Olor

Olor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Olor, Aromatherapy service, No. 692, 4/6 Byamaso Road, South okkalapa, Yangon.

စိတ်ဓာတ်ကျနေချိန် လက်လှမ်းမှီရာကြိုးတစ်ချောင်းကို လှမ်းဆွဲခွင့်ရမယ်ဆိုရင်အဲ့ကြိုးလေးက Olor ဖြစ်ပါရစေရှင်။☔️🌧️ Olor ရဲ့ သ...
10/10/2025

စိတ်ဓာတ်ကျနေချိန် လက်လှမ်းမှီရာကြိုးတစ်ချောင်းကို လှမ်းဆွဲခွင့်ရမယ်ဆိုရင်
အဲ့ကြိုးလေးက Olor ဖြစ်ပါရစေရှင်။☔️

🌧️ Olor ရဲ့ သဘာဝရနံ့လေး တွေကို ခံစားပါ၊ ကုစားပါ၊ အမှီပြုပါ။ 🌧️

🚨 ဒီစာကို ဖတ်နေတဲ့သူတွေထဲက ၄ ယောက်မှာ ၁ ယောက်ဟာ စိတ်ကျန်းမာရေး ပြဿနာတစ်မျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။❗️

ဒီထဲမှာ ကျွန်မတို့ကိုယ်တိုင်လည်း ဖြစ်နိုင်သလို၊ မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်လည်း ပါဝင်နိုင်ပါတယ်။

⏳ ဒီနေ့ 10 ရက် 10 လ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) မှာ
စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူများပါခဲ့ရင်

ကိုယ့်ရဲ့စိတ်ကို ဘယ်လိုအားပေးနိုင်မလဲ ဆိုတဲ့ အချက်(၅)ချက်ကို မင်မင်ဒီနေ့ ဝေမျှပေးပါရစေရှင့်။
__

၁။ 🗣️ နာမည်ပေးလိုက်ပါ:
စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု (ဒါမှမဟုတ်) စိုးရိမ်စိတ်စတဲ့ သင့်ရင်ထဲက ခံစားချက်ကို "နာမည်" တစ်ခုတပ်လိုက်ပါ။ "ဒါက ငါ့ရဲ့ စိုးရိမ်စိတ်ပဲ" လို့ ပြောပြီး လက်ခံလိုက်နဲ့ သင်ဟာ သတိတစ်ခုကပ်သွားနိုင်ပြီး စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ သခင် ဖြစ်လာပါမယ်။

၂။ ❌ "ငြင်းဆို" ဖို့ သင်ယူပါ:
ကိုယ့်ရဲ့ စိတ်ခွန်အား လျော့စေမယ့် (ဒါမှမဟုတ်)စိတ်ဖိစီးစေမယ့် တောင်းဆိုမှုတွေကို "မလုပ်နိုင်ဘူး" လို့ ရဲရဲဝံ့ဝံ့ ပြောဖို့ လေ့ကျင့်ပါ။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ စည်းကို ကာကွယ်ခြင်းဟာ မိမိကိုယ်ကို ချစ်ခြင်းရဲ့ အခြေခံပါပဲ။

၃။ 🧘 ၅ မိနစ် အသက်ရှူပါ:
မနက်ခင်း (ဒါမှမဟုတ်) အားလပ်တဲ့အချိန်တွေမှာ ၅ မိနစ် လောက် အချိန်ယူပြီး မျက်လုံးမှိတ်၊ ဝင်လေထွက်လေကို အာရုံစိုက်ပါ။ ဒီရိုးရှင်းတဲ့အလေ့အကျင့်က သင့်ရဲ့ ဦးနှောက်ကို "အားသွင်းလိုက်သလို စွမ်းအင်ပြည့်စေပါတယ်။
အချိန်တစ်ခုပေးပြီး တရားထိုင်နိုင်ရင်တော့ အကောင်းဆုံးပါပဲရှင်။

၄။ 🌿 သဘာဝကုထုံးကို ချက်ချင်းသုံးပါ:
စိုးရိမ်ပူပန်မှုတွေ ရုတ်တရက် တက်လာတဲ့အခါ မျက်လုံးမှိတ်ပြီး Aromatherapy Roller လေးကို လိမ်းလိုက်ပါ။ သစ်မွှေးရနံ့ ဒါမှမဟုတ် ပန်းရနံ့လေးတွေဟာ ဉီးနှောက်ကတစ်ဆင့် happy hormones တွေ ထုတ်လွှတ်ပေးနိုင်တဲ့ သော့ချက်ပဲဖြစ်ပါတယ်။ ရနံ့ကို အာရုံစိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ကို ရှုပ်ထွေးမှုတွေကနေ ချက်ချင်း ဆွဲထုတ်လိုက်ပါ။

၅။💧 ကိုယ့်ကိုယ်ကို နွေးထွေးပါ:
အမှားတစ်ခုခု လုပ်မိတဲ့အခါ ဒါမှမဟုတ် စိတ်ပျက်အားငယ်တဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင် ဝေဖန်တဲ့အစားတွေ ပြောနေမဲ့အစား အခင်ဆုံးသူငယ်ချင်းတစ်ယောက်ကို နှစ်သိမ့်သလိုမျိုး နူးညံ့တဲ့ စကားလုံးတွေ နဲ့ ပြန်နှစ်သိမ့်ပါ။
"ဒါမျိုး ဖြစ်တတ်ပါတယ်၊ နင်ကောင်းကောင်းလုပ်ခဲ့ပါတယ်" လို့ ကိုယ့်ကိုယ်ကို ပြောပေးပါ။

➡️ ဘယ်နည်းလမ်းကို လက်ရှိအသုံးပြုနေလဲဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ 🥰🥰

ချစ်ရတဲ့ customer များ❣️မြန်မာ့ဂုဏ်ရည်လမ်းမှာ အသစ်ဖွင့်ထားတဲ့ Gamonepwint Wholesale Mall မှာလည်း Olor ကိုဝယ်ယူအားပေးလို့...
10/10/2025

ချစ်ရတဲ့ customer များ❣️မြန်မာ့ဂုဏ်ရည်လမ်းမှာ အသစ်ဖွင့်ထားတဲ့ Gamonepwint Wholesale Mall မှာလည်း Olor ကိုဝယ်ယူအားပေးလို့ရပါပီရှင့်။ 🥰

ပထမထပ်က Girl’s California Cosmetics ဆိုင်ထဲမှာပါ။

——
🙏🏻မင်မင်တစ်ခုမေတ္တာရပ်ခံချင်တာက 🙏🏻

မင်မင်တို့ Junction City ဆိုင်လေးက စမ်းချောင်းဘက်ကို နေရာအပြောင်းရွှေ့လေးရှိတာမို့

ရန်ကုန်တွင်းဆို ခုမင်မင် အောက်မှာဖော်ပြထားတဲ့ လိပ်စာတွေမှာ ဆက်လက် အားပေးနိုင်ပါတယ်ရှင့်။

⛰️Myanmar Plaza - ၃ လွှာ အင်းဝ စာပေ

⛰️Junction Mawtin - 2nd floor, စက်​​လှေကား​ရှေ့

⛰️မြေနီကုန်း - (သူမလက်ရာ)
Address : No.283, ဉီးဝိစာရလမ်း၊ စမ်းချောင်းမြို့နယ်

⛰️သန်လျင် AtoZ Mart
Address: ကျိုက်ခေါက်ဘုရားလမ်းမပေါ်

⛰️ဂမုန်းပွင့် Wholesale Mall (Girl's Calfornia Beauty globe Grocer)
Address : မြန်မာ့ဂုဏ်ရည်လမ်း နှင့် ဗိုလ်မင်းရောင်လမ်းကြား ၊ (သိမ်ဖြူစာတိုက်မှတ်တိုင်အနီး) မင်္ဂလာတောင်ညွှန့်မြို့နယ်။

⛰️Hi Hip Local Shop
Address : 287/B Pyay Road/ Sanchaung(မြေနီကုန်းမှတ်တိုင်အနီး M drive ဖုန်းဆိုင် နှင့် KBTC ကျောင်းကြား ကိုယ်ပိုင်လမ်းထဲ)

ဖုန်း - 09951582453

#ရနံ့ကုထုံး

✨ စိတ်ဖိစီးမှုတွေကို ၁၀ စက္ကန့်အတွင်း ဖြေလျော့လိုက်ပါ!✨  သဘာဝရနံ့တွေကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကို လိုချင်တယ်ဆိ...
09/10/2025

✨ စိတ်ဖိစီးမှုတွေကို ၁၀ စက္ကန့်အတွင်း ဖြေလျော့လိုက်ပါ!✨ သဘာဝရနံ့တွေကပေးတဲ့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ကို လိုချင်တယ်ဆိုရင် ဒါကိုသုံးပါ။

ဒီနေ့ခေတ်မှာ စိတ်ဖိစီးမှုက အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလို ဖြစ်နေပါပြီ။

👋 ကိုယ်ပိုင်ပျော်ရွှင်မှုကို ထိန်းသိမ်းရင်း အလုပ်ဖိအားတွေကို တည်ငြိမ်စွာကိုင်တွယ်ဖြေရှင်းချင်တဲ့
busy professionals တွေအတွက် တကယ်ကို အသုံးဝင်တဲ့အရာတစ်ခုကို ဝေမျှပေးချင်ပါတယ်-

ဒါကတော့ ….
Olor ရဲ့Aromatherapy Roller🌿သဘာဝရနံ့ကုထုံးဆီ ပုလင်းလေး တွေပဲဖြစ်ပါတယ်ရှင်။

🙅🏻ရနံ့ကုထုံးလို့ပြောရင် စိတ်ရောဂါကို ကုသတဲ့ဆေးလို့အထင်မှားတတ်ကြပေမဲ့ လုံးဝမဟုတ်ပါဘူး။

တကယ်တော့ ရနံ့ကုထုံးဆိုတာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အပင်တွေရဲ့ သင်းပျံ့တဲ့ရနံ့ အစွမ်းသတ္တိကို အသုံးပြုထားတာပါ။

ရေမွှေးလို “မွှေးရနံ့ကောင်းရုံ” သီးသန့်အတွက် မဟုတ်ပါဘူး၊
🧠 ဦးနှောက်နှင့် အာရုံကြောသိပ္ပံ ပညာရပ်နဲ့ ပေါင်းစပ်ပြီး စိတ်ဖိစီးမှုသက်သာဖို့ အထိရောက်ဆုံး ခေတ်မီနည်းလမ်းအဖြစ် Aromatherapy ရနံ့ကုထုံးကို ကမ္ဘာတစ်ဝှမ်းမှာ သတ်မှတ်ထားကြတာပါရှင့်။

______
🔖 အသုံးပြုပုံ နှင့် နေ့စဉ်ဘဝမှာ ဘယ်လိုအထောက်ကူပြုမှာလဲ ?

Olor ရဲ့ Aromatherapy Rollers တွေကို သင့်ရဲ့ သွေးခုန်နှုန်းရှိတဲ့နေရာတွေမှာ လိမ်းလိုက်တဲ့အခါ (လက်ကောက်ဝတ်၊ နားထင်)၊
ရနံ့တွေက သင့်ရဲ့ဦးနှောက်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ Limbic System ကို ချက်ချင်းရောက်ရှိသွားပါတယ်။

ဒါကြောင့်ပဲ...
၁။ 🧠 စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ချက်ချင်းသက်သာစေတာ
၃။ 😴 ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေတာ
၂။ 💡 အာရုံစူးစိုက်မှုနဲ့ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတာ စသဖြင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများစွာ ခံစားရမှာပါ။

“ Olor မှာ Chemical မပါ၊ Alcohol မပါတဲ့
သဘာဝ ရနံ့ကုထုံး အမျိုးအစား ၆ မျိုး”
ရှိပြီး တစ်မျိုးချင်းစီအကြောင်းကို ပုံအောက်မှာကြည့်လိုက်ရအောင်။ 🥰

စိတ်ဖိစီးမှုတွေကို ခေတ်မီရနံ့ကုထုံးနဲ့ စီမံခန့်ခွဲလိုက်ပါ။

👑 စျေးနှုန်း
တစ်ပုလင်း - ၂၄၅၀၀ ကျပ်

🛒 Olor Aromatherapy Rollers များကို ဝယ်ယူအားပေးလိုပါက Page messenger (သို့မဟုတ်) 09951582453 ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

#ရနံ့ကုထုံး

👴👵 သီတင်းကျွတ်မှာ ဘာလို့ Olor ရနံ့ကုထုံးလက်ဆောင်ဘူးလေးတွေကို မိဘဘိုးဘွားတွေ အတွက် ရွေးချယ်သင့်လဲ 🎁သီတင်းကျွတ်ဆိုတာ မိဘဘိ...
03/10/2025

👴👵 သီတင်းကျွတ်မှာ ဘာလို့ Olor ရနံ့ကုထုံးလက်ဆောင်ဘူးလေးတွေကို မိဘဘိုးဘွားတွေ အတွက် ရွေးချယ်သင့်လဲ 🎁

သီတင်းကျွတ်ဆိုတာ မိဘဘိုးဘွားတွေရဲ့ ကျေးဇူးကိုပြန်လည်ဆပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

ဒီလက်ဆောင်ဘူးထဲမှာ
🪷 စိတ်တည်ငြိမ် အေးချမ်းစေမယ့် Calm Forest၊
🪷 နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့် Sleep Tight နဲ့
🪷 စိုးရိမ်ပှုပန်မှုတွေ ပြေလျော့စေမဲ့ Stress Away ဆိုတဲ့
ရနံ့ကုထုံး roller ၃ မျိုးကို အထူးထည့်သွင်းပေးထားပါတယ်။
______

1️⃣ အစဉ်အလာမေတ္တာကို ခေတ်မီဂရုစိုက်မှုနဲ့ ပေါင်းစပ်လိုက်ပါ

ပုံမှန်ဆေးဝါးတွေအစား သဘာဝဆန်ဆန် ရနံ့ကုထုံးလေးတွေကို လက်ဆောင်ပေးတာဟာ
🧑🏻‍🦽‍➡️လူကြီးသူမတွေရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာကို အသေးစိတ် ဂရုစိုက်ကြောင်း ပြသရာရောက်ပါတယ်။

2️⃣ ကောင်းမွန်တဲ့အိပ်စက်ခြင်းကို လက်ဆောင်ပေးပါ

အသက်အရွယ်ကြီးလာတဲ့အခါ အိပ်မပျော်တာက ဖြစ်ရိုးဖြစ်စဉ်လိုပါပဲ။
Set-box ထဲမှာပါတဲ့ Sleep Tight Roller က
လာဗန်ဒါနဲ့ တောရှောက်ခါးတို့လို့ ရနံ့ဆီအစစ်တွေပါဝင်လို့
🛌 အိပ်ရာမဝင်မီ လိမ်းပေးခြင်းအားဖြင့် စိတ်ကို လုံးဝလျော့ချပေးပြီး သဘာဝအလျောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

3️⃣ တရားထိုင်ခြင်းနှင့် စိတ်တည်ငြိမ်မှုအတွက် သဘာဝအထောက်အကူ

Set-box ထဲမှာပါတဲ့ Calm Forest roller လိုမျိုး သဘာဝ သစ်တောရနံ့တွေက တရားထိုင်တဲ့အခါ စိတ်ကို တည်ငြိမ်စေပြီး အာရုံစူးစိုက်မှုကို နက်ရှိုင်းစေဖို့ အထူးကူညီပေးပါတယ်။
🧘‍♀️ မိဘဘိုးဘွားတွေရဲ့ နေ့စဉ်ဘာဝနာအလုပ်အတွက် အကောင်းဆုံးအဖော်မွန် ဖြစ်ပါလိမ့်မယ်။

4️⃣ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု သက်သာစေရန် အထူးကုထုံး

အသက်ကြီးလာတဲ့နဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေ ခံစားရနိုင်ပါတယ်။
🍃 Stress Away ရဲ့ လန်းဆန်းတဲ့ စပါးလင်သံပုရာ ရနံ့က ဦးနှောက်ကို ချက်ချင်းအနားပေးပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချရာမှာ ကူညီပေးပါတယ်။

5️⃣ သုံးရလွယ်ကူပြီး စိတ်ချရတဲ့ သဘာဝလက်ဆောင်

Olor ရဲ့ Rollers လေးတွေဟာ သဘာဝရနံ့ဆီတွေနဲ့ပဲ ပြုလုပ်ထားလို့ ဓာတုပစ္စည်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို စိုးရိမ်စရာမလိုပါဘူး။
🤲 သွေးပြန်ကြောတွေပေါ် လှိမ့်ပြီးလိမ်းရုံနဲ့တင် အာနိသင်ကိုလျင်မြန်စွာ ရရှိစေပါတယ်။

📣 သီတင်းကျွတ်အထူးအစီအစဉ် 📣

ဒီအဓိပ္ပာယ်ရှိတဲ့ Olor Set-box ဘူးလေးတွေကို အထူးလျှော့စျေး နဲ့ ရရှိနိုင်မယ့်အပြင်၊
ရင်ထဲက မေတ္တာစကားလေးတွေကို ရေးသားပေးပို့နိုင်မယ့် သီတင်းကျွတ်ပို့စ်ကတ်လှလှလေး ကိုပါ လက်ဆောင်ထည့်ပေးထားပါတယ်။

🏷️ စျေး - 69,000 ကျပ် (Discount included)

🛒 မှာယူလိုပါက Page Messenger (ဒါမှမဟုတ်) 09951582453 ကိုအခုပဲဆက်သွယ်လိုက်ပါရှင့်။

#ရနံ့ကုထုံး
#သီတင်းကျွတ်

ချစ်ရတဲ့ Customer များကို သီတင်းကျွတ်ပိတ်ရက်အမှီ မင်မင်တို့ Deli အပ်ပေးလိုက်ပါပီရှင့်။ 🥰အားပေးကြတဲ့ customer တစ်ယောက်ချင...
03/10/2025

ချစ်ရတဲ့ Customer များကို သီတင်းကျွတ်ပိတ်ရက်အမှီ မင်မင်တို့ Deli အပ်ပေးလိုက်ပါပီရှင့်။ 🥰

အားပေးကြတဲ့ customer တစ်ယောက်ချင်း စီကို ကျေးဇူး အထူး တင်ရှိပါတယ်။ 🙏🏻

#ရနံ့ကုထုံး

🎇 နှစ်တိုင်း သီတင်းကျွတ်ကန်တော့ ရာသီရောက်ရင် Olor ရဲ့ ဒီ Set-box လေးတွေကို အရမ်းအားပေးကြတာ 🥰ဒီနှစ်တော့ Stock ပျက်ချိန်နဲ...
03/10/2025

🎇 နှစ်တိုင်း သီတင်းကျွတ်ကန်တော့ ရာသီရောက်ရင် Olor ရဲ့ ဒီ Set-box လေးတွေကို အရမ်းအားပေးကြတာ 🥰

ဒီနှစ်တော့ Stock ပျက်ချိန်နဲ့ တိုက်သွားလို့ promotion တွေ ကြိုမလုပ်ပေးလိုက်ရပေမဲ့

Olor ရဲ့ Aromatherapy Set-box နဲ့မှ ကန်တော့ချင်တယ်ဆိုတဲ့ မင်မင့် customer တွေအတွက်
ရနံ့ကုထုံး (၃) မျိုးပါ 📍Magnetic Set-box (50) 📍စာရပါဉီးမယ်ရှင့်။

Olor ရဲ့ Special set-box လေးတွေကို ခုချိန်ဝယ်ရင်
🕯️ပုံမှန်ပေးနေကျ Discount လျှော့စျေးနဲ့ရမယ့်အပြင်
🕯️သီတင်းကျွတ် post card လေးပါ
မေတ္တာလက်ဆောင်ထည့်ပေးဉီးမှာပါရှင့်။ 🥰
_______

🏷️ တစ်ပုလင်း - 24,500 Kyat
🏷️ Aromatherapy set-box - 69,000 Kyat (Discount Include)

နှစ်သက်ရာ ရနံ့ကုထုံး ၃ မျိုးရွေးချယ်နိုင်ပါတယ်ရှင့်။ ဒါကရွေးလို့ရမဲ့ Link လေးပါ။

https://www.facebook.com/share/p/1VbCceNcuE/?mibextid=wwXIfr

🥰 သီတင်းကျွတ် ပိတ်ရက် အမှီလိုချင်ရင်တော့ ဒီနေ့ပဲ မင်မင်တို့ဆီ ဒီနေ့လာမှာလိုက်ပါနော်။ 🥰

#ရနံ့ကုထုံး #သီတင်းကျွတ်

ပစ္စည်းတွေ Stock ပြန်ဝင်ပြီမို့ order ၃၀၀ ကျော်အကုန်မင်မင်တို့ သေချာထုတ်ပိုးပြီးပို့နေပါပီရှင့် 🥰 ❣️ သီတင်းကျွတ်အမှီ မှာ...
02/10/2025

ပစ္စည်းတွေ Stock ပြန်ဝင်ပြီမို့ order ၃၀၀ ကျော်အကုန်မင်မင်တို့ သေချာထုတ်ပိုးပြီးပို့နေပါပီရှင့် 🥰 ❣️

သီတင်းကျွတ်အမှီ မှာယူချင်တယ်ဆိုရင် အခုပဲလာမှာလိုက်ပါနော်။

စိတ်ရှည်စွာနဲ့ စောင့်ပေးကြတဲ့ customer တစ်ဉီးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့် 🙏🏻

#ရနံ့ကုထုံး

📍   stock လေးတွေ ပြန်ဝင်ပါပီရှင့် 📍😔 ချစ်ခင်ရပါသော Olor Customer များအား လေးစားစွာဖြင့် အသိပေးခြင်း 😔မင်မင်တို့ Aromathe...
30/09/2025

📍 stock လေးတွေ ပြန်ဝင်ပါပီရှင့် 📍
😔 ချစ်ခင်ရပါသော Olor Customer များအား လေးစားစွာဖြင့် အသိပေးခြင်း 😔

မင်မင်တို့ Aromatherapy Roller တွေအားလုံး မှာယူအားများလွန်းတာကြောင့် လက်ရှိမှာ Stock ပြတ်နေကြောင်း လာအသိပေးတာပါရှင့်။

🙏🏻 လမ်းခရီးပိတ်ဆို့မှုကြောင့် မင်မင်တို့ဆီ ဒီနေ့ထိကုန်ကြမ်းတွေမဝင်သေးတဲ့အတွက်
အစောပိုင်းက မှာယူထားတဲ့ customer တစ်ယောက်ချင်းစီကို ပစ္စည်း မပို့ဆောင်နိုင်သေးတာအတွက် အဓိက အထူးတောင်းပန်ချင်ပါတယ်။ 🙏🏻

မှာထားတဲ့ customer တွေ အရမ်းများနေတာကတစ်ကြောင်း၊ ရောက်နိုးရောက်နိုးနဲ့ မျှော်နေရမှာစိုးလို့ မင်မင် ဒီ post လာတင်လိုက်တာပါ။ 😢❤️

ခန့်မှန်းကြာချိန် (၁ ပတ်- ၂ ပတ်ဝန်းကျင်) လောက်နေရင်တော့ Stock ပြန်ရောက်ဖို့ရှိပါတယ်ရှင့်။

လမ်းကြောင်းအခြေအနေအရ ပစ္စည်းတွေကတစ်သုတ်ဝင်ရင် တစ်သုတ်အကုန်အရမ်းမြန်လို့

📍📍 လတ်တလောမှာယူချင်တဲ့ customer တွေဆို လိပ်စာ၊ဖုန်းနံပါတ်ပေးပြီး pre-order မှာထားလို့ရပါတယ်ရှင်။

ပစ္စည်းရောက်တာနဲ့ လက်ရှိ customer တွေနဲ့အတူ ဉီးစားပေးပို့ဆောင်ပေးသွားပါမယ်နော်။

မင်မင်တို့ကို နားလည်ပေးပြီး စောင့်ဆိုင်းပေးတဲ့အတွက်လည်း Olor မှ ကျေးဇူးအထူးတင်ပါတယ်ရှင့်။ 🥰

🌹 နှင်းဆီပန်းခင်းထဲမှာ ပေါ့ပါးစွာ ဖြတ်ပြေးနေရင်း သာယာတဲ့လေညှင်းနဲ့အတူ သယ်ဆောင်လာပေးတဲ့ ပန်းမျိုးစုံတို့ရဲ့ ချိုမွှေးတဲ့ ...
24/09/2025

🌹 နှင်းဆီပန်းခင်းထဲမှာ ပေါ့ပါးစွာ ဖြတ်ပြေးနေရင်း သာယာတဲ့လေညှင်းနဲ့အတူ သယ်ဆောင်လာပေးတဲ့ ပန်းမျိုးစုံတို့ရဲ့ ချိုမွှေးတဲ့ ရနံ့လေး
🌺စိတ်ကိုအကြည်ဓာတ် တိုးပွားစေပြီး ကိုယ့်ကိုယ်ကို ချစ်ခင်စိတ်တွေ ပြန်လည်ဖြစ်ပေါ်စေတာမျိုး

🌼 စိတ်ထိခိုက်နာကျင်စရာတွေများလို့ မိမိကိုယ်ကို အကောင်းမြင်စိတ်တွေ ပျောက်ဆုံးနေတာမျိုး ကြုံရချိန်မှာ သုံးပေးသင့်တဲ့ Inner Peace Roller ရဲ့ ရနံ့ကို တစ်ခွန်းတည်းနဲ့ ဖော်ညွှန်းရမယ်ဆိုရင်တော့
💐ပန်းဆီရနံ့လေးတွေနဲ့ သင်းသင်းမွှေးမွှေး Sweet Floral ရနံ့ပဲ ဖြစ်ပါတယ်။

😇 ကိုယ့်မှာ စိတ်ငြိမ်းချမ်းမှုကို ရှာဖွေရခက်ခဲနေပြီး စိတ်မရွှင်လန်းတဲ့ အချိန်တွေမှာ 🌷🌸 Inner Peace ရဲ့ နှင်းဆီနီ၊ တောစံပယ်၊ ဗနီလာရနံ့တို့ကို ရှူကြည့်လိုက်ရုံနဲ့ ဘဝရဲ့ အလှအပတွေကို ပြန်လည်မြင်ယောင်စေလို့ စိတ်ကိုပြန်လည် ကြည်လင်စေမယ့် ဖြေရှင်းနည်းလေး တစ်ခုပါရှင့်။ 😍

ဒီတော့ ဘာအကြောင်းကြောင်းကြောင့် စိတ်ထိခိုက်နာကျင်စရာတွေ ကြုံလာရတိုင်း ပန်းရနံ့လေးတွေနဲ့ Inner Peace Roller လေးက အမြဲတမ်း ပြန်လာပြီး ရင်ဖွင့်လို့ရတဲ့ အိမ်လေးတစ်လုံးလို အမြဲတမ်း ရှိပေးနေမှာပါရှင့်။ 😍😍

#ရနံ့ကုထုံး

23/09/2025

😍 Myanmar Plaza ကို အလည်အပတ်သွားရင်းနဲ့ အင်းဝစာအုပ်ဆိုင်လေးရှေ့ကို ရောက်ဖြစ်ခဲ့ရင် မင်မင်တို့ ဆိုင်လေးမှာ ရနံ့တွေ ဝင်စမ်းကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။ 👀💖

မင်မင်တို့ရဲ့ အပြင်ဆိုင်လိပ်စာလေးတွေကတော့

🏬 Myanmar Plaza - ၃ လွှာ အင်းဝ စာပေ
🏬 Junction City - 4th floor Alibaba မျက်စောင်းထိုး
🏬 Junction Mawtin - 1st floor, စက်လှေကားရှေ့
🏬 မြေနီကုန်း - (သူမလက်ရာ)
No.283, ဉီးဝိစာရလမ်း၊ စမ်းချောင်းမြို့နယ်
🏬 သန်လျင် AtoZ Mart
ကျိုက်ခေါက်ဘုရားလမ်းမပေါ်
🏬 ဂမုန်းပွင့် Wholesale Mall (Girl's Calfornia Beauty globe Grocer)
Address : မြန်မာ့ဂုဏ်ရည်လမ်း နှင့် ဗိုလ်မင်းရောင်လမ်းကြား ၊ (သိမ်ဖြူစာတိုက်မှတ်တိုင်အနီး) မင်္ဂလာတောင်ညွှန့်မြို့နယ်။
🏬 Hi Hip Local Shop
Address : 287/B Pyay Road/ Sanchaung(မြေနီကုန်းမှတ်တိုင်အနီး M drive ဖုန်းဆိုင် နှင့် KBTC ကျောင်းကြား ကိုယ်ပိုင်လမ်းထဲ)

ဆိုင်လေးတွေမှာ ရနံ့စမ်းပြီးရင်လည်း အကြိုက်ဆုံးရနံ့ကို ‌ပြောသွားပေးကြပါဦးရှင့်။ 😍💗

#ရနံ့ကုထုံး

🌳 အမေဇုန်သစ်တောထဲမှာ သဘာဝ ကျေးငှက်တို့ရဲ့ တေးသီကျူးနေကြတဲ့ တောလမ်းလေးကို လျှောက်နေရသလိုမျိုး🌲သဘာဝ သစ်ပင်ရနံ့ဖြစ်တဲ့ ထင်း...
18/09/2025

🌳 အမေဇုန်သစ်တောထဲမှာ သဘာဝ ကျေးငှက်တို့ရဲ့ တေးသီကျူးနေကြတဲ့ တောလမ်းလေးကို လျှောက်နေရသလိုမျိုး
🌲သဘာဝ သစ်ပင်ရနံ့ဖြစ်တဲ့ ထင်းရှူးတောရနံ့ကို မိမိအိမ်ထဲကို ခေါ်သွင်းလာသလိုမျိုး တည်ငြိမ်တဲ့ စိတ်အေးချမ်းမှုမျိုး

😌 စိတ်တည်ငြိမ်ခြင်းကို ရှာဖွေနေတဲ့ လူတိုင်းအတွက် Calm Forest Roller လေးရဲ့ ရနံ့ကို တစ်ခွန်းတည်းနဲ့ ဖော်ညွှန်းရမယ်ဆိုရင်တော့
သောကမပွား ဒေါသမများစေမယ့် 🌲 သစ်မွှေးကတိုး Warm Woody ရနံ့ပဲ ဖြစ်ပါတယ်။

🏕️☘️ထင်းရှူးဆီရဲ့ သဘာဝသစ်ပင်ရနံ့၊ သစ်မွှေးနဲ့ သစ်ကတိုးရနံ့တို့က နွေးထွေးမှုနဲ့ စိတ်လုံခြုံမှုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ဒေါသထွက်နေတဲ့ စိတ်ကိုတောင် ငြိမ်ကျသွားစေနိုင်ပါတယ်ရှင့်။ 💚

စိတ်အတက်အကျမြန်ခြင်းကို ခံစားနေရပြီ၊ သောကတွေများပြီး ‌ဒေါသတွေပွားနေရပြီဆိုရင်လည်း မင်မင်တို့ရဲ့ Calm Forest Roller လေးကိုသာ အမြန်ထုတ်ပြီး သုံးကြည့်လိုက်ပါနော်။ 😇 စိတ်တည်ငြိမ်စေမယ့် ရပ်ဝန်းလေးကို ထင်းရှူးတောရနံ့လေးနဲ့ တစ်မိနစ်အတွင်း ဖန်တီးလိုက်ပါရှင့်။ 😍😍

#ရနံ့ကုထုံး

အခု လာမယ့် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ Novotel Yangon Max Ballroom မှာ ကျင်းပမယ့် Glow & Thrive Health Expo မှာ မင်မင်တို့...
17/09/2025

အခု လာမယ့် ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ Novotel Yangon Max Ballroom မှာ ကျင်းပမယ့် Glow & Thrive Health Expo မှာ မင်မင်တို့ Olor ကလည်း Vendor အနေနဲ့ ပါဝင်သွားမှာပါရှင့်။

Glow & Thrive Health Expo ကတော့ Together For Community မှ ဦးဆောင်ကျင်းပသော ကျန်းမာရေး နှင့်အလှအပဆိုင်ရာ ပြပွဲ ဖြစ်ပြီး

ဆေးဝါး၊ Cosmetics နဲ့ ကျန်းမာရေး ဆွေးနွေးပွဲများအပြင် ကျန်းမာရေး အခမဲ့စစ်ဆေးပေးမည့် အစီအစဉ်များစွာ ပါဝင်သွားမှာပါ။

ကျန်းမာရေးကို လိုက်စားချင်သော မင်မင့်ရဲ့ Customer လေးတွေရော၊ မင်မင်တို့ Essential Oil Roller လေးတွေကို လာရောက်စမ်းသုံးချင်သူတို့အတွက်ရော သင့်တော်မယ့်ပွဲလေးပါနော်။

ဝင်ကြေးပေးစရာ မလိုတဲ့အပြင် လာရောက်သူတိုင်းအတွက် ကံစမ်းမဲတွေလည်း ဖောက်ပေးဦးမှာမို့ အရောက်လှမ်းလာခဲ့ဖို့ မမေ့ကြနဲ့ဦးနော်။
——————————————

📍 နေရာ – Novotel Yangon Max Ballroom
📅 ရက် – September 19th–20th, 2025
🕙 အချိန် – 10:00 AM မှ 6:00 PM အထိ
🎁 ဝင်ကြေး အခမဲ့| ကံစမ်းမဲများ | လက်ဆောင်ပစ္စည်းများစွာ

Address

No. 692, 4/6 Byamaso Road, South Okkalapa
Yangon

Opening Hours

Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30
Saturday 09:30 - 17:30

Telephone

+959951582453

Website

Alerts

Be the first to know and let us send you an email when Olor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram