Ashtanga Yoga Shala YGN

Ashtanga Yoga Shala YGN

Online Class တွေအားလုံးမနက်ဖန် ပြန်စပါပြီရှင့်See you all 🥰Regular Morning Class @ 6:30 - 7:30 AMPrivate Morning Group @...
07/10/2025

Online Class တွေအားလုံးမနက်ဖန် ပြန်စပါပြီရှင့်
See you all 🥰
Regular Morning Class @ 6:30 - 7:30 AM
Private Morning Group @ 8:00 - 9:15 AM
Intermediate Online Class @ 8:30 - 9:45 PM

03/10/2025

သီတင်းကျွတ်မှာ ယောဂလက်ဆောင်လေး တစ်ခု ဝေမျှချင်ပါတယ် 😇

ညမလို ဝမ်းအမြဲချုပ်လို့ ဒုက္ခရောက်နေတဲ့သူတွေရှိကြလားဟင်?

Fiber အမြဲဆောင်၊ ဆေးအကူနဲ့မှ ဝမ်းကိစ္စ ဖြေရှင်းနေရသူတွေအတွက်

ငွေမကုန်
ဓာတုဆေးဝါး အကူအညီမလိုပဲ မိမိရဲ့ဝမ်းကိစ္စကိုဖြေရှင်းလို့ရတဲ့ ကိုယ်တွေ့နည်းပါ။ 100% အာမခံပါတယ်။

💥လုပ်ရမှာက မနက်ခင်း အိပ်ရာ နိုးနိုးချင်း အစာမစားခင်ပါ။

Note ‼️ ရေကို နည်းနည်းချင်းစီ မဟုတ်ပဲ mug ခွက်တစ်ခွက်စာတစ်ကျိုက်တည်း သောက်ရမှာ မို့ ရေကို သေချာလေး ကိုယ်သောက်နိုင်ရုံ (အရမ်းလည်း မပူ အရမ်းလည်းမအေးအောင်) လုပ်ထားပေးပါ။

Try ကြည့်ပြီး အဆင်ပြေဖို့မျှော်လင့်ပါတယ်ရှင့်။
အဆင်ပြေသွားတဲ့ သူတွေရှိရင်လည်း Share ပေးသွားပါဦးရှင့်

#ဝမ်းချုပ်တတ်သူ #ယောဂ

Thadingyut Holiday Announcement 📣ပျော်ရွှင် ကျန်းမာ ဘေးကင်းတဲ့ သီတင်းကျွတ်အချိန်အခါလေး ဖြစ်ပါစေရှင့် 🙏
03/10/2025

Thadingyut Holiday Announcement 📣
ပျော်ရွှင် ကျန်းမာ ဘေးကင်းတဲ့ သီတင်းကျွတ်အချိန်အခါလေး ဖြစ်ပါစေရှင့် 🙏

Ashtanga Yoga Mysore Style ကို mysore သွားစရာမလိုပဲ ဒီမှာလည်းလေ့ကျင့်လို့ရပြီနော် 😊Walk In class လည်း join လို့ရပါတယ်နော...
02/10/2025

Ashtanga Yoga Mysore Style ကို mysore သွားစရာမလိုပဲ ဒီမှာလည်းလေ့ကျင့်လို့ရပြီနော် 😊

Walk In class လည်း join လို့ရပါတယ်နော်

📞09421106914


Thanks for trying 👏👏👏Yoga Instructor တစ်ယောက်အနေနဲ့ အရေးကြီးဆုံးတာဝန်က💁‍♀️သူတို့ body လေးတွေ align ဖြစ်ရဲ့လား၊ သက်သောင့်...
01/10/2025

Thanks for trying 👏👏👏

Yoga Instructor တစ်ယောက်အနေနဲ့ အရေးကြီးဆုံးတာဝန်က
💁‍♀️သူတို့ body လေးတွေ align ဖြစ်ရဲ့လား၊ သက်သောင့်သက်သာဖြစ်ရဲ့လား
💁‍♀️စိတ်တွေ လွင့်ပြီး Gaze (အကြည့်တွေ) ဟိုရောက်ဒီရောက် ဖြစ်နေလား
💁အသက်တွေ အောင့်ထားလား၊ breathing တွေ အိုကေနေရဲ့လား
စတာတွေ အမြဲ ကြည့်ပေးနေရပါတယ်၊ ဘေးနားကနေ အမြဲ remind လုပ်နေတဲ့ reminder လေးပါ။🤗

👉တောင်ဥက္ကလာ အနီး late morning class ရှာနေတဲ့သူတွေရှိရင် ဒီအတန်းလေးကနေ ကြိုဆိုပါတယ်ရှင့်

အချိန် @ 11:00-12:00 PM
ရက် @ Monday, Wednesday & Thursday
နေရာ @ အမှတ် ၁၀၃၃၊ သုမင်္ဂလာလမ်းမပေါ် (အင်းဝမှတ်တိုင် - သီတာရွှေဆိုင် အနီး) တောင်ဥက္ကလာ ၆ ရပ်ကွက်

📞 09421106914

Let’s build your healthy lifestyle with us

28/09/2025

ဆရာမ တွေ ဘယ်လောက် လူလည်ကျလဲ မေး
ပြောတော့ 10 counts
တကယ့်တကယ် video မှာ 27 sec 🤗

practice

Tripodလေးတစ်ဖြတ်😍Weekend Beginner class@7:00-8:00AM
27/09/2025

Tripodလေးတစ်ဖြတ်😍
Weekend Beginner class
@7:00-8:00AM

Yoga & Injury🤕ယောဂကြောင့် injury ရနိုင်လားမေးရင် ရနိုင်ပါတယ်။ တကယ်တော့ ယောဂ က မိမိရဲ့ခန္ဓာကိုယ်အတွက် အရမ်း ကောင်းမွန်တဲ့...
26/09/2025

Yoga & Injury🤕
ယောဂကြောင့် injury ရနိုင်လားမေးရင် ရနိုင်ပါတယ်။

တကယ်တော့ ယောဂ က မိမိရဲ့ခန္ဓာကိုယ်အတွက် အရမ်း ကောင်းမွန်တဲ့ အရမ်းတန်ဖိုးရှိတဲ့ကျင့်စဉ်တစ်ခုပါ။ ဒါပေမယ့် နည်းမှန် လမ်းမှန် မလေ့ကျင့်ရင် injury ရနိုင်ပါတယ်။
ယောဂ ကြောင့် ဖြစ်တတ်တဲ့ injury အများစုက muscle strain လို့ခေါ်တဲ့ ကြွက်သားဒဏ်ဖြစ်တာ အလွယ်နားလည်ရရင် (ကြွက်သားတင်းတာ ၊ ကြွက်သားနာတာ)အဖြစ်များပါတယ်။ muscle strain က ဘယ်အချိန်မှာ ဖြစ်တာလဲဆိုတော့ မိမိခံနိုင်တဲ့ limit ထက်ကျော်လွန်ပြီး ဆွဲဆန့်မိတဲ့ အခါ၊ ကြွက်သားအမျှင်လေးတွေ over stretched ဖြစ်သွားတဲ့အခါ သို့မဟုတ် connective tissue လေးတွေ ပြဲသွားတဲ့အခါ မျိုးမှာဖြစ်တတ်ပါတယ်။

ယောဂကြောင့် serious injury ကတော့ အဖြစ်နည်းပါတယ်။ ဘယ်အချိန်တွေ ဖြစ်တတ်တာလဲ ဆိုတော့ advanced ပိုစ့်တွေသွားတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်ရဲ့ အသံကို နားမထောင်ပဲ pose တစ်ခု ရချင်ဇောနဲ့ အတင်း မညှာမတာ push လုပ်မိတဲ့ အခါမျိုးမှာတော့ ပြင်းထန်တဲ့ injury ရတတ်ပါတယ်။

ဘယ်လိုအမှားတွေက injury အဖြစ်များတာလဲဆိုတော့
💢poor alignment
ယောဂ ပိုစ့်တွေ အများစုက 5 - 10 counts အထိ hold လုပ်ကြတာများပါတယ်။ အကယ်၍ alignment မတည့်ရင် pressure ပေးခံရတဲ့ body အစိတ်အပိုင်းမှာ ဒါဏ်ဖြစ်လာစေပါတယ်။

💢ကိုယ်လုပ်နိုင်တာထက်ပိုပြီးအလွန်အကျွံ stretch လုပ်မိခြင်း

💢warm up မလုပ်မိခြင်း
Warm up မလုပ်ပဲနဲ့ ကိုယ်သွားချင်တဲ့ ပိုစ့်ကိုတစ်ခါတည်းတန်းသွားရင်လည်း injury ရနိုင်တယ်

💢Pain ကိုလျစ်လျူရှုမိခြင်း
ကိုယ်ကိုယ်တိုင် နာနေတာကိုသိတယ်။ နာနေတဲ့အချိန်မှာ မရပ်ပဲ ရှေ့ဆက်တိုးပြီး အတင်းတွန်းအားပေးလေ့ကျင့်ရင်လည်း injury ဖြစ်တတ်ပါတယ်။

💢နောက်တစ်ခုက ကိုယ်က ready မဖြစ်သေးပဲ ကိုယ့်မှာ လုံလောက်တဲ့ strength တွေ မရှိသေးပဲ advanced pose တွေ try ရင်လည်း injury ဖြစ်တတ်ပါတယ်။

💢over practice- အလွန်အကျွံလေ့ကျင့်မိခြင်း
ခန္ဓာကိုယ်ကို အနားမပေးပဲနဲ့ လိုအပ်တာထက်ပိုပြီး လေ့ကျင့်မိတဲ့ အခါမျိုးလည်း injury ဖြစ်စေပါတယ်။

💢မှန်ကန်တဲ့ နည်းပေးလမ်းပြ မရှိခြင်း
အကယ်၍ ကိုယ်က beginner ဆိုရင် အမှားအမှန် သေချာကြည့်ပြီးပြင်ပေးနိုင်တဲ့ instructor နဲ့ မလေ့ကျင့်ပဲ video ပဲကြည့်ပြီး စမ်းတဝါးဝါးလေ့ကျင့်တဲ့အခါမျိုးမှာလည်း injury ရတတ်ပါတယ်။

ဆိုတော့ မိမိရဲ့practice ကို စိတ်ချ လုံခြုံစေဖို့၊ အန္တာရယ်ကင်းပြီး injury တစ်စုံတစ်ရာမရစေဖို့ ဆောင်ရန် ရှောင်ရန် လေးတွေပါ တစ်ခါတည်း sharing လုပ်ပေးချင်ပါတယ်

ဒီလိုလေးတွေလုပ်ပါ
✅ warm up အရင်လုပ်ပါ
✅ alignment မှန်အောင် အရင်လုပ်ပါ
✅လိုအပ်တဲ့ အခါ blocks တို့ကြိုးတို့ စတဲ့ အကူအညီလေးတွေသုံးပါ
✅ဖြေးဖြေးမှန်မှန်ပုံမှန် လေ့ကျင့်ပါ
✅ မိမိခန္တာကိုယ်ရဲ့ အသံကို အမြဲနားထောင်ပါ (pain လား discomfort လား သိအောင်လုပ်ပါ)
✅ လေ့ကျင့်ရင်း ပင်ပန်းလာရင် နားပါ (နားဖို့ မတွန့်ဆုတ်ပါနဲ့ ဘယ်ဆရာမကိုမှ အားမနာပါနဲ့) ကိုယ့်အတွက် နာကျင်စေတဲ့ ပိုစ့်ကို ရှောင်ပါ။
✅တကယ် တတ်သိနားလည်တဲ့ instructor တွေဆီမှာ လေ့ကျင့်ပါ

ဒါတွေတော့ရှောင်ပေးပါ
❌မိမိရဲ့ flexibility ကိုသူများနဲ့ မယှဉ်ပါနဲ့
❌လေ့ကျင့်နေစဉ်မှာ အသက်ရှု မအောင့်ပါနဲ့ ( တစ်ချို့ pranayama တွေမှာ အောင့်ခိုင်းတာက ချွင်းချက်ပါ)
❌ပိုစ့်တစ်ခု နဲ့တစ်ခု အကူးအပြောင်းကို မလောပါနဲ့
❌မိမိမှာ old injury ရှိ​နေရင် မိမိinjury ကို ပိုပြီး ထိခိုက်စေတဲ့ ပိုစ့်တွေ ရှောင်ပါ
❌Savasana (final relaxation)လုပ်တာကို မကျော်ပါနဲ့။ practice ပြီးတောင် မိမိရဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့ မတွန့်ဆုတ်ပါနဲ့

ယောဂလေ့ကျင့်တာကို အသိသတိ အပြည့်နဲ့ လေ့ကျင့်ရင် မိမိခန္တာကိုယ်အတွက်ကော၊ စိတ်အတွက်ပါ အရမ်းအရမ်း ကောင်းမွန်တဲ့ ကျင့်စဉ်တစ်ခုပါ။ injury ဆိုတာ အဝေးကြီးပါ။
အကယ်၍ မိမိမှာ injured ရှိထားပြီးသားဆိုရင် တောင် သေသေချာချာ လေ့ကျင့်မယ်ဆိုရင် အများကြီးပြန်သက်သာလာစေပါတယ်။ injury မရှိတဲ့သူလည်းယောဂ ပုံမှန်လေ့ကျင့်ပေးခြင်းအားဖြင့် မိမိခန္တာကိုယ်အတွက် လိုအပ်တဲ့ strength တွေ flexibility တွေ balancing တွေ ကောင်းလာပြီး injury ဖြစ်နိုင်တဲ့ အလားအလာကနေ ကာကွယ်ပေးပြီး သားလည်း ဖြစ်ပါတယ်။

ယောဂ လေ့ကျင့်ပြီး အားလုံးပိုကျန်းမာစေချင်ပါတယ်ရှင့် 🙏🙏🙏

အကယ်၍ သင်ဒီစာဖတ်ပြီး ယောဂ လေ့ကျင့်ချင်ရင် Ashtanga Yoga Shala YGN မှ အတွေ့အကြုံရှိပြီးသား instructors တွေ ကသင့်ကိုကူညီပေးဖို့ အသင့်ပါရှင့် 🤗

Register NOW for “OCTOBER”
Call us - 09421106914

&injury

ညနေပိုင်း ရုံးပြန်ချိန်လေးမှာ လေ့ကျင့်ချင်တယ်ဆို Weekday day Beginner အတန်းလေးရှိပါတယ်Tue&Thurs @6:00-7:00PM
25/09/2025

ညနေပိုင်း ရုံးပြန်ချိန်လေးမှာ
လေ့ကျင့်ချင်တယ်ဆို
Weekday day Beginner အတန်းလေးရှိပါတယ်
Tue&Thurs
@6:00-7:00PM

မိမိခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်ပြီး no stress no tension ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လာလေ့ကျင့် ကြတဲ့ အမများ 😍😍...
24/09/2025

မိမိခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်ပြီး no stress no tension ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် လာလေ့ကျင့် ကြတဲ့ အမများ 😍😍😍

Let’s build your healthy lifestyle with us 😇🙏

11:00 - 12:00 Class
Every Monday, Wednesday & Thursday

ဟိုနေ့က Ashtanga Led Class မှာ လာ join တဲ့ နိုင်ငံခြားသူ လှလှလေးရဲ့ review ပါ 😇 အားနာလို့ review ရေးပေးပါလို့ request မလ...
20/09/2025

ဟိုနေ့က Ashtanga Led Class မှာ လာ join တဲ့ နိုင်ငံခြားသူ လှလှလေးရဲ့ review ပါ 😇 အားနာလို့ review ရေးပေးပါလို့ request မလုပ်လိုက်ပေမယ့် သူreview ပေးတော့လည်း ကျေးဇူးအထူးပါလို့ 🥰🙏

★★★★★ "Great Ashtanga yoga Shala in Yangon - nice space and a very friendly and knowledgeable teacher. Highly recommend!"

Insein Class Only on Sat & Sun @ 8:30 - 9:30 AM
20/09/2025

Insein Class
Only on Sat & Sun @ 8:30 - 9:30 AM

Address

Https://maps. App. Goo. Gl/BQEt4iHQqJ79dEmc9?g_st=com. Google. Maps. Preview. Copy
Yangon
11091

Alerts

Be the first to know and let us send you an email when Ashtanga Yoga Shala YGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ashtanga Yoga Shala YGN:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category