Health Hub Thailand

Health Hub Thailand Medical appointment , Thailand Hospital Visit, Medical Tourism, Surgery, In-Patient, medical Check up. Beauty Clinic

26/05/2025

Bangkok တွင် စျေးအသက်သာဆုံး၊ကျယ်ဝန်းသော အငှားအမြန်ဆုံးနှင့် ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံး ကွန်ဒိုကို မြန်မာကျပ်ငွေ သိန်း ၆၆၀ သွင်းလိုက်တာနှင့် အသင့်နေထိုင်နိုင်မှာဖြစ်ပါတယ်

Greater Bangkok Northern Transport Net တွင်တည်ရှိပြီး THB50,000 psm မှ စတင်ကာ အချိုသာဆုံးစျေးဖြင့် ဝယ်ယူနိုင်ပါသည်။

TWIZE RANGSIT သည် တက္ကသိုလ် 15 ခုဖြင့်ဝန်းရံထားပြီး Don Mueng လေဆိပ်မှ MRT ဘူတာရုံ ၂ ခု၊
ဒေသတွင်း စျေးကွက်များ၊ စားသောက်ဆိုင်များ၊ အသိုင်းအဝိုင်းများ နှင့် ဝန်းရံထားပြီး အကြီးမားဆုံးသော Bangkok Shopping Mall Rangsit Future Park (Robinson၊Central၊ Tops နှင့် ဆိုင်ခန်းပေါင်း 1500 ကျော်)၊ ဆေးရုံမှ မီတာ 200 ကျော်၊ နိုင်ငံတကာကျောင်းများ၊ တက္ကသိုလ်များ၊ သန့်ရှင်းသပ်ရပ်သောစျေးနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်များဖြင့် ဝန်းရံထားသော ကွန်ဒိုတခုဖြစ်သည်။ Singapore စနစ်တခုဖြစ်သော Dual Key System ကိုလဲ ထည့်သွင်းတည်ဆောက်ထားတာဖြစ်လို့ တခန်းထဲ ဝယ်ယူရုံဖြင့် မိသားစုလဲ နေထိုင်နိုင်သလို အငှားပိုင်းကိုပါ တပြိုင်တည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Standby Student Tenants ရရှိနိုင်ပြီး ကောလိပ်ကျောင်းသားများအနေဖြင့်လဲ 30% Downpayment ပေးချေရုံဖြင့် နေထိုင်နိုင်မှာဖြစ်ပြီး ကျောင်းတက်ရင်း လက်ကျန်ငွေကို ၁၈လအရစ်ကျ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။ 62 sqm 2bedroom ကို 3M THB ဖြင့် သင့်ကလေးငယ်များအတွက် ပညာရေး၊ ရင်းနှီးမြုပ်နှံရန် သို့မဟုတ် ကိုယ်ပိုင်နေထိုင်ရန်အတွက် အခုဘဲ ဝယ်ယူနိုင်ပါပြီ။

မဂ်လာပါ 🙏 Edu & Health Hub Academy မှကြိုဆိုပါတယ်။သိုင်းရွိုက်ရောဂါများအားလုံးကို သိုင်းရွိုက်လုပ်ဆောင်မှု ပုံမှန်ဖြစ်စေ...
02/03/2023

မဂ်လာပါ 🙏
Edu & Health Hub Academy မှကြိုဆိုပါတယ်။
သိုင်းရွိုက်ရောဂါများအားလုံးကို သိုင်းရွိုက်လုပ်ဆောင်မှု ပုံမှန်ဖြစ်စေတဲ့အထိ ကုသလို့ရနိုင်ပါတယ်။ သို့ပေမယ့် သိုင်းရွိုက်အခြေအနေကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းရန်အတွက် မကြာခဏ ဆေးသောက်နေရန် လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာ သိုင်းရွိုက်ရောဂါရှိနေပါက သိုင်းရွိုက်ဟော်မုန်းပမာဏ အတက်အကျ ဖြစ်ခြင်းကို အခါအားလျော်စွာ ခံစားရနိုင်ပါတယ်။ သိုင်းရွိုက်ရောဂါ တိုးလာတာနဲ့အမျှ အဆိုပါ အတက်အကျများ ဖြစ်ပေါ်လာနိုင်ပါတယ်။ သိုင်းရွိုက်ကင်ဆာရှိသော လူနာအများစုဟာ ခွဲစိတ်မှုနှင့် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း ကုသမှုများဖြင့် ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းသွားချိန်မှာ ကုထုံးများဖြင့် ကုသခြင်း ကြောင့် သိုင်းရွိုက်ဟော်မုန်းကို တစ်သက်လုံး အမြဲအစားထိုးနေရန် လိုအပ်တဲ့ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (hypothyroidism) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

👉 သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroidism)
သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroidism)ရဲ့ အဖြစ်အများဆုံး အကြောင်းရင်းမှာ Graves' disease ဖြစ်ပြီး autoimmune ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Graves' ရောဂါကြောင့်ဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်းများခြင်း (Hyperthyroidism) ဆိုတာ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းများက သိုင်းရွိုက်ဂလင်းကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ Antithyroid ဆေးများ၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းနှင့် ခွဲစိတ်ကုသမှုများက ထိရောက်သော ကုသမှုများဖြစ်ပြီး သိုင်းရွိုက်လုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ဆောင်ပေး နိုင်ပါတယ်။ ရေဒီယို သတ္တိကြွအိုင်အိုဒင်းနှင့် ခွဲစိတ်မှုဟာ သိုင်းရွိုက်ကို ဖယ်ရှားလိုက်ခြင်းဖြင့် hyperthyroidism ကို ကုသနိုင်ပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ကိုလှုံ့ဆော်ပေးတဲ့ ပဋိပစ္စည်းများဟာ အဆိုပါကုသမှုများကြောင့် ထိခိုက်မှုမရှိနိုင်သောကြောင့် Graves' ရောဂါကိုဖြစ်စေတဲ့ အကြောင်းတရားကတော့ ဆက်လက်တည်ရှိနေ ပါတယ်။ ရံဖန်ရံခါမှာတော့၊ သိုင်းရွိုက်ကို လှုံ့ဆော်ပေးတဲ့ ပဋိပစ္စည်းများဟာ သိုင်းရွိုက်ဆေးများဖြင့် ကုသသော လူနာများမှာ ပျောက်ကွယ်သွားတဲ့အတွက် Graves' ရောဂါကို သက်သာပျောက်ကင်းစေပြီး ဆေးဝါးများကို ရပ်ဆိုင်းလိုက်လို့ရပါတယ်။ ဒါပေမယ့် သိုင်းရွိုက်ကိုလှုံ့ဆော်ပေးသော ပဋိပစ္စည်းများ ပြန်ထွက်လာရင်တော့ Graves’ ရောဂါကို ပြန်လည်ဖြစ်ပွားစေနိုင်ပါတယ်။

👉 သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroidism)
Hashimoto သိုင်းရွိုက်ရောင်ရမ်းမှုကြောင့်ဖြစ်သော သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (hypothyroidism) ဆိုတာ ပဋိပစ္စည်းများက သိုင်းရွိုက်ကို တိုက်ခိုက် ဖျက်ဆီးခြင်းကြောင့် ဖြစ်တာပါ။ Hashimoto's disease ဆိုတာ သိုင်းရွိုက်ဂလင်းကို ထိခိုက်စေသော autoimmune ရောဂါတစ်မျိုးဖြစ်ပါတယ်။ Hashimotoရောဂါမှာ ခုခံအားစနစ်ဆဲလ်များက သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်တဲ့ဆဲလ်များကိုသေဆုံးစေတာပါ။ အဆိုပါရောဂါဟာ အများအားဖြင့် သိုင်းရွိုက် ဟော်မုန်းထုတ်လုပ်မှု ကျဆင်းခြင်း (hypothyroidism) ကိုဖြစ်စေပါတယ်။ သိုင်းရွိုက်ဟော်မုန်း အစားထိုးခြင်းဖြင့် ခန္ဓာကိုယ်ရှိ သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်အောင် ပြန်လည်လုပ်ဆောင်သော်လည်း သိုင်းရွိုက်ကိုတိုက်ခိုက်တဲ့ ပဋိပစ္စည်းများ ကျန်ရှိနေပါတယ်။ ဒါ့ကြောင့် hypothyroidism (သိုင်းရွိုက်ဂလင်းအလုပ်ကောင်းကောင်းမလုပ်ခြင်း) ရှိနေပြီး သိုင်းရွိုက်ဟော်မုန်း အစားထိုး ကုထုံးဖြင့် ကုသမှုခံယူနေပေမယ့်လည်း ရောဂါဟာ သူ့အလိုလို ပျောက်ကွယ်သွားမှာ မဟုတ်သောကြောင့် ဆေးကို အစဥ်အမြဲ ဆက်လက်သောက်သုံးရန် လိုအပ်မှာ ဖြစ်ပါတယ်။

👉သူ့အလိုလို ပျောက်သော သိုင်းရွိုက်ရောဂါများ
သားဖွားပြီးနောက် သိုင်းရွိုက်ရောင်ခြင်း နှင့် subacute thyroiditis ကဲ့သို့သော သိုင်းရွိုက်ပြဿနာများဟာ ကုသစရာမလိုဘဲ သူ့အလိုလိုပျောက်ကင်းနိုင်ပါတယ်။ သို့သော် သားဖွားပြီးနောက် သိုင်းရွိုက်ရောင်ခြင်းဟာ နောက်တစ်ခေါက် ကိုယ်ဝန်ဆောင်ရင် ပြန်ဖြစ်တတ်ပါတယ်။

Hashimoto's thyroiditis နှင့် Graves' disease ကဲ့သို့သော Autoimmune သိုင်းရွိုက်ရောဂါများဟာ ကုသ၍မရသော နာတာရှည်ရောဂါများဖြစ်ပါတယ်။ သို့သော် သင့်လျော်သောကုသမှုများဖြင့် ရောဂါလက္ခဏာ များကို သက်သာစေနိုင်ပြီး ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ အချို့ကိစ္စများတွင် ရောဂါ သက်သာပျောက်ကင်း သွားသော်လည်း သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်ကို ဆက်လက်စောင့်ကြည့်ရန်နှင့် ဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှု ခံယူနေရန် အရေးကြီးပါတယ်။

အချုပ်အားဖြင့်ဆိုရသော် သိုင်းရွိုက်ရောဂါအတွက် အရေးအကြီးဆုံး ကဏ္ဍမှာ ရောဂါ၏ အရင်းခံ အကြောင်းရင်း ကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း သိုင်းရွိုက်ရဲ့ လုပ်ဆောင်ချက်ကို ပုံမှန်ဖြစ်အောင် ပြန်လည် လုပ်ဆောင်ပေးစေနိုင်တဲ့ ထိရောက်သော ကုသနည်းများ ရှိနေခြင်းပဲဖြစ်ပါတယ်။ သိုင်းရွိုက်ရောဂါကို ရှာဖွေ တွေ့ရှိပြီးတာနဲ့ လူနာများအနေနဲ့ သူတို့သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်ရွက်မှုများ အကောင်းဆုံးအဆင့်တွင် ရှိနေကြောင်း သေချာစေရန်အတွက် ရေရှည် ဆေးကုသမှု ခံယူရန် လိုအပ်ပါတယ်။

ဒါကြောင့် သင့်အခြေအနေကို ဂရုစိုက်ပေးနိုင်တဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ မှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ ဆေးရုံတွေမှာ ဆေးကုသမှုခံယူဖို့အတွက် သေချာရွေးချယ်နိုင်ရန်မှာ အရေးကြီးလှပါတယ်။

ပရာနိုင်းဆေးရုံတွင် သိုင်းရွိုက်နှင့် သိုင်းရွိုက် အထူးပြုကုသမှု စင်တာရှိပြီး ကျွမ်းကျင်သော ဆေးဝါးအဖွဲ့များ၊ အတွေ့ကြုံပြည့်ဝသော အထူးကုဆရာဝန်များ နှင့် နောက်ဆုံးပေါ် စက်ကိရိယာများကို ထားရှိထားသောကြောင့် စိတ်ချယုံကြည်စွာ လာရောက် ဆေးကုသနိုင်ပါတယ်။ အသေးစိတ်ကို စုံစမ်းမေးမြန်းရန်နှင့် သိုင်းရွိုက်ရောဂါအကြောင်း ပိုမိုသိရှိလိုပါက Message သို့မဟုတ် ဖုန်းနံပါတ်ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Yangon ☎️+959793990685
(Time City Mall Ground floor)
Viber : +959793990685
Thailand ☎️ +66990906134
Line : servicesbkk




မဂ်လာပါ သတင်းကောင်းလေးကြေငြာပါရစေ🙏"ချစ်ခြင်းဖြင့် လှပစွာပြုံးလိုက်ပါ"😀သင်၏ သွားကျန်းမာရေးစစ်ဆေးခြင်းအတွက် အထူးအစီအစဉ်တစ်...
02/03/2023

မဂ်လာပါ သတင်းကောင်းလေးကြေငြာပါရစေ🙏
"ချစ်ခြင်းဖြင့် လှပစွာပြုံးလိုက်ပါ"😀
သင်၏ သွားကျန်းမာရေးစစ်ဆေးခြင်းအတွက် အထူးအစီအစဉ်တစ်ခု

*၂ယောက်ကို ဘတ် ၈၀၀*

၎င်းဈေးနှုန်းထဲတွင် ဆေးဘက်ဆိုင်ရာပစ္စည်းနှင့် ဝန်ဆောင်ခပါဝင်ပါသည်

(ဓာတ်မှန်အဖိုးအခတော့မပါဝင်ပါ)

*ယနေ့မှစ ၃၀ ရက်နေ့ ဧပြီလ ၂၀၂၃ အထိ အကျုံးဝင်ပါသည်

ချက်ဘောက်စ်ကနေဖြစ်စေ ကြိုတင်ရက်ချိန်းယူနိုင်ပါသည်
ဆေးရုံရက်ချိန်းနေ့အတွက် ဟိုတယ်ကနေ ဆေးရုံ၊ ဆေးရုံပြသပြီးချိန်တွင် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်

🙏"ရောဂါအနာဘယတွေကင်းဝေးကာ ကျန်းမာပျော်ရွှင်ဖွယ်ရာနေ့ရက်များကို အစဉ်ပိုင်ဆိုင်နိုင်ကြပါစေ"🙏

Yangon ☎️+959793990685
(Time City Mall Ground floor)
Viber : +959793990685
Thailand ☎️ +66990906134
Line : servicesbkk

#



မဂ်လာပါ 🙏❤ Praram 9 ဆေးရုံရှိ  နှစ်ပတ်လည်ဆေးစစ်ပက်ကေ့ချ် ကူပွန် (Anniversary Packages) များကို ဝယ်ယူထားသော မိတ်ဆွေများအတ...
24/02/2023

မဂ်လာပါ 🙏❤
Praram 9 ဆေးရုံရှိ နှစ်ပတ်လည်ဆေးစစ်ပက်ကေ့ချ် ကူပွန် (Anniversary Packages) များကို ဝယ်ယူထားသော မိတ်ဆွေများအတွက် ထိုပရိုမိုးရှင်းအား နောက်ဆုံးအသုံးပြုနိုင်မည့် ရက်စွဲအား ကြေငြာလိုပါတယ်။ ပရာနိုင်းဆေးရုံ၏ Anniversary Packages များမှာ

🎗၂၇ နှစ်ပြည့် Anniversary Package
🎗၂၈ နှစ်ပြည့် Anniversary Package
🎗၂၉ နှစ်ပြည့် Anniversary Package
🎗နှစ် ၃၀ ပြည့် Anniversary Package

အထက်ဖော်ပြပါ ဆေးစစ်ဆေးနိုင်သည့် Anniversary Package များအားလုံးကို ၃၁ရက် မေလ ၂၀၂၃ ခုနှစ် တွင် ရပ်စဲခြင်းများပြုလုပ်သွားမှာဖြစ်ပါတယ်။ ထို့ကြောင့် အဆိုပါပက်ကေ့ချ်များကို ဝယ်ယူထားပြီး အသုံးမပြုရသေးသော မိတ်ဆွေများအားလုံး ကျေးဇူးပြု၍ ၃၁ရက် မေလ ၂၀၂၃ ခုနှစ် ထက် နောက်မကျစေဘဲ ထိုဆေးစစ်ဆေးမှုကူပွန်များကို အသုံးပြုရန် သတိပေးကြေငြာအပ်ပါတယ်။

၃၁ရက် မေလ ၂၀၂၃ ခုနှစ် နောက်ပိုင်း အသုံးပြုသည့် Anniversary Package ကူပွန်များအားလုံးသည် အကျုံးဝင်တော့မည်မဟုတ်ပါ။

ဆေးကုသမှုနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက inbox မှတဆင့် ဆက်သွယ်စုံစမ်းနိုင်သလို အောက်ပါဖုန်းနံပါတ်များကိုလဲ ခေါ်ဆိုနိုင်ပါတယ်။

Yangon ☎️+959793990685
(Time City Mall Ground floor)
Viber : +959793990685
Thailand ☎️ +66990906134
Line : servicesbkk

💚 သင့်ကျန်းမာရေးအတွက် ယုံကြည်စိတ်ချရသော Praram 9 ဆေးရုံကို ရွေးချယ်လိုက်ပါ။

Address

Yangon
10310

Telephone

+959793990685

Website

Alerts

Be the first to know and let us send you an email when Health Hub Thailand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Hub Thailand:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram