Better Life Supplements

Better Life Supplements ရှီးပတီးCordyceps/စူပါစရင်းSuperserene
Tiensကျန်းမာရေး ထုတ်ကုန်များပင်ရင်း
လက်လီလက်ကားဝယ်ယူရရှိနိုင်ပါတယ်
09796655932

အရမ်းတန်တဲ့ September Promotion ပါနော် ပစ္စည်းရှိသလောက် ဦးရာလူစနစ်မို့ မြန်မြန်ဝယ်မှ ရပါမယ်ရှင့် 📣 တစ်ယောက်အိပ်မွေ့ယာ .....
01/09/2025

အရမ်းတန်တဲ့ September Promotion ပါနော် ပစ္စည်းရှိသလောက် ဦးရာလူစနစ်မို့ မြန်မြန်ဝယ်မှ ရပါမယ်ရှင့်

📣 တစ်ယောက်အိပ်မွေ့ယာ ...
- မူရင်းဈေး ... 2997000ks
- Promotion အထူးဈေး ... 2397600ks
✨Svae ... 599400ks သက်သာစွာ ဝယ်ယူခွင့်ရမှာပါရှင့် ✨

📣 နှစ်ယောက်အိပ်မွေ့ယာ ...
- မူရင်းဈေး ... 4140000ks
- Promotion အထူးဈေး ... 3312000ks
✨Svae ... 828000ks သက်သာစွာ ဝယ်ယူခွင့်ရမှာပါရှင့် ✨

ကျန်းမာရေးမွေ့ယာအကြောင်းသိချင်ရင် ဖတ်ကြည့်ပါနော် ကျန်းမာရေးမွေ့ယာ
https://www.facebook.com/share/p/1FYYFFQFHD/


#ကျန်းမာရေးမွေ့ယာ


ဖော်မလင် ရှောင်မရ တော့လည်းလေ-ရှောင်မရမယ့် အတူတူ ဉာဏ်ကူပီးစားပါ ရေ 1hr စိမ်။ 61%လျော့ဆားရေ 1hr စိမ် 90%လျော့ဆန်ဆေးရေ နဲ့ဆ...
22/08/2025

ဖော်မလင် ရှောင်မရ တော့လည်းလေ-

ရှောင်မရမယ့် အတူတူ ဉာဏ်ကူပီးစားပါ

ရေ 1hr စိမ်။ 61%လျော့

ဆားရေ 1hr စိမ် 90%လျော့

ဆန်ဆေးရေ နဲ့ဆေး ပီးရင် ရေ ထပ်ဆေး 70%လျော့

Fruits တွေ ဆားရည်နွေး 10min စိမ် 98%လျော့

အထိရောက်ဆုံးနည်း က

ဗီနီဂါ 1cup (23.6 ml) ရေ 1 literရော ပီး

15 to 20 min စိမ် 98% လျော့ပါသည်။

#အသီးအရွက်အား Baking Soda ရေ ၁၅ မိနစ်ခန့် စိမ်တာလည်း ကောင်းပါသည်…

: Marry Cho

အရင်က အဒေါ်က စျေးမှာကြက်သားရောင်းတယ်။ တစ်ခါတစ်လေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်လည်းတဲ့ရက်လည်းရှိတယ်။

ရောင်းလို့မကုန်တော့ အိမ်ပြန်သယ်လာပြီး ရေခဲရိုက်မနက်ပြန်ရောင်းပေါ့ ။

မနက်ကျတော့ ကြက်က ဖြူပြီးမလတ်ဆတ်တော့ဘူး ဝယ်သူကလည်းမလတ်ဆတ်တဲ့ ပုံပေါက်နေရင်မဝယ်တော့ဘူး။

အဲ့တော့ အိမ်မှာစားရင်စား မစားရင်ပစ်ချဒါပဲရှိတယ်။ တစ်ခါတစ်လေ အရင်းရှုံးတယ်။

တစ်နေ့ အဒေါ်အိမ်မှာစျေးသိမ်းချိန် ကြက်သားသွားဝယ်တဲ့အခါ အဒေါ်က ဆေးထိုးအပ်နဲ့ ကြက်ကောင်တွေထဲကို အရည်ကျည်တစ်မျိုးထိုးသွင်းနေတာတွေ့တယ်။

အဒေါ်ကြက်သားပိုလားပေါင်တစ်ခြမ်းနဲ့ ရင်ပုံတစ်ခြမ်းလောက်လိုချင်လို့ပြောတော့ အဒေါ်က ဟိုဘက်တောင်းထဲကအကောင်ယူခဲ့ ငါတုံးပေးမယ်လို့ပြောတယ်။

ဒီဟာလည်းတူတူပဲလေ ဒီဟာပဲတုံးပေးလိုက်လေအဒေါ်လို့ပြောတာ ဒီဟာက ဆေးထိုးထားတယ် မစားနဲ့တဲ့ .. ဟင် !!

ဘာဆေးတွေလည်းဒေါ်လေးလို့မေးတော့ ... ဖော်မလင်တဲ့ ..

ဖော်မလင်ကဘာဆေးလည်းထပ်မေးကြည့်တော့ ကြက်သားတွေအရောင်မဖြူ မပုတ်မြန်အောင်ထိုးတဲ့ဆေးတဲ့ အဲ့ဒါထိုးထားရင် သုံးရက်လောက် ရေခဲရိုက်ပြီး ပြန်ရောင်းလည်းဘာမှမဖြစ်ဘူးတဲ့ ...။

ဟာ ဒေါ်လေး အဲ့ဒါဆို စားသုံးသူတွေရောဂါရကုန်မှာပေါ့လို့ပြောတော့ တစ်စျေးလုံး ပဲပြားသည်ကအစ ငါးစိမ်းသည်အဆုံးအကုန်ထိုးနေကြတာပဲတဲ့ ... ငါ့ကိုတောင် သူတို့နည်းပေးလို့သိတာတဲ့

ဟာ ဒေါ်လေးအဲ့လိုတော့ စီးပွားမရှာပါနဲ့ ငတ်ရင်ငတ်သွားပါစေ ကိုယ့်မိသားစု ထမင်းတစ်လုပ်အတွက်

တစ်ပါးသူတွေက ရောဂါခံစားပြီး သေကြမှာတော့ သမီးလက်မခံဘူး

ဒေါ်လေးရေပြောတော့ .. ညီးကမနေ့တနေ့ကမှ လူဖြစ်လာတာပါအေ တစ်စျေးလုံးအဲ့လိုတွေချည်းပဲ ငါးစိမ်းသည်လည်း ရောင်းမကုန်တဲ့ငါးကြီးတွေကို ဖော်မလင်ထိုးထည့်ပြီးရေခဲရိုက်ပြန်ရောင်းတယ်။

ငါးလေးတွေကျတော့ စိမ်ပြီးကြာရှည်ထားခံအောင်ဖော်မလင်ရည်တွေနဲ့ပြန်စိမ်ပြီးရောင်းတယ်။ ပဲပြားသည် ကြက်သွေး ဝက်သွေး မျှစ်ချဉ်အကုန်လုံးကဖော်မလင်နဲ့မကင်းဘူးတဲ့ အဒေါ်ပြောမှသိခဲ့တယ် ။

အဒေါ်လည်းဆုံးသွားတာ နှစ်နှစ်လောက်ရှိပါပြီ.. ။သူလည်းဝဋ်ကြွေးလို့ပြောရမှာပေါ့ နှလုံးနဲ့သွေးတိုးစဖြစ်တယ်။
ဆေးရုံတင်ထားတာတောင် အစာအိမ်သွေးကြောပေါက်ပြီးဆုံးတယ်။

ဒါကြာင့်စျေးဝယ်ရင်~ ♠ #အသီးအနှံအရွက်ဆိုရင်ဆားရေစိမ်ပြီးမှ လေးငါးထပ်လောက်ပြောင်နေအောင်ဆေးပြီးချက်တယ် ။

#အသားငါးဆိုရင်လည်းဆားရေနဲ့ပဲ သုံးထပ်လောက်ဆေးပြီးချက်တယ်။

အိမ်က ခြေလေးချောင်းသားမစား အသားလည်းသိပ်မဝယ်ချက်ကြတော့ အသီးအနှံတွေပဲစားတာများတယ်။

ဘာမှမသိရှာတဲ့ မြန်မာပြည်သူပြည်သူသားတွေကတော့ ခံကြပေဦးပေါ့ စောစောစီးစီးအသက် ၅၀/၆၀ လောက်နဲ့သေရဖို့အရေးကို အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်ဆာရောဂါဆိုးတွေနဲ့ မသေခင်မိတ်ဆက်သွားကြရရှာပါတယ်။😪

==========

Credit Original Uploader
ပြန်လည်မျှဝေပါသည်။

ကျန်းမာ ပျော်ရွှင်ကြပါစေ•🇨🇭

 #အစာအိမ်နဲ့ပတ်သတ်ရင်ဘုရင် #ကိုယ်တွင်းကလီစာရောင်ရမ်းမှုတွေအတွက်အားထားရာ #ဆားကျီး 🍊Sea Buckthorn Oil Softgels(ခေါ်)ဆားကျီ...
17/08/2025

#အစာအိမ်နဲ့ပတ်သတ်ရင်ဘုရင်
#ကိုယ်တွင်းကလီစာရောင်ရမ်းမှုတွေအတွက်အားထားရာ
#ဆားကျီး


🍊Sea Buckthorn Oil Softgels(ခေါ်)ဆားကျီး အဆီအနှစ်...(ခေါ်) ဆားကျီး ဆိုသည်မှာ...

🍊 ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံ မြောက်ပိုင်းက တောင်တန်းပေါ်မှာ ပေါက်တဲ့ဆူးပင်တစ်မျိုးမှ ထုတ်လုပ်ထားတာဖြစ်ပါတယ်

🍊သူ့ရဲ့ အသီးက လိမ္မော်သီးအသေးပုံစံဖြစ်ပြီး လူ့အတွက် မရှိမဖြစ်အရေးကြီးတဲ့ ဒြပ်စင်များစွာပါ၀င်နေပါတယ်။

🍊ထူးခြားတဲ့အစွမ်း....

🍊Flavonoidဓာတ်ပါ၀င်တာကြောင့်
ခုခံအားကို သိသိသာသာထိန်းပေးနိုင်ခြင်း၊ ခုခံအားကျတဲ့ရောဂါရှိသူများ
(ဥပမာ..လေးဖက်နာ၊ဂေါက်ရောဂါ၊SLE)စသည်တို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ခြင်းအပြင်

🍊ရောင်ရမ်းခြင်းနှင့် အနာဖြစ်ခြင်းကို
နိုင်နင်းတဲ့ဘုရင်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။
(အစာအိမ်ရောင်ရမ်းခြင်း အစာအိမ်အနာဖြစ်ခြင်း)

🍊Vitamin ဓာတ်ကြွယ်၀စွာ ပါ၀င်တဲ့အတွက်
အနာကျက်မြန်စေ တဲ့ အာနိသင် ထူးထူးခြားခြား ပါဝင် ပါတယ်....
ကိုယ်တွင်း အပူကိုလည်း သိသိသာသာ လျော့ကျစေပါတယ်...

🍊Gelatin,Glycerin ပါဝင်တာကြောင့်ဓာတုအဆိပ်တောက်ကြောင့် အသည်းရဲ့လုပ်ငန်းဆောင်တာ ပျက်စီးသွားခြင်းအတွက် အကောင်းဆုံး သမားတော်​​ဖြစ်ပါ တယ်...

🍊ကင်ဆာ အဖုအကျိတ်ရောဂါအတွက် သိသိသာသာ အထောက်ကူဖြစ်စေနိုင်ပါတယ်...

🍊ဆားကျီးက ဆဲလ်ထဲမှာ ရှိတဲ့ အဆိပ်တောက်တွေကို စွန့်ထုတ်ပေးနိုင်တဲ့အတွက် ဆားကျီးကနေထုတ်ထားတဲ့ အဆီကို အလှပရေးရာမှာလဲ ထုတ်လုပ်လာကြတယ်....

🍊အရေပြားချောမွတ်စေတဲ့ Body Lotion,Essenceစတဲ့ skin careတွေအတွက်လဲ အသုံးပြုလာကြတယ်...

🌟သောက်သုံးသင့်သူများ🌟

💥 နာတာရှည် အစာအိမ်ရောင်ရမ်းသူများ

💥 အသည်းလုပ်ငန်းဆောင်တာ ကျဆင်းသူများ

💥 ကျောက်ကပ် ရဲ့လုပ်ဆောင်ချက် ကျဆင်းသူများ

💥 ကိုယ်တွင်း အပူများပြီး အဖုအပိန့်ထွက်လွန်းသူများ

💥 မကြာခဏအအေးမိပြီး ချုချာလွန်းသူများ

💥 ခုခံအားကျဆင်းတဲ့သူများ

💥 သက်ကြီးပိုင်းများ

💥 ကွန်ပျူ တာ၊ဟန်းဖုန်းနှင့် အခြားဓာတ်ရောင်ခြည် တုန့်ပြန်တတ်သည့် စက်ပစ္စည်း အသုံးများသူများအတွက်

ဆားကျီးက အထူးမှီဝဲထားသင့်တဲ့ သဘာ၀ထုတ် အဆီအနှစ်ဖြစ်ပါတယ်..

✨ သုံးစွဲရန်အညွှန်း✨

တစ်ရက်လျှင် ၂ကြိမ်
တစ်ကြိမ်လျှင် ၂လုံး (သို့မဟုတ်) ၃လုံး

​💰စျေးနှုန်း... အလုံး 70ပါ တစ်ဘူးလျှင် 105000 ကျပ်

--------
Better Life Supplements က ကျန်းမာရေးအထောက် အကူပြု Supplements တွေ အကြောင်းကို ဒီနေရာ 👉m.me/betterlife.yyh2022 မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
𝗣𝗵: 𝟬𝟵𝟰𝟱𝟵𝟵𝟵𝟯𝟲𝟯𝟮,09796655932
--------

08/08/2025
၁။ ကျောက်ကပ်  အားကောင်းအောင်         ခြေဖျားထောက် လမ်းလျှောက်ပါ။၂ ။အသည်း   အားကောင်းအောင်         ချိုင်း အောက်ကို      ...
02/08/2025

၁။ ကျောက်ကပ် အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

၄ ။အစာအိမ် အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

တမျိုး ၅၀စီ လုပ်ပါ။


#

  Bladder (ဆီး မကြာခဏ သွားနေခြင်း)**"မင်္ဂလာပါ။ ဒီနေ့ ခင်ဗျားကို Overactive Bladder (OAB) လို့ခေါ်တဲ့ 'ဆီးအိမ် အလွန်အကျွ...
23/07/2025

Bladder (ဆီး မကြာခဏ သွားနေခြင်း)

**"မင်္ဂလာပါ။ ဒီနေ့ ခင်ဗျားကို Overactive Bladder (OAB) လို့ခေါ်တဲ့ 'ဆီးအိမ် အလွန်အကျွံ အလုပ်လုပ်တဲ့ ပြဿနာ' အကြောင်း သေချာရှင်းပြပေးပါ့မယ်။ ဒါဟာ အဖြစ်များတဲ့ ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး စိတ်ပူစရာ မလိုပါဘူး။ ထိရောက်တဲ့ ကုသမှုတွေ အများကြီး ရှိပါတယ်။**

(၁) Overactive Bladder (OAB) ဆိုတာ ဘာလဲ? 😳

* **အတိုချုံး:** ဆီးအိမ်ကြွက်သားတွေ ပုံမှန်မဟုတ်ဘဲ **အလိုအလျောက် ညှစ်တာ (ဆီးအိမ်ကြွက်သား မထိန်းနိုင်ခြင်း)** ကြောင့် ဖြစ်တဲ့ လက္ခဏာစုတစ်ခုပါ။
* **ဘာကြောင့်ဖြစ်တာလဲ?:** ဆီးအိမ်ကို ထိန်းချုပ်ပေးတဲ့ **အာရုံကြောစနစ် ပုံမှန်မဟုတ်တဲ့ အချက်ပြတာ** ကြောင့် အဓိကဖြစ်တတ်ပါတယ်။ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ဖြစ်ပါတယ်။

(၂) ဘယ်လို လက္ခဏာတွေ ခံစားရနိုင်သလဲ? (အဓိက ၄ မျိုး)🙄

1. **ဆီးသွားချင်စိတ် ရုတ်တရက် ပြင်းပြင်းထန်ထန် ပေါ်လာခြင်း (Urgency):** ဒါက OAB ရဲ့ **အဓိကလက္ခဏာ** ချက်ချင်းအိမ်သာသွားဖို့ မလုပ်မနေ ဖြစ်လာတတ်ပါတယ်။ ရှောင်လို့ မရပါဘူး။
2. **မကြာခဏ ဆီးသွားရခြင်း (Frequency):** တစ်နေ့ကို ဆီး **၈ ကြိမ်ထက် ပိုသွားခြင်း** (တစ်နေကုန်လုံး ၂ နာရီကြာတိုင်း သွားနေရတာမျိုး)။
3. **ညဘက် ဆီးသွားဖို့ နိုးရခြင်း (Nocturia):** ညဘက်အိပ်ရာကနေ ဆီးသွားဖို့ **၂ ကြိမ်ထက် ပိုနိုးရခြင်း**။
4. **ဆီးသွားချင်စိတ် ပြင်းထန်လာတာနဲ့ တစ်ပြိုင်နက် ဆီးမထိန်းနိုင်ဘဲ ထွက်ကျခြင်း (Urge Incontinence):** အိမ်သာရောက်ဖို့ အချိန်မမီဘဲ ဆီးစိုသွားတတ်တာမျိုးပါ (ဒါပေမယ့် OAB ရှိသူတိုင်း ဆီးမထိန်းနိုင်တာ မဟုတ်ပါဘူး)။

(၃) ဘာတွေကြောင့် ဖြစ်နိုင်သလဲ?🤔

* **အာရုံကြောပြဿနာများ:** ဆီးအိမ်ကို ထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးတာ၊ စိတ်ဖိစီးမှုများတာ၊ လေဖြတ်ဖူးတာ၊ ခါးရိုးဆစ်ထိခိုက်မိတာ၊ ဆီးချိုကြောင့် အာရုံကြောထိခိုက်တာ၊ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါတွေ (ဥပမာ - Parkinson's, Multiple Sclerosis)။
* **ဆီးအိမ်ကြွက်သားအားနည်းခြင်း (သို့) ပုံမှန်မဟုတ်ခြင်း။**
* **ဟော်မုန်းအပြောင်းအလဲ:** အထူးသဖြင့် အမျိုးသမီးတွေမှာ သွေးဆုံးပြီးချိန် အီစထရိုဂျင်ဟော်မုန်း လျော့နည်းသွားတာနဲ့ ဆက်စပ်နိုင်ပါတယ်။
* **ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTI) သို့မဟုတ် ရောင်ရမ်းခြင်း။**
* **ဆီးအိမ်ထဲ နံရံတွယ်နေတဲ့ အကျိတ် (ဥပမာ - ဆီးအိမ်ကျောက်တည်ခြင်း၊ ကင်ဆာမဟုတ်တဲ့အသားပို)။**
* **ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း (ဥပမာ - ဆီးကျိတ်ကြီးခြင်း - အမျိုးသားတွေမှာ)၊ ဝမ်းချုပ်ခြင်း။**
* **သောက်သုံးနေတဲ့ ဆေးဝါးအချို့ (ဆီးဆေးများ၊ စိတ်ကျရောဂါဆေးအချို့)။**
* **ကဖိန်း (လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ)၊ အယ်လ်ကိုဟော၊ ချောကလက်၊ ချဉ်တဲ့အစားအစာတွေ အလွန်အကျွံစားသုံးခြင်းက လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။**
* **အဝလွန်ခြင်း။**
* **တခါတရံ အတိအကျအကြောင်းရင်း မသိတာလည်း ဖြစ်နိုင်ပါတယ်။**

(၄) ဘယ်လိုကုသမလဲ?😧
(အဆင့်ဆင့် ကုသနိုင်ပါတယ်)အဝလွန်ခြင်းက
1. **နေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications):**
* **ဆီးလမ်းကြောင်းကို လှုံ့ဆော်တတ်တဲ့ အစားအသောက်တွေ ရှောင်ပါ:** ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ချဉ်တဲ့အသီးအနှံ၊ ချောကလက်၊ ပူစပ်တဲ့အစာတွေ(ဥပမာ ငရုပ်ကောင်း)
* **ဆေးလိပ်ဖြတ်ပါ:** နီကိုတင်းက ဆီးအိမ်ကို လှုံ့ဆော်တတ်ပါတယ်။
* **ကိုယ်အလေးချိန် ထိန်းပါ:** ဆီးအိမ်ကို ဖိအားပေးပါတယ်။
* **အရည်သောက်ခြင်းကို ထိန်ညှိပါ:** တစ်နေ့ကို ရေ ၆-၈ ခွက်လောက် သောက်သင့်ပါတယ်။ ညဘက်မသောက်ဘဲ နေ့ဘက်မှာ ညီညီမျှမျှ သောက်ပေးပါ။ အရည်အများကြီး လျှော့သောက်တာကလည်း ဆီးကို ပြင်းစေတတ်ပါတယ်။ ညနေ ၆နာရီနောက်ပိုင်း ရေဆာမှသာ၊ ဆာသလောက် အနည်းငယ် သောက်ပါ။
* **ဝမ်းမချုပ်အောင် ဂရုစိုက်ပါ:** အမျှင်ဓာတ်များများစားပါ။
* **ဆီးအိမ်လေ့ကျင့်ခန်း (Bladder Training):** ဆီးသွားချင်စိတ်ပေါ်လာတိုင်း ချက်ချင်းမသွားဘဲ အနည်းငယ် (၅-၁၀ မိနစ်) ခဏကြာအောင် ထိန်းပြီးမှ သွားတာကို လေ့ကျင့်ပါ။ ကြာလာတာနဲ့အမျှ ထိန်းနိုင်တဲ့အချိန်ကို တိုးသွားအောင် ကြိုးစားပါ။

2. **ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ (Pelvic Floor Muscle Exercises - Kegels):**
* ဆီးထိန်းထားတဲ့ကြွက်သားတွေကို ညှစ်ပြီး စက္ကန့် ၅-၁၀ နေပါ။ ပြီးရင် ပြန်ဖြေလျှော့ပါ။ တစ်နေ့ကို ၃ ကြိမ်၊ တစ်ကြိမ်မှာ ၁၀ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အထူးသဖြင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေပါတယ်။ ဘယ်လိုမှန်မှန်ကန်ကန်လုပ်ရမလဲဆိုတာ Youtube မှာ ရှာကြည့်ပါ။

3. **ဆေးဝါးကုသမှု (Medications):**
* **ဆီးအိမ်ကြွက်သားကို ပြေလျော့စေသော ဆေးများ (Anticholinergics / Antimuscarinics):** ဥပမာ - Tolterodine (Detrol), Oxybutynin (Ditropan), Solifenacin (Vesicare), Darifenacin (Enablex)။ ဒီဆေးတွေက ဆီးသွားချင်စိတ်ကို သက်သာစေပြီး ဆီးသွားနှုန်းကို နည်းစေပါတယ်။သောက်သုံးသင့်ပါတယ်။
* **Beta-3 Agonists:** ဥပမာ - Mirabegron (Myrbetriq/Betmiga)။ ဆီးအိမ်ကြွက်သားကို ပြေလျော့စေပြီး ဆီးထိန်းနိုင်စွမ်းတိုးစေတဲ့ နောက်ထပ်ဆေးတစ်မျိုး။
* **သတိပြုရန်:** ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ (ပါးစပ်ခြောက်တာ၊ ဝမ်းချုပ်တာ၊ မျက်လုံးဝါးတာ၊ နှလုံးခုန်မြန်တာ) ရှိနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ

4. **ထိုးဆေးကုသမှု (Botox Injections):**
* ဆီးအိမ်ကြွက်သားထဲကို Botox ထိုးပေးခြင်းဖြစ်ပါတယ်။ ဒါက ဆီးအိမ်ကြွက်သားကို အားပျော့သွားစေပြီး မလိုအပ်ဘဲ ညှစ်တာတွေကို လျော့ကျစေပါတယ်။ အကျိုးသက်ရောက်မှုက ၆ လကနေ ၉ လလောက် ကြာတတ်ပါတယ်။ လိုအပ်ရင် ထပ်ထိုးရနိုင်ပါတယ်။

5. **အာရုံကြောကို လှုံ့ဆော်သော ကုသမှုမျ� (Nerve Stimulation):**
* **Sacral Neuromodulation (InterStim):** ခါးရိုးအောက်ပိုင်းက ဆီးအိမ်ကို ထိန်းချုပ်ပေးတဲ့အာရုံကြောတွေဆီ လျှပ်စစ်ဓာတ်အား အနည်းငယ်ပေးပြီး ပုံမှန်အချက်ပြမှုတွေ ပြန်ကောင်းအောင် လုပ်ပေးတဲ့ နည်းလမ်းပါ။
* **Percutaneous Tibial Nerveအလွန်ပြင်းထန်တဲ့အခြေအနေတွေမှာမှ Stimulation (PTNS):** ခြေထောက်အနီးက အာရုံကြောတစ်ခုကို ဆေးခန်းမှာပဲ ပုံမှန်လျှပ်စစ်ဓာတ်အား ပေးသွင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။

6. **ခွဲစိတ်ကုသမှု (Surgery):**
* အထက်ပါနည်းလမ်းတွေနဲ့ မသက်သာတဲ့ ဆီးအိမ်ကိုပါ လုံးဝပြင်ဆင်ရတဲ့ ခွဲစိတ်မှုတွေ ရှိပါတယ်။ ဒါကတော့ နောက်ဆုံးရွေးချယ်စရာ ဖြစ်ပါတယ်။

(၅) ဘာတွေ မှတ်သားထားသင့်လဲ? 🥰
* OAB ဟာ **သင့်အပြစ် မဟုတ်ပါဘူး။** ရှက်စရာလည်း မလိုပါဘူး။ဆီးထွက်ကျတာရှိလား
* အသက်ကြီးလာတာနဲ့အတူ ပိုဖြစ်နိုင်ပေမယ့် **ပုံမှန်ဖြစ်စဉ် တစ်ခု မဟုတ်ပါဘူး။** ကုသလို့ ရပါတယ်။
* လက္ခဏာတွေကို **မှတ်တမ်းတစ်ခု (Bladder Diary)** လုပ်ထားပါ။ (ဘယ်နှစ်ကြိမ်သွားလဲ၊ ဆီးဘယ်လောက်ထွက်လဲ၊ ဆီးသွားချင်စိတ် ဘယ်လောက်ပြင်းလဲ၊ စသဖြင့်)။ ဒါက ဆရာဝန်အတွက် အရမ်းအသုံးဝင်ပါတယ်။
* **ဆရာဝန်နဲ့ ရက်ချိန်း အတိုင်း ပြသပါ။** ကုသမှုကို မှန်မှန်ခံယူပါ။
* ကုသမှုမှာ **သည်းခံဖို့ လိုပါတယ်။** အထူးသဖြင့် နေထိုင်မှုပြောင်းလဲတာနဲ့ လေ့ကျင့်ခန်းတွေက ရလဒ်ပေါ်ဖို့ အချိန်ယူရပါတယ်။
* **ဆေးကို ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်သောက်ပါ။**
သင့်အတွက်
**အရေးကြီးတဲ့ နောက်ဆုံးစကား:** Overactive Bladder က သင့်ဘဝအရည်အသွေးကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် **ထိရောက်တဲ့ ကုသမှုတွေ အများကြီးရှိပါတယ်။** ဒီပြဿနာကို သင့်ဘာသာသင် ရင်ဆိုင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ ဆရာဝန်တွေနဲ့ အတူတူ ဆွေးနွေးပြီး အကောင်းဆုံး ကုသမှုပုံစံကို ရွေးချယ်ပြီး ဘဝအရည်အသွေး ပြန်လည်ကောင်းမွန်လာစေဖို့ ကြိုးစားနိုင်ပါတယ်။

ဒေါက်တာ ဇင်လင်းမောင်
ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းအထူးကု
နေပြည်တော် (ကုတင် - ၁၀၀၀) ပြည်သူ့ဆေးရုံကြီး

#ကျောက်ကပ် #ကျန်းမာရေး #ဆီး

🌿အမျိုးသမီးများအတွက် သဘာဝကပေးသော ကျန်းမာခြင်းလက်ဆောင် Super Serene 🌿အမျိုးသမီးများ အပြင်ပန်းအလှထက် အသွေးသားကျန်းမာပြီး အ...
23/07/2025

🌿အမျိုးသမီးများအတွက် သဘာဝကပေးသော ကျန်းမာခြင်းလက်ဆောင် Super Serene 🌿

အမျိုးသမီးများ အပြင်ပန်းအလှထက် အသွေးသားကျန်းမာပြီး အရွယ်တင်လှပဖို့ ပိုအရေးကြီးပါတယ်.... 💃
အမျိုးသမီးများ ခန္ဓာကိုယ်အတွင်း
ဟော်မုန်းညီညွတ်မျှတပြီး
သားအိမ်ကျန်းမာ ေသွးသားမှန်ကာ
မီးယပ်ရောဂါမှန်သမျှ ကင်းဝေးနေဖို့ လိုအပ်ပါတယ်....

အမျိူးသမီးများ မဟော်မုန်းလျော့နည်းလာပါက

သားအိမ်လုပ်ဆောင်ချက်များ ကျဆင်းလာ​ခြင်း
မဟော်မုန်းနဲ့ဆက်စပ်နေတဲ့ တစ်ရှူးများနှင့်
အဂင်္ါအစိတ်အပိုင်းတွင် နာကျင်ခြင်းများ ခံစားရခြင်း၊
သားအိမ်အလုံးတည်ခြင်း၊
ရေအိတ် သွေးအိတ်စတဲ့ ဝေဒနါများ
သားအိမ်ကင်ဆာ
သားဥအိမ်အလုံးတည်ခြင်း
ရင်သားလျော့ရဲလာခြင်း
ကျောက်ကပ်စွမ်းရည်ကျဆင်းလာခြင်းစတဲ့
ခန္ဓာကိုယ် အတွင်း ဇီဝကမ္မလုပ်ဆောင်မှုများ မမှန်ကန်ဖြစ်လာခြင်း ၊
ရာသီလာချိန်မမှန်ခြင်း၊
မိန်းမကိုယ်ခြောက်သွေ့ခြင်း၊
အိပ်မပျော်ခြင်း ၊ အိပ်ရေးပျက်ခြင်း
မှတ်ဉာဏ်ကျဆင်းလာခြင်း ၊
စိုးရိမ်စိတ်များပြားခြင်း ၊
စိတ်ဆိုးဒေါသထွက်လွယ်ခြင်း ၊
အရိုးပွလွယ်ခြင်း၊
ပူလွယ်အေးလွယ်ဖြစ်ခြင်း၊
အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းအစက်အပြောက်များထွက်လာခြင်း

စတဲ့ ရောဂါလက္ခဏာများကို ခံစားလာရပြီး ခုခံနိုင်စွမ်း ​ေလျာ့နည်း လာပါ တယ်

နှလုံး သွေးကြောရောဂါ ၊
သွေးတိုးရောဂါ
ဆီးချိုရောဂါ
အရိုးပွရောဂါ
သားအိမ်ရေအိတ်
သားအိမ်ခေါင်း နှင့်
ရင်သား ကင်ဆာ များ ဖြစ်ပွားလွယ်လာပါတယ်

💃 အမျိူးသမီး မဟော်မုန်းကို ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် ခံစားရတဲ့ ဝေဒနာ များ လျော့ပါးသက်သာစေဖို့

အမျိုးသမီးများအတွက် သီးသန့် အထူးထုတ်ထားတဲ့

Super Serene (စူပါဆရင်း)အမျိုးသမီး သဘာဝဟော်မုန်းဖြည့်စွက်အာဟာရဓါတ်စာ နဲ့
မိတ်ဆက်ပေးချင် ပါတယ်

🌼 ပဲပိစပ်(Soybean)
🌼 ဝုဖ်ဘယ်ရီသီး(Wolfberry)
🌼 ကုဇုအမြစ်(Kudzu Root)တို့နဲ့ အဓိကထုတ်လုပ်ထားပါတယ်
Soybean ပဲပိစပ် က ကင်ဆာဖြစ်စေနိုင်တဲ့ အရာများကို ထိန်းချုပ်နိုင်လို့ ကင်ဆာ ဖြစ်ပွားနှုန်း ကို လျော့ချပေးနိူင်ပါတယ်

wolfberry က မျိုးပွားစနစ်ကို မြှင့်တင်ပေးပြီး အသည်းကို အားဖြည့်ပေးပါတယ်
အမြင်အာရုံ ကို ကြည်လင်စေပါတယ်

ကုဇုမြစ်ဆိုတာ ပဲတောင့်ရှည်နွယ်ဝင် အမြစ်တစ်မျိုးဖြစ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အဆီဓာတ်ကို လျော့ချပေးကာမဟောမုန်းထိန်းညှိပေးပြီး အရွယ်မတိုင်ခင် သွေးဆုံးခြင်းကို ဟန့်တားပေးကာ သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနါများကုိ သက်သာစေပါနိုင်စွမ်းရှိပါတယ်

ဘယ်လို လူတွေ သောက်သင့်လဲ❓

သွေးဆုံးရောဂါ ခံစားနေရသူများ

အသားအရေလျော့တွဲတင်းရင်းမှု မရှိသူများ

သားအိမ်ရေအိတ်ဖြစ်နေသူ အမျိုးသမီးများ

သားအိမ်ပွနေသူ အမျိုးသမီးများ

သားအိမ်အတွင်းသွေးပုပ်များနေလို့ကျန်းမာရေးချို့တဲ့သူများ

သားအိမ်အတွင်းသွေးစပျစ်ခိုင်ရောဂါဖြစ်သူများ

သားအိမ်အကျိတ်တည်သူများ

သွေးဆုံးပြီးသူ အမျိုးသမီးများ

သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးများ နှင့်

အိမ်ထောင်ရေးသုခ ပြည့်ဝလိုသူ အမျိုးသမီးများ

အလှအပပြည့်ဝလိုသူများ အနေနဲ့

Super Serene (စူပါစရင်း)ကိုသောက်ပေးပြီး အားဖြည့်ဖို့ အထူးလိုအပ် ပါတယ်။

ကမ္ဘာကျော် brand ဖြစ်ပြီး နိုင်ငံပေါင်း (200) ကျော်မှာ လက်ခံသုံးစွဲနေတဲ့ Tiens တံဆိပ် မဟော်မုန်းအားဖြည့်ဓာတ်စာ Super Serene ဟာဆိုရင်
USA FDAနှင့်မြန်မာနိုင်ငံ FDA ရရှိပြီး တရားဝင် တင်သွင်း ဖြန့်ချီခြင်းဖြစ်လို့ စိတ်ချယုံကြည်စွာ သုံးစွဲလို့ ရပါတ

🌼 သုံးစွဲရန်အညွှန်း 🌼

✅တစ်နေ့လျှင် ၂ကြိမ်
✅တစ်ကြိမ်လျှင် ၁တောင့်(သို့မဟုတ်)၂တောင့်

💰စျေးနှုန်း...ဆေးတောင့် ၆၀ပါတစ်ဘူးလျှင်
90000 ကျပ်

🚐 မြန်မာတစ်နိုင်ငံလုံး Delivery ရှိတဲ့မြို့တွေ အိမ်ရောက်ငွေချေ ရပါတယ်ရှင့်

🚗Deli free ပို့ပေးပါ့မယ်ရှင် 💜

--------
Better Life Supplements က ကျန်းမာရေးအထောက် အကူပြု Supplements တွေ အကြောင်းကို ဒီနေရာ 👉m.me/betterlife.yyh2022 မှာ အသေးစိတ် မေးမြန်းနိုင်ပါတယ်။
𝗣𝗵: , 09796655932
--------

အမျိုးသမီး ကျန်းမာရေးသားအိမ်ပွ / ကြီးခြင်း`သားအိမ်ပွတယ်လို့ဆိုတယ် ဆရာမရယ်။ ဘာလို့သားအိမ်ပွရတာလဲ။ စိတ်ညစ်ပါတယ်။ကလေးရှိလို...
23/07/2025

အမျိုးသမီး ကျန်းမာရေး
သားအိမ်ပွ / ကြီးခြင်း

`သားအိမ်ပွတယ်လို့ဆိုတယ် ဆရာမရယ်။ ဘာလို့သားအိမ်ပွရတာလဲ။ စိတ်ညစ်ပါတယ်။ကလေးရှိလို့ဆိုတော်ပါသေးရဲ့။´ဘာကြောင့်ဖြစ်နေရတာလဲ။ဘယ်လိုကုသင့်သလဲဆိုသော မေးခွန်းတွေက အတ်ထရာဆောင်းအဖြေတွေ ပို့ပေးပြီး အိမ်ထောင်ရှင်အမျိုးသမီးအများစုမေးကြပါတယ်။

အမျိုးသမီးများရဲ့ သားအိမ်သည် သန္ဓေတည်ရာမှ မွေးဖွားချိန်အထိ သစ်တော်သီးအရွယ်မှ ဖရဲသီးအရွယ်ထိ အရွယ်အစားကြီးထွားလာပါတယ်။ သို့သော် ကိုယ်ဝန်လွယ်ထားသောကြောင့် သားအိမ်တဖြေးဖြေးကြီးထွားလာသည်မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကြီးထွားမူတစ်ခု ဖြစ်သော်လည်း သန္ဓေသားမရှိ သားအိမ်ပွ/ သားအိမ်ကြီးလာခြင်းသည် ရောဂါအခံအကြောင်ရင်းများရှိသောကြောင့်ဖြစ်နိုင်ပါတယ်။ အချို့အကြောင်းရင်းများသည် ဆေးဝါးကုသရန်လိုအပ်ပါတယ်။

(က)သားအိမ်အလုံးများ

သားအိမ်ကြွက်သားများအတွင်းရှိ ကင်ဆာမဟုတ်သော သားအိမ်အလုံးများကြောင့်သားအိမ် ပိုကြီးလာတတ်ပါတယ်။ အသက် ၃၀ ကျော်အရွယ်တွင် သားအိမ်အလုံး ပိုဖြစ်တတ်ပါတယ်။ အဝလွန်သော အမျိုးသမီးများသည် အသားလုံးဖြစ်ရန် အခွင့်များပြီးဟော်မုန်းနှင့် မျိုးရိုးဗီဇများကြောင့်လည်း သားအိမ်အလုံး ပိုမိုကြီးထွားလာနိုင်ပါတယ်။အချို့သောအလုံးသည် ငယ်ရွယ်သော်လည်းအချို့မူအလွန်အမင်းကြီးထွားနေတတ်ပါတယ်။အလုံးတစ်လုံးပဲရှိတတ်သော်လည်း အများကြီးလည်းရှိတတ်ပါတယ်။

သားအိမ်ပိုကြီးလာသော လက္ခဏာအပြင်
– ဝမ်းဗိုက်အောက်ပိုင်းပြည့်တင်းခြင်း
– ရာသီသွေးများခြင်း၊ရက်ကြာခြင်း၊အတုံးအခဲပါခြင်း
– ရာသီမကြာခဏပေါ်ခြင်း
– ဝမ်းချုပ်ခြင်း
– ဆီးသွားခြင်း
– လိင်ဆက်ဆံစဉ်နာကျင်ခြင်းနှင့်ကိုယ်ဝန်ဆောင်ဖြစ်ပါက လမစေ့ဘဲမွေးခြင်းဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာ ပြင်းထန်စွာခံစားရပါက သားအိမ်အလုံးကျုံ့စေရန် သွေးကြောချည်ခြင်း
သို့မဟုတ် သားအိမ်အလုံးဖယ်ထုတ်ခြင်း သို့မဟုတ် သားအိမ်တခုလုံးဖယ်ထုတ်ခြင်းဖြင့်ကုသမူခံယူနိုင်ပါလိမ့်မယ်။ ဆေးဝါးကုသမှုအနေဖြင့် ရာသီကိုက်ခဲမှုသက်သာစေရန် ကူညီပေးပါတယ်။

(ခ)သားအိမ်နံရံထူခြင်း

သားအိမ်နံရံထူခြင်းကြောင့် သားအိမ်ပွလာနိုင်ပါတယ်။ အသက် ၃၀ ကျော် ကလေးရှိအမျိုးသမီးများတွင် အများအားဖြင့် ဖြစ်ပွားမှုများပြီး အကြောင်းရင်းကသေချာမရှိပါ။ အများဆုံးဖြစ်နိုင်ချေကတော့ ကလေးခွဲစိတ်မွေးဖွားသောကြောင့်ဟု ယူဆနိုင်ပါတယ်။

သားအိမ်နံရံထူလာပြီး သားအိမ်ကြီးလာသောကြောင့်
– ရက်ကြာသွေးဆင်းခြင်း
– ရာသီလာစဉ်ကိုက်ခဲခြင်း
– ဆက်ဆံစဉ်နာကျင်ခြင်းခံစားရလေ့ရှိပါတယ်။

သွေးဆုံးခါနီး အမျိုးသမီးများတွင် သားအိမ်နံရံထူပါက ကုသရန်မလိုအပ်ပါ။ အကိုက်အခဲသက်သာစေသော ဆေးဝါးအချို့သာ လိုအပ်ပါတယ်။ သွေးဆင်းများခြင်း သက်သာစေသော တားဆေးများသောက်သုံးခြင်း၊ ပရိုဂျက်စတုန်းပါသော ပစ္စည်းထည့်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ လက္ခဏာများပြင်းထန်ပါက သားအိမ်ထုတ်ခွဲစိတ်မှု ပြုလုပ်သည်အထိ ကုသမူခံယူရပါလိမ့်မယ်။

(ဂ) သားအိမ်ကြီးရသောအကြောင်းအရင်းများမှာ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာများကြောင့် ဖြစ်တတ်ပါတယ်။ ကင်ဆာကတော့ သေချာအဆင့်အနေအထားပေါ်မူတည်၍ ကုသမှုခံယူသင့်ပါတယ်။ မိမိတွင် မူမမှန်ရာသီလာခြင်း ပြဿနာများဖြစ်ပေါ်ပါက နီးစပ်ရာဆရာဝန် သေချာပြသကုသမူခံယူသင့်ပါတယ်။

Dr. Pyae Shin
crd #

ကင်ဆာရောဂါများနဲ့လူနေမူပုံစံအသစ် ယနေ့လူနေမူပုံစံအသစ်ဟာယခင်ကလူနေမူပုံစံနဲ့လုံးဝခြားနားသွားပါပြီ တခြား စီဖြစ်သွားပါပြီ ယခု...
18/07/2025

ကင်ဆာရောဂါများနဲ့လူနေမူပုံစံအသစ်

ယနေ့လူနေမူပုံစံအသစ်ဟာယခင်ကလူနေမူပုံစံနဲ့လုံးဝခြားနားသွားပါပြီ တခြား စီဖြစ်သွားပါပြီ ယခုလူနေမူပုံစံသစ်က စားသောက်မူပုံစံပြောင်းလာတာနဲ့ အတူနေ့စဥ်ပြုလုပ်နေကြအမူအကျင့်များဟာ လည်း ကင်ဆာရောဂါကိုလက်ယပ်ဖိတ်ခေါ်နေသလိုဖြစ်နေပါပြီ ။

အဓိကအဖြစ်များနေတဲ့ အူမကြီးကင် ဆာ ကျန်အူလမ်းကြောင်းနဲ့ အစာအိမ်လမ်းကြောင်းတွေမှာဖြစ်တဲ့ ကင်ဆာ
ရင်သားကင်ဆာ အဆုတ်ကင်ဆာနဲ့မိန်း မျိုးပွားရာလမ်းကြောင်းကင်ဆာတွေဖြစ်ကြတဲ့သားအိမ်ခေါင်းကင်ဆာ သားဥ အိမ်ကင်ဆာတွေဟာဖြစ်နေကြတာအတော်များတာကိုတွေ့ရှိနေကြရပါတယ်
ခံတွင်းကင်ဆာ နဲ့ အရေပြားကင်ဆာတို့ဖြစ်ပွားမူနူန်းဟာ လည်းသိသိသာဖြင့်တက်လာနေပါပြီ ။

နေရာတိုင်းမှာ ဆေးပန်းနုရောင် စုတ်တန်နဲ့ ဓာတုဆေးရည်တွေသုတ်လိမ်း စားချင် စဖွယ်ကောင်းအောင် ကျွှတ်နေအောင် ကင်ထားတဲ့ အကင်သည်တွေ
အရောင်လှတောက်ပစေဖို့ တားမြစ်ထားတဲ့ အရောင်လှဓာတုဗေဒ ဆေးတွေသုတ်
လိမ်းထားတဲ့ပန်းသီးအပါ အသီးအနှံသည်တွေ ကလည်းဝယ်ချင်စားချင်
သဖွယ် ၊ မှည့်ဖို့နောက် တပတ် ဆယ်ရက်စောင့်ရဦးမဲ့ ဌက်ပျောခိုင်အစိမ်းကြီးကို
အမြန်မှည့်ဆေးထည့်ထားတဲ့တိုင်ကီပြတ်ထဲကိုထည့်စိမ်တော့ မျက်လှည့်ပြလိုက်သလို နောက်နေ့ဝင်းဝါအိ ဌက်ပျောဖီးဖြစ်လာပါရော ၊ စျေးထဲက ဟင်းရွက်အချို့တွေမှာလည်း ဟင်းသီးဟင်းရွက်တွေကို အရည်ဖြန်းဘူးလေးနဲ့ လူအလစ်တရှူးရှူးဖြန်းနေရတာလည်းမတွေ့ချင်တဆုံး ၊ တချို့ကပုံးထဲကရေနဲ့ နာရီဝက်တစ်ခါတောက်တောက်ပေးနေတဲ့ တပြည်လုံးကြိုက် ကန်ဇွန်းရွက်တွေကို တောက် တောက်ပေးနေပြီ ဝယ်မိသူလက် နာရီဝက်ကျော်သွားရင် ဝါ ရိ နွမ်းဖတ်သွားပါလေရော ။

ဖရဲသီးနီရဲ ဖြစ်အောင် ဆေးထိုးအပ်ကြီးကြီးနဲ့ ဆေးရည်နီထိုးချ မြန်မြန်မှည့်အောင် အညှာကို တို့ဆေးအရင်တို့ထားရသေးသကိုး နာနတ်သီး လည်းထိုနည်း ၎င်းပါဘဲ ၊ အလုပ်အပြန်တွေအတွက် ပုတ်တော့မဲ့သားငါးတွေ ဖော်မလင်ဆေးထိုးတစ်ပုံ တစ်ထောင့်ငါးရာ နှစ်ထောင်နဲ့
ရောင်းနေတာမြင်ရပြန်တော့လည်း ဒို့ပြည်သူတွေ အဆိပ်သင့် အစားအစာတွေစားနေရပါလားအသိနဲ့အတော်စိတ်မကောင်းဖြစ်မိပါတယ် ပုဇွန်ထုတ်တွေဆို ခဲဆိပ်သင့်တတ်တဲ့ ခဲသီးတွေထည့်ထားတာ ၊ မှန်မှန်လုပ်သူတွေရှိသလိုမှန်မကန်နဲ့ ငါးတွေအပုတ်ခံအရိုးကျအောင် ယူရီးယးမြေသြဇာထည့်ပြီးနှပ်ထားတာ မြေသြဇာအစေ့တောင်မပျောသေးဖူး ရောင်းတော့ မြေသြဇာအစေ့တောင်ပါနေသေးသတဲ့ ဟောနောက် တော ဥယျဥ်ခြံမြေကနေအသီးအရွက်မှန်သမျှ မြန်မြန်ငွေပေါ်အောင် မဆွတ်ခင် သုံးလေးငါးရက်ကြို ပိုးသတ်ဆေးဖြန်းထားလိုက်ကြတာ စားသုံးသူလက်ထဲလည်းရောက်ရော အဆိပ်သင့်ပါလေရော...

ကဲ အန္တရာယ်ကတော့စုံနေပြီ ပြည်သူတွေမှာလည်း ဓာတုဆေးနဲ့အသီးအနှံ
စားသောက်စရာ ၊ အားကစားလုပ်ဖို့ကွင်းမြေကွက်လပ် ပန်းခြံကလည်းမရှိ ၊ ဟောဒါပေမဲ့ မြန်မာပြည်သားတွေ ပျင်းနေမှာစိုးလို့နဲ့တူရဲ့ ဖုံးတွေကိုယ်စီရှိနေကြတော့
အလွယ်ဖုံးဘဲကြည့် ဂိမ်းဆော့နေကြတာ screen time ခေါ်တဲ့ ဖန်သားမျက်နှာ ပြင် ကြည့်ရန်သတ်မှတ်ထားတဲ့ နှစ်နာရီထက်ကျော် ထမင်းမေ့ဟင်းမေ့မျက်လုံး နဲ့မခွာအားပေးနေ လိုက်ကြတာ ကိုယ်လက်လှုပ်ရှားအားကစားထလုပ်ဖို့မပြောနဲ့ တုတ်တုတ်တောင်မလုပ် ကြတော့
ပါဘူး ဒီတော့အကျိုးဆက်က ဆီးချို သွေးတိုးကမဖိတ်မခေါ်ဘဲရောက်လာကြသလို စားရတဲ့ အစားအစာ မှန်သမျှ ဓာတုဆေးနဲ့မလွတ်မကင်းတာမရှိတော့ ကင်ဆာမျိုးစုံ ဟာ အသွင်အမျိုးမျိုးနဲ့ဝင်ချလာလိုက်တာ သိတ်တော့ အံ့အားသင့်စရာမကောင်းတော့ပါဘူး...

ဆေးခန်းမှာသိသိသာမြင့်တက်လာတဲ့ကင်ဆာကတော့ မိန်းမတွေရဲ့ရင်သားကင်ဆာဖြစ်ပွားမူနူန်းပါပေဘဲ တလ သုံးလေးယောက်နူန်းလောက် တွေ့နေကြ ရ
တယ် မိန်းမလူနာတွေထဲနံမည်ပြောင်း မသင်းသင်းဆိုတဲ့အသက်သုံးဆယ်ကျော်အိမ်ထောင်မရှိ မိန်းမတဦးဟာ ညာရင် သားနို့သီးခေါင်းအောက်ဖက်မှာအကြိတ်စမ်းမိလို့ အကြိတ်ကြေတဲ့ မန်းဆေး ကွမ်းဆေး လိမ်းဆေးအမျိုးမျိုးလိမ်း သောက် လုပ်နေတာ ၃လလောက်ရှိသွားပြီဆိုပါတယ် နောက်မိမိဆီရောက် လာစမ်းသပ်မူခံတော့ အဲဒီအကျိတ်ဟာ နှစ်လက်မပတ်လည် လောက်ရှိပြီး မာမာနဲ့ လှုပ်ရှားရွှေ့လျှားမူမရှိ အသားထဲကပ်နေသလိုဖြစ်ပြီး နိုးသီးခေါင်းဟာလည်းထောင်မတ်မနေဘဲအတွင်းဆွဲယူသလို ခွက်ဝင်နေပါပြီ ဂျိုင်းမှာလည်းပဲကြီးစေ့အရွယ်အကြိတ်တစ်လုံးစမ်းတွေ့နေရပါပြီ ချက်ခြင်း သူ့ကို mamogram ရိုက်ခိုင်းလိုက်တော့အဖြေက Ca Breast
ပါတဲ့ ရင်သားကင်ဆာဖြစ်နေပါပြီ ။

ခုဆိုသူဟာ ရင်သားတဖက်လုံးဖြတ်ရပြီး ကင်ဆာဆေးသွင်း ဓတ်ကင်လုပ်နေရပါတယ် ပြောရရင် သူများပြောတဲ့
အပူကြိတ်ဆိုတာယုံပြီးရမ်းကုမှန်းကုနေတာ ဖြစ်လို့ အတော်လုပ်ယူရတော့မဲ့အနေအထားပါ ဒါမျိုးရင်သားကင်ဆာဖြစ်တာ တလ သုံးလေးယောက်ရှိတတ်တာကိုး ။

ဟိုခေတ်တွေ ကနဲ့မတူတဲ့ လုပ်ငန်းမျိုးဖြစ်တဲ့ ငွေကိုင်စားရေးမဟာ ငွေသိမ်းကောင်တာမှာတာဝန်ယူရလို့ လမ်း လျှောက်လှုပ်ရှားမူမရှိ အထိုင်များပါတယ် နဲနဲဝ ဘော်ဒီဝိတ်တက်နေပါတယ် ပြောင်းလဲလာတဲ့လူနေမူပုံစံက မနက်စာကို ဖော့ဘူး ပလတ်စတစ်အိတ်တွေနဲ့
ထည့်ဝယ်လာတဲ့ အချို
မူန့်နဲ့အရသာကဲထားတဲ့ကြာဆံ ခေါက် ဆွဲ မာလာရှမ်းကော် ဆီချက် ကြေးအိုး စတာတွေမှာပြီး ခွင့်ပြုချိန် နာရီဝက်အတွင်းမှာ ကသုတ်ကရိုက်စားရပါတယ် ပူပူကျက်ကျက်ထည့်ထားတဲ့ ဖော့ဘူးတွင်းက Strynine အဆိပ်ဓတ်ဟာစားစရာတွေထဲပျော်ဝင် စားမိသူဝမ်းထဲရောက် ကင်ဆာဖြစ်ရတော့တာပါဘဲ ယခင်လိုထမင်းချိုင့်ထည့်ယူကြတဲ့ဓလေ့ကမရှိတော့တာကြာပြီကော အလေးချိန်ကျလာ ဝမ်းဗိုက်တဝိုက် အောင့်နာ တာမျိုး တလလောက်ဖြစ်ရင်တော့ ဆရာဝန်ဆီပြသတာအကောင်းဆုံးဘဲ တယ်လီဗေးရှင်းဓတ်မှန်ခေါ်တဲ့အာထရာဆောင်းရိုက်လိုက်တော့ အဖြေက အစာအိမ်ကင်ဆာပါတဲ့ Ca Stomach လို့ရေး ထားပါတယ်...

နောက် လူနာတဦးက ဘာစားစား ဘာသောက်ပူပူလောင်လောင် စားသောက်ရမှကျေနပ်တာကိုး ပလတ်စတစ်အိတ်နဲ့
ထည့်ယူလာတဲ့ ကြေးအိုးပူပူ မုန့်ဟင်းခါး
ဟင်းချိုရည်တွေကို အမြဲစားသုံးလေ့ရှိပါတယ် ချိတ်ထားတဲ့ကြေးအိုး အရည်ပ လတ် စတစ်အိတ်ဟာအပူဒဏ်ကြောင့်အောက်စူထွက်အိတွဲကျနေတယ်လို့ သူ့ဇနီးကပြောပါတယ် အရင်တုံးက ကြာရွက်အင်ရွက်နဲ့အရည်ကိုထုတ်ပေးကြီးနောက်ကျတော့ ချိုင့်အမျိုးမျိုးသုံးလာကြပါတယ် ခုတော့ချိုင့်ဆွဲရမှာအလုပ် ရှုပ် လို့ ရှက်လို့ စတိုင်ပျက်လို့ ချိုင့်သယ်ရတာကရိကထများလို့ဆိုပြီးချိုင့်နဲ့ဝယ်တဲ့သူတွေအတော်နည်းသွားပါပြီ။

အဲလို ကင်ဆာဖြစ်စေတဲ့ဒိုင်အောက်ဆင်ဓတ်ပျော်ဝင်နေတဲ့ပူပူကျက်ကျက်အစားအစာတွေစာသုံးလေ့ရှိတဲ့အဲဒီလူနာဟာကိုယ်အလေးချိန်ကျလာပြီးရေနဲ့အစားအစာ စားသောက်ရင် နင်သလိုလိုဖြစ် ခက်ခဲလာတာကို Air X ဘဲနင်းသောက်နေပြီးမသက်သာတော့ ဆေးခန်းရောက်လာပါတယ် စမ်းသပ်လိုက်တော့အစာမြိုပြွန်ကင်ဆာCaOesophagus ဖြစ်နေပါလေရော ။

နောက်တဦးက ဝါဝင်းစိုနေတဲ့ အသီးအနှံတွေ အရောင်လှအောင် ဆေးနဲ့ပြုပြင်ထားတဲ့အသီးအနှံတွေအစားများပါတယ် အလုပ်ဆင်းအိမ်ပြန်ရင် ထမင်းနဲ့ စားဖို့ မကင်ခင် ဆေးရည်သုတ် ကင်ထားတဲ့ကြက်ကင် ဆိတ်သားကင်
တခါတခါ မဲမဲညစ်ညစ် အကင်ကပိုအရသာရှိတယ်ဆိုပြီးအကင်တွေကို အစားများတဲ့မိန်းမတစ်ဦးဟာ ရင်ညွန့်အောက်နာနေ ဝိတ်ကျလာ သူ့ဟာသူ အစာအိမ်ဆေးစပ်ဆေးတွေဝယ်သောက်
​မပျောက်တော့ ဆေးခန်းရောက်လာ သံသယအထင်နဲ့ အာထရာဆောင်းရိုက်လိုက်တာ အစာအိမ်နံရံထူအမ်းအမ်းကြီးနဲ့ Ca Stomach အစာအိမ်ကင်ဆာပါတဲ့
အဲဒီမိန်းမလူနာဟာအကင်တွေအပြင် ဆိုးဆေး မှည့်ဆေး တို့ဆေး ဖျန်းထားတဲ့ အသီးအနှံတွေ နဲ့ ကြွမ်းကျွတ်အောင်ကင်ထားတဲ့ ကင်ဆာဖြစ်စေတတ်တဲ့ မျက်စေ့နဲ့မမြင်ရတဲ့ ကာဗွန်အမှုံ Carbon Particles တွေကပ်နေတဲ့
အကင်မျိုးစုံကို သူမဟာအစဥ်စားသုံးခဲ့တာကိုး ချက်မစားရဘဲ အလွယ်ကြိုက်
တဲ့အပြင် ဓာတုဆေးအစွမ်းကြောင့် အရသာပိုကဲနေတဲ့ အစားအစာတွေကို
လွယ်လင့်တကူဝယ်လို့လွယ်တာရယ် အပြင်ထွက်မဝယ်ခင် ဒီလီ delivery လာပို့တဲ့စံနစ်ကအခိုင်အမာရှိလာပြီမို့ ဖုံးလေးကောက်ဆက် မကြာခင် အိမ်ရှေ့ရောက်လာတဲ့ လွယ်ကူတဲ့လူနေမူစနစ်
သစ်ဟာခိုင်ခိုင်မာမာခြေကုတ်ယူနေပါပြီ
ဘယ် deli ဒီလီသမားမှချိုင့်နဲ့ပို့လာတာမရှိပါဘူး ပူကျက်ဟင်းရည်ပလတ်စတစ်အိတ်ပေါက်ထွက်ပူလွန်းလို့ အိတွဲစူကျလာတဲ့ ဟင်းရည်ပါအစားအစာကို စာဖတ်နည်းကြလို့ အန္တရာယ်မသိလို့လား အလွယ်ကြိုက်ကြလို့လား မဖြစ်တန်ပါဘူးလေ ဆိုတဲ့စိတ်ဖြေဆင်ခြေလေး ပေးနေလို့လား စားသုံးသူကိုယ်တိုင် တွေဘဲသိကြမှာပါ ။

အဆိုးဆုံးကတော့ သိရက်နဲ့ မဖြစ်တန်ကောင်းပါဘူး လေဆိုပြီးလျော့တွက်လိုက်တာအမှားဆုံးပါဘဲ နိုင်ငံခြားမှာတော့စံချိန်စံညွှန်းနဲ့အညီပြုလုပ်ထား အပူခံပလတ်စတစ်ဘူး နဲ့ စက္ကူခွက်တွေကို သုံးပါတယ် အမေရိကားမှာ စက္ကူခွက်ဘူးကုန်လို့ ပလတ်သတစ်အိတ်သုံးမိတဲ့မြန်မာပြည်သားဆိုင်ကို ရောင်းခွင့်လိုင်စင်ပိတ်လိုက်တာကြားရပါတယ် BBQ အကင် တူးနေတာရောင်းတဲ့အတွက်သူကိုလည်း နှစ်ပတ်ပိတ်လိုက်ပြီး ဒဏ်ကြေး ဒေါ်လာ ၃၀၀၀ ချမှတ်လိုက်ပါတယ်

ကုမ္ပဏီတစ်ခုရဲ့ထိပ်တန်း အရာရှိ ဝ ဝကြီး လည်းထိုနည်း၎င်းပါဘဲ ဟိုတုန်းကထမင်းချိုင့်ဘူးယူပြီး ခုတော့ မယူတော့ဘဲ ရုံးနားက ဒန်ပေါက်ဆိုင် အကင် BBQ ဆိုင် အသွင်ပြောင်းဆီများတဲ့ ဟမ်ဘာဂါ ဟော့ဒေါ့ တရုတ်အစားအသာတွေနဲ့စခန်းပြီးနေတာကြာပေါ့ ဝက်အူ ချောင်းကလည်းကြိုက်ပါ့ ဟော ခု လူပိန်သလို ဝမ်းပျက် ဝမ်းချုပ်တာများ ချွဲပါတဲ့ဝမ်းတွေသွားတာလည်းခဏခဏ ဝမ်းသွားရတာ အားမရ ကျန်သလိုလိုဖြစ်နေတာကို ထမင်းပေါင်းစားမိလို့ မသန့်လို့ထင်ရဲ့ဆိုပြီးသူ့ဘာသာသူ ပိုး သတ်ဆေးတမျိုးပြီးတမျိုးပြောင်းသောက်နေ ဟောနောက် ဆုံး မိမိဆီရောက်လာတော့ အားလုံးမေး မြန်းစမ်းသပ်ပြီး အာထရာဆောင်းရိုက် ဝမ်းနဲ့သွေးအမျိုးမျိုးစစ်တော့ အဖြေကား ရိုးရှင်းစွာထွက်လာခဲ့၏ Ca Colon အူမ ကြီး ကင်ဆာပါတဲ့ ဒါစားသောက်မူပုံစံတွေပြောင်းလွဲသွားတာကြောင့်ပါ ဆီသန့် အချိုမှုန့်မပါ အိမ်ထမင်းသန့်သန့်လေးမှ စားအုန်းဆီ အချိုမှုန့်ကဲ သန့်ရှင်းမူလည်းနည်းသွားတဲ့ ပြင်ပအစားအသောက်တွေကနေရာယူလာလေပြီဘဲ ။
နောက်အရေးကြီးတဲ့အချက်က လူတော်တော်များများစားသောက်
တွေစားရင်းအလုပ်ကိစ္စပြောကြတာလည်းလူနေမူစနစ်သစ်တခုပါဘဲ အလုပ်တွေပြီးလို့ မွေးနေ့ပွဲလုပ်လို့ ဟိုဟာ
ကြောင့်ဒါကြောင့် ဘယ်နှစ်မြောက်အထိမ်းအမှတ်ဆိုပြီး အထက်ကဖော်ပြခဲ့တဲ့အစားအစာတွေကို ဆိုင်တွေမှာစားကြပြောကြ ဒီလီနဲ့အပို့ခိုင်းစားကြသောက်ကြဆိုတဲ့လူနေမူစတိုင်အသစ်ဟာလည်းတနေ့တခြားနေရာယူလာပါပြီ။

ခုခေတ်မှာဆို ကုမ္ပဏီ ရုံးခန်းတွေရဲ့အဆောင် အယောင်ဖြစ်တဲ့ ယူရီသိန်း ရှီလာ ဖီဒါတွေနဲ့သုတ်ထားတဲ့ ကျွန်းဆက်တီ တွေကို ချယ်မှုန်းပေးရတဲ့ အလုပ်သ မားတွေဟာ ဝင်ငွေကောင်းပေမဲ့ အဲဒီဓာတုဆေးအနံ့တွေကြောင့် အဆုတ်မှာထိခိုက်ပြီးအဆုတ်ကင်ဆာဖြစ်တာတွေလည်းအတော်တွေ့နေရပါပြီ ဒီကြားထဲ လူငယ်လူကြီးအလွှာအသီးသီးမှာပိုမိုသောက်သုံးလာတဲ့စီးကရက် နဲ့ အီး စီးကရက် နဲ့ v**e ရှုတာ တွေကြောင့် အဆုတ်ကင်ဆာဦးရေဟာ မြင့်တက်နေပါပြီ ချောင်းဆိုးချွှဲကပ် ရင်ဘတ်အောင့်နောက်သွေးစပါချောင်းဆိုးနေတဲ့အဲဒီပေါ်လစ်သမားလူငယ် တစ်ယောက်နဲ့ စတိုင်ကျချင့်သောက်ရင်းသောက်ရင်း ဆေးလိပ်စွဲ v**e စွဲလူငယ် တစ်ယောက်တို့ကို ဓတ်မှန်နဲ့ အဆုတ် scan ရိုက်တော့အဆုတ်ကင်ဆာ Ca Lung ပါတဲ့ ဒါမကြာသေးခင်ကရှေ့ဆင့်နောက်ဆင့်
တွေ့ရတဲ့လူနာပါ ခုဆို v**e ခေါ်တဲ့ e - cigaret လည်ပင်းမှာချိတ်ဆွဲ့ ဖယ်ရီကားမလာခင် နှစ်ခါသုံးခါ ရှုနေတဲ့ မိန်းမအရွယ်လတ်ကို တွေ့ရတော့ အတော်စိတ်မကောင်းဖြစ်ရပါတယ် ။

စည်သွတ်ဘူးထဲကအသား ဝက်အူ ချောင်း ကြက်အူချောင်း ဝက်ပေါင် ခြောက် ကြပ်ကင်ထားတဲ့ ဝက်ပေါင် ခြောက် ဆတ်သား အမဲခြောက်ဖုတ်တို့ကိုလည်း မိန်းမကြီးတစ်ယောက်အတော်ခုံခုံမင်မင်စားသောက်လေ့ရှိတဲ့မိန်းမဝ ဝကြီးတစ်ယောက်ဟာအရင်တုံးက အိမ်ထမင်းအိမ်ဟင်းလေးချိုင့်လေးဆွဲယူလာပါတဲ့ ခုတော့ ဒီဓလေ့ဟာလည်းပျောက်ကွယ်နေတာကြာပြီဘဲ အလုပ်တာဝန်ပိတာနဲ့ အလုပ်ချိန်မမှီတာနဲ့ မချက်မပြုတ်ချင်တာလည်းပါကောင်းပါမှာပါ
ထိုင်လိုက်ရင်လည်းကုလားထိုင်ကမထတော့ ဆုံလည်ကုလား ထိုင် လက်တော့နဲ့ မထတမ်းထိုင် ခုံသာလှည့် အလုပ်လုပ်လူကတော့ငုတ်တုတ်နေရာကမရွှေ့မပြောင်းတဲ့အလုပ်ကလည်းတကြောင်းအပါဘဲ သူကတော့ မုန်ချိုအိတ်ကင်ဆာ
Ca Pancrea ပါတဲ့ ရင်ညွန့်အလယ်နဲ့ရင်ညွန့်အောက်စူးစူးအောင့်တာ ချက်ခြင်းရိုက်စရာရှိတာရိုက် သွေးစစ်စရာရှိတာစစ်တော့ပေါ်လာတာပါဘဲ အပြနောက် ကျတော့ အကုနောက်ကျ ဒီတော့ရလဒကမကောင်းဘဲ ဆေးရုံကဆင်းရတယ်မရှိပါဘူး ဝဝကြီးကချပ်ချပ်ဖြစ်အရိုးပေါ်အရေတင်ဖြစ်နေပါပြီ သူ့ ယေင်္ာကျားကို ဆေးရုံက poor condition အခြေ အနေမကောင်းဘူးလို့ပြောတာလာသတင်းပို့ပါတယ် ဒါ အလွယ်ကြိုက်တဲ့စားသောက်မူပုံစံတမျိုးဖြစ်တဲ့လူနေမူစ
နစ်သစ်ရဲသားကောင်ဖြစ်သွားတာပါ။

အလုပ်အကိုင်သစ်တွေကလည်းပေါ်များလာတော့ စာသောက်ကုန်မျိုးစုံကိုကွန်တိမ်နာကားငယ်နဲ့ ကိုယ်စားလှယ်လုပ်နယ်တွေဖြန့်ရတော့ အမည်ပြောင်းလူနာမမိုးမိုးယောင်္ကျားဟာလည်း အိမ်မှာဇနီးမယားရှိလျက်နဲ့ အတူ နေထိုင်မူကတော့နည်းလာတော့ ရောက်တဲ့နေရာတွေမှာအပျော်ရှာလာပါတော့တယ် အကာအ ကွယ်တွေလည်းမယူဘူးထင်ပါရဲ့ ဟောနောက်ဆုံး victim သားကောင်ဟာ သူ့ရဲ့ ဇနီးမမိုးမိုးပါဘဲ ။

သူမဟာ သူ့ရဲ့ခင်ပွန်း ခရီးထွက်ရာကအပြန် မှာ အတူနေကြရာမှာ သွေးထွက်
သွေးဆင်း အဖြူဆင်းတွေ နဲ့အတူ အတန်ငယ်နာကြင်တာကိုခံစားရပါတဲ့ဆေးခန်းရောက်တော့ ဘဲနူတ်သီးနဲ့အတွင်းကြည့်တော့ သားအိမ်ခေါင်းကပွယောင်းယောင်းပုံမှန်မဟုတ်ပါဘူး သွေးစို့စို့ နဲ့ အတွင်းနိူက်စမ်းရာမှာ လက်မှာသွေးစအ​ဖြူဖတ်တွေတွေ့ တော့ သူမကို pep smear လို့ခေါ်တဲ့ သားအိမ်စစ် ဆေးမူကိုလုပ်လိုက်ပါတယ် အဖြေ က Ca Cervice တဲ့ သားအိမ်ခေါင်းကင်ဆာပေါ့ အမှန် မမိုးမိုးဟာသားအိမ် ခေါင်းကင်ဆာ ဗိုင်းရပ်ပိုးကာကွယ်ဆေးကိုထိုးထားသင့်တာပေါ့ ခေတ်မှီတဲ့လူနေမူ စံနစ်သစ်ကြီးမှာ ဗဟုသုတနည်းတဲ့မမိုးမိုး ထိုးပြီးမကာကွယ်နိုင်လောက်တာသူ့အမှားပေါ့ ခုတော့ ဆေးရုံလွဲလိုက်ရပြီး သားအိမ်တစ်ခုလုံးထုတ်ထားတာတောင်ပြန့်နှံမူ secondaries တွေ
ကြောင့်သူမလူ့ဘဝမှာနေထိုင်ရမဲ့ရက်ကနည်းလာပါပြီ သူမဟာလည်းလူနေမူစနစ်သစ်ရဲ့သားကောင် ပါ အဓိကသူမယေင်္ာကျားဟာ အကာအကွယ်မဲ့အပြင်မှာ အပျော်ရှာမိလို့ပါ အကာအကွယ်ယူရင်သူ့မိန်းမ မမိုးမိုးဟာဒီလိုမဖြစ်ပါဘူး မမိုးမိုးလိုသွားတာလည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးလို့ရပါတယ်ဆိုတာမသိလို့လား ဆေးထိုးဖို့နှစ်မျှော်လို့လား တော့မိမိလည်းမဝေခွဲနိုင်တော့ပါဘူး။

ဒါကင်ဆာရောဂါနဲ့ဆိုင်တဲ့ အချက်အ လက်တွေကိုပြောတာရှိပါသေးတယ်
ခေတ်မှီလွန်းလှပါတဲ့ နာမည်ပြောင်း မ ယုယုဆိုတဲ့ လူနာကြောင့်ခေါင်းအတော်ခြောက်ရပါတယ် သူဟာသူ့ရဲ့ပြားကပ်ကပ်ရင်သားကို ထိုင်းသွားပြီး စီလီကွန်ထည့်ရင်သားအဖြစ်ပြောင်းလဲပြီး ရင်မော့တင်ကော့ကာအလှမာန်တက်သွားတဲ့
မိန်းကလေးပါပေဘဲ သုံးနှစ်အကြာ စီလီကွန်နဲ့အသားထိစပ်ထားတဲ့နေရာကအသားပိုထွက်အသားစယူ Biopsy လုပ်လိုက်တော့ Sarcoma ကင်ဆာပါတဲ့ ကျ
နော်လည်းစီလီကွန်ထည့်ထားပေးတဲ့ ထိုင်းဆေးရုံပြန်ပြခိုင်းတော့ ခွဲစိတ်ပြန်ထုတ်ပြစ်ရပါတယ် အလှပျက်မှာသိုးလို့အပြနောက်ကျ အခွဲနောက်ကျပေမဲ့ သေမဲ့စခန်းကသိတ်မဝေးရှာတော့ပါဘူး metastasis ပျံ့နှံ့မူနူန်းကအလွန်မြန်တာလေ ခုဆိုထိုင်းကပြန်ရတယ်ကိုမရှိဘူးနေရတော့မဲ့ရက်ကိုလက်ချိုးနေရပါပြီတဲ့ ။ ဒါလည်းခေတ်မှီလွန်းတဲ့ လူနေမူစနစ်သစ်ရဲ့သားကောင်ပါပေဘဲ..။

ယမကာအမျိုးမျိုးသောက် တပြည့်တွေရဲ့လက်ဆောင်ခြင်းတွေထဲက သိန်းဆယ်ချီ အရက်ကို မီးကင်ထားတဲ့အမဲခြောက် ကြပ်ကင်ထားတဲ့ဆတ်သားခြောက်တွေအမြီးအဖြစ် စားလေ့ရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းရှင် တဦးဟာလည်း အူ အတက်ရှိတဲ့နေရာမှာ ပြင်းထန်နာကျင်နေလို့ ဓတ်မှန် အာထရာဆောင်း scan တို့ရိုက်တော့ Ca Caecum တဲ့ ထိုင်းမှာသွားပြီးအူအခွေပေတော်တော်များဖြတ်လိုက်ရပါသတဲ့ကိုယ့်လူနာတွေ အ ကြောင်း ကောင်းကောင်းသိနေတာကိုး ။

လူနေမူစနစ်သစ်မှာငွေမရှာနိုင်တော့ ဆင်းရဲ့လူနာ ဒေါ်ဘုမ တစ်ယောက်ဟာလည်းနေ့စဥ်ရက်ဆက်ဆိုသလိုဆားရည် နဲ့အချဥ်စိမ်ထားတဲ့ မုန်လာချဥ် ဟင်းဂ
လာချဥ် ပဲတီချဥ် တို့ကိုငပိရည် တရာတန်အထုတ်နဲ့ရက်မပြတ် မနက် နေ့လည် ည အစားများတော့ အစာအိမ်ကင်ဆာဟာလွယ်လွယ်ကြီးရလာပါတော့တယ် သူ့ကိုဆေးခန်းလာတိုင်း ဆားရည်နဲ့အချဥ်စိမ်ပြုလုပ်ထားတဲ့ လက်လုပ်ချဥ်တွေဟာကင်ဆာဖြစ်တတ်ပါတယ် ပညာပေးပေမဲ့ ခေတ်မှီလူနေမူစနစ်နဲ့ပြောင်း ပြန် ငွေကြေးပြည့်စုံသူမဟုတ်ရလေတော့ ဒါဘဲစားနေရတာလည်းအပြစ်မတင်ရက်တော့ပါဘူး။

ဟာ နောက်တစ်ယောက်က ပိုကြောက်
စရာကောင်းသေးတယ် ထမင်းစား ပြုဖွယ်ကိစ္စအဝဝနဲ့ အိပ်ချိန်အနည်းငယ်ရှိ​ပြီးဖုံး ကို အဆက်မပြတ်ကြည့် ဂိမ်းဆော့ ပြီးတော့ ဖုံး ခေါင်းအုံးဘေးခေါင်းနဲကပ်ထားလေ့ရှိသူဟာ တနေ့ဝက်ရှူးပြန်သလိုတက် တက်ဖြစ်လာပြီးဆေးခန်းရောက်လာပါတယ် ထိုးထိုးအန်တာလည်း လအနည်းငယ်ရှိပြီတဲ့ အမျိုးမျိုးစမ်းကြည့်တော့ ဦးဏှောက်ကင်ဆာပါဘဲ ကျနော်တို့ဆရာဝန်တွေ လည်း ဘာမှလုပ်မပေးနိုင်တော့ပါဘူး နှစ်သိမ့်စကားအဖုံဖုံဘဲပြောနိုင်တော့ပါတယ် အမေရိကန်ကတော့ ဖုံးကလျှပ်စစ်သံလိုက်ဓတ်တွေကြောင့်ဖြစ်နိုင်တယ်ပြောပေမဲ့ UK နဲ့ ဥရောပနိုင်ငံတွေက အဲဒါကြောင့်မဟုတ်ဘူးလို့ပြောကြပြန်ရော....

ခုဆေးနဲ့ကွမ်းစားတဲ့လူတွေအတော်များလာကြတော့ ပါးစပ်အနာဆိုပြီးလာပြတဲ့လူနာတွေလည်းအများသား သူတို့ကို အမျိုးမျိုးစစ် အသားစယူစစ်တော့ ခံ
တွင်းကင်ဆာ ပါတဲ့...

ခေတ်တွေပြောင်း စနစ်တွေပြောင်းလာ
နေထိုင်မူပုံစံအသစ်ပြောင်းလာပါတယ်ဖပြောင်းလာတဲ့အနေအထိုင် အစား အသောက် အပြုအမူ တွေမှာ ခေတ်ဗဟုသု တဆိုတာလည်းလိုအပ်တာဟာငြင်းလို့မရတဲ်အချက်ပါ ချည်နည်းသိရင်ဖြည်နည်းကိုပါသိရတော့မှာကိုး။

အားလုံးဘေးရန်ခပ်သိမ်းကင်းဝေကြပါစေ အနာရောဂါကင်းဝေးကြပါစေ ခင်ဗျား

မေတ္တာရည်၍

ဒေါက်တာသန်းထွန်း

Address

Hlaing Township
Yangon
11062

Alerts

Be the first to know and let us send you an email when Better Life Supplements posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Better Life Supplements:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram