ရောင်နီထွဋ်ဝင်း-ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း

  • Home
  • Myanmar
  • Yangon
  • ရောင်နီထွဋ်ဝင်း-ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း

ရောင်နီထွဋ်ဝင်း-ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်းး - ရန်ကုန်

မြန်မာနှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအပေါင်းကျန်းမာချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေ💕🙏🙏🙏💕
17/04/2025

မြန်မာနှစ်သစ်မှာ ကမ္ဘာသူ ကမ္ဘာသားအပေါင်းကျန်းမာချမ်းသာပြီး ဘေးရန်ကင်းရှင်းကြပါစေ💕🙏🙏🙏💕

👍👍
26/11/2024

👍👍

🍃 မြန်မာ့ယဉ်ကျေးမှုအရ “လက်ဖက်” လို့ ကြားလိုက်တာနဲ့ အစို၊ အခြောက် နှစ်မျိုးကို ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှာတော့ လက်ဖက်ရဲ့ ဖြစ်တည်မှုဟာ မတူညီဘဲ အသီးသီး ကွဲပြားကြပါတယ်။

🍵 ရေနွေးနဲ့ ဖျော်ပြီး ရရှိလာတဲ့ လက်ဖက်ခြောက်ကို “Tea” လို့ နိုင်ငံတကာမှ အသိအမှတ်ပြုပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာ လက်ဖက်ခြောက်
"အခါးခြောက်" ကိုရေနွေးကြမ်းသောက်လေ့ရှိပြီး လက်ဖက်ခြောက်
"အချိုခြောက်" ကိုလက်ဖက်ရည်အချိုသောက်လေ့ရှိကြပါတယ် ။

🔎 မြန်မာတို့ မရိုးမအီဘဲ သုပ်စား၊ ထောင်းစားလေ့ရှိတဲ့ "လက်ဖက်စို"သီးသန့်ကတော့ "Fermented Tea Leaves" အမျိုးအစားဖြစ်ပြီး"လက်ဖက်စိုကိုအရသာမျိုးစုံထဲ့နှပ်"ထားရင် Fermented Tea leaf with Receipes" လို့ခွဲခြားသတ်မှတ်ထားတာကိုထူးခြာစွာသိရှိရပါတယ်
တခြားနိုင်ငံမှာ တွေ့ရလေ့မရှိပါဘူး။

🇹🇭 ယိုးဒယားနိုင်ငံမှာ Fermented Tea Leaves ဖြစ်တဲ့ အမျိုးအစားတူ လက်ဖက်စိုကိုပဲ “Miang” လို့ ခေါ်ဆိုကြပြီး ပီကေလို ဝါးစားတဲ့ ဓလေ့တစ်ခုသာ မြင်တွေ့ရပါတယ်။

🌐 နိုင်ငံခြားသားအများစုကတော့ လက်ဖက်စိုကို Laphet လို့ သိကြပြီး သုပ်စားတဲ့အခါမှာတော့ Laphet Salad လို့ ခေါ်ဆိုကြပါတယ်။ ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ကို အတွဲညီတဲ့ မြန်မာ့ရိုးရာ အစားအသောက်လို့လည်း လူသိများပါတယ်။

ဒီနေ့ ဗဟုသုတအနေနဲ့ နိုင်ငံတကာက သိထားကြတဲ့ “လက်ဖက်” အကြောင်းကို မျှဝေပေးခဲ့တာမလို့ စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…💚

Credit
MTA

မေတ္တာဖြင့်ပြန်လည်မျှဝေပါ၏👏

နေ့စဉ်နဲ့အမျှ ကျွန်တော်တို့စားလိုက်တဲ့အစားအစာနဲ့ သောက်သုံးရေ၊ ရှူလိုက်တဲ့လေထု၊ ထိတွေ့မှုကြောင့် အရေပြားကနေတဆင့် ခန္ဓာကို...
26/11/2024

နေ့စဉ်နဲ့အမျှ ကျွန်တော်တို့စားလိုက်တဲ့အစားအစာနဲ့ သောက်သုံးရေ၊ ရှူလိုက်တဲ့လေထု၊ ထိတွေ့မှုကြောင့် အရေပြားကနေတဆင့် ခန္ဓာကိုယ်ကိုဒုက္ခပေးနိုင်တဲ့ အဆိပ်အတောက်တွေဟာ ဝင်ရောက်လာလေ့ရှိပါတယ်။ ဒါကိုတော့ ဘယ်သူမှရှောင်လွှဲလို့မရပါဘူး။ နည်းတာ၊ များတာသာ ကွာပါတယ်။ ဒါတွေကတော့
(၁) Heavy Metal လို့ခေါ်တဲ့ အန္တရာယ်ပေးတတ်တဲ့ သတ္တုဓာတ်တွေ
(၂) Dioxin လို့ခေါ်တဲ့ အလွန်ပြင်းထန်တဲ့အဆိပ်တွေ
(၃) Radiation poisoning လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေ
စတဲ့အဆိပ်အတောက်တွေကို Chlorophyll က ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

(၁) Chlorophyll အနေနဲ့ Heavy Metal အဆိပ်သင့်ခြင်းကို အပိုင်း (၂) ပိုင်းမှာ အကျိုးပြုပါတယ်။ ပထမပိုင်းကတော့ ရောဂါကာကွယ်ရေးဖြစ်ပါတယ်။ အဆိုပါ Heavy Metal တွေဟာ အစားအစာနဲ့ အတူတူပါလာလေ့ရှိတော့ Chlorophyll နဲ့သာ အတူတူစားခဲ့ရင် Chlorophyll molecule နဲ့ Heavy Metal မော်လီကျူးတွေ အချင်းချင်းပေါင်းသွားပြီး ပိုကြီးတဲ့ molecule ကြီးတွေဖြစ်လာပါတယ်။ အဲဒီလိုပေါင်းထားတဲ့ molecule တွေကို အူနံရံကနေ စုပ်ယူနိုင်ခြင်းမရှိတဲ့အတွက် မစင်နဲ့အတူ အပြင်ကိုပြန်ထွက်သွားမှာဖြစ်လို့ ခန္ဓာကိုယ်ထဲမဝင်ရောက်အောင် တားဆီးပေးတဲ့သဘောဖြစ်ပါတယ်။
ဒုတိယပိုင်းကတော့ ကုသရေးအပိုင်းဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်ထဲမှာ Heavy Metal တွေများနေပြီဆိုပါစို့။ အဲ့လိုအခါမှာ အကောင်းဆုံးကုသနည်းကတော့ Chlorophyll များများပါတဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေ များများစားပေးဖို့ပဲဖြစ်ပါတယ်။ ပါဝင်တဲ့ Chlorophyll တွေဟာ သွေးထဲမှာရှိတဲ့ Heavy Metal တွေနဲ့ပေါင်းပြီး ဆီးကနေတဆင့် စွန့်ထုတ်ပေးတဲ့အတွက် တဖြည်းဖြည်းလျော့နည်းသွားမှာဖြစ်ပါတယ်။

(၂) Dioxin အဆိပ်သင့်ရင်လည်း ခုနက Heavy Metal မှာလိုပဲ Chlorophyll များများစားခိုင်းပြီး ကုရုံမှတစ်ပါး အခြားနည်းမပေါ်သေးပါဘူး။ သူတို့ဆီမှာတော့ Chlorophyll ကို ဆေးပြားအသွင်နဲ့ထုတ်ပြီး ကုသပေးလျက်ရှိပါတယ်။ FAME ဆေးဝါးမှလည်း Chlorophyll ကို ရေညှိစိမ်းမှ ထုတ်ယူပြီး Capsule ဆေးတောင့်အနေနဲ့ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

(၃) ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့နာကာဆာကီမြို့တွေမှာ အဏုမြူဗုံးကျပြီး မသေလို့ကျန်တဲ့သူတွေကို လေ့လာထားချက်ဟာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗုံးကြောင့်ရုတ်တရက်မသေသေးဘဲ အဏုမြူဓာတ်ရောင်ခြည်သင့်မှု (Nuclear Radiation) သင့်တဲ့သူတွေကို လေ့လာကြည့်ရာမှာ ဟင်းသီးဟင်းရွက်စိမ်းတွေ များများစားတဲ့သူတွေဟာ Radiation sickness လို့ခေါ်တဲ့ ဓာတ်ရောင်ခြည်သင့်မှုကြောင့်ဖြစ်တဲ့ ဝေဒနာတွေ ခံစားမှုလျော့နည်းတာကိုတွေ့ရပြီး ဟင်းသီးဟင်းရွက်အစားနည်းတဲ့သူတွေကျတော့ အဆိုပါရောဂါလက္ခဏာများ ပြင်းပြင်းထန်ထန်ခံစားရတဲ့အပြင် သက်တမ်းတိုတိုအတွင်းမှာပဲ သေဆုံးကြရတာကို တွေ့ရပါတယ်။

ဒီလိုဘာကြောင့်ဖြစ်ရသလဲဆိုတာ နောက်ပိုင်း ဂျပန်သိပ္ပံပညာရှင်များလေ့လာတဲ့အခါ ဟင်းသီးဟင်းရွက်စိမ်းမှာပါဝင်တဲ့ Chlorophyll ကြောင့်ဆိုတာသိရပြီး Chlorophyll ဟာ ဓာတ်ရောင်ခြည်သင့်မှုကနေ ကာကွယ်ပေးနိုင်ကြောင်း သိရှိခဲ့ရပါတယ်။ ကြွက်တွေနဲ့ပထမစမ်းသပ်ရာမှာ ကြွက်တွေကိုအုပ်စု (၂) ခုခွဲပြီး ပထမအုပ်စုကို Chlorophyll တွေကျွေးထားတယ်။ နောက်တစ်ခုကိုတော့ Chlorophyll မပါတဲ့ ရိုးရိုးအစာကိုပဲကျွေးတယ်။ သူတို့ကို ဂါမာရောင်ခြည် (Gamma–rays) နဲ့ တဖြည်းဖြည်းချင်း တို့ပြီးပေးတဲ့အခါမှာ ဒုတိယအုပ်စုမှာရှိတဲ့ ကြွက်တွေအားလုံးသေသွားပေမယ့် ပထမအုပ်စုမှာရှိတဲ့ကြွက်တွေကတော့ ခံနိုင်ရည်ရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။

Credit

ဒေါက်တာခင်မောင်လွင်

ပြန်လည်မျှဝေပါတယ်

#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း

15/11/2024

🙏🙏🙏

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်းသိကောင်းစရာများ🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါအလွန်...
17/10/2024

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်းသိကောင်းစရာများ
🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷🔷

၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

၂။ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသောရည်ရွယ်ချက်ဖြင့် ဟောကြားတော်မူပါသည်။

၃။ မယ်တော်မိနတ် အမှူးပြုသော နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

၄။ ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ ဟောကြားတော်မူခဲ့ပါသည်။

၅။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အားအကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

အရှင်သာရိပုတ္တရာမှ အတတိတ်ဘဝတွင် လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။

၆။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား
ဖြစ်၍ “အဘိဓမ္မာ” ဟုခေါ်ပါသည်။

၇။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

၈။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို “ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

၉။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဘန်ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

၁၀။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို “ဓာတုကထာကျမ်း” ဟု ခေါ်ပါသည်။

၁၁။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍ ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း” ဟုခေါ်သည်။

၁၂။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို “ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

၁၃။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန် နှင့်သံသယ အစုံစုံပြု၍ ဟောကြားတော်မူသောကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

၁၄။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

▪️အဘိဓမ္မာတရားတော်၏ ထူးခြားချက်

အဘိဓမ္မာတရားသည်…
- အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
- နတ်ပြည်၌ ဟောကြားခြင်း၊
- သုံးလကြာမျှဟောရခြင်း၊
- ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း ဟု “ထူးခြားချက် လေးမျိုး”ဖြင့် ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားသည်
- ပါဠိ၏ နက်နဲခြင်း၊
- သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
- ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
- ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရ လေးမျိုး” ဖြင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူကြားနာပူဇော်ခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊ ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

▪️အဘိဓမ္မာအမေးအဖြေ

(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အားဟောကြားတော်မူခဲ့ပါသနည်း။

(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ဝါ အရောက် မဟာသက္ကရာဇ်၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကိုကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အားဟောကြားတော်မူခဲ့ပါသည်။

(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကိုအချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။

(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာအောင် ဟောတော်မူပါသည်။

(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကိုလူ့ပြည်၌ မဟောကြားဘဲ၊ အဘယ်ကြောင့်နတ်ပြည်မှာသာ ဟောကြားပါသနည်း။

(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏အချိန်ကာလ တစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်ဟောကြား၍မဖြစ်ပါ။

အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို
လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင်
နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။ လူတို့၏
အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။

ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။
အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊
လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။
တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ
ဆောင်ရွက်တော်မူပါသနည်း။

(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။
ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့်
ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။

(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။
(ခ)။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကိုအရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀ဝ တို့အားမကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။

(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။

နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
- နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
- ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
- မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။
- မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
- ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
- သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
- သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။

အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။

မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှသင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

(ဖြေ)။ ။
(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ခ)။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ဂ)။ အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း ၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

#ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ
အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ” မှ

Credit - အရှင်သုနန္ဒ (ခွန်သူရိန်မင်း-လမ်းပြကြယ်)

#သီတင်းကျွတ်လပြည့်

#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း
မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။
🙏🙏🙏

သီတင်းကျွတ် အခါသမယ လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ.....🙏🙏🙏(၇)ရက်သ...
16/10/2024

သီတင်းကျွတ် အခါသမယ လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေ.....🙏🙏🙏

(၇)ရက်သားသမီးအားလုံး ကိုယ်စိတ်နှလုံး အေးချမ်း သာယာလှပပြီး ဘေးအန္တရာယ် အနှောင့်ယှက်များ မှ ကင်းဝေးကြပါစေ.....🙏🙏🙏

#သီတင်းကျွတ်လပြည့်
#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း

ဝင်ငွေအခွင့်အလမ်းကောင်းသော   နိုင်ငံတွင်အလုပ်ရရန် ချိတ်ဆက်ပေးသည့်အထိရောက်ကောင်းမွန်ဆုံးသင်တန်း👍👍👍 #ခိုင်မာတဲ့အသက်မွေးဝမ်...
02/09/2024

ဝင်ငွေအခွင့်အလမ်းကောင်းသော
နိုင်ငံတွင်အလုပ်ရရန် ချိတ်ဆက်ပေးသည့်
အထိရောက်ကောင်းမွန်ဆုံးသင်တန်း👍👍👍

#ခိုင်မာတဲ့အသက်မွေးဝမ်းကြောင်းပညာရပ်
တစ်ခုကိုတတ်မြောက်ဖို့ နှင့် ပြည်တွင်းပြည်ပတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် သူနာပြုအကူသင်တန်း ထပ်မံဖွင့်လှစ်ပါတော့မည်။

🚩🚩
သင်ထောက်ကူပစ္စည်းများစုံလင်စွာဖြင့်
ဝါရင့်ဆရာကြီးများကိုယ်တိုင် စာတွေ့ လက်တွေ့
သင်ကြားပို့ချပေးမည်ဖြစ်သောကြောင့် တတ်မြောက်ရန် အထူးအာမခံပါသည်။

🚩🚩
လက်ခံမည့်ဉီးရေ - 15 ယောက်
သင်တန်းကို ကောင်းမွန်စွာ ဂရုတစိုက်သင်ကြားပို့ချနိုင်ရေးအတွက် လူဉီးရေ အနည်းငယ်ဖြင့်သာ အထိရောက်ဆုံးသင်ကြားပေးသွားမည်ဖြစ်ပါသဖြင့်
အမြန်ဆုံးကြိုတင်စာရင်းပေးရန် လိုအပ်ပါသည်။

🚩🚩
သင်တန်းကာလ - ၂ လ
သင်တန်းကို တပတ် ၅ ရက် ပို့ချပေးမည်ဖြစ်ပြီး
တနလ်ာ နေ့မှ သောကြာနေ့ ထိ
မနက် ၉.၀၀ နာရီ မှ ညနေ ၃.၀၀ နာရီထိ ဖြစ်ပါသည်။

🚩🚩
သင်တန်းကြေး - ၃ သိန်း
အခက်အခဲရှိသူများ ညှိနှိုင်း၍ အရစ်ကျ ခွဲသွင်းနိုင်ပါသည်။

🚩🚩
သင်တန်းပြီးဆုံးပါက Certificate ချီးမြှင့်ပြီး ပြည်တွင်းပြည်ပရှိ အလုပ်အကိုင်များနှင့်ချက်ချင်းချိတ်ဆက်ပေးသည်။

🚩🚩
လစာမြင့်မားသော နိုင်ငံတွင်
Nursing Home(ဘိုးဘွားရိပ်သာ)
Home Care (လူနာအိမ်)တို့၌
Special Caregiver အနေဖြင့်သွားရောက်လုပ်ကိုင်လိုသူများအတွက် စာတွေ့လက်တွေ့သင်တန်းနှင့်
ဂျပန်စာ N4 အောင်မြင်ပြီးပါက နိုင်ငံတွင် အလုပ်ရနိုင်ရန် ချိတ်ဆက်ပေးသည်။

ကြားရက်မအားလပ်သူများအတွက် စနေ၊ တနင်္ဂနွေ သီးသန့်သင်တန်းများလည်းရှိပါသည်။အသေးစိတ်ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🚩🚩
(ပညာဒါန)
သင်တန်းမှမေတ္တာလက်ဆောင်မွန်
အထူးအစီအစဉ်အဖြစ်
အခြေခံ ဂျပန်စာနှင့်စကားကို သင်ယူလိုသူများအတွက် ပူးတွဲသင်ကြားပေးပါသည်။

🚩🚩
နယ်ဝေးမှသင်တန်းတက်ရောက်သူများကို
နေစရာ ဘော်ဒါဆောင်စီစဉ်ပေးပါသည်။
ရေ မီး စုံ (wifi) ပါ။ထမင်းဟင်းချက်စားနိုင်။

🚩🚩
သင်တန်းလိပ်စာ နေရာ
အမှတ်၃၆၇(ခ)ဘုရင့်နောင်လမ်း ကြီးပွားရေးမြောက်ရပ်ကွက်၊ ကားကြီးဂိတ်အနီး သင်ကန်းကျွန်း မြို့နယ်။

🚩🚩
သင်တန်းအသေးစိတ်ဆက်သွယ်စာရင်းပေးရန်

09421071788
09975538901

(Messenger မှလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်)



#ရောင်နီထွဋ်ဝင်း
#ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်း


ဆံပင်မဖြူအောင်လုပ်၍ ရပါသည်။ မယ်လနင်ရောင်ခြယ်ဆိုသည်မှာ ဆံပင်အရင်းတွင်ရှိလျှင် ဆံပင်အရောင်ကိုဖြစ်စေသကဲ့သို့ အရေပြား၏အောက်တ...
15/08/2024

ဆံပင်မဖြူအောင်လုပ်၍ ရပါသည်။

မယ်လနင်ရောင်ခြယ်ဆိုသည်မှာ ဆံပင်အရင်းတွင်ရှိလျှင် ဆံပင်အရောင်ကိုဖြစ်စေသကဲ့သို့ အရေပြား၏အောက်တွင်ရှိလျှင် အရေပြား၏ အရောင်ကို ဖြစ်စေပါသည်။ ဆံပင်အရောင်ကို ထိန်းထားချင်လျှင် မယ်လနိုဆိုက်များကို ကျန်းမာပြီးမသေစေရန် ထိန်းသိမ်းရပါမည်။ လူတစ်ယောက်တွင် သူပိုင်ဆိုင်သည့်ဆံပင်အရောင်ကို အသက်မည်မျှပဲ ကြီးကြီး မကျွတ်အောင်၊ မဖြူအောင် သဘာဝနည်းလမ်းများနှင့် ထိန်းသိမ်းနိုင်ပါသည်။ လူတို့သည် အမှတ်တမဲ့ ပြုမူနေထိုင်သောကြောင့်သာ မယ်လနိုဆိုက်များသေဆုံးကုန်ကြရခြင်းဖြစ်သည်။ ဆံပင်ကိုအရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်မည်ဆိုလျှင် လူ့သက်တမ်းတွင် ဆံပင်လုံးဝမဖြူအောင် လုပ်နိုင်ပါသည်။ မယ်လနိုဆိုက်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး မယ်လနင်ရောင်ခြယ်များကို အမြဲတမ်းထုတ်ပေးနိုင်မည်ဆိုလျှင် ဆံပင်ဖြူစရာအကြောင်းမရှိတော့ပါ။

နောက်ထပ်အရေးကြီးသည့်အချက်မှာ မယ်လနိုဆိုက်မည်မျှပင် ကောင်းနေသော်လည်း တိုင်ရိုစင်းကုန်ကြမ်းမပေးနိုင်လျှင် မယ်လနိုဆိုက်သည် မယ်လနင်ရောင်ခြယ်ထုတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် ဆံပင်များတွင်အရောင်များမရှိတော့ဘဲ ဆံပင်ဖြူလာပါသည်။ အချို့ဆိုလျှင် အသက် ၂ဝ၊ ၂၅၊ ၃ဝ ကတည်းက ဖြူသည့်သူများရှိပြီး အသက် ၄ဝ လောက်တွင် စတင်ဖြူသူများလည်းရှိသည်။ များသောအားဖြင့် အသက် ၄၅၊ ၅ဝ မှစပြီး ဖြူကြတာများပါသည်။ ထို့ကြောင့် တိုင်ရိုစင်းပါဝင်မှုများသော အစားအစာများ (ဥပမာ-ငါးမျိုးစုံ၊ အသားမျိုးစုံ၊ နွားနို့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရွှေဖရုံစေ့) မကြာခဏစားပေးရန် လိုပါသည်။

ဆံပင်ကျွတ်ခြင်း/မကျွတ်ခြင်းကို လွှမ်းမိုးထားသော အဓိက အချက် (၂) ချက်ရှိပါသည်။ မျိုးရိုးဗီဇ (Genetic) နှင့် ပတ်ဝန်းကျင် (Environment) တို့ကြောင့်ဖြစ်သည်။ မျိုးဗီဇဆိုသည်မှာ ဆံပင်အမည်းရောင်ရှိသော မျိုးရိုးကပေါက်ပွားလာသော သားသမီးတိုင်းဆံပင်မည်းကြသလို (ဥပမာ- ကျွန်တော်တို့မြန်မာလူမျိုးများအားလုံး) ရွှေအိုရောင်ဆံပင်ရှိသော ဥရောပတိုက်သားများမှ မွေးလာသည့် ကလေးများမှာလည်း ဆံပင်ရွှေအိုရောင်ရှိကြသည်မှာ မျိုးဗီဇကြောင့်ဖြစ်သည်။

ပတ်ဝန်းကျင်ဆိုသည်မှာ အနေအထိုင် အစားအသောက်ကို ဆိုလိုခြင်းဖြစ်သည်။ မယ်လနိုဆိုက်အတွက် လိုအပ်သောတိုင်ရိုစင်း ဟုခေါ်သည့် အမိုင်နိုအက်ဆစ် (Amino acid) ဓာတ်မှာ နွားနို့တွင် အများဆုံးပါဝင်ပါသည်။ အသီးများတွင် ထောပတ်သီး၊ ငှက်ပျောသီးတို့တွင် အများဆုံးပါဝင်သည်။ ငှက်ပျောသီးသည် ဆံပင်သန်စွမ်းစေသည့် စွမ်းအင်အမြင့်မားဆုံးအသီးတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် မျောက်၊ ချင်ပန်ဇီတို့သည် သန်မာပြီး အမွေးအမျှင်ထူနေခြင်းမှာ အခြားအစားအစာများ စားခြင်းကြောင့်မဟုတ်ဘဲ ငှက်ပျောသီးစားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ငှက်ပျောသီးကို များများစားစေချင်ပါသည်။ အစေ့အဆံထဲတွင် ဆံပင်အတွက် အကောင်းဆုံးမှာ ရွှေဖရုံစေ့ ဖြစ်ပါသည်။ ရွှေဖရုံစေ့တွင် သွပ်ဓာတ်၊ မရှိမဖြစ်လိုအပ်သော အဆီဓာတ်ဖြစ်သည့် အိုမီဂါ - ၃ တို့ အများဆုံးပါဝင်သည့်အပြင် တိုင်ရိုစင်းလည်း ကြွယ်ဝစွာပါဝင်ပါသည်။ ထို့ကြောင့် ဆံပင်မည်းပြီး သန်စေချင်လျှင် တီဗွီကြည့်ရင်း ဖရုံစေ့စားပေးပါဟု တိုက်တွန်းချင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
“ဆံကေသာဆိုင်ရာ ပြဿနာများ” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။

Credit .

15/08/2024
“ခန္ဓာကိုယ်အတွင်း မကောင်းသော အဆီများကို လျော့ချပေးနိုင်သည့် ခရမ်းသီး”ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ခရမ်းသီးကို ဟင်း...
17/06/2024

“ခန္ဓာကိုယ်အတွင်း မကောင်းသော အဆီများကို လျော့ချပေးနိုင်သည့် ခရမ်းသီး”

ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် ခရမ်းသီးကို ဟင်းချက်၍သော်လည်းကောင်း၊ မီးဖုတ်၍သော် လည်းကောင်း အမျိုးမျိုးစားသုံးလေ့ရှိကြပါသည်။

ခရမ်းပင်သည် နှစ်ရှည်ခံအပင်ဖြစ်၍ အရွက်နှင့် ပင်စည်တွင် အမွှေးနုလေးများစွာပါရှိသည်။ ယင်းအပင်၏ ရုက္ခဗေဒအမည်မှာ 𝑺𝒐𝒍𝒂𝒏𝒖𝒎 𝒎𝒆𝒍𝒐𝒏𝒈𝒆𝒏𝒂 𝑳. ဖြစ်၍ မျိုးရင်းမှာ (Solanaceae) ဖြစ်ပါသည်။ ခရမ်းပင်၏ ပန်းပွင့် အရောင်သည် ခရမ်းဖျော့ရောင်ရှိပြီး ဝတ်ဆံဖိုမှာ အဝါရောင် ရှိပါသည်။ ခရမ်းပင်၏ အသီးပုံစံသည် ကြက်ဥပုံစံရှိသောကြောင့် (Eggplant) ဟုအမည်တွင်သော်လည်း အသီးပုံစံမှာ အမျိုးမျိုးရှိနိုင်ပါသည်။

ခရမ်းသီးတွင် ဗီတာမင်များ၊ သတ္တုဓာတ် များ၊ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အသီး၏ အရောင်သည် ခရမ်းရောင်ရှိသောကြောင့် အင်သိုဆိုင်ရာနင် (Anthocyanins) အုပ်စုဝင်များဖြစ်ကြသော ဆိုင်ရာနီဒင် (Cyanidin)၊ ပီအိုနီဒင် (Peonidin)၊ ပယ်လာဂိုနီဒင် (Pelargonidin)၊ မယ်ဗီဒင် (Malvidin)၊ ပတ်တူနီဒင် (Petunidin)၊ ဒယ်လ်ဖီနီဒင် (Delphinidi) နှင့် နာဆူနင် (Nasunin) ဒြပ်ပေါင်းတို့ ပါဝင်ပါသည်။

ခရမ်းသီးတွင် အဆိုပါ အင်သိုဆိုင်ရာနင်များ ပါဝင်သောကြောင့် ဆီးချိုရောဂါကို ဖြစ်စေနိုင်သော အာဖာ-အမိုင်းလေ့စ် အင်ဇိုင်း (α-amylase) နှင့် အာဖာ-ဂလူကိုဆိုဒ်ဒေ့စ် အင်ဇိုင်း (α-glucosidase) တို့ကို ဟန့်တားပေးနိုင်သည့် အာနိသင်ရှိသည့်အပြင်-
(၁) သွေးတွင်းရှိ အဆီဓာတ်နှင့် ကိုလက်စထရောကို လျော့နည်းစေနိုင်သော အာနိသင်
(၂) အဝလွန်ခြင်းကို လျော့ချပေးနိုင်သော အာနိသင်
(၃) သွေးတိုးရောဂါကို သက်သာစေနိုင်သော အာနိသင်
(၄) ဓါတ်တိုးမှုကို ဟန့်တားပေးနိုင်သော အာနိသင်
(၅) ကျောက်ကပ်၏ လုပ်ငန်းများကို ကောင်းမွန်စေသည့် အာနိသင်
(၆) ရင်ကျပ်ရောဂါကို သက်သာစေနိုင်သော အာနိသင်
(၇) စိတ်ဖိစီးမှုကို လျော့ချပေးနိုင်သော အာနိသင်
(၈) အူလမ်းကြောင်းနှင့် အစာခြေစနစ်ကို ကောင်းမွန်စေနိုင်သော အာနိသင် စသည်တို့ ဖြစ်ကြ သည်။

အဆိုပါ သုတေသနရလဒ်များကို ဓါတ်ခွဲခန်းအတွင်း နှင့် တိရစ္ဆာန်များတွင် သုတေသနများ စမ်းသပ် လေ့လာခဲ့ပြီး လူများတွင်လည်း အသုံးပြုနိုင်ရန်အတွက် သုတေသနများစွာ လုပ်ဆောင်ထားကြ ပါသည်။ အဆိုပါ ခရမ်းသီးကို နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြည့်စွက်ဆေးဝါးကုထုံးအဖြစ် အသုံးပြုနေကြပြီဖြစ်ပြီး ဆီးချိုဝေဒနာခံစားနေရသောသူများ စားသုံးသင့်သည့် အသီးအမျိုးအစား ဖြစ်ကြောင်း ဗဟုသုတအဖြစ် ရေးသားတင်ပြအပ်ပါသည်။

Credit.ဒေါက်တာခင်မောင်လွင်

14/06/2024

မိုးအေးချိန် အဆစ်အမြစ်ကိုက်ခဲခြင်း

လူတွေရဲ့ ခန္ဓာကိုယ်ဝန်းကျင်မှာ လေထုဖိအားရှိတယ်။ အဲဒီဖိအားက အဆစ်အမြစ်တွေအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးမှာ သက်ရောက်မှုရှိတယ်။ မိုးရွာခါနီးအချိန်မှာတော့ လေထုအပူချိန်လျော့ပြီး အေးသွားတယ်။ လေထုဖိအားလည်း ပုံမှန်ရှိနေကျထက် နည်းသွားတယ်။ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်နေတာလည်း နည်းသွားတယ်ပေါ့။ ဒီလိုလေထုဖိအားနည်းသွားတာက လူကောင်းတွေအဖို့မှာတော့ မသိသာဘူး။ ဒါပေမယ့် အဆစ်အမြစ်ရောင်ရောဂါအခံရှိတဲ့သူတွေမှာတော့ အဆစ်တွေရဲ့ အာရုံကြောတွေဟာ အရမ်းထိလွယ်ရှလွယ်နေပြီး အပြောင်းအလဲကို သိသိသာသာ ခံစားသိရှိနိုင်တယ်။

အစတုန်းက အပြင်ကနေ လေထုဖိအားနဲ့ ဖိပေးထားသလိုဖြစ်နေတဲ့ အဆစ်အမြစ်တွေက အခုလို ဖိအားလျော့သွားတဲ့အချိန်မှာ ပိုပြီးဖောင်းကြွရောင်ရမ်းလာတာကြောင့် နာကျင်ကိုက်ခဲမှုတွေကို ခံစားရတယ်။ ဒါကြောင့် မိုးအေးရင် အဆစ်အမြစ်တွေ ကိုက်ခဲတာပါ။ ဒါကို သက်သာစေဖို့အတွက် နာကျင်ကိုက်ခဲနေတဲ့ အဆစ်အမြစ်တွေကို ကျပ်ထုပ်ထိုးတာ၊ ပတ်တီး ဒူးစွပ် အစရှိတဲ့ ဖိထားပေးနိုင်တဲ့အရာတွေကို အသုံးပြုနိုင်တယ်။ အဲဒီလိုဖြစ်နေတဲ့အချိန် အဝတ်အစား ခပ်ကျပ်ကျပ်ဝတ်တာ၊ ဖြစ်တဲ့နေရာတွေ အဝတ်စည်းထားတာတွေလည်း လုပ်လို့ရတယ်။

Credit

23/04/2024

Address

No 367(B) Bayintnaung Road. Kyipwaryar(North) Ward. Thingangyun Township. Yangon City.
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421071788

Website

Alerts

Be the first to know and let us send you an email when ရောင်နီထွဋ်ဝင်း-ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရောင်နီထွဋ်ဝင်း-ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram