Thu Kha Wai Clinic & Pharmacy

Thu Kha Wai Clinic & Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thu Kha Wai Clinic & Pharmacy, Medical and health, Yangon.

22/03/2025

အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သမျှ ကျန်းမာရေးအသိပညာများ (မတ်လ၊ ၂၀၂၄ ခုနှစ်)

ရာသီဥတု ပူပြင်းလာပြီဖြစ်သည့်အတွက် ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားဖူးသော "အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သမျှ ကျန်းမာရေးအသိပညာများ" ကို အောက်ပါအတိုင်း တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
---------------------------

☀️ အပူဒဏ်ကြောင့် သတိလစ်ခြင်း လက္ခဏာများနှင့် အရေးပေါ်ရှေးဦးပြုစုနည်းများ (ပိုစတာ) (May, 2021)
https://www.facebook.com/photo/?fbid=141016824724599&set=a.104506955042253

☀️ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန် နည်းလမ်းများ (ပိုစတာ) (May, 2021)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0A1aHmp7RaeFmQWeJecTSHKjzHjoN1PpJsSn2krYfAdBvrpoJxjzxAsBVzXwi5zzal

☀️ နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့ (March, 2022)
https://www.facebook.com/telehealthmm/posts/pfbid02G7JfD2oH94ppxv1haQ7oE5HKFMuiWefvuE1LarSgTTTYRMDsKT45VoS5MevDwoDfl

☀️ အပူရှိန်ပြင်းထန်ချိန် ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရန် အသိပေးပန်ကြားခြင်း (ပိုစတာ) (April, 2022)
https://www.facebook.com/mohadmNUG/posts/pfbid0M5qe3hi1Kanevub8YLTsMzKSFQmFjm7BDfaH75G5fujXf2Dx2CqsPPFp3i8yCJLAl

☀️ အပူဒဏ်ကို အနိုင်ယူပါ (March, 2023)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0PhXrCSg4fZzcZHGpAfPZFYijRQ49eEQbQvVSGqUHhcKZyom7z9fnUMmaVt2YymNUl

☀️ အပူဒဏ်နှင့် သင့် ကျန်းမာရေး (April, 2023)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0362GPVMRYGXjGJjMX637MANJiZKyrSBnSw4WNmWCCaUEEbjezAkgKnqgVEd9Fj4zLl

☀️ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် (လူမျိုးပေါင်းစုံ ၁၀ ဘာသာ) (April, 2023)
https://www.facebook.com/telehealthmm/posts/pfbid023Wh2YtYKs3vG8R9Tok4MjcnDyRsYXtJdfvdmt3mjVrsEaKAWzzbwiRG5XgL8Hyqwl

☀️ နွေရာသီတွင် ပြုလုပ်ရမည့် ကြိုတင်ကာကွယ်မှုများ (လူမျိုးပေါင်းစုံ ၁၀ ဘာသာ) (March, 2024)
https://www.facebook.com/telehealthmm/posts/pfbid02xikN6wHLNYfjFBMqTkonQZ4hddZWyPB6WJoMQQ1Q9WpmXwtbrV7EfALy6zzEfgXGl

☀️ အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် (April, 2024)
https://www.facebook.com/MoHNUGMyanmar/posts/pfbid021hCFdakEjqgZ2qmeRyCWYa1QKiTd24euY2uYUo9VPPncmk46kCv7EmJXUDMKiHZgl

☀️ အပူဒဏ်ကြောင့် ဖြစ်ရသော ရောဂါများ (Version 1.0, 2023)
https://www.facebook.com/MoHNUGMyanmar/posts/pfbid03ocncas9qPvG4sNuRzUaveUJcUknirmHvpaJyStV9cPEFW6bRbEn896iRUDskPtgl

☀️ Heat Illness or Heat Disorders Management Guidelines (Version 1.0, 2023)
https://www.facebook.com/MoHNUGMyanmar/posts/pfbid02YVKkE3Em2QG5A2osZM9oXbRhiM4xvKqFUo2LqNwAQy2rBP7C7gyiFYnQATv1Px4Vl

🏖️ ခရမ်းလွန်ရောင်ခြည်ကြောင့် သင့် အရေပြားနှင့် မျက်စိတို့ကို မထိခိုက်စေရန် (April၊ 2023)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0m4CDQLWz5KhCwUhLqqrQqotn1zRtJJ43m9ne5aDacbarZuJjodheXVZU8xhYLvsJl

🏖️ ခရမ်းလွန်ရောင်ခြည်ကြောင့် သင့် အရေပြားနှင့် မျက်စိတို့ကို မထိခိုက်စေရန် (လူမျိုးပေါင်းစုံ ၁၀ ဘာသာ) (April, 2024)
https://www.facebook.com/telehealthmm/posts/pfbid0yTgXW6d3gaJQm39b1rFBvdCAR9wQUBBbEetBxbXeSWxz1jKKCRML8fbzEnoRdsjQl

🏖️ ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation) နှင့် သင့်ကျန်းမာရေး (ဧပြီလ၊ ၂၀၂၄ ခုနှစ်)
https://www.facebook.com/MoHNUGMyanmar/posts/pfbid0u8wEamkW9ULovtey2eFRsdk7U8pUo5mhKJ9Z6FozmGLf7n4hL4fdeM8qUp8zRw6zl
---------------------------

➕ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း (ပိတ်ရက်မရှိ၊ အခမဲ့)
https://facebook.com/telehealthmm

#အပူဒဏ် #အပူ

07/01/2025

“ဖိုဝါဒရဲ့ သားကောင်များ”

🔳 ယောက်ျားတွေက ချမ်းသာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ်တဲ့။

ဒီစကားကို တော်တော်များများ ကြားဖူးကြလိမ့်မယ်။

ယောက်ျားတွေဟာ ချမ်းသာလာတဲ့အခါ၊ ငွေကြေးပြည့်စုံလာတဲ့အခါ မဟုတ်တာတွေ ပိုလုပ်မိတယ်။ အထူးသဖြင့်တော့ မိန်းမကိစ္စ အရှုပ်အရှင်းတွေ၊ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ ဖြစ်လာတယ်ပေါ့။ အရက်တို့၊ လောင်းကစားတို့ကတော့ ဘယ်လိုမဆို လုပ်မိတတ်ကြတာပါပဲ။

မိန်းမတွေကတော့ ဆင်းရဲတွင်း နက်လာရင် လိင်အလုပ်သမတွေ ဖြစ်ကုန်တယ်။ အငယ်အနှောင်းတွေ လုပ်ကြတယ်။ ခေတ်စကားနဲ့ ပြောရရင် စပွန်ဆာ ရှာကြတယ်ပေါ့။

🔳 ဒါတွေဟာ ယောက်ျားတိုင်း၊ မိန်းမတိုင်း ဖြစ်နေကြတာ မဟုတ်သလို၊ ယောက်ျားသဘာဝ၊ မိန်းမသဘာဝလည်း မဟုတ်ဘူး။

အဲဒီရဲ့ နောက်ကွယ်မှာ ဖိုဝါဒ ဆိုတဲ့ Patriarchy ရဲ့ သတ်မှတ်ချက်တွေ၊ ပုံသွင်းမှုတွေ ရှိနေတယ် ဆိုတာ သဘောပေါက်ထားဖို့ လိုတယ်။

🔳 နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး စတဲ့ နယ်ပယ်တော်တော်များများကို ကြည့်လိုက်။ ယောက်ျားအများစုက နေရာယူထားတာကို တွေ့ရလိမ့်မယ်။

အဲဒါ ဘာလို့လဲ။ ယောက်ျားတွေက ပိုတော်နေလို့လား။

မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ပျိုးထောင်လိုက်တဲ့ ပုံစံတွေနဲ့ အများကြီး သက်ဆိုင်တယ်။

🔳 ယောက်ျားလေးအဖြစ် မွေးဖွားလာပြီးတဲ့နောက်မှာ သူဟာ မိသားစုကို ဦးဆောင်ရမယ်၊ လုပ်ကျွေးရမယ်၊ အချိန်တန် အိမ်ထောင်ပြုရင် သူများသားသမီးကို ကောင်းကောင်းမွန်မွန် ထားနိုင်ရမယ် ဆိုတဲ့ တာဝန်တွေ၊ မျှော်လင့်ချက်တွေ ပါလာတယ်။

ဒီအတွက် ပညာရေး အခွင့်အလမ်းတွေ ပိုရတယ်။ မိသားစုက မပြည့်စုံဘူးဆိုရင် သားနဲ့သမီး နှစ်ယောက်ရှိတဲ့အထဲက သမီးကိုပဲ ကျောင်းထုတ်လိုက်တယ်။ သားကိုတော့ ကျောင်းဆက်ထားတယ်။ ဘာလို့ဆို သမီးက သေစာရှင်စာတတ်ရင် တော်ပြီ၊ လင်ကောင်းသားကောင်းရရင် တော်ပြီ၊ သားယောက်ျားလေးကတော့ အဲဒီလို မဟုတ်ဘူး၊ ဦးဆောင်ရမှာ၊ ငါတို့အားကိုးရမှာ၊ ဒီလိုမျှော်လင့်ချက်တွေ ရှိကြတယ်။

ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်တွေလည်း ကွာကုန်ကြတယ်။ မိန်းကလေးတွေက အားကိုးရှာရမဲ့သူတွေလို့ သူတို့ကိုယ်သူတို့ မြင်ကုန်တယ်။ ကျွန်တော်တို့တွေကတော့ အားကိုးခံရအောင် ကြိုးစားရမဲ့သူတွေလို့ ကိုယ့်ကိုယ်ကိုယ် မြင်သွားတယ်။

🔳 ငယ်စဉ်ဘဝမှာ မိဘအုပ်ထိန်းသူတွေရဲ့ ဆက်ဆံပုံကြောင့် ဖြစ်တည်လာတဲ့ Self-image ဟာ ခိုင်မာလွန်းလို့ ပြင်ရခက်တယ်ဆိုရင် Society တစ်ခုလုံးက ဝိုင်းပြီး ပုံသွင်းလိုက်တဲ့ Self-image က ဘယ်လောက်တောင် ခိုင်မာမလဲ စဉ်းစားကြည့်လို့ ရတယ်။

ဒါကြောင့် မိန်းကလေးတွေဟာ တစ်ယောက်ယောက်မှ အားကိုးအားထား ပြုစရာ မရှိရင် ဘဝက မလုံခြုံသလို ခံစားနေရပြီး၊ ယောက်ျားလေးတွေကတော့ ငွေရှာမကောင်းရင်၊ မိန်းမက ကိုယ့်ထက် ရှေ့ပိုရောက်နေရင် သိမ်ငယ်စိတ် ပိုဖြစ်ကြတာ။

ဆိုတော့ ယောက်ျားနဲ့ မိန်းမဟာ တာစထွက်ကတည်းက ကွာနေပြီလို့ ပြောလို့ရတယ်။

🔳 ပညာရေးရယ်၊ Personality လို့ ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးရယ်အပြင် အလုပ်အကိုင် အခွင့်အလမ်းကလည်း ကွာပြန်သေးတယ်။ အဲဒီမှာမှ ယောက်ျားဆို ပိုဦးစားပေးချင်တဲ့ ဓလေ့ကလည်း လွှမ်းမိုးနေတယ်။

သဘာဝအရ သားအိမ်ကလည်း ပါလာပြန်တော့ မလိုချင်ဘဲ ကိုယ်ဝန်ရရင်လည်း သူတို့၊ အဓမ္မပြုကျင့်ခံရရင်လည်း သူတို့၊ ကလေးတစ်ဖက်နဲ့ အလုပ်ကို ထိခိုက်ရပြန်ရင်လည်း သူတို့၊ ဟော … အိမ်အလုပ်ကျပြန်တော့လည်း သူတို့အလုပ်။

(ဒီနေရာမှာလည်း သားအိမ်ပါတာက တကယ့်ပြဿနာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက မိန်းကလေးတိုင်း ပါကြတာပဲ။ ပြဿနာအစစ်က မိန်းကလေးမို့ မျိုးဆက်ပွား ကျန်းမာရေးအကြောင်းတွေ မသိသင့်ဘူးတို့၊ မုဒိမ်းကျင့်ခံရအောင် သူက ဘယ်လိုဝတ်စားသွားလဲမှ မသိတာတို့၊ လင်ကောင်မပေါ်ဘဲ ကလေးမွေးထားတာတို့ စတဲ့ ခွဲခြားသတ်မှတ်ချက်တွေသာ ဖြစ်ပါတယ်)

🔳 တာထွက်တာကလည်း နောက်ကျ။ ပြေးလမ်းကလည်း မဖြောင့်ဖြူးတော့ အချိန်ကြာလာတာနဲ့အမျှ ယောက်ျားတွေနောက်မှာ ပြတ်ပြီး ကျန်ခဲ့ရော။

ပညာရေးက အားနည်း။ ယောက်ျားအပေါ် မှီခိုရမယ် ဆိုတဲ့စိတ်က ကြီးစိုး။ စီးပွားက မရှာတတ်။ အဲဒီလိုနဲ့ ဆင်းရဲတဲ့ဒဏ်ကို ထွက်ပေါက်ပေးစရာ မရှိတော့တဲ့အခါ ကိုယ်ခန္ဓာကို အရင်းပြုပြီး အလုပ်လုပ်ကြရတော့တယ်။

🔳 ယောက်ျားတွေအတွက်ကျ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းက ပေါတယ်။ သူတို့ကို ပြေးလမ်းကနေ ချော်သွားစေတဲ့အရာက သူတို့ကိုယ်တိုင်လုပ်တဲ့ အရက်၊ မူးယစ်ဆေးလို ကိစ္စတွေကလွဲရင် သိပ်မရှိဘူး။ Society ကနေ ပိတ်ဆို့ထားတဲ့ သတ်မှတ်ချက်တွေ နည်းတယ်။ ဖြောင့်ဖြောင့်တန်းတန်း ပြေးနိုင်တယ်။

အဲဒီလိုနဲ့ ချမ်းသာလာတဲ့အခါ၊ နာမည်ကြီးလာတဲ့အခါ ဝိုင်းဝိုင်းလည်လာတယ်။ ငွေရှာကောင်းခြင်း၊ အရည်အချင်းရှိခြင်း၊ ဒါတွေဟာ ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာဖြစ်သလို၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်တဲ့ အချက်တစ်ချက်လည်း ဖြစ်တယ်။

အသက်ဘယ်လောက်ကြီးသလဲ။ လူပျိုစစ်သလား၊ မစစ်ဘူးလား။ ဒါတွေ မလိုအပ်ဘူး။ အိမ်ထောင်ရှိဖူးလား၊ မရှိဖူးဘူးလား၊ ကုန်ကုန်ပြောရရင် ရှိနေလား၊ မရှိနေလားတောင် ဂရုမစိုက်တော့ဘူး။ ဒီလူက ပံံ့ပိုးမှု၊ လုံခြုံမှု ပေးနိုင်သရွေ့ တွဲချင်တဲ့ မိန်းကလေးက အဆင်သင့်ပဲ။ “ယောက်ျားကောင်း မောင်းမတစ်ထောင်” ဆိုသလိုပေါ့။ အဲဒီကနေ အိမ်ထောင်ရေး ဖောက်ပြန်တာတွေ စဖြစ်လာတော့တာပဲ။

🔳 ဒီလိုပြောလို့ အရမ်းချမ်းသာမှလား ဆိုတော့ မဟုတ်ဘူး။ သူ့အလွှာလိုက် အလွှာလိုက် ရှိတာပေါ့။ ဥပမာ ကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာက ကျိကျိတက်တော့ ဘယ်ချမ်းသာမလဲ။ သို့သော် မန်နေဂျာလယ်ဗယ်၊ မန်နေဂျာလစာလောက်ကို မက်မောတဲ့ မိန်းကလေးတွေ ရှိတာပေါ့။

အဲဒီမိန်းကလေးတွေကို ကြည့်လိုက်ရင်လည်း ပညာရေး အားနည်းခဲ့တာ၊ တစ်ဦးတစ်ယောက်အပေါ် မှီခိုအားထားနေရမှ ဘဝက လုံခြုံတယ် ဆိုတဲ့ သွန်သင်မှုတွေနဲ့ ပျိုးထောင်ခံခဲ့ရတာ၊ လင်ယောက်ျားရဲ့ ဂုဏ်ပေါ် မူတည်ပြီးမှ သူ့ဘဝကို တည်ဆောက်ရတာ၊ သူ့ကိုယ်သူ လေးစားမှုကို ရှာဖွေရတာ၊ သားကိုသခင် လင်ကိုဘုရား ဆိုတဲ့သူတွေ ဖြစ်နေကြတာ များတယ်။

အဲဒါကရော ဘာကြောင့် ဖြစ်တာလဲဆို ဖိုဝါဒရဲ့ သက်ရောက်မှုကြောင့်ပါပဲ။

🔳 ဖိုဝါဒဟာ ယောက်ျားတွေကို ပညာပိုတတ်စေတယ်။ ယောက်ျားတွေကို ပိုချမ်းသာစေတယ်။ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငွေရှာနိုင်စွမ်း၊ ဘဝလုံခြုံမှု ပေးနိုင်စွမ်းတွေနဲ့ တိုင်းတာစေတယ်။ သစ္စာမဲ့တာကိုတောင် ကဲ့ရဲ့ရမဲ့အစား ရှေးဘုရင်တွေ ခေတ်ကလို အားကျစရာကိစ္စအဖြစ် ပုံဖော်နေကြတယ်။

မိန်းမတွေကိုတော့ ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းသွားစေတယ်။ လူမှုအသိုင်းအဝိုင်းကနေလည်း သူတို့ပခုံးပေါ် ဝန်တွေ အများကြီး ပစ်တင်ပေးလိုက်တယ်။

ဒီတော့ ဘာမှ လုပ်တတ်တာ မရှိ၊ အခွင့်အလမ်းလည်း မရှိတဲ့နောက် ခန္ဓာကိုယ်ကို အရင်းပြုပြီးပဲ ဝင်ငွေရှာကြရတော့တယ်။ ဘဝလုံခြုံမှု ရဖို့အတွက် သူများအိမ်ထောင်ကို ဖျက်ဆီးမိကြတော့တယ်။

(လိင်အလုပ်သမဘဝက နိမ့်ပါးတဲ့အလုပ်လို့ ပြောလိုတာ မဟုတ်ဘူးနော်၊ ဒီဖိုဝါဒကနေ အဲဒီဘဝကို မရွေးရွေးအောင် တွန်းပို့လိုက်တယ်လို့ ဆိုလိုချင်တာ)

🔳 အဲဒီအတွက် အိမ်ထောင်ရှင် အမျိုးသမီးတွေပဲ စိတ်ဒုက္ခ ရောက်ကြရပြန်တယ်။ သူတို့ကလည်း ဖောက်ပြန်တဲ့ အမျိုးသားနဲ့ မကွာရဲဘူး။ ဘာလို့ဆိုတော့ ငွေကြေးအရ ဒီလူ့အပေါ် မှီခိုနေရလို့၊ လူမှုအသိုင်းအဝိုင်းကလည်း အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးဆို အထင်သေးလို့၊ ကိုယ်တိုင်ကလည်း ဒီလိုအိမ်ထောင်ကွဲရတာမျိုး မဖြစ်ချင်လို့၊ လင်ယောက်ျား မရှိရင် အားငယ်လို့။

ဒီတော့ သူတို့အိမ်ထောင်ကို လာဖျက်ဆီးတဲ့ တစ်ဖက်အမျိုးသမီးကိုပဲ တိုက်ခိုက်တော့တယ်။ ယောက်ျားဖြစ်သူက အလယ်မှာ လွတ်နေရော။

ဒါကြောင့် Relationship ပြဿနာ တော်တော်များများကို ကြည့်လိုက်ရင် နောက်ကွယ်က လက်မည်းကြီးဟာ “ဖိုဝါဒ” ဖြစ်နေတာကို တွေ့ရလိမ့်မယ်။

🔳 များသောအားဖြင့်တော့ ယောက်ျားတွေကို အသာရစေတယ် ဆိုပေမဲ့ တစ်ဖက်မှာလည်း အဲဒီအသာရခြင်းကပဲ ဒုက္ခပြန်ပေးတတ်တယ်။

ဥပမာ အခုလိုကာလ ကျွန်တော်တို့တွေ အလုပ်မရှိတော့ဘူး။ ဝင်ငွေမရှိတော့ဘူး။ အဲဒီမှာတင် တခြားယောက်ျားတွေနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်စိတ်က စဖြစ်လာပြီ။

ကိုယ့်ရည်းစားက ကိုယ့်ကို ထားပြီး ပိုသာတဲ့တစ်ယောက်နဲ့ ကြိုက်သွားရင်၊ ကိုယ့်မိန်းမက တခြားယောက်ျားတွေကို ကိုယ့်ရှေ့ ချီးကျူးနေတာ ကြားရရင် ပိုဆိုး။ မိန်းမထမီနား ခိုစားနေရပြီ ဆိုတဲ့အသိက နေ့နေ့ညည နှိပ်စက်။

🔳 စိတ်ကျန်းမာရေးအရလည်း ဒီဖိုဝါဒက ယောက်ျားတွေကို ငိုခွင့်၊ ရင်ဖွင့်ခွင်၊ ပခုံးငှားခွင့် မပေးထားဘူး။ ကြိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ ကြည့်ကြည့်လိုက်။ အမျိုးသမီးအများစုပဲ တက်လာကြတာ တွေ့ရလိမ့်မယ်။

ဒီတော့ အရက်သောက်တာနဲ့ ထွက်ပေါက်ပေးမိတယ်။ Violent ပိုဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိပါ ဖြစ်သွားနိုင်တယ်။

အရင်ကထက် ကြမ်းတမ်းခက်ထန်လာတဲ့ ယောက်ျားတစ်ယောက်၊ အရက်စွဲနေတဲ့ ယောက်ျားတစ်ယောက်၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ယောက်ျားတစ်ယောက်မှာ သူ့ဘဝသူ မကျေနပ်တာတွေ၊ စီးပွားရေး ပြဿနာတွေပဲ ရှိနေလိမ့်မယ် မြင်ကြတယ်။ တကယ်က သူဟာလည်း ဖိုဝါဒရဲ့သားကောင် ဖြစ်သွားတာပဲ ဆိုတာကို သဘောပေါက်ထားဖို့ လိုလိမ့်မယ်။

🔳 Patriarchy ဟာ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်ပုံကစလို့၊ အလုပ်အကိုင် ရွေးချယ်မှုအလယ်၊ စိတ်ကျန်းမာရေးအဆုံး၊ ကဏ္ဍအသီးသီးအပေါ် လွှမ်းမိုးသက်ရောက်နေပါတယ်။

ဒါတွေကို သတိထားမိလာခြင်း၊ ပိုကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နားလည်လာခြင်းဟာ ကိုယ့်ကို အစွန်းမရောက်သွားအောင်၊ လွတ်လပ်အောင်၊ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၇.၁.၂၀၂၅

07/01/2025

ရေနွေးကြမ်းကို တစ်နေ့ ၄ - ၅ ခွက်ကတော့ အရွယ်ရောက်တဲ့လူတိုင်း သောက်သင့်ပါတယ်။ အန္တရာယ်မရှိပါဘူး။ ဘာရောဂါမှမရှိရင်တော့ သူ့ထက်လဲ ပိုသောက်နိုင်ပြီး ရောဂါတစ်ခုခုရှိမယ်ဆိုရင်တော့ တတ်ကြွမ်းနားလည်တဲ့ဆရာဝန် သမားတော်များနဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။ ဥပမာ အစာအိမ်ရောဂါ၊ အချို့ဆိုးဝါးတဲ့နှလုံးရောဂါ၊ သွေးတိုးရောဂါလိုမျိုးပေါ့။ ပါဝင်တဲ့ ပိုလီဖီနော (Polyphenol) တွေက ကောင်းပေမဲ့ ကဖင်း (Caffeine) က ကန့်သတ်ထားလို့ပဲ ဖြစ်ပါတယ်။

ရေနွေးကြမ်းနဲ့လက်ဖက်ရည် အချိုခြောက်က အာနိသင်မတူပါဘူး။ လက်ဖက်ရည်ဘဝရောက်ဖို့ နို့တို့ သကြားတို့နဲ့ရောလိုက်ရင် အာနိသင်များစွာ လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ ရေနွေးကြမ်းကို နည်းနည်းပါးပါးသောက်ရင်တော့ရပါတယ်။ တစ်နေ့ ၂ ခွက် ၃ ခွက်လောက် သောက်ရင်တော့ အန္တရာယ်မရှိပါ။ ဒါပေမဲ့ ၅ ခွက်ထက်ပိုရင်တော့ မကောင်းပါ။ အထူးသဖြင့် နို့တိုက်မိခင်တွေသောက်ရင် နို့ကတဆင့် ကဖင်းတွေဟာ ကလေးဆီကိုရောက်တော့ ကလေးဟာ ညဖက်မအိပ်တာတို့ ဘာတို့ဖြစ်တတ်ပါတယ်။

သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်တွေတော့ ရေနွေးကြမ်းရော လက်ဖက်ရည်ကိုရော ရှောင်သင့်ပါတယ်။ လက်ဖက်မှာပါတဲ့အခါးဓါတ်တစ်မျိုးဖြစ်တဲ့ တန်နင် (Tannin) တွေဟာ အစာမှာပါတဲ့ သံဓါတ် (Iron) တွေနဲ့ ပေါင်းသွားတတ်ပါတယ်။ အဲဒီလိုပေါင်းပြီးရင် ခန္ဓာကိုယ် အူနံရံကနေ စုပ်ယူနိုင်ခြင်းမရှိလို့ သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါခံစားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်တဲ့ကလေးတွေ ဒါမှမဟုတ် သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါ ခံစားနေရတဲ့ကလေးတွေဆိုရင် ရေနွေးကြမ်း (သို့မဟုတ်) လက်ဖက်ကို မစားသင့်ပါဘူး။

အစာအိမ်ရောဂါရှိသူတွေဟာလည်း လက်ဖက်ကိုရှောင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကဖင်းဓါတ်ဟာ အစာအိမ်အက်ဆစ် ပိုထွက်စေလို့ ဖြစ်ပါတယ်။ အချို့သော နှလုံးရောဂါသမားတွေ ရင်တုန်တတ်သူတွေဟာ လက်ဖက်ရည်၊ လက်ဖက်ကို များများစားလို့သောက်လို့မရပါဘူး။ မိမိကို ကုသနေတဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှ စားသင့် သောက်သင့်ပါတယ်။

အနောက်တိုင်းဆေးအနေနဲ့
(၁) နှလုံးရောဂါကုသရာမှာသုံးတဲ့ဆေးတွေ (eg. dipyridamol)
(၂) အစာအိမ်ရောဂါကုသရာမှာသုံးတဲ့ဆေးတွေ (eg. Antacids)
(၃) သွေးမခဲအောင်ပေးရတဲ့သွေးကျဲဆေးတွေ (eg. warfarin)
(၄) ပန်းနာရင်ကြပ်မှာသုံးတဲ့ဆေးတွေ (eg. aminophylline, theophylline)
(၅) အားဆေးအမျိုးမျိုး အထူးသဖြင့် သံဓါတ်ပါသောအားဆေးများ
(၆) စိတ်ရောဂါနဲ့ပတ်သက်လို့သုံးတဲ့ဆေးတွေ (eg. haloperidol, imipramine)
နဲ့ တွဲမသောက်သင့်ပါဘူး။

အကြမ်းဖျဥ်းအနေနဲ့ ပြောရရင်တော့ ဒါတွေကိုလဲ သိဖို့မလွယ်တော့ ဘယ်အနောက်တိုင်းဆေးမဆို လက်ဖက်ရည်၊ ရေနွေးကြမ်းတွေနဲ့ တွဲမသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ သဘာဝဆေးဝါးတွေဆိုရင်လဲ အလားတူပါပဲ။ ဥပမာ ရဲယိုကနေထုတ်တဲ့ဆေးဆိုရင် လက်ဖက်ရည်နဲ့တွဲသောက်တာနဲ့ ဆေးအာနိသင်တွေ ပျက်ပျယ်သွားလို့ ဘာမှ အာနိသင်ရမှာ မဟုတ်တော့ပါဘူး။

ဒေါက်တာခင်မောင်လွင် (FAME)

07/01/2025

ညက Live Donation ကတဆင့် ၁၂၈ သိန်း ၃၅,၀၀၀ ရခဲ့တယ်လို့ သိရပါတယ်။

ငွေအား၊ လူအားနဲ့ ပါဝင်​ပေးကြတဲ့ ​ညီအစ်ကို​မောင်နှမ​တွေအားလုံးရဲ့ အလှူပါပဲ။ ကုသိုလ်ပါပဲ။ ချစ်ခြင်းမေတ္တာပါပဲ။

မနေ့က အစီအစဥ်လေးမှာ -

ခရစ်​တော်ရဲ့ နှုတ်ကပတ်​တော်​တွေ လာ​ရောက်​ပြောကြားပြီး ဆု​​တောင်း​စကား ပြောကြားပေးတဲ့ ဆရာ​စောထွဋ်ပိုင်သစ်၊

အချိန်မရတဲ့ကြား၊ လိုင်းမ​ကောင်းတဲ့ကြားက ပါဝင်​ပေးကြတဲ့ ထ​ရေစီနဲ့ ယိုယို၊

ချမ်းချမ်းစီးစီး အ​အေးဒဏ်ကြားထဲ Carol သီချင်း​တွေ ဆို​ပေးကြတဲ့ O1 ​ဆေးရုံက ဆရာ၊ ဆရာမ​တွေ၊

စကားသိပ်မ​ပြောတတ်​ပေမဲ့ ကြိုးစားပါဝင်​ပေးသွားတဲ့ ညီမ​လေး Bella တို့အားလုံးကိုလည်း ​ကျေးဇူးတင်ရပါတယ်။

ငြိမ်သက်ခြင်း၊ ဝမ်း​မြောက်ခြင်း၊ လုံခြုံခြင်းတို့နဲ့အတူ ​ပျော်ရွှင်ရတဲ့ ခရစ်စမတ်​နေ့က​လေး ဖြစ်ပါ​စေ။

လိုအပ်​နေသူ​တွေကို ကိုယ့်ရှိတဲ့အထဲက​နေ မျှ​ဝေကူညီကြတဲ့ ညီအစ်ကို​မောင်နှမတို့ရဲ့ အသက်တာကိုလည်း ဘုရားသခင် သာ၍ ​ကောင်းကြီး​ပေးပါ​စေ။

🎄🤍❣️🎉

19/07/2023

“ဒီအချက် ၅ ချက် ရှိနေရင် အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်တယ်”

◾️ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကို ၂ နှစ်ခွဲနီးပါး ကြာသည်အထိ တောင့်ခံနေကြဆဲဖြစ်တဲ့ မြန်မာပြည်သူတွေကို စကားလုံးတစ်လုံးတည်းနဲ့ ဖော်ပြပါဆို “Grit” လို့ ပြောချင်တယ်။

သူ့အဓိပ္ပါယ်က “သန်မာသော၊ ကြံ့ကြံ့ခံနိုင်သော၊ အလွယ်တကူ လက်မလျှော့တတ်သော၊ အရှုံးမပေးတတ်သော၊ အစဉ်အမြဲ တိုးတက်အောင် ကြိုးစားနေတတ်သော စိတ်ဓါတ်အရည်အသွေးမျိုး” ဖြစ်ပါတယ်။

◾️လူတစ်ယောက်ရဲ့ဘ၀ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာကို သူ့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ စာမေးပွဲရလဒ် စတာတွေနဲ့ အကဲဖြတ်ကြတယ်။ လိုအပ်တာတော့ မှန်ပေမဲ့ အဲဒီအချက်တွေက ဒီလောက်ကြီး အာမခံချက် မပေးနိုင်ဘူးလို့ သုတေသနတွေအရ သိရတယ်။ ဆိုလိုတာက ဉာဏ်ကောင်းတိုင်းလည်း ဘဝမှာ အောင်မြင်ချင်မှ အောင်မြင်မှာပေါ့။

အဲဒီထက် ပိုပြီး သေချာရေရာတာကတော့ “ဒီလူဟာ ဘယ်လောက်ထိ စိတ်ဆန္ဒ ပြင်းပြသလဲ၊ ဇွဲကောင်းသလဲ၊ လက်မလျှော့တတ်ဘူးလဲ” ဆိုတဲ့အချက်ပဲ ဖြစ်တယ်။

◾️ကြုံဖူးကြမယ်။ တချို့တွေ အင်္ဂလိပ်စာ အတော်အားနည်းတယ်။ ပြောတာတွေ လွဲလွန်းလို့ သူငယ်ချင်းတွေကအစ လှောင်ပြောင်ခဲ့ကြတယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ ဆက်ကြိုးစားတယ်။ နောက်တော့ နိုင်ငံခြားတက္ကသိုလ်မှာ စကောလားရှစ် ရသည်အထိ ဖြစ်လာတာမျိုး။

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဆိုလည်း Gritty သိပ်ဖြစ်တယ်ဆိုတာ သူ့အကြောင်းတွေ ဖတ်ဖူးရင်၊ ကြားဖူးရင် သိလိမ့်မယ်။

ဘောလုံးသမားတွေထဲမှာလည်း ဒီလိုပဲ။ ပင်ကိုယ်ပါရမီအရ တော်တယ်။ ဒါပေမဲ့ မကြိုးစားဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းဘူး။ အဲဒီတော့ ပေါက်မြောက်သင့်သလောက် မပေါက်မြောက်ဘူး။

စီရော်နယ်ဒိုလို ကစားသမားမျိုးကျ Grit အတွက် အကောင်းဆုံးဥပမာပဲ။ ကောင်းသထက် ကောင်းအောင် ကြိုးစားအားထုတ်တယ်။ လေ့ကျင့်ရေးကွင်းကို အရင်ဆုံးလာပြီး နောက်ဆုံးမှ ပြန်တယ်။ ဝေဖန်မှုတွေ အပြင်းအထန် ခံရတဲ့ အခြေအနေကနေလည်း အကောင်းဆုံး ပြန်လာနိုင်တယ်။

ဒီဥပမာတွေကို ကြည့်ရင် Grit ရဲ့ တန်ဖိုးကို နားလည်နိုင်လာပါလိမ့်မယ်။

◾️ဘဝကို မြင့်မားအောင် ကြိုးစားတဲ့အခါ၊ လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါ ဒီအရည်အသွေး အရေးကြီးသလို၊ နိုင်ငံရေးစနစ်တစ်ခုကို ပြောင်းလဲဖို့ ကြိုးစားရာမှာလည်း ဒီအချက်က သိပ်အရေးကြီးတယ်။

အသေးစိတ်ခွဲပြောပါဆို ၅ ချက် ထွက်လာတယ်။

• Passion (ပြင်းပြတဲ့ စိတ်ဆန္ဒ)
• Perseverance (ဇွဲလုံ့လ)
• Patience (စိတ်ရှည်သည်းခံမှု)
• Positive attitude (အကောင်းမြင်စိတ်)
• Purpose (ရည်ရွယ်ချက်) တို့ ဖြစ်ပါတယ်။

📌 ၁။ ပြင်းပြတဲ့ စိတ်ဆန္ဒ

ဘာကို ဝါသနာပါသလဲ။ ဘာကိုလုပ်နေရင် ထမင်းမေ့ဟင်းမေ့ ဖြစ်နေသလဲ။ စာရေးရတာလား။ ဆေးကုရတာလား။ ပန်းချီဆွဲရတာလား။ သီချင်းဆိုရတာလား။ အမျိုးမျိုးတော့ ဖြစ်နိုင်တယ်။ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြစ်နေတာမျိုးပေါ့။

📌 ၂။ ဇွဲလုံ့လ

အခက်အခဲတွေ့လည်း လက်မလျှော့သွားတာ၊ နောက်တွန့်မသွားတာ၊ ရှုံးနိမ့်မှုနဲ့ ကြုံလည်း ရပ်တန့်မသွားတာ၊ မဖြစ်ဖြစ်အောင် လုပ်တာ၊ တစိုက်မတ်မတ် လုပ်တာ၊ ဒီလိုအရည်အသွေးတွေ ဖြစ်ပါတယ်။

📌 ၃။ စိတ်ရှည်သည်းခံမှု

လွယ်ကူတဲ့ အရာတိုင်းဟာ တန်ဖိုးမရှိသလို၊ တန်ဖိုးကြီးတဲ့ အရာတိုင်းက မလွယ်ကူပါဘူး။ မမြန်ဆန်ပါဘူး။ အသင့်ဖျော်ကော်ဖီတွေဟာ အချိန်ကုန် သက်သာတာတော့ မှန်ပေမဲ့ ကျန်းမာရေးအတွက်တော့ မကောင်းဘူး။ ခုတွေ့ ခုကြိုက် ဆက်ဆံရေးထက် နှစ်ပေါင်းများစွာ အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးက ပိုတည်မြဲပါတယ်။

ခုလုပ် ခုရလဒ်ထွက်တာ လိုချင်တော့ အဲဒီအတိုင်း ဖြစ်မလာတဲ့အခါ စိတ်ပျက်လာတယ်။ လက်လျှော့လိုက်တယ်။ ဒါကြောင့် စိတ်ရှည်သည်းခံမှုဟာ သိပ်အရေးကြီးတယ်။ အဝိုင်းလည်နေရင်တောင် စိတ်မရှည်ကြတော့တဲ့ ခေတ်မှာ ဒီအချက်ကလည်း အတော်လေး အရေးပါလာတယ်။

📌 ၄။ အကောင်းမြင်စိတ်

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဆိုပြီး လက်လျှော့နေဖို့ မဟုတ်ဘူး။ တစ်နေ့တော့ ကံကောင်းလာမှာပါ ဆိုပြီး ကယ်တင်ရှင် မျှော်နေဖို့လည်း မဟုတ်ဘူး။ အကောင်းမြင်စိတ်ရဲ့ အဓိပ္ပါယ်က “ဘယ်လောက်ပဲ ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်နေပါစေ၊ ဒါကို လွန်မြောက်ဖို့ ငါလုပ်နိုင်တယ်၊ ကြိုးစားနိုင်တယ် ဆိုပြီး မျှော်လင့်ချက်ထားတာမျိုး” ဖြစ်ပါတယ်။

ပြီးခဲ့တာတွေအတွက် အပြစ်တင်မနေဘူး။ ဒါတွေ မဖြစ်ခဲ့ရင်ကောင်းမှာ ဆိုပြီးလည်း အခြေအနေမှန်ကို ငြင်းဆန်မနေဘူး။ လက်ရှိမှာ ဒီလိုတော့ ဖြစ်သွားတယ်။ လက်ခံလိုက်တယ်။ ဘယ်လိုအကောင်းဆုံးဖြစ်အောင် ရှေ့ဆက်မလဲ စဉ်းစားတယ်။ အကောင်အထည်ဖော်တယ်။

ဒါမျိုး စိတ်နေစိတ်ထားဟာ ဘဝမှာ တည်ဆောက်ထားသမျှ အရာရာ ပြိုပျက်သွားတဲ့ အခြေအနေတွေအတွက် မဖြစ်မနေ လိုအပ်ပါတယ်။

📌 ၅။ ရည်ရွယ်ချက်

ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေရမယ် ဆိုတာမျိုး မဟုတ်ဘူး။ အများအတွက် တစ်ခုခုလုပ်ပေးလိုစိတ် ဖြစ်တယ်လို့ Grit စာအုပ်ကို ရေးသားသူ စိတ်ပညာ ပါမောက္ခ Angela Duckworth က အဓိပ္ပါယ်ဖွင့်ထားပါတယ်။

ဥပမာ ကိုယ်က စာသင်တဲ့သူဆို ပိုက်ဆံရဖို့သက်သက် စာသင်နေတာ မဟုတ်ဘူး။ ပိုလှပတဲ့ လူ့အဖွဲ့အစည်းတစ်ခု ပေါ်လာဖို့ ပညာရေးနဲ့ တည်ဆောက်နေတာလို့ ခံယူထားတာမျိုးပေါ့။

ဒီလို ကိုယ့်အလုပ်ရဲ့ တန်ဖိုးကို သေချာသိထားတဲ့သူဟာ ဘဝမှာ ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်ရှိသလို ခံစားရတယ်။ အဲဒီ Sense of purpose ဟာလည်း ခက်ခဲတဲ့ အခိုက်အတံ့တွေကို ကျော်ဖြတ်ရာမှာ အများကြီး အထောက်အကူ ပေးပါတယ်။

◾️လူတစ်ယောက်ဟာ -

• ဘာကိုမှ ပြင်းပြင်းပြပြ လုပ်ချင်တယ်ဆိုတာမျိုး မရှိတဲ့အခါ
• နည်းနည်းကလေး အဆင်မပြေလိုက်တာနဲ့၊ ထစ်ငေါ့လိုက်တာနဲ့ လက်လျှော့တတ်တဲ့အခါ
• ရလဒ်တစ်ခု မြင်ရဖို့ အချိန်ပေးလိုစိတ် မရှိတဲ့အခါ
• ကြုံရသမျှ အခက်အခဲတွေကို ငါတော့ဖြင့် ကျော်ဖြတ်နိုင်လောက်မှာ မဟုတ်ဘူးလို့ တွေးနေတဲ့အခါ
• သူ ဘာအတွက် ရှင်သန်နေတာလဲ မသိတော့တဲ့အခါ အကြီးအကျယ် စိတ်ဒုက္ခ ရောက်ရတတ်ပါတယ်။ လမ်းပျောက်နေတတ်ပါတယ်။ ဘဝတစ်ခုလုံး ပြိုပျက်သွားသလို ခံစားရတတ်ပါတယ်။

◾️အခု မြန်မာပြည်သူတွေကို ကြည့်ပါ။

• ဖက်ဒရယ် ဒီမိုကရေစီရဖို့ဆိုတဲ့ ပန်းတိုင်ကို မမှိတ်မသုန် ချီတက်နေတယ်။
• အထစ်အငေါ့တွေ၊ စိတ်ပျက်စရာတွေ ကြုံရလည်း နောက်မဆုတ်ဘူး။ လက်မလျှော့ဘူး။
• ချက်ချင်းလက်ငင်းတော့ မအောင်မြင်နိုင်ဘူး ဆိုတာ သိတယ်။ အချိန်ပေးတယ်။ သည်းခံစောင့်ဆိုင်းတယ်။
• ရှုံးနိမ့်မှုတွေ၊ ထိခိုက်မှုတွေကြုံလည်း စိတ်မပျက်ဘူး။ အမှားတွေကနေ သင်ခန်းစာယူတယ်။ ပိုကောင်းအောင် ကြိုးစားတယ်။ ထပ်မမှားအောင် ဂရုစိုက်တယ်။
• ဒီလိုမျိုးကိစ္စတွေ ငါတို့မျိုးဆက်မှာ နောက်ဆုံးဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ အနာဂတ်ကောင်းတွေ ချန်ထားနိုင်အောင် ကြိုးစားနေကြတယ်။

ဒါ IQ ကြောင့် ဖြစ်လာတာတွေ မဟုတ်ဘူး။ နိုင်ငံတကာကနေ ဘွဲ့တွေ ရထားလို့လည်း မဟုတ်ဘူး။ ပြည်သူအများရဲ့ “အလွယ်တကူ လက်မလျှော့တတ်တဲ့စိတ်” (Grit) ကြောင့် ဖြစ်လာတာပါ။

တစ်ဦးချင်းစီအနေနဲ့လည်း စဉ်းစားကြည့်လို့ ရပါတယ်။ ဒီ P ၅ လုံး အားကောင်းတဲ့သူတွေဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ရှင်သန်နိုင်ကြတာ၊ မြင့်မြင့်မားမား အနေအထားထိ ရောက်ကြတာကို တွေ့ရပါလိမ့်မယ်။

◾️ဘဝဆိုတာ ထင်မှတ်မထားတဲ့ အခက်အခဲတွေနဲ့ ပြည့်နှက်နေတာပါ။ အဲဒါကို ကျော်လွှားဖို့ ဉာဏ်ရည်ဉာဏ်သွေး တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုကလည်း မဖြစ်မနေ လိုအပ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၇.၂၀၂၃

Photo credit - Pixabay

16/07/2023

တနင်္ဂနွေညနေလဲ ဆေးခန်းပြလို့ရပါပီ

03/07/2022

သတိပြုစရာ အူမကြီးကင်ဆာ

14/01/2022
23/09/2021

ဆေးရောင်းခြင်းအနုပညာ
ကလေးတစ်ယောက် အသက်ကတော့ ၇နှစ်၈နှစ်လောက်ရှိမယ်ထင်တယ်
ကလေး...ဦးလေးဆီးချိုကျဆေးတစ်ကဒ်ပေးပါ

ဦးလေး...ဆေးကဒ်နမူနာပါလား ကလေး

ကလေး...မပါဘူး အဖြူရောင်အလုံးလေးတွေ

ဦးလေး...ဟိုက် ငါ့တော့ပညာစမ်းပီ ဒါဆို ကလေးရေနာ
မည်ပြောမှရမယ် ပြောနေတုန်း ကလေးက ဟုတ်ခဏလေးဆိုပီး ဆိုင်ရှေ့ကပြေးထွက်သွားတယ် အော် ဒီကလေး ဆေးနာမည်သွားပြန်မေးတယ်ပေါ့ တွေးရင်း လူကြီးတွေလဲ ကလေးတွေကိုဆေးဝယ်ခိုင်းတာ ဆေးကဒ်နမူနာမရှိလည်း စာလေးရေးပေးလိုက်မှပေါ့ ခဏကြာတော့အဲ့ကလေး အမောတကြီးပြန်ရောက်လာပီး အားကြီးနဲ့

ကလေး...ဦးလေးရေ နာမည်က မချို တဲ့

ဦးလေး...ကိုယ်လဲ ရုတ်တစ်ရက်ကြောင်သွားတယ် ငါ့ဆိုင်မှာ ဆီးချိုကျဆေး မချိုဆိုတဲ့ နာမည်မရှိပါဘူး ဒီကလေးအသံထွက်များမှားလားပေါ့ သေချာအောင်ထပ်မေးမိတယ် နာမည်ပြန်ပြောပါအုံး ဒီဦးလေးနားများလေးနေသလားဆိုတဲ့အကြည့်နဲ့ ကိုယ့်ကိုပြန်ကြည့်ရင်း

ကလေး က နာမည်က မချို အသက်က၄၅နှစ်တဲ့

​အော်...အဲ့တော့မှ သူပြောတာသဘောပေါက်ပီးရယ်မိတော့တယ် သူသွားမေးလာတာ ဆေးဝယ်ခိုင်းတဲ့သူ့အဒေါ်ရဲ့နာမည်နဲ့အသက်ကိုး ဒါလဲ ဆေးရောင်းခြင်းအနုပညာ😁

23/09/2021

မရောင်းရရင်နေပါ
ဝယ််... အကိုရေ ဒီကိုဂျင် တစ်လုံးလောက်ရောင်းပါ မိုးမိပီး ချမ်းသလိုဖြစ်လို့ မဖျား​​​​အောင်​ကြိုသောက်ထားချင်လို့ ပုံစံကြည့်လိုက်တော့လဲ ညစ်ပေနေတဲ့အလုပ်ဝတ်လေးနဲ့ လက်ထဲမှာ ၂၀၀ကျပ်တန် အနွမ်းလေးကိုင်လို့

ရောင်း...ညီလေးရေ အခုကိုယ်ပူနေလို့လား နှာစေးနေလား?

ဝယ်...ခုတော့ဘာမှဖြစ်သေးဘူး နည်းနည်းချမ်းတာပဲဖြစ်တာ အဲ့ဒါ ဖျားမှာစိုးလို့ကြိုသောက်ထားမလို့

ရောင်း...ညီလေး ဒီအကိုက်အခဲပျောက်ဆေး ကိုယ်ပူကျဆေးတွေက ဘာမှမဖြစ်ပဲကြိုပီးသောက်ရတာမဟုတ်ဘူး ခဏခဏသောက်ရင်အစာအိမ်အတွက်မကောင်းဘူး ဖျားရင်သောက်ဖို့ဆောင်ထားချင်ရင်တော့ဆောင်ထားပေါ့ ကိုယ်ပူတယ်ကိုက်ခဲတယ်ဆိုမှ အစာလေးနဲ့သောက်ပေါ့ အခုချမ်းနေတာအတွက်တော့ ရေနွေးပူပူပူလေးသောက်ပီး နွေနွေးထွေးထွေးနေလိုက်ပါ

ဝယ်...ဟုတ် အဲ့ဒါဆို မဝယ်သေးဘူး အကိုပြောသလိုရေနွေးနွေးပူပူလေးအရင်သောက်လိုက်မယ်

၂၀၀တန် အနွမ်းလေးကို အိတ်ကပ်ထဲပြန်ထဲ့ပီးလှည့်ထွက်သွားတော့ အို မရောင်းရလဲနေပါစေ ဆေး ဆိုတာသောက်တိုင်းမကောင်းဘူးဆိုတဲ့ အသိလေးရှိသွားရင် ကိုယ်မရောင်းရလဲ တန်ပါတယ်လို့ နှစ်သိမ့်ရင်း ဆက်ရောင်းလိုက်အုံးမည်😁

23/06/2021
02/06/2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thu Kha Wai Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thu Kha Wai Clinic & Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram