18/06/2022
ဒီရက်ပိုင်း ဆိုင်မှာ အမေးများဆုံးက
- ချောင်းဆိုးပျောက်ဆေးရှိလား ချောင်းဆိုး ပျောက်ဆေးလေးပေးပါဆိုတာတွေပါပဲ
ဒါကြောင့် admin ကဆေးမဝယ်ခင် ချောင်းဘာကြောင့်ဆိုးသလဲ
ဘယ်လိုဆေးမျိုးရွေးချယ်မလဲဆိုတာ အရင်ပြောပြပေးပါ့မယ် (ဒါမှ အကိုက်ညီဆုံးဆေးကို ရွေးချယ်ဝယ်ယူလို့ရအောင်ပါ)
အသက်ရှုလမ်းကြောင်းမှာရှိတဲ့ အရည်အချွဲတွေ
ပြင်ပကနေ ဝင်လာတဲ့ အမှုန်လေးတွေကို ခန္ဓာကိုယ်ကနေ ထုတ်ချင်တဲ့အခါ ချောင်းဆိုးခြင်းဆိုတာမျိုး ဖြစ်ပေါ်လာပါတယ်
ချောင်းဆိုးခြင်းကို ချွဲသလိပ်ပါပြီး ချောင်းဆိုးခြင်း(ချောင်းအစို-Wet cough) နှင့် သလိပ်မပါပဲ ချောင်းဆိုးခြင်း(ချောင်းအခြောက်-dry cough)ဆိုပြီး အလွယ်တကူမှတ်ထားလို့ရပါတယ်
မိမိချောင်းဆိုးတာ ချွဲပါတယ်လို့ခံစားရတယ်
Wet cough လို့သိတယ်ဆိုရင်
Mucolytic & Expectorant ပါတဲ့ဆေးတွေကိုရွေးချယ် ဝယ်ယူလို့ရပါတယ်
eg.- Bromhexine, Acetylcysteine, Carbocystine အစရှိတဲ့ဆေးတွေက ချွဲကိုပျော်စေပြီး Guaiphenesin စတဲ့ expectorantတွေက ချွဲတွေပြင်ပကိုထွက်လာအောင် လှုံ့ဆော်ပေးမှာဖြစ်ပါတယ် ( Wood အပြာ, Solmux, Flemex etc.)
ဒါမှမဟုတ် လည်းချောင်းယားပြီးဆိုးတယ်
ချွဲမပါဘူး ချောင်းခြောက်ပါဆိုရင်တော့
Antitussive(cough suppressant) တွေကို သောက်သုံးသင့်ပါတယ် eg.- Dextromethophan, Diphenhydramine, Chlorpheniramine တို့ပါဝင်တဲ့ဆေးတွေက ချောင်းခြောက်ဆိုးခြင်းကို သက်သာစေပါတယ် ( Wood အနီ, Konidin etc. )
အခုလောက်ဆိုရင် ချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကိုသိရှိပြီး ချောင်းဆိုးပျောက်ဆေးတွေကို ရွေးချယ်ဝယ်ယူတတ်လောက်ပြီလို့ ထင်ပါတယ် ဆေးအမျိုးအစားများစွာရှိတဲ့အတွက် မိမိနဲ့ကိုက်ညီမှုရှိတဲ့ ချောင်းဆိုးပျောက်ဆေးဝယ်ယူနိုင်ရန် ပါဝင်ပစ္စည်းတွေကို ဖတ်ကြည့်ဖို့ ဝယ်မယ့်ဆိုင်မှာ မေးကြည့်ဖို့တော့ မမေ့ပါနဲ့နော်
#ချောင်းဆိုးပျောက်ဆေး
** မိမိကျန်းမာရေးအတွက် လိုအပ်သောဆေးများကို ဆိုင်သို့ ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်သလို online ကနေတစ်ဆင့်လည်း မှာယူလို့ရပါတယ် Kpay Wavepay ( %ပေးရန်မလို) ဖြင့်လည်း ဝယ်ယူရရှိနိုင်ပါတယ်
လိပ်စာ- အမှတ် (410) ပဒုမ္မာလမ်း 49 ရပ်ကွက် မြောက်ဒဂုံ ရန်ကုန်။
Ph No. 09-956074629
09-792852928