Win Myoh Hein Pharmacy

  • Home
  • Win Myoh Hein Pharmacy

Win Myoh Hein Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Myoh Hein Pharmacy, Medical and health, 133, Old Yaytarshay Street, Bahan, .

23/07/2025
23/07/2025

အမျိုးသားများထိပ်ပြောင်ခြင်း (androgenetic alopecia) ကို သက်သာစေသည့် ဆေးထန်းပင်

အသက်ကြီးလာတဲ့ အမျိုးသားလူဦးရေရဲ့ ၈၀ % လောက်ဟာ ဆံပင်ပါးပြီး ထိပ်ပြောင်တဲ့ဝေဒနာကို ခံစားလာရ တတ်ကြပါတယ်။ ဒီလိုအမျိုးသားများထိပ်ပြောင်ခြင်း (androgenetic alopecia) ကို male pattern baldness လို့လည်းခေါ်ပါတယ်။ အဓိကဖြစ်ရတဲ့အကြောင်းအရင်းကတော့ မျိုးရိုးကြောင့်ရယ်နဲ့ ဟိုမုန်းအပြောင်းအလဲတွေ ကြောင့် ဖြစ်ရတာပါ၊၊

ဒီလိုဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတဲ့သူတွေမှာ
(၁) တက်စ်ထရိုစတီရုန်းဟော်မုန်း (Testosterone) လျော့နည်းလာတာကြောင့် သူ့ရဲ့စွန့်ပစ်ပစ္စည်းအမျိုးအစား ဖြစ်တဲ့ ဒီအိတ်ချ်တီ (DHT; Dihydrotestoosterone) ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲမှာများလာပါတယ်။ အကျိုးဆက်အနေနဲ့ ဒီဟော်မုန်းကဆံပင်ထွက်စေတဲ့ ဆဲလ်တွေကို ပိတ်ဆို့လိုက်တာကြောင့် ဆံပင်ဆဲလ်တွေ သေဆုံးပြီး ဆံပင်ထပ်မထွက်ပဲ ကျွတ်လာကြတာ ဖြစ်ပါတယ်။
(၂) နောက်တစ်ချက်ကတော့ တက်စ်ထရိုစတီရုန်းဟော်မုန်း (Testosterone) ကနေ အိတ်ချ်တီဟော်မုန်း (DHT; Dihydrotestoosterone)ကို ပြောင်းလဲသွားအောင်ပြုလုပ်ပေးတဲ့ ၅-အယ်လ်ဖာရီဒက်တေ့စ်အင်ဇိုင်း (5-alpha reductase enzyme) တွေများလာတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအိတ်ချ်တီ ဟော်မုန်းတွေ ပိုများလာစေပါတယ်။
(၃) နောက်တစ်ခုကတော့ ဦးရေပြားမှာ အမျိုးသားဟော်မုန်းလက်ခံခွက် (androgen receptors) တွေများနေတာ ကြောင့်လည်း ဖြစ်ပါတယ်။
ဒီလိုဆံပင်ကျွတ်လာတဲ့ဝေဒနာခံစားနေရသူတွေကို ဆေးထန်းပင်အဆီအနှစ် တိုက်ကျွေးပြီး စမ်းသပ်ထားတဲ့ တွေ့ရှိချက်တစ်ခုကို မေလ ၂၀၂၅ ထုတ် Life Extension Magazine မှာဖော်ပြပေးထားတာကြောင့် အများသိစေရန် တင်ပြပေးလိုက်ပါတယ်။

ဆံပင်ကျွတ်စပြုလာတဲ့အမျိုးသားတွေကို ဆေးထန်းပင်အဆီအနှစ် ၁၀၀ မီလီဂရမ်အား နေ့စဉ်တိုက်ကျွေးပြီး ၁၆ ပတ်အကြာ စမ်းသပ်တွေ့ရှိချက်တွေအရ
• တိုက်ကျွေးခံရသူများဟာ ဆေးထန်းပင်အဆီအနှစ်မပါတဲ့ အခြားဆေးတောင့် (Placebo) တိုက်ကျွေးခံရ သူများနဲ့ယှဉ်ရင် ဆံပင်သိပ်သည်းဆ 5.17% တက်လာပြီး ဆံပင်တွေပိုထူလာကို တွေ့ရတယ်လို့ ဆိုပါတယ်။
• ခေါင်းဖြီးပြီး စမ်းသပ်တဲ့အခါ ဆံပင်ကျွတ်တာလည်း 29% သက်သာလာတယ်လို့ ဆိုပါတယ်။
• ဆံပင်ကိုလက်နဲ့ဆွဲပြီး စမ်းသပ်တဲ့အခါမှာ ဆံပင်ကျွတ်ပြီးလက်မှာပါလာတာက 20.5% သက်သာလာ တာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
• သွေးစစ်ပြီး စစ်ဆေးကြည့်တဲ့အခါမှာ အိတ်ချ်တီဟော်မုန်း (DHT; Dihydrotestoosterone)ဟာ 22.2% လျော့နည်းလာတယ်လို့ပါ ဖော်ပြပေးထားပါတယ်။

