Hanuman Foot Patch Yangon

Hanuman Foot Patch Yangon ကျီးပေါင်းဝေဒနာအမျိုးမျိုးအတွက်Hanumanသဘာဝတိုင်းရင်းဆေး🍀🍀🍀🍀

ဇက်တွေတောင့်လိုက် အကြောင်းမရှိမူးလိုက်‌ နားကအူသလိုလိုဖြစ်လိုက် ဒီလိုဝေဒနာခံစားနေရပါသလား? ဒါဆိုရင်တော့ သင်ဟာ ကျီးပေါင်းရေ...
08/10/2025

ဇက်တွေတောင့်လိုက် အကြောင်းမရှိမူးလိုက်‌ နားကအူသလိုလိုဖြစ်လိုက် ဒီလိုဝေဒနာခံစားနေရပါသလား? ဒါဆိုရင်တော့ သင်ဟာ ကျီးပေါင်းရောဂါရဲ့အစလက္ခဏာကိုခံစားနေရပါပြီ !!
****************************************

💥 ဇက်ကျီးပေါင်းဆိုတာ ဘာလဲ 💥
ကျမတို့ လူ့ခန္ဓာကိုယ်မှာ ပင်မအာရုံကြောကြီးကို cover လုပ်ဖို့တွက် ဦးခေါင်းအောက်ခြေကစပြီး မီးညောင်းရိုးထိ အရိုးအဆစ်တွေဆက်သွယ်ထားပါတယ်

ဒိနေရာမှာ လည်ပင်ဆစ်နေရာအရိုးဆစ်တွေဟာ နေထိုင်မှုပုံစံကြောင့် ပုံစံတွေပျက်ယွင်းပြီး အရိုးဆစ်တွေဟတာ အရိုးဆစ်တွေယောင်လာရာကနေ အာရုံကြော၊အရွတ်၊သွေးကြောတွေကို ပိမိရာကနေ ကျီးပေါင်းဝေဒနာဆိုတာ ဖြစ်ပေါ်လာပါတယ်။

💥 ဘယ်လိုလူတွေက အဖြစ်များကြသလဲ 💥
ပုံမှန်နေနဲ့ဆို သက်ကြီးဝေဒနာလို့တင်စားခေါ်ဝေါ်ကြပေမဲ့ အခုခေတ်မှာတော့ သက်လတ်ပိုင်းတွေကစ ခံစားလာရတာတွေ့နေရပါတယ်။

ဘာကြောင့်လဲဆိုရင် တိုးတက်လာတဲ့ခေတ်နဲ့အညီ လူငယ်လူလတ်ပိုင်းတွေဟာ phone ၊ computer တွေနဲ့ အလုပ်လုပ်လာကြတာမို့ ပုံစံတခုထဲမှာ ကြာကြာနေလာကြတယ်။
(ဒီနေထားဟာ ကျီးပေါင်းဖြစ်ဖို့ Risk အများဆုံးပါ)

အဖြစ်များတဲ့ လူအုပ်စုတွေပြောရရင်
📌 သက်ကြီးပိုင်းတွေ
📌 စက်ချုပ်သမားတွေ
📌 ကားသမားတွေ
📌 Online သမားတွေ
📌 လည်ပင်းဆစ်တဝိုက်ထိခိုက်ဖူးသူတွေ
📌 ခေါင်းငုံ့ပြီး ပုံစံတမျိုးထဲ ကြာကြာလုပ်ရသူတွေ တို့ဖြစ်ပါတယ်။

💥 လက္ခဏာတွေကအော ဘယ်လိုတွေရှိတတ်လဲ 💥
လူတွေအသိများပြီး အဖြစ်များတဲ့ ကနဦးလက္ခဏာတွေက ဇက်တောင့်တာ၊ဇက်လေးတာ၊ဂုတ်ကြောနာတာ၊တင်းတာတွေဖြစ်ပါတယ်။(ဒီလိုဖြစ်တိုင်း ကျီးပေါင်းလို့တခါထဲသတ်မှတ်လို့လည်းမရပြတ်ပါ သာမန်လည်ပင်းကြွက်သားနာကျင်တောင့်တင်းတာတွေလည်း ရှိတတ်လို့ပါ)

ကျီးပေါင်းလက္ခဏာကို တသမှတ်ထဲသတ်မှတ်လို့တော့မရနိုင်ပါ
လည်ဆစ်ရိုးမာ အဆင့် ၇ ဆင့်ရှိတာမို့ အတက်ထွက်ပြီး ပိမိတဲ့လည်ဆစ်ရိုးပေါ်မူတည်ပြီး လက္ခဏာကွဲနိုင်ပါတယ်။

အပေါ် လည်ဆစ်ရိုး ၁,၂,၃ ကြား အာရုံကြောကိုပိမိရင် ခေါင်းမူးတာ၊ခေါင်းကိုက်တာ၊နားအူတာတွေဖြစ်တတ်ပြီး

လည်ဆစ်ရိုး ၄,၅,နေရာ‌ေလာက်ကို ပိမိတဲ့ခါမှာ ဂုတ်ကြောတောင့်တင်းမာခဲတာတွေ ဇက်ကြောလေးပြီးခေါင်းလှည့်မရပြုမရတာတွေဖြစ်တတ်ပါတယ်။

လည်ဆစ်ရိုး ၆,၇ နေရာလောက်ပိမိတဲ့ခါမှာ လက်ပြင်နာတာ၊ကိုက်တာ၊ထုံတာတွေဖြစ်ပြီး လက်တွေမြောက်မရ၊လမ်းလျောက်ရင် တယိမ်းတယိုင်ဖြစ်တာ နောက်ဆုံးဆီးဝမ်းမနိုင်တဲ့ထိဖြစ်နိုင်ပါတယ်။(ဒိခြေနေဆိုရင်တော့ အရိုးကြောနဲ့ကိုသေချာပြသပြီး ကုသမှုကို စိတ်ရှည်စွာခံယူဖို့လိုပါမယ်)

ဒါကြောင့် ပေါ့သေးသေးလို့မထင်လိုက်ပါနဲ့ရှင် မဖြစ်ခင်ကာကွယ် ဖြစ်ရင်လည်းအမြန်ဆုံးသက်သာမှုရယူဖို့လိုပါမယ်။

😌 ဇက်ကျီးပေါင်းဝေဒနာမခံစားချင်ဘူးဆိုရင်
- ခေါင်းကို ပုံစံတမျိုးထဲ ကြာကြာမနေပါနဲ့
- ဇက်တွေချိုးတာမလုပ်ပါနဲ့
- ခေါင်းအုံးမြင့်မြင့်အုံးအိပ်တာမလုပ်ပါနဲ့
- ပက်လက်ကုလားထိုင်တွေပေါ်ကြာကြာမအိပ်ပါနဲ့

😌 ဖြစ်လာရင်လည်း အမြန်ဆုံး ကုသမှုခံယူပါ
ကျီးပေါင်း‌ဝေဒနာကို အရှင်းပျောက်အောင်ကုသဖို့က အတက်ထွက်လာတဲ့အရိုးနုကိုဖြတ်ထုတ်မှသာ သက်သာနိုင်မှာပါ။ဒါပေမဲ့ ဒီနည်းလမ်းဟာ Risk အရမ်းများတာမို့ ၉၉% ကတော့ အနေထိုင်၊လေ့ကျင့်ခန်းနဲ့ သဘာဝအိမ်တွင်းနည်းလမ်းတွေသာအဓိကထားပြီး ဝေဒနာကို သက်သာအောင်ပဲ လုပ်ပေးကြပါတယ်။

ဘယ်လိုနည်းတွေလည်းဆိုရင် 💥
- stretching exercisesလုပ်တာ
(စက်နဲ့လုပ်ပေးတာရှိသလို အိမ်မှာမိမိကိုယ်ကို လုပ်ရတာလည်းရှိပါတယ်)
- နာကျင်တဲ့ခါ ရေခဲဝတ်ကပ်တာ
- ကြွက်သားပြေလျော့လိမ်းဆေးလိမ်းတာ
- ဆေးပလာစတာတွေကပ်တာ
- ဆေးသောက်တာတွေ လုပ်နိုင်ပါတယ်

ရှောင်ဖို့ကတော့ မဖြစ်ခင်ကာကွယ်နည်းနဲ့အတူဖြစ်ပါတယ်။

ဒါတွေလည်း လုပ်ဖြစ်တယ် ဒါပေမဲ့ သက်သာမှုတိတ်မရနေဘူးဆိုရင် လွယ်ကူပြီး သုံးစွဲသူတွေ ၉၀% လောက်က အကြိုက်တွေ့နာမည်ရနေတဲ့ သဘာဝတိုင်းရင်းဆေး ဟန်နုမာန်လေးတွဲသုံးပါ။

ဆေးကပ်ခွာနဲ့လိမ်းဆေးဆိုပြီး ပုံစံနမျိုးစလုံးလာတာမို့ တစ်ခုစီသီးသန့်ရှာစရာမလိုဝောာ့ဘူး နေ့ဘက်ကို လိမ်းဆေးလိမ်း ညဘက်ကို ကပ်ခွာ‌ကပ်ပေးရုံပါ။

တစ်ခြား လိမ်းဆေးကပ်ဆေးနဲ့ မတူညီတဲ့အချက်ကတော့ 💥
ဟန်နမာန်ထုတ်ကုန်ဟာ ၁၀၀% သဘာဝတိုင်းရင်းဆေးဖြစ်ပြီးတခြားသော တိုင်းရင်းဆေးတွေမှာထည့်သွင်းလေ့မရှိတဲ့ ရှားပါးထိရောက်တဲ့ ဆေးပင်တွေကို ထည့်သွင်းထုတ်လုပ်ထားပါတယ်။ကြွက်သားတောင့်တင်းမှု အရိုးဆစ်ဆစ်နာကျင်ယောင်ရမ်းမှုတွက် ထိရောက်သက်သာစေတဲ့ တိုင်းရင်းဆေးတွေသာအဓိကထည့်သွင်းထားပါတယ်။

ဆေးကပ်ခွာ ၁ ထုပ် - ၂၃၅၀၀ ကျပ် (၁၀ ချပ် + ခြေစိမ်လက်ဆောင် ၁ ထုပ်)
နဲ့ လိမ်းဆေး ၁ ဗူး ၂၃၅၀၀ ကျပ်(20 ml)ပါ။ (အတွဲလိုက်မှာယူသူတွေတွက် အထူးဈေးလေးရှိပါတယ်)

အသေးစိတ်ထပ်မံ ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင်တော့
Page mes box (သို့) 09797751544 ကို ဆက်သွယ်နိုင်ပါတယ်ရှင် 🥰

သင်တို့ရဲ့ဝေဒနာကို သက်သာ‌အောင်ကူညီဖို့ အသင့်ရှိနေပါပြီရှင် 🥰

Credit

🙏🙏🙏🙏🙏
06/10/2025

🙏🙏🙏🙏🙏

သာမန် လိမ်းဆေးဆီ တခုလို့ထင်ပြီး စျေးများတယ်အရင် ဆန္ဒစော မဆုံးဖြတ်လိုက်ပါနဲ့ 🙅ပါဝင်ပစ္စည်းလေးထဲက တခုပဲ အရင်ပြောမယ်နော်သူ့...
05/10/2025

သာမန် လိမ်းဆေးဆီ တခုလို့ထင်ပြီး စျေးများတယ်အရင် ဆန္ဒစော မဆုံးဖြတ်လိုက်ပါနဲ့ 🙅

ပါဝင်ပစ္စည်းလေးထဲက တခုပဲ အရင်ပြောမယ်နော်သူ့ထဲမှာ ရွှေလိုတန်ဖိုးထားရတဲ့ ( သစ်မွှေးဆီ) ထည့်ပေးထားတယ်

တရုတ်ဆေးနည်းပညာမှာ သူ့ကို ရနံ့ကုထုံး
အနေနဲ့ အသုံးပြုလေ့ရှိကြပါတယ် ..

#နှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်စေတယ်

#စိတ်ဖိစီးမှုကိုလျော့ကျစေတယ်

#အစာချေစနစ်နဲ့သွေးလည်ပတ်မှုကိုကောင်းစေတယ်

ဒီဆေးဆီ တမျိုးတည်းနဲ့တင် အရမ်းတန်နေပြီကို ပါဝင်ပစ္စည်း (13) မျိုးထဲက #အာနိသင်တခုချင်းဆီတွေလဲရှယ်လန်းတွေချည်းပဲမို့ လေ့လာမိလေ တန်ဖိုးရှိလေ 😇




Crd

ဆေးလှူရခြင်း အကျိုး (၁၀)ပါး 🙏🙏🙏မြင့်မြတ် ကျော်စောသော ဘုရားအား၎င်း သံဃာအား၎င်း ဂိုဏ်းအား၎င်း ဆေးတို့ကို လှူရသောကြောင့် ကံ...
05/10/2025

ဆေးလှူရခြင်း အကျိုး (၁၀)ပါး 🙏🙏🙏

မြင့်မြတ် ကျော်စောသော ဘုရားအား၎င်း သံဃာအား၎င်း ဂိုဏ်းအား၎င်း ဆေးတို့ကို လှူရသောကြောင့် ကံနှင့် လျော်သော ဆယ်ပါးသော အကျိုးတို့ကို ခံရစားရ၏ ... ။

၁။ အာယု = အသက်ရှည်ခြင်း
၂။ ဗလ = ခွန်အားဗလကြီးမားခြင်း
၃။ ဓီရ = ပညာရှိခြင်း
၄။ ၀ဏ္ဏ = အဆင်းလှခြင်း
၅။ ယသ = အခြံအရံများခြင်း
၆။ သုခ = ချမ်းသာခြင်း
၇။ အနုပဒ္ဒဝေါ = ဥပဒ္ဒဝေါ မရှိခြင်း
၈။ အနီတိ = ရန်မရှိခြင်း
၉။ အပစိတ = ခပ်သိမ်းသော သူတို့ ရိုသေခံရခြင်း
၁၀။ ပိယဝိယောဂ = ချစ်သော သူတို့နှင့် မကွေကွင်းရခြင်း ။
စသောအကျိုးတရားများကိုရရှိစေပါသည်

ကျောက်ကပ်ကို သန့်စင်လိုပါသလား?  သဘာဝအာဟာရ ဖြစ်တဲ့ ကညွတ်ကို  မှီဝဲလိုက်ပါ။ ကညွတ်မှာပါတဲ့ အာဟာရဓာတ်တွေက သင့်ကျောက်ကပ်ရဲ့ စ...
04/10/2025

ကျောက်ကပ်ကို သန့်စင်လိုပါသလား? သဘာဝအာဟာရ ဖြစ်တဲ့ ကညွတ်ကို မှီဝဲလိုက်ပါ။ ကညွတ်မှာပါတဲ့ အာဟာရဓာတ်တွေက သင့်ကျောက်ကပ်ရဲ့ စွန့်ထုတ်မှုစနစ်ကို အားဖြည့်ပေးပြီး၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ထိရောက်စွာ ကူညီပေးနိုင်ပါတယ်။ ကျောက်ကပ်ကို သန့်ရှင်းစေဖို့ အလွယ်ကူဆုံးနည်းလမ်း ပါပဲ!

ကညွတ်က သဘာဝ ဆီးဆေး လိုမျိုး အလုပ်လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲ ပိုလျှံနေတဲ့ ဆားဓာတ်နဲ့ အဆိပ်အတောက်တွေကို သန့်စင်ပြီး စွန့်ထုတ်ရာမှာ အရမ်းအကူအညီပေးပါတယ်။

သူ့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေကြောင့် ကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျှော့ချပေးနိုင်ပါတယ်

ဆီးလမ်းကြောင်း ကျန်းမာရေးကိုလည်း ကောင်းမွန်စေဖို့ ထောက်ပံ့ပေးပါတယ်။

ကညွတ်ကို ဘယ်လိုစားသုံးရမလဲ?
စားသုံးရတာလည်း အခက်ကြီးမဟုတ်ပါဘူး။ ပေါင်းစားတာ၊ ဟင်းချိုထဲ ထည့်ချက်တာ စတဲ့ နည်းလမ်းတွေနဲ့ နေ့တိုင်းရဲ့ အစားအသောက်ထဲမှာ အလွယ်တကူ ထည့်သွင်းစားသုံးနိုင်ပါတယ်။

ဒီလိုမျိုး သဘာဝကပေးတဲ့ "ကညွတ်" အာဟာရနဲ့ သင့်ကျောက်ကပ်ကို သန့်စင်ပြီး စွမ်းအင်ပြန်ဖြည့်လိုက်ပါ။

သုံးစွဲသူ Customer ကိုယ်တိုင်က ပြောပြလာတဲ့ Reviews လေးပါဂုတ်ကျီးပေါင်းဝေဒနာ သက်သာသွားတယ်ဆိုလို့ ထပ်တူ ဝမ်းသာပါတယ်ရှင့် #...
04/10/2025

သုံးစွဲသူ Customer ကိုယ်တိုင်က ပြောပြလာတဲ့ Reviews လေးပါ

ဂုတ်ကျီးပေါင်းဝေဒနာ သက်သာသွားတယ်ဆိုလို့
ထပ်တူ ဝမ်းသာပါတယ်ရှင့်

#ဟာနုမာန်တိုင်းရင်းဆေး

.

🔅 ဝမ်းပုံမှန် မသွားသူများအတွက်....🔅ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါလောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရ...
04/10/2025

🔅 ဝမ်းပုံမှန် မသွားသူများအတွက်....🔅

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါလောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ…

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။

အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။
အကြမ်းဖျဥ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။
ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဥ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

 #ဒူးခေါင်းနာခြင်းကို အသက်ကြီးပိုင်းတွေဆီကနေ မကြာခဏလိုလိုကြားနေရပါတယ်။ တကယ်တော့  #ဒူးခေါင်းနာတာက လူငယ်တွေမှာလည်း ဖြစ်တတ်...
03/10/2025

#ဒူးခေါင်းနာခြင်းကို အသက်ကြီးပိုင်းတွေဆီကနေ မကြာခဏလိုလိုကြားနေရပါတယ်။ တကယ်တော့ #ဒူးခေါင်းနာတာက လူငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။

နေ့စဉ် လှုပ်ရှားသွားလာမှုအတွက် #ဒူးခေါင်းဟာ အလွန်အရေးပါပါတယ်။ #ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။

ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့
-အရိုးနဲ့အဆစ်အမြစ်ရောင်ခြင်း
-လေးဖက်နာအဆစ်ရောင်ရောဂါ
-ဂေါက်ရောဂါ
-အရွတ်စုတ်ပြဲခြင်း
-အရိုးနုစုတ်ပြဲခြင်း
-ဂုံညင်းရိုး လွဲခြင်း
-ကိုယ်အလေးချိန်များနေခြင်း
-ကြွက်သားတောင့်တင်းနေခြင်း

#ဒူးနာတာဘာတွေရှောင်ကျင်ဖို့လိုလဲ
ဆောင့်ကြောင့်ထိုင်တာ၊ခြေထောက်ချိတ်ထိုင်တာ၊လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။
မလွှဲသာလို့ လှေကားတက်ရမယ် ဆိုလည်း တည့်တည့်တက်တာထက် ဘေးလေးစောင်းပြီး ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။

#ဒူးနာဝေဒနာကို သက်သာစေဖို့ –
-လေ့ကျင့်ခန်းလုပ်ပါ
-ကိုယ်အလေးချိန် လျှော့ပါ
-မလှုပ်မရှားဘဲ မနေပါနဲ့
-ဒူးစွပ်စွပ်ပါ
-ရေနွေးအိပ်ကပ်ပါ
-အဆင်ပြေမယ့် ဖိနပ်ကို ရွေးစီးပါ
-အကိုက်အခဲပျောက်ဆေးသောက်ပါ၊ လိမ်းပါ၊ဆေးပလာစတာကပ်ပါ

ဒါ့အပြင် ☘️သဘာဝတိုင်းရင်းဆေးစစ်စစ်💯ဖြစ်တဲ့ products ရဲ့ဆေးကပ်ခွါနှင့်နိုပ်နယ်လိမ်းဆီဖြင့်သက်သာမှုရယူနိုင်ပါတယ်😘

၎င်းမှာ Phlai ခေါ် #ကက်စမူနာဂျင်းပါဝင်ပြီး ကြွက်သားတွေ တင်းမာယောင်းရမ်းမှုကိုပြေလျော့စေပြီး ထုံကျင်မှုတွေပါသက်သာစေပါတယ်။💁‍♀️




ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာကိုယ့်ရဲ့ချစ်ခင်လေးစားသော လူကြီးသူမဆရာသမားများအတွက် လက်ဆောင်မွန်ကန်တော့ဖို့🙏🙏🙏ဆရာတော်ဘု...
03/10/2025

ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယမှာ

ကိုယ့်ရဲ့ချစ်ခင်လေးစားသော လူကြီးသူမဆရာသမားများအတွက် လက်ဆောင်မွန်ကန်တော့ဖို့🙏🙏🙏

ဆရာတော်ဘုရားများနဲ့
လူကြီးမိဘများအရမ်းကြိုက်ကြတဲ့ Item
ဟာနုမာန် Products လေးကိုသတိရလိုက်ပါနော်💛

ပျော်ရွှင်ကျန်းမာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့

သဘာဝတိုင်းရင်းဆေးစစ်စစ်ဖြစ်တဲ့ဟာနုမာန်ဆေးကပ်ခွါနဲ့နှိပ်နယ်လိမ်းဆီဖြင့်ကန်တော့လိုက်ပါ😇

ဆေးကပ်ခွာနဲ့ လိမ်းဆေး တစ်စုံ 47000 ks


#တိုင်းရင်းဆေးကပ်ခွါစစ်စစ်
#နှိပ်နယ်လိမ်းဆီ

👨‍⚕️👨‍⚕️အစာအိမ်အနာ ပျောက်ကင်းစေရန်👨‍⚕️👨‍⚕️********************************************👉နာတာရှည် တစ်မျိုးလဲဖြစ်ပြီး အဖန်တ...
03/10/2025

👨‍⚕️👨‍⚕️အစာအိမ်အနာ ပျောက်ကင်းစေရန်👨‍⚕️👨‍⚕️
********************************************

👉နာတာရှည် တစ်မျိုးလဲဖြစ်ပြီး အဖန်တလဲလဲ ထပ်ခါထပ်ခါဖြစ်လေ့ ရှိတတ်သော ပြည်တည်နာသည် ချက်ချင်းလက်ငင်း ဂရုတစိုက် ကုသခြင်း မရှိပါက သွေးထွက်ခြင်း ကဲ့သို့သော ဝေဒနာများနှင့် အခြားရောဂါများကိုပါ ထပ်တိုး ဖြစ်ပေါ်စေသည်။

👉အစာအိမ် အနာအတွက် သဘာဝဆေးနည်းဖြစ်သော အောက်ဖေါ်ပြပါ နည်းလမ်းများ ထဲမှ မိမိနဲ့ အဆင်ပြေရာကို ရွေးချယ်သုံးစွဲပါ။
ဗိုက်တာမင် အီး ၊ ငှက်ပျောသီး၊ ပျားရည် ၊ ကြက်သွန်ဖြူ ၊ ဂေါ်ဖီထုပ် ၊ နွယ်ချို
တို့ဖြစ်ကြပါတယ်။

👉ဗိုက်တာမင် အီး ၃၀၀ ဂရမ်ကို နေ့စဉ် ၇ ရက် သို့မဟုတ် ၁၀ ရက် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။

👉ငှက်ပျောသီးသည် အစာအိမ်လမ်းကြောင်း အတွင်းရှိ အချွဲရည်များကို တိုးပွားစေပြီး အစာအိမ်ကို ကာကွယ်ပေးသော အလွာတစ်ခုအဖြစ်တည်ရှိနေပြီး အနာဖြစ်ခြင်းကို ကာကွယ်ပေးသည်။ ရှိပြီးသားအနာကိုလဲ အလျှင်အမြန် ကျက်စေသည်။ တနေ့လျှင် အနဲဆုံး ၃ကြိမ် စားပါ။

👉ပျားရည်၏ အစွမ်းထက်ပုံ အမျိုးမျိုးကို သိရှိသူ အတော်များပါတယ်။ ဒီနေရာမှာတော့ ပျားရည်ဟာ အစာအိမ် အနာဖြစ်စေမဲ့ အန္တရယ်ဖြစ်စေသော ဘက်တီးရီးယားများကို သေစေပါတယ်။
ဝေဒနာ ခံစားနေရချိန်တွေမှာ ပျားရည်ကို တစ်နေ့လျှင် ထမင်းစားဇွန်း ၂ဇွန်းသောက်ပါ။ ဝေဒနာသက်သာလာလျှင် တစ်နေ့လျှင် တစ်ဇွန်းသာသောက်ပါ။

👉ကြက်သွန်ဖြူဟာလည်း အစာအိမ်အနာ ဖြစ်ပေါ်စေတတ်သော ဘက်တီးရီးယားများကို ထိန်းချုပ်နိုင်သည့် အတွက် နေ့စဉ်စားသောက်သည့် အစားအစာများတွင် ထဲ့သွင်းစားသုံးသင့်သည်။

👉ဂေါ်ဖီထုပ် ဖျော်ရည်ကို အစာအိမ် အနာနှင့် အူသိမ်ထဲတွင် ဖြစ်တတ်သော အနာများအတွက် သောက်သုံးသင့်သည်။ အစာခြေ အင်္ဂါစုအတွင်းတွင် အကျိုးပြုသော ဘက်တီးရီးယားများကို အားဖြည့်ပေးသည်။
အစာအိမ် အနာဖြစ်နေစဉ်အတွင်း နွယ်ချို အနည်းငယ်ကို ဝါး၍အရည်ကို မျိုချပါ။ (ကွမ်းဝါးသကဲ့သို့) အစာအိမ်အတွင်း အစာမရှိချိန် ဝါးလျှင်ပို၍ထိရောက်သည်။

👉အစာအိမ် အနာသက်သာလျှင် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများ မခံစားစေရန်အတွက် နွယ်ချိုဝါးခြင်းကို ရပ်တန့်ရမည်။ သွေးတိုးရှိသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အသုံး မပြုပါနှင့်။
အစာအိမ် အနာကြောင့် ဝမ်းဗိုက်အတွင်းတွင် ပူလောင်သော ဝေဒနာ ခံစားရလျှင် သကြားမပါသော နွားနို့ကို သောက်နိုင်သည်။
နာကျဉ်နေသော ဝမ်းဗိုက်နေရာကို ရေနွေးအိပ်ဖြင့် ကပ်ပေးပါ။

👉ကျေးရွာများတွင် နေထိုင်သူများအတွက်ကတော့ ဆိတ်နို့ ရနိုင်လျှင် ကြိုချက်ခြင်း မပြုပဲ နေ့စဉ် အစာအိမ်နာ သက်သာသည် အထိသောက်ပေးပါ။

👉ဒန့်သလွန်ရွက် ၁၀ ဂရမ်ကို ထုချေ၍ ဒိန်ချဉ် ၁၀၀ ဂရမ်ခန့် ရောပြီး နေ့စဉ် အနည်းငယ် စားသုံးပါ။
အက်ဆစ်ဓာတ်များကို လျှော့ချပေးရန်အတွက် အစာအိမ် အနာခံစားရစဉ်အတွင် ရေများများသောက်ပါ။ ကော်ဖီပူ၊ လက်ဖက်ရည်ပူ၊ ကာဗွန်နိတ် ပါဝင်သော အချိုရည်များ သောက်သုံးခြင်းကို ရှောင်ရမည်။
စိတ်လှုပ်ရှားခြင်း ဒေါသထွက်ခြင်းတို့ကိုသည် အစာအိမ် အနာကို ဆိုးကျိုးသက်ရောက်စေနိုင်သဖြင့် ထိန်းချုပ်နိုင်ရန်အတွက် တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်းများ ပြုလုပ်ပေးပါ။

👉အစာအိမ် အနာအတွက် အစွမ်းထက်သော ပဋိဇီဝဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ဘေးထွက်ဆိုးကျိုးတွေ အတူတွဲ ပါလေ့ရှိကြသည်။
ဖေါ်ပြခဲ့သော သဘာဝ ဆေးတွေကတော့ ဘေးထွက် ဆိုးကျိုးနဲနဲနှင့် အစာအိမ်နာကို သက်သာစေရန်၊ ပျောက်ကင်းစေရန်သာ မကပဲ ရေရှည်မှာပါ ကျန်းမာစွာဖြင့် နေထိုင်သွားနိုင်ပါတယ်။

Credit to
ကျန်းမာရေးအတွက် ဆေးတခွက်

ကြံစည်သမျှ အောင်မြင်စေတဲ့ ‘စိန္တာမဏိဂါထာတော်’🙏-------------------~~~~~~~~~~~~~~~~စိန္တာမဏိဂါထာတော်ဟာ ၅၅၀ နိပါတ် ပဒကုသလဇာ...
02/10/2025

ကြံစည်သမျှ အောင်မြင်စေတဲ့ ‘စိန္တာမဏိဂါထာတော်’🙏
-------------------~~~~~~~~~~~~~~~~

စိန္တာမဏိဂါထာတော်ဟာ ၅၅၀ နိပါတ် ပဒကုသလဇာတ်မှာ ဘုရားအလောင်းတော် ပဒကုသလလုလင်ကို မယ်တော်ဘီလူးမကပေးခဲ့တဲ့ ဂါထာဖြစ်ပါတယ်။
ကြံတိုင်းအောင် ဆောင်တိုင်းမြောက်စေနိုင်ပြီး အလွန်အစွမ်းထက်တဲ့ ဂါထာတစ်ပုဒ်ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဂါထာရဲ့အနက်အဓိပ္ပါယ်ကတော့

🔸’စိန္တာမဏိ ရတနာနိ
ကြံစည်သမျှ ပြီးပြည့်စုံနိုင်သောရတနာသည်၊ ဗုဒ္ဓံ ဘုရားသာဖြစ်သည်။
ဗုဒ္ဓ ရတနာနံ
ဘုရားတည်းဟူသော ရတနာအား၊
သရဏံကိုးကွယ်ခြင်းကို၊
ကရံပြုသည်ရှိသော်၊
ကရတိ ကိုးကွယ်ခြင်းပြုသောသူထံ ကြံစည်သမျှတို့သည်၊
ခိပ္ပါမေဝ လျှင်မြန်စွာ၊
သမိဇ္ဈတု ပြီးပြည့်စုံစေသတည်း။

🔸စိန္တာမဏိ ရတနာနိ
ကြံစည်သမျှ ပြီးပြည့်စုံနိုင်သော ရတနာသည်၊
ဓမ္မံ တရားသာဖြစ်သည်။
ဓမ္မ ရတနာနံ တရားတည်းဟူသော ရတနာအား၊ သရဏံ ကိုးကွယ်ခြင်းကို၊
ကရံ ပြုသည်ရှိသော်၊
ကရတိ ကိုးကွယ်ခြင်းပြုသောသူထံ ကြံစည်သမျှတို့သည်၊
ခိပ္ပါမေဝ လျှင်မြန်စွာ၊
သမိဇ္ဈတု ပြီးပြည့်စုံစေသတည်း။

🔸စိန္တာမဏိ ရတနာနိ
ကြံစည်သမျှပြီးပြည့်စုံနိုင်သော ရတနာသည်၊ သံဃံ သံဃာသာဖြစ်သည်။
သံဃ ရတနာနံ သံဃာတည်းဟူသော ရတနာအား၊ သရဏံ ကိုးကွယ်ခြင်းကို၊
ကရံ ပြုသည်ရှိသော်၊
ကရတိ ကိုးကွယ်ခြင်းပြုသောသူထံ ကြံစည်သမျှတို့သည်၊
ခိပ္ပါမေဝ လျှင်မြန်စွာ၊
သမိဇ္ဈတု ပြီးပြည့်စုံစေသတည်း။’ လို့ အဓိပ္ပါယ်ရပါတယ်ခင်ဗျာ။ 🙏

ဒီဂါထာတော်ကြီးဟာ စိတ်ကူးကြံစည်သမျှ အောင်မြင်ပြီး လိုအင်ဆန္ဒတွေကို အမြန်ပြည့်ဝစေရုံသာမက အန္တရာယ်တွေကိုလဲကင်းဝေးစေပါတယ်။

အစွမ်းထက် စိန္တာမဏိဂါထာတော်ကြီးကို ယုံယုံကြည်ကြည်နဲ့ နေ့စဉ်ရွတ်ဖတ်ပူဇော်ပြီး ၇ ရက်သားသမီးအားလုံး စိတ်ကူးကြံစည်သမျှ အောင်မြင်နိုင်ကြပါစေခင်ဗျာ။

Crd

Address

Yangon

Telephone

+959797751544

Website

Alerts

Be the first to know and let us send you an email when Hanuman Foot Patch Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hanuman Foot Patch Yangon:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram