20/04/2026
သွားကျန်းမာရေးဟာ ခံတွင်းအတွက်သာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက်ပါ အရေးပါပါတယ်✨
သွားပိုးစားတာ၊ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါ၊ ဆီးချိုနဲ့ လေဖြတ်တာလိုမျိုး ရောဂါတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာမှုတွေအရ တွေ့ရှိထားပြီးဖြစ်ပါတယ်။
ဒါကြောင့် နေ့စဉ်မှန်မှန်ဂရုစိုက်ပေးခြင်းအားဖြင့် ဒီလိုပြဿနာတွေကို ကာကွယ်နိုင်မှာပါ။ ဒါတင်မက ပုံမှန် သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ အိမ်မှာဆောင်ထားသင့်တဲ့ သွားပစ္စည်းတွေကတော့
✨သွားတိုက်တံ (Toothbrush) : သွားပိုးစားတာကို ကာကွယ်ဖို့နဲ့ အစားအသောက်အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် အရေးကြီးဆုံးအရာပါ။ သွားတိုက်တံကို ၃ လတစ်ကြိမ် ပုံမှန်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။
✨သွားပွတ်ကြိုး (Dental Floss) : သွားတိုက်တံနဲ့ မရောက်နိုင်တဲ့ သွားကြားနေရာတွေက အစားအသောက်အကြွင်းအကျန်တွေကို သန့်စင်ဖို့အတွက်ပါ။ သွားပွတ်ကြိုး ပုံမှန်သုံးခြင်းက သွားဖုံးရောဂါဖြစ်တာကို သိသိသာသာ လျော့နည်းစေပါတယ်။
✨ခံတွင်းသန့်စင်ဆေးရည် (Mouthwash) : ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ခံတွင်းနံ့ဆိုးတာကို ကာကွယ်ပေးပါတယ်။ သွားတိုက်တာနဲ့ သွားပွတ်ကြိုးသုံးတာအပြင် အပိုဆောင်းသန့်ရှင်းရေးတစ်ခုအနေနဲ့ သုံးသင့်ပါတယ်။
✨Mouth Guard : အားကစားလုပ်သူတွေ၊ ဒါမှမဟုတ် ညဘက် သွားကြိတ်တတ်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ သွားကြိတ်တဲ့အကျင့် ကနေ သွားတွေကို အက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒီလိုအရည်အသွေးမြင့်မားတဲ့ အိမ်သုံးသွားကျန်းမာရေးပစ္စည်းတွေကို Jasmine Dental Center မှာဝယ်ယူ၍ရရှိနိုင်ပါတယ်။ သင့်ရဲ့အပြုံးလေး လှပပြီး ကျန်းမာနေစေဖို့ အသေးစိတ်သိရှိလိုပါက လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်👩⚕️
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊
ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>https://maps.app.goo.gl/n9w7afym56yyZh5W8
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>https://maps.app.goo.gl/n9ngpQrJd7K1tfjz7