ဒီလိုအချက်တွေကြောင့် သဘာဝဆေးထန်းပင်အဆီအနှစ်ကိုမှီဝဲခြင်းက အမျိုးသားများ ထိပ်ပြောင်ခြင်းကို ကုသရာမှာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။

FAME ဆေးဝါးကနေပြီးတော့လည်း ဆေးထန်းပင်အဆီအနှစ်ပါဝင်တဲ့ SawPalmetto (ဆီးကျိတ်ရောဂါဆေး) ကိုထုတ်လုပ်ထားပါတယ်။

Reference
https://www.lifeextension.com/magazine/2025/5

21/07/2025

ဆီးချိုရှိပြီးနောက် ပိန်လာတာကောင်းလား။
⁣🔹🔸🔹🔸🔹🔸
ဆီးချိုရောဂါရှိသူများအတွက် ကိုယ်အလေးချိန် လျှော့ချခြင်းသည် ဆီးချိုထိန်းချုပ်မှုအတွက် အကျိုးရှိနိုင်သော်လည်း ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကျခြင်းဖြစ်ရန် အရေးကြီးပါသည်။

ကိုယ်အလေးချိန်ကျသည်ဆိုရာ၌ သူ့အလိုလိုပိန်ကျသွားခြင်းနှင့် Diet သို့မဟုတ် အားကစားလုပ်ခြင်းဖြင့် စနစ်တကျဝိတ်လျှော့ပြီး ကိုယ်အလေးချိန်ချခြင်းဟု နှစ်မျိုးရှိပါတယ်။ Diet သို့မဟုတ် အားကစားလုပ်ခြင်းဖြင့် စနစ်တကျဝိတ်လျှော့ပြီး ကျစ်ကျစ်လစ်လစ်နဲ့ ပိန်လာတာဆိုရင် ကောင်းပါတယ်။ အဝလွန်နေသူဖြစ်ပါက သင့်တော်သော diet plan စားခြင်း၊ အားကစားလုပ်ပြီး ဝိတ်ချလိုက်ခြင်းဖြင့် ဆီးချိုရောဂါထိန်းချုပ်မှု ကောင်းလာစေပါတယ်။

ဘယ်အမျိုးအစား ဆီးချိုပဲဖြစ်ဖြစ် (ဝိတ်ချလို့မဟုတ်ဘဲ) သူ့အလိုလို ကိုယ်အလေးချိန်ကျလာတယ်ဆိုတာ ဆီးချို ထိန်းချုပ်မှုမကောင်းဘူးဆိုတာကို ဖော်ပြနေပါတယ်။ ဆီးချိုရောဂါဖြစ်ရင် သူ့အလိုလို ပိန်လာရတာက အဓိကအားဖြင့် အောက်ပါအကြောင်းအရာတွေကြောင့် ဖြစ်ပါတယ်။

♦ ခန္ဓာကိုယ်က သကြားဓာတ်ကို စွမ်းအင်အဖြစ် အသုံးမပြုနိုင်ခြင်း - ဆီးချိုရောဂါ ထိန်းချုပ်မှုမကောင်းသူရဲ့ သွေးထဲမှာ ဂလူးကို့စ်တွေ အများကြီးရှိနေတယ်။ ဒါပေမဲ့ အင်ဆူလင် မလုံလောက်လို့ သွေးထဲကဂလူးကိုစ့်ကို မသုံးနိုင်ဘူး။ အဲဒီအခါ ခန္ဓာကိုယ်ရဲ့ စွမ်းအင်လိုအပ်ချက်အတွက် အဆီနဲ့ ကြွက်သားတွေကို ချေဖျက်ပြီး သုံးရပါတယ်။ ဒါကြောင့်မို့ ဆီးချို control မရတဲ့သူမှာ ကြွက်သား‌တွေ အားနည်းပြီး ကိုယ်အလေးချိန်ကျပြီး ပိန်လာပါတယ်။ ခန္ဓာကိုယ်မှာ အသားများတဲ့ နေရာတွေဖြစ်တဲ့ လက်မောင်းရင်းတို့ တင်ပါးတဝိုက်တို့မှာ စမ်းကြည့်ရင်သိသာပါတယ်။ တင်းတင်းရင်းရင်းမရှိတော့ဘဲ အသားတွေ ပျော့တိ‌ပျော့ဖတ်ဖြစ်နေမယ်။ ကြွက်သားတွေက လုံးလုံးဝန်းဝန်း တင်းတင်းရင်းရင်းမရှိ‌တော့ဘဲ ပိန်ရှူးသွားမယ်။

♦ ဆီးမှတဆင့် သကြားဓာတ် ဆုံးရှုံးခြင်း - ဆီးချိုရောဂါရှိရင် သွေးတွင်းသကြားဓာတ် များလာတာကြောင့် ဆီးသွားတဲ့အထဲမှာပါ သကြားဓာတ်တွေ ပါသွားပါတယ်။ ဆီးသွားတာ များရင် သကြားဓာတ်အပြင် ကယ်လိုရီ တွေပါ ဆုံးရှုံးစေပါတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။

♦ အစာ စားချင်စိတ် လျော့နည်းခြင်း - တချို့ ဆီးချိုရောဂါရှိသူတွေမှာ အစားစားချင်စိတ် လျော့နည်းတာ၊ ပျို့အန်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် မက်ဖော်မင်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစားအသောက်ပျက်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုဖြစ်ရင်လည်း ကိုယ်အလေးချိန် ကျဆင်းတာမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်အမျိုးအစား ဆီးချိုပဲဖြစ်ဖြစ် (စနစ်တကျ ဝိတ်ချလို့မဟုတ်ဘဲ) သူ့အလိုလို ကိုယ်အလေးချိန်ကျလာတယ်ဆိုတာ ဆီးချို ထိန်းချုပ်မှုမကောင်းဘူးဆိုတာကို ဖော်ပြနေပါတယ်။ ဆရာဝန်နဲ့ပြန်ဆွေးနွေးဖို့လိုအပ်ပြီး သင့်တော်တဲ့ ဆေးဝါး၊ အစားအစာ၊ လေ့ကျင့်ခန်းစတဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။

ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့ 💙Sinocare Myanmar💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားလို့ရပါတယ်ရှင့်😊

❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🍀 အထက်ပါအကြောင်းအရာများကို ဆီးချိုရောဂါ အာဟာရလမ်းညွှန် by Dr Nora
Page မှ ကောက်နုတ်ဖော်ပြထားသောကြောင့် လေးစားစွာဖြင့် Credit ပေးပါသည်ရှင့်။ 🍀
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
Sinocare Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

ပုစွန်၊အသား၊ငါးများကို ဖော်မလင် ဖယ်ရှားနည်းများအိမ်မှာတော့ ဖော်မလင်ကို တရုပ်ပြာရည် ၊ရှာလကာရည်၊ပြောင်းကော်မှုန့်နဲ့ နယ်ပြ...
20/06/2025

ပုစွန်၊အသား၊ငါးများကို ဖော်မလင် ဖယ်ရှားနည်းများ

အိမ်မှာတော့ ဖော်မလင်ကို တရုပ်ပြာရည် ၊ရှာလကာရည်၊ပြောင်းကော်မှုန့်နဲ့ နယ်ပြီး ငါးနှင့်ပင်လယ်စာကို ၁၅မိနစ်ခန့် ဝက် ကြက်များကို မိနစ်၃၀ခန့် စိမ်ပြီး ရေအထပ်ထပ်ဆေးပြီး ဖော်မလင်ထုတ်ပါတယ်

ဖော်မလင် (Formalin) သည် ပုံမှန်အားဖြင့် အလောင်းများကို မပုပ်သိုးအောင် ထိန်းသိမ်းရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပါသည်။

ဖော်မလင်ကိုအစားအစာများတွင် အသုံးပြုရန် လုံးဝခွင့်ပြုထားခြင်းမရှိသော်လည်း အသားနှင့် ငါးများမပုတ်သိုးပဲ၊ တာရှည်ခံစေရန်အတွက် မလျော်ကန်စွာ အသုံးပြုတတ်ကြပါသည်။

အထူးသဖြင့်ပုစွန်၊ ငါး၊ ပင်လယ်စာ၊ အသား၊ တို့ဟူး၊ ပဲပြား၊ မုန့်ဟင်းခါးဖတ် စတဲ့ ပုပ်သိုးလွယ်တဲ့ အစားအစာတွေမှာ တွေ့ရတတ်ပါတယ်။

ဖော်မလင်ပါဝင်မှုကို ဘယ်လိုသိရှိနိုင်မလဲ?
ဖော်မလင်ပါဝင်တဲ့ အစားအစာတွေဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဖော်မလင်ပါတဲ့ငါးက အသားမာတောင့်ပြီး ရော်ဘာလိုဖြစ်နေမယ်။ အကြေးခွံမာနေမယ်။ ငါးညှီနံ့မရဘဲ ယင်မနားဘူး။

ပင်လယ်စာမှာ ဖော်မလင်ပါနေရင် ရော်ဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။

တို့ဟူး၊ပဲပြားတွေဟာ ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီကျော်လည်း မပျက်စီးဘူးဆိုရင်ဖော်မလင်ပါဖို့များပါတယ်။

မုန့်ဟင်းခါးဖတ်တွေမှာဖော်မလင်ပါရင် မုန့်သားပျော့ပျောင်းမနေဘဲ elastic (ကြိုးပြား) လိုဖြစ်နေမယ်။ ရေနွေးထဲထည့်ရင် ဆေးရုံနံ့လိုလို၊ ပြာနံ့လိုလို ရနိုင်တယ်။

ဖော်မလင်သည် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သောကြောင့် ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော ပုစွန်၊ အသား၊ ငါးများကို စားသုံးခြင်းမပြုမီ ဖော်မလင်ကိုဖယ်ရှားသည့် နည်းလမ်းများကို သိရှိထားသင့်ပါသည်။

ဖော်မလင်ကို လုံးဝဖယ်ရှားပစ်ရန် ခက်ခဲသော်လည်း အောက်ပါနည်းလမ်းများကိုအသုံးပြုခြင်းဖြင့်ဖော်မလင်ပါဝင်မှုကို လျှော့ချပေးနိုင်ပါသည်။

၁။ ရေဖြင့် စနစ်တကျ ဆေးကြောခြင်း
ရေအေးဖြင့် ဆေးကြောခြင်း
ဖော်မလင်သည် ရေတွင် ပျော်ဝင်နိုင်သော ဓာတုပစ္စည်းဖြစ်သောကြောင့် ရေအေးဖြင့် အကြိမ်ကြိမ် ဆေးကြောခြင်းသည် ဖော်မလင်ပါဝင်မှုကို လျှော့ချရန် အခြေခံအကျဆုံး နည်းလမ်းဖြစ်ပါသည်။
အသား သို့မဟုတ် ငါးများကို ရေအေးများများဖြင့် ၁၀ မိနစ်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် အနည်းဆုံး (၂) ကြိမ်မှ (၃) ကြိမ်ခန့် စနစ်တကျ ဆေးကြောပေးသင့်ပါသည်။

၂။ ဆားရည်ဖြင့် စိမ်ခြင်း
ဆားရည်သည် ဖော်မလင်ဓာတ်ကို အတိုင်းအတာတစ်ခုအထိစုပ်ယူနိုင်စွမ်းရှိသည်ဟု လေ့လာမှုတွေအရ တွေ့ရပါတယ်။
အသား သို့မဟုတ် ငါးများကို ဆားရည် (ရေ ၁ လီတာလျှင် ဆား စားပွဲတင်ဇွန်း ၂-၃ ဇွန်းခန့်) တွင် ၁၅မိနစ်မှ နာရီဝက်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် ပြန်လည်ဆေးကြောခြင်းဖြင့် ဖော်မလင်ပါဝင်မှုကို လျှော့ချနိုင်ပါသည်။
စိမ်ထားတဲ့အချိန် ကြာလေလေ ဖော်မလင်ဓာတ် ပိုမိုလျော့နည်းလေလေ ဖြစ်ပါတယ်။
ဆားရည်သည်ဖော်မလင်ကို လုံးဝပျောက်ကွယ်အောင်ဖယ်ရှားနိုင် ခြင်းမရှိသော်လည်း ဖော်မလင်ရဲ့ ပြင်းအားကို လျှော့ချပေးနိုင်ပါသည်။

၃။ အပူပေးခြင်း (ချက်ပြုတ်ခြင်း)
ဖော်မလင်သည် အပူဒဏ်ကို ခံနိုင်ရည်မရှိသော ဓာတုပစ္စည်းဖြစ်ပါသည်။
အပူချိန်မြင့်မားစွာ ချက်ပြုတ်ခြင်း (ဥပမာ- ရေနွေးဆူဆူဖြင့် ပြုတ်ခြင်း၊ ဆီပူပူဖြင့် ကြော်ခြင်း) သည် ဖော်မလင်ကို အငွေ့ပျံစေခြင်း သို့မဟုတ် ဓာတ်ပြိုကွဲစေခြင်းဖြင့် ၎င်း၏ ပြင်းအားကို လျှော့ချပေးနိုင်ပါသည်။
သို့သော် အပူပေးရုံဖြင့် ဖော်မလင်အားလုံးကို လုံးဝဖယ်ရှားနိုင်မည်မဟုတ်ပါ။

၄။ ရှာလကာရည် (Vinegar) သို့မဟုတ် သံပုရာရည် (Lemon Juice) အသုံးပြုခြင်း
အချို့သော လေ့လာမှုများအရ ရှာလကာရည် သို့မဟုတ် သံပုရာရည်ကဲ့သို့သော အက်ဆစ်ဓာတ်ပါဝင်သည့် ပစ္စည်းများသည် ဖော်မလင်၏ ဓာတ်ကို ပြယ်စေနိုင်သည်ဟု ဖော်ပြထားပါသည်။

အသား သို့မဟုတ် ငါးများကို ရှာလကာရည် (သို့မဟုတ်) သံပုရာရည် အနည်းငယ် ရောထားသော ရေဖြင့် ၁၀မိနစ် ၁၅မိနစ်ခန့် စိမ်ထားပြီးနောက် ရေသန့်ဖြင့် ပြန်လည်ဆေးကြောခြင်းဖြင့် ဖော်မလင်ပါဝင်မှုကို လျှော့ချနိုင်ကြောင်း အကြံပြုထားပါသည်။

၅။ ကန်စွန်းရွက် (Water Spinach) အသုံးပြုခြင်း

မြန်မာနိုင်ငံတွင် ရေငံပိုင် ဦးဘဦး ဆားလုပ်ငန်းမှ ဖော်မလင်ဓာတ်ပါဝင်သော အစားအစာများကို ကန်စွန်းရွက်ဖြင့် ပြုတ်ပြီး စားသုံးနိုင်ကြောင်း၊ ကန်စွန်းရွက်သည် ဖော်မလင်ဓာတ်ကို စုပ်ယူနိုင်ကြောင်း တင်ပြခဲ့ဖူးပါသည်။ ၎င်းနည်းလမ်းသည်လည်း ဖော်မလင်ပါဝင်မှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်ပါသည်။

ဤနည်းလမ်းများသည် ဖော်မလင်ပါဝင်မှုကို လျှော့ချရန် ကူညီနိုင်သော်လည်း လုံးဝ ဖယ်ရှားပေးနိုင်မည်မဟုတ်ပါ။

ပုံမှန်မဟုတ်သော အနံ့အသက် (ဓာတုဗေဒပစ္စည်းနံ့)၊ ပုံမှန်မဟုတ်သော တောက်ပသည့် အရောင်အဆင်း၊ သာမန်ထက် ပိုမိုမာကျောနေခြင်း စသည့် လက္ခဏာများရှိပါက ဖော်မလင်ပါဝင်နိုင်ခြေရှိကြောင်း သတိပြုသင့်ပါသည်။

ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော အသား၊ ငါးများကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။
လတ်ဆတ်သော အသား၊ ငါးများကိုသာ ရွေးချယ်ဝယ်ယူပါ။

အကယ်၍ ဖော်မလင်ပါသော အစားအစာများကို မတော်တဆ စားသုံးမိပါက ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိပြီး ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။

ချက်ချင်းဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ

ဖော်မလင်ပါဝင်မှုပမာဏနှင့် စားသုံးမိသော ပမာဏပေါ်မူတည်၍ အောက်ပါ ဘေးထွက်ဆိုးကျိုးများ ချက်ချင်းဖြစ်ပေါ်နိုင်ပါသည်။

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်း
ဖော်မလင်သည် အစာအိမ်နှင့် အူလမ်းကြောင်း နံရံများကို ယားယံစေပြီး ရောင်ရမ်းစေနိုင်သဖြင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

ဗိုက်နာခြင်းနှင့် အစာအိမ် အောင့်ခြင်း
ပြင်းထန်သော ဗိုက်နာခြင်းနှင့် အစာအိမ် အောင့်ခြင်းများ ခံစားရနိုင်ပါသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ

အသက်ရှူခက်ခဲခြင်း
အချို့သူများတွင် အသက်ရှူလမ်းကြောင်း ယားယံခြင်းကြောင့် အသက်ရှူခက်ခဲခြင်း သို့မဟုတ် ပန်းနာရင်ကျပ်နှင့် ဆင်တူသော လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
ဖော်မလင်ကို အငွေ့အဖြစ် ရှူရှိုက်မိတဲ့အခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပြီး နာတာရှည် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ပန်းနာရင်ကျပ် (Asthma) စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ အစာကနေ ဝင်ရောက်ပေမယ့် အချို့ဖော်မလင်တွေက အငွေ့အဖြစ် ပြောင်းလဲနိုင်လို့ အသက်ရှူလမ်းကြောင်းကိုလည်း သွယ်ဝိုက်သောအားဖြင့် ထိခိုက်နိုင်ပါတယ်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပြဿနာများ

ခေါင်းမူးခြင်းနှင့် သတိလစ်ခြင်း
ပြင်းထန်သော ဖော်မလင် အဆိပ်သင့်မှုတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှင့် အချို့ ကိစ္စများတွင် သတိလစ်ခြင်းများအထိ ဖြစ်ပေါ်နိုင်ပါသည်။

မှတ်ဉာဏ်လျော့နည်းခြင်း၊ ခေါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ စသည့် အာရုံကြောစနစ်ဆိုင်ရာ ပြဿနာများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း အချို့သော အစီရင်ခံစာများတွင် ဖော်ပြထားသည်။

နှလုံးနှင့် သွေးလည်ပတ်မှုဆိုင်ရာပြဿနာ
ပြင်းထန်သောအခြေအနေများတွင် သွေးပေါင်ကျခြင်းနှင့် နှလုံးခုန်နှုန်း မမှန်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်ပါသည်။

ရေရှည်ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများ
ဖော်မလင်ကို အနည်းငယ်စီ စဉ်ဆက်မပြတ် စားသုံးမိခြင်း သို့မဟုတ် တစ်ကြိမ်တည်း အများအပြား စားသုံးမိခြင်းသည် ရေရှည်တွင် ပိုမိုဆိုးရွားသော ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါသည်။

ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်း
ဖော်မလင်သည် လူ့ခန္ဓာကိုယ်အတွက် ကင်ဆာဖြစ်စေနိုင်သော ဓာတုပစ္စည်း (Carcinogen) အဖြစ် သတ်မှတ်ထားပါသည်။
အထူးသဖြင့် နှာခေါင်း၊ လည်ချောင်းနှင့် အစာအိမ်တို့တွင် ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။

နှာခေါင်းနှင့် လည်ချောင်းကင်ဆာ (Nasopharyngeal Cancer)
အစားအသောက်မှတစ်ဆင့် ဝင်ရောက်တဲ့ ဖော်မလင်ဟာ နှာခေါင်းနောက်ဘက်နဲ့ လည်ချောင်းအပေါ်ပိုင်းမှာရှိတဲ့ တစ်ရှူးတွေကို ပျက်စီးစေပြီး ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

သွေးကင်ဆာ (Leukemia)
လေ့လာမှုများအရ ဖော်မလင်နဲ့ ထိတွေ့မှုများတဲ့သူတွေမှာ သွေးကင်ဆာ၊ အထူးသဖြင့် Myeloid Leukemia ဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရှိရပါတယ်။ (American Cancer Society)

အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာ
တိရစ္ဆာန်တွေမှာ ပြုလုပ်တဲ့ စမ်းသပ်မှုတွေအရ သောက်ရေထဲမှာပါတဲ့ ဖော်မလင်က အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အကျိတ်တွေ တိုးပွားစေတယ်လို့ သိရပါတယ်။

ကျောက်ကပ်နှင့် အသည်း ထိခိုက်ခြင်း
ဖော်မလင်ကို ခန္ဓာကိုယ်မှ ချေဖျက်ရာတွင်ကျောက်ကပ်နှင့် အသည်းတို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
ထို့ကြောင့် ဖော်မလင် အဆိပ်သင့်မှုသည် အဆိုပါ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

မျိုးပွားမှုဆိုင်ရာ ပြဿနာများ

အချို့လေ့လာမှုတွေက ဖော်မလင်ဟာ မျိုးပွားမှုစနစ်ကို ထိခိုက်နိုင်ပြီး အမျိုးသမီးတွေရဲ့ မျိုးဥအိမ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage) အထိ ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်းနှင့် အရေပြားပြဿနာများ
ဖော်မလင်နှင့် ထိတွေ့မှုရှိသောအခါ အရေပြားယားယံခြင်း၊ နီရဲခြင်းနှင့် အခြား ဓာတ်မတည့်သော လက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။

အကယ်၍ ဖော်မလင်ပါဝင်သည်ဟု သံသယရှိသော အစားအစာများကို စားသုံးမိပါက ချက်ချင်း ဆေးရုံ သို့မဟုတ် နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်ပြသရန် အရေးကြီးပါသည်။ မိမိဘာသာ ကုသခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ကျွမ်းကျင်သူ ဆရာဝန်၏ အကူအညီကို ရယူရန် မဖြစ်မနေလိုအပ်ပါသည်။

References:

Food Safety and Standards Authority of India (FSSAI) (Specific articles or guidelines might be available on their official website)

Scientific Studies on Formalin Removal: Research papers published in food science journals often discuss various methods for reducing formalin content in food products.

World Health Organization (WHO) publications on food safety hazards

Studies on Formaldehyde Toxicity, e.g., published in environmental health journals

International Agency for Research on Cancer (IARC) Monographs on Formaldehyde

Https://www.ResearchGate.com

ရေငံပိုင် ဦးဘဦး ဆားလုပ်ငန်း၏ အကြံပြုချက်များ

Access 160+ million publication pages and connect with 25+ million researchers. Join for free and gain visibility by uploading your research.

14/06/2025

ဝက်ဆီ စားရမှာလား မစားရဘူးလား

14/06/2025

💁Collagen Type-I; Type-II;Type-III*

👉Collagon Type-I

💁ခန္ဓာကိုယ်ရှိအရေပြားအရိုးနှင့်အရွတ်များကိုထောက်ပံ့ပေးသည်🤗
👉Collagen Type-Iကို💁Hair.Skin.Teeth/Nail&Boneအတွက်သိပ်သည်းအမျှင်ဓာတ်တွေတကိုယ်လုံးအထောက်အကူဖြစ်ဖို့👩‍🦰အရွယ်တင်နုပျိုစေဖို့အတွက်လဲအသုံးပြုကြသည်။🥰
👉Collagen Type- II

� အရိုးနုအတွက်အရေးပါသည့်အဆစ်များကိုထောက်ပံ့ပေးသည်။☺️Collagen type-IIသည်ခန္ဓာကိုယ်မှနာကျင်မူနှင့်😩ရောင်ရမ်းခြင်းတို့ကို💁‍♂️တိုက်ဖျက်ပေးသည်ဟုဆိုကြသည်။😇

👉Collagen Type-III

�အရေပြား/သွေးကြောများနှင့်အူလမ်းကြောင်းများအပါအ၀င်😐ခန္ဓာကိုယ်အဂ်ါအစိတ်အပိုင်းများနှင့်🤗ဖွဲ့စည်းပုံလုပ်ငန်းဆောင်တာများအတွက်🙆အရေးကြီးသည်။🤕ဒဏ်ရာများကိုကုသခြင်း🤗သွေးခဲခြင်းနှင့်Tissueတစ်ခုလုံး၏ 💪ကြံ့ခိုင်မူတို့တွင်အရေးပါသည်။😍
🤷‍♀️၀င်းမြို့ဟိန်းဆေးဆိုင်တွင်🛒
🤗🤗
💰Kpay,Wave Pay,Aya Payတို့နဲ့%ပေးစရာမလိုပဲ၀ယ်ယူနိုင်ပါသည်။🥰🥰
😘၀ယ်ယူအားပေးကြသောမိတ်ဟောင်းမိတ်သစ်များကို 💁Win Myoh Hein Pharmacy မိသားစုမှကျေးဇူးအထူးတင်ရှိပါသည်။🙇‍♀️

⛩️Win Myoh Hein Pharmacy

✏️အမှတ်133A,ရေတာရှည်လမ်းဟောင်း၊ဗဟန်း၊ရန်ကုန်မြို့🔖🔖
☎️Ph-09955178800,0943170102

13/06/2025

Probiotics and Prebiotics သည်ပဋိဇီဝဆေးများကြာရှည်စွာသောက်သုံးခြင်းကြောင့်အူလမ်းကြောင်းအတွင်းရှိ လူသားအကျိုးပြုဘတ်တီးရီးယားပိုးမွှားများပျက်စီးဆုံးရှုံးသွားပြီး အူလမ်းကြောင်းလှုပ်ရှာမှုမမှန်မကန်အခြေအနေများကြောင့်
😞ဝမ်းပျက်၊ဝမ်းလျှောဖြစ်ခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ်နှင့်အူလမ်းကြောင်းပုံမှန်အလုပ်မလုပ်တော့ဘဲ အစာခြေစနစ်မမှန်ခြင်းကြောင့် လေပွ၊ဗိုက်အောင့်၊ဗိုက်နာတတ်သူများ သောက်သုံးကြသောဆေးဖြစ်သည်။
👉ဝမ်းပျက်၊ဝမ်းလျှောမှုကြောင့် Probiotic
သောက်သုံးလျှင်လည်း ရေဓာတ်ကိုပြန်လည်ဖြည့်တင်းရန် ဓာတ်ဆားရည်လည်းသောက်သုံးသင့်ပါသည်။
*Probiotics များသည် အကျိုးပြုဘတ်တီးရီးယားများဖြစ်ပြီး Prebiotics များသည်အဆိုပါဘတ်တီးရီးယားမျာအတွက်အစာဖြစ်သည်။
သတိပြုရန်
😧 Probiotics သောက်သုံးလျှင် မှိုသတ်ဆေးများနှင့် တွဲမသောက်သင့်ပါ။
ဝင်းမြို့ဟိန်း ဆေးဆိုင်တွင်
💰K pay,Wave pay,Aya pay တို့နဲ့%ပေးစရာမလိုဘဲဝယ်ယူနိုင်ပါသည်။
😍ဝယ်ယူအားပေးကြသောမိတ်ဟောင်း မိတ်သစ်များကို Win Myoh Hein Pharmacy မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။

⛩️Win Myoh Hein Pharmacy

🌇အမှတ် 133(A),ရေတာရှည်လမ်းဟောင်း၊ဗဟန်း၊ရန်ကုန်မြို့။
☎️Ph....09955178800,094370102

12/06/2025

Amoxicilin သည် ရင်ဘတ်ပိုးဝင်ခြင်း၊အဆုတ်ရောင်ခြင်း၊ သွားတွင်းအနာများ၊နားပိုးဝင်ခြင်း၊ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊လေပြွန်ရောင်ခြင်း၊အစာအိမ်နာ၊အစာအဆိပ်သင့်ခြင်း စသော ဘက်တီးရီးယားပိုးမွှားများကို ကုသရန် အသုံးပြုပါသည်။ Pencillinအုပ်စုဝင် ပဋိဇိဝဆေးတစ်မျိုးဖြစ်သည်။ Amoxicillinသည် Ampicillin နှင့်ကွာခြားသည်မှာ သောက်ဆေးအဖြစ် အသုံးပြုသောအခါ အစာလမ်းကြောင်းမှ ပိုမိုစုပ်ယူနိုင်ခြင်းဖြစ်သည်။ အစာအိမ်၌အစာရှိနေလျှင်လည်း စုပ်ယူမှုလျော့ကျမသွားနိုင်ပါ။☺️
သတ်ိပြုရန်
Pencillin အုပ်စုဝင် ဆေးများနှင့် မတည့်သူများ မသောက်သုံးသင့်ပါ။
ဝင်းမြို့ဟိန်း ဆေးဆိုင်တွင်

💰Kpay,Wave Pay,Aya Pay တို့နဲ့%ပေးစရာမလိုပဲ ဝယ်ယူနိုင်ပါသည်။
😘ဝယ်ယူအားပေးကြသော မိတ်ဟောင်း မိတ်သစ်များကို Win Myoh Hein Pharmacy မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။

⛩️Win Myoh Hein Pharmacy

🌇အမှတ် 133A,ရေတာရှည်လမ်းဟောင်း၊ဗဟန်း၊ရန်ကုန်မြို့။
☎️Ph.....09955178800,0943170102

Send a message to learn more

11/06/2025

🍭Acetylcysteine သည် ချွဲပျော်ဆေးတစ်မျိုးဖြစ်သည်။စေးပျစ်နေသော🤧 ချွဲသလိပ်များကို အရည်ကျဲစေသည့် အာနိသင်ရှိစေသဖြင့် ချောင်းဆိုးပြီး ဟပ်ထုတ်ရာတွင် လွယ်ကူစေပါသည်။😇
🤗လေပြွန်ရောင်ခြင်း၊ အဆုတ်ပွခြင်း၊အဆုတ်ရောင်ခြင်းတို့တွင် ချောင်းဆိုးရင်ကျပ် သက်သာစေရန် အသုံးပြု​သည်။

ဝင်းမြို့ဟိန်းဆေးဆိုင်တွင်
💰Kpay,Wave Pay,Aya Pay တို့နဲ့ % ပေးစရာမလိုပဲဝယ်ယူနိုင်ပါသည်။
😘ဝယ်ယူအားပေးကြသော မိတ်ဟောင်း မိတ်သစ်များကို Win Myoh Hein Pharmacy မိသားစုမှ ကျေးဇူးအထူးတင်ရှိပါသည်။

⛩ Win Myoh Hein Pharmacy

🌇အမှတ် 133 A,ရေတာရှည်လမ်း​ဟောင်း၊ ဗဟန်း၊ရန်ကုန်မြို့။
☎ Ph...09955178800,0943170102

12/09/2024

Vitamin D3 ကို Vitamin K2 နှင့် တွဲသောက်ရင် ဘယ်လို အကျိုးကျေးဇူးတွေရှိလဲ

Vitamin D3 ကို သောက်တဲ့အခါမှာ အူကနေ Calcium ကို စုပ်ယူအားကောင်းလာတဲ့အတွက်ကြောင့် သွေးထဲမှာ Calcium တွေများလာပါတယ်။

Vitamin K2 ကတော့ သွေးထဲမှာ မလိုအပ်တဲ့ Calcium ကို လိုအပ်တဲ့နေရာထိ သယ်ဆောင်ပေးပြီး သွေးကြောထဲမှာ Calcium စုပုံတာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

Vitamin K2 ဟာ သွေးကျဲစေတဲ့ အာနိသင်လည်း ရှိပါတယ် ။Vitamin D3 & K2 ကတော့ လေဖြတ်ခြင်း၊ လေဖြန်းခြင်း၊
ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်။

D3 နှင့် K2 ပေါင်းစပ်ထားခြင်းဟာ အရိုးဆဲလ်များကို အသစ်ဖြစ်စေပြီး အရိုးပွခြင်းနှင့် အရိုးကျိုးလွယ်ခြင်းကို ကာကွယ်ပေးပါတယ်

နှလုံးသွေးကြောများအတွင်းရှိ မလိုအပ်သော ဓာတ်များ စုပုံနေခြင်းကို ဖယ်ရှားပေးပြီး သွေးကြောများကို ကျန်းမာစေပါတယ်

ဆီးပူ ဆီးအောင့် ဆီးကျင်ခြင်းများအတွက် အကောင်းဆုံး     --------------------------😣😣ရောဂါကြောင့်ပဲဖြစ်ဖြစ် အပူအစပ်တွေ အလွန...
09/09/2024

ဆီးပူ ဆီးအောင့် ဆီးကျင်ခြင်းများအတွက် အကောင်းဆုံး
--------------------------

😣😣ရောဂါကြောင့်ပဲဖြစ်ဖြစ်
အပူအစပ်တွေ အလွန်အကျွံစားမိလို့ပဲဖြစ်ဖြစ်..
ဆီးပူတာ ဆီးသွားတာအားမရတာ ဆီးကျင်တာတို့အတွက် Cranberry (ခရမ်ဘယ်ရီ) ကို သောက်လို့ရပါတယ်

STZ မှ တင်သွင်းတဲ့ ဒီ CRANBERRY ဆေးလေးကတော့..
အမျိုးသမီးများ ဆီးအိမ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ ဆီးပူ ၊ဆီးကျင်ခြင်း ရောဂါများ၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်းရောဂါများကို သက်သာပျောက်ကင်းစေပြီး အမျိုးသမီးများအတွက် သီးသန့် ထုတ်လုပ်ထားသော ဆေးဖြစ်ပါတယ်

တစ်နေ့ (၁) ကြိမ် (၂) လုံးသောက်ပေးရပါမယ်နော်
USA made ဖြစ်ပြီး
အလုံး (၃၀) ပါဝင်ပါတယ်...

Address

133, Old Yaytarshay Street, Bahan

11201

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959955178800

Website

Alerts

Be the first to know and let us send you an email when Win Myoh Hein Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram