Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ

  • Home
  • Myanmar
  • Yangon
  • Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ

Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ, Hospital, No. (935), Maung Makan Kanthar Road, South Dagon, Yangon.

📣❗️𝐖𝐄’𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆 ❗️📣တောင်ဒဂုံမြို့နယ်ရှိ Grand Yangon Hospital တွင် တာ၀န်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ‌ေခါ်ယူလျက်ရှိ...
03/05/2025

📣❗️𝐖𝐄’𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆 ❗️📣

တောင်ဒဂုံမြို့နယ်ရှိ Grand Yangon Hospital တွင် တာ၀န်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများ‌ေခါ်ယူလျက်ရှိပါသဖြင့် အောက်ပါ Job Position အား အလုပ်ခေါ်ယူလျှက်ရှိနေပြီတာကြောင့် စိတ်ပါဝင်စားသူများအားလုံးလာရောက်လျှောက်ထားနိုင်ပါရန် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ …

*Position Title*
Nurse's Aide - (F-2 posts)
Pharmacist Aide - (F-2 posts)
Cashier - (F-2 posts)
Receptionist - (F-2 posts)
Cleanner - (F-2 posts)

💢 Nurse Aide - ( F- 2 Posts)💢
💠Job Requirement shall be as follow:
· Must have minimum education of high school
· Must hold the Certificate of Nurse Aide Training
· Must have at least 2 years working experiences with Nurse Aide in Hospitals.
· Able to use Microsoft Office (Word, Excel)
· Able to work with a team
· Able to work with a day shift and night shift
· Good Communication skills and interpersonal skills

Pharmacist Aide - (F-2 Posts)
> ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ်လက်၀ယ်ရှိသူဖြစ်၍ လုပ်ငန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
> အသက် (၂၁ ) နှစ်နှင့်အထက်ရှိရမည်။
> ဆေးဝါးများအား နားလည်သိရှိ၍ ဆေးအ၀င်အထွက် စာရင်းများအား computer ဖြင့်ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရမည်။
> စာရင်းဇယား ပိုင်နိုင်ကျွမ်းကျင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာ၀န်ယူဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
> English 4 Skills အသင့်အတင့်ရှိရမည်။
> Computer Basic ကျွမ်းကျင်သူ၊ English Font
နှင့် Myanmar font များကို ကျွမ်းကျင်စွာစာစီစာရိုက်ပြုလုပ်နိုင်ရမည်။
> လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူဖြစ်ရပါမည်။
> ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး နေ့ဆိုင်း/ ညဆိုင်း အလှည့်ကျအလှည့်ကျ အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
> ကုမ္ပဏီမှချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
> တောင်ဒဂုံမြို့နယ်နှင့် အနီးစပ်ဆုံးနေထိုင်သူများကို ဦးစားပေးခန့်အပ်သွားပါမည်။

Cashier - (F-2 posts)
ဘွဲ့ရ (or) ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
* LCCI တက်ရောက်ဖူးသူဖြစ်ပါက ဦးစားပေးမည်။
* သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁) နှစ် အထက်ရှိရမည်။
* ဘဏ် ငွေသွင်း/ငွေထုတ် ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရမည်
* Computer ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
* သင်ယူလိုစိတ်ရှိပြီး ရိုးသားကြိုးစားရမည်။
* အသင်းအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

Receptionist - (F-2 posts)
*Requirements*
============
✅ အထက်တန်းအောင် (သို့) ဘွဲ့ရဖြစ်ရမည်။
✅ အသက် (၂၀-၂၅)နှစ်အတွင်း ဖြစ်ရမည်။
✅ ရုပ်ရည် ပြေပြစ်ပြီး အိမ်ထောင်မရှိသူ ဖြစ်ရမည်။
✅ ဆေးရုံ ဆေးခန်းများတွင် လုပ်ကိုင်ဖူးသူ ဖြစ်ရမည်။
✅ အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိသူ ဖြစ်ရမည်။
✅ Computer (Word, Excel, Power Point, E-mail) အသုံးပြုတတ်သူ ဖြစ်ရမည်။
✅ အင်္ဂလိပ်စာ အခြေခံ ရှိသူ ဖြစ်ရမည်။
>လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
> လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူဖြစ်ရပါမည်။
> ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး နေ့ဆိုင်း/ ညဆိုင်း အလှည့်ကျအလှည့်ကျ အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
> ကုမ္ပဏီမှချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
> တောင်ဒဂုံမြို့နယ်နှင့် အနီးစပ်ဆုံးနေထိုင်သူများကို ဦးစားပေးခန့်အပ်သွားပါမည်။

Cleanner - (F-2 posts)
>လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
> လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူဖြစ်ရပါမည်။
> ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး နေ့ဆိုင်း/ ညဆိုင်း အလှည့်ကျအလှည့်ကျ အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
> ကုမ္ပဏီမှချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
> တောင်ဒဂုံမြို့နယ်နှင့် အနီးစပ်ဆုံးနေထိုင်သူများကို ဦးစားပေးခန့်အပ်သွားပါမည်။

အထက်ဖော်ပြပါ ရာထူးများအတွက်
*လိုအပ်သော စာရွက်စာတမ်းများ*
=========================

✅ CV ဖောင်အပြည့်အစုံ။
✅ သင်တန်းလက်မှတ်များမိတ္တူ။(ရှိလျှင်)
✅ မှတ်ပုံတင်မိတ္တူ။
✅ လိုင်စင်ဓါတ်ပုံ (2)ပုံ။
✅ အိမ်ထောင်စုဇယား မိတ္တူ။
စတဲ့ အချက်အလက်အပြည့်အစုံများ ယူဆောင်လာပြီး ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

📱 Viber - 09940402288/ 09940402277 သို့ CV form ပို့၍လည်း လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ :
Grand Yangon Hospital
🏨 No.(935), Maung Makan Kanthar St, South Dagon Tsp, Yangon.
📱09-940402266 , 09940402277

27/04/2025

📣❗️𝐖𝐄’𝐑𝐄 𝐇𝐈𝐑𝐈𝐍𝐆 ❗️📣

တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော Grand Yangon Hospital တွင် တာ၀န်ထမ်းဆောင်နိုင်ရန်အတွက် ဝန်ထမ်းများအမြန်အလိုရှိနေပါသဖြင့် အောက်ပါ Job Position အား အလုပ်ခေါ်ယူလျှက်ရှိနေပြီတာကြောင့် စိတ်ပါဝင်စားသူများအားလုံးလာရောက်လျှောက်ထားနိုင်ပါရန် နွေးထွေးစွာဖိတ်ခေါ်လိုက်ပါရစေ …

*Job Title*
Pharmacist Aide - (၂) ဦး
> ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းလက်မှတ်လက်၀ယ်ရှိသူဖြစ်၍ လုပ်ငန်း အတွေ့အကြုံရှိသူဦးစားပေးမည်။
> ဆေးရုံ ဆေးခန်းများတွင် ဆေးဝါး ၀ယ်ယူမှု အတွေ့အကြုံရှိသူ ဖြစ်ရမည်။
> အသက် (၂၁ ) နှစ်နှင့်အထက်ရှိရမည်။
> ဆေးဝါးများအား နားလည်သိရှိ၍ ဆေးအ၀င်အထွက် စာရင်းများအား computer ဖြင့်ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရမည်။
> စာရင်းဇယား ပိုင်နိုင်ကျွမ်းကျင်ပြီး ငွေကြေးကိုင်တွယ်မှုအပိုင်းကို တာ၀န်ယူဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
> English 4 Skills အသင့်အတင့်ရှိရမည်။
> Computer Basic ကျွမ်းကျင်သူ၊ English Font
နှင့် Myanmar font များကို ကျွမ်းကျင်စွာစာစီစာရိုက်ပြုလုပ်နိုင်ရမည်။
> လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် အလုပ်လုပ်လိုစိတ်ရှိသူဖြစ်ရပါမည်။
> ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ပြီး နေ့ဆိုင်း/ ညဆိုင်း အလှည့်ကျအလှည့်ကျ အလုပ်ဆင်းနိုင်သူ ဖြစ်ရမည်။
> ကုမ္ပဏီမှချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
> တောင်ဒဂုံမြို့နယ်နှင့် အနီးစပ်ဆုံးနေထိုင်သူများကို ဦးစားပေးခန့်အပ်သွားပါမည်။

*လိုအပ်သော စာရွက်စာတမ်းများ*
=========================

✅ CV ဖောင်အပြည့်အစုံ။
✅ သင်တန်းလက်မှတ်များမိတ္တူ။(ရှိလျှင်)
✅ မှတ်ပုံတင်မိတ္တူ။
✅ လိုင်စင်ဓါတ်ပုံ (2)ပုံ။
✅ အိမ်ထောင်စုဇယား မိတ္တူ။
စတဲ့ အချက်အလက်အပြည့်အစုံများ ယူဆောင်လာပြီး ရုံးချိန်အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

📱 Viber - 09940402288/ 09940402277 သို့ CV form ပို့၍လည်း လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ :
Grand Yangon Hospital
🏨 No.(935), Maung Makan Kanthar St, South Dagon Tsp, Yangon.
📱09-940402266 , 09940402277

☀️ Heat Stoke ~ အပူဒဏ်အန္တရာယ်ကာကွယ်ကြမယ် ☀️အရှိန်အဟုန်ပြင်းလာတဲ့ နွေနေအပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေကို နေ့စဉ်ရင်ဆိုင...
22/04/2025

☀️ Heat Stoke ~ အပူဒဏ်အန္တရာယ်ကာကွယ်ကြမယ် ☀️

အရှိန်အဟုန်ပြင်းလာတဲ့ နွေနေအပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေကို နေ့စဉ်ရင်ဆိုင်လာကြရပါတယ်။ ဒီလိုအချိန်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူဒဏ်ကြောင့် ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်ပါတယ်။

Heat Stoke - အပူ ဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်က အပူချိန်မထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ - ကြွက်တက်ခြင်း၊ အပူကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့နောက်ဆက်တွဲ သတိလစ်ခြင်း နဲ့ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ မဖြစ်ရအောင် အမြန်ဆုံး အောက်ပါအချက်တွေဖြစ်တဲ့ …
☀️ နေပူထဲမှာရှိနေမယ်ဆိုရင် အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာကို အရင်ဆုံးရွှေ့ပြောင်းပါ။
☀️ ရေ နဲ့ ဆားဓာတ်ကို များများပြန်ဖြည့်ပေးဖို့ ရေ၊ ဓာတ်ဆားများများသောက်ပါ။

အထက်ပါ လက္ခဏာတွေအပြင် ~
▫️ပျို့အန်ခြင်း
▫️ကိုယ်အပူချိန် အရမ်းတက်လာခြင်း
▫️အသားအရောင် ဖြူဖျော့လာခြင်း
▫️ချွေးအလွန်အကျွံထွက်ခြင်း
▫️အသက်ရှူမြန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်းတွေ ဖြစ်လာနိုင်တာကြောင့် အမြန်ဆုံး ဆေးရုံ၊ဆေးခန်း သို့သွားရောက်ပြီး ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။

Heat Stroke (သို့) အပူဒဏ်ကြောင့် သတိလစ်ခြင်း ကို ကာကွယ်နိုင်ဖို့အတွက် ~

✅နေရောင်အောက်မှာ တစ်နေကုန်အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
✅ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပါ။
✅ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တစ်ခုခုဆောင်ထားပါ။
✅ အရမ်းပူတဲ့အချိန် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာမျိုးကို ရှောင်ကြဉ်ပါ။
✅ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
✅ အရေးကြီးဆုံး အချက်ဖြစ်တဲ့ ရေဓာတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးခြင်း ပြုလုပ်ပေးပါ။
✅ အပြင်ခဏခဏ ထွက်နေရသူတွေအတွက် ရေနဲ့ဓာတ်ဆားကို မဖြစ်မနေဆောင်ထားသင့်ပါတယ်။

Heat Stoke အန္တရာယ်ဟာ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေ၊ အဝလွန်တဲ့သူတွေ၊ အရက်အများကြီး သောက်သုံးတတ်သူတွေမှာ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်နိုင်ခြေ ပိုများတာကြောင့် ပိုပြီး ဂရုစိုက်ပေးသင့်ပါကြောင်း ကျန်းမာရေးဗဟုသုတအဖြစ် အသိပေးမျှဝေပေးလိုက်ပါရစေ …

အလွန်ပူပြင်းတဲ့ နွေရာသီမှာ အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြသနာများကို အကောင်းဆုံးကာကွယ်နိုင်ကြပြီး ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ …

Credit some sources: hellosayawon, World Health Organisation

#အပူဒဏ်အန္တရာယ်ကာကွယ်ကြမယ်

"မင်္ဂလာရှိသော နှစ်ဆန်း တစ်ရက်နေ့မှ စတင်ပြီး မြန်မာ ပြည်သူ ပြည်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘ...
17/04/2025

"မင်္ဂလာရှိသော နှစ်ဆန်း တစ်ရက်နေ့မှ စတင်ပြီး မြန်မာ ပြည်သူ ပြည်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘယာ ဝေးကွာစွာဖြင့် ကောင်းကျိုးလိုရာ ပြည့်၀ကြပါစေ"

❝ ရန်ကုန်မြို့မှ အရေးပေါ်ဖုန်းအားသွင်းနိုင်မည့် နေရာများ ❞ MobiWorld Mobile - ကျောက်တံတားhttps://www.facebook.com/share/...
30/03/2025

❝ ရန်ကုန်မြို့မှ အရေးပေါ်ဖုန်းအားသွင်းနိုင်မည့် နေရာများ ❞

MobiWorld Mobile - ကျောက်တံတား
https://www.facebook.com/share/p/1LEfGg1v49/
Location - အမှတ် (၃၆၃/၃၆၅)၊ (၃၈)လမ်းနှင့် ဆိပ်ကမ်းသာလမ်းကြား၊ မဟာဗန္ဓုလလမ်းမပေါ်၊ ကျောက်တံတားမြို့နယ်။
Map - https://maps.app.goo.gl/UkiL28iNy87CAHh1A

- - - - - - - - - - - - - - - - - - - - - - - - - - - -

Zaw Zaw Mobile - Yangon မင်္ဂလာတောင်ညွန့်
https://www.facebook.com/share/p/18XHFyLdwA/
Location - အမှတ် (၄၃၈)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။ (သိမ်ဖြူဈေးမှတ်တိုင်အနီး)
Map - https://maps.app.goo.gl/n93DoJmca7QrC4CT7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Mobile Ayeyarwaddy - မင်္ဂလာတောင်ညွန့်
https://www.facebook.com/share/p/15E6UPbsij/
Location - တိုက် (၃၅)၊ အောင်သပြေလမ်း၊ ယုဇနပလာဇာအနောက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
Map - https://maps.app.goo.gl/fJYNdfTEtdTMrk9c8

- - - - - - - - - - - - - - - - - - - - - - - - - - - -

Pro Tech Care - တာမွေ
https://www.facebook.com/share/p/1AH23RNozE/
Location - အမှတ် (၂၆၈)၊ ဗညားဒလလမ်းမ‌ပေါ်၊ တာမွှေမြို့နယ်။ (အောင်မင်္ဂလာမှတ်တိုင်အနီး)
Map - https://maps.app.goo.gl/YWNAUy5tfn4rEiJC8

- - - - - - - - - - - - - - - - - - - - - - - - - - - -

Together Bar & Restaurant - တာမွေ
https://www.facebook.com/share/p/1FXQobAnyr/
Location - အမှတ် (၇၅၁)၊ မာလာနွယ်လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွှေမြို့နယ်။
Map - https://maps.app.goo.gl/mAFY63WVRCHWTsaE7

- - - - - - - - - - - - - - - - - - - - - - - - - - - -

M Square Mobile - Tamwe တာမွေ
https://www.facebook.com/share/p/1Bnt5JdYdD/
Location - အမှတ်(၃၂၈)၊ ဗညားဒလလမ်းမကြီး၊ သီတာမှတ်တိုင်ရှေ့တည့်တည့်၊ တာမွေမြို့နယ်။
Map - https://maps.app.goo.gl/16NQV1y9JS4Z7AT37

- - - - - - - - - - - - - - - - - - - - - - - - - - - -

Years&Months BBQ Village - တာမွေမြို့နယ်
https://www.facebook.com/share/p/1EXyUtiEjC/
Location - အမှတ် (၁၅)၊ ဩဘာလမ်းနှင့် ရွှေဘိုလမ်းထောင့်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
Map - https://maps.app.goo.gl/jWXgaWsuvfqjFPXB8

- - - - - - - - - - - - - - - - - - - - - - - - - - - -

Shwe Yadanar Snooker Club - တာမွေ
https://www.facebook.com/share/p/1Ch1YymFB8/
Location - အမှတ် (၁၀)၊ ဓမ္မဝိဟာရလမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
Map - https://maps.app.goo.gl/JunQuxyMANrMzy57A

- - - - - - - - - - - - - - - - - - - - - - - - - - - -

ဧရာဝဏ် မင်္ဂလာခမ်းမ - သာကေတ
https://www.facebook.com/share/p/14yCDMCaX3/
Location - အမှတ် (E2/296)၊ ဧရာဝဏ်လမ်းမပေါ်၊ သာကေတမြို့နယ်။ (ကျောင်းကွေ့မှတ်တိုင်အနီး)
Map - https://maps.app.goo.gl/7ZHaMQDkwDzHgxRt9

- - - - - - - - - - - - - - - - - - - - - - - - - - - -

Amy's Beauty & Nail Bar - သာကေတ
https://www.facebook.com/share/p/1DSkd8R7ko/
Location - ထူပါရုံ (၆)လမ်းထိပ်၊ သာကေတမြို့နယ်။
Map - https://maps.app.goo.gl/sVm8iCMHZvMewm16A

- - - - - - - - - - - - - - - - - - - - - - - - - - - -

Ringo Myanmar - ပုဇွန်ထောင်
https://www.facebook.com/share/p/1AYN9DoGpB/
Location - အမှတ် (၁၈၉)၊ မြေညီထပ်၊ ဗိုလ်တထောင်ဘုရားလမ်း၊ အလယ်ဘလောက်၊ ပုဇွန်ထောင်မြို့နယ်။
Map - https://maps.app.goo.gl/9u6x5aP8sa3yaYUH6

- - - - - - - - - - - - - - - - - - - - - - - - - - - -

Char Tate Mobile - လှည်းတန်း
https://www.facebook.com/share/p/1BugAGjVSv/
Location - တိုက် (၅၈)၊ မြေညီထပ်၊ စံရိပ်ငြိမ် (၅)လမ်းထိပ်၊ အင်းစိန်လမ်းမပေါ်၊ အင်းစိန်မြို့နယ်။
Map - https://maps.app.goo.gl/fK9XJ446u1n7JvD6A

- - - - - - - - - - - - - - - - - - - - - - - - - - - -

ZZ Mobile Service & Training - လှည်းတန်း
https://www.facebook.com/share/p/169dqTDes2/
Location - တိုက် (၄၂-ဘီ)၊ ပထမထပ်၊ စံရိပ်ငြိမ် (၂)လမ်းထိပ်၊ အင်းစိန်လမ်းမပေါ်၊ အင်းစိန်မြို့နယ်။ (လှည်းတန်းမှတ်တိုင်ရှေ့)
Map - https://maps.app.goo.gl/NPkmhm6aKUM13whi6

- - - - - - - - - - - - - - - - - - - - - - - - - - - -

Nail Station - Sanchaung စမ်းချောင်း
https://www.facebook.com/share/p/19DS9VQiQc/
Location - အမှတ် (၁၉)၊ သုခမိန်လမ်း၊ စမ်းချောင်းမြို့နယ်။
Map - https://maps.app.goo.gl/LCCvx3fXyygLbsWG7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Computer Doctor - လှိုင်
https://www.facebook.com/share/p/12FwcBJ2m5n/
Location - တိုက် (၆)၊ အခန်း (၁၀၂)၊ ဗဟိုလ်လမ်း၊ မြကန်သာအိမ်ယာ၊ လှိုင်မြို့နယ်။ (သံလမ်းမှတ်တိုင်အနီး)
Map - https://maps.app.goo.gl/asRa4v6zjdQnZ8JH7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Flamingo Beauty Salon - သင်္ဃန်းကျွန်း
https://www.facebook.com/share/p/18JTst9QMz/
Location - အမှတ် (၂၉၉/ခ)၊ အောင်ရတနာလမ်း၊ ကြီးပွားရေးရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။
Map - https://maps.app.goo.gl/9bAzzxwUgStHiWqR8

- - - - - - - - - - - - - - - - - - - - - - - - - - - -

CM-Myanmar Mobile - တောင်ဥက္ကလာပ
https://www.facebook.com/share/p/1BU9HtWUwZ/
Location - (၆)ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် သစ္စာလမ်းထောင့်၊ တောင်ဥက္ကလာပမြို့နယ်။ (စာတိုက်မှတ်တိုင်)
Map - https://maps.app.goo.gl/bx4bNqMYY5dG1gzU7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Little Bee Bakery - တောင်ဥက္ကလာပ
https://www.facebook.com/share/p/199xTobbcJ/
Location - အမှတ် (၂၆၂-ဘီ)၊ (၁၀)ရပ်ကွက်၊ မေတ္တာလမ်း၊ တောင်ဥက္ကလာပမြို့နယ်။
Map - https://maps.app.goo.gl/Pgpq3UdcRJdLmXqq5

- - - - - - - - - - - - - - - - - - - - - - - - - - - -

Dear D'sert - တောင်ဥက္ကလာပ
https://www.facebook.com/share/p/1DUM86qzMN/
Location - အမှတ် (၈၀၅)၊ ကျော်သူလမ်း၊ တောင်ဥက္ကလာပမြို့နယ်။
Map - https://maps.app.goo.gl/TqZqE5RzHsodgGxS7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Real Choice - မြောက်ဥက္ကလာပ
https://www.facebook.com/share/p/1A9Z8frMJV/
Location - ဝေဘာဂီလမ်းမကြီး၊ (ည)ရပ်ကွက်၊ ပုလဲလမ်းထိပ်အနီး၊ မြောက်ဥက္ကလာပမြို့နယ်။
Map - https://maps.app.goo.gl/QRvNmAmwtTiKtBw86

- - - - - - - - - - - - - - - - - - - - - - - - - - - -

Padonmar Rehabilitation Center - မြောက်ဥက္ကလာပ
https://www.facebook.com/share/p/15Z2wevuxd/
Location - အမှတ် (၁၁)၊ ရွှေဝတ်မှုံအိမ်ယာ၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ မြောက်ဥက္ကလာပမြို့နယ်။
Map - https://maps.app.goo.gl/BChAJrQt5M38ykgs7

- - - - - - - - - - - - - - - - - - - - - - - - - - - -

နဝရတ် ဆန်ဆီရောင်းဝယ်ရေး - ‌မြောက်ဒဂုံ
https://www.facebook.com/share/p/197HgWPfpM/
Location - အမှတ် (၆၄၃)၊ (၄၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ မြောက်ဒဂုံမြို့နယ်။ (အအေးဆိုင်မှတ်တိုင်အနီး)
Map - https://maps.app.goo.gl/VqRWFACNDvqLHnMX6

- - - - - - - - - - - - - - - - - - - - - - - - - - - -

Htun Brother Electronics - ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/1ADJf5uHwd/
Location - တိုက်(၁၇)၊ အခန်း (၀၀၂)၊ (၁၀)လမ်း အေ၊ ယုဇနမြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
Map - https://maps.app.goo.gl/mvp6dFyaRVvViSmS7

- - - - - - - - - - - - - - - - - - - - - - - - - - - -

MIGT သင်တန်းကျောင်း - ယုဇနဥယျာဉ်မြို့တော်
https://www.facebook.com/share/p/12KsQToxsLJ/
Location - (၁၅)လမ်း အေ၊ မြေညီထပ်၊ ယုဇနမြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
Map - https://maps.app.goo.gl/s3TjyuyZq2ouFQQu7

- - - - - - - - - - - - - - - - - - - - - - - - - - - -

Great One အိမ်ခြံမြေ - ရွှေပြည်သာ
https://www.facebook.com/share/p/1DePYAvLKF/
Location - အမှတ် (၂၆၁)၊ ဗိုလ်ချုပ်လမ်းမကြီး၊ (၅/၁)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်။ (သံလမ်းမှတ်တိုင်)
Map - https://maps.app.goo.gl/3QxWJgZ92TuAkG8V9

- - - - - - - - - - - - - - - - - - - - - - - - - - - -

Nail House by Grace - ရွှေပြည်သာ
https://www.facebook.com/share/p/15RCwf1McG/
Location - အမှတ် (၁၆၄/က)၊ ဘုရင့်နောင်လမ်းမကြီး၊ ရွှေပြည်သာမြို့နယ်။ (ကားကြီးဂိတ်မှတ်တိုင်)
Map - https://maps.app.goo.gl/MSV4fYPFtaCF8pVy7

- - - - - - - - - - - - - - - - - - - - - - - - - - - -
တခြားနေရာများရှိခဲ့ရင်လည်း Comment မှာ ထပ်မံ ဖြည့်စွက် ပေးစလိုပါတယ်။

#ဖုန်းအားသွင်း #အရေးပေါ်အားသွင်း #ငလျင် #ငလျင်လှုပ် #မီးပြတ်

Credit

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့...
30/03/2025

📢 ငလျင်အပြီး နံရံကွဲအက်မှုတွေကို ကြည့်ပြီး မိမိအိမ်ရဲ့ အန္တရာယ်ရှိမှုအခြေအနေ

ငလျင်ဖြစ်ပြီးနောက်မှာ အဆောက်အဦအတွင်း ဝင်ကြည့်ရာမှာ သတိထားရမယ့် အချက်တွေကို သိထားတယ်ဆိုရင် ဖြစ်လာမည့်ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ နံရံကွဲအက်မှု (Wall Cracks) အနေနဲ့ အဓိက သုံးမျိုးရှိပြီး ကိုယ့်ရဲ့နေအိမ်/အဆောက်အဦမှာပါရှိလားဆိုတာကို သေချာပြန်လည်စစ်ဆေးကြည့်ပါ။ အောက်မှာရေးထားတဲ့အချက်အလက်တွေမှာ အရေးပေါ်အခြေအနေမှာ စစ်ဆေးရုံလောက်အတွက်ဘဲ တိကျမှုရှိနိုင်ပါတယ်။ ပြန်ပြင်ဖို့လိုအပ်တာမျိုးဆိုရင် ကျွမ်းကျင် Structure Engineer များနှင့် တိုင်ပင်သင့်ပါတယ်



🛑 အန္တရာယ်ရှိသောအခြေအနေ (Severe Damage - Immediate Danger)

✅ Diagonal Cracks (ထောင့်ဖြတ်အက်ကွဲခြင်း)

• အက်ကွဲကြောင်းများဟာ နံရံတစ်ဖက်ကနေနောက်ဖက်ထိကျော်ထွက်နေပြီး၊ ထောက်တန်း Load-bearing wallတွင်ရှိနေခြင်း
• ကြမ်းခင်းနဲ့ ထိစပ်နေတဲ့ နံရံအောက်ခြေမှာ အက်ကွဲကြောင်းဟာ 5mm နှင့်အထက် တွေ့ရှိရခြင်း မျိုးဆိုလျှင် အန္တရာယ်ကြီးပါတယ်။
• အက်ကွဲကြောင်းများကို ကြည့်ရာမှာ နံရံနှစ်ဖက်လုံးဖြစ်နေတာလားဆိုတာ သေချာစစ်ဆေးပါ။

🚨 ထောင့်ဖြတ်အက်ကွဲကြောင်းများဖြစ်နေပါက နေအိမ်ထဲမှာပြန်လည်နေထိုင်ဖို့မသင့်တော်ပါ။



⚠️ အလယ်အလတ်အန္တရာယ်ရှိသောအခြေအနေ (Moderate Damage - Caution Required)

✅ Vertical & Horizontal Cracks (ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း)

• အက်ကွဲကြောင်းဟာ - ၃-၅ မီလီမီတာအထိ ကျယ်ပြီး plaster များ ကွာကျလာခြင်း
• နံရံနှင့် ကြမ်းခင်း များတွင်များပြားသော Fine Cracks ပါရှိနေခြင်း

ဒီလိုအခြေအနေကိုထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်းလို့ခေါ်ပါတယ်။

📌 ကိုယ့်ရဲ့အိမ်ဟာ ထောင်လိုက်၊ အလျှားလိုက်ကွဲအက်ခြင်း အခြေအနေရှိပါက အဆောက်အဦအတွင်းပြန်လည်နေထိုငဖို့အတွက် လုံးလုံးစိတ်ချရသော အခြေအနေမဟုတ်ပါ။


✅ အန္တရာယ်သိပ်မရှိသော အခြေအနေ (Minor Damage - Low Risk)

✅ Hairline Cracks (အလွှာသေးသေးလေးများကွဲအက်မှုဖြစ်ခြင်း)

• အက်ကွဲကြောင်းမှာ ၁ မီလီမီတာနှင့်အောက်ဖြစ်ပြီး နံရံ၏အပေါ်မျက်နှာပြင်တွင်သာရှိနေခြင်း

📌 ယခုလိုအခြေအနေမျိူးဆိုပါက စိုးရိမ်စရာအများကြီးမရှိပါဘူး။ နံရံများကို Replastering & Repainting ဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်။



🏃‍♂️ အရေးပေါ်မှာ ဘာလုပ်မလဲ?

1️⃣ ကိုယ့်ရဲ့အဆောက်အဦနံရံများမှာ ထောင့်ဖြတ်ကွဲမှုအခြေအနေတွင်ရှိပါက အိမ်အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းကို ရှောင်ရှားပါ။

2️⃣ နံရံများထိခိုက်မှုအခြေအနေများကို ဓာတ်ပုံရိုက်ထားပါ – နောက်ပိုင်းပြန်လည်ပြင်ဆင်ချိန်မှာ အင်ဂျင်နီယာများအတွက် များစွာအသုံးဝင်နိုင်ပါတယ်။

Special thanks to Soe Moe Aung

🔗

29/03/2025
▪️မြေငလျင်လှုပ်ပြီးချိန်မှာ နောက်ဆက်တွဲငလျင်ငယ်လေးတွေရှိနိုင်သလို ၊ အချိန်အတိအကျခန့်မှန်းဖို့လည်းခက်တာဖြစ်လို့ သတိနဲ့ ကြ...
28/03/2025

▪️မြေငလျင်လှုပ်ပြီးချိန်မှာ နောက်ဆက်တွဲငလျင်ငယ်လေးတွေရှိနိုင်သလို ၊ အချိန်အတိအကျခန့်မှန်းဖို့လည်းခက်တာဖြစ်လို့ သတိနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ နှိုးဆော်ပါရစေခင်ဗျာ။

ဘေးကင်းလုံခြုံမှုကိုသာ ဦးတည်ပြီး စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းနိုင်အောင်ကြိုးစားပေးပါ။

အားလုံးပဲဘေးကင်းကြပါစေခင်ဗျာ။

Photo : မြန်မာနိုင်ငံကြက်ခြေနီအသင်း

လတ်တလောအဖြစ်များနေသောအသည်းရောင်အသားဝါ (A) ♦️အသည်းအသားဝါပိုးမှာ A, B, C, D, E ဆိုပြီး ၅ မျိုး ရှိပါတယ်။ အများစုကတော့ B ပိ...
27/03/2025

လတ်တလောအဖြစ်များနေသောအသည်းရောင်အသားဝါ (A)

♦️အသည်းအသားဝါပိုးမှာ A, B, C, D, E ဆိုပြီး ၅ မျိုး ရှိပါတယ်။ အများစုကတော့ B ပိုး၊ C ပိုးဆိုတာကို ကြားဖူးမှာပါ။ ကူးစက်တတ်ပြီး အသည်းကင်ဆာဖြစ်တဲ့အထိ ပြင်းထန်တာကြောင့် အသံကြားရုံနဲ့တင် ကြောက်ကြတဲ့ ပိုးတွေပါ။

♦️ဒါဆို A နဲ့ E ကရော။
A နဲ့ E ကတော့ မတူပါဘူး။ B ပိုး၊ C ပိုးတို့နဲ့ ကူးစက်ပုံရော၊ ပြင်းထန်ပုံခြင်းပါ မတူညီပြန်ပါဘူး။

♦️Aပိုးနဲ့ Eပိုးက အစားအသောက်နဲ့ မစင်ကနေ အဓိက ကူးစက်ပါတယ်။ ဥပမာ ရောဂါပိုးရှိသူရဲ့ မစင်တွေ ပါဝင်နေတဲ့ အစားအစာကို စားမိတာမျိုးပေါ့။ မစင်တွေပါနေတာကိုတော့ တမင် စားမိမှာ မဟုတ်ပေမယ့် ရောဂါပိုးရှိသူက အိမ်သာဝင်ပြီး လက်မဆေးဘူး။အဲ့လက်နဲ့ အစားအစာကို ပြင်မယ်၊ ဒါကို တခြားသူက စားမိမယ်ဆိုရင်လည်း သဘောတရားက အတူတူပါပဲ။ နောက်ပြီး မိလ္လာစနစ်မကောင်းတဲ့နေရာတွေမှာ မသန့်တဲ့ရေကို သောက်မိရင်လည်း ကူးစက်နိုင်ပါတယ်။ယင်နားစာတွေစားမိရင်လည်းကူးစက်နိုင်ပါတယ်။ ရောဂါပိုးဝင်စကနေ ၂ပတ်-၆ပတ်ကြာသည်အထိ တခြားသူကို ကူးစက်နိုင်ပါတယ်။

♦️Aပိုးနဲ့ Eပိုးက လက္ခဏာချင်းလည်း ဆင်တူပါတယ်။ ပိုးစစဝင်ချင်းမှာဆိုရင် လက္ခဏာက တိတိကျကျ မရှိဘဲ
- ဖျားတာ
- အဆစ်နာတာ
- အနီစက်တွေထွက်တာ
- ဖောရောင်တာလောက်ပဲ ရှိပါတယ်။

♦️အသားမဝါခင်အဆင့်မှာတော့
- နုံးတာ
- ကိုယ်လက်နာတာ
- အစားအသောက်ပျက်တာ
- ပျို့အန်တာ
- ဖျားတာ
- ချောင်းဆိုးတာ
- ဗိုက်အောင့်တာ
- ဝမ်းလျှောတာ
- ဆီးအရောင်ရင့်ပြီး ဝမ်းအရောင်ဖျော့တာတွေ ဖြစ်တတ်ပါတယ်။

♦️အသားဝါတဲ့အဆင့်မှာတော့
- မျက်လုံးနဲ့ အရေပြားတွေ ဝါလာတာ
- အစားအသောက်ပျက်တာနဲ့ ပျို့အန်တာ ပိုဆိုးလာတာ
- အရေပြားယားယံတာတွေ ဖြစ်လာပါတယ်။
ဒီအဆင့်မှာတော့ တခြားလက္ခဏာတွေ သက်သာစ ပြုလာပါပြီ။

♦️တကယ်တော့ Aပိုး၊ Eပိုးတွေက နဂိုတည်းက ရှိပါတယ်။ ရောဂါကူးတိုင်း လက္ခဏာမပြတာကြောင့် သတိမထားမိတာ ဖြစ်ပါတယ်။

♦️ရောဂါရှိမရှိကတော့ ဆေးစစ်ကြည့်ရင် သိနိုင်ပါတယ်။ ကုသနည်းက မရှိပါဘူး။ ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်ပဲ လုပ်လို့ ရပါတယ်။ ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် သူ့အလိုလို သက်သာလာမှာ ဖြစ်ပါတယ်။ အများစုက ၄ပတ်ကနေ ၈ပတ်လောက်ဆို အလိုလိုပျောက်သွားပါတယ်။ နောက်ဆက်တွဲလည်း မကျန်တတ်ပါဘူး။ Bပိုး၊ Cပိုးလောက်လည်း မဆိုးပါဘူး။ Aပိုး၊ Eပိုးကြောင့် အသည်းပျက်စီးတာက မရှိသလောက် ရှားပါတယ်။သို့သော်ရောဂါ အရမ်းပြင်းထန်လွန်းရင် အသည်းပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။

♦️ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆိုရင်တော့ ဂရုစိုက်ရပါမယ်။ Eပိုးက ကိုယ်ဝန်ဆောင်တွေမှာ ပြင်းထန်တတ်ပြီး ကလေးကို ထိခိုက်နိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုပါတယ်။

ကာကွယ်နည်းကတော့...
🔹Aပိုးအတွက်ဆိုရင် ကာကွယ်ဆေးရှိပါတယ်။ ၆လခြား ၂ကြိမ် ထိုးလို့ရပါတယ်။ Eပိုးအတွက်ကတော့ ကာကွယ်ဆေး မရှိပါ။

✅️ အဓိက လိုအပ်တာကတော့ အစားအသောက်သန့်ရှင်းရေးပါ။ အစားအသောက်တွေကနေ ကူးစက်တာဖြစ်တဲ့အတွက်
🔹အစားအသောက်တွေကို သန့်သန့်ရှင်းရှင်းထားပါ။
🔹အပြင်စာစားမယ်ဆို သန့်ရှင်းတဲ့ဆိုင်ကပဲ ပူပူနွေးနွေး စားပါ။
🔹ရေကို ကျိုချက်ပြီး သောက်ပါ။
🔹လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးပါ။
🔹Aပိုး၊ Eပိုး ကူးစက်ထားတဲ့ လက္ခဏာရှိရင် သူများအတွက် အစားအသောက် မချက်ပေးပါနဲ့။

✅️ Aပိုး Eပိုးက မပြင်းထန်ဘူးဆိုပေမယ့် ကူးစက်တတ်တဲ့ရောဂါဖြစ်တာကြောင့် သတိထားပြီး ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။



#ကျန်းမာရေးဗဟုသုတ #အသည်းရောင်အသားဝါ

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာကျောက်က...
18/03/2025

ကျောက်ကပ်မှာပြဿနာရှိကြောင်း သိနိုင်တဲ့လက္ခဏာ (၁၀) ခု

(၁) အရမ်းပင်ပန်း၊ အားကုန်နေတာ ဒါမှမဟုတ် အာရုံစူးစိုက်လို့မရတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းမှုပြင်းထန်ရင်သွေးထဲမှာ အဆိပ်အတောက်တွေစုပုံလာစေနိုင်ပြီးသွေးညစ်စေပါတယ်။
အဲဒီအခါ လူတွေက ပင်ပန်းအားနည်းလာပြီး အာရုံစိုက်မရတာတွေဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲပြဿနာနောက်တစ်ခုကတော့သွေးအားနည်းတာပဲဖြစ်ပါတယ်။

(၂) အိပ်မပျော်တာ
ကျောက်ကပ်ကကောင်းကောင်းစစ်မထုတ်နိုင်တော့ ဆီးထဲကိုစွန့်ထုတ်မယ့်အစားသွေးထဲမှာ အဆိပ်အတောက်တွေကျန်နေတာပေါ့။
ဒီလိုဖြစ်လာရင် အိပ်စက်မှုပြဿနာရှိလာနိုင်ပါတယ်။
အဝလွန်ခြင်းနဲ့ နာတာရှည်ကျောက်ကပ်ရောဂါက ဆက်နွှယ်မှုလည်းရှိနေပြီး ကျောက်ကပ်ရောဂါရှိသူတွေမှာ အိပ်စက်မှုပြဿနာတွေပိုအဖြစ်များတာတွေ့ရပါတယ်။

(၃) အသားခြောက်ပြီး ယားတာ
ကျန်းမာတဲ့ကျောက်ကပ်ရဲ့လုပ်ဆောင်ချက်တွေက ကဏ္ဍအတော်များများမှာ အရေးပါပါတယ်။ကျောက်ကပ်က ခန္ဓါကိုယ်ထဲက အရည်ပိုတွေနဲ့အညစ်အကြေးတွေကို ဖယ်ရှားစွန့်ထုတ်ပေးတယ်၊
သွေးနီဥဆဲလ်တွေဖြစ်လာအောင်ကူညီပေးတယ်၊
အရိုးတွေကြံ့ခိုင်ဖို့ထောက်ပံ့တယ်၊သွေးထဲမှာ သတ္တုဓါတ်ပမာဏတွေ ထိုက်သင့်သလောက်ထိန်းထားနိုင်အောင်လုပ်ဆောင်တယ်။
အသားအရေခြောက်သွေ့ပြီး ယားယံနေတာကကျောက်ကပ်ရောဂါနဲ့ဆက်နွှယ်နေတဲ့ သတ္တုဓါတ်ချို့တဲ့မှု သို့မဟုတ် အရိုးရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။

(၄) ဆီးခဏခဏသွားချင်နေတာ
အထူးသဖြင့် ညဘက်မှာဆီးခဏခဏသွားချင်တာကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်
ကျောက်ကပ်ရဲ့စစ်ထုတ်စနစ်မှာ ထိခိုက်နေတဲ့အခါ ဆီးခဏခဏသွားချင်လာနိုင်ပါတယ်။
တစ်ခါတလေ ဒီလိုဖြစ်တာဟာ ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ရောင်တာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

(၅) ဆီးထဲမှာသွေးပါတာ
ကျောက်ကပ်ကျန်းမာနေရင်သွေးထဲက အညစ်အကြေးတွေကို ဆီးအဖြစ်နဲ့စွန့်ထုတ်လိုက်တဲ့အခါ ခန္ဓါကိုယ်ထဲကသွေးကလာပ်စည်းတွေကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။
ဒါပေမယ့်ကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်က ယိုယွင်းနေတဲ့အခါသွေးကလာပ်စည်းတွေက ဆီးထဲကို စတင်ယိုစိမ့်လာနိုင်ပါတယ်။
ဆီးထဲသွေးပါတာဟာ ကျောက်ကပ်ရောဂါရှိတယ်လို့အချက်ပြတာဖြစ်နိုင်သလို အကျိတ်ရှိနေတာ၊ကျောက်ကပ်ကျောက်တည်တာ၊ရောဂါပိုးဝင်တာတစ်ခုခုရဲ့လက္ခဏာဖြစ်နိုင်ပါတယ်။

(၆) ဆီးကအမြှုပ်တွေထတာ
ဆီးခွက်နဲ့သွားရင် အမြှုပ်ထတာအနည်းငယ်ရှိတာပုံမှန်ဖြစ်ပေမယ့် အမြှုပ်ကသိပ်များနေတယ်ဆိုရင် ..
အထူးသဖြင့် ဆီးသွားပြီးရေအခါခါလောင်းချနေရတယ်ဆိုရင် ဆီးထဲမှာ ပရိုတင်းတွေရှိတာကိုဖော်ပြပါတယ်။
ဒါဟာ ဆီးထဲမှာalbumin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးရှိနေတာကိုဖော်ပြတာဖြစ်ပါတယ်။

(၇) မျက်လုံးမို့အစ်နေတာ
ဆီးထဲမှာပရိုတင်းရှိနေတာဟာကျောက်ကပ်ရဲ့စစ်ထုတ်မှုစနစ်မကောင်းတဲ့ အစောပိုင်းလက္ခဏာဖြစ်ပါတယ်။
ပရိုတင်းတွေကို ခန္ဓါကိုယ်ထဲမှာထိန်းပေးရမယ့်အစား ကျောက်ကပ်က ဆီးထဲကို ပရိုတင်းတွေအများကြီးစွန့်ထုတ်ပေးတာကြောင့် မျက်လုံးမို့အစ်နေတာဖြစ်ပါတယ်။

(၈)ခြေကျင်းဝတ်နဲ့ခြေထောက်တွေရောင်ရမ်းတာ
ကျောက်ကပ်လုပ်ဆောင်ချက်ကျဆင်းတဲ့အခါ ဆိုဒီယမ်တွေစုနေစေပြီးခြေကျင်းဝတ်နဲ့ခြေထောက်ကိုရောင်ရမ်းစေပါတယ်။
ခြေထောက်အောက်ပိုင်းအဖျားတွေမှာရောင်ရမ်းတာက နှလုံးရောဂါ၊ အသည်းရောဂါနဲ့ နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါတွေရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

(၉) အစာစားချင်စိတ်နည်းတာ
ဒါကတော့ အကြောင်းကြောင်းကြောင့် အဖြစ်များကြတဲ့ပြဿနာဆိုပေမယ့် တစ်ခါတလေတော့ကျောက်ကပ်ကြောင့်ဖြစ်လာနိုင်ပါတယ်။
ကျောက်ကပ်က စစ်ထုတ်ဖယ်ရှားမပေးတဲ့ အဆိပ်အတောက်ဓါတ်တွေစုပုံလာတာက အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။

(၁၀) ကြွက်တက်တာ
ကျောက်ကပ်လုပ်ဆောင်ချက်တွေ ယိုယွင်းတဲ့အခါ Electrolyteတွေမညီမျှတော့ပါဘူး။
ဥပမာ – ကယ်လ်စီယမ်ပမာဏချို့တဲ့ပြီးဖော့စဖရပ်စ်ဓါတ်ထိန်းချုပ်မှုအားနည်းတာတွေကြောင့် ကြွက်တက်လာနိုင်ပါတယ်။

Address

No. (935), Maung Makan Kanthar Road, South Dagon
Yangon
11431

Website

Alerts

Be the first to know and let us send you an email when Grand Yangon Hospital - ဂရန်းဒ် ရန်ကုန် ဆေးရုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category