ထက်ဝေယံ အထွေထွေရောဂါကု ဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ထက်ဝေယံ အထွေထွေရောဂါကု ဆေးခန်း

ထက်ဝေယံ အထွေထွေရောဂါကု ဆေးခန်း Leading you to a healthy life! "ပိုမို ကျန်းမာ ပျော်ရွှင်”

18 / 4 / 2025 (နှစ်ဆန်း 2 ရက်နေ့ ) နံနက် 9:30 am ဆေးခန်းပြန်ဖွင့်ပါမည် ။
17/04/2025

18 / 4 / 2025 (နှစ်ဆန်း 2 ရက်နေ့ ) နံနက် 9:30 am ဆေးခန်းပြန်ဖွင့်ပါမည် ။

2025 အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး(Influvac Tetra 2025) စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။        #2025
11/04/2025

2025 အတွက်
ရာသီတုပ်ကွေး ကာကွယ်ဆေး
(Influvac Tetra 2025)
စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။


#2025

22/11/2024
ရာသီတုပ်ကွေး ကာကွယ်ဆေး(Vaxigrip Tetra 2024) စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။       #2024
03/05/2024

ရာသီတုပ်ကွေး ကာကွယ်ဆေး
(Vaxigrip Tetra 2024)
စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။

#2024

16/04/2024

၁၈.၄.၂၀၂၄ (နှစ်ဆန်း ၂ရက်နေ့) မနက် ၉:၃၀ ဆေးခန်းပြန်ဖွင့်ပါမည်။

#ထက်ဝေယံအထွေထွေရောဂါကုဆေးခန်း

၂၆.၁၂.၂၀၂၃ မှ ၁.၁.၂၀၂၄ ထိ ဆေးခန်း ပိတ်ပါမည်။ ၂.၁.၂၀၂၄ အင်္ဂါနေ့ ညနေ ၄ နာရီခွဲ ဆေးခန်း ပြန်ဖွင့်ပါမည်။ #ထက်ဝေယံအထွေထွေရော...
24/12/2023

၂၆.၁၂.၂၀၂၃ မှ ၁.၁.၂၀၂၄ ထိ ဆေးခန်း ပိတ်ပါမည်။

၂.၁.၂၀၂၄ အင်္ဂါနေ့ ညနေ ၄ နာရီခွဲ ဆေးခန်း ပြန်ဖွင့်ပါမည်။

#ထက်ဝေယံအထွေထွေရောဂါကုဆေးခန်း

အသည်းယောင် အသားဝါ ဘီပိုး ကာကွယ်ဆေး(Hepatitis B Vaccine) စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။
10/10/2023

အသည်းယောင် အသားဝါ ဘီပိုး ကာကွယ်ဆေး
(Hepatitis B Vaccine)
စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။

ဆီးအောင့်ထားခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများရေဓာတ်ပြည့်ဝဖို့ တစ်နေ့ကို ရေ (၂)လီတာလောက် သောက်ဖို့လိုတယ်ဆိုတာ တော်တော်များ...
08/10/2023

ဆီးအောင့်ထားခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

ရေဓာတ်ပြည့်ဝဖို့ တစ်နေ့ကို ရေ (၂)လီတာလောက် သောက်ဖို့လိုတယ်ဆိုတာ တော်တော်များများ သိကြမှာပါ။

သိပေမယ့်

- အလုပ်များတာကြောင့် ရေမသောက်ဖြစ်တာမျိုးရှိသလို

- အပြင်သွားမယ်ဆိုရင် Toilet သွားဖို့အခက်အခဲရှိမှာစိုးတာကြောင့် ရေမသောက်​ဖြစ်တာ၊ သောက်ဖြစ်ရင်တောင် ဆီးအောင့်ထားတာမျိုး ရှိတတ်ကြပါတယ်။

ဒီတစ်ခါမှာတော့
- ဆီးခဏခဏ​အောင့်ထားမယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေရှိနိုင်လဲဆိုတာရယ်

- ဒီပြဿနာကို အဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

လူတစ်ယောက်က တစ်နေ့ကို ရေ (၈) ဖန်ခွက်သောက်ရင် ဆီး (၆)ကြိမ်ကနေ (၇)ကြိမ်လောက် အကြမ်းဖျင်းသွားတာဟာ ပုံမှန်ပါပဲ။

​ယေဘုယျအားဖြင့် ဆီးအိမ်တစ်ခုဟာ နေ့ဘက်ဆိုရင် ဆီး ၄၀၀ စီစီ (ဖန်ခွက် ၂ခွက်စာ) လောက်ထိ ဆံ့နိုင်ပါတယ်။

ညအချိန်ဆိုရင်တော့ ၈၀၀ စီစီ (ဖန်ခွက် ၄ခွက်စာ) ထိ ဆံ့နိုင်ပါတယ်။

ဆီးအိမ်ထဲမှာ ဆီး ၂၀၀-၃၅၀ စီစီလောက်ရှိပြီဆိုရင် ဆီးသွားဖို့လိုကြောင်း ဆီးအိမ်မှာရှိတဲ့ အာရုံကြောတွေကနေ ဦးနှောက်ကို သတင်းပို့ပါတယ်။

ဒီလို ဆီးသွားသင့်တဲ့အချိန်မှာ အကြောင်းတစ်ခုခုကြောင့် မသွားဘဲ ဆီး​အောင့်ထားမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်လဲ ?

(၁) ဆီးအိမ်နေရာက အောင့်တတ်ပါတယ်။

ဆီးအောင့်ထားတတ်တဲ့ အကျင့်ရှိသူတွေမှာဆို ကြာလာတဲ့အခါ ဆီးအိမ်နေရာက အောင့်တာ၊ နာတာမျိုးဖြစ်တတ်ပါတယ်။

နောက်ပိုင်း ဆီးသွားနေတဲ့အချိန်မှာပါ အောင့်တာမျိုး ခံစားရတတ်ပါတယ်။

ဒါ့အပြင် ဆီးအိမ်ကြွက်သားတွေဟာ ဆီးသွားပြီးတာတောင် ဆက်ပြီး ညှစ်နေတာမျိုး ရှိတတ်တဲ့အတွက် တင်ပဆုံပိုင်းနေရာတစ်ဝိုက် နာကျင်တာလည်း ဖြစ်တတ်ပါတယ်။

(၂) ဆီးအိမ်ကြွက်သား ကောင်းကောင်း အလုပ်မလုပ်တော့ခြင်း

သားရေကွင်းတစ်ခုကို ဆွဲဆန့်ပါများလာတဲ့အခါ လျော့ရဲသွားသလိုမျိုးပါပဲ
ဆီးအောင့်ထားတာ အခေါက်ပေါင်းမနည်းတော့တဲ့အခါ ဆီးအိမ်ကြွက်သားတွေဟာ လျော့တိလျော့ရဲ ဖြစ်လာပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အတွက် ဆီးကို ကောင်းကောင်း မစွန့်ထုတ်နိုင်တော့ပါဘူး။

လိုအပ်လျှင် ဆီးပိုက်ထည့်ရတဲ့ထိ ဖြစ်နိုင်ပါတယ်။

ဆီးလုံအောင် ထိန်းပေးထားတဲ့ ကြွက်သား ထိခိုက်တဲ့အခါမှာဆိုရင်တော့ ဆီးမထိန်းနိုင်တာ၊ ဆီးထွက်ကျတာ တွေ ဖြစ်နိုင်ပါတယ်။

(၃) ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။

ဆီးဟာ ဘက်တီးရီးယား ပေါက်ဖွားနိုင်တဲ့ နေရာဖြစ်လို့ မသွားဘဲ အောင့်ထားလွန်းရင် ကြာရင် ဆီးပိုးဝင်တဲ့ ပြဿနာ ဖြစ်နိုင်ပါတယ်။

(၄) ဆီးကျောက်တည်စေနိုင်ပါတယ်။

ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတ်တွေ၊ ပစ္စည်းတွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။

ဆီးမကြာခဏ အောင့်ထားတဲ့အခါ ဒီ မလိုလားအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေ၊ ဓာတ်တွေ စုပုံလာပြီး ကျောက်အဖြစ် ဖွဲ့စည်းသွားတတ်ပါတယ်။

ဆီးပိုး ခဏ ခဏ ဝင်တာဟာလည်း ဆီးကျောက်ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုပါပဲ။

ဆီးကျောက်တည်တာဟာ ကျောက်အရွယ်အစားသေးတဲ့အချိန်မှာ ရေများများသောက်ရင် ပြန်ကောင်းနိုင်တာမျိုးရှိသလို၊ လိုအပ်ရင် ခွဲစိတ်ပြီး ထုတ်ရတဲ့ အခါလည်း ရှိတတ်ပါတယ်။

တချို့တွေမှာတော့ ​ကျောက်အရွယ်အစား
တဖြည်းဖြည်း ကြီးလာတာကနေ ကျောက်ကပ်ကို ဒုက္ခပေးလို့ ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ဘဲ ကျောက်ကပ်တစ်ခုလုံး ထုတ်လိုက်ရတဲ့ထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ်သတိမထားမိဘဲ လုပ်နေမိတဲ့ အကျင့်တစ်ခုဟာ ဘာမှမဖြစ်ဘူးထင်ရပေမယ့်တကယ်တမ်းမှာ ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။

ဒါတွေ မဖြစ်အောင် အောက်က အချက်လေးတွေ လုပ်ပေးနိုင်ပါတယ်။

(၁) မနက် အိပ်ရာထတာနဲ့ ပထမဆုံး ရေ (၁)ခွက်သောက်ပါ။ 🍶

အလုပ်သွားမယ့်နေ့ဆိုရင် မသွားခင် နောက်ထပ် (၁)ခွက် ထပ်သောက်ပါ။

(၂) အိမ်က မထွက်ခင်ကတည်းက အချိန်ရအောင်ယူပြီး ဆီးသွားထားပါ။

(၃) ရေဘူးကို ကိုယ် အလုပ်လုပ်တဲ့ နေရာနဲ့ အနီးအနားမှာထားပြီး တစ်နေ့လုံးကို နည်းနည်းချင်းစီ သောက်ပေးပါ။

တစ်ခါတည်း အများကြီးသောက်မယ်ဆိုရင် ဗိုက်တအားတင်းပြီး မအီမသာဖြစ်စေတဲ့အပြင် တစ်ခါတလေ ပျို့အန်တာထိ ဖြစ်တတ်ပါတယ်။

(၄) အလုပ်ကနေ တစ်နေရာရာထပ်သွားရမယ့်အခါဆိုလည်း မသွားခင် toilet ဝင်သွားတာ အကောင်းဆုံးပါပဲ။

(၅) ၂-၃ နာရီခြားတစ်ခါလောက် ပုံမှန်ဆီးသွားတဲ့အကျင့်ကို လုပ်ပေးထားပါ။

alarm ပေးထားပြီး ဆီးသွားချင်ချင်၊ မသွားချင်ချင် alarm မြည်တဲ့အချိန်မှာ ဆီးသွားပေးပါ။⏳

ဒီလိုဆိုရင် ဆီးအိမ်တအားပြည့်လာမှ အရေးပေါ်သွားရတာမျိုး၊ မအီမသာဖြစ်တာမျိုးကို ရှောင်နိုင်မှာပါ။

(၆) ကော်ဖီ၊ လက်ဖက်ရည်တို့မှာ ကဖင်းဓာတ်ပါတဲ့အတွက် ဆီးသွားများစေပြီး ရေဓာတ်ဆုံးရှုံးစေနိုင်လို့ အသင့်အတင့်ပဲ သောက်ပါ။ ☕

(၇) ခရီးဝေးသွားရမယ်ဆိုရင် လမ်းမှာ Toilet ဝင်ဖို့ အချိန်တစ်ခု စောင့်ရတဲ့အခါ ဆီးအောင့်ထားရတာမျိုး ကြုံတတ်ပါတယ်။

ဒါကြောင့် ခရီးသွားမယ်ဆိုရင် ​ေကာ်​ဖီ၊ လက်ဖက်ရည်စတာတွေကို သွားခါနီး သောက်သွားတာမျိုး ရှောင်ပေးပါ။

(၈) ဘယ်လောက်ပဲ အလုပ်များနေပါစေ
ဆီးသွားချင်တဲ့ အချိန်မှာ သွားနိုင်ဖို့ ကြိုးစားပေးပါ။

အပေါ်က အချက်လေးတွေက လေ့ကျင့်ဖို့လည်း သိပ်မခက်ခဲတဲ့အတွက်
ဒီလို အလေ့အကျင့်လေးတွေ လုပ်ပေးထားရင် မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်မလာအောင် ကာကွယ်​ပေးနိုင်မှာပါ။

01/08/2023

ယနေ့ ၁.၈.၂၀၂၃၊ ဓမ္မစကြာနေ့
မနက်ပိုင်း ဆေးခန်းပိတ်ပါသည်။

ညနေ ၄ နာရီခွဲ ဆေးခန်း ပုံမှန်အတိုင်း ပြန်ဖွင့်ပါမည်။။

-  ယခုတစ်ပတ် စနေ နှင့် တနင်္ဂနွေ (၁၇.၆ ၂၀၂၃၊ ၁၈.၆.၂၀၂၃)(၂ရက်) ဆေးခန်း    ပိတ်ပါမည်။-  (၁၉.၆.၂၀၂၃) တနင်္လာနေ့ မနက်ပိုင်းမ...
16/06/2023

- ယခုတစ်ပတ် စနေ နှင့် တနင်္ဂနွေ
(၁၇.၆ ၂၀၂၃၊ ၁၈.၆.၂၀၂၃)
(၂ရက်) ဆေးခန်း ပိတ်ပါမည်။

- (၁၉.၆.၂၀၂၃) တနင်္လာနေ့ မနက်ပိုင်းမှစ၍ ပုံမှန်ချိန်အတိုင်းပြန်ဖွင့်ပါမည်။

ရာသီတုပ်ကွေး ကာကွယ်ဆေး(Vaxigrip Tetra 2023) စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။
17/05/2023

ရာသီတုပ်ကွေး ကာကွယ်ဆေး
(Vaxigrip Tetra 2023)
စာရင်းပေးသွင်း၍ ထိုးနှံနိုင်ပါပြီ။

Address

အမှတ်(၁၀၇)၊ ကျောက်မြောင်းလမ်း
Yangon
11211

Opening Hours

Monday 09:30 - 12:00
17:00 - 20:00
Tuesday 09:30 - 12:00
17:00 - 20:00
Wednesday 09:30 - 12:00
17:00 - 20:00
Thursday 09:30 - 12:00
17:00 - 20:00
Friday 09:30 - 12:00
17:00 - 20:00
Saturday 09:30 - 12:00
17:00 - 20:00
Sunday 17:00 - 20:00

Telephone

+959785549048

Website

Alerts

Be the first to know and let us send you an email when ထက်ဝေယံ အထွေထွေရောဂါကု ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ထက်ဝေယံ အထွေထွေရောဂါကု ဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category