Aung Clinic

Aung Clinic အောင်ဆေးခန်း၏page ဖြစ်ပါသည်။

26/07/2025

Systemic Lupus Erythematosus
(ကိုယ်ခံအားစနစ်ချို့ယွင်းခြင်း)
(လို တို ရှင်း)
SLEရောဂါသည်ကိုယ်ခံအားစနစ်ချို့ယွင်းပြီးမိမိ၏ခန္ဒာကိုယ်ကိုပြန်တိုက်သောကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။အများအားဖြင့်အမျိုးသမီးများတွင်ဖြစ်လေ့ရှိပြီးအမျိုးသားများတွင်လည်းဖြစ်တတ်ပါသည်။၎င်းသည်ကိုယ်ခန္နာတစ်ခုလုံးကိုထိခိုက်နိုင်သည့်ရောဂါဖြစ်သည့်အတွက်ရောဂါလက္ခဏာများမှာများပြားလေ့ရှိသည်။တစ်ကိုယ်လုံးရှိအစိတ်အပိုင်းများအားလုံး၊ကိုယ်တွင်းကလီစာများစသည်တို့တွင်ရောင်ရမ်းခြင်းများဖြစ်ပေါ်သည်။ဖြစ်လေ့ရှိသောရောဂါလက္ခဏာများမှာ…
အဆစ်အမြစ်များရောင်ရမ်းနာကျင်ခြင်း
ရက်ရှည်ဖျားခြင်း
အလွန်နုံးချိနေခြင်း
နေပူထဲထွက်လျှင်မျက်နှာတွင်လိပ်ပြာနှင့်တူသောအနီကွက်ထွက်ခြင်း
တခြားသော နား၊လက်မောင်း၊ရင်ဘတ်၊လက်၊ခြေထောက် တို့တွင်လည်းအနီကွက်များထွက်ခြင်း
အသက်ပြင်းပြင်းရှူလျှင်ရင်ဘတ်အောင့်ခြင်း
ဆံပင်များကျွတ်ခြင်း
ရေအေးကိုင်မိလျှင်လက်များဖြူဖျော့ပြာနှမ်းသွားခြင်း
မျက်လုံးတစ်ဝိုက်နှင့်ခြေထောက်များဖောလာခြင်း
ပါးစပ်ထဲတွင်အနာများပေါက်ခြင်း စသည်တို့အပြင်တစ်ကိုယ်လုံးရှိကိုယ်တွင်းကလီစာများကိုထိခိုက်သောကြောင့်ထိခိုက်သောအစိတ်အပိုင်းအလိုက်ရောဂါလက္ခဏာများပြနိုင်သည်။
ထိုရောဂါကိုရောဂါအမည်သတ်မှတ်ရန်ခက်ခဲပါသည်။ထိုရောဂါသည်ရောဂါလက္ခဏာအများအပြားဖြစ်ပေါ်စေသောကြောင့်ခွဲခြားရန်ခက်ခဲပါသည်။
စစ်ဆေးမှုများစွာပြုလုပ်ပြီးမှသာသိနိုင်ပါသည်။
ကုသရာတွင်လည်းလူနာတစ်ဦးခြင်းဆီအလိုက်ကွဲပြားမှုရှိနိုင်သည်။အများအားဖြင့်-
အကိုက်အခဲပျောက်ဆေးများ
ငှက်ဖျားဆေး
စတီးရွိုက်ဆေး
ကိုယ်ခံအားကျစေသောဆေး စသည်တို့ဖြင့်
ကုသလေ့ရှိသည်။
ထို့အပြင် အာဟာရပြည့်ဝမျှတအောင်စားသောက်ခြင်း၊ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊အားဆေးများသောက်သုံးခြင်း၊ဗီတာမင်များကိုသောက်သုံးခြင်း၊အသီးအနှံများကိုပိုမိုစားသုံးပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါသည်။
အရေးကြီးသည့်အချက်မှာထိုရောဂါခံစားနေရသူသည်ဆေးကုသမှုကိုပုံမှန်ခံယူရန်ဖြစ်ပြီးရောဂါလက္ခဏာဆိုးသောအခါမှသာဆေးကုသမှုခံယူခြင်းမပြုရန်အလွန်အရေးကြီးလှပါသည်။
မှတ်ချက် ။ ။ ပညာရှင်များအတွက်ရည်ရွယ်ခြင်းမဟုတ်ပါ။

23/07/2025

သကြားဆရာဝန်
အဲ့ဒီ့နေ့ညက မှတ်မှတ်ရရ လူနာအရမ်းများတယ်။နေရာကတော့ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်(၂)၊ တိတိကျကျထပ်ပြောရရင် ဆေးကုသဆောင်(၂)ရဲ့ High Dependency Unit(HDU) လို့ခေါ်တဲ့ အရေးပေါ်လူနာတွေထားတဲ့အခန်းထဲက ဘယ်ဘက်အစွန်ဆုံး ကုတင်လေးမှာတင် ဖြစ်သွားခဲ့တဲ့ လူမသိသူမသိ အဖြစ်အပျက်လေးတစ်ခုရှိခဲ့တယ်။ ကာယကံရှင်တွေပဲသိလိုက်တဲ့အဖြစ်အပျက်လေး ဖြစ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ ဘယ်တော့မှမေ့လို့မရတဲ့ မမေ့ဖြစ်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်အကြောင်းပြောမယ်ဆို ဇာတ်လိုက်ဖြစ်တဲ့အဘွားရဲ့အကြောင်းကို မပြောလို့မဖြစ်ပါဘူး။ အဘွားအကြောင်းမပြောခင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်တွေရဲ့ လည်ပတ်ပုံအကြောင်းလေးတွေပါ အနည်းအကျဉ်းထည့်ပြောမှ ပိုပြီးနားလည်လွယ်မယ်၊ ဇာတ်ရည်လည်မယ်ပေါ့ဗျာ။ မြောက်ဥက္ကလာပဆေးရုံကြီးမှာဆိုရင် လူနာဆောင်တွေများစွာရှိပြီး တစ်ဆောင်နဲ့တစ်ဆောင် လည်ပတ်ပုံခြင်းလည်းမတူကြပါဘူး။ ဒီထဲမှာမှ ဆေးကုသဆောင်တွေရဲ့ လည်ပတ်တဲ့စနစ်အကြောင်းကို ပြောပြပါမယ်။ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ဆေးကုသဆောင် (၁)၊ (၂)၊ (၃)ဆိုပြီး ရှိပါတယ်။ အဆောင်(၁)နဲ့(၂)မှာ A day လို့ကျွန်တော်တို့အလွယ်ခေါ်ကြတဲ့ Admission Day(လူနာသစ်လက်ခံတဲ့ရက်)၊Non dayလို့ခေါ်တဲ့ လူနာသစ်လက်ခံတဲ့ရက်ပြီးနောက်တစ်ရက်၊ Double non dayလို့ခေါ်တဲ့လူနာသစ်လက်ခံတဲ့ရက်အပြီးနှစ်ရက်မြောက်နေ့ ဆိုပြီးလည်ပတ်နေပြီး အဆောင်တစ်ခုစီမှာ သုံးရက်တစ်ခါ လူနာသစ်လက်ခံပါတယ်။ အပေါ်မှာပြောခဲ့တဲ့ အဘွားကဆေးကုသဆောင်(၂)ကို A day မှာရောက်လာခဲ့ပြီး အရေးပေါ်လူနာခန်းရဲ့ ဘယ်ဘက်အစွန်ဆုံးကုတင်လေးမှာ နေရပါတယ်။ စရောက်ရောက်လာခြင်းမှာတော့ သတိသိပ်မကောင်းပါဘူး။သူ့ကိုစသတိထားမိတာကတော့ သူနဲ့တူတူပါလာတဲ့ လူနာစောင့်အမျိုးသမီး၃ယောက်ကြောင့်ဖြစ်ပါတယ်။ ဒီအမျိုးသမီး၃ယောက်က အဘွားကိုလာပို့ပြီး ခဏလောက်နေတော့ ပျောက်သွားကြပါရော။ ဒါမျိုးအဖြစ်တွေက ဆေးရုံမှာခဏခဏကြုံနေကြပါ။ ကျွန်တော်တို့လည်းအဘွားအတွက်လိုအပ်တာလေးတွေ လုပ်ပေးပြီးကျွန်တော်တို့ရဲ့ စီနီယာဆရာဝန်တွေညွှန်ကြားတဲ့အတိုင်း ဆေးတွေထိုး၊ဆေးတွေချိတ်လုပ်ကြတော့ အဘွားကသတိပြန်ကောင်းလာတယ်။ မျက်လုံးဖွင့်ပြီးဟိုဟိုဒီဒီကြည့်၊ စကားတွေဘာတွေတောင်ပြောလာနိုင်တယ်။ ကျွန်တော်ကလည်းစပ်စုတတ်တဲ့လူဆိုတော့ အဖွားနဲ့သွားစကားပြောတော့ အဘွားက”ဆရာလေးကငယ်ငယ်လေးနဲ့ဆရာဝန်ဖြစ်နေတာတော်လိုက်တာ၊ ဆရာလေးကြည့်ရတာ အဘွားမြေးအရွယ်ပဲရှိသေးတာဆိုတော့ မြေးကိုတောင်သတိရတယ်”တဲ့။ လူနာစောင့်တွေအကြောင်းမေးတော့ “သူတို့ကအိမ်နားကလူတွေပါ၊အဘွားသတိလစ်သွားလို့ဆေးရုံလိုက်ပို့ကြတာ၊အဘွားကတစ်ယောက်တည်းနေရတာ”တဲ့။သားသမီးတွေရောအဘွားလို့ မမေးဖြစ်လိုက်ဘူး။ဒီလိုဇာတ်လမ်းတွေကဆေးရုံမှာကြားရပါများနေပြီလေ။စကားတွေတော့သိပ်အများကြီးမပြောဖြစ်ဘူး။ လူနာသစ်လက်ခံတဲ့နေ့မှာ ဆေးရုံမှာအလုပ်ဘယ်လောက်များလဲဆိုတာ ပြောမယုံကြုံဖူးမှသိ ဆိုသလိုပါပဲ။စကားပြောပြီးရောဂါရာဇဝင်တွေမေးပြီးသိရတာကတော့ အဘွားမှာကဆီးချိုရောဂါရှိနေတာ၊ကျန်တဲ့ရောဂါတွေလည်းစုံလို့ပေါ့။ဒါပေမယ့်အဓိကဆေးရုံရောက်လာရတာက ဆီးချိုတွေအရမ်းတက်လို့ရောက်လာရတာပါပဲ။
ဒီလိုနဲ့အသစ်ရောက်လာတဲ့တခြားလူနာတွေကိုလည်း လိုအပ်တာတွေလုပ်ပေး၊ ဟိုဒီပြေးရင်းလွှားရင်းပဲ ဗိုက်ထဲကအချက်ပြလာတဲ့အတွက် နာရီကိုကြည့်လိုက်တော့ ည၁၂နာရီတောင်ထိုးပါပေါ့လား။မေ့နေလို့။သူများအကြောင်းတွေပဲပြောနေတာ ကိုယ့်အကြောင်းပြောပြဖို့မေ့နေတယ်။ကိုယ့်ကိုကိုယ်မိတ်ဆက်ရမယ်ဆိုရင်တော့ ဆေးကျောင်းပြီးကာစ house surgeron လို့ခေါ်ကြတဲ့၊တစ်ခါတစ်လေ အပြာဝတ်ဆေးအကူလို့လည်းခေါ်ကြတဲ့ အလုပ်သင်ဆရာဝန်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒီအလုပ်သင်ဆရာဝန်တွေဟာ ဆေးရုံကြီးတစ်နေ့တစ်နေ့လည်ပတ်နိုင်ဖို့ အဓိကရုန်းပေးနေတဲ့ရုန်းကန်အားလေးတွေပဲဖြစ်ပါတယ်။ထားတော့၊စကားတွေချော်ကုန်တော့မယ်။ကျွန်တော်တို့အလုပ်သင်ဆရာဝန်တွေက ညအိပ်ရင်တောင်မှ ည၁၂ကနေ၃နာရီထိတစ်ဖွဲ့၊ ၃နာရီကနေမနက်၆နာရီထိတစ်ဖွဲ့ အဲ့လိုခွဲအိပ်ရပါတယ်။အဲ့ညကတော့ကျွန်တော်က၁၂-၃ အိပ်ဖို့အလှည့်ကျတဲ့အတွက် ည၁၂ကျဝင်အိပ်လိုက်ပြီး မနက်၃နာရီကျတော့ပြန်ထရပါတယ်။ထလာပြီဆိုတာနဲ့အလုပ်တွေကဇယ်ဆက်သလိုစောင့်ကြိုနေပါတော့တယ်။အလုပ်တွေလုပ်နေတုန်း လူနာစောင့်တစ်ယောက်လာခေါ်ပါတယ်။ သူတို့ဘေးကုတင်ကလူနာစောင့်မရှိတဲ့အဘွားကသတိလစ်သလိုဖြစ်ပြီး ခေါ်လို့မရပဲ စကားလည်းပြန်မပြောနိုင်တော့ဘူးလို့ပြောပါတယ်။ ကျွန်တော့်စိတ်ထဲထိတ်ခနဲဖြစ်သွားတယ်။ ဟိုအဘွားဖြစ်မယ်ထင်ပြီး ခပ်မြန်မြန်ပဲသွားကြည့်လိုက်တော့ ထင်တဲ့အတိုင်းပဲ။အပေါ်မှာပြောခဲ့တဲ့အဘွားပါ။မျက်လုံးတော့ပွင့်နေပေမယ့် ခေါ်လို့မရ၊စကားပြန်မပြောနိုင်ဖြစ်နေပါတယ်။အဖြစ်နိုင်ဆုံးကတော့ရောက်လာခါစကလိုပဲ ဆီးချိုတွေအရမ်းတက်နေတာများဖြစ်နေမလားဆိုပြီး ဆီးချိုဖောက်ဖို့စက် အပြေးအလွှားသွားယူပြီးဖောက်ကြည့်လိုက်တော့ ကျွန်တော်တော်တော်ရှော့ခ်ရသွားပါတယ်။ကိုယ့်ကိုကိုယ်လည်းရှက်သွားမိပါတယ်။တစ်ပြိုင်တည်းမှာပဲ ဆရာကြီးတစ်ယောက်ကသင်ပေးဖူးတဲ့ ဆီးချိုရောဂါဖြစ်နေတဲ့သူတွေမှာ အမြဲတမ်းဆီးချိုတက်နေမယ်လို့ပဲ စဉ်းစားလို့မရဘူး၊ တစ်ခါတစ်လေ အကြောင်းကြောင်းကြောင့်သွေးထဲမှာသကြားဓာတ်တွေထိုးကျနေတတ်တယ်၊ဒီအချက်ကိုထည့်စဉ်းစားကြပါ။ဆိုတဲ့စကားကိုလည်းသတိရမိသွားပါတယ်။အဘွားကလည်းသွေးထဲမှာသကြားဓာတ်တွေထိုးကျနေတာပါ။ဖြစ်နိုင်တာတော့ဆီးချိုကျဆေးတွေသွင်းနေရတဲ့အတွက် လူနာစောင့်မရှိလို့ဖြစ်ဖြစ် ပိုက်ဆံမရှိလို့ဖြစ်ဖြစ် ဘာမှသေသေချာချာဘာမှဝယ်မစားပဲနေလို့ဖြစ်နိုင်ပါတယ်။ထားပါတော့။ဆီးချိုကျနေတာက မသိလိုက်ရင်အသက်အန္တရာယ်ထိဖြစ်နိုင်ပေမယ့် အချိန်မှီသိလိုက်ရင်တော့ သွေးကြောထဲကို ဂလူးကို့စ်အရည်သင့်တော်တဲ့ပမာဏသွင်းလိုက်ရင် သွေးချိုဓာတ်ပြန်တက်လာပြီး လူနာကလည်းချက်ချင်းကိုသိသိသာသာသက်သာသွားမှာဖြစ်ပါတယ်။အဘွားကလည်းဒီလိုပါပဲ။ဆေးထိုးလိုက်ပြီးမကြာခင်မှာပဲ သတိပြန်ကောင်းလာပြီး စကားတွေဘာတွေပြန်ပြောနိုင်လာပါတယ်။ထင်တဲ့အတိုင်းပဲ ညဘက်ဘာမှမစားပဲ နေလိုက်တယ်လို့ပြောပါတယ်။နောက်ဆိုဒီလိုမလုပ်ဖို့၊ဆောင်ရန်ရှောင်ရန်တွေကိုမှာနေရင်း အဘွားက`ဆရာလေးပေးတဲ့အသက်ပဲရှိပါတယ်၊ဆရာလေးနဲ့တွေ့ရတာ သိကြားနဲ့တွေ့သလိုပါပဲ’လို့ပြောချိန်မှာကျွန်တော်ပြုံးမိပါတယ်။`ဟုတ်တယ်၊ဟုတ်တယ် အဘွား၊အဘွားအခုလည်း သကြားနဲ့တွေ့တာပါပဲ၊သကြားဆရာဝန်ပေါ့ဗျာ’လို့ပြောပြီးလုပ်ဖို့ကျန်နေတဲ့အလုပ်လေးတွေလက်စသတ်ဖို့ပြန်ထွက်လာမိပါတယ်။မိုးလည်းလင်းပြီလေ၊၈နာရီထိုးလို့ဂျူတီထွက်ရင်ညကကြုံခဲ့ရတဲ့အကြောင်းပြောပြတဲ့အခါ ပြုံးတုံ့တုံ့ကြီးနဲ့ ပီတိဖြစ်နေဦးမယ့် ကျွန်တော့်အဘွားကိုတောင်မြင်ယောင်မိပါတော့တယ်။
Dr. Azk

01/04/2022
မင်္ဂလာပါ။အောင် အထွေထွေရောဂါကုဆေးခန်းpageမှ ကြိုဆိုပါတယ်။ကျန်းမာရေးဆိုင်ရာဗဟုသုတရစေမယ့် အကြောင်းအရာများကို pageမှာ တင်ပေ...
27/12/2021

မင်္ဂလာပါ။
အောင် အထွေထွေရောဂါကုဆေးခန်းpageမှ ကြိုဆိုပါတယ်။
ကျန်းမာရေးဆိုင်ရာဗဟုသုတရစေမယ့် အကြောင်းအရာများကို pageမှာ တင်ပေးသွားမှာဖြစ်သလို ကျန်းမာရေးဆိုင်ရာမေးခွန်းများကို page messengerမှာလာရောက်မေးမြန်းနိုင်ပြီး အလျဥ်းသင့်သလိုဖြေကြားပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အချိန်တစ်ခုသတ်မှတ်ကာ စနစ်တကျဖြေကြားပေးသွားမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ ဘာဆေးသောက်ရမလဲမေးခြင်း၊ အပြင်မှာဆရာဝန်တစ်ဦးဦးနှင့်ပြသနေသော ကုသမှုများကို လိုတိုးပိုလျော့ ပြင်ဆင်နိုင်ရန် မေးမြန်းခြင်းများကိုတော့ ဖြေကြားပေးသွားမှာမဟုတ်ပါ ခင်ဗျာ။

အောင်ဆေးခန်း၏page ဖြစ်ပါသည်။

Address

Kant Kaw Street

Website

Alerts

Be the first to know and let us send you an email when Aung Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram