13/04/2023
ဆေးပညာအသိနှင့်လွဲမှားအယူအဆများ နှင့် အလကားဆရာဝန်များအကြောင်း....
ဤစာသည် ဆောင်းပါးဖြစ်သဖြင့် ကျန်းမာရေး လူမှုရေးနှင် စာရေးသူအာဘော်များပါသည်....
1)အကြောဆေးနှင့် အားဆေးသွင်းခြင်းအယူအဆများ
မြန်မာပြည်ရှိ လူအများစုသည် ပင်ပန်းနွမ်းနယ်လာပါက ဆေးခန်းသွားအကြောဆေးလေးသွင်းလိုက်မှ သက်သာပျောက်ကင်းသည်ဟု အသိရှိသည်...
ယနေ့ခေတ် ဆေးခန်းအများစုမှသည်လည်း အကြောဆေးသွင်းခြင်း အားဆေးသွင်းခြင်းကို လူနာဆန္ဒပေါ်မူတည်၍ ထိုးနှံပေးကြသည်... အများသောအားဖြင့် Vit B6 B12 VitC နှင့် Folic acid စသည်များကို Glucose နှင့် လည်းကောင်း Glucose မပါပဲလည်းကောင်း မော်လာရာမင်း ဟုခေါ်သော အသားဓါတ်အားဆေးကို လည်းကောင်း ထိုးနှံပေးကြသည်.
ထိုဆေးများသည် အန္တရယ်ရှိမှုအနည်းဆုံးဟုဆိုသော်လည်း လုံးဝအန္တရယ်ကင်းနေတာမျိုးတော့မဟုတ်သလို ထိုရံဖန်ရံခါထိုးနှံခြင်းကြောင့် ခန္တာကိုယ်ထဲတွင်လည်ထိရောက်မှု အလွန်အမင်းကြီးမားစွာပေးနိုင်မည်မဟုတ်ပါ...
အများသောအားဖြင့်မိမိပါးစပ်ဖြင့်မစားနိုင်ခြင်းနှင့် အခြားသောလိုအပ်ချက်များရှိမှသာ သွေးပြန်ကြောမှတစ်ဆင့်ဆေးသွင်းခြင်းကို လုပ်ကြရပါသည်....
အကြောဆေးသွင်းခြင်းသည် လူနာ၏စိတ်ကို အဟာရပေးယုံမျှသာဖြစ်သည်....
အကြောဆေးသွင်းခြင်း၏ ဖြစ်တောင့်ဖြစ်ခဲဖြစ်သော Fluid overload, Anaphylasix, IV site infection, Metabolic syndrome စသည့်ဆိုးကျိုးများရှိသည်ကို သာမန်လုပ်သားပြည်သူများ အသိထပ်လွဲမည်ဆိုးသောကြောင့် အကျယ်တပွင့် မရေးလိုပါ... အကယ်၍ ကျွန်ုပ်ဖွင့်ဆေးခန်းတွင် အကြောဆေးသွင်းချင်လို့ ဟုဆိုပြီး လူနာရောက်လျှင် အပြုံးတုလေးပြုံးလျက် အောင့်သက်သက်နှင့်သွင်းပေးရုံမှတပါး အခြားမရှိ... ဆရာဝန်သည်လည်း အစာအိမ် ရှိသည်.....
သို့သော် မိမိ ဆေးခန်း သို့မဟုတ် ဆေးရုံတွင် အကြောဆေး သွင်းဝန်ဆောင်မှုအကြောင်း ကြော်ငြာပါက ဆရာဝန်တစ်ယောက် အနေနှင့်၊ ဆေးခန်းတစ်ခုအနေနှင့် ရှက်စရာကောင်းလှသည်....
2) ကိုယ်ဝန်ဆောင်နှင့်အစားရှောင်ခြင်း
မိခင်နို့ရည်သည် အစာအိမ်နှင့်တိုက်ရိုက်ချိတ်ဆက်မနေပါ...
မိခင်စားလိုက်သော အရာများသည် အသားဓါတ် ကစီဓါတ် သံဓါတ် ဗီတာမင် စသည်များပြိုကွဲပြီးနောက် သွေးမှတဆင့် နို့ရည်ဂလင်းများသို့ ရောက်ပြီးလျှင် အဟာဖြစ်သောနို့ရည်အဖြစ် ပြောင်းလဲပြီးမှသာ ကလေးထံသို့ရောက်သည်.... (ချွင်းချက်... အချို့သောဆေးဝါးများသည် နို့ရည်ထဲသို့ ရောက်ရှိနိုင်သည်).....
အစားရှောင်ခြင်းကြောင့် ကလေးသည် အဟာရမပြည့်ဝခြင်း မီးတွင်းအသားဝါခြင်း ပိုးဝင်ခြင်းများဖြစ်နိုင်သည်...
မြန်မာလူမျိုးများ ပြောရခက်သည်... ဟင်ချိုမှလွဲ ဘာမှမသောက်
ထို့ကြောင့်ပင် နွားတစ်ကောင်လုံး အသုံးပြုနည်းစာအုပ်တွင် နွားမြှီးကို အရွက်စုံထည့် ဟင်းချိုလုပ်နည်းကို
"သူ့လင်စို့တောင် မကုန်" ဟုအောက်လုံးနှော၍ စကားလှည့်ရေးသားထားသည်....
နို့တိုက်မိခင်သည် အစားရှောင်ရန်မလိုပါ.....
3) စပ်ဆေးများ နှင့် လမ်းကြုံဆရာဝန်
စပ်ဆေးများ ဒုက္ခပေးမှုကြောင့် မြန်မာတွင် ဆေးယဥ်ပါးခြင်း သွေးတိုးဆီးချို အဝလွန်ခြင်းများ ရာခိုင်နှုန်းများစွာ တိုးပွားလာလျက်ရှိသည်ကို အမျိုးမျိုးသော စာပေ ဆောင်းပါးများတွင် တွေ့ကောင်းတွေ့နိုင်ပါလိမ့်မည်ဖြစ်သည်ကြောင့် စပ်ဆေးမျအကြောင်း အကျယ်တပွင့်မရေးလိုပါ...
သို့သော် မိမိဆေးခန်းထံ အကြောတက် ညောင်းကိုက်လူနာတစ်ယောက်ရောက်လာလျှင် ဆရာဝန်တစ်ယောက်အနေနှင့်မျက်စိဖြင့်ခြုံငုံကြည့်သည်...သွေးပေါင်ချိန်သည်... အဆုတ်နှင့် နှလုံးကေိုနားထောင်သည်.. ခြေထောက်ဖောမဖောကြည့်သည်.. ပိုပိုသာသာလုပ်လျှင်ရင် ဗိုက်ကိုစမ်းသပ်မည်... အကြောတက်သောနေရာတွင် အလုံးအကြိတ်ရှိနေလားဖိကြည်မည်.. အသက်ကြီးလျှင် ဆီျိုဖောက်ကောင်းဖော်ကြည့်မည်... ဤမျှလုပ်ပြီး ဆရာဝန်မှ Para လေးတစ်နေ့ ၂ ကြိမ်လောက်ပေးလိုက်လျှင် လူနာမှာ မကျေနပ်... ဆရာဝန်သည် သင့်ကို paracetamol ပေးနိုင်ရန် ဦးနှောက် ရာခိုင်နှုန်းများစွာ အသုံးပြုပြီးဖြစ်သည်... ၎င်းနောက် ဆေးခန်းကပြန်လျှင် စပ်ဆေးဝယ်သောက်ကြသည်.... စပ်ဆေးဆိုင်သည် သင့်မျက်နှာကို ကြည့်မည်မဟုတ် သင့်ငွေဘယ်လောက်ပါလဲကြည့်မည်... သင့်ဝတ်စားဆင်ရင်ပုံကိုကြည့်မည်... သင့်ငွေကြေးတက်နိုင်မှုပေါ်မူတည်၍ ဆေး ကွာလတီ ချိန်ပေးမည်... စတီးရှိုက်ခေါ် ဟိုမုန်းဆေးပေးမည်... ဤကားဖြစ်တန်သောသဘောရှိသည်... ရှိစေတော့.....
ပိုဆိုးသည်မှာ အအေးထွက်ဝယ်သောဆရာဝန်ကို အအေးဆိုင်မှ ဆရာရေကျွန်တော်အကြောတွေ တက်နေတာ ဘာသောက်ရမလဲမေးသည်...
ဆေးခန်းတွင်လို ဘာမှစမ်းသပ်လို့မရ... မျက်စိဖြင့်ကြည့်သည်.. နည်းနည်းပိုပိုသာသာ လက်ကောက်ဝတ်သွေကြောကိုင်လိုက်သည်ထားဦး... ပြီးနောက် Para နဲ့ Barplex လေးတွဲသောက်ပါဟာပြောလိုက်သည်... ထိုဆေး ၂မျိုးပေးရန် ဆရာဝန်သည် ပါးစပ်ထဲရှိသည့် ဆေးပြောခဲ့တာမဟုတ်ပါ ..မိမိ လမ်းကြုံ မျက်စိနှင့်ကြည့်၍ လုပ်နိုင်သမျှပေးခဲ့သော ဆေးဖြစ်သည်... အအေးဆိုင်က ထွက်သည်နှင့် ဆိုင်ရှင်မှာ အကြောတက်တာ Para လောက်တော့ သောက်တတ်တာပေါ့ ဟူ၍ကွယ်လျိုးပြောနေနိုင်သည်... အလကားကုတော့အလကားဆရာဝန်ဖြစ်ချေပြီ.... ဤပြသနာ ဆရာဝန်တိုင်းကြုံဖူးသည်...
ရှောင်မရပြီ... ရှိစေတော့.........
အခြားအဖြစ် ဆရာဝန်နှင့် လူနာကြားမှထားရှိသင့်သော အပြန်အလှန်နားလည်မှုအကြောင်းပေးပါဦးမည်...
စာရှည်လျှင်လိုရင်ပျောက်မည်စိုးသည်...
ရည်ရွယ်ချက်မှာ မိမိပတ်ဝန်းကျင်က ဆရာဝန်ကို တန်ဖိုးထားတတ်စေလိုသည်........