 
                                                                                                    12/10/2025
                                            ဦးD, ကယ်လ်စီ နဲ့ ကိုK တို့ရဲ့ ဇာတ်လမ်းလေး 🎬✨
လူတိုင်း အရိုးသန်မာဖို့အတွက် ဗီတာမင် D3 ကို သိကြပေမယ့် K2 ရဲ့ လျှို့ဝှက်ချက် ကိုတော့ လူနည်းစုပဲ သိကြပါသေးတယ်။ 🤔
ကျွန်တော်တို့ စားလိုက်တဲ့ အစားအစာထဲက ကယ်လ်ဆီယမ် (Calcium) တွေကို 🚌 D3 က အူလမ်းကြောင်းကနေ သွေးကြောထဲရောက်အောင်ထိပဲ စုပ်ယူ ခေါ်လာပေးပါတယ်။ 💁 ကယ်လ်ဆီယမ် (Calcium) တွေကို တကယ်လိုအပ်တဲ့ အရိုးနဲ့ သွားဆီကိုတော့ K2 ကသာ လမ်းညွှန်ပို့ဆောင်ပေးပါတယ်။ 
🚨 K2 မပါရင် D3 က ကယ်လ်ဆီယမ်တွေကို သွေးကြောထဲမှာပဲ ထားခဲ့နိုင်ပြီး၊ အဲ့ဒီကယ်လ်ဆီယမ်တွေက သွေးကြောနံရံတွေမှာ ကပ်ငြိပြီး မဖြစ်သင့်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အရိုးနဲ့ နှလုံးကျန်းမာရေးအတွက် တကယ်အထောက်အကူဖြစ်ဖို့ဆိုရင် Vitamin D3 တစ်မျိုးထဲ မသောက်ဘဲ Vitamin K2 ကိုပါ အတူတူ တွဲဖက်သောက်သုံးဖို့ကို အကြံပြုလိုကြောင်း ရုပ်ပြလေးနဲ့တကွဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ 🙆🏻♂️🖼️
နောက်အကြိမ်များမှာလည်း ထပ်မံ ကြိုးစားသွားပါဦးမည်။🥰
       #ကယ်လ်စီယမ်  #ကျန်းမာရေး      #ရုပ်ပြ                                          
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  