစားပြီး နှင့် အစာအိမ်လေရောဂါခံစားနေရချိန်တွေမှာ ဆေးပြားကိုဝါးစားနိုင်ပါတယ်။ ဆရာဝန်ညွန်ကြားချက်ဖြင့် သောက်သုံးခြင်းသည်အကောင်းဆုံးဖြစ်သည်။ ဆေးတစ်ဗူးမှာ ၁၀ ကဒ်ပါဝင်ပြီး တစ်ကဒ်မှာ ၁၀ ပြားပါဝင်ပါတယ်။

ဘယ်လိုပါဝင်ပစ္စည်းမျိုးတွေတွေ့ရမလဲ

အလူမီနီယံ ဟိုက်ဒရောဆိုဒ် ၂၀၀ မီလီဂရမ်၊ မဂ္ဂနီဆီယမ် ဟိုက်ဒရောဆိုဒ် ၂၀၀ မီလီဂရမ် ၊ ဆီမီသီကုံး ၂၅ မီလီဂရမ် တို့ပါဝင်ပါတယ်။

ဘယ်အချက်တွေကို သတိထားရမလဲ

၁) ဆေးများကို အပူချိန် ၃၀ ဒီဂရီဆလ်စီရပ်အောက်တွင်သာထားရှိရပါမယ်
၂) နေရာင်ခြည်ဖြင့်တိုက်ရိုက်ထိတွေ့မှုမှရှောင်ကျဉ်ရပါမယ်
၃) ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များသောက်သုံးရန်အတွက် နီးစပ်ရာဆေးပေးခန်းမှာတိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်

ဘယ်ဆေးကုမ္ပဏီမှဖြန့်ချီပါသလဲ

နိုင်ငံတကာအဆင့်မီဆေးဝါးများစွာဖြန့်ချီနေတဲ့ Grace Win Company Ltd မှမြန်မာတစ်နိုင်ငံလုံးဖြန့်ချီနေပါတယ်။ ဆက်သွယ်ရန်လိပ်စာကတော့ အမှတ် ၈၃ ၊ ရေကျော်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန် ပဲဖြစ်ပါတယ်။

မိတ်ဆွေများအနေနဲ့ အစာအိမ်လေနိုင်ချင်တယ်ဆိုရင်တော့ Gestrocid ဂက်စတိုးဆစ်သောက်ပြီး ကျန်းမာပျော်ရွှင်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်မှာပါ။

အရသာလေးမျိုးနဲ့ ဝါး... Gestrocid(ဂက်စတိုးဆစ်) အစာကြေလေနိုင်ဆေးပြား...😘 အစာစားပြီးလို့ အစာမကြေဖြစ်တိုင်း၊ ဗိုက်အောင့် ဗို...
24/08/2025

အရသာလေးမျိုးနဲ့ ဝါး... Gestrocid(ဂက်စတိုးဆစ်) အစာကြေလေနိုင်ဆေးပြား...😘

အစာစားပြီးလို့ အစာမကြေဖြစ်တိုင်း၊ ဗိုက်အောင့် ဗိုက်နာဖြစ်တိုင်း ဆေးသောက်ရမှာမကြိုက်ဘူးဆိုသူတွေအတွက် ၀ါးစားလို့ရတဲ့ Gestrocid(ဂက်စတိုးဆစ်) လေးလာပါပြီ 💁🏼🧡

ကလေးလူကြီးမရွေးသဘောကျတဲ့ 🍊 လိမ္မော်အရသာ၊ 🍓 စတော်ဘယ်ရီအရသာ၊ 🍍 နာနတ်အရသာ၊ 🍭 သီးစုံအရသာဆိုပြီး အရသာလေးမျိုးရှိလို့ အစာမကြေ၊ လေအောင့်ခြင်းနှင့် ရင်ပြည့်၊ ရင်ကယ်ခြင်းကြောင့်စိတ်ညစ်နေရတိုင်းမှာ Gestrocid(ဂတ်စ်တိုးဆစ်) ကို သတိရလိုက်ပါနော်။

(အမြို့မြို့အနယ်နယ်ရှိ နီးစပ်ရာဆေးဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါသည်။)

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨



#ဂက်စတိုးဆစ်
#အစာကြေလေနိုင်ဆေးပြား
#ရင်ပြည့်ရင်ကယ်

Indigestion(အစာမကြေခြင်း) ဆိုတာဘာလဲ။?Indigestion ကိုအစာမကြေခြင်းလို့ခေါ်ပြီး အစာအိမ်အူလမ်းကြောင်းမှာ မသက်မသာဖြစ်ခြင်း၊ န...
21/08/2025

Indigestion(အစာမကြေခြင်း) ဆိုတာဘာလဲ။?

Indigestion ကိုအစာမကြေခြင်းလို့ခေါ်ပြီး အစာအိမ်အူလမ်းကြောင်းမှာ မသက်မသာဖြစ်ခြင်း၊ နာကျင်ခြင်းကို ဆိုလိုပါတယ်။ Indigestionမှာ လေထခြင်း၊ ပျို့ခြင်း၊ လေချဉ်တက်ခြင်း အစရှိတဲ့ လက္ခဏာတွေပါဝင်ပြီး ရင်ညွန့်နေရာတွင် နာကျင်၊ ပူခြင်း၊ ပြည့်ဖောင်းခြင်း စတဲ့ဝေဒနာများခံစားရနိုင်ပါတယ်။ 💁‍♀️

အစာမကြေခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့...
❕ လေပွခြင်း
❕ ပျို့အန်ခြင်း
❕ ဗိုက်ပူခြင်း
❕ အစာစားပြီးဗိုက်အလွန်ပြည့်ခြင်း
❕ ပါးစပ်အတွင်းအက်ဆစ်အရသာရခြင်း
❕ ဗိုက်အောင့်ခြင်း
❕ လေချဉ်တက်ခြင်း စတဲ့လက္ခဏာများပဲဖြစ်ပါတယ်။

Indigestion(အစာမကြေခြင်း)ကိုကာကွယ်ရန်အတွက်
✔ အစာကိုဖြည်းဖြည်းနှင့်မျန်မှန်ဝါးစားပါ။
✔ တစ်နေ့ ၃ နှပ် မှ ၄ နှပ်ခွဲစားပါ (တစ်ကြိမ်တွင်အလွန်အကျွံမစားပါနှင့်)။
✔ ညစာကိုအိပ်ရာဝင်ခါနီး ၂-၃ နာရီအလိုတွင်စားပါ။
✔ အရက်နှင့်ဆေးလိပ်ရှောင်ပါ။
✔ စိတ်ဖိစီးမှုလျှော့ချပါ (ယောဂ၊ တရားထိုင်ခြင်းဖြင့်)။ များကိုလိုက်နာသင့်ပါတယ်။

အစာမကြေခြင်းဟာ ရိုးရိုးအကြောင်းရင်းကြောင့်ဖြစ်နိုင်သလို အန္တရာယ်ရှိတဲ့ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အစာမကြေခြင်းနဲ့ ဝမ်းဗိုက်ပြဿနာများကြုံလာပြီဆို Gestrocid ဂက်စတိုးဆစ် ကိုသာရွေးချယ်သောက်သုံးဖို့ အကြံပြုလိုပါတယ်နော်🤗

်စတိုးဆစ် #အစာအိမ်လေနိုင်ဆေး #အစာမကြေခြင်း

Spicy ကြိုက်တဲ့ Foodie လေးများအတွက် ဆေးတလက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)😎🧡𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)အစာကြေဆေးက အစာခြေစနစ်ကိုကူညီ...
10/08/2025

Spicy ကြိုက်တဲ့ Foodie လေးများအတွက် ဆေးတလက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)😎🧡

𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)အစာကြေဆေးက အစာခြေစနစ်ကိုကူညီပေးပြီး အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်ခြင်း စတဲ့ ပြဿနာတွေကို သက်သာစေတဲ့ ဆေးကောင်းတစ်မျိုးပဲဖြစ်ပါတယ်။ 😚

ဒါကြောင့် ပူပူစပ်စပ်တွေစားပြီးတိုင်းဖြစ်စေ၊ အစာလွန်လို့ဖြစ်စေ လေထိုးလေအောင့်ခြင်းနဲ့ အစာအိမ်အချဉ်ပေါက်ခြင်း စတဲ့ဝေဒနာတွေကိုခံစားနေရပြီဆိုရင်တော့ လူကြီး၊လူငယ်မရွေး အကြိုက်တွေ့စေမယ့်အရသာ (၄)မျိုးနဲ့ ထုတ်လုပ်ထားတဲ့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) နဲ့သာဆိုဝမ်းဗိုက်ပြဿနာအားလုံးကိုသက်သာပျောက်ကင်းစေမှာအသေချာပဲပေါ့...🧏🏻‍♀️

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့အစားအစာများ ❕အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာစတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင...
08/08/2025

အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့အစားအစာများ ❕

အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာစတဲ့ အစာခြေလမ်းကြောင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေအများကြီးရှိကြောင့် အစာအိမ်ရောင်နေတယ်၊ အနာဖြစ်နေတယ်ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးပါတယ်။ အစာအိမ်ကိုအနားပေးဖို့ဆို နေ့တိုင်း အစားမစားဘဲနေလို့ မရတာကြောင့် အစာအိမ်နာ ထနေတဲ့အချိန် စားသင့်တဲ့အစားအသောက်အကြောင်းလေးကို ပြောပြပေးမယ်နော်။ 🤗

အစာအိမ်နာထနေတဲ့အချိန်ဆို ပျော့ပြီးမစပ်တဲ့အစားစာ၊ အဆီမများတဲ့အစားအစာတွေကို အဓိက ရွေးချယ်သင့်ပါတယ်။ ဒါမှအစာကြေလွယ်မှာဖြစ်ပြီး ခံစားနေရတဲ့ အစာအိမ်နာဝေဒနာဟာ သက်သာမှာပဲဖြစ်ပါတယ်။ အစာအိမ်နာထနေတဲ့အချိန် စားသင့်တဲ့အစားအသောက်သင့်တဲ့ အစားစာတွေကတော့...

🔸 Mashed potatoes – ကြိတ်ချေထားတဲ့ အာလူးတစ်ခွက်ဟာ အဆာခံစေမယ့်အပြင် အက်ဆစ်တွေ ထွက်လို့ အောင့်နေတဲ့ အနာကိုလည်းသက်သာစေမှာဖြစ်ပါတယ်။

🔸 ကြက်ဥမွှေကြော် – ပရိုတင်းဓာတ်တွေကြွယ်ဝပြီး အဆာခံတဲ့ဒီကြက်ဥမွှေကြော်ဟာ အစာအိမ်နာ ဖြစ်နေတဲ့သူတိုင်းအတွက် သင့်တော့်တဲ့အစားအစာတစ်ခုပါ။ ဆီလျှော့ကြော်ဖို့တော့ လိုပါတယ်နော်။

🔸 သကြားမပါတဲ့ဒိန်ချဉ် – ဒိန်ချဉ်ဆိုပြီး အစာအိမ်အချဉ်ပေါက်စေမယ့် အရာလို့တော့မထင်လိုက်ပါနဲ့။ သူ့ဆီမှာ အစာခြေစနစ်အတွက် အကျိုးပြုတဲ့ဘက်တီးရီးယားတွေအပြည့်ပါတဲ့အပြင် အစာကြေလွယ်စေမှာဖြစ်ပါတယ်။

🔸 ထမင်းဖြူ – အစာအိမ်နာ ထနေတဲ့အချိန် ထမင်းပျော့ပျော့လေးတွေ စားပေးလို့ရသလို ဆန်ပြုတ် စားပေးလို့လည်းရပါတယ်။ ဒါတွေကအစာကြေလွယ်ပြီး အက်ဆစ်ထွက်တာကိုလည်း လျှော့ချပေးမယ့် အရာတွေပါပဲ။

ဒါတွေအပြင် အစာကိုနည်းနည်းနဲ့အကြိမ်ရေများများခွဲစားပေးပါ၊ အဆာလုံးဝမခံပါနဲ့၊ ဖြေးဖြေး နဲ့ ကြေညက်အောင်ဝါးစားပေးပါ၊ အစားစားပြီး ၂ နာရီ အတွင်းလှဲလျောင်းတာမျိုးမလုပ်ပါနဲ့၊ ရေဓာတ် ပြည့်ဝနေအောင်ရေများများသောက်ပါ၊ ရေကအစာအိမ် အက်ဆစ်ပြင်းအားကို လျှော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ 💁‍♀️

ဒီလိုအစားစာတွေကိုစားသောက်ပေးခြင့်ဖြင့် အစာအိမ်အောင့်တာကို သက်သာစေမယ့်အပြင် အနာကျက်ခြင်းကိုပါအားပေးတာကြောင့် အစာအိမ်အတွက် သောက်ရမယ့်ဆေးတွေနဲ့ ရှောင်သင့်တာတွေရှောင်၊ စားသင့်တာတွေကိုသာစားပေးရင် ခဏလေးအတွင်းပြန်ပျောက်သွားမှာမို့ ကျန်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်မှာအသေချာပဲပေါ့။ 🥰

ဒါတွေအပြင် အူလမ်းကြောင်းနဲ့အစာအိမ်ကြောင့် အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာ စတဲ့ပြဿနာတွေကို "Gestrocid(ဂက်စတိုးဆစ်) အစာကြေလေ‌နိုင်ဆေးကအကောင်းဆုံးဖြေရှင်းပေးနိုင်တာမို့ စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်ရှင်။😍❤️

”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

19/07/2025

" ၁၉ ဇူလိုင် မမေ့နိုင် "
" အာဇာနည်နေ့ တို့မမေ့ "

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော (၇၈)ကြိမ်မြောက် အာဇာနည်နေ့အားဂုဏ်ပြုရင်း💫 ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။🙏🏻


#အာဇာနည်နေ့

16/07/2025

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

09/07/2025

🌕ဝါဆိုလပြည့်နေ့ (ဓမ္မစင်္ကြာအခါတော်နေ့) ✨

ဒီနေ့လေးဟာ ဗုဒ္ဓဘာသာဝင်တိုင်းအထွဋ်အမြတ်ထားရတဲ့ "ဝါဆိုလပြည့်နေ့" ပဲဖြစ်ပါတယ်။🤗
အခုလို နေ့ထူးနေ့မြတ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ၍ လိုရာဆန္ဒများ အားလုံးပြည့်ဝကြပါ‌စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။🙏

#ဝါဆိုလပြည့်နေ့

အစာအိမ်ရောင်ခြင်းအတွက် အရေးပေါ်ကုထုံးများ...‼️အစာအိမ်အူရောင်ခြင်းဟာ အစာအိမ်နဲ့အူမှာ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပါ...
04/07/2025

အစာအိမ်ရောင်ခြင်းအတွက် အရေးပေါ်ကုထုံးများ...‼️

အစာအိမ်အူရောင်ခြင်းဟာ အစာအိမ်နဲ့အူမှာ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားပိုး ပါတဲ့အစားအစာ၊ ရေ (သို့) အစားအသောက်အသစ်တစ်မျိုးကို တုန့်ပြန်လို့ပဲဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ ကလေးတွေမှာတောင် အမေရဲ့ စားသောက်ပုံပြောင်းလဲခြင်းနဲ့ ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တုန့်ပြန်နိုင်ပါတယ်။💢

လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အနည်းငယ် ကိုယ်ပူခြင်းတို့ပဲဖြစ်ပါတယ်။ ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ဒီလက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော်အထိ ကြာမြင့်တတ်ပါတယ်။♨️

၁။ သင့်မှာ အစာအိမ်အူရောင်ခြင်းဖြစ်ပြီလို့ သံသယရှိပြီဆိုရင်🔴
အစာအိမ် အထိုင်ကျအောင် နာရီပေါင်းများစွာ အစာမစားပဲ နေသင့်ပါတယ်။ အားကစားလုပ်စဉ် သောက်တဲ့ အရည်၊ ရေ အစရှိတာတွေကို ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ အမြောက်အမြားသောက်သင့်ပါတယ်။

အရည်ကို မသောက်နိုင်ရင် ပုံမှန်တစ်ငုံနှစ်ငုံပဲ သောက်နိုင်ပါတယ်။ ဆီး ပုံမှန်သွားဖို့ အရေးကြီးပြီး ဆီးဟာ အရောင်ဖျော့ပြီး ကြည်နေဖို့ အရေးကြီးပါတယ်။ အရောင်ရင့်တဲ့ ဆီးသွားခြင်း၊ ခေါင်းမူးခြင်းနဲ့ ရီဝေဝေဖြစ်ခြင်းတွေဟာ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေ ဖြစ်ပြီး အရည်ကိုမသောက်နိုင်ဘူးဆိုရင် ဆေးကုသမှု ခံယူသင့်ပါတယ်။ အစာပုံမှန် ပြန်စားပါ။ အစာခြေရလွယ်တဲ့ အစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ဆန်၊ ကြက်သား အစရှိတာတွေကိုစားပါ။ ပျို့ချင်လာရင်တော့ အစာစားတာကို ရပ်လိုက်ပါ။ နို့ထွက်ပစ္စည်းတွေ၊ ကော်ဖီ၊ အရက်၊ နီကိုတင်း၊ အဆီနဲ့ ဟင်းခတ်အမွှေးအကြိုင် အများအပြား သုံးထားတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

အသည်းရောဂါမရှိရင် နေထိုင်မကောင်းတာကို သက်သာစေဖို့ acetaminophen (Tylenol) နဲ့ အခြားဆေးတွေကို သောက်နိုင်ပါတယ်။ အနားယူပါ။ ဖျားနာမှုနဲ့ ရေဓါတ်ခန်းခြောက်မှုဟာ သင့်ကို ပင်ပန်းပြီး အားနည်းစေပါတယ်။

အောက်ဖေါ်ပြပါအချက်တွေ ရှိရင် ဆေးကုသမှု ခံယူသင့်ပါတယ်။
• နှစ်ရက်ထက်ပိုပြီး အန်ခြင်း
• နှစ်ရက်ထက်ပိုပြီး ဝမ်းလျှောခြင်း
• ဝမ်းသွားစဉ် သွေးပါခြင်း
• အဖျားတက်ခြင်း (101°F ၊ 38.5°C)
• ရီဝေဝေဖြစ်ခြင်း (သို့) မတ်တပ်ရပ်စဉ် သတိလစ်ခြင်း
• စိတ်ရှုပ်ခြင်း
• ဗိုက်နာခြင်း

၂။ သင့်ကလေးမှာ အစာအိမ်အူရောင်ခြင်းဖြစ်ပြီလို့ သံသယရှိရင်🔴
ကလေးကို အနားပေးပါ။ ကလေးအန်တာရပ်ပြီဆိုရင် ရေဓါတ်ပြန်လည်ဖြည့်တင်းပေးတဲ့ အရည်တွေဖြစ်တဲ့ (CeraLyte ၊ Enfalyte ၊ Pedialyte) တွေကို ပေးသင့်ပါတယ်။

ရေ သို့ ပန်းသီးရည်တွေကို မတိုက်သင့်ပါဘူး။ အစာခြေရလွယ်တဲ့ အရာတွေဖြစ်တဲ့ ဆန်၊ ငှက်ပျောသီး၊ အာလူး အစရှိတာတွေကို ကျွေးသင့်ပါတယ်။ အဆီများတဲ့အစာတွေဖြစ်တဲ့ နွားနို့၊ ရေခဲမုန့်၊ သကြားပါတဲ့ အစာတွေ၊ ဆိုဒါ နဲ့ သကြားလုံးတွေကို မကျွေးသင့်ပါဘူး။ ဒါဟာ ရောဂါပိုဆိုးစေပါတယ်။

သင့်ကလေးမှာ အသည်းရောဂါမရှိရင် နေထိုင်မကောင်းတာကို သက်သာစေဖို့ acetaminophen (Tylenol) နဲ့ အခြားဆေးတွေကို စဉ်းသားသင့်ပါတယ်။ Aspirin ကို မတိုက်သင့်ပါဘူး။

ကလေးနို့တိုက်နေတယ်ဆိုရင် နို့ဆက်တိုက်ပါ။ နို့ဘူးတိုက်နေတယ်ဆိုရင်တော့ ရေဓါတ်ပြန်လည်ဖြည့်တင်း ပေးတဲ့ အရည်တွေ (သို့) ပုံမှန် တိုက်နေကျ အရည်တွေကို တိုက်နိုင်ပါတယ်။

အောက်ဖေါ်ပြပါ အချက်တွေရှိပြီဆိုရင် ဆေးကုသမှု ခံယူသင့်ပါတယ်။
• အိပ်ငိုက်၊ နုံးချိခြင်း
• သွေးအန်ခြင်း
• သွေးဝမ်းသွားခြင်း
• ရေဓါတ်ခန်းခြောက်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ပါးစပ်ခြောက်ခြင်း၊ အရေပြားခြောက်ခြင်း၊ ရေငတ်ခြင်း၊ မျက်စိချိုင့်ဝင်ခြင်း၊ ငိုစဉ် မျက်ရည်မထွက်ခြင်း အစရှိတာတွေကို ရှာဖွေပါ။ မွေးကင်းစကလေးတွေမှာ ကလေးတွေရဲ့ ခေါင်းပေါ်က ပျော့ပြောင်းတဲ့နေရာချိုင့်ဝင်ခြင်းနဲ့ diaper ဟာ သုံးနာရီထက်ပိုပြီး ခြောက်သွေ့နေတယ်ဆိုရင် သတိထားသင့်ပါတယ်။

ဒါတွေအပြင် အူလမ်းကြောင်းနဲ့အစာအိမ်ကြောင့် အစာမကြေ၊လေထိုးလေအောင့်ပြဿနာတွေကို "Gestrocid(ဂက်စတိုးဆစ်) အစာကြေလေ‌နိုင်ဆေးကအကောင်းဆုံးဖြေရှင်းပေးနိုင်တာမို့ စိတ်ချယုံကြည်စွာသုံးစွဲနိုင်ပါတယ်ရှင်။🥰❤️

”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

အစာမကြေလေထိုး၊လေအာင့်ခြင်းကို ချက်ချင်းသက်သာစေဖို့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) 🥰အစာစားပြီးတိုင်းဖြစ်စေ၊ အစာလွန်လို့ဖြစ်စေ လေ...
26/06/2025

အစာမကြေလေထိုး၊လေအာင့်ခြင်းကို ချက်ချင်းသက်သာစေဖို့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) 🥰

အစာစားပြီးတိုင်းဖြစ်စေ၊ အစာလွန်လို့ဖြစ်စေ လေထိုးလေအောင့်ခြင်း အစာအိမ်နှင့်အူလမ်းကြောင်း ရင်ပြည့်ရင်ကယ်ရင်ပူနာများနဲ့ အစာအိမ်အချဉ်ပေါက်ခြင်း စတဲ့ဝေဒနာတွေကိုခံစားနေရပြီဆိုရင်တော့ လူကြီး၊လူငယ်မရွေး အကြိုက်တွေ့စေမယ့်အရသာ (၄)မျိုးနဲ့ ထုတ်လုပ်ထားတဲ့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) နဲ့သာဆိုဝမ်းဗိုက်ပြဿနာအားလုံးကိုသက်သာပျောက်ကင်းစေမှာနော်...🧏🏻‍♀️❤️

ထိရောက်တဲ့အာနိသင်နဲ့ သယ်ယူရလွယ်ကူပြီး လူကြီး၊လူငယ်မ‌ရွေးသဘောကျစေမယ့်အရသာ(4) မျိုးထုတ်လုပ်ပေးထားတဲ့ Gestrocid( ဂက်စတိုးဆစ်)လေးက ဘယ်သွားသွားသယ်သွားဖို့အသင့်တော်ဆုံးပဲပေါ့။😘

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

မကြာခဏလေထတတ်တဲ့ဖိုးဖိုး၊ဖွားဖွားများအတွက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) က မရှိမဖြစ်ပေါ့ 😌🧡 ဖိုးဖိုး၊ဖွားဖွားတို့က အစားစားပြီးတ...
19/06/2025

မကြာခဏလေထတတ်တဲ့ဖိုးဖိုး၊ဖွားဖွားများအတွက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) က မရှိမဖြစ်ပေါ့ 😌🧡

ဖိုးဖိုး၊ဖွားဖွားတို့က အစားစားပြီးတိုင်း အစာမကြေ၊ လေထ၊ လေထိုး၊ လေအောင့်စတဲ့ ဝမ်းဗိုက်ပြဿနာတွေကြောင့် လေချဉ်တွေတတ်ပြီးမအီမသာဖြစ်‌နေတာတွေ ကို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) လေးကို သောက်သုံးလိုက်တာနဲ့ အထိရောက်ဆုံးသက်သာစေမှာ အသေချာပါပဲ။💁🏻‍♀️

ထိရောက်တဲ့အာနိသင်နဲ့ အလွယ်တကူ ဆောင်ထားနိုင်ပြီး အသက်အရွယ်မ‌ရွေးသောက်သုံးနိုင်ဖို့ အရသာ(4) မျိုးထုတ်လုပ်ပေးထားတဲ့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)လေးက အိပ်ထဲ ဆောင်ထားဖို့အသင့်တော်ဆုံးပါပဲ။😘

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

လေထိုးလေအောင့် ချက်ချင်းပျောက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) ကိုသောက်...😍🥳 အစားစားပြီးတိုင်း အစာမကြေလေထိုးလေအောင့်၊ဝမ်းဗိုက်ပြ...
09/06/2025

လေထိုးလေအောင့် ချက်ချင်းပျောက် 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) ကိုသောက်...😍🥳

အစားစားပြီးတိုင်း အစာမကြေလေထိုးလေအောင့်၊ဝမ်းဗိုက်ပြဿနာအမျိုးမျိုးနဲ့ လေချဉ်တွေတတ်ပြီးမအီမသာဖြစ်‌နေတာတွေ ကို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်) နဲ့ဖြေရှင်းလို့ရတာကြောင့် ဝမ်းဗိုက်ပြဿနာဆိုစိတ်ပူစရာမလိုတော့ဘူးပေါ့💁🏻‍♀️

ထိရောက်တဲ့အာနိသင်နဲ့ သယ်ယူရလွယ်ကူပြီး လူကြီး၊လူငယ်မ‌ရွေးသဘောကျစေမယ့်အရသာ(4) မျိုးထုတ်လုပ်ပေးထားတဲ့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)လေးက ဘယ်သွားသွားသယ်သွားဖို့အသင့်တော်ဆုံးပါပဲနော်။😘

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

အစာမကြေခြင်းကို‌ဖြစ်စေတဲ့ အပြုမူတွေက...💁🏻‍♀️🔥 အလွန်အကျွံစားခြင်းအစားအများကြီးတစ်ခါတည်းစားခြင်းက အစာအိမ်ကို ဖိအားများစေပြ...
22/05/2025

အစာမကြေခြင်းကို‌ဖြစ်စေတဲ့ အပြုမူတွေက...💁🏻‍♀️

🔥 အလွန်အကျွံစားခြင်း
အစားအများကြီးတစ်ခါတည်းစားခြင်းက အစာအိမ်ကို ဖိအားများစေပြီး အစာခြေအင်ဇိုင်းများ လုံလောက်စွာမထွက်နိုင်တော့တာကြောင့် အစာမကြေခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

🔥 မြန်မြန်စားခြင်း
အစာကို သေချာမဝါးဘဲ မြန်မြန်မျိုချပါက အစာအိမ်က ခြေဖျက်ရန် ခက်ခဲစေပါတယ်။

🔥 အဆီနှင့်အစပ်များသော အစားအစာများ
အဆီကြော်အစာများ၊ ငရုတ်သီးစပ်သောအစာများက အစာအိမ်အက်ဆစ်ထွက်များစေပြီး ရင်ပူခြင်း၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🔥 အချိုရည်နှင့် ကာဗွန်နိတ်ပါသောသောက်စရာများ
ဆိုဒါ၊ အချိုရည်များတွင် ပါဝင်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့က အစာအိမ်ကိုဖောင်းစေပြီး လေချဉ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🔥 အိပ်ခါနီးအစာစားခြင်း
အိပ်ရာဝင်ခါနီး ၂-၃ နာရီအတွင်း အစာစားပါက အစာအိမ်မှ အစာခြေရန် အချိန်မလုံလောက်တော့ဘဲ ရင်ပူခြင်း၊ လေထိုးခြင်းဖြစ်စေနိုင်ပါတယ်။

🔥 စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်ခြင်း
စိတ်ဖိစီးမှုများပါက အစာအိမ်မှ အက်ဆစ်ပိုထွက်စေပြီး အစာမကြေခြင်းကိုဖြစ်စေတတ်ပါတယ်။

🔥 ဆေးလိပ်နှင့်အရက်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက အစာအိမ်အက်ဆစ်ထွက်များစေပြီး အရက်က အစာအိမ်နံရံကို ထိခိုက်ခြင်းကြောင့်အစာမကြေဖြစ်စေနိုင်ပါတယ်။

ဒီလိုအကြောင်းအမျိုးမျိုးကြောင့် အစာမကြေခြင်းတွေဖြစ်ပေါ်လာတဲ့အခါ ထိရောက်တဲ့အာနိသင်နဲ့ သယ်ယူရလွယ်ကူပြီး လူကြီး၊လူငယ်မ‌ရွေးသဘောကျစေမယ့်အရသာ(4) မျိုးထုတ်လုပ်ပေးထားတဲ့ 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)လေးက ဘယ်သွားသွားသယ်သွားဖို့အသင့်တော်ဆုံးပါပဲ။😘

✨”အစားစားပြီးတိုင်း အမြဲအသင့်
အစာကြေဖို့ဆို 𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝 (ဂက်စတိုးဆစ်)”✨

#𝐆𝐞𝐬𝐭𝐫𝐨𝐜𝐢𝐝
#𝐀𝐧𝐭𝐚𝐜𝐢𝐝

#𝐈𝐧𝐝𝐢𝐠𝐞𝐬𝐭𝐢𝐨𝐧
#အစာကြေလေနိုင်ဆေးပြား
#အစာမကြေခြင်း
#လေပွလေအောင့်ခြင်း
#ဗိုက်အောင့်ဗိုက်နာခြင်း

Address

No. 83, Yay Kyaw Street, Mingalar Taungnyut Township

11222

Telephone

01203434

Website

Alerts

Be the first to know and let us send you an email when Gestrocid ဂက်စတိုးဆစ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram