Greatest Regal Health Care Company Limited

Greatest Regal Health Care Company Limited feelings

👁️အမြင် ဝေဝါးနေရင် ဒီအချက်တွေ သတိထားစေချင် 🔔🔔လူတိုင်းမှာ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ မျက်လုံးတစ်စုံဟာ တန်ဖိုးရှိတဲ့အမြင်အာ...
11/02/2025

👁️အမြင် ဝေဝါးနေရင် ဒီအချက်တွေ သတိထားစေချင် 🔔🔔

လူတိုင်းမှာ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ မျက်လုံးတစ်စုံဟာ တန်ဖိုးရှိတဲ့အမြင်အာရုံတွေပဲဖြစ်ပါတယ်။နေ့စဉ်သွားလာလှုပ်ရှားဖို့...အရာဝတ္ထုတွေ ..လူတွေကို မြင်ရဖို့အတွက် မျက်လုံးတစ်စုံကပဲ အလုပ်လုပ်ပေးနေတာဖြစ်ပါတယ်။

ဒီလို လှုပ်ရှားပေးနေတာနဲ့အမျှ အမြင်အာရုံနဲ့ပတ်သက်တဲ့ ပြဿနာတွေဟာလည်း ကမ္ဘာတစ်ဝန်းမှာ ခံစားရတဲ့ လူနာတွေ အများကြီးရှိလာပါတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့ဆိုရင်တော့ ကိုယ်အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နေတာကို စောစောသိဖို့လိုပါတယ်။

👁️သင့်မှာရှိတဲ့မျက်လုံးတစ်စုံဟာလည်း အမြင်အာရုံနဲ့ပတ်သက်ပြီး ဝေဝါးတာမျိုး...အမြင်မကြည်တာမျိုးခံစားနေရပြီဆိုရင် ဒီအချက်တွေကို လိုက်နာသင့်ပါတယ်💁

🌸မျက်လုံးကိုပုံမှန် စစ်ဆေးပါ။
- အမြင်ဝါးဖြစ်လာသည့်အချိန်တွင် ရောဂါဝေဒနာကို သေချာသိရှိစေရန်ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပါ။ အမြင်ဝါးခြင်းဟာ အခြားသော ကျန်းမာရေးပြဿနာများကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။(ဥပမာ၊ မျက်စိဖောက်ပွခြင်း၊ မျက်စိရောင်ခြင်း၊ သွေးပေါ်ကျခြင်း၊ မျက်စိတွင်းကြောပိတ်ဆို့ခြင်းစသည်) ကဲ့သို့သောပြဿနာများမှတက်ပေါ်နိုင်ပါသည်။

🌸အနီးကပ်ကြည့်ရတဲ့အလုပ်တွေကနေ မကြာခဏအနားယူပါ။
- မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ အလုပ်တွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

🌸လိုအပ်လာလျှင် မျက်မှန်တပ်ပါ။
- အမြင်ဝါးနေတဲ့သူတွေဟာ စာဖတ်ရတာ၊ ရုပ်မြင်သံကြားကြည့်ရတာတွေမှာ အခက်အခဲရှိနေတတ်တာမို့ စာကြည့်မျက်မှန်တပ်ပေးတာ/မိမိမျက်လုံးနဲ့ သင့်တော်မယ့် ပါဝါမျက်မှန်တပ်တာမျိုး ပြုလုပ်သင့်ပါတယ်။

🌸မျက်စိဆေး ဆောင်ထားပါ။
- လှုပ်ရှားမှုများပြီး မျက်စိညောင်းလာတာမျိုး...မျက်စိဝါးလာတာ... ယားလာတာမျိုးတွေ ဖြစ်ရင် မျက်စိဆေးကို အသုံးပြုခြင်းက သက်သာစေပါတယ်။

🌈နောက်လည်း မျက်စိဝေဒနာနဲ့ပတ်သက်ပြီး ‌ဗဟုသုတတွေကိုမျှဝေသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ပြီး စောင့်ကြည့်နိုင်ပါတယ်။

🌀မိမိခံစားနေရတဲ့မျက်စိဝေဒနာအားလုံးကို သက်‌သာပျောက်ကင်းစေချင်ရင် အခုပဲ Lens မျက်စိဆေးကို ဆက်သွယ်မှာယူလိုက်တော့နော်။

ဆက်သွယ်ရန်⤵⤵
💬Page Messanger
☎️𝙃𝙤𝙩𝙡𝙞𝙣𝙚(1) 𝟬𝟵-𝟮𝟱𝟱𝟬𝟰𝟱𝟲𝟬𝟳
☎️𝙃𝙤𝙩𝙡𝙞𝙣𝙚(2) 𝟬𝟵-𝟳𝟱𝟵𝟴𝟰𝟬𝟬𝟵𝟲
☎️𝙃𝙤𝙩𝙡𝙞𝙣𝙚(3) 𝟬𝟵-𝟳𝟵𝟱𝟯𝟱𝟵𝟬𝟭𝟳
☎️𝙃𝙤𝙩𝙡𝙞𝙣𝙚(4) 𝟬𝟵-𝟳𝟵𝟱𝟯𝟱𝟵𝟬𝟯𝟳
✉️Email ; grhccoltd@gmail.com
Greatest Regal Health Care Company Limited

2025 Happy New Year Wishes🍀🍀🍀နှစ်သစ်ကူးအချိန်အခါသမယမှာ ချစ်ခင်လေးစားတန်ဖိုးထားရသာ Customer များအားလုံး  စိတ်၏ချမ်းသာ၊ ကိ...
01/01/2025

2025 Happy New Year Wishes🍀🍀🍀

နှစ်သစ်ကူးအချိန်အခါသမယမှာ ချစ်ခင်လေးစားတန်ဖိုးထားရသာ Customer များအားလုံး စိတ်၏ချမ်းသာ၊ ကိုယ်၏ ကျန်းမာစွာဖြင့် မင်္ဂလာနှစ်သစ်ရက်မြတ်သို့ လျှောက်လှမ်းနိုင်ပါစေ 🎋

ပိုမိုကောင်းမွန်ပြည့်စုံတဲ့ နှစ်သစ် 2025 ဖြစ်ပါစေလို့ GRHC COMPANY မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🏻🙏🏻🙏🏻

Happy New Year to All and Welcome 2025 💕💕

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🪔  မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သား (ခေါ် ) သန္တုသိကနတ်သားက...
17/10/2024

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)

🪔 မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သား (ခေါ် ) သန္တုသိကနတ်သားကို အဘိဓမ္မာတရားဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ "သီတင်းကျွတ်လပြည့်နေ့" ကို "အဘိဓမ္မာအခါတော်နေ့မြတ်" ဟု သတ်မှတ်ပူဇော်ကြသည်။ တရားဟောကြားပြီး နတ်ပြည်မှဘုရားရှင်ကြွဆင်းလာတဲ့အခါ မင်းနှင့်တကွပြည်သူတွေက ဆီမီးတန်ဆောင်ထွန်းကာ ကြိုဆိုခဲ့ကြပါတယ်။

🪔 မြတ်စွာဘုရားနတ်ပြည်ကြွပြီး မယ်တော်နတ်သားကို ကျေးဇူးဆပ်တရားဟောကြားခဲ့တာကို အကြောင်းပြုပြီး သီတင်းကျွတ်လပြည့်နေ့မှာ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးတွေကို ကန်တော့ကြတဲ့အစဉ်အလာလည်း ဖြစ်ထွန်းခဲ့ပါတယ်။

💐💙ကောင်းမြတ်သောမနသိကာရစိတ်ထားများဖြင့်စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကုသိုလ်များပြုလုပ်ပွားများနိုင်ပါစေကြောင်း GRHCမှ သီတင်းကျွတ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Regal Health Care Company Limited

#သီတင်းကျွတ်လပြည့်နေ့

လေးစားတန်ဖိုးထားရပါသော Customers မိတ်ဆွေ များခင်ဗျား🤍အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ ၂၀၂၄ ခုနှစ်အထိသည် သီတင်းကျွတ်...
16/10/2024

လေးစားတန်ဖိုးထားရပါသော Customers မိတ်ဆွေ များခင်ဗျား🤍

အောက်တိုဘာလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ ၂၀၂၄ ခုနှစ်အထိသည် သီတင်းကျွတ်ရုံးပိတ်ရက်များ ဖြစ်ပါသောကြောင့် GRHCကုမ္ပဏီ၏ အရောင်းဌာန Page ခွဲများအားလုံး ပိတ်ထားမည်ဖြစ်ပြီး ၁၉.၁၀.၂၀၂၄ ရက်မှစ၍ ပုံမှန်အတိုင်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း ချစ်ခင်စွာ အသိပေးကြေညာအပ်ပါသည်။

သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေ🤍🧡

Greatest Regal Health Care Company Limited
Email- grhccoltd@gmail.com

မကြာခဏ မျက်စိယားနေတာက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး 🚨မိတ်ဆွေတို့ အနေနဲ့ တစ်ခါတစ်လေမှာ မျက်စိကအကြောင်းအရင်းမရှိဘဲ ယားနေတတ်တာက...
09/10/2024

မကြာခဏ မျက်စိယားနေတာက ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး 🚨

မိတ်ဆွေတို့ အနေနဲ့ တစ်ခါတစ်လေမှာ မျက်စိကအကြောင်းအရင်းမရှိဘဲ ယားနေတတ်တာကို ကြုံဖူးကြပါလိမ့်မယ်။

ဒါဟာ မျက်စိထဲကို ပိုးဝင်တာ၊မျက်စိနဲ့ မတည့်တဲ့ ပိုးမွှားတွေနဲ့ ပွတ်မိတာ၊အချိန်အကြာကြီး မျက်စိသုံးပြီး ဖုန်း/ကွန်ပြူတာ စတဲ့ အရာတွေကို ဆက်တိုက်ကြည့်မိတာ စတဲ့ အကြောင်းအရင်းတွေကြောင့်ပါပဲ ♻️

ဒါကို လူအများစုက ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာ တစ်ခုလို့ သတ်မှတ်ထားကြပေမဲ့ ဒီလိုဖြစ်တာဟာ ရေရှည်မှာ မျက်စိကို ပျက်စီးစေတဲ့အထိ ဆိုးရွားတဲ့ Dry eye ရောဂါရဲ့ အစလက္ခဏာပဲဖြစ်ပါတယ် 🚨

ဒီလို ယားယံတာမျိုးမဖြစ်ရလေအောင် -

✅ မျက်စိကို လက်ဖြင့် မပွတ်ပါနဲ့။ပွတ်တော့မည်ဆိုရင် သေချာ သန့်ရှင်းအောင် ဆေးပြီးမှ ပွတ်ပါ။

✅ မျက်စိကို ရေခဲဝတ်ကပ်ပေးပါ။ ရေခဲဝတ်မရှိရင် အဝတ်သန့်သန့်တစ်ထည်ကို ရေအေးနဲ့ စိမ်ပြီး မျက်လုံးပေါ်မှာ ကပ်ထားပေးလို့ ရပါတယ်။

✅ ညဘက်မအိပ်ခင် အချိန် တစ်နာရီလောက်ခြားပြီး ဖုန်း၊ကွန်ပြူတာ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

ဒီအချက်တွေ အကုန်လုံးနဲ့မှ မသက်သာခဲ့ရင် အမြန်ဆုံး မျက်စိဆေးဝါး သုံးစွဲတာ (ဒါမှမဟုတ်) မျက်စိဆရာဝန်နဲ့ ကုသဖို့ လိုပါလိမ့်မယ်။

#မျက်စိကျန်းမာရေး #မေတ္တာဖြင့်မျှဝေသည် #ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ #အာရုံကြော

မျက်စိအာရုံကြောအားနည်းလာတဲ့အခါ ဘယ်လိုရောဂါတွေဖြစ်လာနိုင်လဲ 👋မျက်စိ အာရုံကြော အားနည်းတယ်ဆိုတာကို လူတိုင်းကြားဖူးကြလိမ့်မယ...
04/10/2024

မျက်စိအာရုံကြောအားနည်းလာတဲ့အခါ ဘယ်လိုရောဂါတွေဖြစ်လာနိုင်လဲ 👋

မျက်စိ အာရုံကြော အားနည်းတယ်ဆိုတာကို လူတိုင်းကြားဖူးကြလိမ့်မယ်ထင်ပါတယ်။ဒါကို သာမန်ဖြစ်နေကျ အားနည်းမှုတစ်ခုလို့ပဲမြင်နေမယ်ဆိုရင် အမှားကြီး မှားသွားပါလိမ့်မယ်။ဒါကြောင့် မပေါ့ဆကြဖို့ အခုလိုအကြံပြုလိုက်ပါတယ်

မျက်စိအာရုံကြောအားနည်းလာတဲ့အခါမှာ လက္ခဏာတွေအနေနဲ့

-မျက်စိနာခြင်း

-မျက်စိနီခြင်း

-မျက်စိ တဖက်ကွယ်ခြင်း(ယာယီ)

-အရောင်မခွဲခြားနိုင်ခြင်း
စတဲ့ ရောဂါတွေ ဝေဒနာကို ဆက်တိုက်ဆိုသလို ကြုံတွေ့လာရနိုင်ပါတယ်။

ဒါကြောင့် မျက်စိအာ‌‌ရုံကြောအားနည်းတယ်လို့ သံသဃရှိတာနဲ့ ဒီအချက်တွေကို ချက်ချင်းလုပ်ဆောင်ဖို့မမေ့ပါနဲ့

✅ အာဟာရမျှတစွာစားပါ
✅ ဆီးချိုတက်စေမဲ့ အစားအစာတွေကိုရှောင်ပါ
✅ ဖုန်း/ကွန်ပြူတာ အချိန်ကြာကြာကြည့်ခြင်းကို ရှောင်ပါ
✅ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ပါ

မျက်စိအာရုံကြောအားနည်းတာဟာ အချိန်ကြာလာတာနဲ့ အမျှ မျက်စိကို ကွယ်သည်အထိ ဆိုးရွားစေတတ်ပါတယ်။

ဒါကြောင့် အချိန်မလွန်ခင်မှာ အမြန်ဆုံးကာကွယ်ကုသဖို့လိုအပ်ပါတယ်


#အာ‌ရုံကြောအားနည်းခြင်း

သွေးတိုးရောဂါ အဆင့်သတ်မှတ်နည်း===============သွေးဖိအားကို မီလီမီတာ မာကျူရီယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်...
17/09/2024

သွေးတိုးရောဂါ အဆင့်သတ်မှတ်နည်း
===============

သွေးဖိအားကို မီလီမီတာ မာကျူရီယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သားညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို “အပေါ်သွေး” လို့ခေါ်ပြီး၊

နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်နေ သော ဖိအားကို “အောက်သွေး” လို့ ခေါ်ပါတယ်။

အသက် ၁၈ နှစ် နှင့်အထက် လူကြီးများ အားလုံးရဲ့ သွေးဖိအားအခြေအနေကို

(က) ပုံမှန်သွေးဖိအား
(ခ) ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သည့် အခြေ အနေ
(ဂ) အဆင့်-၁ သွေးတိုးရောဂါ
(ဃ) အဆင့်-၂ သွေးတိုးရောဂါဟူ၍ အပိုင်းလေးပိုင်း ခွဲခြား သတ်မှတ် လေ့ရှိပါတယ်။

· အပေါ်သွေး ၁၂၀ အောက် နှင့် အောက်သွေး ၈၀ အောက်က ပုံမှန်သွေးဖိအားဖြစ်ပါတယ်။

· အပေါ်သွေး ၁၂၀ မှ ၁၃၉ ကြား နှင့် အောက် သွေး ၈၀ မှ ၈၉ ကြားက ပုံမှန်ထက်မြင့်မားပြီး သွေးတိုးမဟုတ်သေးသည့် အခြေအနေဟု ယူဆလေ့ရှိပါတယ်။

· အပေါ်သွေး ၁၄၀ မှ ၁၅၉ ကြား နှင့် အောက် သွေး ၉၀ မှ ၉၉ ကြားကိုတော့ သွေးတိုးရောဂါ အဆင့်-၁ အဖြစ် သတ်မှတ်ပါတယ်။

· အပေါ်သွေး ၁၆၀ နှင့် အထက်၊ အောက်သွေး ၁၀၀ နှင့်အထက်က သွေးတိုးရောဂါ အဆင့်-၂ ဖြစ်ကာ စိုးရိမ်ရ ပါတယ်။

#မေတ္တာဖြင့်မျှဝေသည် #ဆီးချို၊သွေးတိုး #ကျန်းမာရေးဗဟုသုတ #သွေးတိုး၊ဆီးချို၊သွေးတွင်းကိုလက်စထရာများ၊အာရုံကြောဆိုင်ရာအကာင်းဆုံး

မင်္ဂလာသတင်းလေးပါခင်ဗျားယခု ရောင်းချလျှက်ရှိပါသော 𝐏𝐇𝐀𝐈𝐑𝐀𝐃𝐀မျက်စိဆေးအား မကြာခင်မှာပဲ ဗူးဒီဇိုင်း(Packaging) အဆင့်မြှင့်တင...
25/08/2024

မင်္ဂလာသတင်းလေးပါခင်ဗျား
ယခု ရောင်းချလျှက်ရှိပါသော 𝐏𝐇𝐀𝐈𝐑𝐀𝐃𝐀မျက်စိဆေးအား မကြာခင်မှာပဲ ဗူးဒီဇိုင်း(Packaging) အဆင့်မြှင့်တင်မှာ ဖြစ်ပါတယ်

(1) ယခင် ဆေးအလုံး(၃၀)ပါဗူး အစား
၁၅လုံး ၂ကဒ်ပါဝင်သော ဆေးဖာအဖြစ်လည်း ကောင်း၊
(2) ဆေးအမည် " 𝐏𝐇𝐀𝐈𝐑𝐀𝐃𝐀" မှ " Lens မျက်စိဆေး" သို့လည်းကောင်း၊
(3) Softgel Capsule မှ Licap Capsule သို့လည်းကောင်း အဆင့်မြှင့် ပြောင်းလဲထုတ်လုပ်ထားပြီး ဆေးအာနိသင်အရည်အသွေးကလည်း မူလလက်ဟောင်းအတိုင်း ထုတ်လုပ်ထားပါကြောင်း မိတ်ဟောင်းမိတ်သစ် Customerများအား ရိုသေလေးစားစွာ သတင်း ကောင်း ပါးအပ်လိုက်ပါတယ်ခင်ဗျား🤍

Email: grhccoltd@gmail.com
Company Limited

◾️ယခုလက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံ အခြေနေများကြောင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာ၀တီတိုင်း နှင့်  ကရင်ပြည်နယ်မျာ...
05/08/2024

◾️ယခုလက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံ အခြေနေများကြောင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာ၀တီတိုင်း နှင့် ကရင်ပြည်နယ်များသို့ ဆေးဗူးပါဆယ်များ ပို့ဆောင်ရာတွင် ပုံမှန်သတ်မှတ်ထားသည့် ရက်များထက် ကြန့်ကြာနိုင်သည့်အခြေနေများ ရှိနေပါသည်။

*သတ်မှတ်ရက်များထက်ကြန့်ကြာနိုင်သည့်မြို့များ*

ပဲခူးတိုင်း - ပဲခူး ၊ ရွှေကျင်
ဧရာ၀တီတိုင်း - သာပေါင်း ၊ လေးမျက်နှာ ၊ ကျောင်းကုန်း
တနင်္သာရီတိုင်း - ထားဝယ် ၊ မြိတ် ၊ ကော့သောင်း
ကရင်ပြည်နယ် - ဘားအံ ၊ လှိုင်းဘွဲ့
မွန်ပြည်နယ် - ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ ပေါင် ၊ မုတ္တမ ၊ မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ် ၊ ရေး ၊ ကျိုက်ကော် ၊ ကျိုက်မရော ၊ ချောင်းဆုံ

◾️သို့ဖြစ်ပါသောကြောင့် အထက်ဖော်ပြပါ တိုင်းနှင့် ပြည်နယ်မြို့များမှ မိတ်ဟောင်းမိတ်သစ် Customer လူကြီးမင်းတို့အနေဖြင့် ဆေးရောက်ရန် ရက်ကြန့်ကြာမှု ရှိခဲ့ပါက သည်းခံနားလည်ပေးပါရန် လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

𝐆𝐫𝐞𝐚𝐭𝐞𝐬𝐭 𝐑𝐞𝐠𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 𝐋𝐢𝐦𝐢𝐭𝐞𝐝 (𝐆𝐑𝐇𝐂)

မျက်သားတက်ခြင်း🛐 မျက်သားတက်ခြင်းဆိုတာ ပုံမှာပြထားသလို မျက်စိအဖြူပေါ်မှာရှိတဲ့ အမြှေးပါးဟာ မျက်ကြည်လွှာပေါ်ကို တက်လာခြင်း...
30/07/2024

မျက်သားတက်ခြင်း🛐

မျက်သားတက်ခြင်းဆိုတာ ပုံမှာပြထားသလို မျက်စိအဖြူပေါ်မှာရှိတဲ့ အမြှေးပါးဟာ မျက်ကြည်လွှာပေါ်ကို တက်လာခြင်းဖြစ်ပါတယ်။

မျက်သားတက်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ နေပူထဲသို့ အသွားများခြင်း၊ နေရောင်ခြည်မှာပါဝင်တဲ့ UV light exposure များခြင်းကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်၊သဲဝင်ခြင်း၊ လေတိုက်ခြင်းတို့ကြောင့်လည်း ပိုဆိုးတတ်ပါတယ်။

မျက်သားတက်ရင် ဘယ်လိုခံစားရမလဲ?

- များသောအားဖြင့် မျက်သားတက်ရင် ထွေထွေထူးထူး မခံစားရဘဲ မိမိကိုယ်တိုင် မှန်ထဲတွင်မြင်ခြင်း သို့မဟုတ် အတူနေမိသားစု/သူငယ်ချင်းများမှ မျက်နက်ဆံဘေးမှာ/မျက်နက်ဆံပေါ်မှာ အဖြူရောင်တက်နေတာကို သတိထားမိတတ်ကြပါတယ်။
- တချို့လူတွေမှာတော့ တခါတရံ မျက်လုံးရဲခြင်း၊ ယားခြင်းတို့ဖြစ်တတ်ပါတယ်။
- အရမ်းဆိုးလာရင်တော့ အမြင်အနည်းငယ်ဝါးတတ်ပါတယ်။

ဘယ်လိုကုသရမလဲ?

- မျက်သားတက်ခြင်းကို အဆင့်တွေခွဲထားပါတယ်။

- မျက်ကြည်လွှာပေါ်ကို အများကြီးမတက်သေးရင် ခြစ်ထုတ်ဖို့မလိုဘဲ မျက်ရည်တုမျက်စဉ်းခတ်လို့ရပါတယ်။

- ပုံ (၃) နှင့် (၄) ကဲ့သို့ မျက်ကြည်လွှာပေါ်တက်လာရင်၊ မျက်လုံးသူငယ်အိမ်ပေါက်ကို ကွယ်လာရင်တော့ မျက်စိဆရာဝန်နှင့်ပြသတိုင်ပင်ပြီး မျက်သားခြစ်သင့်ပါတယ်။

- မျက်သားခြစ်ပြီးရင်လည်း ပြန်ဖြစ်နိုင်ချေရှိတာမို့ အရေးပေါ်ခွဲစိတ်ဖို့လိုအပ်တဲ့ရောဂါမဟုတ်ပါဘူး။

- မျက်လုံး မကြာခဏရဲတာ၊နီတာရှိရင်တော့ နီးစပ်ရာမျက်စိဆရာဝန်နဲ့ပြသသင့်ပါတယ်။
(မျက်လုံးရဲလို့၊ နီလို့ အလွယ်တကူဝယ်လို့ရတဲ့ စတီးရွိုက်က်ပါတဲ့မျက်စဉ်းတွေကို ခဏ ခဏခတ်တာ၊ စွဲခတ်တာမျိုး မလုပ်သင့်ပါဘူး။)

ဘယ်လိုကာကွယ်ရမလဲ?

- မျက်သားတက်ခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းက UV light ဖြစ်တဲ့အတွက် နေပူထဲကိုသွားမယ် ဆိုင်ကယ်စီးမယ်ဆိုရင် ထီး၊ဦးထုပ်ဆောင်းခြင်း၊ sunglasses နေကာမျက်မှန်တပ်ခြင်းတို့ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

#အလင်းစူးခြင်း #မျက်စိတိမ် #မျက်စိမှုန်ခြင်း #ဝေဝါးခြင်း #ကျန်းမာရေး #သွေး်အမြင်မှုန် #မျက်လုံး #သွေး #မျက် #မျက်သားတက်ခြင်း
credit #

ချစ်သော Customer တို့အတွက် အထူးအစီအစဉ် ❤️👋အခုလို Review လေးတွေ ပြန်ပြောပြရင်း ဆေးဗူး တွေ အခမဲ့ ကံစမ်းရယူနိုင်မယ့် အစီအစဉ...
20/07/2024

ချစ်သော Customer တို့အတွက် အထူးအစီအစဉ် ❤️👋

အခုလို Review လေးတွေ ပြန်ပြောပြရင်း ဆေးဗူး တွေ အခမဲ့ ကံစမ်းရယူနိုင်မယ့် အစီအစဉ်တွေက Customer တို့အတွက် အမြဲရှိနေမှာဖြစ်လို့ သောက်သုံးပြီးတာနဲ့ 𝐏𝐇𝐀𝐈𝐑𝐀𝐃𝐀 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ Post အောက်မှာ Comment လေးတွေလာပေးဖို့ မမေ့ကြနဲ့ဦးနော် 🥳🎁

ရွေးချယ်ခံရတဲ့ Review ပိုင်ရှင်တွေကို Page Cb ကနေလည်း ဆက်သွယ်ပေးမှာဖြစ်သလို Page မှာလည်း Post တင်ပြီး ကြော်ငြာပေးသွားမှာဖြစ်ပါတယ်

19/07/2024

ဪ ဗိုလ်ချုပ်...😥

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959795359017

Website

Alerts

Be the first to know and let us send you an email when Greatest Regal Health Care Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Greatest Regal Health Care Company Limited:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram