Nutriplus by Lifeline

Nutriplus by Lifeline Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nutriplus by Lifeline, Vitamins/Supplements, No-13, Hlaing Myin Moh 7th Street, 10 Quater, Hlaing Township(Near White Elephant Hotel), Yangon.

မေလ (၁) ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" တွင် အလုပ်သမားထုတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမ...
01/05/2026

မေလ (၁) ရက်နေ့တွင် ကျရောက်သော "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" တွင် အလုပ်သမားထုတစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံကြပါစေကြောင်း Nutriplus By Lifeline မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ✨

မိမိတို့၏ ဘဝရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အာဟာရပြည့်ဝသော ခွန်အားသစ်များဖြင့် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေရှင်။ 💪🍎✨

“ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)” 💠“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဆိုသည့်အတိုင်း ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိ...
30/04/2026

“ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)”

💠“ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဆိုသည့်အတိုင်း

ဗျာ - ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။
ဖွား - က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။
ပွင့် - က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။
စံ - က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

ယခုကဲ့သို့ မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ် ဖြစ်သော ဧပြီ (၃၀) ရက်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် အခါသမယနေ့တွင် ချစ်ရပါသော မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ၍ ကုသိုလ်ကောင်းမှုများ ပြုကြရင်း တရားဘာဝနာများ ပွားများ နိုင်ကြပါစေကြောင်း Nutriplus by Lifeline မှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ရှင်။

"သားသားမီးမီးတို့ရဲ့ အပြုံးလေးတွေနဲ့ ကျန်းမာတဲ့ကြီးထွားမှုကို Vitamaks က ဖန်တီးပေးမှာပါ" 👶💖မေမေတို့ရေ... သားသားမီးမီးတို...
29/04/2026

"သားသားမီးမီးတို့ရဲ့ အပြုံးလေးတွေနဲ့ ကျန်းမာတဲ့ကြီးထွားမှုကို Vitamaks က ဖန်တီးပေးမှာပါ" 👶💖

မေမေတို့ရေ... သားသားမီးမီးတို့ ကျန်းမာသန်စွမ်းဖို့ဆိုတာ အစားကောင်းကောင်းစားဖို့နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အဓိကပါပဲ။

ဒါပေမဲ့ အစားဂျေး(ချေး)များလို့ပဲဖြစ်ဖြစ်၊ ထမင်းစားရခက်လို့ပဲဖြစ်ဖြစ် ရင်သွေးလေးတွေ အာဟာရမပြည့်ဝမှာကို စိုးရိမ်နေရတဲ့ မေမေတို့အတွက်Vitamaks ဗီတာမင်အားဆေးရည် ရှိနေပါပြီ။ 🥰

ဘာကြောင့် Vitamaks က (Favorite of All Kids) ဖြစ်ရတာလဲ? 🤔🌟
🍍 အရသာထူးကဲခြင်း - ဆေးဆိုရင် ကြောက်တတ်တဲ့ ကလေးတွေတောင် ထပ်တောင်းရလောက်အောင် မွှေးကြိုင်ချိုမြိန်တဲ့ "နာနတ်သီးအရသာ" စစ်စစ်မို့ ကလေးတိုင်း အကြိုက်တွေ့စေမှာပါ။
🧠 ဉာဏ်ရည်ထက်မြက်စေခြင်း - ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုကို အထောက်အကူပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ သင်ယူမှုမှာ ထူးချွန်စေပါတယ်။
🛡️ ကိုယ်ခံအား ကောင်းမွန်စေခြင်း - ရာသီဥတုအကူးအပြောင်းမှာ ဖျားနာမှုကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ဆော့ကစားနိုင်ဖို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။
📏 အရပ်အမောင်းနှင့် ဖွံ့ဖြိုးမှု - အရိုးနဲ့ သွားများကို ခိုင်မာစေပြီး အသက်အရွယ်အလိုက် ကြီးထွားမှုနှုန်းကို မှန်ကန်စေပါတယ်။

Vitamaks မှာ ဘာတွေပါဝင်လဲ? 🧪✨
• Vitamin A, B, C, D, E - နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အစုံအလင်။
• Lysine - အစားအသောက် ပိုစားချင်စိတ်ကို မြှင့်တင်ပေးပါတယ်။
• DHA - ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။
• Zinc - ကိုယ်ခံအားစနစ်ကို အထူးကာကွယ်ပေးပါတယ်။

မေမေတို့ရေ... သားသားမီးမီးတို့ရဲ့ နေ့စဉ်ဖြတ်သန်းမှုတိုင်းမှာ လန်းဆန်းတက်ကြွနေစေဖို့နဲ့ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့သူလေးတွေ ဖြစ်လာစေဖို့ (Favorite of All Kids) ဖြစ်တဲ့ Vitamaks ကို ရွေးချယ်လိုက်ပါနော်။ 💛

"ကျန်းမာပျော်ရွှင်တဲ့ ကလေးဘဝကို အတူတူ ဖန်တီးပေးစို့" 🌈

သက်သတ်လွတ်စားသုံးသူများအတွက် မရှိမဖြစ် အာဟာရ 🥦✨"သက်သတ်လွတ်စားသုံးရင်း ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို Aminovit နဲ့ အတူတည်ဆောက်...
27/04/2026

သက်သတ်လွတ်စားသုံးသူများအတွက် မရှိမဖြစ် အာဟာရ 🥦✨

"သက်သတ်လွတ်စားသုံးရင်း ကျန်းမာကြံ့ခိုင်တဲ့ ဘဝကို Aminovit နဲ့ အတူတည်ဆောက်စို့"

သက်သတ်လွတ်စားသုံးခြင်းက စိတ်ရောကိုယ်ပါ ကြည်လင်သန့်ရှင်းစေပေမဲ့ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရေးကြီးအာဟာရဓာတ်တွေ ချို့တဲ့မသွားဖို့ အထူးလိုအပ်ပါတယ်နော်။ 🥗
အသား၊ ငါး ရှောင်ကြဉ်သူများအတွက် အထူးလိုအပ်တဲ့ Amino Acids (အမိုင်နိုအက်ဆစ်) နဲ့ Multivitamins (ဗီတာမင်အစုံ) တို့ကို ဆေးတစ်မျိုးတည်းနဲ့ ပြည့်စုံစွာ ရရှိနိုင်ဖို့ Aminovit က ကူညီပေးမှာပါ။

ဘာကြောင့် သက်သတ်လွတ်သမားတွေ Aminovit ကို ရွေးချယ်သင့်တာလဲ? 🤔💡
✅ မရှိမဖြစ် အမိုင်နိုအက်ဆစ်များ ဖြည့်ဆည်းပေးခြင်း - အသား၊ ငါးမှာ ပါဝင်လေ့ရှိပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို အသီးအနှံစားသုံးရုံနဲ့ မလုံလောက်နိုင်တဲ့အခါ Aminovit က အကောင်းဆုံး အားဖြည့်ပေးပါတယ်။
✅ ဗီတာမင်ဓာတ် ချို့တဲ့မှုကို ကာကွယ်ခြင်း - သက်သတ်လွတ်သမားတွေမှာ အဖြစ်များတဲ့ Vitamin B12 နဲ့ တခြားသော ဗီတာမင်ဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တတ်တဲ့ အားအင်ကုန်ခမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ကို သက်သာစေပါတယ်။
✅ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း - နေ့စဉ် လန်းဆန်းတက်ကြွနေစေဖို့နဲ့ ဖျားနာမှုကင်းဝေးစေဖို့ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။
✅ တစ်ရှူးများနှင့် ကြွက်သားများ ပြုပြင်ပေးခြင်း - ခန္ဓာကိုယ်ရဲ့ ဆဲလ်အသစ်ဖြစ်ပေါ်မှုနဲ့ ဒဏ်ရာများကို အမြန်ဆုံး ပြန်လည်ကျန်းမာလာစေဖို့ ပံ့ပိုးကူညီပေးပါတယ်။
________________________________________
Aminovit မှာ ဘာတွေပါဝင်လဲ? 🧪💚
• Essential Amino Acids: ခန္ဓာကိုယ်က ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့ အမိုင်နိုအက်ဆစ်များ။
• Multivitamins: ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ဗီတာမင်စုံ။

အသား၊ ငါး မစားပေမဲ့ အားအင်ပြည့်ဝပြီး ကျန်းမာပျော်ရွှင်တဲ့ နေရက်တွေကို ပိုင်ဆိုင်ဖို့ Aminovit ကို နေ့စဉ် သောက်သုံးပေးပါလို့ အကြံပြုပါရစေ။ 💊✨

🛒 ရန်ကုန်မြို့ရှိ ရွှေအိုးဆေးဆိုင်၊ ကိုဟန်တင် + မတင်တင်အောင် ဆေးဆိုင် နှင့် အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်ကြီးများ များတွင် ဝယ်ယူရရှိနိုင်ပါသည်။

#သတ်သတ်လွတ်

👶 အသက်ငယ်ရွယ်စဉ်မှာ Child Circumcision လုပ်ခြင်း၏ ကောင်းကျိုးများ  မိဘတိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးနဲ့ အကျန်းမာဆု...
24/04/2026

👶 အသက်ငယ်ရွယ်စဉ်မှာ Child Circumcision လုပ်ခြင်း၏ ကောင်းကျိုးများ

မိဘတိုင်းက ကိုယ့်သားသမီးကို အကောင်းဆုံးနဲ့ အကျန်းမာဆုံး ဖြစ်စေချင်ကြတာချည်းပဲ မဟုတ်လား။ အသက်ငယ်စဉ်မှာတင် ကလေးလိင်အင်္ဂါအရေပြားဖြတ်ခြင်း (Child Circumcision) ပြုလုပ်ပေးတာဟာ ရိုးရာယုံကြည်မှုထက် ကျော်လွန်ပြီး သိပ္ပံနည်းကျ 💡ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိနေပါတယ်။

သားသားလေးတွေအတွက် ဘယ်လိုကောင်းကျိုးတွေရှိမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်... 👇

✅ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကင်းဝေးခြင်း 🚽
ယောက်ျားလေးတွေမှာ ဖြစ်တတ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကို သိသိသာသာ လျော့နည်းစေပါတယ်။ ပိုးဝင်တာကြာရင် ကျောက်ကပ်ထိခိုက်နိုင်တာမို့ ဒါဟာ အရေးကြီးတဲ့ ကာကွယ်မှုတစ်ခုပါ။

✅လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်ခြင်း 🛡️
အရွယ်ရောက်လာတဲ့အခါမှာလည်း HIV နဲ့ HPV (ကြွက်နို့ဗိုင်းရပ်စ်) ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ကူးစက်နိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။

✅ကင်ဆာရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း 🎗️
အင်္ဂါအရေပြား ဖြတ်ထားခြင်းက လိင်အင်္ဂါကင်ဆာ ဖြစ်နိုင်ခြေကို အလွန်နည်းပါးစေပါတယ်။ ဒါ့အပြင် အိမ်ထောင်ပြုတဲ့အခါမှာလည်း ဇနီးဖြစ်သူမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတဲ့အတွက် ချစ်ရသူကိုပါ တစ်ပါတည်း ကာကွယ်ပေးရာရောက်ပါတယ်။

✅ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်ခြင်း 🩺
အရေပြားကပ်ပြီး ဆီးပေါက်ရခက်တဲ့ Phimosis (အရေပြားကို နောက်ပြန်ဆွဲမရခြင်း) နဲ့ အင်္ဂါထိပ်အရေပြား ပိုးဝင်ရောင်ရမ်းခြင်း (Balanitis) ကဲ့သို့ နာကျင်စေတဲ့ ဝေဒနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

✅သန့်ရှင်းရေးလုပ်ရတာ လွယ်ကူစေခြင်း ✨
အညစ်အကြေးတွေ စုမိပြီး အနံ့အသက်ဆိုးထွက်တာ၊ ဘက်တီးရီးယားတွေ ပွားတာမျိုး မဖြစ်အောင် အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်တာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အကောင်းဆုံးပါပဲ။

ကလေးကို အရေပြားဖြတ်ဖို့ စဉ်းစားနေတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး စနစ်တကျ ပြုလုပ်ပေးဖို့တော့ လိုအပ်ပါတယ်နော်။

ယခုလို ကျန်းမာရေးဗဟုသုတများ မျှဝေခြင်း အစီအစဉ်ကို -

✅ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေဖို့အတွက် လိုအပ်သော အာဟာရဓာတ်များ‌ ပေးစွမ်းနိုင်သည့် အသားဓာတ် အားဆေး Aminovit
✅ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးနိုင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်အားဆေး 🍍Vitamaks တို့မှ အဓိက ကူညီပံ့ပိုးပါသည်။

“မေမေတို့ရဲ့ အကောင်းဆုံးရွေးချယ်ချက် ဗိုက်တာမက်စ်” 💖 မိခင်တိုင်းက ကိုယ့်သားသမီးတွေကို အကောင်းဆုံးတွေဆိုတဲ့ အရာတွေပဲ ဖြည့...
21/04/2026

“မေမေတို့ရဲ့ အကောင်းဆုံးရွေးချယ်ချက် ဗိုက်တာမက်စ်”

💖 မိခင်တိုင်းက ကိုယ့်သားသမီးတွေကို အကောင်းဆုံးတွေဆိုတဲ့ အရာတွေပဲ ဖြည့်ဆည်း ပေးချင်ကြတယ် မဟုတ်လား။

💪ကျန်းမာရေး၊ 🏆ပညာရေး နဲ့ 🧠ဉာဏ်ရည်ဖွံ့ဖြိုးမှု စတဲ့ အရာအားလုံးအတွက် ပြီးပြည့်စုံစေဖို့ ဆိုရင်တော့ 🍍Vitamaks က မေမေတို့ရဲ့ အယုံကြည်ရဆုံး လက်တွဲဖော် ဖြစ်စေမှာပါ။

🧠 ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းစုံ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ 🍍Vitamaks ကို နေ့စဉ် တိုက်ကျွေးခြင်းအားဖြင့် ရင်သွေးငယ်လေးတွေရဲ့ တစ်နေ့တာ လှုပ်ရှားမှုတိုင်းကို အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွနေစေပြီး ကိုယ်ခံစွမ်းအားကို အကောင်းဆုံး တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။

ခိုင်မာသောအလေ့အကျင့်များမှသည် သန်စွမ်းသောအသည်းဆီသို့" (Solid Habits, Strong Liver) 🩺🌿ဒီနေ့ ဧပြီလ (၁၉) ရက်နေ့ဟာ ကမ္ဘာ့အသည...
19/04/2026

ခိုင်မာသောအလေ့အကျင့်များမှသည် သန်စွမ်းသောအသည်းဆီသို့" (Solid Habits, Strong Liver) 🩺🌿

ဒီနေ့ ဧပြီလ (၁၉) ရက်နေ့ဟာ ကမ္ဘာ့အသည်းရောဂါ ကာကွယ်ရေးနေ့ (World Liver Day) ဖြစ်ပါတယ်။ အခုနောက်ပိုင်း လူနေမှုစနစ်ပြောင်းလဲလာတာနဲ့အမျှ "အသည်းအဆီဖုံးရောဂါ" ဖြစ်ပွားမှုနှုန်း မြင့်မားလာတာကြောင့် အသည်းကျန်းမာရေးအတွက် ဒီအချက် (၄) ချက်ကို အတူတူ လိုက်နာကြရအောင်နော်။
၁။ မျှတသောအာဟာရကို စားသုံးပါ 🥗 အဆီအဆိမ့်တွေကို လျှော့ချပြီး အသီးအနှံနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဂရုစိုက် ရွေးချယ်စားသုံးပါ။
၂။ တက်ကြွစွာ ကိုယ်လက်လှုပ်ရှားပါ 🏃‍♂️ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့နဲ့ အသည်းထဲက အဆီတွေကို လောင်ကျွမ်းစေဖို့ နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။
၃။ အသည်းကို ထိခိုက်စေမယ့် အရာများ ရှောင်ကြဉ်ပါ 🚫🍺 အရက်သေစာ သောက်သုံးမှုကို တတ်နိုင်သမျှ လျှော့ချခြင်းက အသည်းကျန်းမာရေးကို အကောင်းဆုံး ကာကွယ်ရာ ရောက်ပါတယ်။
၄။ ပုံမှန်စစ်ဆေးမှု ခံယူပါ 🏥 အသည်းဟာ "တိတ်ဆိတ်သော အင်္ဂါ" ဖြစ်တာကြောင့် ရောဂါလက္ခဏာ မပြခင်မှာ ကြိုတင်ပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ မမေ့ပါနဲ့။

ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံး အသည်းရောဂါများမှ ကင်းဝေးပြီး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံကြပါစေကြောင်း Nutriplus by Lifeline မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ✨

"မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံ...
17/04/2026

"မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှစ၍ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။ 🌸

နှစ်ဟောင်းက အညစ်အကြေးတွေအားလုံးကို အတာရေနဲ့ ဆေးကြောသန့်စင်ပြီးပြီဖြစ်လို့ နှစ်သစ်မှာတော့ ကောင်းကျိုးလိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေကြောင်း Nutriplus by Lifeline မိသားစုမှ နှစ်ဦးသျှောင် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်/ခင်ဗျာ။ ✨

"မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့လေးဖြစ်ပါစေရှင်။ 💧ယနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ရင...
13/04/2026

"မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့လေးဖြစ်ပါစေရှင်။ 💧

ယနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ရင်ထဲမှာ အေးချမ်းမှုတွေ ပြည့်ဝပြီး ကျန်းမာရွှင်လန်းကြပါစေကြောင်း Nutriplus by Lifeline မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

☀️ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ကျန်းမာရေးအသိ သတိပြုဖွယ်🌞မြန်မာပြည်ရဲ့ အလွန်ပူပြင်းလှတဲ့ နွေလယ်ကာလသို့ ရောက်ရှိလာပြီဖြစ်လ...
10/04/2026

☀️ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ကျန်းမာရေးအသိ သတိပြုဖွယ်🌞

မြန်မာပြည်ရဲ့ အလွန်ပူပြင်းလှတဲ့ နွေလယ်ကာလသို့ ရောက်ရှိလာပြီဖြစ်လို့ မိမိတို့ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ လိုအပ်လာပါပြီ။ ပြင်းထန်တဲ့ အပူရှိန်ကြောင့် ခန္ဓာကိုယ်မှာ အောက်ပါဝေဒနာများကို ခံစားရတတ်ပါတယ် -
🔹 ရေဓာတ်ခမ်းခြောက်ခြင်း - ချွေးထွက်လွန်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်နှင့် သတ္တုဓာတ်များ ဆုံးရှုံးခြင်း။
🔹 နုံးချည့်ခြင်း - အားအင်ကုန်ခမ်းပြီး မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။
🔹 အစာစားချင်စိတ် လျော့နည်းခြင်း - အပူရှိန်ကြောင့် အစာခြေစနစ် အားနည်းပြီး စားချင်စိတ် ပျောက်ဆုံးခြင်း။
🔹 အရေပြားပြဿနာများ - အပူရှပ်ခြင်း၊ မိတ်နှင့် အင်ပြင်များထွက်ခြင်း။

⚠️ ဘယ်သူတွေ ပိုမိုသတိထားသင့်သလဲ? ကလေးငယ်များ၊ ကိုယ်ကာယပင်ပန်းစွာ အလုပ်လုပ်ရသူများ၊ နာတာရှည်ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများ အနေဖြင့် အပူဒဏ်ကြောင့်ဖြစ်သော ဘေးထွက်ဆိုးကျိုးများကို ပိုမိုဂရုပြုသင့်ပါသည်။

✅ လိုက်နာဆောင်ရွက်ရန် အချက်များ
၁။ နေရောင်ကို ရှောင်ပါ - အပူရှိန်အပြင်းဆုံးအချိန်များတွင် အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေ ထွက်ရပါက ထီး၊ ဦးထုပ်နှင့် နေကာမျက်မှန်များ အသုံးပြုပါ။
၂။ အဝတ်အစား ရွေးချယ်ပါ - လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးလတ်ဆတ်သည့် ချည်ထည်များကို ဦးစားပေး ဝတ်ဆင်ပါ။
၃။ နေထိုင်မှုပုံစံ - လေဝင်လေထွက်ကောင်း၍ အရိပ်ရသောနေရာများတွင် နားနေပါ။
၄။ ရေဓာတ်ဖြည့်တင်းပါ - ရေကို ပုံမှန်ထက် ပိုမိုသောက်သုံးပေးပါ။ သို့သော် နေပူထဲမှ ပြန်ရောက်ခါစတွင် ရေခဲရေနှင့် အလွန်အေးသောအရည်များ သောက်ခြင်း၊ အရက်သေစာ သောက်သုံးခြင်းတို့ကို အထူးသတိပြု ရှောင်ကြဉ်ပါ။
၅။ စနစ်တကျ ရေချိုးပါ - နေပူထဲမှ ပြန်ရောက်ချင်း ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။ ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်အောင် အနည်းဆုံး (၁၅) မိနစ်ခန့် နားပြီးမှသာ ရေချိုးပါ။
နွေအပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်ရင်း ကျန်းမာရွှင်လန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။ ✨

ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ ဗဟုသုတများကို Nutriplus By Lifeline မှ ချစ်ခင်စွာဖြင့် ကူညီတင်ဆက်ပေးလိုက်ပါသည်။ 🌱


#အပူဒဏ်အန္တရာယ် #ကျန်းမာရေးဗဟုသုတ #နွေရာသီကျန်းမာရေး

“ထမင်းစားချိန်ရောက်တိုင်း “စစ်တိုက်နေရတဲ့” မေမေတို့အတွက် Vitamaks” 🍽️ထမင်းစားချိန်ရောက်တိုင်း ဟိုဟာမစားဘူး ၊ ဒီဟာမကြိုက်...
01/04/2026

“ထမင်းစားချိန်ရောက်တိုင်း “စစ်တိုက်နေရတဲ့” မေမေတို့အတွက် Vitamaks”

🍽️ထမင်းစားချိန်ရောက်တိုင်း ဟိုဟာမစားဘူး ၊ ဒီဟာမကြိုက်ဘူးလို့ ငြင်းဆန်နေတဲ့ သားသား မီးမီးတို့ကြောင့် မေမေတို့ ခေါင်းခဲနေရပြီလား❓အာဟာရမျှတစုံလင်အောင် ကျွေးချင်ပေမဲ့ အစားရွေးလွန်းတဲ့ ကလေးတို့အတွက် Vitamaks ရှိတယ်နော်။

💁‍♂️Vitamaks မှာ ပါဝင်တဲ့ Lysine ဓာတ်က ကလေးငယ်တွေရဲ့ အစားစားချင်စိတ်ကို မြှင့်တင်ပေးပြီး Multivitamins နဲ့ Minerals တွေက တစ်နေ့တာ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်လို့ ထမင်းစားချိန်တိုင်း စိတ်အေးရဖို့ Vitamaks ကိုသာ တိုက်ကျွေးလိုက်ပါ။

ကလေးတိုင်း ကြိုက်တဲ့ 🍍နာနတ်သီးအရသာနဲ့ဖြစ်ပြီး အစားစားချင်စိတ်ကို အလိုလို ဖြစ်ပေါ်စေမှာနော်။

“နွေရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာ “မိတ်” ထွက်ခြင်းအကြောင်း”  ☀️ ပူပြင်းတဲ့ နွေရာသီမှာ ကလေးငယ်တွေဟာ ချွေးထွက်များပြီး...
27/03/2026

“နွေရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာ “မိတ်” ထွက်ခြင်းအကြောင်း”

☀️ ပူပြင်းတဲ့ နွေရာသီမှာ ကလေးငယ်တွေဟာ ချွေးထွက်များပြီး အရေပြားယားယံတာ၊ ချွေးဂလင်းပြွန်များ ပိတ်ဆို့ခြင်းကြောင့် မိတ်ထွက်တာ စတဲ့ ပြဿနာတွေကို ခံစားရလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ်တွင်းအပူချိန် များတာနဲ့ ကိုယ်ခံအားစနစ် အားနည်းတာကြောင့်လည်း ပါဝင်ပါတယ်နော်။

💧 ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတဲ့ Vitamin C ,D နဲ့ A တို့ပါဝင်ပြီးခန္ဓာကိုယ်ရှိ ဆဲလ်များပျက်စီးမှုကိုကာကွယ်ပေးနိုင်‌တဲ့ ဗီတာမင်တွေလည်းပါဝင်တဲ့ကျန်းမာတဲ့ အရေပြားကို ထိန်းသိမ်းပေးမယ့် နာနတ်သီးအရသာ🍍Vitamaks ကို တိုက်ကျွေးပေးခြင်းဖြင့် အရေပြားပြဿနာတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။

🌞 နွေအပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အရေပြားကျန်းမာရေးအတွက် နာနတ်သီးအရသာ Vitamaks နဲ့ဂရုစိုက်ပေးလိုက်ပါ။

Address

No-13, Hlaing Myin Moh 7th Street, 10 Quater, Hlaing Township(Near White Elephant Hotel)
Yangon
11051

Alerts

Be the first to know and let us send you an email when Nutriplus by Lifeline posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutriplus by Lifeline:

Share