Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း

Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း, Medical and health, Yangon.

Hello 👋 အားလုံးဘဲမင်္ဂလာပါဒီနေ့မှာတော့ရာသီတုပ်ကွေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်မိုးရာသီ ရောက်ပြီဆိုတ...
20/06/2024

Hello 👋 အားလုံးဘဲမင်္ဂလာပါ
ဒီနေ့မှာတော့ရာသီတုပ်ကွေးနဲ့ပတ်သတ်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးချင်ပါတယ်
မိုးရာသီ ရောက်ပြီဆိုတော့ ကလေး လူကြီးဖျားနာတာတွေ ၊နှာစီး ၊ချောင်းဆိုးဖြစ်နေတော့ မေမေတွေစိတ်ညစ်နေပြီလား
ဒါမျိုးတွေမဖြစ်ရအောင်
တုပ်ကွေးကာကွယ်ဆေးကိုကြိုတင်ပြီးထိုးထားဖို့အကြံပြုချင်ပါတယ်
တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင်အောက်ပါအကြောင်းအရာများကိုလည်းသိထားဖို့လိုအပ်ပါတယ်

#ဘယ်သူတွေရာသီတုပ်ကွေးကာကွယ်ဆေးအထိုးသင့်ဆုံးလဲ

အခုပြောမယ့်သူတွေကတော့ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ပါတယ်
-အသက်ကြီးရွယ်အိုလူကြီးမိဘတွေ
ကိုယ်ဝန်ဆောင်မိခင်တွေ
ကလေးငယ်လေးတွေ
ကိုယ်ခံအားနည်းသူတွေ
ရောဂါအခံအမျိုးမျိူးရှိတဲ့သူတွေကတော့ကာကွယ်ဆေးထိုးဖို့ပိုပြီးလိုအပ်ပါတယ်။

#ဘယ်အရွယ်ကစပြီးကာကွယ်ဆေးထိုးလို့ရပြီလဲ

ရာသီတုပ်ကွေးကာကွယ်ဆေးကိုကလေးတွေထိုးဖို့လိုတယ်ဆိုပေမယ့် ကလေး၆လကျော်ပြီးမှသာကာကွယ်ဆေးထိုးလို့ရမှာပါ။

#တစ်ကြိမ်ထိုးရုံနဲ့လုံလောက်လား

ကာကွယ်ဆေးကတစ်နှစ်ကိုတစ်ကြိမ်ထိုးပေးဖို့လိုအပ်ပါတယ်။

#တုပ်ကွေးကာကွယ်ဆေးကြောင့်ဘယ်လိုလက္ခဏာတွေဖြစ်လာနိုင်လဲ

တုပ်ကွေးကာကွယ်ဆေး ခန္ဓာကိုယ်မှာဓာတ်ပြုတဲ့အခါကာကွယ်ဆေးထိုးပြီး တစ်ရက်နှစ်ရက်လောက်ကြွက်သားတွေ နာကျင်ကိုက်ခဲတာ အဖျားတတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။

#ကာကွယ်ဆေးကြောင့်ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲ

ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလေ ကာကွယ်ဆေးရဲ့ဓာတ်ပြုမှုကြောင့်ခန္ဓာကိုယ်မှာ အခုလိုဘေးထွက်ဆိုးကျိုးလေးတွေရှိနိုင်ပါတယ်
-အဖျားငွေ့ငွေ့လေးဖြစ်တာတို့
-ဆေးထိုးတဲ့နေရာကနာကျင်တာ
-အားကုန်ပြီးပင်ပန်းနွမ်းနယ်နေတာ
-အသက်ရှုခက်တာ
-ထုံကျင်ကိုက်ခဲတာစတဲ့လက္ခဏာတွေဖြစ်တတ်
ပါသည်။

#ဘယ်လိုလူမျိုးတွေမထိုးသင့်ဘူးလဲ

-ခုလက်ရှိအဖျားရှိနေတဲ့သူတွေ
-ကာကွယ်ဆေးနဲ့ဓာတ်မတည့်တဲ့သူတွေ စသည့်လက္ခဏာရှိတဲ့သူတွေကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကိုမထိုးသင့်ပါ

#တုပ်ကွေးကာကွယ်ဖို့တခြားဘာတွေလုပ်ပေးဖို့လိုမလဲ

တုပ်ကွေးကာကွယ်ဆေးထိုးတာကောင်းတဲ့အလေ့အထဆိုပေမယ့် ၁၀၀ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာမဟုတ်ပါဘူး။ဒါကြောင့်တစ်ခြားကာကွယ်ဖို့အနေနဲ့
-ခြင်ကိုက်မခံရအောင်ဂရုစိုက်ပါ
-ညအိပ်ချိန်ပြည့်ဝအောင်ဂရုစိုက်ပါ
-ကိုယ့်ခံအားကောင်းအောင်လေ့ကျင့်ခန်းသေချာလုပ်ပါ
-အာဟာရပြည့်ဝတဲ့အစားအသောက်ကိုစားပါ
-ရေများများသောက်ပါ
-စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ
လူဆိုတာ ကျန်းမာမှအလုပ်လုပ်နိုင်မှာ ဖြစ်ပြီးတော့အလုပ်ကိုဘဲ ဖိလုပ်နေပြီးတော့ ကိုယ့်ကျန်းမာရေးကိုပစ်ထားရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်
အဲ့အတွက်ကြောင့် အချိန်မလွန်ခင်တုပ်ကွေးကာကွယ်ဆေးထိုးဖို့ တိုက်တွန်းလိုက်ပါတယ်နော်😉
အဆုံးထိဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နော်🤍
အောင်ချမ်းသာဆေးခန်းမှာလည်း ၂၀၂၄အတွက်ရာသီတုပ်ကွေးကာကွယ်ဆေးထိုးလို့ရနေပြီဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ် 🩼👨‍⚕️

တားဆေးကဒ်များနှင့် Condomများကို ရွှေပေါက်ကံ အောင်ချမ်းသာဆေးခန်းတွင်အခမဲ့ရယူနိုင်ပါသည်။🥰တစ်ယောက်လျှင်တစ်ဘူးနှုန်း #ရွှေပ...
22/11/2023

တားဆေးကဒ်များနှင့် Condomများကို ရွှေပေါက်ကံ အောင်ချမ်းသာဆေးခန်းတွင်အခမဲ့ရယူနိုင်ပါသည်။🥰
တစ်ယောက်လျှင်တစ်ဘူးနှုန်း
#ရွှေပေါက်ကံမြို့နယ်အတွင်းသာ
ဆေးကဒ်၀ယ်ဖို့အဆင်မပြေသူများကိုပို၍ဦးစားပေးပါမည်

သတိပြုစရာ ခွေးရူးရောဂါ-------------------------ဆရာ၀န်ဖြစ်ကတည်းက ခွေးရူးပြန်ရောဂါကို ၂ခါပဲတွေ့ဖူးသေးတယ်။ပထတစ်ခါက အလုပ်သင်...
25/03/2022

သတိပြုစရာ ခွေးရူးရောဂါ
-------------------------
ဆရာ၀န်ဖြစ်ကတည်းက ခွေးရူးပြန်ရောဂါကို ၂ခါပဲတွေ့ဖူးသေးတယ်။ပထတစ်ခါက အလုပ်သင်ဆရာ၀န်ဘ၀တုန်းက ကလေးဆေးရုံမှာ...။ ဒုတိယတစ်ခါကတော့ ဆေးခန်းမှာ....

အဲ့ဒီနေ့တော့ တော်တော်ကိုအမှတ်တရဖြစ်ခဲ့တဲ့နေ့...ဆေးခန်းမှာလူနာရှုပ်တဲ့နေ့၊လူနာများတာမဟုတ်ဘူး...။လာတဲ့လူနာတွေလည်းကြည့်လိုက်ဦး၊ဆိုင်ကယ်မှောက်တဲ့လူနာက၂ယောက်။တစ်ယောက်အနာကကြီးတော့ ချုပ်ပေးရမှာ။ခေါင်းပေါ်သစ်သားချောင်းပြုတ်ကျပြီး ခေါင်းပေါက်တဲ့ လက်သမားဆရာက တစ်ယောက်၊သူလည်းချုပ်ရမှာပဲ....အိမ်အောက်မှာက နှလုံးရောဂါနှင့်အမေကြီးကို oxygenပေးထားရတယ်။ခေါင်းချုပ်နေတုန်းမှာပဲ အဲ့လူနာရောက်လာတာ....ကိုယ်လည်းချုပ်ရင်းနှင့်ပဲ မေးရတယ်။

ဘာဖြစ်လို့လဲ ဦးလေး

ထွေထွေထူးထူးတော့ဟုတ်ပါဘူး လက်ကအနာလေးလာပြတာပါ ဆရာလေး....

အနာက ဘယ်လိုကနေဘယ်လိုဖြစ်တာတုန်း၊ဖြစ်တာရောဘယ်လောက်ကြာပြီလဲဗျ

ယားလို့ကုတ်တာကနေစပြီးဖြစ်သွားတာပါ ၂ပတ်လောက်တော့ရှိပြီ ဆရာလေးရေ အခုမှပိုဆိုးလာလို့လာပြတာပါ။

အနာကိုကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ အသားနီလန်အောင်ကိုကုတ်ထားတာ အဆီတ၀င်း၀င်းကိုဖြစ်နေတယ်။တော်တော်ယားသလားဗျ...

ယားတာတော့မပြောပါနဲ့တော့ ကုတ်ထားတာသာကြည့်ပါတော့ ဆရာလေး

အမာရွတ်လေးက စယားပြီးကုတ်ရင်းကုတ်ရင်း ဒီလိုဖြစ်သွားတာပါဗျာ

နောက်ကော ဘာဖြစ်သေးလဲ၊ဘာလိုခံစားရသေးလဲ

လူကြီးကနူံးနေတယ်ဆရာ၊မနေ့ညကလည်းရေသောက်တာ နင်နေတယ် ဘယ်လိုမှသောက်မရဘူး....

ဘယ်လို ရေနင်တယ် ဟုတ်လား....?

ဟုတ်တယ် ဆရာလေး ရေနင်တာကတော့ ညတစ်ရေးနိူးလာမှဖြစ်နေတာ မနေ့က ရေခဲရေသောက်များသွားလို့လားနေမှာလည်ချောင်းတွေ နာနေသလိုပဲ

ဦးလေး တံတွေးမြိုချရင်ကော နာလား

မနာဘူး ဆရာလေး အစာစားလည်းမနာဘူး၊မနင်ဘူး ရေသောက်တာမှာပဲဖြစ်နေတာ

ဒါနဲ့ သူနှင့်ပါလာတဲ့သူ့သမီးကို မုန့်သွား၀ယ်ခိုင်းပြီး လူနာကို မုန့်စားခိုင်းကြည့်တော့ ဘာမှမဖြစ်ဘူး။ရေသောက်ခိုင်းတော့မှ စတော့တာပဲ...ရေခွက်ကိုယူပြီးပါးစပ်ကိုတေ့တဲ့အချိန်အထိအကောင်းပဲ၊ရေ၀င်တော့မှ ဖူးဖူးဆိုပြီး မှုတ်ထုတ်တယ်၊ရေခွက်ကလွတ်ကျသွားတယ်။လူကြည့်လိုက်တော့ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရသလိုဖြစ်သွားတာကိုတွေ့ရတယ်...။

ဦးလေး ခွေးကိုက်ခံရဖူးသေးလား...?

ဟုတ် လွန်ခဲ့တဲ့၂လလောက်တော့ အကိုက်ခံရဖူးပါတယ်၊အကြီးကြီးတော့မဟုတ်ဘူး။ပေါက်သွားပြီးသွေးစို့ရုံလေးပဲဖြစ်တာဆရာလေး အခုလက်အနာဖြစ်တဲ့နေရာကို အဟပ်ခံရတာပါ....

ဘယ်ကခွေး အကိုက်ခံရတာလဲဗျ

အိမ်ကခွေးပါဗျာ အခြားခွေး၀င်ကိုက်ပြီး နေမကောင်းဖြစ်နေတာ၊သူ့ကိုထမင်းသွားကျွေးနေတုန်း ဗြုန်းခနဲ လက်ကိုဟပ်လိုက်တာပါ ဆရာလေး

အဲ့ခွေးရော အခုရှိသေးလား?နေရောကောင်းရဲ့လား?

သေပြီ ဆရာလေး

ဘယ်လိုဖြစ်ပြီးသေသွားတာလဲဗျ....

ကျွန်တော်သတ်လိုက်တာပါ၊ကျွန်တော့ကိုပြန်ကိုက်လို့သတ်လိုက်တာပါ၊စိတ်ဆိုးပြီးသာသတ်လိုက်ရတယ်၊ရင်ထဲတော့မကောင်းဘူး။အရမ်းလိမ္မာတဲ့ခွေးလေး၊အရင်ကဆို ဘာလုပ်လုပ်ပြန်မကိုက်တဲ့ခွေး အခုနေမကောင်းတော့ စိတ်မကြည့်လို့ထင်ပါရဲ့ဗျာ....

သေချာပြီ ခွေးရူးပြန်ရောဂါပဲ။ယားတယ်၊လူနူံးတယ်၊အသိသာဆုံးအချက်ကတော့ ရေကြောက်တာပဲ။ဒါနဲ့ လူနာသားသမီးတွေကိုပြောရတယ်။လူနာကဆေးထိုးစရာမလိုပါဘူး။သောက်ဆေး၊လိမ်းဆေးဆိုရပါတယ်။ဦးလေး အိမ်ပြန်နှင့် ကျွန်တော် သူတို့ကိုဆေးပေးလိုက်မယ်၊လိမ်းဆေးကတော့ ၀ယ်ရမှာ...

လူနာပြန်သွားမှ သူ့သားသမီးတွေပြောရတယ်၊ခင်ဗျားတို့အဖေကတော့ ခွေးရူးပြန်ရောဂါဖြစ်နေဖို့များတယ်။ဆေးရုံသွားပါ...

မဖြစ်နိူင်တာ ဆရာလေးရယ် ကျွန်မတို့အဖေက အစာရေမြိုကျဉ်းတာပါ။

ဘယ်သူကပြောတာလဲဗျ

ဟိုဆရာကြီးကပြောလိုက်တာ သူကုပေးမယ်တဲ့ လက်ကအနာကိုသာ ဆရာလေးဆီသွားပြဆိုလို့ လာပြတာပါ...

(သူတို့ပြောတဲ့ဆရာကြီးဆိုတဲ့လူက ရမ်းကုကြီး၊အဲ့ငနဲ တလွဲလုပ်သမျှကို ရွာထဲက ဆရာ၀န်တွေကခံနေရတာ ထားပါတော့ ဒီအကြောင်းကို သပ်သပ်ရေးမှာ)

သွေးထွက်၊အသားနီလန်လောက်အောင် ကုတ်ရတဲ့အယားမျိုးကရှားတယ်ဗျ၊ဒါဖြစ်စေတဲ့အကြောင်းတွေထဲမှာ ခွေးရူးပြန်ရောဂါလည်းပါတယ်။နောက်ပြီး အစာရေမြိုကျဉ်းရင်လည်း အစာစားရလည်းခက်တယ်။အခုခင်ဗျားဆို့အဖေက အစာစားတော့ ဘာမှမဖြစ်ဘူး၊ရေသောက်တော့မှဖြစ်နေတာ၊ရေနင်တာဆို ြေဖြေးဖြေးခြင်းသောက်ရင်ရကောင်းရနိူင်ဦးမယ်၊အခုဟာက ရေကိုကြောက်နေတာ...ဆေးရုံသွားပြပါဗျာ

ဒါနဲ့သူတို့ပြန်သွားကြတယ်။ဆေးခန်းကိုသူတို့လာတုန်းက မနက် ၁၀နာရီသာသာလောက်ပဲရှိသေးတာ နေ့လည်၁နာရီလောက်ကျတော့ လူနာကစပြီးဖောက်လာလို့ ဆေးရုံသွားကြပါတယ်။ဆေးရုံကလည်း ဒါခွေးရူးပြန်တာ၊ကုလို့တော့မရတော့ဘူး၊ဒါပေမယ့် လူနာစောင့်တွေက ဝိုင်းတောင်းဆိုမှုကြောင့် ခွေးရူးပြန်ရောဂါကုသဆေး တစ်လုံးတော့ထိုးပေးလိုက်ပါတယ်။ဒါနဲ့သူတို့အိမ်ပြန်လာတယ်။ညနေ၅နာရီမှာ လူနာဆုံးပါတယ်....အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ။

အကယ်၍ခွေးအကိုက်ခံရလျှင် ခွေးကို မသတ်ပါနဲ့ ၊ခွေးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ခွေးကိုက်ခံရတဲ့ ဒဏရာကို ရေများများနှင့် အနည်းဆုံး၁၅မိနစ်ခန့်ကြာအောင်ဆေးပါ၊ဆပ်ပြာသုံးစွဲနိူင်ပါတယ်။ရေဆေးပြီး အရက်ပြန်ဖြင့်သန့်စင်ပါ၊ပြီးရင် tincture of iodineနှင့်ထပ်မံ သန့်စင်ပါ၊နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုအမြန်ဆုံးသွားပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို အဆင့်၃ဆင့်ခွဲပါတယ်။

အဆင့်၁.....ထိတွေ့ရုံ၊အရေပြားအကောင်းပေါ်ကိုလျှာဖြင့်အလျက်ခံရခြင်း။

အဆင့်၂.....အကိုက်မခံသော်လည်း ငုံခဲခံရခြင်း၊သွေးမထွက်ဘဲ ပွန်းရာခြစ်ရာရှိခြင်း

အဆင့်၃.....အရေပြားပေါက်ပြဲပြိ်းသွေးထွက်အောင် အကိုက်ခံရ၊အကုတ်ခံရခြင်း၊အနာပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း

အဆင့်၁အတွက်ကတော့ ခွေးမရူးကြောင်းသေချာသိလျှင် ကုသရန်မလိုပါဘူး။

အဆင့်၂အတွက်မှာတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး(eg verorab,ravibar)ထိုးဖို့ လိုအပ်လာပါပြီ။ကာကွယ်ဆေးထိုးရာမှာ ၂နည်းရှိပါတယ်။ပထမနည်းကတော့အကိုက်ခံရခြင်းတစ်လုံးထိုး၊နောက်၃ရက်မြောက်မှာတစ်လုံး၊နောက်၇ရက်မြောက်နေ့မှာတစ်လုံး၊နောက်၁၄ရက်မြောက်နေ့မှာတစ်လုံး၊နောက် ၂၈ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း၅လုံးထိုးရပါမယ်။

နောက်တစ်နည်းက စစခြင်းကာကွယ်ဆေး၂လုံးကိုတစ်ခါတည်းထိုးရပါမယ်။နောက်၇ရက်မြောက်နေ့မှာ တစ်လုံး၊နောက်၂၁ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်းဆေး၄လုံးထိုးရပါတယ်။ကြိုက်တဲ့နည်းနှင့်ထိုးလို့ရပါတယ်။လူကြီးဆိုရင် လက်မောင်း၊ကလေးဆိုရင် ပေါင်အရှေ့ဘက်ထိုးရပါမယ်။ကာကွယ်ဆေးထိုးနေတုန်း ခွေးမရူးကြောင်းသေချာသိရင် ဆေးထိုးတာကို ရပ်ချင်ပါကရပ်နိူင်ပါတယ်။

အဆင့်၃အတွက်ကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးရော၊ကုသဆေး(RIG) (eg favirab,equirab)ပါထိုးဖို့လိုအပ်လာပါတယ်။ကာကွယ်ဆေးကတော့အဆင့်၂အတိုင်းကလိုပါပဲ။ကုသဆေးကတော့ ကိုယ်အလေးချိန်နှင့်တွက်ပြီးမှထိုးရပါတယ်။human RIGဆိုရင် 20IU/kg of body weightပါ၊Equine RIGဆိုရင် 40IU/kg of body weightပါ။ပုံမှန်အားဖြင့်လူကြီးဆိုဆေးနှစ်လုံး၊ကလေးဆိုဆေးတစ်လုံးကုန်လေ့ရှိပါတယ်။ဆေးကို ဒဏ်အတွင်းနှင့် ဒဏ်ရာပတ်လည်ကိုထိုးရပါတယ်။ပိုတဲ့ဆေးတွေကို ကာကွယ်ဆေးထိုးတဲ့နေရာနှင့်ဝေးတဲ့နေရာမှာ အသားဆေးထိုးရပါတယ်။ကာကွယ်ဆေးထိုးတဲ့နေရာဆန့်ကျင်ဖက်မှာထိုးရမှာပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို မလိုအပ်ပဲချုပ်လေ့မရှိပါဘူး။ချုပ်ဖို့လိုအပ်လာရင်လည်း RIGဆေးအရင်ထိုးပြီး နာရီအနည်းငယ်ကြာမှချုပ်ပါတယ်။

အရင်က ကာကွယ်ဆေးအပြည့်ထိုးဖူးတဲ့သူများ ခွေးပြန်အကိုက်ခံရပါကကာကွယ်ဆေးပဲပြန်ထိုးဖို့လိုအပ်ပါတော့တယ်။ အကိုက်ခံရခြင်းတစ်လုံး၊နောက်၃ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း ၂လုံးပဲထိုးရတော့မှာပါ။

ဆေးတွေအားလုံးရဲ့စုစုပေါင်းတန်ဖိုးက အများသောအားဖြင့်၁သိန်းနီးပါးပဲကျပါတယ်။ကလေးဆို ၆သောင်း၊၇သောင်းပါ။ကျွန်တော့ဆရာတွေပြောသလိုပဲ ခွေးရူးပြန်ရောဂါဆိုတာ ခွေးအကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထား၊မဟုတ်ရင် ခွေးရူးပြန်ရောဂါလက္ခဏာ တစ်ခုပေါ်လာတာနဲ့ ရာနှုန်းပြည့်သေပါတယ်၊ကုသလို့မရသေးပါဘူးတဲ့......ဒါကြောင့်ခွေးအကိုက်ခံရပါကငွေ၁သိန်းကိုမမြင်ကြဘဲ ကာကွယ်ဆေးထိုးကြပါလို့တိုက်တွန်းပါရစေ

Once clinical symptoms appear, rabies is virtually 100% fatal.
ခွေးရူးလက္ခဏာတွေ ပေါ်လာတာနဲ့ 100% နီးပါး သေဆုံးနှုန်းရှိတာမို့ ခွေးကိုက်ခံရလျှင် နီးစပ်ရာဆေးရုံ/ခန်းသို့သွားပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း (ခွေးရူးကာကွယ်ဆေးထိုးခြင်း၊ မေးခိုင်ကာကွယ်ဆေးထိုးခြင်း၊ အနာဆေးကြောသန့်စင်ခြင်းများ) တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုပါတယ်ဗျာ

16/08/2021

16.8.21 တနင်္လာနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

06/08/2021

7.8.21 စနေနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်
ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

30/07/2021

31.7.21 စနေနေ့မနက်ပိုင်းဆေးခန်းပိတ်ပါသည်ရှင်
ညနေပိုင်းကိုတော့ပုံမှန်အတိုင်း 4နာရီမှ 8 နာရီထိဖွင့်လှစ်ပါမည်။

မင်္ဂလာပါရှင်အောင်ချမ်းသာဆေးခန်းမှကြိုဆိုလိုက်ပါတယ်“အောင်ချမ်းသာ”ဆေးခန်းကို နေ့စဉ်ပုံမှန်မနက် ၈ နာရီ မှ ၁၂ နာရီထိညနေ 4 န...
14/07/2021

မင်္ဂလာပါရှင်
အောင်ချမ်းသာဆေးခန်းမှကြိုဆိုလိုက်ပါတယ်
“အောင်ချမ်းသာ”ဆေးခန်းကို နေ့စဉ်ပုံမှန်
မနက် ၈ နာရီ မှ ၁၂ နာရီထိ
ညနေ 4 နာရီ မှ 9 နာရီထိ
(ပိတ်ရက်)မရှိဖွင့်လှစ်နေပါပြီ

ရာသီတုတ်ကွေးကာကွယ်ဆေးထိုးလို့ရနိုင်ပါသည်

ဆေးကုစမ်းသပ်ခများကိုလည်းအတက်နိုင်ဆုံးစျေးနှုန်းချိုသာစွာဆောင်ရွက်ပေးနေပါသည် ။

Booking ပေးလိုလျှင် 09773866014☎️ ဖုန်းနံပါတ်အားဆက် သွယ်နိုင်ပါသည်ရှင် ဆေးခန်းကိုလူကိုယ်တိုင်လာရောက်၍လည်း စာအုပ်ထပ်နိုင်ပါသည်။

Address

Yangon

Opening Hours

Monday 16:30 - 20:00
Tuesday 16:30 - 20:00
Wednesday 16:30 - 20:00
Thursday 16:30 - 20:00
Friday 16:30 - 20:00
Saturday 16:30 - 20:00
Sunday 16:30 - 20:00

Telephone

+959773866014

Website

Alerts

Be the first to know and let us send you an email when Aung Chan Thar Clinic -အောင်ချမ်းသာဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram