09/10/2022
Eposoft/enat/eve/blah..blah ဘာကွာလဲ၊ဘာသောက်ရမလဲ၊ဘာတွေကောင်းလဲ ဆိုပီးလာမေးကြတဲ့သူလေးတွေအတွက်တင်ပေးလိုက်ပါတယ်❤️
စာရှည်တာမို့ စိတ်ရှည်ရှည်နဲ့ဖတ်ပေးကြပါနော်🥺💗
အကြိုက်ဆုံးမို့ အရင်ရေးတာပါ🤪
EV-O3 မှာ အသားအရေလှပမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ Vitamin E 400 iu အပြင် Wheat Germ Oil နဲ့ Omega 3 တို့ပေါင်းစပ်ပါဝင်ပါတယ်။Vitamin E ဆိုတာအသားရေအတွက်မရှိမဖြစ်လိုအပ်တဲ့antioxidant
တစ်မျိုးဖြစ်လို့အသားအရေကို နေရောင်ခြည်ကြောင့်အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေမဖြစ်အောင်ကာကွယ်တားဆီးပေးပြီးနေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝက်ခြံ ၊တင်းတိတ်နဲ့ဆဲလ်သေတွေကို လျော့ပါးသက်သာစေလို့ကြည်လင်စိုပြေတဲ့အသားအရေလေးကိုရရှိစေနိုင်ပါတယ်နော်။နောက်ပြီး EV-O3 မှာထပ်မံပါဝင်တဲ့ Wheat Germ Oilကမျက်နှာပေါ်မှာဝက်ခြံပေါက်ပြီးတော်တော်နဲ့မပျောက်ဘဲကျန်နေခဲ့တဲ့ ဝက်ခြံအမာရွတ်တွေကိုတဖြည်း
ဖြည်းလျော့ပါးသက်သာစေအောင်ထပ်မံအားဖြည့်ပေးပြီးအသားအရေကိုနူးညံ့ကြည်လင်စိုပြေစေနိုင်ပါတယ်။Omega3 ကတော့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာဖို့သာမက ဆံကေသာနဲ့ ခြေသည်းလက်သည်းလေးတွေကို အစိုဓါတ်ဖြည့်ပေးလို့ ဆံသားကြမ်းတာတွေနဲ့ခြေသည်းလက်သည်းတွေမွဲခြောက်ပြီးကျိုးပဲ့လွယ်တာတွေမဖြစ်တော့အောင်လုပ်ဆောင်ပေးနိုင်ပါတယ်နော်❤️
+
Neo Colla+ ကတော့ Marine Collagen
500mg(Type 1)နဲ့အသားဖြူစေတဲ့Glutathione
125mg တို့အဓိကပေါင်းစပ်ပါဝင်ပါတယ်နော်။Collagenကတစ်နေ့တစ်ခြားလျော့ပါးလာတဲ့ကော်လဂျင်ဓါတ်တွေကိုပြန်လည်ဖြည့်တင်းပေးလို့ အသားအရေလျော့ရဲခြင်းကင်းဝေးပြီး တင်းရင်းစေမယ့်အပြင် မျက်နှာပေါ်က Smile line , Wrinkle line လို့ခေါ်တဲ့အရေးအကြောင်းတွေကိုပျောက်ကင်းစေပါတယ်။ဒါ့အပြင် အသားဖြူဆေးအဖြစ်လူသိများတဲ့ Gluta လေးပါပေါင်းစပ်ပါဝင်လို့ ညိုညစ်ခြင်းတွေကင်းဝေးလာစေပြီး အသားအရေကိုဖြူဝင်းလာစေမယ့်အပြင် နေလောင်ဒဏ်ကြောင့်မညီမညာဖြစ်နေတဲ့အသားအရောင်တွေကိုညီညာလာစေပါတယ်နော်။🤗
Oramin-F မှာကိုရီးယားသဘာဝဂျင်ဆင်းအဆီအနှစ်တွေ ပါဝင်တဲ့အပြင် Royal Jellyလဲပါပါတယ်။ Royal Jellyကလက်သည်းခြေသည်း၊အသားအရေအတွက်၊ဆံသားလေးတွေအတွက်ရော၊ဝက်ခြံအမာရွတ်တွေလဲပျောက်ကင်းစေတယ်။သွေးတွင်းအဆီဓာတ်ကိုလျှော့ချပေးနိုင်တဲ့ Lecithin နဲ့ ဗီတာမင် A,C,E, Zinc တွေပါဝင်တာကြောင့် သွေးအားကောင်းစေပြီး ဓမ္မတာစက်ဝန်းချိန်မှာ ကိုက်ခဲနာကျင်တာတွေကို သက်သာစေပါတယ်။
Eposoftမှာပါတာက Evening primose oil
1000mg ရယ် vitamin E 5.03mg(7.5IU)
ပါဝင်ပါတယ်။ဒါကြောင့် အမျိူးသမီးတွေရာသီစက်ဝန်းမှာဖြစ်တဲ့ နာကျင်ကိုက်ခဲတာကိုသက်သာစေပါတယ်။အမျိုးသမီးများအတွက် နုပျိုစေရန်လိုအပ်တဲ့
Oestrogenဟော်မုန်းဓါတ်ကို ပုံမှန်လည်ပတ်ပေးတဲ့အတွက် အသားအရေ စိုပြေချောမွေ့ကာ အရွယ်တင်နုပျိုစေနိုင်ပါတယ်။ဒါ့အပြင် ရင်သားအကျိတ်အဖုများမဖြစ်စေရန် ကာကွယ်ပေးနိုင်သလိုသွေးထဲမှာရှိတဲ့ ကိုလက်စထရောအဆီဓါတ်ကို လျော့ကျပေးပါတယ်။ဆီးချိူရောဂါရဲ့နောက်ဆက်တွဲ အာရုံကြောရောင်ရမ်းတာလဲသက်သာစေပါတယ်။လေးဘက်နာအဆစ်မြစ်ရောင်ရောဂါကိုလဲသက်သာစေတဲ့အာနိသင်ရှိပါတယ်။သွေးတိုးရောဂါမဖြစ်အောင်လဲကာကွယ်ပေးတယ်။တင်းတိတ်နှင့် နှင်းခူကဲ့သို့ အရေပြားရောဂါများ မဖြစ်စေရန်လဲကာကွယ်ပေးပါတယ်။
Enat ကတော့ Vitamin E အားဖြည့်ဆေးပါ။သူ့ရဲ့ soft gel capsule တစ်ခုမှာဆိုရင်Vitamin E
(d-alpha tocopheryl acetate)ပါဝင်ပါတယ်။Vitamin Eပါဝင်တဲ့အားကတော့ 400 IUပါ။
Vitamin Eရဲ့သဘာဝအတိုင်း free radicalတွေကို တိုက်ထုတ်ပေးပြီး အသားအရည်စိုပြည်လှပစေပါတယ်။
အရေးအကြောင်းတွေကို လျှော့ချပေးတယ်။ဝက်ခြံနဲ့အမာရွတ်ကို သက်သာစေတယ်။နေလောင်ဒဏ်မှလည်းကာကွယ်ပေးပါတယ်။
EVE 500မှာ Evening primose oil(ညနေခင်းနှင်းဆီရဲ့အဆီ EPO) တစ်မျိူးပဲပါဝင်ပါတယ်။EPOက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းမှာဖြစ်တတ်တဲ့နာကျင်ကိုက်ခဲခြင်းတွေကိုသက်သာစေပါတယ်။ရာသီမလာခင် ရင်သားနာတတ်တာမျိုးကိုသက်သာပါတယ်။အရေပြားကိုကြည်လင်စေပြီး နုပျိုစိုပြည်စေပါတယ်။ဒါလည်းပဲသွေးတိုးရောဂါမဖြစ်စေရန်ကာကွယ်ပေးပါတယ်။
EV-primမှာ evening primrose oilနဲ့ Vitamin Eပါ ပါတယ်။သူနဲ့ Eposoft ကအလားတူပါပဲ။ရာသီလာရင်ကိုက်ခဲနာကျင်တာတွေ ရင်သားနာတာတွေသက်သာစေပါတယ်။Vitamin Eက အသားအရေအတွက်ကောင်းပါတယ်။
ခုဆိုရင်တော်တော်များများလဲသိသွားလောက်ပီလို့
ထင်ပါတယ်
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်💗
ချစ်ရင်Like&shareလေးလဲလုပ်ပေးကြပါ😚❤️