Care Hut Pharmacy

Care Hut Pharmacy 🍀Your Health Your Choice🍀

ကိုယ်ပူပြီးဖျားတိုင်း တုပ်ကွေးမိတာလား ⁉️🤷🏻‍♀️🤔🤔🤔ခန္ဓာကိုယ်မှာ မအီမသာဖြစ်ပြီး ကိုယ်ပူလာပြီဆိုရင် ဖျားတာလား? တုပ်ကွေးဖြစ်တ...
27/07/2024

ကိုယ်ပူပြီးဖျားတိုင်း တုပ်ကွေးမိတာလား ⁉️🤷🏻‍♀️🤔🤔🤔

ခန္ဓာကိုယ်မှာ မအီမသာဖြစ်ပြီး ကိုယ်ပူလာပြီဆိုရင် ဖျားတာလား? တုပ်ကွေးဖြစ်တာလား? ဆိုပြီး အမျိုးမျိုးမေးခွန်းထုတ်စရာဖြစ်နိုင်ပါတယ် 🤔🤔🤔
ဖျားနာမှုကို သိမှလည်း ရောဂါနဲ့ ကိုက်ညီတဲ့ ဆေးကို သောက်ရမှာပေါ့🤩
ဒါမှလည်း သက်သာမှာပေါ့🤩

🤒🤧 ဒီတော့ ကိုယ်ပူပြီး ဖျားတိုင်း တုပ်ကွေးလို့ ယူဆပြီး တုပ်ကွေးသက်သာစေမယ့် ဆေးသောက်လို့ မရသလို သာမန်ဖျားနာမှုကို သက်သာစေမယ့် ဆေးမျိုး သောက်လို့လည်း မဖြစ်ပြန်ပါဘူးနော်

ဒီဖျားနာမှု ၂ ခုက ဘယ်လိုတွေများ ကွာခြားနေလဲ ဆိုတာကို ပြောပြပေးသွားပါမယ်ရှင် 🙏🏻

🦟 တုပ်ကွေးက ရုတ်တရက်ထဖြစ်တတ်ပြီး ရောဂါခံစားရချိန်က ပိုကြာတတ်ပါတယ်။ တုပ်ကွေး ဖြစ်ပြီဆိုရင် လက္ခဏာတွေ အနေနဲ့ 🤒🤒🤒

🚨အဖျားတက်တာ
🚨ချောင်းဆိုးတာ
🚨ချမ်းတုန်တာ
🚨ကိုယ်လက်ကိုက်ခဲတာ
🚨ခေါင်းကိုက်တာ
🚨အရမ်းကို ပင်ပန်းတာတွေ ခံစားရနိုင်ပါတယ်

ဒီလက္ခဏာတွေက စစဖြစ်ချင်း ၃ ရက်ကနေ ၄ရက် အတွင်းမှာ ပြင်းပြင်းထန်ထန် ခံစား၇နိုင်ပြီး ၅ ရက် ကနေ ၇ ရက်ဆို သက်သာသွားတတ်ပါတယ်🤩 လုံးဝ သက်သာသွားဖို့ဆိုရင် ၁ ပတ် ကနေ ၂ ပတ်လောက် အချိန်ယူရမှာပါ… တုပ်ကွေးက များသောအားဖြင့် ဆောင်းတွင်း၊ မိုးဝင်စတွေမှာ အဖြစ်များပါတယ်။

🤧 အအေးမိ လက္ခဏာတွေက ရက်အနည်းငယ်အကြာမှာ သက်သာသွားတတ်ပါတယ်။ အအေးမိပြီဆိုရင် လက္ခဏာတွေအနေနဲ့ 🤔🤔

🚨နှာစေးမယ်
🚨နှာချေမယ်
🚨မျက်လုံးတွေ ရဲမယ်
🚨လည်ချောင်းနာမယ်
🚨ချောင်းဆိုးမယ်
🚨ခေါင်းကိုက်မယ်
🚨ကိုယ်လက်ကိုက်ခဲမယ် စတာတွေ ခံစားရနိုင်ပါတယ် ‼️

အအေးမိတာက ၁ ပတ် ကနေ ၂ ပတ်လောက် ကြာတတ်ပါတယ် ၊ အအေးမိတာက ဆိုးမယ်ဆိုရင် နှာရည် ပျစ်ပျစ်တွေ ထွက်တာမျိုး ခံစားရနိုင်ပါတယ် 🤧

အအေးမိတာက နှစ်တစ်နှစ်တာရဲ့ ဘယ်အချိန်မှာ မဆို ဖြစ်တတ်ပြီး မိုးဦးကျနဲ့ ဆောင်းဝင်ချိန်မှာ ပိုဖြစ်နိုင်ပါတယ်ရှင် 🚨

ကဲ… ဒါဆိုရင် မကျန်းမမာဖြစ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အထက်ဖော်ပြပါ ဘယ်အချက်အလက်လက္ခဏာတွေကိုကြုံတွေ့နေရပြီလဲဆိုတာ ခွဲခြားသိမြင်ရင်း နာမကျန်းဖြစ်ခြင်းမှအမြန်ဆုံးသက်သာပျောက်ကင်းနိုင်ကြပါစေကြောင်း CareHut Myanmar Family 💚မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်


🌧️💦 မိုးရာသီနဲ့ တုပ်ကွေးအန္တရာယ် ‼️🦟နွေရာသီရဲ့ ပူလောင်မှုတွေ အဆုံးသတ်ရင်း မိုးရာသီရဲ့ အေးမြမှုတွေ အစားထိုးဝင်ရောက်လာတဲ့ ...
26/07/2024

🌧️💦 မိုးရာသီနဲ့ တုပ်ကွေးအန္တရာယ် ‼️🦟

နွေရာသီရဲ့ ပူလောင်မှုတွေ အဆုံးသတ်ရင်း မိုးရာသီရဲ့ အေးမြမှုတွေ အစားထိုးဝင်ရောက်လာတဲ့ အချိန်မှာ မဖိတ်ခေါ်ဘဲ ရောက်လာမယ့်
ဧည့်သည်ကတော့ တုပ်ကွေးပါ ‼️😢

တုပ်ကွေး ရာသီဆိုပြီး ရှောင်လွှဲလို့မရတာဖြစ်လို့ ကာကွယ်ဖို့အတွက် နည်းလမ်းအဖြာဖြာကို မျှဝေပါရစေရှင် 🙏🏻

*နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေသူတွေ
*ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ရင်ကြပ်ရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိသူ​တွေ
*အသက် (၆၅)နှစ် အထက် လူကြီးတွေ
*ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
*ကိုယ်ခံအားနည်းသူတွေ
*မကြာခဏ ဖျားနာတတ်သူတွေ
*အသက် ( ၆ ) လအထက် ကလေးငယ်တွေ
*Covid 19 ကာကွယ်ဆေး ထိုးပြီးသူ​တွေလည်း မိုးရာသီမှာ တုပ်ကွေးမဖြစ်ရလေအောင် တုပ်ကွေး(၄ မျိုး) ကာကွယ်ဆေး ထပ်မံ ထိုးထားသင့်ပါတယ်နော်

🤔🤔 မိုးရာသီမှာ တုပ်ကွေးမဖြစ်ဖို့ ဘာတွေ ကြိုတင် ကာကွယ်ရမလဲ ‼️🤔

‼️အ​ပြင်ထွက်တိုင်း မိုးကာအင်္ကျီ ၊ ထီး အဆင်ပြေရာကို အမြဲတမ်းဆောင်သွားပါ။ မိုးရွာရင် နီးစပ်ရာအမိုးအကာအောက် အမြန်
ခိုနားဖို့ ကြိုးစားပါ။ မိုးရေထိတွေ့မှုကို အနည်းဆုံးဖြစ်အောင်နေရင်း အအေးမိခြင်းကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

‼️မိုးရေတွေစိုပြီး ပြန်ရောက်လာတာနဲ့ ရေချိုး ကိုယ်လက်သန့်စင်ပေးခြင်းကလည်း ပိုးမွှားများ အန္တရာယ်က ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။

‼️ရေချိုးဖို့ အရမ်းချမ်းနေရင်တော့ ချက်ချင်းတန်းမချိုးဘဲ နွေးထွေးအောင် အပူတစ်ခုခု သောက်ပြီးဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် ချိုးပေးသင့်ပါတယ်။ ရေချိုးပြီးတာနဲ့ သေချာခြောက်သွေ့အောင် ကိုယ်လက်သန့်စင်ပြီးတာနဲ့ အဝတ်အစားများ နွေးနွေးထွေးထွေး ဝတ်ဆင်ပါ။ ပြီးရင်တော့ နွားနို့ပူပူ ဒါမှမဟုတ် စွပ်ပြုတ် ပူပူတစ်ခွက်ကို သောက်ရင်း အနားယူပါ။

‼️မိုးရေထိတွေ့မှု နည်းရင်တောင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးပိုးကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းမွန်စေတဲ့ Vitamin C ပါတဲ့ ဆေးသောက်တာဖြစ်ဖြစ် ၊အရည်ရွှမ်းပြီး ချဥ်တဲ့ သစ်သီးဝလံတွေ များများ စားသုံးပေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

‼️မိုးရာသီမှာ သန့်ရှင်းတာကလဲ အရေးကြီးတဲ့အရာဖြစ်လို့ တုပ်ကွေးမိ​သွားရင်တောင် လက်သေချာဆေးရုံသာမက လက်သန့်စင်ဆေးရည် လဲ သုံးပေးသင့်ပါတယ်။

‼️ကိုယ်ခန္ဓာမှာရှိတဲ့ အဆိပ်အတောက်တွေ အမြန် စွန့်ပစ်နိုင်အောင် ရေလဲများများ သောက်ပေးပါ။ အပြင်မှာ ထွက်စားတာထက် မိုးရာသီအတွင်းအိမ်မှာပဲ အာဟာပြည့်ဝပြီးတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ ချက်ပြုတ်စားသောက်ဖို့ အချိန်ပေးသင့်ပါတယ်။

ဒီလိုမျိုး အချက်လေးတွေ ဂရုတစိုက် အချိန်ပေးပြီး လိုက်လုပ်ဖို့
အဆင်သင့်ပဲလား? လိုက်လုပ်နိုင်မယ် ဆိုရင်တော့ မိုးရာသီမှာ ကာကွယ်မှုအပြည့်ယူရင်း တုပ်ကွေးနဲ့ ကြင်ကြင်နာနာ အတူယှဥ်တွဲနေထိုင်နိုင်မှာပါနော်။



ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် (ဓမွစကြာနေ့) အခါသမယအချိန်တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ...
20/07/2024

ယနေ့ကျရောက်တဲ့ ဝါဆိုလပြည့် (ဓမွစကြာနေ့) အခါသမယအချိန်တွင် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် ဘေးအန္တရာယ်များကင်းဝေးပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း 🍀CareHut Myanmar Team 🍀🥰 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင် 🙏🏻

‼️ ကာလဝမ်းရောဂါ (cholera)  ကြိုတင်ကာကွယ်ကြရအောင် 🚨◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾၏ကျန်းမာရေးဆောင်းပါးကိုကူးယူတင်ပြအပ်ပါ...
06/07/2024

‼️ ကာလဝမ်းရောဂါ (cholera) ကြိုတင်ကာကွယ်ကြရအောင် 🚨

◾ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ◾၏ကျန်းမာရေးဆောင်းပါးကိုကူးယူတင်ပြအပ်ပါတယ်ရှင် 🌸

🦠 ကာလဝမ်းရောဂါဆိုတာ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးကူးစက်တာကြောင့် ဖြစ်တာပါ ‼️

ကာလဝမ်းရောဂါ ဘယ်လိုကူးစက်နိုင်သလဲ ❓❓⚠️
-----------------------------------
cholera ဘက်တီးရီးယားပိုးပါတဲ့ အစားအသောက်၊ ရေတို့ကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ကာလဝမ်းရောဂါရှိသူရဲ့ မစင်၊ အန်ဖတ်တို့ကနေတဆင့် လည်း ကူးစက်နိုင်ပါတယ်။

ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အခါ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ❓⚠️
-----------------------------------
ကာလဝမ်းရောဂါပိုးကူးစက်ခံရသူ ၁၀ ဦးမှာ တစ်ဦးက ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။
▶အရည်ဝမ်းလျှောခြင်း 🚨
ဆန်ဆေးရေလို အရည်ဝမ်းသွားတတ်တာမျိုးပါ။

▶အန်ခြင်း🚨
တချို့တွေမှာ ဝမ်းမလျှောခင် အရည်တွေ အန်တဲ့ လက္ခဏာကို စတင်ပြသတတ်ပါတယ်။

▶ နုံးခွေခြင်း၊ သတိလစ်ခြင်း🚨
ခန္ဓာကိုယ်အရည်ဓာတ်ဆုံးရှုံးမှုကြောင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ သွေးပေါင်ရုတ်တရက်ကျပြီး သတိလစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

▶ကြွက်တက်ခြင်း🚨
ရေဓာတ်သာမက သတ္တုဓာတ်တွေပါ ဆုံးရှုံးတဲ့အတွက် ကြွက်တက်စေနိုင်ပါတယ်။

ဘယ်သူတွေ ဖြစ်နိုင်ခြေ များသလဲ❓⚠️
---------------------------------
မသန့်ရှင်းတဲ့ရေ သောက်ရသူ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းသူ၊ သန့်ရှင်းမှုအားနည်းတဲ့ ဒေသ တွေမှာ နေထိုင်သူတွေက ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေ အများဆုံး ဖြစ်ပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ရင် ဘယ်လို ကုသရမလဲ❓⚠️
-----------------------------------
(၁) ဓာတ်ဆားရည် အလုံအလောက် သောက်ရပါမယ်။ ကာလဝမ်းရောဂါ အတွက် အရေးကြီးဆုံး ကုသမှုထဲမှာ ပါဝင်ပါတယ်။
(၂) ဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေး(Antibiotics)နဲ့ ဆေးပတ်လည်အောင် ကုရပါမယ်။
(၃) ကလေးတွေမှာဖြစ်ရင် ဇင့်ပါတဲ့ အားဆေးကိုပါ ဖြည့်စွက်တိုက်ကျွေးရပါမယ်။

ကာလဝမ်းရောဂါ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ❓⚠️
-----------------------------------
✅အစာမစားခင်နဲ့ စားပြီးတဲ့အခါ၊ အိမ်သာတက်ပြီးတဲ့အခါတွေမှာ လက်ကို သေချာ ဆေးကြောရပါမယ်။
✅အစားအသောက်တွေကို ကောင်းစွာကျက်အောင် ချက်ပြုတ်ပြီးမှ စားရပါမယ်။
✅ယင်နားစာတွေကို လုံးဝ မစားသင့်ပါဘူး။
✅ရေသန့်သောက်ရပါမယ်။ မရရင် ရေကို ကျိုချက် သောက်သုံးရပါမယ်။
✅ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားရပါမယ်။
✅ယင်လုံအိမ်သာ သုံးစွဲရပါမယ်။

သတိပြုရန်🚨‼️
----------
ကာလဝမ်းရောဂါကို သေချာကုသမှုမခံယူရင် အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တာကြောင့် လက္ခဏာတွေ ပြလာရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားပြဖို့ အရေးကြီးပါတယ်။
စောစော သိရှိပြီး စနစ်တကျ ကုသမှုခံယူရင် ပြင်းထန်တဲ့ လူနာတွေမှာတောင် ပြန်ကောင်းလာနိုင်ပါတယ်ဆိုတာ ပြောကြားရင်း ...
''အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ''🙏🏻

(Ref; www.cdc.gov/cholera)

All in one health service တွေအတွက် အခုပဲ Care Hut Myanmar 💚ကိုဆက်သွယ်လိုက်ပါရှင် 🥰🥰
30/06/2024

All in one health service တွေအတွက် အခုပဲ Care Hut Myanmar 💚ကိုဆက်သွယ်လိုက်ပါရှင် 🥰🥰

🤔 အတူနေပြီးတိုင်း 🩸သွေးဆင်းနေတာ စိုးရိမ်စရာကိစ္စတစ်ခုလား ဆိုရင်တော့အဖြေက စိုးရိမ်စရာလို့ပဲ ဖြေပါရစေ 🚨‼️အမျိုးသမီးအများစု...
24/06/2024

🤔 အတူနေပြီးတိုင်း 🩸သွေးဆင်းနေတာ စိုးရိမ်စရာကိစ္စတစ်ခုလား ဆိုရင်တော့အဖြေက စိုးရိမ်စရာလို့ပဲ ဖြေပါရစေ 🚨‼️

အမျိုးသမီးအများစုက ပထမဆုံးအကြိမ်အတူနေရင်တော့ သွေးထွက်လေ့ရှိကြပါတယ်။ တချို့ကျတော့လည်း မထွက်ပါဘူး။
ဒါက ပုံမှန်ကိစ္စတစ်ခုမို့လို့ စိုးရိမ်စရာတော့ မရှိပါဘူးနော် ❌

‼️ ဒါပေမယ့် အတူနေပြီးတိုင်းသွေးဆင်းနေရင်တော့ မပေါ့ဆသင့်တော့ပါဘူး‼️

🩸 သွေးဆင်းတယ်ဆိုရင် ဖြစ်နိုင်တာတွေက….

🦠 မိန်းမကိုယ်အတွင်းပိုင်း ပိုးဝင်တာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိနေတာမျိုး ဖြစ်နိုင်ပါတယ်။

‼️မိန်းမကိုယ်ခြောက်သွေ့တာ။ သွေးဆုံးခါနီးအမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။

‼️မွေးလမ်းကြောင်း ထိခိုက်တာ။ ကလေးမွေးထားတာ မကြာသေးဘဲ အတူနေမိတာ၊ ခပ်ကြမ်းကြမ်း နေတာကြောင့် မိန်းမကိုယ်ပွန်းပဲ့တာ

‼️သားအိမ်ခေါင်း ဒါမှမဟုတ် သားအိမ်မှာ အသားပိုရှိနေတာ

‼️သားအိမ်ရောင်တာ အစရှိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

‼️ ရှားရှားပါးပါး သားအိမ်ခေါင်းကင်ဆာ၊ မွေးလမ်းကြောင်းကင်ဆာတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

🩸🩸 အတူနေပြီးတိုင်း သွေးဆင်းတာက များမယ်။ ⏰ နာရီပိုင်းလောက်ကြာမယ်။ ခဏခဏ ဖြစ်တယ်ဆိုရင် မပေါ့ဆသင့်တော့ပါဘူးနော်

သာမန်မိန်းမကိုယ်ခြောက်သွေ့တာကနေ ကင်ဆာရောဂါတွေအထိ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်ရှင် 🧑🏻‍⚕️

**na

19/06/2024

သင့်ရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီး ဘယ်လောက်သိထားလဲဆိုတာ Anatomy Quiz ❓လေးတွေဖြေကြည့်ကြအောင်နော် 💡

‼️ Let’s watch together!!!🤩🤩🤩

🍀နှလုံးမှာ အခန်းဘယ်နှခန်းပါလဲ?

🍀ခန္ဓာကိုယ်မှာ အရှည်လျားဆုံး Nerve ကြော ကဘာများလဲ?

🍀 Universal donor လို့သတ်မှတ်ထားတဲ့သွေးအမျိုးအစားက ဘယ်တစ်ခုလဲ?

🍀ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေကို ဘယ်အစိတ်အပိုင်းအင်္ဂါက ပျံ့ပွါးနိုင်စွမ်းရှိလဲ?

🍀 ခန္ဓာကိုယ်မှာအသေးဆုံးအရိုးလေးတွေကိုသိလား?

☘️ Sunshine vitamin လို့ခေါ်တာ ဘယ်တစ်ခုလဲ?

☀️🌧️ကဲ…မတွေ့တာကြာပြီနော် 👋🏻 🥰အခုလို ရာသီအပြောင်းအလဲကာလမှာ နာမကျန်းဖြစ်ကြတဲ့သူတွေ များလာလို့ အားလုံးသတိထားရအောင် ဒီနေရာကန...
15/06/2024

☀️🌧️ကဲ…မတွေ့တာကြာပြီနော် 👋🏻 🥰

အခုလို ရာသီအပြောင်းအလဲကာလမှာ နာမကျန်းဖြစ်ကြတဲ့သူတွေ များလာလို့ အားလုံးသတိထားရအောင် ဒီနေရာကနေ အကြံပြုလိုက်ရပါတယ်ရှင် 🙏🏻🙏🏻

ပူပြင်းတဲ့ ☀️😥 နွေရာသီကနေ ရုတ်တရက် 🌧️🌧️ မိုးရာသီကို ကူးပြောင်းတဲ့အချိန်မှာ မြေ၊ ရေနဲ့ လေထုအားဖြင့် သိသိသာသာ ပြောင်းနိုင်သလို ကျန်းမာရေးနဲ့ ပတ်သက်ပြီးလည်း အထူးဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်ရှင် ✨
☀️🌧️ ဒီလို ရာသီအကူးအပြောင်းကာလမှာ ဘယ်လို ကျန်းမာရေးပြဿနာတွေ အဖြစ်များလဲဆိုရင်တော့ …. ‼️‼️

(၁) ရာသီတုပ်ကွေးနဲ့ ဖျားနာခြင်း 🤧😷

အပူချိန်ကျဆင်းသွားတဲ့ အချိန်မှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စပ်ပိုးတွေရဲ့ ကူးစက်မှုတွေ ရှိလာနိုင်သလို တုပ်ကွေးနဲ့ ဖျားနာမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မိုးဦးရာသီမှာ ရာသီတုပ်ကွေးဟာ အဖြစ်များတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။

(၂) ခြင်နှင့် ပတ်သက်သော ရောဂါများ 🦟

မိုးရာသီရဲ့ စိုစွတ်တဲ့ကာလဟာ ခြင်အများဆုံး ပေါက်ဖွားနိုင်တဲ့ ရာသီဖြစ်သလို ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေကိုလည်း သတိပြုဆင်ခြင်ရမယ့် အချိန်ကာလဖြစ်ပါတယ်။ အထူးသဖြင့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေဟာ လက္ခဏာပြင်းထန်သလို အချိန်မှီကုသမှု မခံယူပါက အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

(၃) ဝမ်းရောဂါများ 🤯

🌧️ မိုးရာသီမှာ ရေမသန့်ရှင်းမှုက အစပြုတဲ့ ဝမ်းရောဂါတွေကိုလည်း မပေါ့ဆသင့်ပါဘူးနော် ‼️ အထူးသဖြင့် ကာလဝမ်းရောဂါ၊ တိုက်ဖွိုက်ရောဂါတွေဟာ ဒီလို မိုးရာသီ အကူးအပြောင်းမှာ အဖြစ်များသလို အစာ၊ ရေ မသန့်ရှင်းမှုမှ အစပြုပြီး အသည်းထိခိုက်နိုင်တဲ့ အသည်းရောင်အသားဝါ အေပိုးကိုလည်း သတိပြုဖို့ လိုပါတယ်ရှင် ‼️

‼️ ဒါ့အပြင် တခြားသော 🫁 အသက်ရှုလမ်းကြောင်းပြဿနာတွေနဲ့ အရေပြားဆိုင်ရာ ပြဿနာတစ်ချို့လည်း ဒီလို အကူးအပြောင်းကာလမှာ အဖြစ်များတာကြောင့် သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်ရှင် 📚

📌 Covid-19 ၊ ရာသီတုပ်ကွေးကာကွယ်ဆေးအစရှိတဲ့ ကာကွယ်ဆေးတွေကို ဆေးရုံဆေးခန်းတွေမှာ တကူးတကသွားထိုးနေရတုန်းလား?😨
🍀နိုးနော်…. အိမ်မှာနေရင်း Vaccination အတွက် CareHut ကိုစာလေးပို့ပြီး ဆက်သွယ်လိုက်ရုံနဲ့ ရက်ချိန်းနေ့လေးမှာ အိမ်အရောက်ဝန်ဆောင်မှုအနေနဲ့ ဆရာ/ဆရာမကိုယ်တိုင်လာထိုးပေးမှာမို့ သက်တောင့်သက်သာစောင့်နေရုံပါပဲရှင်🙏🏻😻

ဆက်သွယ်ရန်ဖုန်း 📞- 09 75 75 113 13

#မိသားစုဝင်တိုင်းကျန်းမာဖို့CareHutနဲ့အတူလက်တွဲစို့

28/05/2024

🌅 မနက်ခင်းမိုးလင်းတိုင်းမှာ Breakfast အနေနဲ့ စားသင့်တဲ့ အစားအစာ (၆)မျိုးးး‼️🥰

‼️ Let’s watch together!!!🤩🤩🤩

🍀 🍳 Egg (ကြက်ဥ)

🍀 🍌 Banana (ငှက်ပျောသီး)

🍀 🍊 Orange (လိမ္မော်သီး)

🍀 🍎 Apple (ပန်းသီး)

🍀 🥜 Nuts (အစေ့အဆံများ)

🍀 🍅 Tomato (ခရမ်းချဉ်သီး)

25/05/2024

🍳ကြက်ဥကိုတစ်နေ့တစ်လုံးပုံမှန်စားရင် ဘာတွေဖြစ်လာနိုင်မလဲ?🤔🤔🤔

‼️ Let’s watch together!!!🤩🤩🤩

🍀Muscle တွေအားကောင်းပြီးသန်မာမယ်

🍀နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုတယ်

🍀ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းနိုင်မယ်

🍀အမြင်အာရုံကောင်းစေတယ်

🍀ဦးနှောက်ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေတယ်

‼️မိန်းမကိုယ်ကနေအချွဲတွေဆင်းတာ များနေရင်သတိထားသင့်ပါတယ်‼️💁🏻‍♀️မိန်းမကိုယ်ကနေ သဘာဝအရကို အရည်ကြည်တွေ ထုတ်ပြီး မိန်းမကိုယ် ...
19/05/2024

‼️မိန်းမကိုယ်ကနေအချွဲတွေဆင်းတာ များနေရင်သတိထားသင့်ပါတယ်‼️

💁🏻‍♀️မိန်းမကိုယ်ကနေ သဘာဝအရကို အရည်ကြည်တွေ ထုတ်ပြီး မိန်းမကိုယ် သန့်စင်အောင်၊ ရောဂါပိုးတွေ ကင်းအောင် ကူညီပေးပါတယ်။ အမျိုးသမီးတစ်ယောက်က တစ်နေ့ကို လက်ဖက်ရည်ဇွန်းဝက်လောက် အရည်ကြည် ဆင်းပါတယ်။

💁🏻‍♀️အဖြူဆင်းတယ်လို့လည်း ပြောကြပြီး အများစုက အရည်ကြည်ကျဲကျဲ ဆင်းကြပါတယ်။ တစ်ခါတလေမှာတော့ အဖြူခပ်ပျစ်ပျစ် ဆင်းတာမျိုးလည်း ရှိပါတယ်။

အချွဲတွေဆင်းတာများနေရင် ဖြစ်နိုင်တာက..‼️

-သားဥကြွေတာ
-ကိုယ်ဝန်ရှိနေတာ
-လိင်စိတ်တက်ကြွတာ
-သွေးဆုံးချိန် နီးလာတာ စတာတွေပဲ ဖြစ်ပါတယ်။

💁🏻‍♀️ဒါတွေက သဘာဝအရပဲ ဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ အထူးသဖြင့် အရည်ကြည် ဒါမှမဟုတ် အဖြူ၊ အနံ့လည်း မပါဘူးဆိုရင် စိုးရိမ်စရာ မရှိပါဘူး။

💁🏻‍♀️မိန်းမကိုယ်ပိုးဝင်တာ၊ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် ဖြစ်တတ်ပေမယ့် ဒါက လက္ခဏာ ကွဲပါတယ်။

ဒါပေမဲ့…. 🚨

-အချွဲတွေက အရောင်တွေပါလာရင်
-အနံ့တွေ ဆိုးနေရင်
-ပမာဏ များလွန်းရင်
-ပျစ်နှစ်နေရင်တော့ အမြန်ဆုံးဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Address

Yangon

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959757511313

Website

Alerts

Be the first to know and let us send you an email when Care Hut Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Care Hut Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram