Tun Tauk Clinic

Tun Tauk Clinic Health အိမ်သို့ ပင့်၍ကုသချင်ပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🙏🏻 မဟာသင်္ကြန်ကာလအတွင်း ထွန်းတောက်အထွေထွေရောဂါကုဆေးခန်းကို ပိတ်ထားပါတယ်။သို့သော်လည်း✅ ပုံမှန်ဆေးထိုးနေရသောလူနာများ✅ ပြနေ...
13/04/2023

🙏🏻 မဟာသင်္ကြန်ကာလအတွင်း ထွန်းတောက်အထွေထွေရောဂါကုဆေးခန်းကို ပိတ်ထားပါတယ်။

သို့သော်လည်း
✅ ပုံမှန်ဆေးထိုးနေရသောလူနာများ
✅ ပြနေကျလူနာများ
✅ အိမ်ပင့်ခေါ်လိုသော လူနာများအနေနဲ့

ဆေးခန်းဖုန်းနံပါတ်များသို့ ဆက်ပြီး ပြသနိုင်ပါတယ်ရှင်။

📌 ဆက်သွယ်ရန်📌

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။

☎ Ph no - 095053801, 095017927☎
Page Cb/ Massenger

🚑 🚑 ဆေးခန်းသွားပြဖို့ ခက်ခဲနေတုန်းလားး ✅ အထပ်မြင့်တွေဖြစ်လို့✅ လူနာက အသက်ကြီးလို့✅ လမ်းမလျှောက်နိုင်တဲ့လူနာဖြစ်နေလို့✅ လ...
24/02/2023

🚑 🚑 ဆေးခန်းသွားပြဖို့ ခက်ခဲနေတုန်းလားး

✅ အထပ်မြင့်တွေဖြစ်လို့
✅ လူနာက အသက်ကြီးလို့
✅ လမ်းမလျှောက်နိုင်တဲ့လူနာဖြစ်နေလို့
✅ လူနာကအရမ်းဝနေလို့
✅ နှာခေါင်းပိုက်၊ ဆီးပိုက်ပြုတ်သွားလို့ ဆိုပြီး

👉🏻 ဆေးခန်းသွားပြဖို့ ခက်ခဲနေရင် ထွန်းတောက် အထွေထွေရောဂါကုဆေးခန်းကို သတိရလိုက်ပါ။

📌 အထွေထွေရောဂါကု ဆရာဝန်မှ Home service ဝန်ဆောင်မှုဖြင့် အိမ်သို့လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါပြီ။

🕘 ဆေးခန်းဖွင့်ချိန် 🕖
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန် _ ၀၀၂/၈၊ A-3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်။
ဖုန်း - 095053801


#ထွန်းတောက်အထွေထွေရောဂါကုဆေးခန်း

#ဆရာဝန်အိမ်ပင့်
#ယုဇနဥယျာဥ်မြို့တော်

🤩 အမျိုးသားများအတွက် သတင်းကောင်း🤩 🙏🏻 မင်္ဂလာပါရှင် 🙏🏻ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းတွင် အမျိုးသားရောဂါများကိုလည်း တို...
04/12/2022

🤩 အမျိုးသားများအတွက် သတင်းကောင်း🤩

🙏🏻 မင်္ဂလာပါရှင် 🙏🏻

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းတွင် အမျိုးသားရောဂါများကိုလည်း တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်းနှင့် လိုအပ်ပါက အထူးကုဆရာဝန်ကြီးများနှင့် ချိတ်ဆက်ပြသပေးနိုင်ပြီဖြစ်ကြောင်း သတိကောင်းပါလိုက်ပါတယ်ရှင်။

🕘 ဆေးခန်းဖွင့်ချိန် 🕖

မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🔴 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🔴

☎ ဆက်သွယ်ရန် ☎

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095053801, 09259911989
Page Cb/ Massenger


#ယုဇနဥယျာဥ်မြို့တော်
#အမျိုးသားရောဂါ

🌕 "တန်ဆောင်မုန်းလပြည့်နေ့"🌕🙏🏻 "သာမညဖလအခါတော်နေ့" 🙏🏻ယ​နေ့ကျရောက်သောတန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် စိတ်၏ချမ်းသာခြင်း ၊ က...
07/11/2022

🌕 "တန်ဆောင်မုန်းလပြည့်နေ့"🌕

🙏🏻 "သာမညဖလအခါတော်နေ့" 🙏🏻

ယ​နေ့ကျရောက်သော
တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင်
စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အလုပ်အကိုင်တွေအဆင်ပြေကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

#တန်ဆောင်မုန်းလပြည့်နေ့

#ယုဇနဥယျာဥ်မြို့တော်

ဟိန္ဒူဘာသာဝင်တို့၏အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အခါသမယတွင် ကမ္ဘာတစ်ဝှမ်းရှိ ဟိန္ဒူဘာသာဝင်ည...
24/10/2022

ဟိန္ဒူဘာသာဝင်တို့၏
အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အခါသမယတွင် ကမ္ဘာတစ်ဝှမ်းရှိ
ဟိန္ဒူဘာသာဝင်ညီအကိုမောင်နှမများအားလုံး
စိတ်ကျန်းမာ ကိုယ်ချန်းသာ၍
ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်...🙏🏻🙏🏻🙏🏻


#ဒေပါဝလီနေ့

🙏🏻 ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းတွင်အောက်ဖော်ပြပါ ဝန်ဆောင်မှုများလဲ ရရှိနိုင်ပါတယ်။ 🙏🏻✅ လက်စွယ်/ခြေစွယ်ငုတ်ခြင်း၊ ✅ ...
11/09/2022

🙏🏻 ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းတွင်အောက်ဖော်ပြပါ ဝန်ဆောင်မှုများလဲ ရရှိနိုင်ပါတယ်။ 🙏🏻

✅ လက်စွယ်/ခြေစွယ်ငုတ်ခြင်း၊
✅ ထိခိုက်ရှနာဒဏ်ရာများကို အသေးစားခွဲစိတ်ခြင်း၊
✅ အနာဆေးထည့်ခြင်း၊
✅ ၅နှစ်ခံ သန္ဓေတားဆေး လက်မောင်းထဲ ထည့်ခြင်း၊
✅ ကျောက်ပတ်တီးစည်းခြင်းများကိုလဲ

📌 ပိုးကင်းသန့်စင်သော ပစ္စည်းများသုံး၍ ကုသပေးနေပြီဖြစ်ပါတယ်ရှင်။

📣📣 အိမ်သို့ပင့်၍ ကုသချင်ပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 📣📣

🕘 ဆေးခန်းဖွင့်ချိန် 🕖
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန်☎
ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095053801, 09259911989
Page Cb/ Massenger


#ယုဇန
#လက်စွယ်ခြေစွယ်ငုတ်ခြင်း
#သန္ဓေတားဆေး

🌕 တော်သလင်းလပြည့်နေ့ 🌕🙏🏻 ဂရုဓမ္မအခါတော်နေ့ 🙏🏻လပြည့်နေ့အခါသမယမှာ မိတ်ဆွေများအားလုံး ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာကြပါစေက...
09/09/2022

🌕 တော်သလင်းလပြည့်နေ့ 🌕

🙏🏻 ဂရုဓမ္မအခါတော်နေ့ 🙏🏻

လပြည့်နေ့အခါသမယမှာ မိတ်ဆွေများအားလုံး
ဘေးရန်ကင်းကွာပြီး အေးချမ်းသာယာကြပါစေကြောင်း ထွန်းတောက်အထွေထွေရောဂါကုဆေးခန်းမိသားစုမှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။


#ယုဇန

photo crd

❗❗ ကိုဗစ်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနေပြီမို့ သေချာဂရုစိုက် ကာကွယ်ကြစို့ ❗❗🧏🏻‍♀️ ဟိုနားဒီနားမှာ Covid positive c...
08/09/2022

❗❗ ကိုဗစ်ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာနေပြီမို့ သေချာဂရုစိုက် ကာကွယ်ကြစို့ ❗❗

🧏🏻‍♀️ ဟိုနားဒီနားမှာ Covid positive case သတင်းတွေ တက်လာနေပြီဖြစ်လို့ Covid စည်းကမ်းလေးတွေ ပြန်လည်လိုက်နာကြဖို့ မမေ့နဲ့နော်

👨🏻‍⚕️ ထွန်းတောက် အထွေထွေရောဂါကုဆေးခန်းကို Covid စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ထားတာမို့ လုံခြုံစိတ်ချစွာ ကုသမှုခံယူနိုင်ပါပြီရှင်👩🏻‍⚕️

📌 အိမ်သို့ပင့်၍ ကုသလိုပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

🕘 ဆေးခန်းဖွင့်ချိန် 🕖
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန်☎
ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095053801, 09259911989
Page Cb/ Massenger

🔶 ကျန်းမာခြင်းသည် လာဘ်တစ်ပါး 🔶💯 လူတိုင်းကြားဖူးနေကျစကားလေးပါ။ ကျန်းမာနေတာက ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါဘဲ။ ဒါပေမယ့်...လာဘ်က...
01/08/2022

🔶 ကျန်းမာခြင်းသည် လာဘ်တစ်ပါး 🔶

💯 လူတိုင်းကြားဖူးနေကျစကားလေးပါ။
ကျန်းမာနေတာက ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါဘဲ။

ဒါပေမယ့်...
လာဘ်ကလေးပျက်စီးပြီး မကျန်းမမာဖြစ်လာခဲ့ရင်
❓ဘယ်လိုလုပ်ကြမလဲ ❓

📣 ကျွန်မတို့ ထွန်းတောက်အထွေထွေရောဂါကုဆေးခန်းက လူကြီးမင်းတို့ကိုယ်တိုင်နဲ့ ချစ်ခင်ရတဲ့မိသားစုများရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ အသင့်ရှိနေပါပြီ။

💊 ကျန်းမာရေးနဲ့ပတ်သက်၍ လုံခြုံစိတ်ချစွာ စောင့်ရှောက်မှုခံယူနိုင်ပါပြီ။ ကိုယ်တိုင်လာရောက်၍ ဆွေးနွေးတိုင်ပင်ပြီး ပြသနိုင်သလို အိမ်သို့ပင့်၍လဲ ပြသနိုင်မှာဖြစ်ပါတယ်။

👩🏻‍⚕️ ကျန်းမာခြင်းလာဘ်ကလေးကို တူတူစောင့်ရှောက်လိုက်ရအောင်နော် 👨🏻‍⚕️

📌 အိမ်သို့ပင့်၍ ကုသလိုပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

🕘 ဆေးခန်းဖွင့်ချိန် 🕖
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ

🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန်☎
ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။

Ph no - 095053801, 09259911989

Page Cb/ Massenger




❗ အိုမီခရွန် BA4 BA5 ကို ကြိုတင်ကာကွယ်ကြမယ်❗🙏 မင်္ဂလာပါရှင်🙏🏥 ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းကို ကိုဗစ်စည်းကမ်းများနဲ့...
22/07/2022

❗ အိုမီခရွန် BA4 BA5 ကို ကြိုတင်ကာကွယ်ကြမယ်❗

🙏 မင်္ဂလာပါရှင်🙏

🏥 ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်းကို ကိုဗစ်စည်းကမ်းများနဲ့ အညီ ဖွင့်လှစ်ထားပါသဖြင့် လုံခြုံစိတ်ချစွာ ကုသမှုခံယူနိုင်ပြီဖြစ်ပါတယ်ရှင်။

🔶 ရရှိနိုင်တဲ့ ဝန်ဆောင်မှုများကတော့ 🔶

📌 အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
📌 သွေးပေါင်ချိန်တိုင်းပေးခြင်း
📌 ဆီးချိုစစ်ပေးခြင်း
📌 အရေးပေါ်ထိခိုက်ဒဏ်ရာများကုသမှုပေးခြင်း
📌 နှာခေါင်းပိုက်/ ဆီးပိုက်ထည့်ပေးခြင်း
📌 သန္ဓေတားဆေး ထိုးပေးခြင်း
📌 အနာဆေးထည့်ခြင်း
📌 လိုအပ်ပါက အိမ်သို့ပင့်၍ ကုသမှုပေးခြင်းတို့ဖြစ်ပါတယ်ရှင်...။

🕘 ဆေးခန်းဖွင့်ချိန် 🕖

မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန်☎

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095053801, 09259911989
Page Cb/ Massenger





 ျိုးကွဲအသစ်ပေါ်လာပြီ #ကိုဗစ် 5 wave မမိဖို့ကြိုတင်ကာကွယ်ရမည် BA.4 နှင့် BA.5 📌Covid-19 Omicron မျိုးကွဲအသစ်BA.4 နှင့် B...
20/07/2022

ျိုးကွဲအသစ်ပေါ်လာပြီ
#ကိုဗစ် 5 wave မမိဖို့ကြိုတင်ကာကွယ်ရမည်

BA.4 နှင့် BA.5

📌Covid-19 Omicron မျိုးကွဲအသစ်BA.4 နှင့် BA.5 ဟာ ကူးစက်နှုန်း ပိုပြီးမြန်ဆန်ပါတယ်။
📌အရင် ကိုဗစ်ဖြစ်ဖူးသူတိုင်းလည်း ပြန်ဖြစ်နိုင်တဲ့ ပိုးမျိုးကွဲသစ်ပါ။
📌ကာကွယ်​ဆေးထိုးထားခြင်းက ​သေဆုံးနှုံးကို ​လျှော့ချ​ပေး​နေဆဲ ဖြစ်ပါတယ်။
📌အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ ထိုင်း၊ဘဂ်လား​ဒေ့ရှ်၊ အိန္ဒိယ၊တရုတ်၊စက်ာပူ မှာ ကူးစက်နှုန်းပြန်လည်မြင့်တက်နေတာကြောင့် မြန်မာပြည်မှ ပြည်သူများကို အထူး ဂရုစိုက်စေချင်ပါတယ်။

🦠ကိုဗစ်​ရောဂါ မျိုးကွဲ BA4 and BA5 တွင်​တွေ့နိုင်​သော​ရောဂါလက္ခဏာများ🦠

📌ဖျားခြင်း

📌အဆက်မပြတ်ချောင်းဆိုးခြင်း။

📌အသက်ရှုကြပ်ခြင်း။

📌မောပန်းခြင်းသို့မဟုတ်ပင်ပန်းနွမ်းနယ်ခြင်း။

📌ခေါင်းကိုက်ခြင်း။

📌 ခန္ဓာကိုယ်အနှံ့ကြွက်သားများနာကျင်ကိုက်ခဲခြင်း။

📌 လည်ချောင်းနာခြင်း

📌 နှာရည်ယိုနှာပိတ်ခြင်း။

📌 ဝမ်းပျက်ခြင်း

📌 ပျို့ခြင်းသို့မဟုတ်အော့အန်ခြင်း။

📌 အစာစားချင်စိတ်မရှိခြင်း။

📌 အနံ့ အရသာ​ပျောက်ခြင်းနှင့် ​ပြောင်းခြင်းများသည် ကိုဗစ်​ရောဂါလက္ခဏာများထဲမှ တခုဖြစ်​သော်လည်း အိုမီခရွန်မျိုးကွဲတွင် ​တွေ့ရခဲသည်။

👉သို့​သော် အယ်လ်ဖာ နှင့် ဒယ်တာမျိုးကွဲ​တွင် ၎င်း လက္ခဏာအား​အများဆုံး​တွေ့နိုင်သည်။

💥ကိုဗစ်မျိုးကွဲ ဘာပဲ လာလာ အနိုင်တိုက်နိုင်ဖို့ရာအတွက် သိပြီးသားလည်း ထပ်ပြီး မ​မေ့​မလျော့​ သတိ​ကပ်ကာ

✅အပြင်ထွက်တိုင်းmaskတပ်ဖို့
✅လူစုလူဝေးတွေရှောင်ပြီး
✅ကာကွယ်ဆေးထိုးဖို့နဲ့
✅လက်ကိုသေချာဆေးဖို့
✅ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ကြဖို့
✅အိပ်ရေးဝအောင်အိပ်ဖို့

🎀အကြံပြုရင်း ကျန်းမာ​အောင်​နေကြစို့လား 💪💪

🙏ကပ်ကြီးသုံးပါး​ဘေး​ဝေးကြပါ​စေ🙏


Credit to Happy Life Clinic.

👉📱 အိမ်သို့ပင့်၍ ကုသလိုပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

🕘 ဆေးခန်းဖွင့်ချိန် 🕖

မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်ပါသည် 🚫

☎ ဆက်သွယ်ရန်☎

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095017927, 09259911989
Page Cb/ Massenger



🇲🇲 “အာဇာနည်နေ့ တို့မမေ့” 🇲🇲💐၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၅) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။🏵 ၁၉၄၇ ခုနှစ်၊ ဇူ...
19/07/2022

🇲🇲 “အာဇာနည်နေ့ တို့မမေ့” 🇲🇲

💐၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ သည် (၇၅) ကြိမ်မြောက်အာဇာနည်နေ့ ဖြစ်ပါသည်။

🏵 ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဂါရဝပြုပါသည်။



15/07/2022

📌📌📌 တကျော့ပြန် ကိုဗစ်လေလား

နေ့စဉ် လူပေါင်း ၃ သောင်းကြား ကိုဗစ်ကူးစက်နေပြီး စက်တင်ဘာလမှာ အမြင့်ဆုံးရောက်လိမ့်မယ်လို့ ထိုင်းကျန်းမာရေးအာဏာပိုင်တွေပြောကြား

လာမယ့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ ကူးစက်မှု အရေအတွက်က စတင်မြင့်တက် လာဖွယ်ရှိမယ်လို့ ထိုင်းနိုင်ငံအာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်အနည်းငယ် ကဆိုပါတယ်။
နိုင်ငံတွင်း ကိုဗစ်ကူးစက်ခံရမှုအရေအတွက်ဟာဆိုရင် စက်တင်ဘာလမှာ အထွတ်အထိပ်သို့ ရောက်ရှိလာမယ်လို့ မျှော်လင့်ကြောင်း ကိုဗစ်စီမံခန့်ခွဲရေး ကျန်းမာရေးအာဏာပိုင် CCSA မှ ပြောကြားခဲ့ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရဲ့ နေ့စဉ် ကိုဗစ် ကူးစက်မှု လူနာအသစ်ဟာ ၂ သောင်းကနေ ၃ သောင်းကြားမှာ ရှိတယ်လို့ ကျန်းမာရေး ဒုတိယဝန်ကြီး ဆာသစ် ပီတူးတီချာက ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်း ကဆိုရင်လည်း ဆီရီလ ဆေးရုံက ဆရာဝန်တစ်ဦးမှာ ထိုင်းနိုင်ငံက ကိုဗစ် အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး လွန်ခဲ့တဲ့ သီတင်းပတ်က လူနာသစ် ၅ သောင်းကျော်ထိ ရှိလာခဲ့တယ်လို့ ပြောကြား ခဲ့ပါတယ်။

လူစည်ကားတဲ့နေရာတွေ သွားလာမှုကို ရှောင်ဖို့နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေ ကို လိုက်နာမယ်ဆိုပါက နေ့စဉ်ကူးစက်မှု အရေအတွက်က နိုဝင်ဘာလမှာ စပြီး ကျဆင်းသွား လိမ့် မယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ ဒ့ါအပြင် နှာခေါင်းစည်းတွေ ပြန်လည်ဝတ်ဆင်ကြဖို့ကို လည်း တိုက်တွန်းထားပါတယ်။

ဘန်ကောက်မှာဖြစ်ပွားနေတဲ့ အိုမိုက်ခရွန်မျိုးကွဲ BA.4, BA.5 တွေ ပြည်နယ်တွေဆီ ပျံ့နှံ့လိမ့်မယ်လို့ ဆေးသိပ္ပံဌာန ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်၊ ဆေးသိပ္ပံဌာနကနေ အိုမိုက်ခရွန် မျိုးကွဲ အသစ်ရဲ့ ပိုမိုပြင်းထန်တဲ့ ဖျားနာမှုကိုဖြစ်စေတဲ့ BA.4, BA.5 ရောဂါပိုးတွေအကြောင်း အစီရင်ခံထုတ်ပြန်ခဲ့ပြီး ယနေ့အထိ တွေ့ရှိရတဲ့ ရောဂါဖြစ်ပွားမှု အများစု ဟာ ဘန်ကောက်မြို့တော်မှာဖြစ်ကာ အခြားတိုင်းနယ်ပြည်နယ် ၇၆ ခုကိုလည်း ပျံ့နှံ့သွားဖွယ်ရှိ ကြောင်း ဆိုပါတယ်။

ရောဂါကူးစက်ခံရသူ ၇၅ ရာခိုင်နှုန်းမှာ အိုမိုက်ခရွန်မျိုးကွဲအသစ် BA.4, BA.5 တို့ ဖြစ်ကြောင်း အတည် ပြုထားတယ်လို့ ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆူပါကစ် စီရီလက်က ဆိုပါတယ်။ ဘန်ကောက်မြို့က စမ်းသပ်မှုမှာ ရောဂါဖြစ်ပွားမှုရဲ့ ၇၂ ရာခိုင်နှုန်းမှာ နောက်ဆုံးပေါ် မျိုးကွဲနှစ် မျိုးဖြစ်ပြီး ပြည်နယ်တွေမှာတော့ လက်ရှိဖြစ်ပွားမှုရဲ့ ၃၄.၇ ရာခိုင်နှုန်းသာရှိပါတယ်။

အိုမိုက်ခရွန် မျိုးကွဲအသစ်တွေမှာ ပိုမိုပြင်းထန်တဲ့ ဖျားနာမှုတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းကို ပြောကြားခဲ့ပြီး ကူးစက်ခံရသူတွေရဲ့ ၇၂ ရာခိုင်နှုန်း ကို ခွဲခြမ်းစိတ်ဖြာပြီးဖြစ်ကာ သူတို့တွေမှာ အပျော့စားလက္ခဏာတွေကို ခံစားကြရတယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း လူနာတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောင်ခြင်းနဲ့ အသက်ရှူစက်တွေ တပ်ထားရပြီး အချို့မှာ စိုးရိမ်ရကာ အချို့မှာတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရောဂါမျိုးကွဲအသစ် ၂ မျိုးကူး စက်ခံရမှုကို လူနာ ၇၇ ရာခိုင်နှုန်းမှာ စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။

Ref:thethaiger
#ဘန်ကောက်လမ်းညွန်ကိုစိုင်း

#ကိုဗစ်

04/07/2022

#သင်ကောဖျားနာခြင်းကိုခံစားနေရပြီလား

📌📌 မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုတ်ကွေးကြောင့် ခုတလော ဖျားနာတဲ့သူတွေ များလာတာကို တွေ့ရပါတယ်။

👨‍⚕️ ရာသီတုတ်ကွေးဆိုတာ ဘာလဲ 👨‍⚕️

ရာသီတုတ်ကွေး ဆိုတာ Influenza Virus ကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။

🤒 ရာသီတုတ်ကွေးလက္ခဏာများ 🤒

✅ ဖျားခြင်း (Fever)

✅ ခေါင်းကိုက်ခြင်း (Headache)

✅ ချမ်းတုန်ပြီး ချွေးထွက်ခြင်း (Chill and sweating)

✅ ကြွက်သားများ ကိုက်ခဲခြင်း ( Muscle Aching )

✅ ပင်ပန်းနွမ်းနယ်၊အားနည်းခြင်း (Weakness)

✅ နှာရည်ယို၊နှာပိတ်ခြင်း (Runny nose)

✅ လည်ပင်းနာခြင်း/ခြောက်ကပ်ခြင်း (Sore throat)

✅ ချောင်း‌ခြောက်ဆိုးခြင်း (Dry Cough)

🔶 အထက်ပါလက္ခဏာများ ခံစားရပါက 🔶

✨ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ

✨ အိပ်ရေးဝဝ အိပ်ပါ

✨ လုံလောက်စွာအနားယူပါ

✨ ရေများများသောက်ပါ

✨ အာဟာရပြည့်ဝစွာ စားသောက်ပါ

✨ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူပါ

👩‍⚕️👩‍⚕️ အိမ်သို့ပင့်၍ ကုသချင်ပါက ဖုန်းဖြင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင် 👩‍⚕️👩‍⚕️

☎ ဆက်သွယ်ရန် ☎

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095053801, 09259911989
Page Cb/ Massenger

🕘 ဆေးခန်းဖွင့်ချိန် 🕖

မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ

🛑 စနေနေ့တိုင်း ဆေးခန်းပိတ်သည်🛑



21/06/2022

သွေးလွန်တုတ်ကွေး ရောဂါအကြောင်း။
( Dengue Hemorrhagic Fever )
=====================
သွေးလွန်တုတ်ကွေးရောဂါ
ဆိုတာဘာလဲ ?
-------------------------
သွေးလွန်တုတ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိူးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိူးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

သွေးလွန်တုတ်ကွေးရောဂါဟာ
ဘာ့ကြောင့် ဖြစ်ရတာလဲ ?
-------------------------------
သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့် လူ၏ သွေးထဲ သို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိူးအစား လေး မျိူးရှိပါသည်။

ဘယ်လိုနည်းတွေနဲ့
ကူးစက်တတ်ပါသလဲ။
---------------------
သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။

ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ
ပြတတ်ပါသလဲ။
------------------------------------
သွေးလွန်တုတ်ကွေး ရောဂါတွင်
အဆင့် (၄)ဆင့် ရှိပါသည်။

အဆင့်(၁) သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။ လက်မောင်း တွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက် အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

အဆင့်(၂) တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များအန်ခြင်း၊ သွားဖုန်းသွေးယိုခြင်း ၊ နှာခေါင်းသွေး လျှံခြင်း၊ ၀မျးမညျးမညျးမြားသှားခွငျး များဖြစ်တတ်ပါသည်။

အဆင့်(၃) တွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

အဆင့် (၄) တွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့် သို့ ရောင်သွား တတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။

အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည် အထိ ဖြစ်တတ် ပါသည်။

အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။

ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ် ကို သေသေချာချာ ပြုစုစောင့် ကြည့် ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။ ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့် ပေါ့ဆ သွားတတ်ရာ အန္တရာယ် များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ် ပါက ဆေးရုံ သို့သာခေါ်ဆောင်သွားစေလိုပါသည်။

ဘယ်လိုလက္ခဏာတွေပြရင်
ကလေးကို ဆေးရုံတင်သင့်ပါသလဲ။
-------------------------------
ကလေးကိုယ် အရမ်းပူခြင်း ကိုယ်ပူ ရှိန်ကြောင့် ကလေး တက်သွား တတ်ပါသည်။ ကလေး အရမ်းမှိန်းခြင်း shock ရချင်သောလက္ခဏာဖြစ် ပါသည်။ ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မျးမညျးမညျးမြားသှားခွငျး ဖျားပြီး သွားဖုန်းသွေး ယြိုခင်းနှာခေါင်းသွေးလျှံခြင်း ...တို့ဖြစ်လျှင် ဆေးရုံ ပြသင့်ပါသည်။

ဘယ်အချက်တွေကို
ရှောင်ကြဉ်သင့်ပါသလဲ။
----------------------
၁/ ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ခြင်းက ကိုယ် ပိုပူလာတတ်သည်။

၂/ အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။

၃/ မက်ကလောင်ဖောက်ခြင်း မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုး၀င်ပြီး သွေးလွန်တုတ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူး ပါသည်။

၄/ အညိုရောင် ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် ကလေးသွေးအန် ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။

သွေးလွန်တုတ်ကွေးရောဂါ
မဖြစ်အောင်ကာကွယ်နိုင်ပါသလား။
-------------------------------
"Dengue Vaccine" သွေးလွန်တုတ်ကွေးကာကွယ်ဆေး မြန်မာပြည်တွင် မရ​သေးပါ။ " Flu Vaccine" ရိုးရိုး ရာသီတုတ်ကွေး ကာကွယ်ဆေး သာ ရရှိပါသေး သည်။

ထို့ကြောင့် ကလေးကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရ မည် ဖြစ်ပါသည်။

+++++++++++++++
Credit: ဇီ၀က (ဆေး-၂)


30/05/2022

👨‍⚕️👨‍⚕️ အထွေထွေရောဂါကု ဆရာဝန်များကိုယ်တိုင် တိုင်ပင်ဆွေးနွေးပြီး ထိုးပေးတာဖြစ်တဲ့အတွက် ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါသည်။

📲 ဖုန်းဖြင့် ကြိုတင် booking ယူပေးပါနော်

💉 💉 ရာသီတုပ်ကွေး ကာကွယ်ဆေး ၂၀၂၂

💁 မိုးရာသီတုပ်ကွေးကို ကာကွယ်ချင်ရင်တော့ မိုးမကျမှီမှာ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

💁 နောက်တစ်ချက်က flu vaccine ထိုးပြီးသားသူတွေ Covid19 ဖြစ်ရင်လည်း ရောဂါလက္ခဏာ
သိပ်မပြင်းထန်ကြောင်း သုသေတန တွေအရင်နှစ် တွေကတည်းက ရှိပြီးသားပါ။🙋

💁 ရာသီတုပ်ကွေးရောဂါရဲ့ ပြင်းထန်မှုအခြေအနေဟာ လူတစ်ဦးတစ်​ယောက်ချင်းစီရဲ့ ကိုယ်ခံအားအနည်းအများပေါ်မူတည်တာဖြစ်လို့ ကိုယ်ခံအားလည်းနည်းနေပြီး ကာကွယ်ဆေးမထိုးထားမိရင် ပြင်းထန်ရာသီတုပ်ကွေးအဆင့်သို့ ကူးပြောင်းကာ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ (Prevention is better than cure) 💯✅✅✅

👉ပုံမှန်ထက် ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ❓

✅ အသက် ၆၅ နှစ်အထက် လူကြီးများ

✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ

✅ ကျောင်းနေစအရွယ် ကလေးငယ်များ

✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ

✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ

✅ ကင်ဆာ ဝေဒနာရှင်များ

✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ

✅ အဆုတ်ရောဂါ ဝေဒနာရှင်များ

✅ ဆေးလိပ်သောက်သုံးသူများ

✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ

✅ ကျန်းမာရေးဝန်ထမ်းများလည်း
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

✅ Vaxigrip Tetra 2022 ဆေးအမျိုးအစားအတွက် -

👉 အသက် ၆ လ အောက် ကလေးငယ်များကို ထိုးနှံ၍ မရပါ။

👉 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား❓

💁 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

💁 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။

👉 တုပ်​ကွေးကာကွယ်​ဆေးထိုးပြီး ချက်ချင်းအာနိသင် ရနိုင်ပါသလား❓

☑ Flu vaccines (ရာသီတုပ်ကွေး ကာကွယ်ဆေး)
ထိုးရင် ရောဂါကာကွယ်တဲ့ အာနိသင်ရဖို့အချိန်
၂-၄ ပတ်ကြာပါတယ်။ ဆေးထိုးပြီး ၃-၄ လအကြာမှာ peak immunity ကိုရပြီး တုပ်ကွေးရောဂါပိုးကိုအများဆုံး ကာကွယ်ပေးမှာပါ။

☑ ရာသီတုပ်ကွေးကာကွယ်ဆေးဟာ ထိုးပြီး ၈လခန့်အထိ ကာကွယ်ပေးနိုင်တာကြောင့် တုပ်ကွေးကာလတစ်ခုလုံးအတွက် တစ်ကြိမ်သာထိုးဖို့လိုအပ်ပါတယ်။

💁 ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်တိုင်းထိုးပေးသင့်လား❓

🦠 ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုးဟာ တစ်နှစ်နဲ့တစ်နှစ်ဗီဇအသွင်မတူဘဲ အမြဲပြောင်းလဲနေတတ်တာကြောင့် နှစ်တိုင်းရာသီတုပ်ကွေးကာလနီးလာရင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။ မနှစ်ကထိုးထားခဲ့တဲ့ ကာကွယ်ဆေးဟာ ယခုနှစ် ရာသီတုပ်ကွေးပိုးအတွက် ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

💁 ဘယ်လိုကာကွယ်ဆေးအမျိုးအစားကိုထိုးသင့်ပါလဲ❓

☑ Vaxigrip tetra , Influvac tetra အစရှိတယ့် Tetra ပါတယ့်​လေးမျိုးစပ် ကာကွယ်​ဆေးတစ်မျိုးမျိုး ကိုထိုးထားခြင်း​ကြောင့် H1N1, H3N2 တို့အပါအဝင် တုပ်ကွေးပိုး ၄မျိုးစလုံးကို ဆေးတစ်လုံးထိုးရုံနဲ့ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

💁 ကာကွယ်ဆေးထိုးထားရင် တုပ်ကွေးရောဂါကို ဘယ်လောက်ထိကာကွယ်ပေးနိုင်မှာလဲ❓

💉ကာကွယ်ဆေးထိုးထားခြင်းဟာ ရာသီတုပ်ကွေးရောဂါကူးစက်မှုကို ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာမျိုးမဟုတ်ပေမယ့် ပြင်းထန်တုပ်ကွေးအဆင့်သို့ မကူးပြောင်းသွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ခံအားနည်းနေသူတွေမှာဆိုရင် တုပ်ကွေးရောဂါဟာ အသက်သေဆုံးခြင်းထိ ဖြစ်စေနိုင်တာမို့ ရောဂါပိုးကိုအထင်သေးပြီး ပေါ့ပေါ့ဆဆမနေဘဲ ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

💁 ရာသီတုပ်ကွေးကာကွယ်ဆေးက ဆိုးကျိုးတွေရှိနိုင်လား❓

ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပြီးချိန်မှာ အနည်းငယ်ဖျားတာ၊ နုံးတာ၊ ထိုးထားတဲ့နေရာတစ်ဝိုက်နာကျင်တာ စတာတွေခံစားရတတ်ပါတယ်။

💁 အနည်းငယ် နေမကောင်းသည့်အချိန်တွင် ရာသီတုပ်ကွေး ကာကွယ်ဆေးများ ထိုးနှံ၍ ရပါသလား❓

❌ 🙅‍♀️မထိုးသင့်ပါ။ လုံးဝ နေပြန်ကောင်းလာပြီးမှ ကာကွယ်ဆေးများ ထိုးနှံသင့်ပါသည်။



ဆေးခန်းဖွင့်ချိန်
မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ

ဆက်သွယ်ရန်
ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095017927, 09259911989
Page Cb/ Massenger



27/05/2022
🙏🙏 မင်္ဂလာပါရှင် 🙏🙏🌞 ထွန်းတောက် အထွေထွေရောဂါကုဆေးခန်းကို 📌 အပတ်စဥ် တနင်္ဂနွေပိတ်ရက်အစား ✅ စနေနေ့ကို ပုံမှန်အပတ်စဥ်ပိတ်ရက...
27/05/2022

🙏🙏 မင်္ဂလာပါရှင် 🙏🙏

🌞 ထွန်းတောက် အထွေထွေရောဂါကုဆေးခန်းကို

📌 အပတ်စဥ် တနင်္ဂနွေပိတ်ရက်အစား

✅ စနေနေ့ကို ပုံမှန်အပတ်စဥ်ပိတ်ရက်အဖြစ်

ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အသိပေးအပ်ပါတယ်ရှင်။

🕘 ဆေးခန်းဖွင့်ချိန် 🕖

မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
ညနေ ၄ နာရီ မှ ည ၇ နာရီ
🚫 စနေနေ့တိုင်း ဆေးခန်းပိတ်သည် 🚫

☎ ဆက်သွယ်ရန်☎

ထွန်းတောက် အထွေထွေရောဂါကု ဆေးခန်း
အခန်း ၀၀၂၊ တိုက် (၈) ၊ A - 3 လမ်း၊ ယုဇနဥယျာဥ်မြို့တော်၊ ဒဂုံဆိပ်ကမ်း။
Ph no - 095017927, 09259911989
Page Cb/ Massenger


Address

No. 002/8, A-3 Street, Yuzana Garden City Housing, Dagon Seikkan Township
Yangon

Opening Hours

Monday 09:00 - 12:00
16:00 - 19:00
Tuesday 09:00 - 12:00
16:00 - 19:00
Wednesday 09:00 - 12:00
16:00 - 19:00
Thursday 09:00 - 12:00
16:00 - 19:00
Friday 09:00 - 12:00
16:00 - 19:00
Sunday 09:00 - 12:00
16:00 - 19:00

Telephone

+9595053801

Website

Alerts

Be the first to know and let us send you an email when Tun Tauk Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram