Mg Tha Nge - မောင်သူငယ်

Mg Tha Nge - မောင်သူငယ် အမျိုးသားချင်း ချစ်ခင်စုံမက်သူများ (MSM)အတွက် ဗဟုသုတတွေမျှဝေပေးမည့် ‘‘မောင်သူငယ်” လာပါပြီဗျို့ . . .

ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။...
01/03/2025

ချစ်တို့ရေ ဒီနေ့ ကတော့ နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုတွေ ရပ်တန့်ဖို့ တိုက်တွန်းတဲ့ Zero Discrimination Day ဖြစ်ပါတယ်။

လူအများအတွက်အပြုသဘောဆောင်သော အပြောင်းအလဲအတွက် လှုပ်ရှားမှုနေ့တစ်ခုဖြစ်လည်းပါသည်။
ဤ Zero Discrimination နေ့တွင် Myanmar Positive Group သည် လူမှုအသိုင်းအဝိုင်းများနှင့် အတူ ရပ်တည်ပြီး ခွဲခြားဆက်ဆံ ခံရမှုများ ပပျောက်ရေးကိုကြိုးစားဆောင်ရွက်နေဆဲဖြစ်ပါတယ်။

HIV တုံ့ပြန်မှု ဆက်လက်ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ
ကျန်းမာရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် လူမှုအသိုင်းအဝိုင်းများ​၏ ကဏ္ဍ အလွန်အရေးကြီးပါသည်။

HIV ပိုးကူးစက်ခံထားရသူအားလုံးသည် ၎င်းတို့လိုအပ်သော ဝန်ဆောင်မှုများကို လက်လှမ်းမီရရှိနိုင်ကာ ဂုဏ်သိက္ခာရှိရှိ ရိုသေလေးစားမှုဖြင့် ဆက်ဆံခံရကြောင်း သေချာစေရန်အတွက် အထောက်အပံ့များ ပိုမိုလိုအပ်နေဆဲဖြစ်ပါတယ်။
အထောက်အပံ့များ မရနိုင်ပါက ခွဲခြားခံရလို့ သေဆုံးမှုတွေက ပိုဖြစ်လာနိုင်သလို
လက်လှမ်းမမှီနိုင်တဲ့
ဝန်ဆောင်မှုတွေအဖြစ် အလှမ်းဝေးလာနိုင်စရာရှိတယ်ဆိုတဲ့အထင်ရှားဆုံးသာဓကတွေ အတိတ်သမိုင်းမှာရှိပြီးဖြစ်ပါတယ်။

AIDS တိုက်ဖျက်ရေးအတွက်တစ်ခုတည်းသောနည်းလမ်းဆိုတာက လူမှုအသိုင်းအဝိုင်းများနှင့် အတူတကွ လက်တွဲလုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။

AIDS ကို 2030 မှာ အဆုံးသတ်ဖို့၊ ရပ်ရွာလူထုဦးဆောင်တဲ့ တုံ့ပြန်မှုတွေအတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုနဲ့ ပံ့ပိုးကူညီမှုက အရေးကြီးပါတယ်။

US အစိုးရရန်ပုံငွေအပြောင်းအရွှေ့ကြောင့် ဖြစ်ပေါ်လာသော လက်ရှိအကျပ်အတည်းသည်

လူမှုအသိုင်းအဝိုင်း၏စိုးရိမ်ပူပန်မှုနှင့် ၊ရပ်ရွာလူထုဦးဆောင်သော ဝန်ဆောင်မှုများအပေါ် အကျိုးသက်ရောက်မှုများစွာရှိခဲ့ပါတယ်။

AIDS တုံ့ပြန်မှု ရေရှည်တည်တံ့မှုအတွက် မရှိမဖြစ် လိုအပ်သော်လည်း ရပ်ရွာလူထုဦးဆောင်သော တုံ့ပြန်မှုများသည် မကြာခဏဆိုသလို အသိအမှတ်ပြုမခံရခြင်း၊ အရင်းအမြစ်နည်းပါးပြီး အခက်အခဲများနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသည်။

အကယ်၍ အဆိုပါအတားအဆီးများကိုဖယ်ရှားပေးပါက
ရပ်ရွာလူထုဦးဆောင်သောအဖွဲ့အစည်းများသည် AIDS ကို 2030ခုနှစ်တွင်ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုအဖြစ်မှ
အဆုံးသတ်ရန်ပိုမိုကြီးမားသောတွန်အားများ
အဖြစ်ပြောင်းလဲပေးနိုင်ပါသည်။

"ခွဲခြားဆက်ဆံမှုများရှိနေသည့်နေရာတွင်လူ့အဖွဲ့အစည်းများမရှင်သန်နိုင်ပါ"
ဟုဥရောပပါလီမန်၏ဒုတိယဥက္ကဌနှင့်
အချိန်ကြာမြင့်စွာ HIV တက်ကြွလှုပ်ရှားခဲ့သူ Marc Angel မှပြောကြားခဲ့သည်။

Zero Discrimination Day တွင်၊ သာတူညီမျှမှုသည် ရွေးချယ်စရာတစ်ခုမဟုတ်ပဲ မရှိမဖြစ်လိုအပ်သောအရာတစ်ခုဖြစ်ပါသည်။

ယခုအချိန်သည် လူထုခေါင်းဆောင်မှုအပေါ် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်ကို ပြန်လည်အတည်ပြုရမည့်အချိန်
ဖြစ်ပါသည်။


သူငယ်ချင်းတို့ရေ ....IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျို...
20/02/2025

သူငယ်ချင်းတို့ရေ ....
IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...
ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဦးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။
စစ်တမ်းကောက်ယူမယ့်ကာလ - မတ်လ မှ ဇွန်လ အထိ
သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။ (အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
• အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
• မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
• အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
• ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ဆုလက်ဆောင်ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်
ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....
အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။

#စစ်တမ်း

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသား...
09/12/2024

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ?

📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသားစုဝင်အပါအဝင် ပတ်ဝန်းကျင်မှလူတွေက ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိတတ်ပါတယ်။ တီဘီရောဂါ ကူးစက်ခံရမှာကို စိုးရိမ် ကြောက်လန့်ပြီး
🔺 တီဘီရောဂါရှိသူနဲ့ ထမင်းအတူတူမစားချင်တာ၊
🔺အခေါ်အပြော၊ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာ စသဖြင့် ခွဲခြားဆက်ဆံခံရတာတွေ ရှိတတ်ပါတယ်။

📌ဒီလိုအခြေအနေတွေကြုံရတဲ့အခါ တီဘီရောဂါရှိသူတွေအနေနဲ့ ရှက်ရွံ့အားငယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ အထီးကျန်သလို ခံစားရတာနဲ့ စိတ်ဓာတ်ကျတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ မရောနှောတော့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆေးရုံဆေးခန်းကို မသွားချင်တဲ့အထိ ဖြစ်လာပါက ဆေးသောက်ပျက်ကွက်ပြီး တီဘီဆေးကုသမှုအတွက် အဟန့်အတား ဖြစ်စေကာ ရောဂါပျောက်ကင်းဖို့ နှောင့်နှေးတာမျိုးအထိ ကြုံရတတ်ပါတယ်။

📌ဒီအခြေအနေတွေ မရှိစေဖို့ တီဘီရောဂါရှိသူနဲ့ အတူနေမိသားစုဝင်အပါအဝင် အများပြည်သူကို တီဘီရောဂါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များများမျှဝေပေးဖို့ လိုအပ်ပါတယ်။

💝ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။

ဘာဆိုင်လဲကွာ ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်က Nightlife မှာ အမြဲတမ်းပျော်နေလေ့ရှိပါတယ်။ NightLife မှာ လွယ်လွယ်ကူကူ ရတတ်တ...
05/12/2024

ဘာဆိုင်လဲကွာ

ကျွန်တော့်ရဲ့သူငယ်ချင်းတစ်ယောက်က Nightlife မှာ အမြဲတမ်းပျော်နေလေ့ရှိပါတယ်။ NightLife မှာ လွယ်လွယ်ကူကူ ရတတ်တဲ့ စိတ်ကြွဆေး (E, K) တွေကိုလည်း မကြာခဏဆိုသလိုပဲ သုံးစွဲတတ်ပါတယ်။
အဲ့လိုနဲ့နေရင်းက တစ်ရက်ကျတော့ သူသုံးနေတဲ့ဆေးဝါးတွေကြောင့်ပဲ လိင်စိတ်ကို ထိန်းကွပ်နိုင်စွမ်း ကျဆင်း လာတာနဲ့အတူ သူ,မသိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အကာအကွယ်မဲ့ ပျော်ပါးမိလာခဲ့ပါတယ်။

ကျွန်တော်ထင်တဲ့အတိုင်းပါပဲ။ မကြာခင်မှာပဲ သူ့ရဲ့သွေးအဖြေမှာ HIV Positive ဆိုတာကို မြင်လိုက်ရပါတယ်။

စိတ်ကြွဆေးတွေကို ဆယ်ကျော်သက်တွေအနေနဲ့ အပျော်လို့ယူဆထားကြပေမဲ့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာတဲ့အခါမှာတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ … စိတ်ကြွဆေးနဲ့ HIV ဟာ ဘာမှမဆိုင်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။

မသိလိုက်ဘဲသုံးမိနေသော မူးယစ်ဆေး (သို့မဟုတ်) အိပ်မပျော်သော ဆယ်ကျော်သက်များ မူးယစ်ဆေးမသုံးဘူးဆိုပေမဲ့ စိတ်ငြိမ်ဆေးနဲ့အိပ်ဆ...
26/11/2024

မသိလိုက်ဘဲသုံးမိနေသော မူးယစ်ဆေး (သို့မဟုတ်) အိပ်မပျော်သော ဆယ်ကျော်သက်များ

မူးယစ်ဆေးမသုံးဘူးဆိုပေမဲ့ စိတ်ငြိမ်ဆေးနဲ့အိပ်ဆေးတွေကို အလွန်အကျွံသုံးစွဲခြင်းက ဒီလို အကျိုးသက်ရောက်မှုမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

(၁) စကားပီပီသသမပြောနိုင်တာတွေဖြစ်မယ်
(၂) အိပ်ငိုက်တာတွေဖြစ်မယ်
(၃) ရောက်နေတဲ့ နေရာ ၊ အချိန်တွေကို မမှတ်မိတာမျိုးတွေဖြစ်မယ်
(၄) ဆက်စပ်ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိတော့တာတွေဖြစ်ပြီး
(၅) ဆေးလွန်ခြင်းကြောင့် အသက်ရှူနှေးပြီး အသက်အန္တရာယ်ထိခိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။

ဆယ်ကျော်သက်အများစုဟာ လူနေမှုပြဿနာပေါင်းမြောက်များစွာ ၊ ဒီဂျစ်တယ် စက်ပစ္စည်း အသုံးပြုမှုကနေထွက်ရှိလာတဲ့ ဓာတ်ရောင်ခြည်တန်းပေါင်း မြောက်များစွာကြောင့် ညဖက် အိပ်မပျော်တဲ့ ဝေဒနာတွေကို ခံစားလာနေရပါတယ်။

ဒါပေမဲ့ ဒါကို သဘာဝအတိုင်းပြန်လည်ကုသပြင်ဆင်ခြင်းမျိုးမပြုလုပ်ဘဲ ... စိတ်လှုပ်ရှားပြီး အိပ်မရသူတွေကို ဆရာဝန်တွေပေးလေ့ရှိတဲ့ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေးတွေကို လွဲမှားစွာအသုံးပြုမိတာတွေ ၊ ဆေးအပေါ်မှာ မှီခိုသာယာတာတွေကနေ အထက်မှာဖော်ပြခဲ့သလို ဦးနှောက်နဲ့အာရုံကြောနှေးကွေးခြင်းကနေ အသက်အန္တရာယ် ထိခိုက်လာတဲ့အထိ ဆိုကျိုးများစွာဖြစ်စေနိုင်တာဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆက်ကျော်သက်တို့အနေနဲ့ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ မူးယစ်ဆေးစွဲသူတစ်ဦး ဖြစ်မသွားစေဖို့ အခုလိုပဲ သတိပေးဖော်ပြလိုက်ရပါတယ်နော်။

လိင်အင်္ဂါအနာဖြစ်နေသူ (၁၀) ဦးမှာ (၂) ဦးလောက်ကပဲ မှန်ကန်တဲ့ကုသနည်းတွေကို သိရှိပြီး ရောဂါသက်သာ ပျောက်ကင်းသွားကြပါတယ်။ ဒါပေ...
04/11/2024

လိင်အင်္ဂါအနာဖြစ်နေသူ (၁၀) ဦးမှာ (၂) ဦးလောက်ကပဲ မှန်ကန်တဲ့ကုသနည်းတွေကို သိရှိပြီး ရောဂါသက်သာ ပျောက်ကင်းသွားကြပါတယ်။ ဒါပေမဲ့ ကျန်တဲ့ (၈) ဦးလောက်ကတော့ ပတ်ဝန်းကျင်ကို အသိမခံချင်ကြတာ ကြောင့် သိုဝှက်ထားရင်းနဲ့ ပိုမိုဆိုးဝါးလာတဲ့ STI ရောဂါဝေဒနာတွေကို ခံစားလာရပါတယ်။

🛑 STI ဆိုတာဘာလဲ?
STI ဆိုတာကတော့ Sexual Transmitted Infection လို့ခေါ်တဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါ ဖြစ်ပါတယ်။

🛑 ဖြစ်ပွားပုံ
STI ရောဂါက Virus (ဗိုင်းရပ်စ်) နဲ့ Bacteria (ဘတ်တီးရီးယား) တွေကြောင့် လိင်အင်္ဂါမှာဖြစ်ပွားတဲ့ရောဂါဖြစ်ပြီးတော့ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။

🛑 ရောဂါလက္ခဏာများ
STI ရဲ့ ရောဂါလက္ခဏာတွေအနေနဲ့ကတော့ … လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်မှာ ယားယံတာ ၊ ရောင်ရမ်းတာတွေ ဖြစ်လာမယ်။ အဲ့ဒီကနေမှတစ်ဆင့် အနီစက်ထွက်တာ ၊ အနာ ၊ အရည်ကြည်ဖု ၊ အကျိတ်ဖြစ်လာမယ်။
လိင်အင်္ဂါကနေ အရည် (ပြည်) ထွက်လာတာတွေနဲ့ ဆီးသွားတဲ့အခါနာကျင်လာမယ် ဆိုရင်တော့ STI ရောဂါ စတင်ဖြစ်ပွားနေပြီလို့ပြောလို့ရပါတယ်။ (တစ်ခါတရံမှာတော့ STI ဟာ လက္ခဏာမပြဘဲလည်း ရှိနေတတ်ပါတယ်။)

🛑 အဓိက ကူးစက်ပုံ (၂) မျိုး
STI ရောဂါဟာ လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ရောဂါတစ်ခုဖြစ်တဲ့အလျောက် …
(၁) လိင်ဆက်ဆံတဲ့ပုံစံနဲ့အပြုအမူတွေပေါ်မှာမူတည်ပြီး ကူးစက်နိုင်ခြင်းရှိသလို
(၂) ရောဂါပိုးရှိသူရဲ့သွေးက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

🛑 Bacteria ကြောင့်ဖြစ်ပွားသော STI ရောဂါများ
(၁) Gonorrhea (ဂနိုးရီးယား) = အမျိုးသားလိင်အင်္ဂါမှ ပြည် (သို့) အဝါရောင်အရည်များ ထွက်ခြင်း ၊ ဆီးသွားရာတွင် နာကျင်ခြင်း။
(၂) Syphilis (ဆစ်ဖလစ်) = ရောဂါပိုးနှင့်ထိတွေ့မိသောနေရာတွင် အနာဖြစ်ခြင်း ၊ အနာမှာ မနာကျင်ဘဲ တင်းနေခြင်း ၊ ပြည်ထွက်နိုင်ခြင်း ၊ ကိုယ်ခန္ဓာတွင် ယားယံမှုမရှိသော အနီကွက်များထွက်ခြင်း။
(၃) Chlamydia (ကလာမိုင်းဒီးယား) = ဆီးသွားလျှင်နာကျင်ခြင်း ၊ သွေးရည်ပြွန်ဂလင်းများ ရောင်ခြင်း။
(၄) Chancroid (ရှန်ကရိုက်) = လိင်အင်္ဂါတစ်ဝိုက်တွင် အနားများစွာတွေ့ရခြင်း ၊ ပေါင်ခြံတွင် အကျိတ်များ ရောင်ရမ်းလာခြင်း။

🛑 Virus ကြောင့်ဖြစ်ပွားသော STI ရောဂါများ
(၁) Condyloma (ကွန်ဒိုင်လိုမား) = ကြွက်နို့နှင့်တူသော အသားလုံးလေးများဖြစ်ပေါ်လာခြင်း။
(၂) Herpes (ရေယုန်) = လိင်အင်္ဂါတွင် သေးငယ်၍နာကျင်သော အရည်ကြည်ဖုများဖြစ်လာခြင်း။
(၃) အသည်းရောင်အသားဝါ ဘီပိုး = နွမ်းနယ်ခြင်း ၊ အသားဝါခြင်း ၊ ဆီးအရောင်ရင့်ခြင်း ၊ ဝမ်းအရောင်ဖျော့ခြင်း။
(၄) HIV (ခုခံအားကျဆင်းမှုရောဂါ) = တိကျသော ရောဂါလက္ခဏာမရှိပါ။
(၅) Ge***al Warts (လိင်အင်္ဂါကြွက်နို့) = လိင်အင်္ဂါတွင် ကြွက်နို့များ ထွက်ပေါ်လာခြင်း။

🛑 STI ရောဂါ ဖြစ်ပွားလာတဲ့အခါ
ပတ်ဝန်းကျင်ကိုအသိမခံချင်တာကြောင့် မကုသဘဲထားမယ်ဆိုရင်တော့ STI ဟာ ရေရှည်မှာပိုမိုဆိုးဝါးနိုင်ပြီး သားသမီးမရဘဲ မြုံသွားတာတွေ ၊ အသက်ဆုံးရှုံးတာတွေအထိ ဖြစ်ပွားနိုင်ပါတယ်နော်။
စနစ်တကျနဲ့ အချိန်မီကုသမှုခံယူနိုင်တယ်ဆိုရင် STI ရောဂါအများစုက လုံးဝပျောက်ကင်းသွားနိုင်ပါတယ်။ ပဋိဇီဝဆေးဝါးနဲ့ကုသမှုတွေအပြင် ၊ လိမ်းဆေးတွေကလည်းပဲ Bacteria ကြောင့်ဖြစ်ပွားတဲ့ STI ရောဂါတွေကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ မိမိတို့ လိင်အင်္ဂါတစ်ဝိုက်မှာ အထက်မှာဖော်ပြထားခဲ့သလိုမျိုး ရောဂါလက္ခဏာ တွေကို ကြုံတွေ့လာရပြီဆိုရင် ရှက်ရွံ့မနေဘဲ နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ တိုင်ပင်ပြသပြီး ကုသမှုခံယူဖို့မမေ့ကြပါနဲ့နော်။

ညီလေးတို့ စိတ်ဓာတ်ကျနေတုန်းလား ? လိင်မှတစ်ဆင့်ကူးစက်ခံရသော ရောဂါများဖြစ်ပွားလာခဲ့ရင်လည်း အချိန်မီ ဆေးကုသမှုခံယူပြီး ကျန်...
01/11/2024

ညီလေးတို့ စိတ်ဓာတ်ကျနေတုန်းလား ?

လိင်မှတစ်ဆင့်ကူးစက်ခံရသော ရောဂါများဖြစ်ပွားလာခဲ့ရင်လည်း အချိန်မီ ဆေးကုသမှုခံယူပြီး ကျန်းမာရေးကို သေချာဂရုစိုက်ပြီးနေထိုင်ပါက လူသက်တမ်းစေ့ နေနိုင်တာကြောင့် စိတ်ဓာတ်မကျပဲ ကိုယ်လုပ်စရာရှိတာများကို ဆက်လုပ်သင့်ပါတယ် ။

လူပတ်ဝန်းကျင်မှာ ရောဂါခံစားနေရသော ဝေဒနာရှင်များအဖြစ် ခွဲခြားဆက်ဆံမှုများကိုမရှိစေဘဲ ရသင့်ရထိုက်သော လူ့အခွင့်အရေးများကို ခံစားရရှိနိုင်မှာပဲ ဖြစ်ပါတယ် ။

ဆေးဝါအကူအညီများကို နီးစပ်ရာပြည်သူ့ ဆေးရုံကြီးများတွင် အလွယ်တကူရယူနိုင်ပြီး ဆေးကုသမှုသေချာ ခံယူပါက မိမိအိမ်ထောင်ဖက်၊ ချစ်သူကိုပါ မကူးစက်နိုင်သည့် အနေအထားကိုပါ ရောက်ရှိနိုင်ပါတယ် ။

အဲ့ဒီတော့ စိတ်ဓာတ်ကျမနေဘဲ သာမန်လူတစ်ယောက်လို ကျန်းမာပျော်ရွှင်တဲ့ မိသားစုတစ်ခုဖန်တီးနိုင်ဖို့ အချိန်မီဆေးကုသမှုခံယူလိုက်ပါ ။



\

"သင့်ကျန်းမာရေးဟာ သင့်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ။ HIV ကာကွယ်မှုနဲ့ ဆေးကုသမှုတွေကို သေချာအသုံးပြုပြီး ကျန်းမ...
23/09/2024

"သင့်ကျန်းမာရေးဟာ သင့်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ။
HIV ကာကွယ်မှုနဲ့ ဆေးကုသမှုတွေကို သေချာအသုံးပြုပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

"

"သင့်ကျန်းမာရေးကို ကာကွယ်ရန်၊ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို သုံးပါ။ လိင်ဆက်ဆံချိန်တိုင်းမှာ ကွန်ဒုံးအသုံးပြုခြင်းဖြင...
17/09/2024

"သင့်ကျန်းမာရေးကို ကာကွယ်ရန်၊ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို သုံးပါ။
လိင်ဆက်ဆံချိန်တိုင်းမှာ ကွန်ဒုံးအသုံးပြုခြင်းဖြင့် အကောင်းဆုံးကာကွယ်ပါ။

"

"အတူတူပြောကြစို့! 💬 HIV ကာကွယ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးလု...
16/09/2024

"အတူတူပြောကြစို့! 💬

HIV ကာကွယ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအကြောင်းများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးလုပ်ဆောင်ကြစို့။ လိုအပ်တဲ့ အခြေအနေတွေမှာ အချင်းချင်းဖွင့်ဟစကားပြောကြပါစို့။

"

"Condoms save love and life”ကွန်ဒုံးကို လိင်ဆက်ဆံမှုအချိန်တိုင်းသုံးခြင်းသည် HIV နဲ့ အခြားသော ကူးစက်ရောဂါများကို ကာကွယ်ပ...
04/09/2024

"Condoms save love and life”

ကွန်ဒုံးကို လိင်ဆက်ဆံမှုအချိန်တိုင်းသုံးခြင်းသည် HIV နဲ့ အခြားသော ကူးစက်ရောဂါများကို ကာကွယ်ပေးနိုင်သော အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

ကွန်ဒုံးကို အမြဲဆောင်ထားပါ။

"

“Trust & Care”"ကျွန်ုပ်တို့ရဲ့ ကာကွယ်မှုတွေဟာ ချစ်ခြင်းမေတ္တာကို ပိုမိုကောင်းမွန်စေပါတယ်!"  အတူတကွ HIV ကာကွယ်မှုနည်းလမ်း...
03/09/2024

“Trust & Care”
"ကျွန်ုပ်တို့ရဲ့ ကာကွယ်မှုတွေဟာ ချစ်ခြင်းမေတ္တာကို ပိုမိုကောင်းမွန်စေပါတယ်!" အတူတကွ HIV ကာကွယ်မှုနည်းလမ်းတွေ သုံးပါ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mg Tha Nge - မောင်သူငယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram