သရဖီ - Health Care

သရဖီ - Health Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from သရဖီ - Health Care, Medical and health, Shwe Pyi Thar, Yangon.

အရင်လိုကျန်းမာရေး ဗဟုသုတပိုစ့်လေးတွေ မတင်တော့တာ ဘာကြောင့်လဲ ❗️✨မင်္ဂလာပါ  အားလုံးနေကောင်းကျန်းမာကြရဲ့လားရှင့်မေအိပျောက်န...
20/12/2022

အရင်လိုကျန်းမာရေး ဗဟုသုတပိုစ့်လေးတွေ
မတင်တော့တာ ဘာကြောင့်လဲ ❗️✨

မင်္ဂလာပါ အားလုံးနေကောင်းကျန်းမာကြရဲ့လားရှင့်
မေအိပျောက်နေတယ် Activeမဖြစ်တော့ဆိုတာသရဖီHealth CarePageလေးမှာ ကြော်ငြာပိုစ့်တွေတင်လို့ လုံးဝမရတော့လို့ပါ

Pageတွေ Restricted ဖြစ်တဲ့အထဲ မေအိတို့ဒီPageလည်းပါသွားတယ်ရှင့်🤦‍♀️

💁ဒီအတွက် မြတ်သဒ္ဓါဖြူHealthCareဆိုတဲ့ Pageအသစ်လေးထပ်ဖွင့်ပြီး မင်မင်Pageအသစ်လေးမှာ နေ့တိုင်းလိုလို ကျန်းမာရေးဗဟုသုတPostလေးတွေနဲ့အတူ ဟာနုမာန်လိမ်းဆေးကပ်ခွါကို
ပို့ပေးနေပါတယ်နော်

မိတ်ဟောင်းမင်မင်ရဲ့Customerများလည်း မင်မင်တို့Pageအသစ်လေးဆီကို လာပြီး ကျန်းမာရေးဗဟုသုတများကိုဖတ်ရှုဖို့နဲ့အတူ ဆေးမှာချင်သူများကိုလည်း ကြိုဆိုပါတယ်နော်

Pageအသစ်ရဲ့Linkလေးကို Commentမှာရေးပေးထားပါမယ် အကိုက်အခဲပိုဖြစ်လွယ် ဒဏ်တွေပြန်ပေါ်တဲ့ ဆောင်းရာသီမို့ ကျန်းမာရေးပိုဂရုစိုက်ကြပါရှင့်🤍🍀

ချစ်ခြင်းများစွာဖြင့်
မင်မင်မေအိ

ဆီးကျိတ်ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်းထပ်သွားချင်သလိုလိုညညခဏခဏထထဆီးသွားနေရတာတို့ဆီးမသွားရသေးခင်ဆီးအိ...
01/11/2022

ဆီးကျိတ်
ယောင်လို့ ဆီးသွားရတာကျန်နေသလိုလို သွားပြီးတော့လည်းထပ်သွားချင်သလိုလို
ညညခဏခဏထထဆီးသွားနေရတာတို့
ဆီးမသွားရသေးခင်ဆီးအိမ်မှာအောင့်တောင့်တောင့်ခံစားရေတာတို့(အမျိုးသားများ)
ငြုပ်သီးစားများသွားလို့ဆီးပူဆီးချုပ်ဆီးအောင့်သူများအတွက်
ခွေးတောက်ရွှက်(၇ -၁၀ )ကိုငှက်ပြောသီး(ဖီးကြမ်း)တစ်လုံးနှင့်ပြုတ်ပြီးသုံးလေးငါးရက်ဆက်စားလိုက်ရင်သက်သာပါပြီဗျာ
ခွေးတောက်ရွှက်ပါးပါးလှီး ငှက်ပြောသီး ထိပ်ဖြတ်ဖင်ဖြတ်ပြီးမှပြုတ်နော် ပြုတ်ပြီးတော့မှ
ပြုတ်ရည်၊အရွှက်၊ငှက်ပြောသီး သုံးခုလုံးစားပေါ့ဗျာ ချိုတိုတို ခါးသက်လေးမို့စားလို့ကောင်းပါတယ်ခင်ဗျ၊
တစ်လတစ်ကြိမ်သို့နှစ်ကြိမ် ကိုယ့်အခြေအနေအရစားပေါ့ဗျာ
ကျွန်တော်တော့ဆီးအိမ်ကအောင့်တောင့်တောင့်
ဖြစ်လာရင်
ညညထရတာစိပ်လာရင် စားလိုက်တာဘဲ
ကိုယ်တွေ့မို့စေတနာနှင့်ပြောရတာပါ
စာအရေးအသားမရှင်းလင်းရင်လည်း
တောင်းပန်ပါတယ်ခင်ဗျာ

အများသိစေဘို့ကူးယူဖြန့်ဝေရင်
ကျေးဇူးအထူးတင်
ဝမ်းမြောက်ရပါကြောင်း
ကြိုတင်ထပ်လောင်းပြောပါရစေ၊
(ဒုတိယအကြိမ်)

Aung

 #ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့် #အိမ်တွင်းနည်းလမ်း၈မျိုး===================================ကျန်းမာရေးအတွက် ပုံမှန်...
24/10/2022

#ကိုယ်တိုင်ကျန်းမာရေးစစ်ဆေးနိုင်မည့်
#အိမ်တွင်းနည်းလမ်း၈မျိုး
===================================

ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုလေးတွေ လုပ်ချင်ပေမယ့် အချိန်မရလို့ပဲဖြစ်ဖြစ်၊ မအားလို့ပဲဖြစ်ဖြစ် မစစ်ဆေးဖြစ်တဲ့သူတွေအတွက် အချိန်ခဏပေးလိုက်ရုံနဲ့ ကိုယ့်ရဲ့ လက်ရှိကျန်းမာရေး အခြေအနေကို စစ်ဆေးလို့ရမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) #နှလုံးနဲ့အဆုတ်ရောဂါရှိမရှိ

လက်ချောင်းလေးတွေကို ပုံထဲမှာပြထားတဲ့အတိုင်း
လုပ်လိုက်တဲ့အချိန်မှာ လက်သည်းလေးတွေကြားမှာ လေးဒေါင့်အချွန်ပုံ အပေါက်လေးဖြစ်နေရင် သွေးကြောတွေက သွေးလှည့်ပတ်မှုကောင်းမွန်တယ်၊ နှလုံးနဲ့ အဆုတ်ကျန်းမာတယ်လို့ ယူဆနိူင်ပါတယ်။

တကယ်လို့ အဲ့ဒီနေရာလေးက ပိတ်နေတယ်ဆိုရင်တော့ သွေးထဲမှာ အောက်စီဂျင်ကောင်းကောင်း မရောက်ရှိတာကြောင့် နှလုံးသွေးကြောနဲ့ အစာအိမ်အူလမ်းကြောင်းမှာ သိပ်မကျန်းမာလို့ပါ။

(၂) #ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့
#သတိမေ့ရောဂါဖြစ်နိူင်ချေရှိမရှိ

ပုံမှာပြထားတဲ့အတိုင်း အနည်းဆုံးမိနစ် (၁၀) လောက်
ကောင်းကောင်းရပ်နိူင်ရင် ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့သတိမေ့ရောဂါဖြစ်နိူင်ချေ အရမ်းနည်းတယ်လို့ ပြောလို့ရပါတယ်။ တကယ်လို့ ကောင်းကောင်းမရပ်နိူင်ရင်တော့
အသက်ရလာတဲ့အခါ လေဖြတ်နိူင်ချေများနေပါပြီ။

(၃) #သွေးအားနည်းရောဂါရှိမရှိ

မှန်ရှေ့မှာရပ်ပြီး အောက်မျက်ခမ်းအတွင်းဘက်ကို ကြည့်လိုက်ပါ၊ အနီရောင်သမ်းနေရင် သွေးအားကောင်းပြီး ကျန်းမာတဲ့အနေအထားဖြစ်ပြီး၊ ပန်းရောင်ဖျော့ဖျော့လေးသမ်းနေရင် သွေးအားနည်းနေတာပါ။

(၄) #ဟော်မုန်းညီမျှမှုရှိမရှိ

ဆံပင်တွေကြားထဲကို လက်ချောင်းလေးတွေ ထိုးပြီးဆွဲချလိုက်တဲ့အခါ ဆံပင်အနည်းငယ်ကျွတ်ပါလာတယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲက ဟော်မုန်းပမာဏ ညီမျှနေပြီး
ဆံပင်တွေအများကြီးကျွတ်ပါလာရင်တော့ ဟော်မုန်းမညီမျှမှုတွေဖြစ်နေပါပြီ။

(၅) #ဆီးချိုရှိမရှိ

သင့်မှာ ဆီးချိုရောဂါရှိ မရှိစစ်ဆေးဖို့ ကူညီပေးမယ့်
နောက်တစ်ယောက်လိုပါတယ်။ ကူညီပေးမယ့်သူက စစ်ဆေးမယ့်သူရဲ့ခြေထောက်ကို ခဲတံရဲ့ ခဲသားအချွန်ဘက်နဲ့တစ်ခါ၊ ခဲဖျက်နဲ့တစ်ခါထိုးလိုက်ပါ။ အဲ့လိုထိုးလိုက်တဲ့အချိန်မှာ မကြည့်ဘဲ ဘယ်တစ်ချက်က ခဲသားအချွန်အထိအတွေ့လဲ၊ ခဲဖျက်ရဲ့ အထိအတွေ့လဲဆိုတာကို ပြောနိူင်ရင် သင့်မှာ ဆီးချိုရောဂါမရှိပါဘူး။

အထိအတွေ့ကို သိပ်မသဲကွဲဘူး၊ မခွဲခြားတတ်ဘူး ဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေတာဖြစ်နိုင်ပါတယ်။

(၆) #သွေးလှည့်ပတ်မှုကောင်းမကောင်း

ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်လိုက်ပြီး ခြေထောက်တွေကို နံရံပေါ် ၄၅ ဒီဂရီလောက်ထောင်ထားလိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ခြေထောက်က သွေးဆုတ်ဖြူရော်နေတဲ့အရောင်မျိုး ပြောင်းသွားတယ်ဆိုရင်တော့
ခန္ဓာကိုယ်သွေးလှည့်ပတ်မှု သိပ်မကောင်းဘူးလို့ပြောရမှာပါ။

(၇) #အကြားအာရုံကောင်းမကောင်း

နားရွက်နားမှာ လက်ချောင်းလေးတွေ အချင်းချင်းပွတ်လိုက်တဲ့အခါ အသံလေးတွေ ကောင်းကောင်းကြားရပါတယ်။ ပခုံးစွန်းနေရာလောက်ကနေ လက်ချောင်းတွေ ပွတ်တိုက်တဲ့အသံကို ကောင်းကောင်းကြားရတုန်းဆိုရင်တော့ သင့်ရဲ့ အကြားအာရုံက ကောင်းပါသေးတယ်။

အသံသိပ်မကြားရတာမျိုး၊ လုံး၀မကြားရတာမျိုးဆိုရင်တော့ အကြားအာရုံစနစ်မှာ ပြဿနာရှိနေပါပြီ။

(၈) #နှလုံးသွေးကြောရောဂါရှိမရှိ

ဒါကို စမ်းသပ်ဖို့အတွက် လှေကားတက်ဖို့လိုပါတယ်။
သင့်အနေနဲ့ လှေကားထစ် ၁၅ ထစ်လောက်ကို သီချင်းဆိုရင်း၊ စကားပြောရင်း တက်လိုက်တဲ့အခါမှာ ပုံမှန်ထက်
အဆမတန်မောနေတယ်ဆိုရင် နှလုံးသွေးကြောနဲ့ပတ်သက်ပြီး သိပ်မကျန်းမာဘူးလို့ပြောရမှာပါ။

ဒီလိုမဟုတ်ဘဲ အနည်းငယ်ပဲမောတယ်၊ ပုံမှန်အတိုင်းစကားပြောနိူင်တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။

အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့ ကျန်းမာရေးကို အကြမ်းဖျင်းစမ်းသပ်ပြီးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို တစ်နေရာရာက မကျန်းမာဘူးလို့ထင်ခဲ့ရင် ကိုယ်ကြိုက်တဲ့ နည်းလမ်းတွေ၊ ဆေးမြီးတိုတွေနဲ့ မကုသပါနဲ့။

ဆရာ၀န်နဲ့ပြသဆွေးနွေးပြီးမှ စစ်ဆေးကုသမှု
ခံယူကြဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးကျန်းမာအသက်ရှည်ကြပါစေ။
လေးစားစွာဖြင့်မူရင်း Credit

🌿 မြင်းခွါရွက် ပဉ္စငါးပါး အသုံးဝင်ပုံ 🌿  ========================မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက...
17/10/2022

🌿 မြင်းခွါရွက် ပဉ္စငါးပါး အသုံးဝင်ပုံ 🌿
========================

မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။

၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။

၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။

၄ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ၀မ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။

၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။

၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။

၇ ။ သွေး၀မ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။

၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။

၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။

၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။

၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။

၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ၀င် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။
crd
မြန်မာ့ဆေးဖက်ဝင်အပင်များ

ခါးနာတတ်တဲ့သူတွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ****************************************************လူဦးရေ ၈၀% ခန့်ဟာ ခါးနာ...
09/10/2022

ခါးနာတတ်တဲ့သူတွေအတွက် လိုက်နာသင့်တဲ့ အချက်တွေ
****************************************************

လူဦးရေ ၈၀% ခန့်ဟာ ခါးနာခြင်းဝေဒနာကို ခံစားနေကြရပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေပါ။ အထိုင်များတာကြောင့်လည်း ခါးနာတတ်သလို ခါးတစ်ခါနာဖူးပြီဆိုရင် ဒဏ်ဖြစ်ပြီး မကြာခဏဆိုသလို ခါးနာတတ်လေ့ရှိပါတယ်။ ခါးနာတတ်တဲ့သူတွေအတွက် လိုက်နာရမယ့်သဘာဝနည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိပ်ချိန်ကို ကန့်သတ်ထားပါ

တစ်နေ့ကို ၈ နာရီထက်ပိုအိပ်တဲ့သူတွေဟာ ခါးနာတတ်ကြပါတယ်။ ဒါ့ကြောင့် ခါးနာတတ်တဲ့သူတွေဟာ အိပ်ယာပေါ်မှာ ခဏခဏလဲနေတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။

(၂) အသင့်စားအစားအစာတွေ ရှောင်ပါ။

ကြွက်သားတွေသန်မာစေတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေစားပေးပါ။ အစားအလွန်အကျွံစားတာကလည်း ခါးနာစေပါတယ်။ ကိုယ်အလေးချိန်တက်ပြီး နောက်ကျောကို ဖိအားပေးသလိုဖြစ်လို့ ခါးနာစေပါတယ်။ ဒါ့ကြောင့် လတ်ဆတ်တဲ့ အသီးအရွက်တွေကို များများစားပြီး အသင့်စားအစားအစာတွေကို ရှောင်ပါ။

(၃) လေ့ကျင့်ခန်းလုပ်ပါ။

ခါးနာတတ်တဲ့သူတွေအတွက် အကောင်းဆုံးဆေးနည်းကတော့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာပါပဲ။ ဆိုလိုတာက လေ့ကျင့်ခန်း ကြီးကြီးမားမားလုပ်ပေးရမယ်လို့ပြောတာမဟုတ်ပါဘူး။ တစ်နေ့ကို မိနစ် ၂၀ – ၃၀ လောက်လမ်းလျှောက်ပေးတာမျိုး တင်းနစ်တို့လို အားကစားတစ်ခုခုကို လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။

(၎င်း) မတဲ့အခါသတိထားပါ။
တစ်ခုခုကို မမယ် ကောက်မယ် ဆိုတဲ့နေရာမှာ သတိထားပါ။ ကုန်းပြီးကောက်တာမျိုးကိုရှောင်ပြီး ဒူးကွေးပြီး တစ်ခုခုကို ကောက်ယူပါ။ မပါ။

(၅) ကောင်းမွန်စွာအိပ်စက်ပါ။

အိပ်ချိန်များလွန်းတာဟာ ခါးနာစေပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်အတွက်အရေးကြီးတာမှန်ပေမယ့် အလွန်အကျွံအိပ်စက်မယ်ဆိုရင် နောက်ကျောနာကျင်စေပါတယ်။ ပြီးတော့ ခါးနာတာသက်သာစေဖို့အတွက် အိပ်တဲ့ပုံစံကိုလည်း သတိထားပါ။

(၆) ရေခဲ နဲ့ အပူကပ်ပေးပါ။

ခါးနာနေတာကို သက်သာစေဖို့ ရေခဲကပ်ပေးတာမျိုး အပူအိတ်ကပ်ပေးတာမျိုးလုပ်ပေးပါ။

လေးစားစွာဖြင့်မူရင်း Credit

သမားတော်ကြီး ဦး၀င်းမောင်၏ဆီးကျောက်ကျေဆေးနည်းဒီကနေ့အဘ ပြောပြချင်တဲ့ဆေးနည်းလေးကတော့လူတိုင်းတမေးထဲမေးနေကြတဲ့ ဆီးကျောက်တည် လ...
07/10/2022

သမားတော်ကြီး ဦး၀င်းမောင်၏
ဆီးကျောက်ကျေဆေးနည်း

ဒီကနေ့အဘ ပြောပြချင်
တဲ့ဆေးနည်းလေးကတော့
လူတိုင်းတမေးထဲမေးနေ
ကြတဲ့ ဆီးကျောက်တည် လို့ ဆီးအတွက်
ဒုက္ခများနေကြတဲ့ ဝေဒနာ
ရှင်များအတွက် ဒီနေရာ
တဆင့် အားလုံးဖြေကြား
ပေးလိုက်ပါရစေ..

အဘရဲ့ ဆေးဆောင်းပါး
တွေကို ဖတ်ရူ့ပြီး မေးလာကြတဲ့ သူများကို
CB ကတဆင့်ဖြေကြား
ပေးရင်မပြည့်မစုံမှာစိုးလို့
မေးသူတဦးသာမက
အားလုံးသိရှိစေရန်ရည်
ရွယ်ပါတယ်ကွယ်...

တကယ့်တော့ အဘတို့
မြန်မာ့လူဘောင်မှာ
ဆိုရိုးစကားရှိရဲမဟုတ်လား

"ယောက်ကျားမှာ ဆီး
မိန်မမှာမီး "

ရှေ့သမားတော်ကြီး
များက
" ပညာသေ
ရွာ မယူသွားစတမ်း"

ဆိုတဲ့ထုံး နှလုံးမူလို့
ဆေးနည်းများစွာ
လက်ကမ်းလို့ ထားခဲ့
ကြတယ်။

ဆီးဆေးဆိုတာ အမျိုးမျိုး
ရှိသည်အနက် လူသိများ
ကြတာကတော့....

၁။သံမနိုင် ကျောက်မနိုင်
၂။ကြက်သွန်နှင့်အသုံးပြု
နည်း...
၃။သံပု ရာသီး အသုံးပြု
နည်း စသည့်ဖြင့် လူသိ
များသောဆေးနည်တွေ
ပါပဲ...

အေး...
အဘကတော့ တကယ့်
ရွှေနန်းသုံးဆေးတော်ကြီး
တမယ်ကို ငွေကုန်ကြေးကြ သက်သာစွာနဲ့
ဝေဒနာ သက်သာစေဖို့
ဆေးနည်းတသွယ် ရေး
ပေးလိုက်ပါတယ်...

ဆေးနည်းကတော့...
ကြက်ဆူ{၂}မျိုးရှိတယ်။
ပိုရှင်းအောင်ပြောရ င်
တမျိုးကတော့
လောင်စာကြက်ဆူ
ခြံစည်းရိုးကြက်ဆူ
လို့ခေါ်ကြတဲ့ ကြက်ဆူမ
ဟုတ်ဘူး..
(အဲဒီ ကြက်ဆူက စားရင် အော့အံနိုင်ပါတယ် မမှားပါစေနဲ့)

ပုံပြထားသော
အရိုးနီ ကြက်ဆူကိုသာ
ဆေးအဖြစ်သုံးပြုနိုင်ကြပါ
တယ်။

အသုံးပြုပုံ
**********
ကြက်ဆူရွက်ကို ရေနွေး
ဖျောပြီး ဓားဖြင့်ဖြင့်ပါးပါး
ရိတ်ရိတ်လှီးညှပ်၍ မြေပဲ
ဆံ နှမ်း ပဲမှုန့် ကြက်သွန်
ဖြူ / နီကြော်တို့ဖြင့်
သုတ်စားပေးပါ။

အဓိကအားဖြင့် ကြက်ဆူ
ရွှက်ကို များများသုတ်စား
ပေးဖို့သာလိုရင်းပါ။

မည်သို့စားစား ရပါတယ်။

မိမိသုတ်စားပြီး ၂၄နာရီ
အတွင်း ကျောက်များ
ကြေပျက်သွားသည်ကို
လက်တွေ့စားကြည်က
သိပေလိမ့်မည်...

၎င်းဆေးစားပြီးဆီးသွားပါ
ကဆီးကို အိုးခွက်တခုခုဖြင့်
ခံယူထားပြီး ကြည့်ပါက
ဆီးကျောက်များကြေ
ပျက်သွားသည်ကို တွေ့မြင်ရပါလိမ့်မည်။

လူအတော့များ
များကတော့ ဝမ်းနှုတ်ဆေးကိုသာ
လူသိများကြပြီ.

ဆီးနှုတ်ဆေး ဆီးသန့်စင်
ဆေးကို သိပ်မသိကြပါ.

အဲ့ဒါကြောင့် အဘ
ဖေါ်ပြပေး လိုက်တာပါ။

# # #မှတ်ချက်.....
ဥပမာ...ယနေ့ ၄ နာရီမှာ
စားရင်...

နောက်တနေ့ ၄ နာရီ မှာ ကျောက်ကြွေ
သွားတာတွေ့
ရပါလိမ့်မယ်။

အဘ..ဦးဝင်းမောင်
တိုင်းရင်းသမားတော်ကြီး
ဖုန်း..09785987552
သို့မရှင်းလင်းပါက
မေးမြန်းနိုင်ပါတယ်။ မှတ်စု

Credit.
ပြန်လည်မျှဝေသည်

 #လည်ကုပ်ညောင်းတာ (တစ်နည်း  #ဇက်ကြောတက်တာ)ဟာ အလုပ်လုပ်တဲ့ ကိုယ်နေဟန်ထား ပုံစံမမှန်တာကြောင့် ဖြစ်လေ့ရှိပါတယ်။ လည်ကုပ်ညောင...
29/09/2022

#လည်ကုပ်ညောင်းတာ (တစ်နည်း #ဇက်ကြောတက်တာ)ဟာ အလုပ်လုပ်တဲ့ ကိုယ်နေဟန်ထား ပုံစံမမှန်တာကြောင့် ဖြစ်လေ့ရှိပါတယ်။ လည်ကုပ်ညောင်းတာဟာ ထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် လည်ပင်းကြွက်သားဝေဒနာ ရခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ လည်ကုပ်ညောင်းတာဟာ ဝေဒနာအသေးအဖွဲမှ အကြီးအမားအထိ ဖြစ်တတ်ပြီး လည်ကုပ်နာကျင်တာက ရုတ်တရက်နဲ့ အပြင်းအထန်ခံစားရရင် အဲဒီဝေဒနာကို ဇက်ကြောထိုးတယ်လို့ ခေါ်ပါတယ်။ လည်ကုပ်ညောင်းတာက သုံးလထက်ပိုကြာကြာခံစားနေရရင်တော့ အဲဒီဝေဒနာကို တာရှည်လည်ကုပ်ညောင်းခြင်းလို့ ခေါ်ပါတယ်။ လည်ကုပ်ညောင်းတာက အဖြစ်များတဲ့ ကျန်းမာရေးအခြေအနေ တစ်ရပ်ဖြစ်ပြီး အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ လူအများစုဟာ ဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ လည်ကုပ်ညောင်းတတ်ပါတယ်။

ဘာကြောင့် လည်ကုပ်ညောင်းခြင်း ဖြစ်တတ်ပါသလဲ
----------------------------------
လည်ကုပ်ကို ညောင်းညာခြင်းဖြစ်စေတဲ့ အခြေအနေတွေကတော့ အများကြီးရှိပါတယ်။အဖြစ်များတဲ့ အကြောင်းတွေကတော့-
▶ လည်ကုပ်ထိခိုက်ဒဏ်ရာရခြင်း၊
▶ စိတ်ဖိစီးမှုများခြင်းနဲ့ ပူပင်သောကများခြင်း၊
▶ ပုံစံမမှန်တဲ့ အနေအထားမျိုးနဲ့ အိပ်မောကျခြင်း၊
▶ ကွန်ပျူတာကီးဘုတ်ကို အသုံးပြုချိန် ကြာမြင့်ခြင်း စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။

လည်ကုပ်ညောင်းရင် ဘယ်လိုခံစားရတတ်ပါသလဲ
-------------------------------------------
လည်ကုပ်ညောင်းတဲ့ ဝေဒနာဟာ
▶ လည်ပင်းကြွက်သားနေရာတွေမှာ တောင့်တင်းမှုနဲ့အတူ နာကျင်မှု ခံစားရခြင်း၊
▶ လည်ကုပ်ညောင်းတာဟာ ပခုံးတလျှောက်ပျံ့နှံ့သွားခြင်း၊
▶ လည်ကုပ်နာကျင်တာက လက်မောင်း၊ လက်နဲ့ ဦးခေါင်းအထိ နာကျင်နေပြီး ခေါင်းကိုက်ခြင်းကိုပါ တွဲခံစားရခြင်း၊
▶ လည်ပင်းကြွက်သားတွေက တောင့်တင်းတာ၊ နာကျင်တာနဲ့ ထိလိုက်ရင် မာကြောနေတာ စတဲ့ဝေဒနာတွေကို ခံစားနေရခြင်း၊
▶ ဦးခေါင်းက တစ်ဖက်ကိုလိမ်နေပြီး ပုံမှန်မဟုတ်ဘဲ နာကျင်နေခြင်း၊ (ဒီဝေဒနာကို ဇက်စောင်းတယ်လို့ ခေါ်ပါတယ်။)
▶ ဦခေါင်းခွံရဲ ့အခြေက နာကျင်မှုဟာ ပခုံးနဲ့ လက်မောင်းအားနည်းမှုနဲ့အတူ တွဲပြီး ခံစားနေရခြင်း၊
▶ လက်မောင်းနဲ့ လက်ချောင်းတွေမှာ စူးရှရှနာကျင်တောင့်တင်းမှုကို ခံစားရခြင်း စတဲ့ ဝေဒနာတွေပဲ ဖြစ်ကြပါတယ်။

လည်ကုပ်ညောင်းခြင်းနှင့် ပတ်သက်သော အန္တရာယ်ရှိအချက်များ
----------------------------------------------
လည်ကုပ်ညောင်းတာက အောက်ပါဝေဒနာတွေကို ခံစားရရင် အရေးပေါ်ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။
❗လည်ကုပ်မှာ နီရဲနာကျင်မှုဟာ လက်ချောင်းနဲ့ဖိလိုက်ရင် ဖျော့တော့မသွားရင်
❗လည်ကုပ်ညောင်းတာနဲ့အတူ ဖျားနေရင်၊ နေထိုင်မကောင်းဖြစ်နေရင်
❗လည်ကုပ်နာပြီး မေးစေ့ကို ရင်ဘတ်အထိ ဆွဲမချနိုင်ဘူးဆိုရင်
❗အလင်းရောင်က မျက်စိကို နာကျင်စေတယ်ဆိုရင်
❗လည်ကုပ်ညောင်းတာဟာ အလွန်အမင်းခေါင်းကိုက်ခြင်း ဒါမှမဟုတ် အဆက်မပြတ်အန်ခြင်းတွေနဲ့ တွဲပြီး ခံစားနေရရင်
❗လည်ကုပ်ညောင်းတာက ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း ဒါမှမဟုတ် လည်ပင်းအဆစ်ပြားထိခိုက်ခြင်း စတာတွေရဲ့ လက္ခဏာတစ်ရပ်ဖြစ်ခဲ့ရင်
❗လည်ကုပ်နာကျင်တာက လတ်တလောခေါင်းဒဏ်ရာရတာကြောင့်ဖြစ်ပြီး လူနာဟာ အိပ်ငိုက်နေရင် ၊ ဇဝေဇဝါဖြစ်နေရင် ၊ အန်နေရင်
❗လည်ကုပ်ညောင်းတာနဲ့အတူ အမြင်အာရုံ၊ အကြားအာရုံ၊ အရသာခံအာရုံနဲ့ ကိုယ်နေဟန်ထားတွေက ပုံမမှန်ထိခိုက်နေရင်၊
❗အလွန်အမင်းအန်နေရင်၊
❗လက်မောင်းနဲ့ခြေထောက် ကြွက်သားတွေရဲ ့ အစွမ်းသတ္တိက အားလျော့နေရင် အရေးပေါ် ပြသသင့်ပါတယ်။

လည်ကုပ်ညောင်းညာခြင်း သက်သာစေရန် အိမ်တွင်းကုထုံး
-------------------------------
✅ဖြစ်နိုင်သမျှ တက်တက်ကြွကြွနေပါ။ ပုံမှန်အတိုင်း အလုပ်ကိုသွားနိုင်အောင် ကြိုးစားပြီး ပုံမှန်နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို လုပ်ပေးပါ။ အိပ်ရာထဲမှာ နားနေဖို့အထိ မလိုအပ်ပါဘူး။
✅ကော်လာပါတဲ့အင်္ကျီကို နှစ်ရက်လောက်အထိ မဝတ်ပါနဲ့။ လည်ပင်းကို ကောင်းကောင်းမလှည့်နိုင်ဘူးဆိုရင် ကားမမောင်းပါနဲ့။
✅လည်ကုပ်ညောင်းတာဟာ ပြင်းထန်တဲ့ နာမကျန်းမှုကြောင့် အဖြစ်နည်းပါတယ်။ တစ်ပတ်လောက်အတွင်းမှာ လည်ကုပ်ညောင်းတာက အလိုလိုသက်သာသွားပါလိမ့်မယ်။
✅လည်ကုပ်ညောင်းတာနဲ့အတူ အလိုလိုနေရင်း ကိုယ်အလေးချိန်လျော့ကျသွားရင်၊ လည်ကုပ်မှာ စူးရှတဲ့တောင့်တင်းနာကျင်မှုကို ခံစားနေရရင်၊ လက်တစ်ဖက် ဒါမှမဟုတ် လက်နှစ်ဖက်စလုံးမှာ အားနည်းနေရင် ဆရာဝန်နဲ့ ပြသပေးပါ။

ကုထုံးများ
-----------
လည်ကုပ်ညောင်းတာက ရုတ်တရက်ဖြစ်တဲ့ ဝေဒနာဆိုရင် ဆေးကုသမှုမလိုဘဲ အလိုလိုသက်သာသွားပါလိမ့်မယ်။ ပါရာစီတမော၊ NSAIDs စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးရုံနဲ့ သက်သာသွားပါလိမ့်မယ်။ တာရှည်ခံစားနေရတဲ့ ဝေဒနာဆိုရင်တော့ Chiropractic treatment၊ ကြွက်သားလေ့ကျင့်ခန်း၊ အကြောအဆစ်တို့ကို ကုသပေးခြင်းနဲ့ အပ်စိုက်ကုထုံး စတဲ့နည်းတွေနဲ့ ကုသပေးနိုင်ပါတယ်။

credit မူရင်း
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

 #အိပ်ရေးပျက်_သွေးပေါင်ကျ_အားအင်ကုန်ခမ်းနေသူများအတွက်ရုတ် တရက် အား အင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလိုဖြစ...
26/09/2022

#အိပ်ရေးပျက်_သွေးပေါင်ကျ_အားအင်ကုန်ခမ်းနေသူများအတွက်

ရုတ် တရက် အား အင်ကုန်ခမ်းသလိုဖြစ်နေပြီး၊ မူးဝေသလို၊ အိပ်ရေမဝသလိုဖြစ်နေရင် ဒီနည်းလေး စမ်းသုံး ကြည့်ပါ “

အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်ခြင်းနှင့် မူးဝေခြင်းကိုသက်သာပျောက်ကင်းစေသည့် ကြက်ဥသံံပုရာဆမ်းဆေးတစ်ခွက်”

အလုပ်ပင်ပန်းလို့ဖြစ်ဖြစ်၊အားအင်ကုန်ခမ်းလို့ ဖြစ်ဖြစ်၊မူးဝေနေရင်ပဲဖြစ်ဖြစ်အလွယ်တကူ သက်သာပျောက်ကင်းစေတဲ့ဆေးနည်းတစ်လက် ကိုမျှဝေပေးပါ့မယ်။

ပါဝင်ပစ္စည်းတွေကတော့

(1) ကြက်ဥအစိမ်းတစ်လုံး၊
( အိမ်ကြက်ဥဆိုပိုပြီးသင့်တော်ပါသည်။

(2) သုံပုရာသီးအမှည့်တစ်လုံး၊

(3) သကြားဖြူဟင်းစားဇွန်းနှစ်ဇွန်းတို့ကိုဖေါက် ထည့်ရောမွှေပေးပါ။

(4) သံံပုရာအစေ့တွေကိုဖယ်ရှားပစ်ပါ။

(5) ပါဝင်ပစ္စည်းအားလုံးကိုနှံ့နှံ့စပ်စပ်ရောမွှေ ပြီးသောက်ပေးရင်အမောအပန်းပြေပြီးအားရှိလာမှာဖြစ်ပါတယ်။

ဒီဆေးနည်းကကျွန်တော့်ဖခင်ပေးတဲ့ရိုးရာဆေး တစ်လက်ဖြစ်ပါတယ် ။

သွေးအားနည်းသူတွေနဲ့ သွေးပေါင်ကျသူတွေပိုပြီးသုံးစွဲသင့်ပါတယ် ။ အိပ်ရေးပျက်သူတွေအတွက်လည်းအားဆေးတစ်လက်ပါ။။

“ကျန်းမာချမ်းသာကြပါစေ”

ခွက်ဒစ်
via. sai min thant

 #ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစ...
21/09/2022

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။


ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။


‌မစားသင့်သည့်အစားအစာများ

‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

ခရက်ဒစ်ပါ

Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗*******************************************...
20/09/2022

Hanuman Brand Products များ၏ လက်လီ/လက်ကား ဈေးနှုန်းပြောင်းလှဲ သတ်မှတ်ခြင်း❗❗❗
***********************************************

✅ Prorich Company သည် ငွေကြေးများမတည်ငြိမ်သော်လည်း

Customers များအတွက်အဆင်ပြေစေရန်

Company တွင်ရှိထားသောStock များအားလုံးကို ( 2 ) လတိတိ

ယခင်ဈေးနှုန်းအတိုင်း မပြောင်းလဲပဲ ရောင်းချပေးခဲ့ပါသည်။

သို့သော် ယခုအချိန်တွင် လုပ်ငန်းလည်ပတ်နိုင်ရန်

ဆက်လက်ထိန်းထား၍ မဖြစ်နိုင်သဖြင့် ဈေးနှုန်းအား

အနည်းငယ်တိုးမြင့်လိုက်ရပါသည်။

✅ လက်လီအရောင်း ဈေးနှုန်းတိုးမြင့်ရာတွင်လည်း

ငွေလဲလှယ်မှုပေါက်ဈေးအတိုင်း တိုးမြင့်ထားခြင်းမဟုတ်ပဲ

Company နှင့် အရောင်းကိုယ်စားလှယ်များမှ

မိမိ၏အမြတ်ငွေကိုလျော့ပြီး Customers များအတွက်

အသုံးပြု/ဝယ်ယူရာတွင် အဆင်ပြေဆုံးဖြစ်စေမည့်

ဈေးကိုသတ်မှတ်လိုက်ရခြင်းဖြစ်သည်။

မင်မင်မေအိတို့ဆီမှာ ဆေးကပ်ခွါလက်ဟောင်းအထုပ်
နှင့် ဆေးကပ်ခွါဘူးသစ် ၂မျိုးလုံးကို မှာယူနိုင်ပါတယ်ရှင့် ဆေးကပ်ခွါရဲ့ပါဝင်ပစ္စည်း အာနိသင်ပြောင်းလဲမှုမရှိဘဲ စျေးနှုန်းနှင့် ဆေးထုပ်အရေအတွက် ကွာခြားချက်ကို ပုံမှာပြထားပါတယ်ရှင် 🤍🍀

✅ Hanuman Products တိုင်းကိုစဥ်ဆက်မမြတ် အမြဲဝယ်ယူအားပေးမှုအတွက် Hanuman Brand မိသားစုမှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်.....🙏🙏🙏



ခါးကျီးပေါင်းအတွက်ဆေးကောင်း ==============================ကျွန်တော့်ဘကြီးသူငယ်ချင်းက ခါးကျီးပေါင်းဖြစ်နေတာ 2015 ခုနှစ်ကပ...
17/09/2022

ခါးကျီးပေါင်းအတွက်ဆေးကောင်း
==============================

ကျွန်တော့်ဘကြီးသူငယ်ချင်းက ခါးကျီးပေါင်းဖြစ်
နေတာ 2015 ခုနှစ်ကပါ MRI ရိုက်တော့ကျီးပေါင်း
ဖြစ်နေပြီ လူကကောင်းကောင်းမထနိုင်တော့ပါ ။

ဆရာတော်တစ်ပါးက ဆေးနည်းပေးလှူသဖြင့်ယုံကြည်စွာလုပ်ဆောင်ခဲ့ပြီး ( ၉ ) ရက်မြောက်မှာခါးနာ
ခါးကိုက်ပျောက်ကင်းချမ်းသာခဲ့သည် ။(2017) မှာဂုတ်ရိုး ကျီးပေါင်းဖြစ်ပြန်လေပြီ ထိုအခါ MRI ရိုက်တော့ ဂုတ်အရိုးစစ်ကျီးပေါင်းဖြစ်နေပြန်သည်
လူကခေါင်းမူး ဇက်ကမလှည့်နိုင် အောက်ငုံ့ စာမကြည့်နိုင်ပါ ။

ခါးကျီးပေါင်း ဆေးနည်းအတိုင်း လုပ်ဆောင်ခဲ့ရာ
( 10 ) ရက်ခန့်မှာပဲ သက်သာလာခဲ့သည်။ထို့နောက်အားရင်အားသလို ဆေးနည်းအတိုင်းပြုလုပ်
ခဲ့ပါသည် ။

( 2018 ) မှာဂုတ်အား MR ပြန်ရိုက်ကြည့်ရာ ပထမ ( ဂုတ်စစ်ရိုး ) ကျီးပေါင်းမှာလုံးဝမရှိပဲပျောက်ကင်းခဲ့သည်ကို အံ့သြစွာသိရှိခဲ့ရလေသည် ။သူက အခိ်ျန်ရရင်ရသလို ဆေးနည်းက်ိုလုပ်ခဲ့ပါသည် ။ထို့အကြောင်းကို ကျွန်တော်သိရှိရသဖြင့် မေတ္တာတရားအပြည့်ဖြင့် ဆေးနည်းကောင်းတစ်ခုအားပြန်လည်မျှဝေလိုက်ပါတယ် ။

ဆေးနည်း
=========

ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါးကို လက်တစ်ဆုပ်ရအောင် ထောင်းပါ ။ထမင်းလက်တစ်ဆုပ်ကို ညက်အောင်ထောင်းပါ။ထိုနှစ်မျိုးကို ရောမွေပြီး ကျီးပေါင်းဖြစ်သောနေရာအား အုံပေးပြီး အပေါ်မှ ပတ္တီးစသော်၎င်း ( အဝတ်စ / စွပ်ကျယ်စ ) ဖြင့် အုပ်ပါ ။( စက္ကူတိပ်ဖြင့်ကပ်ထားပေးပါ ။ စည်းထားလည်းရပါသည် )

အုပ်ပြီးချိန်တွင် မနက် ( ၁ ) နာရီ ညနေ ( ၁ ) နာရီ အုပ်ထားပေးပါ ။( အချိန်ပိုလည်းရပါသည် )ဆေးနည်းက ဒါပဲခင်ဗျာ …

ခြေဖနောင့် အတက်ထွက်ခြင်းပါ ပြုလုပ်၍ ရကြောင်းနှင့် ယခုဆေးနည်းပေးသူ အားလုံးလည်းသက်သာပျောက် ကင်းကြကြောင်း ဝမ်းသာစွာသိရှိရပါသည် ။ ။ကျီးပေါင်း အတွက် အမှန်တစ်ကယ်ကောင်းတဲ့ဆေးဖြစ်ပါတယ် ။ ။

#မိမိတို့အနီးအနားမှဝေဒနာရှင်များအားမျှဝေကုသိုလ်ယူပေးပါခင်ဗျာအားလုံးအနာနှင့်ဆေးတွေ့ပြီး … … …
ကျန်းမာခြင်း သုခ ချမ်းသာခြင်း သုခများကို
ထာဝရပိုင်ဆိုင်ကြပါစေ … …
ခရကါဒစ်မူရင်းရေးသားသူအား
မေတ္တာဖြင့်မျှဝေပါသည်။
Admin

 #လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး🖐🖐🖐လက်ကိုကြည့်ပြီး ရောဂါခန့်မှန်းရအောင်လား❓❓❓လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကို...
16/09/2022

#လက်တွေကပြောပြနေတဲ့ သင့်ကျန်းမာရေး🖐🖐🖐

လက်ကိုကြည့်ပြီး ရောဂါခန့်မှန်းရအောင်လား❓❓❓

လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးက ခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။

🍀လက်ချောင်းအနိမ့်အမြင့်လေးတွေက ဖော်ပြနေတဲ့ကျန်းမာရေး

လေဒီတွေအနေနဲ့လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်နေမယ်ဆိုရင် #အဆစ်ရောင်နာဖြစ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက်ပိုများနေပါပြီ။ ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေတယ်ဆိုတာကိုပါ။အမျိုးသားတွေမှာတော့ လက်သူကြွယ်က လက်ညှိုးထက် ပိုမြင့်နေမယ်ဆိုရင် မျိုးအောင်နိုင်စွမ်းမြင့်ပြီး အိမ်ထောင်မှုသုခပြည့်စုံနိုင်ကြသူတွေပေါ့။ ဒါပေမယ့် မကောင်းတာတစ်ခုက #ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ များနေတာပါ။

🍀လက်တုန်တာက ဖော်ပြနေတဲ့ကျန်းမာရေး

လက်တုန်တာက #ကဖင်းစားသုံးမှုများလို့ ဒါမှမဟုတ် #ပန်းနာရင်ကြပ်အတွက်သောက်ရတဲ့ ဆေးတွေ၊ #စိတ်ကျရောဂါကြောင့် သောက်ရတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ လက်တုန်တတ်ပါသည်။ ဒါတွေတစ်ခုမှာမရှိဘဲ လက်တုန်နေတာဆိုရင်တော့ ၈၀ ရာခိုင်နှုန်းလောက်က
#ပါကင်ဆန်ရောဂါကို ခံစားရတတ်ကြပါတယ်။

🍀လက်သည်းအရောင်က ဖော်ပြနေတဲ့ကျန်းမာရေး

လက်သည်းအောက်ခြေမှာပါတဲ့ အဖြူရောင် လခြမ်းဝိုင်းလေးက လက်သည်းရဲ့ ထက်ဝက်လောက်ထိရှိနေမယ်၊လက်သည်းအောက်​ခြေက ဖြူပြီး အပေါ်ဘက်က ပန်းရောင်မဟုတ်ဘဲ အညိုရောင်သန်းနေမယ်ဆိုရင်တော့ ၃၆ ရာခိုင်နှုန်းလောက်က #နာတာရှည်ကျောက်ကပ်ရောဂါခံစား
နေရတာကိုတွေ့ရှိခဲ့ရပါတယ်။

လက်သည်းလေးတွေကနောက်ထပ်ဘာတွေကိုဖော်ပြသေးလဲဆိုတော့ ကိုယ်တွင်းမှာ ဟေ်မုန်းများနေတယ်ဆိုတာနဲ့ သွးအားနည်းရောဂါခံစားရနိုင်တယ်ဆိုတာကိုပါဖော်ပြနေပါသေးတယ်။ လက်သည်းအောက်ခြေက ဖြူပြီး အပေါ်ပိုင်းက ညိုပုပ်ပုပ်ဖြစ်နေမယ်၊ လက်သည်းမှာ အစင်းကြောင်းတွေဖြစ်နေမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အကြောင်းကတော့ ဒီလက္ခဏာက သင့်မှာ အရေပြားကင်ဆာဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြနေတာကြောင့်ပါ။

🍀လက်မမြဲခြင်းက ဖော်ပြနေတဲ့ကျန်းမာရေး

လက်ကတစ်ခုခုကိုင်တိုင်း မြဲမြဲမြံမြံကိုင်လို့မရဘူး။ လက်ကညှစ်နိုင်စွမ်းနည်းနေမယ်ဆိုရင် သင့်မှာ ရုတ်တရက်နှလုံးရပ်နိုင်ခြေများနေသလို #လေဖြတ်နိုင်ခြေလည်းတော်တော်လေးများနေပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ထက်ပိုပြီးတိကျတဲ့ နှလု့းရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်ပါ။ ကြွက်သားတွေရဲ့ သန်စွမ်းမှုကနေတဆင့် ရောဂါခံစားရနိုင်ခြေကို ဖော်ပြပေးနေတာပါ။

🍀လက်ဖဝါးအရောင်က ဖော်ပြနေတဲ့ကျန်းမာရေး

လက်ဖဝါးက နီမြန်းနေမယ်။ လက်ဖဝါးမှာ အနီကွက်လေးတွေဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ခံစားနေရတဲ့ ရောဂါတွေရှိနေပါပြီ။ လေ့လာမှုတွေအရကတော့ လက်ဖဝါးတွေ ပုံမှန်ထက်ပိုပြီး ရဲနေတာက အသည်းခြောက်ရောဂါခံစားရနိုင်ပါသည်။


Address

Shwe Pyi Thar
Yangon

Website

Alerts

Be the first to know and let us send you an email when သရဖီ - Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သရဖီ - Health Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram