Kaung Khant Clinic & Pharmacy
Kaung Khant Clinic & Pharmacy Clinic
Home care service
Joint cooperation with I-Care Medical Laboratory
ကောင်းခန့်ဆေးခန်းနှင့်ဆေးဆိုင်မိသားစု မြန်မာ့နှစ်ဦးစတုဒီသာ အလှူမှတ်တမ်းနှစ်သစ်မဂ်လာမှစတင်ပြီး ကုသိုလ်ကျန်းမာ ပညာစီးပွား...
17/04/2025
ကောင်းခန့်ဆေးခန်းနှင့်ဆေးဆိုင်မိသားစု မြန်မာ့နှစ်ဦးစတုဒီသာ အလှူမှတ်တမ်း
နှစ်သစ်မဂ်လာမှစတင်ပြီး ကုသိုလ်ကျန်းမာ ပညာစီးပွားဒီရေအလား တိုးပွားကြစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်
Vaxigrip Tetra မိုးရာသီတုပ်ကွေးကာကွယ်ဆေး Myanmar Register အား ကောင်းခန့်ဆေးခန်း တွင် 29/4/2024 ရက်နေ့မှ စ၍ လာရောက်ထိုးနှ...
01/05/2024
Vaxigrip Tetra မိုးရာသီတုပ်ကွေးကာကွယ်ဆေး Myanmar Register အား ကောင်းခန့်ဆေးခန်း တွင် 29/4/2024 ရက်နေ့မှ စ၍ လာရောက်ထိုးနှံနိုင်ပါသည်။ တစ်လုံး ကို 45000 ကျပ် + ဆေးခန်း ဝန်ဆောင်ခ 2000 ကျပ် ကျသင့်ပါမယ်။ ဆေးအရေအတွက် အကန့်အသက်ရှိတာကြောင့် မြန်မြန်လာထိုးမှ စိတ်ချရပါမယ်။
Unicode
Vaxigrip Tetra မိုးရာသီတုပ်ကွေးကာကွယ်ဆေး Myanmar Register အား ကောင်းခန် ့ဆေးခန်း တွင် 29/4/2024 ရက်နေ ့မှ စ၍ လာရောက်ထိုးနှံနိုင်ပါသည်။ တစ်လုံး ကို 45000 ကျပ် + ဆေးခန်း ဝန်ဆောင်ခ 2000 ကျပ် ကျသင့်ပါမယ်။ ဆေးအရေအတွက် အကန် ့အသက်ရှိတာကြောင့် မြန်မြန်လာထိုးမှ စိတ်ချရပါမယ်။
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညနေ ကောင်းခန့်အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်မိသားစုအားဖြည့်အချိုရည် ကုသိုလ်လေးပါရှင့် ❤P...
17/04/2023
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ညနေ ကောင်းခန့်အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်မိသားစုအားဖြည့်အချိုရည် ကုသိုလ်လေးပါရှင့် ❤
Phone 09254207712
အားလုံးကို ကျန်းမာပျော်ရွှင်စေချင်သော
ကောင်းခန့်
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကောင်းခန့်အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်မိသားစုကြာဇံကြော်စတုဒီသာ ကုသိုလ်လေးပါရှင့် ❤Pho...
17/04/2023
ယနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကောင်းခန့်အထွေထွေရောဂါကုဆေးခန်းနှင့်ဆေးဆိုင်မိသားစုကြာဇံကြော်စတုဒီသာ ကုသိုလ်လေးပါရှင့် ❤
Phone 09254207712
အားလုံးကို ကျန်းမာပျော်ရွှင်စေချင်သော
ကောင်းခန့်
ဆေးခန်းပိတ်ရက် ကြေညာခြင်းကောင်းခန့်ဆေးခန်း အား (16.11.2022)ရက်နေ့မှ (21.11.2022)ရက်နေ့အထိ ခေတ္တယာယီ ပိတ်မည် ဖြစ်ပြီး (22...
15/11/2022
ဆေးခန်းပိတ်ရက် ကြေညာခြင်း
ကောင်းခန့်ဆေးခန်း အား (16.11.2022)ရက်နေ့မှ (21.11.2022)ရက်နေ့အထိ ခေတ္တယာယီ ပိတ်မည် ဖြစ်ပြီး (22.11.2022) ရက်နေ့တွင် ပုံမှန် ဆေးခန်းချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
05/04/2022
Unicode
Vaxigrip Tetra မိုးရာသီတုပ်ကွေးကာကွယ်ဆေး Myanmar Register အား ကောင်းခန် ့ဆေးခန်း တွင် 6.4.2022 ရက်နေ ့မှ စ၍ လာရောက်ထိုးနှံနိုင်ပါသည်။ တစ်လုံး ကို 24000 ကျပ် + ဆေးခန်း ဝန်ဆောင်ခ 3000 ကျပ် ကျသင့်ပါမယ်။ ဆေးအရေအတွက် အကန် ့အသက်ရှိတာကြောင့် မြန်မြန်လာထိုးမှ စိတ်ချရပါမယ်။
Clinic
Home care service
Joint cooperation with I-Care Medical Laboratory
💎Instock Face Shield ပါပြီးဦးထုပ်လေးတွေပါအရောင်၄မျိုးရိှပါတယ်😷Mask ကြာကြာမတပ်ချင် Shiled အမာလဲမကြိုက်ချင်တဲ့ ဘေဘီတို့အတွ...
13/02/2022
💎Instock Face Shield ပါပြီးဦးထုပ်လေးတွေပါ
အရောင်၄မျိုးရိှပါတယ်
😷Mask ကြာကြာမတပ်ချင် Shiled အမာလဲမကြိုက်ချင်တဲ့ ဘေဘီတို့အတွက် အသင့်တော်ဆုံးပါပဲ
🔰Shield အပျော့ကအရှင်မို့လို့ မတပ်တဲ့အချိန်ဖြုတ်ထားပြီး ဦးထည့်သပ်သပ်ဆောင်းလဲရပါတယ်
📌အသက် ၆လမှ တစ်နှစ်ခွဲထိ No.48
📌အသက် ၁နှစ်မှ ၃နှစ်အထိ No. 50
ဆိုဒ်၂မျိုးလာပါတယ်
✅တစ်လုံး၁၀၀၀၀ ကျပ်နဲ့ Kaung Khant Pharmacy မှာ ၀ယ်ယူလို့ရပါပြီ
Molnupiravir Now available at Kaung Khant PharmacyCovid-19 ရောဂါအတွက် ကမ္ဘာ့ပထမဆုံးကုသဆေး(သောက်ဆေး)အဖြစ် UK MHRA မှခွင့်...
12/02/2022
Molnupiravir Now available at Kaung Khant Pharmacy
Covid-19 ရောဂါအတွက် ကမ္ဘာ့ပထမဆုံးကုသဆေး(သောက်ဆေး)အဖြစ် UK MHRA မှခွင့်ပြုခဲ့ပြီး အမေရိကန်နိုင်ငံ US FDA မှ Emergency Use Authorization (EUA )အဖြစ် ခွင့်ပြုချက်ရထားသည့် Molnupiravir အား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ branded generic MOLNUPAC အမည်ဖြင့်ထုတ်လုပ်အောင်မြင်ပြီး မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDAမှ ထောက်ခံစာရရှိထားေသာ Covid-19 ကုသေဆးအား Kaung Khant Pharmacy တွင် in stock ၀ယ်ယူနိုင်ပါပြီ
🔛Digital Kettle အပူချိန်ထိန်းရေနွေးအိုး Instock at Kaung Khant Pharmacy⚡လိုချင်တဲ့အပူချိန်မှာတနေကုန်ထားထားနိုင်ပြီး တစ်မ...
12/02/2022
🔛Digital Kettle အပူချိန်ထိန်းရေနွေးအိုး Instock at Kaung Khant Pharmacy
⚡လိုချင်တဲ့အပူချိန်မှာတနေကုန်ထားထားနိုင်ပြီး တစ်မိသားစုလုံးလိုရာသုံးနိုင်ပါတယ် တစ်အိုး ၄၅၀၀၀ ကျပ်ပါ ရေ 1000ML ဆ့ံပါတယ်
🍼Formula ကူရတဲ့ဘေဘီတို့အတွက် 40 to 45°
🍲ဖြည့်စွက်စာအတွက် (အစားအသောက်ပေါ်မူတည်) 70°
🍵ရေနွေးသောက်ဖို့ 90° ကြိုက်သလိုညှိထားလို့ရသလိုအတိုးအလျော့လဲလုပ်ထားနိုင်ပါတယ်
❗️အသုံးပြုပုံ❗️
ပထမဆုံးရေအေးကိုထည့်ပြီး ထားချင်တဲ့အပူပမာဏထိရောက်အောင်ချိန်ပါ ပြီးရင် အောက်ဆုံးအတန်းအလယ်တည့်တည့်ကခလုပ်လေးတစ်ချက်နှိပ်လိုက်ရုံနဲ့ 100°အထိပွက်ပွက်ဆူမှာပါ ပြီးရင် စက်ကအော်တို မူလလိုချင်တဲ့ ° ကိုပြန်ကျပြီး တနေကုန်အပူထိန်းထားမှာပါ
ဘေးကင်းစိတ်ချရပြီး ဖန်သားနဲ့မို့ ကြာရှည်ခံပါတယ် မီးခိုးနဲ့အစိမ်း ၂ရောင်လာပါတယ်ရှင့်
Address~ No. 2, Hle Dan 6 Street, Kamayut
06/02/2022
ခုရက်ပိုင်း ဆေးခန်းမှာ ဖျားတဲ့ လူနာတွေ တော်တော် များလာပါတယ် လူတိုင်းကို စစ်မကြည့်ပေမဲ ့ Covid 19 လို ့ထင်ပါတယ် စစ်ကြည့်တဲ့သူများရဲ ့ ၇၀ % ခန် ့ကလဲ positive ထွက်ပါတယ်။ လှည်းတန်း တွင်နေထိုင်ကျသော အကိုအမ များအနေနဲ ့ mask ကို သေချာတပ်ပါ လက်ဆေးပါ အိပ်ရးေဝအောင်အိပ်ပါ အစားကောင်းကောင်းစားပါ ကျန်းမာရေးနဲ ့အညီ ခပ်ခွာခွာနေပါ ရေများများသောက်ပါ။ ဆေးခန်းမှာ ဖျားတာ လာပြတာများတဲ ့အတွက် လူနာအချင်းချင်း မကူးစေရန် ခပ်ခွာခွာ ထိုင်ပေးကျပါခင်ဗျာ လက်သန် ့ဆေးရည်များလည်း အလုံ အလောက် ချပေးထားပါတယ် ခင်ဗျာ။ လှည်းတန်းသူ လှည်းတန်းသား များအားလုံး Covid 19 fourth wave ကို အဖိတ်အစင် မရှိပဲ ကျော်လွှားနိုင်ကျပါစေ။
အားလုံးကိုကျန်းမာစေချင်သော ကောင်းခန် ့
သွေးလွန်တုပ်ကွေးရောဂါ 🦟သွေးလွန်တုတ်ကွေးရောဂါသည်ကမ္ဘာပေါ်ရှိအပူပိုင်းနှင့် သမပိုင်းဒေသများတွင်ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပ...
29/11/2021
သွေးလွန်တုပ်ကွေးရောဂါ 🦟
သွေးလွန်တုတ်ကွေးရောဂါသည်ကမ္ဘာပေါ်ရှိအပူပိုင်းနှင့် သမပိုင်းဒေသများတွင်ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်ပြီး နှစ်စဉ်လူဦးရေ သန်းပေါင်းများစွာ ကူးစက်ဖြစ်ပွားလျက်ရှိပါသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများတွင် ကပ်ရောဂါ သဖွယ်​ြဖစ်ပွားလေ့ရှိပါသည်။
🩺ရောဂါလက္ခဏာများ
စတင်ကူးစက်မှုခံရတဲ့အခါရောဂါလက္ခဏာသိသိသာသာပြသမှုမရှိပါဘူး။ ဒါပေမဲ့ရောဂါပိုးကိုသယ်ဆောင်တဲ့ ခြင်ကိုက်ခံရပြီးတဲ့နောက် ၄ ရက်ကနေ ၁၀ရက်အတွင်းမှာ ရာသီတုပ်ကွေးကဲ့သို့သောရောဂါလက္ခဏာတွေ စပြပါတယ်။ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း (၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီ စင်တီဂရိတ် နှင့်အထက်) ၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ အနီစက်များထွက်ခြင်းတို့ဖြစ်ပါတယ်။
ကူးစက်ခံရသူအများစုမှာ တစ်ပတ်အတွင်းပြန်လည်သက်သာလေ့ရှိသော်လည်း အချို့သောသူများကတော့ ပြင်းထန်သွေးလွန်တုပ်ကွေးရောဂါ ကြောင့်သွေးလန့်ခြင်းဖြစ်ပွားပြီး အသက်အန္တရာယ်စိုးရိမ်ရတတ်ပါတယ်။ ပြင်းထန်တုပ်ကွေးရောဂါဖြစ်ပွားနေစဉ် ခန္ဓာကိုယ်အတွင်း Platelets လို့ခေါ်တဲ့သွေးခဲစေတဲ့ဓါတ်တစ်မျိုးကျတတ်တာကြောင့် ကိုယ်တွင်းအင်္ဂါများသွေးယိုစိမ့်တတ်ပါတယ်။ အခြေအနေအရမ်းဆိုးပါက သွေးကြောများထိခိုက်ပျက်စီးခြင်း၊ သွေးလန့်ခြင်း နှင့် ကိုယ်တွင်း အင်္ဂါများပျက်စီးပြီး အသက်ဆုံးရှုံး ရတတ်ပါတယ်။
‼️အရေးကြီးတဲ့ရောဂါလက္ခဏာများ ကတော့ ဗိုက်အောင့်ခြင်း၊ အဆက်မပြတ်အန်ခြင်း၊ သွားဖုံး နှင့် နှာခေါင်းမှ သွေးယိုခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း၊ ဆီး အနီရောင်သွားခြင်း၊ အရေပြားတွင်အညိုအမဲစွဲခြင်း၊ အသက်ရှုမြန်ပြီး အသက်ရှုရခက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း တို့ဖြစ်ပါတယ်။ ထိုရောဂါလက္ခဏာတွေကတော့ အဖျားပြန်ကျပြီး တစ်ရက် နှစ်ရက်အကြာမှာ ဖြစ်တတ်ပြီး အသက်အန္တာရယ် စိုးရိမ်ရတဲ့ အရေးပေါ်အခြေအနေဖြစ်တာကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူသင့်ပါတယ်။
🦟သွေးလွန်တုပ်ကွေးရောဂါ ဖြစ်စေတဲ့ Dengue virus မျိုးစိတ် ၄ ခုရှိပါတယ်။ ရောဂါဖြစ်ပွားနေတဲ့သူကို ခြင်ကိုက်ပြီး အဲ့ခြင်ကနေ အခြားသူတစ်ယောက်ကို ထပ်ကိုက်ရာမှ ကူးစက်ခံရလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အနီးကပ်နေရုံ အတူစားအတူသွားရုံနဲ့မကူးနိုင်ပါဘူး။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရပြီး ပျောက်ကင်းသွားတဲ့ သူတစ်ယောက်ဟာ သူကူးစက်ခံရတဲ virus မျိုးစိတ်ကို ခုခံနိုင်တဲ့ကိုယ်ခံအားရလေ့ရှိပါတယ်။ ဒါပေမဲ့ ကျန် virus မျိုးစိတ် ၃ ခု ကို ထပ်မံကူးစက်ခံရနိုင်ပါသေးတယ်။ အဲ့လိုထပ်မံကူးစက်ခံရရင်တော့ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ဖို့များပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေသွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရရင်တော့ မိခင်ကနေကလေးကို ကူးစက်နိုင်ပြီး အချိန်မတိုင်ပဲစောမွေးခြင်း၊ ကလေးပေါင်မပြည့်ခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်တတ်ပါတယ်။
✅ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေး ရောဂါအတွက် ကာကွယ်ဆေး vaccine ရှိပါတယ် ဒါပေမဲ့ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဘယ်သူတွေ ထိုးသင့်လဲ ဆိုတော့ အသက် ၉ နှစ်နဲ့ ၄၅ နှစ် အကြား သွေးလွန်တုပ်ကွေး ဖြစ်ဖူးတဲ့သူတွေ သွေးဖောက်စစ်ကြည့်တဲ့အခါ သွေးလွန်တုပ်ကွေး ဖြစ်ဖူးကြောင်း အထောက်အထားရှိတဲ့သူတွေ ထိုးသင့်ပါတယ်။ တခါမှမဖြစ်ဖူးတဲ့သူတွေကတော့ မထိုးသင့်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးဆိုတာ ခန္ဓာ ကိုယ်အတွင်း ကိုယ်ခံအား တစ်ခုထည့်ပေးတာ ကြောင့် မတူတဲ့ သွေးလွန်တုပ်ကွေး မျိုးစိတ်တွေ ဝင်တဲ့အခါ ပြင်းထန်အဆင့်ရောက်တတ်လို့ပါ။
ကာကွယ်မှု အနေနဲ့က ခြင်ပေါတဲ့နေရာဆိုရင် အင်္ကျီရှည် ဘောင်းဘီရှည်ဝတ်ပါ။ ခြင်ထောင် ဆေးရည်စိမ် ပြီး အိပ်ပါ။ ခြင်မကိုက်စေတဲ့ mosquito repellent cream လိမ်းပါ။ သင်၏အနီးအနားမှာ ခြင်ခိုအောင်းနိုင်သော ခြုံနွယ်များရှိပါက ရှင်းလင်းပါ။ ခြင်ပေါက်ဖွားနိုင်သော ရေအိုင်များရှိပါက မြေဖို့ပါ။
အားလုံးကို ကျန်းမာပျော်ရွှင်စေချင်သော ကောင်းခန့်
Dr. ZYMT(PH)
ZawGyi Font
🩺ရောဂါလက္ခဏာများ
✅ကာကွယ်ခြင်း
Dr. ZYMT(PH)
#သွေးလွန်တုပ်ကွေး
Address
6th Street
Yangon
11041
Opening Hours
Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00
Telephone
+959254207712
Website
Alerts
Be the first to know and let us send you an email when Kaung Khant Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share
Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram