18/09/2021
C OVID-19 ရောဂါပိုးရှိ Autoantibodies များ၏
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အခန်းကဏ္ဏကဘာလဲ❓
➖➖➖➖➖➖➖➖➖
COVID-19 ရောဂါပိုးဟာ ကမ္ဘာနှင့်တစ်ဝှမ်းလုံးပြင်းထန်စွာဖြစ်ပွါးလျှက်ရှိတဲ့ ကမ္ဘာ့ကပ်ရောဂါ ဆိုးကြီးတစ်ခုဖြစ်ပါတယ်။ ကုသမှုပုံစံတွေလည်း အမျိုးမျိုးပြောင်းလဲကျင့်သုံးခဲ့ကြပါ တယ်။
ဒါ့အပြင် ဆေးဘက်ဆိုင်ရာသိပ္ပံပညာရှင်များက မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာမှုများအရ Antiphospholipid Autoantibodies များသည် COVID-19 ရောဂါ၏ prothrombic ဖြစ်တဲ့ သွေးရည်ကြည်ကုထုံးနည်းလမ်းသည် ကဏ္ဏတစ်ခုအဖြစ်ပါဝင်လာခဲ့ပါတယ်။ ကဲ.... Autoantibodies အကြောင်းဆက်လေ့လာရအောင်
Autoantibodies ဆိုတာဘာလဲ
=========================
Autoantibodies များကို သဘာဝကိုယ်ခံစွမ်းအားပဋိပစ္စည်းဟု ရည်ညွှန်းထားပါတယ်။ ၄င်းသည် ကိုယ်ပိုင် antigen နှင့် ဓာတ်ပြုသည့် သဘာဝကိုယ်ခံစွမ်းအားတစ်ခုဖြစ်ပါတယ်။
ပုံမှန်အခြေအနေများတွင် လူ့ကိုယ်ခံစွမ်းအားစနစ်သည် Non - antigen ဟုခေါ်သောအရာများနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများမှ ကိုယ်တိုင်ထုတ်လွှတ်သော antigen များဟူ၍ ခွဲခြားသတ်မှတ်ကြပြီး self -antigen များဟူ၍လည်း သိထားကြပါတယ်။
သိုသော်လည်း Systemic Lupus, သိုင်းရွိုက်, ဆီးချိုရောဂါ အဆင့်(၁)နှင့် အသည်းခြောက်ရောဂါများ တွင် Autoimmune ထုတ်လုပ်ပုံသည် တစ်ဦးနဲ့တစ်ဦး မတူညီပါဘူး။ဥပမာအနေဖြင့် - Antibodies ထုတ်လွှတ်ခြင်းကြောင့် ၄င်းတို့၏ဆဲလ်များ၊တစ်ရှူးများနှင့် ကိုယ်တွင်းအင်္ဂါများကို တုံ့ပြန်မှုပေးနိုင် ပါသည်။
ထို့အပြင် Autoantibodies များနှင့် Self-antigens များကြားရှိ ဆက်သွယ်မှုများသည် Autoimmune ထုတ်လုပ်မှုပေါ်မူတည်၍ တစ်ရှုးများနှင့် ကိုယ်တွင်းအင်္ဂါများရောင်ရမ်းခြင်း၊ ပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
COVID-19 ၏ ကိုယ်ခံစွမ်းအား
========================
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့အထိ ဆိုးရွားပြင်းထန်သောအသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus 2 (SARS-CoV-2) ၏ကူးစက်မှုကြောင့် ယနေ့အချိိန်အထိ COVID-19 ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝှမ်းသေဆုံးသူပေါင်း (1.56) million ထိရှိနေခဲ့ပါပြီ။
ရောဂါကူးစက်ပုံကတော့ SARS-CoV-2 ၏ spike (S) ပရိုတိန်းဓာတ်သည် host cell မျက်နှာပြင်ပေါ်ရှိ ACE2 receptor ဖြင့်ချိတ်ဆက်လိုက်သည်နှင့် တစ်ပြိုင်နက် Virus သည် ဆဲလ်ထဲသို့ဝင်ရောက်ပျံ့နှံ့သွားပြီး နောက်ပိုင်းတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ လမ်းကြောင်းများ သို့ ဝင်ရောက်ပြီး အသက်ရှုကျပ်ခြင်း လက္ခဏာရပ်များကို စတင်ခံစားလာရခြင်းဖြစ်ပါတယ်။
COVID-19 ပိုးကူးစက်ခံရသည့်လူနာများ၏ 80% သည်အသက်ရှုလမ်းကြောင်းဆိုင်ရာ အထက်ပိုင်း နှင့် လေဝင်ရာလမ်းကြောင်းများကို ကန့်သတ်ဝင်ရောက်ကူးစက်မှုများ ကြုံတွေ့ရနေသော်လည်း ကျန် 20% သောလူနာများသည် အဆုတ်အတွင်းသို့တိုက်ရိုက်ဝင်ရောက်ကူးစက်ပြီး ရောဂါပိုးကြောင့် အခြားသောရောဂါများလည်းပြင်းထန်စွာခံစားရနိုင်ပါတယ်။
ဒါကြောင့် သွေးတိုးရောဂါအခံရှိသူများ၊ နှလုံးရောဂါ၊ အသက်ရှုကြပ်ရောဂါ၊အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ လေးဖက်နာရောဂါများ၊ ကျောက်ကပ်ရောဂါစတဲ့ ရောဂါအခံရှိသူများကို Virus မှသက်ညှာမှုမရှိ ပြင်းထန်စွာတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့် အသက်အရွယ်ကြီးသူ၊ ရောဂါအခံ ရှိသူများအနေဖြင့် ပိုးကူးစက်မခံရအောင် ချမှတ်ထားသော စည်းကမ်း၊ နည်းလမ်းများကို သေချာစွာ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
COVID-19 Coagulopathy
=====================
COVID-19 ကူးစက်ခံရသူအများစုသည် ပုံမှန်အားဖြင့် ရောဂါကိုအသင့်အတင့်သာခံစားကြရသူ များသော်လည်း ရောဂါအခြေအနေကိုလည်း ဆိုးရွားစွာခံစားရသူများလည်းရှိကြပါတယ်။
ဒီလိုပြင်းထန်တဲ့ရောဂါပိုးကြောင့် Pneumonia (နမိုးနီးယား) လက္ခာများဖြစ်ခြင်း၊ ကိုယ်တွင်းအင်္ဂါမျိုးစုံ ကိုတိုက်ခိုက်ခြင်း၊ ရောဂါကြောင့် စိတ်ကျရောဂါခံစားရခြင်း၊ ကျောက်ကပ်ပြင်းထန်စွာပျက်စီးခြင်း၊ အခြားသော ပြင်ပရောဂါပိုးများ အလွယ်တကူကူးစက်နိုင်ခြင်းများသည် COVID-19 ကပ်ရောဂါရဲ့ ကြောက်စရာကောင်းတဲ့ လက္ခဏာရပ်များဖြစ်ပါတယ်။
ဒါကြောင့် အားလုံးပဲတတ်နိုင်သမျှအိမ်မှာနေပါ။အပြင်မထွက်ပါနဲ့။ ပါးစပ်နှာခေါင်းစီးများကို တပ်ဆင်ကြပါဆိုတာ အလကားပြောဆိုနေရခြင်းမဟုတ်ပါဘူး။
ကျန်းမာရေးဝန်ကြီးဌာနကချမှတ်ထားသော လိုက်နာရန်အချက်များ၊ နိုင်ငံတော်မှချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာစောင်ရွက်ဖို့ တိုက်တွန်းပါရစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
COVID-19 Autoantibodies and Coagulopathy
===================================
ကမ္ဘာပေါ်ရှိလူဦးရေ၏ 0.5% (သို့) 1% စီတွင် လူဦးရေ 2000 လျှင် (1) ဦးသည် Antiphospholipid Syndrome (APS) ဟုလူသိများတဲ့ Autoimmune thrombophilia ရောဂါခံစားနေရကြောင်း ခန့်မှန်းရပါတယ်။ APS သည် Phospholipid နှင့် Phospholipid - binding ပရိုတင်းများမှ ကြာရှည်ခံ Autoantibodies များကိုထုတ်လုပ်ပေးနိုင်သောကြောင့် aPL antibodies လို့လည်းလူသိများပါတယ်။
aPL antibodies နှင့်ဆဲလ်များအကြားအပြန်အလှန်ဆက်သွယ်မှုများကြောင့် blood-endothelium မျက်နှာပြင်ကို ပိုမိုပြင်းထန်သောရောဂါပိုများဝင်ရောက်လာနိုင်ပါတယ်။
လူနာသည် သွေးထဲတွင် anticardiolipin autoantibodies (aCL antibodies) (သို့) anti-b2GPl antibodies (ab2GPl antibodies) များရှိနေခြင်းကိုစမ်းသပ်ရခြင်းကြောင့် လူနာများအား APS ကိုပုံမှန်စစ်ဆေးပေးရခြင်းဖြစ်ပါတယ်။
မကြာသေးမီက ဆေးဘက်ဆိုင်ရာသိပ္ပံပညာရှင်များရဲ့ လေ့လာချက်အရ COVID-19 လူနာများ အတွက် aPL antibodies ကိုယ်ခံအားဖြင့် COVID-19 Coagulopathy နှင့်တိုက်ခိုက်ဆက်နွယ် နိုင်မှုရှိမရှိ ထပ်မံရှာဖွေလေ့လာခဲ့ကြပါတယ်။
ဒါကြောင့်လူနာ (172) ယောက်ဆီမှရရှိသော သွေးရည်ကြည်နမူနာများကိုရယူပြီး aCL lgG, aCL lgM, aCL lgA, ab2GP lgG, ab2GPl lgM, ab2GPl lgA, aPS / PT lgG နှင့် aPS / PT lSM များအပါအဝင် မတူကူပြားသော aPL antibodies (8) မျိုးကိုရှာဖွေသတ်မှတ်နိုင်ခဲ့ကြပါတယ်။
သွေးရည်ကြည်နမူနာရယူခဲ့တဲ့ လူနာ (172) ယောက်ထဲမှ 89% သောလူနာများ၏ 24% မှာ aPS / PT IgG များအများဆုံးပါဝင်ပြီး aPL antibody test မှာ Positive ဖြစ်ပြီး COVID -19 ရောဂါပိုးကိုပြန်လည်တိုက်ထုတ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
Test လုပ်တဲ့အခါ Antibody က Antibody ကို Teat လုပ်သည့်အတွက် result မှာ positive ဖြစ်ပါက immunity ရှိတာကို ပြပါသည်။ false positive မဟုတ်ပါဘူး။
Antibody က ရောဂါပိုးရှိပြီးသူများက ရောဂါပိုးကို ပျောက်ကင်းအောင်ပြန်လည်တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်မှ ထုတ်လိုက်သော ကိုယ်ခံဓာတ်ဖြစ်ပါသည်။
Positive ဖြစ်တဲ့အတွက် Covid-19 positive ဖြစ်တယ်ဟုဆိုလိုခြင်းမဟုတ်ပါဘူး။
ပိုးဝင်သောအချိန်ပေါ်မူတည်၍ Antibody (၂) မျိုးထုတ်ပါတယ်။ IgM နှင့် IgG လို့ခေါ်ပါတယ်။ ပထမ ၂ - ၄ ပတ် မှ IgM ဖြစ်ပြီးနောက် ၃--၆ လကြာမှာ IgG ထုတ်ပါသည်။Test kit စစ်တဲ့အခါတွင် IgM နဲ့ IgG (၂) ခုစလုံးအတွက် အမှတ်အသားပါပါသည်။
(IgM +) ဖြစ်ပါက ကိုယ်ခံဓာတ်အား အပြည့်အဝမရှိသေးတာကိုပြ၍ ပိုးများရှိနေပါသေးတယ်။ ရောဂါကူးနိုင်ခြေရှိ၍ self- Isolation လုပ်ရန်လိုအပ်ပါသည်။
ဒါကြောင့် IgM State မှာ ပိုးရှိသူရဲ့ contact tracing များကို Testing ပြုလုပ်ပြီး Isolation ကိုဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ခုခံနိုင်သော (IgG) ကိုတွေ့ပါက ကိုယ်ခံဓာတ် ကောင်းနေပြီး ရောဂါကင်းစင်နေသော လူကောင်းတစ်ယောက်ဖြစ်ပြီး ၄င်းမှတဆင့်ရောဂါပိုးကူးစက်နိုင်ခြင်းမဖြစ်တော့ပါဘူး။
ပုံမှန်လှုပ်ရှားနေထိုင်စားသောက်နိုင်ပြီး Q ထပ်လုပ်စရာမလိုတော့ပါ။ ရက်ကြာတဲ့အခါ အခြားသော လူနာများကို မိမိ၏သွေးဖြင့် ပြန်လည်အသက်ကယ်နိုင်သူဖြစ်လာအုံးမှာပါ။
သတိထားစရာကတော့ Testing မှာ Negative ပြနေခြင်းဟာ ပိုးမဝင်သေးတာမဟုတ်ပါဘူး။ ပိုးဝင်ပြီး ၁ - ၂ ပတ်ပဲရှိသေးတဲ့အခြေအနေမို့လို့ သတိထားရအုံးမှာပါ။
(Test Kit များက အမှားထုတ်တတ်တာလည်းရှိနိုင်တဲ့အတွက် false +./-- ပါ)
Test Kit ထုတ်လုပ်တဲ့ Company ဟာအရည်အသွေးစံနှုန်းကောင်းတယ်ဆိုရင်တော့ စိတ်ချရပါတယ်။ ထပ်မံပြီး ပိုးရှိတာသေချာအောင် PCR လုပ်လို့ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနေ့ COVID -19 Autoantibodies အကြောင်းလေးကိုမျှဝေပြီးပြီဆိုတော့ သေချာနားလည်သွားပြီလို့ ထင်လိုက်ပါပြီနော်
လိုအပ်ချက်များရှိရင် ထပ်မံဖြည့်စွတ်ပေးနိုင်ပါတယ်
ထပ်မံပြီးလည်း ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေကို Sharing လုပ်ပေးသွားအုံးမှာဖြစ်လို့ like & see first လေးတွေလုပ်ထားလိုက်ပါတော့နော် ...
ကပ်ရောဂါကြီးဟာ မပြီးသေးတာမို့လို့ အိမ်မှာပဲနေပြီး ဗဟုသုတရစရာလေးတွေဖတ်ရှုလေ့လာပါ၊ အာဟာရရှိအောင် စားပါ၊ ကျန်းမာရေးကို အထူးစောင့်ရှောက်ကြပါလို့ မှာကြားပါရစေနော်
Source : Tin Tin Ag
(MSc)
(လင်း)အထွေထွေရောဂါကုဆေးခန်း
# ယခင် (96)လမ်းမှ( 97 )လမ်းသို့ပြောင်းရွှေ့ဖွင့်လှစ်ထားပါသည်
#ဆေးခနိး ဖွင့်ချိန် နံနက် 9 နာရီ 11 ထိ ညနေ 4နာရီ 8နာရီ ထိ