Lotaya Rakuraku UCII

Lotaya Rakuraku UCII Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lotaya Rakuraku UCII, Medical and health, No. 529B , No3 Main Road , Mingalardon Township, Yangon.

Undenatured Collagen type II (UC-II) can support joints in ageing and be equally effective in preventing or reducing further damage caused by wear and tear due to daily activities and strenuous exercises by slowing down cartilage degradation and promoting

ကော်လဂျင်(Collagen)************************ကော်လဂျင် ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အ...
10/03/2025

ကော်လဂျင်(Collagen)
************************

ကော်လဂျင် ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen တွေပါ။ Greek စကားလုံးဖြစ်တဲ့ kolla (glue) နဲ့ French စကားလုံး gen (producing) ဆိုတာကို ပေါင်းစည်းရာမှ ၁၉ ရာစု အလယ်လောက်ကစပြီး collagen လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။Collagenဆိုတာ လူတိုင်းအတွက် တကယ့် ကိုမရှိမဖြစ် လိုအပ်တဲ့ Protein အမျိုးအစားတစ်ခုဖြစ်ပါတယ်။မိန်းကလေးသာမက ယောကျာ်းလေးတွေပါ အသက် ၂ဝကျော်ရင် Collagen ဓာတ်ဆုံးရှုံးလို့ အသားရေ နှင့် ခန္ဓာကိုယ် အရိုးအဆစ်တွေ ပျက်စီးစေပါတယ်။

ကော်လာဂျင်က သူရောက်နေတဲ့ နေရာ ပေါ်လိုက်ပြီး တည်ဆောက်ပုံကြာရှည်ခံဖို့၊ တင်းရင်းဖို့ ကို စွမ်းဆောင်ပေးတာပါ။ နှိုင်းရရင် ဘိလပ်မြေလိုပေါ့။ collagen ရှိနေရင် အားလုံး တင်းတင်းရင်းရင်း ဖြစ်နေတဲ့ အတွက် နုပျိုခြင်းရဲ့ အုတ်မြစ် (foundation of youth) လို့တောင် တင်စားထားရပါတယ်။

မြန်မာမှာတော့ Type -I နဲ့ Type -II ကို အဓိကအားဖြင့် အသုံးများကြပါတယ်။

->ကော်လဂျင်အမျိုးအစား (၁)က

အရေပြားက အရေပြား တင်းရင်းမှုရှိအောင် …အရေးအကြောင်းတွေမဖြစ်အောင်…ချွေးပေါက်တွေကျယ်မလာအောင် …ဆံပင်တွေ ကျွတ်လွယ် ကျိုးလွယ်ဖြစ်မလာအောင် …ဆံပင်အသစ်ထွက်နှုန်းလည်း နှေးမသွားအောင်…
လက်သည်းခြေသည်းတွေ ကျွတ်ဆတ်ပြီး ကျိုးမလွယ်အောင် လုပ်ဆောင်ပေးပါတယ်။

->ကော်လဂျင်အမျိုးအစား (၂) ကတော့

အရိုးအဆစ်ကြားက အရိုးနုပြားလေးတွေ၊အရွတ်တွေ အသပ်အရွယ်ရလာလို့ လှုပ်ရှားမှုများလာတာနဲ့အမျှ ပါးလာ ပျက်စီးလာတာကို တားစီးပေးပြီး အသစ်ပြန်လည် ဖြစ်ပေါ်လာဖို့လည်း တွန်းအားပေးပါတယ် ။

Collagen ကို ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်ပေးပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ထုတ်လုပ်မှု လျော့ကျလာပြီး ယိုယွင်းလာပါတယ်။ အသက် ၂၅ ကျော်လာရင် ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1% နှုန်းနဲ့ ကျလာပါသတဲ့။ အဲဒီ အတွက် collagen များများပါတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်စာတွေကိုစားသုံးဖို့ လိုလာပါတယ်။ collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။သဘာဝ အတိုင်း collagen ပါဝင်မှု မြင့်မားတဲ့ အစားအစာ တွေကတော့ ပင်လယ်ငါး၊ ကမာ ၊ ပဲပုပ်ပဲ ၊ စားတော်ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေ ၊ ရောင်စုံငရုတ်ပွ နဲ့ အရိုးပြုတ်ရည် တို့ဖြစ်ပါတယ်။

(ကော်လဂျင် 5 မျိုး ရှိတဲ့ အထဲမှာမှ လာခူလာခူ ယူစီတူ ပရီမီယမ်လေးက Type II Collagen ပါဝင်တဲ့ ဖြည့်စွက်စာလေးဖြစ်လို့ အရိုး၊အဆစ်၊အရွတ်၊ဂျိုင်းလ်ဆက်၊ ချဉ်ဆီများကို အကောင်းဆုံး ပြန်လည် ဖြည့်စွက်ကောင်းမွန်စေမှာပါ)

🚛 မှာယူလိုပါက ရန်ကုန်မြို့တွင်းဆို လူကြီးမင်းတိူ့ အိမ်အရောက် ပို့ဆောင်ပေးပြီး အခြားမြို့များကိုတော့ ကားဂိတ်အထိ ပို့ဆောင် ပေးနေပါတယ် အသေးစိတ်သိရှိလိုသည်များရှိပါ

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ်

07/03/2025

✨Customer Review✨

ဆရာတော် ဦးတေဇနိယ၏ လာခူလာခူ လေးကို သောက်သုံးပြီးနောက် ပြန်လည်ဝေမျှမှု။

အရိုးအဆစ် အရွတ် ဒူးနာ ခါးနာ ဝေဒနာများအတွက် ဘေးထွက်ဆိုးကျိုး ကင်းကင်းနဲ့ လျင်မြန်စွာသက်သာပျောက်ကင်းစေမယ့် #လာခူလာခူယူစီတူးပရီမီယမ်

🚛 မှာယူလိုပါက ရန်ကုန်မြို့တွင်းဆို လူကြီးမင်းတိူ့ အိမ်အရောက် ပို့ဆောင်ပေးပြီး အခြားမြို့များကိုတော့ ကားဂိတ်အထိ ပို့ဆောင် ပေးနေပါတယ် အသေးစိတ်သိရှိလိုသည်များရှိပါ

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ်

— “ သွေးတိုးရှိသူများ အစာ ရှောင်နည်း “ —◾️မှန်ကန်သော အစားအသောက်များကို မှီဝဲ စားသုံးခြင်းသည် သွေးတိုးရှိသူများ (သို့) သွ...
05/03/2025

— “ သွေးတိုးရှိသူများ အစာ ရှောင်နည်း “ —

◾️မှန်ကန်သော အစားအသောက်များကို
မှီဝဲ စားသုံးခြင်းသည်
သွေးတိုးရှိသူများ (သို့)
သွေးတိုး စဖြစ်ကာစသူများအတွက်
အလွန် အရေးကြီးပါသည် .
ဒါကြောင့် …
❌ရှောင်ကြဉ်သင့်သော အစားအစာများ
⚠️အသင့်တင့်စားသုံးနိုင်သော အစားအစာများ
✅နေ့စဉ်စားသုံးနိုင်သော အစားအစာများ
အကြောင်းကို ဥပမာပြု၍ ရေးသားလိုက်ပါတယ် ခင်ဗျာ..
❌ ရှောင်ကြဉ်သင့်သော အစားအစာများ
အငန်ကဲသော ငါးခြောက်
အငန်ကဲသော ငါးပိ
မြေပဲဆားလှော်
မလိုင်ပြည့် နွားနို့
အာလူးကြော်
ဆားလှော်နေကြာစေ့
ဆော်ဒါပါသော အချိုရည်များ
ဆား (တစ်ရက်လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထက် မပိုရန်)
ဘဲဥဆားစိမ်
ဝက်ဆီ
အမဲဆီ
ပုံပြောင်းဆီ (Trans fat)
ဆားရည်စိမ် အသီးအရွက်
ဆားငံသီး
ငံပြာရည်ချက်
⚠️ အသင့်တင့် စားနိုင်သော အစားအစာများ
အဆီနည်း ဝက်သား
အဆီနည်း အမဲသား
အဆီနည်း ဆိတ်သား
ငါးသတျတော
မိုင်လို/အိုဗာတင်း
အသီး ဖျော်ရည်
ထောပတ်
အချိုပွဲ
ချောကလက်
ရေခဲမုန့်
✅ နေ့စဉ် စားသုံးနိုင်သော အစားအစာများ
ဂေါ်ဖီထုပ်
ငါးအမျိုးမျိုး
ဆယ်လမွန်ငါး
သစ်ကြားသီး
ကြက်သား (ကြက်အရေခွံ မပါ)
ပုဇွန်
ပုဇွန်ဆိတ်
ပဲအမျိုးမျိုး
သခွါးသီး
ဂရိပ်ဖရုသီး
စပျစ်သီး
ထောပတ်သီး
မုန်လာဥနီ
ငှက်ပျောသီး
ဘယ်ရီသီး
လိမ္မော်သီး
တရုတ်ဆီးသီး
သစ်တော်သီး
ကန်စွန်းရွက်
ဟင်းနုနွယ်
ကိုက်လန်
မုန်လာပန်း
မလိုင်ဖယ် နွားနို့
ဘိုစားပဲ
ပန်းသီး
ဗာဒံစေ့
ခရမ်းသီး
ငါးရုတ်ပွ
ခရမ်းချဉ်သီး
ပန်းမုန်လာ
စမုန်ဖြူ
သီးရွက်စုံဆီ
ပဲဆီသန့်
သံလွင်ဆီ
ဒိန်ချဉ်
ကွကျဥ

———
လေးစားစွာဖြင့်
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)

အရိုးအဆစ်တွေ ပြန်လည်ကောင်းမွန်တာ မြန်ဆန်ဖို့ လာခူလာခူလေး သောက်သုံးကြည့်နော်~အရိုးအဆစ်နာဝေဒနာ (Joint Pain)အရိုးအဆစ်နာသည် ...
03/03/2025

အရိုးအဆစ်တွေ ပြန်လည်ကောင်းမွန်တာ မြန်ဆန်ဖို့ လာခူလာခူလေး သောက်သုံးကြည့်နော်~

အရိုးအဆစ်နာဝေဒနာ (Joint Pain)
အရိုးအဆစ်နာသည် အဆစ်များတွင် နာကျင်မှု၊ နာလန်ထန်မှု (inflammation) ဖြစ်စေသော ပြသနာတစ်ခုဖြစ်ပါတယ်။

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ

အသက်ကြီးရင့်လာမှု – အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးနှင့် အဆစ်များအားနည်းလာခြင်း။

အရိုးနှင့်အဆစ်ပွ (Osteoarthritis) – အဆစ်ခေါင်းရှိ အရည်လွှာ (cartilage) ပါးသွားခြင်း။

အဆစ်ရောင်ရမ်းခြင်း (Rheumatoid Arthritis) – ကိုယ်ခံစွမ်းအားစနစ်မှ အမှားဖြစ်၍ ကိုယ့်အဆစ်ကိုတိုက်ခိုက်ခြင်း။

အသံတိတ်အန္တရာယ် (Injury) – အရိုးကျိုးမှု၊ အဆစ်ထွက်မှုများဖြစ်ခြင်း။

ကိုယ်အလေးချိန်ပိုများခြင်း – ကိုယ်အလေးချိန်ကြောင့် အဆစ်များအပေါ်ဖိအားများလာခြင်း။

တိုက်တူးကော်လဂျင် (Type II Collagen)

Type II Collagen သည် အဆစ်ခေါင်းရှိ cartilage တွင် အဓိကပါဝင်သော ပရိုတိန်း (Protein) တစ်ခုဖြစ်သည်။ အဆစ်များကို ပံ့ပိုးပေးပြီး ယူကြည် (elasticity) နှင့် ခံနိုင်ရည် (strength) ကို တိုးစေနိုင်ပါတယ်။

အကျိုးကျေးဇူးများ
✅ အဆစ်ပွနာ (Osteoarthritis) လျော့ချနိုင်သည် – Type II Collagen သည် အဆစ်အတွင်းရှိ cartilage ကို ပြုပြင်ပေးနိုင်ပါတယ်။

✅ အဆစ်ရောင်ရမ်းခြင်းကို လျော့ချပေးနိုင်သည် – ကိုယ်ခံစွမ်းအားစနစ်မှ အဆစ်ကိုမတိုက်ခိုက်စေသည့် အားထားစနစ်ကို (immune tolerance) ဖြည့်ပေးနိုင်ပါတယ်။

✅ အဆစ်များကို တင်းရင်းကောင်းမွန်စေသည် – Collagen တိုးလာခြင်းကြောင့် အဆစ်များ ပိုမို တင်းရင်းလာခြင်း။

✅ နာကျင်မှု လျော့ကျစေသည် – အဆစ်ရောင်ရမ်းမှု (inflammation) ကို သက်သာစေခြင်း။

အဆစ်နာဝေဒနာရှိသူများအတွက် အကြံပြုချက်
✔️ အာဟာရမှန်ကန်စွာစားပါ။

✔️ သင့်တင့်သော လေ့ကျင့်ခန်း (Stretching, Yoga) ပြုလုပ်ပါ။

✔️ ကိုယ်အလေးချိန်ထိန်းပါ။

✔️ Type II Collagen ပါဝင်သော အစားအစာများ စားပါ။

✔️ ဆရာဝန်၏ အကြံပြုချက်များလိုက်နာပါ။

👌Rakuraku UCII Premium
အကောင်းဆုံးကျန်းမာရေးအတွက် Type II Collagen ပါဝင်သော လာခူလာခူ ယူစီတူး ပရီမီယမ် ဖြည့်စွက်စာလေးကို တစ်နေ့တစ်လုံး သောက်သုံးရုံဖြင့် နာကျင်ကိုက်ခဲမှုများ ကင်းဝေးပြီး အမြန်ဆုံး သက်သာပျောက်ကင်းစေမှာပါ။

🤙သုညကိုး -250290ငါးငါးကိုး

#အရိုးအဆစ်နာ #ဒူးနာ #ခါးနာ

အဝလွန်တဲ့သူတွေမှာ ဘာကြောင့် ဒူးနာလေ့ရှိတာလဲ?အသက်အရွယ်ရလာတဲ့အခါ လမ်းလျှောက်ရင်၊ လှေကားတက်ဆင်းလုပ်ရင် ဒူးနာတာဟာ သဘာဝပါပဲ။ ...
26/02/2025

အဝလွန်တဲ့သူတွေမှာ ဘာကြောင့် ဒူးနာလေ့ရှိတာလဲ?

အသက်အရွယ်ရလာတဲ့အခါ လမ်းလျှောက်ရင်၊ လှေကားတက်ဆင်းလုပ်ရင် ဒူးနာတာဟာ သဘာဝပါပဲ။ ဒါပေမဲ့ အဝလွန်သူတွေနဲ့ ကိုယ်အလေးချိန် များသူတွေမှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဒူးနာနေတာကို တွေ့ရပါတယ်။ ကိုယ်အလေးချိန်များသူတွေဟာ ဘာကြောင့်ပိုပြီး ဒူးနာရတာလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။

ပုံမှန်ဆိုရင် ဒူးဆစ်ရိုးနှစ်ခုကြားမှာရှိတဲ့ အရိုးနုဟာ အရိုးနှစ်ခု ပွတ်တိုက်တဲ့အခါ ထိခိုက်ပွန်းပဲ့မှုမရှိအောင် ကြားခံအနေနဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတဲ့အခါ ဒီအရိုးနုဟာ တဖြည်းဖြည်း ပျက်စီးလာတာကြောင့် ဒူးဆစ်ကိုလှုပ်ရှားလိုက်တိုင်းမှာ ဒူးနာရတာပါ။ တခြားအဆစ်တွေမှာလည်း ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်အလေးချိန်ကို အဓိက ထောက်ကန်ထားပေးရတာက ဒူးဆစ်ဖြစ်နေတာကြောင့် ဒူးနာတာဟာ ပိုပြီးအဖြစ်များရတာပါ။

တကယ်တော့ ဘယ်ရောဂါမဆိုဟာ မဖြစ်ခင်တည်းက ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။ ဒါကြောင့် မိမိတို့အနေနဲ့ ကိုယ်အလေးချိန်များတယ်ဆိုရင်တော့ ...
• ကိုယ်ခန္ဓာအညွှန်းကိန်း (BMI) ကို ပုံမှန်ထဲဝင်နေအောင် ထိန်းသိမ်းပါ။ အရွယ်ရောက်ပြီးသူတွေမှာ ပုံမှန်ရှိသင့်တဲ့ BMI ကတော့ 18.5 -24.9 kg/m2 ပဲ ဖြစ်ပါတယ်။
• အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပြုလုပ်ပေးပါ။

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုသာ စားသောက်ပေးပါ။
credit : Dr. Aye Hsu Mon

အရိုးအဆစ်တွေကို ကြိုတင်ကာကွယ်ဖို့နဲ့ မြန်မြန်သက်သာပျောက်ကင်းဖို့အတွက်ဆို လာခူလာခူ ဖြည့်စွက်စာလေး ရှိပါတယ်။

🤙သုညကိုး-250290ငါးငါးကိုး

#လာခူလာခူ #ဒူးနာ #အရိုးအဆစ်

အဆစ်ရောင်နာ (Arthritis) အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရ...
21/02/2025

အဆစ်ရောင်နာ (Arthritis)

အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆစ်ရောင်နာတွေထဲမှာ အဆစ်တွေ ရောင်ရမ်းတာ၊ ကျိုးတာမျိုးတွေ ပါဝင်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အဆစ်တွေမှာ လှုပ်ရှားမှု လုပ်တဲ့အဆခါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။

(Arthritis) ဆိုတာ အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။

အဆစ်ရောင်နာက များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပေမယ့် အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေး အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။

အဆစ်ရောင်နာကို ကာကွယ်လို့ ရလား ……
အဆစ်ရောင်နာခံစားရနိုင်ခြေကို လျှော့ချချင်တယ်ဆိုရင်

ဆေးလိပ် နဲ့ ဆေးရွက်ကြီးကို ရှောင်ပါ
ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုပဲ လုပ်ပါ
ကျန်းမာနဲ့ ကိုယ်အလေးချိန် ထိန်းပါ
အဆစ်တွေ ထိခိုက်နိုင်ခြေကို တတ်နိုင်သမျှ လျှော့ပါ။

အရိုး အဆစ် အရွတ် ဂျိုင်းဆက် ချဉ်ဆီတွေကို ပြန်လည် ဖြည့်စွက်ဖို့ အဆစ်အမြစ်တွေမှာ နာကျင် ကိုက်ခဲတာတွေ သက်သာ ပျောက်ကင်းစေဖို့ လာခူလာခူ ယူစီတူး ပရီမီယမ် ဖြည့်စွက်စာလေး သောက်သုံးပေးနိုင်ပါတယ်။

=> မှာယူလိုပါက ရန်ကုန် အိမ်အရောက် အခြားမြို့များ ကားဂိတ်အထိ ဝန်ဆောင်ခ အခမဲ့နဲ့ ပို့ပေးပါတယ်။

🤙သုညကိုး -250290ငါးငါးကိုး

အရိုး အဆစ် ဂျိုင်းဆက် ဝေဒနာများ ကင်းဝေကြပါစေ.....

✔ခံစားရခက်တဲ့ ဒူးအတွင်း အသံမြည်ခြင်း✔လမ်းလျောက်လျင် နာကျင်ခြင်း✔အထိုင်အထ၊လှေကားအတက်အဆင်း အဆင်မပြေခြင်း✔ဒူးရွတ်စုတ်ခြင်း၊...
19/02/2025

✔ခံစားရခက်တဲ့ ဒူးအတွင်း အသံမြည်ခြင်း

✔လမ်းလျောက်လျင် နာကျင်ခြင်း

✔အထိုင်အထ၊လှေကားအတက်အဆင်း အဆင်မပြေခြင်း

✔ဒူးရွတ်စုတ်ခြင်း၊အရွတ်ကြတ်ခြင်း

✔ဒူးကျီးပေါင်း

✔အတက်ထွက်ခြင်း၊ဂေါက်ဖြစ်ခြင်း

✔ခါးကျီးပေါင်းနှင့် လေးဘက်နာ

✔အာရုံကြောနှင့် ဂျိုင်လ်းဆက်များ

✔အဆစ်ရောင်၊အရိုးပွဝေဒနာများအတွက် ကြာရှည်စွာ မခံစားပါနဲ့။
အိမ်တွင်းသမားတော် လာခူလာခူ ပရီမီယမ်နှင့်တွေ့ကြည့်ပါ။

ဆက်သွယ်ရန် 🤙သုညကိုး-250290ငါးငါးကိုး

#လိုတရ #ဖြည့်စွက်စာ

ဒူးနာနေရင် သတိထား!!!ဒူးနာဝေဒနာကို လူကြီးလူငယ်မရွေး ခံစားရလေ့ရှိပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခ...
18/02/2025

ဒူးနာနေရင် သတိထား!!!

ဒူးနာဝေဒနာကို လူကြီးလူငယ်မရွေး ခံစားရလေ့ရှိပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ ဒူးနာဝေဒနာကို ခံစားရပါက လျစ်လျူမရှုသင့်ပါဘူး။
ပြင်းထန်တဲ့ ဒူးနာဝေဒနာဟာ နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်နိုင်တာကြောင့် ဒူးနာဝေဒနာကို ခံစားရသူတိုင်း ဆရာဝန်နှင့် သေချာစစ်ဆေးပြီး ဒူးနာရတဲ့အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။
ဒူးဟာ ပေါင်နှင့် ခြေသလုံးကြားမှာရှိတဲ့ အဆစ်ဖြစ်တဲ့အတွက် ခြေထောက်ကွေးညွတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ လှည့်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရာတွင် အထောက်အပံ့ပေးခြင်း၊ ခန္ဓာကိုယ်တည့်မတ်အောင် ထိန်းကျောင်းပေးခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒူးကို သူ့အလုပ် သူလုပ်နိုင်အောင် အရိုးနှင့် အရိုးနု၊ ကြွက်သား၊ အရွတ်၊ အကြော စတဲ့ အစိတ်အပိုင်းတွေ ကူညီဆောင်ရွက်ပေးပါတယ်။ ၎င်းအစိတ်အပိုင်းတွေမှာ ဒဏ်ရာရပါက ဒူးနာဝေဒနာကို ခံစားရနိုင်ပါတယ်။
ဒူးနာဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းတွေကို အဓိကအားဖြင့် ထိခိုက်ဒဏ်ရာ၊ ရောဂါပိုးကူးစက်ခံရခြင်း၊ ဇီဝကမ္မဖြစ်ပျက်မှုဆိုင်ရာပြဿနာ၊ တွယ်ဆက်တစ်သျှူးဆိုင်ရာ ပြဿနာတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။

1. ဒူးအရွတ်ထိခိုက်ဒဏ်ရရခြင်း
ဒူးဟာ အထိခိုက်ခံရဆုံး အဆစ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အားကစားသမားတိုင်း တစ်ခါမဟုတ်တစ်ခါ နာကျင်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ထိုသို့ နာကျင်ရခြင်းမှာ ဒူးရှိအရွတ်များ စုတ်ပြဲ၍ဖြစ်စေ၊ ပြတ်၍ဖြစ်စေ ဆွဲဆန့်လွန်းသဖြင့် ဒဏ်ပိ၍ဖြစ်စေ၊ နာကျင်မှုဖြစ်နိုင်ပါတယ်။ အရွတ်ပြတ်ခြင်း (သို့) အရွတ်နာကျင်ခြင်းမှာ ချက်ခြင်းဖြစ်နိုင်သလို တဖြည်းဖြည်းချင်းလည်း ဖြစ်နိုင်ပါတယ်။

ဒူးဆစ်ရှေ့ရှိ ဂုံညှင်းရိုးတွယ်အရွတ် (Patellar ligament) ဟာ ခြေထောက်ကို အင်တိုက်အားတိုက် အသုံးပြုရာမှဖြစ်စေ၊ ခြေထောက်ဖြင့် အကန်ခံရ၍ဖြစ်စေ၊ တက်နင်းခံရ၍ဖြစ်စေ အရွတ်ပြတ်တတ်ပါတယ်။ အရွတ်ပြတ်လျှင် နာကျင်မှုကို အလွန်အမင်းခံရပြီး ပုံလဲကျနိုင်ပါတယ်။ အရွတ်ပြတ်ကြောင်း သိရပါက ချက်ချင်း အနားယူပြီး ဆရာဝန်နှင့် သေချာစွာပြသပါ။

2. ဒူးအရွတ်ဖုံး အရည်အိတ်ရောင်ခြင်း (Knee Bursitis)
ဒူးအတွင်းထဲမှာရှိတဲ့ အရည်အိတ်က အရွတ်ကို အရိုးနှင့် မထိခိုက်စေရန် ကူရှင်သဘောမျိုး ကာထားပေးတာ ဖြစ်ပါတယ်။ ဒူးအရှေ့ပိုင်း ထိခိုက်ခံရ၍ဖြစ်စေ၊ ဒူးအရွတ်ရောင်ရမ်း၍ဖြစ်စေ၊ ဒူးထောက်တဲ့အကြိမ်ရေများ၍ဖြစ်စေ အရွတ်ဖုံး အရည်အိတ်ဒဏ်ရာရပြီး ဒူးဆစ်ရောင်ရမ်းခြင်း၊ ပူခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။
အရွတ်ဖုံး အရည်အိတ်ရောင်ရမ်းပါက အနားယူပါ။ ရေခဲတင်ခြင်း၊ ပတ်တီးစည်းခြင်း၊ ဒူးကို နှလုံးအထက်ရောက်အောင် မြင့်တင့်ခြင်းတို့ကို ပြုလုပ်ပေးပါ။ အရောင်ကျစေသော ဆေးဝါးများ (NSAID) အသုံးပြုနိုင်ပါတယ်။ ပြင်းထန်ပါက စတီးရွိုက်ထိုးဆေးထိုးဖို့ လိုအပ်ပါတယ်။

3. သွေးလေးဖက်နာ (Rheumatoid Arthritis) ကဲ့သို့သော တွယ်ဆက်တစ်သျှူးဆိုင်ရာ ရောဂါများရှိခြင်း
Rheumatoid Arthritis ကဲ့သို့သော လေးဘက်နာဆန်တဲ့ အဆစ်ရောင်ရောဂါဟာ အဆစ်များရဲ့အမြှေးပါးတွေကို ထိခိုက်စေတာကြောင့် ဒူးဆစ်များ နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ရောဂါဖြစ်ရသော အကြောင်းရင်းများ တိတိကျကျမရှိဘဲ Autoimmune မိမိဆဲလ်ကို မိမိဘာသာ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ လက်ချောင်းများ၊ လတ်ကောက်ဝတ်များရှိ သေးငယ်တဲ့အရိုးများမှာ စဖြစ်လေ့ရှိပြီး မကုသဘဲထားပါက အဆစ်အမြစ်များပုံပျက် ချွတ်ယွင်းသည်အထိ ဖြစ်နိုင်ပါတယ်။

4. ဂေါက်ရောဂါ
သွေးထဲတွင် ယူရစ်အက်ဆစ် (Uric Acid) ဓာတ် များပြားလာခြင်းကြောင့် ရိုးဆစ်များ နာကျင်ရောင်ရမ်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မကြာခဏပင် နာကျင်မှုကို ပြင်းထန်စွာ ခံစားရလေ့ရှိပြီး အကွေးအဆန့်ကို လိုအပ်သလို လှုပ်ရှားလို့မရတာတွေ ဖြစ်လာနိုင်ပါတယ်။
နာကျင်မှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးဝါးများ မှီဝဲနိုင်ပြီး သွေးတွင်းရှိ ယူရစ်အက်ဆစ်ကို လျော့နည်းစေတဲ့ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါတယ်။

5. ရောဂါပိုးကူးစက်ခံရခြင်း
သာမန်ပွန်းပဲ့နာတစ်ခုကို မကုသဘဲထားပါက အရေပြားအောက်မှာ ဘက်တီးရီးယားရောဂါ ပိုးကူးစက်ခံရပြီး အလွန်အမင်း နာကျင်ခြင်း၊ နီးမြန်းရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခြင်းဟာ ဒူးမှတစ်ဆင့် ပြန်ရည်နှင့်သွေးစီးကြောင်း အပါအဝင် အခြားသောနေရာများသို့ ပျံ့နှံ့သွားနိုင်တာကြောင့် ထိရောက်တဲ့ကုသမှု မခံယူပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် Septic Arthritis ကဲ့သို့သော ဒူးဆစ်များတွင် ရောဂါပိုးဝင်ရောက်ခြင်းကို ထိရောက်စွာ မကုသပါက ဒူးရှိ အရိုးနုများကို ထာဝရပျက်စီးစေနိုင်ပါတယ်။

Crd : Dr. Htet Htet Aung

Lotaya Rakuraku UC II Premium  ( Made In Japan)----------------------------------------------------------------📲 သုညကိုး...
15/02/2025

Lotaya Rakuraku UC II Premium ( Made In Japan)
----------------------------------------------------------------
📲 သုညကိုး-40770လေးရှစ်နှစ်ခွန်
သုညကိုး-250290ငါးငါးကိုး

👉Type ll Collagen ဆိုတာကကျန်းမာသော အရိုးနုများတွင် တွေ့ရသောပရိုတင်းကောလာဂျင်တစ်မျိုးဖြစ်ပါတယ်။

🏃🏻‍♂️ Rakuraku Premium မှာပါတဲ့ Undenatured Type-2 Collagen ကအချိန်ကြာလာသည်နှင့်အမျှ အဆစ်များပိုကောင်းလာကာ အဆစ်ရွှေလျားတာ သက်တောင့်သက်သာဖြစ်လာစေကြောင်းသောက်သုံးဖူးကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer များအသိဖြစ်ပါတယ်။

🏃🏻‍♂️ဒူးနာတာ၊ လှုပ်ရှားရခက်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ၊ အထိုင်အထ ခက်ခဲတာ စတာတွေ အတွက် အရမ်းကောင်းလွန်းလို့ လူကြိုက်များလွန်းတဲ့ ဖြည့်စွက်စာလေး တစ်မျိုးလည်းဖြစ်ပါတယ်။

🏃🏻‍♂️အဆစ်‌တွေ ပွတ်တိုက်လှုပ်ရှားမှု များလို့ပဲဖြစ်ဖြစ်၊ အသက်ကြီးလာလို့ပဲဖြစ်ဖြစ် အဆစ်လေးတွေမှာ အရည်အိတ်လေးတွေ ပါးလာပြီး အရည်ခမ်းခြင်းတွေ ဖြစ်လာတတ်ပါတယ်။

Rakuraku Premium ဖြည့်စွက်စာလေးကို သောက်သုံးခြင်းဖြင့်....

✅အရိုးနုတွေကို တပတ်အတွင်း ပြန်လည်အားဖြည့်ပေးတယ်

✅ဒူးနာခြင်း၊အကွေးအဆန့်ခက်ခြင်းကို သက်သာကောင်းမွန်စေတယ်

✅အရိုးအဆစ်နာခြင်း ကိုပိုမိုသက်သာစေတယ်

✅အရိုးအဆစ်များကို ခိုင်မာလာစေတယ်နော်.....

📌ဆေးညွှန်း - တစ်နေ့ 1လုံး အစာနှင့် နှစ်နာရီခွာခြားပြီးမှ အိပ်ရာဝင်ခါနီးအချိန်လေးသောက်သုံးနိုင်ပါတယ်။

📌ဈေးနှုန်း - တစ်သိန်းငါး‌ေခြာက်ကိုးထောင်ကျပ်ပါ။ ( တစ်ဘူး တွင်အလုံးသုံးဆယ် တစ်လစာပါဝင်ပါတယ်။)
ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေစနစ်ပါ။ ကျန်မြို့များက ငွေကြိုလွှဲပေးပါနော်အနီးဆုံးကားဂိတ်အထိ ချပေးပါတယ်။

KBZ,CB,AYA online banking/K-pay နဲ့ လွှဲလို့ရပါတယ်ရှင့်။

အားပေးကြတဲ့ ချစ်သော Customer များရော Page ကိုဝင်ရောက်ကြည့်ပေးတဲ့သူများရောကို ကျေးဇူးတင်ပါတယ်ရှင် ❤️

#ဒူးနာ #ခါးနာ #အရိုးအဆစ်နာ #အရွတ်

ဒူးနာတာကို သက်သာစေမဲ့အစားအစာများ================================🦵 လူပေါင်းများစွာဟာ ဒူးဆစ်နာကျင်မှုဝေဒနာကို ခံစားဖူးကြပါ...
13/02/2025

ဒူးနာတာကို သက်သာစေမဲ့အစားအစာများ

================================

🦵 လူပေါင်းများစွာဟာ ဒူးဆစ်နာကျင်မှုဝေဒနာကို ခံစားဖူးကြပါတယ်။ ဒူးနာရင် ကုသမှုများအနေနှင့် ကိုယ်အလေးချိန်ချခြင်းမှသည် စတီးရွိုက်ထိုးဆေးများထိုးခြင်းနှင့် ခွဲစိတ်ကုသမှုအထိ အမျိုးမျိုးရှိပါတယ်။

🦵 သုတေသီများက အစားအသောက်များကိုညီညွတ်မျှတအောင် စားသုံးခြင်းဖြင့် ဒူးဆစ်နာခြင်းကို သက်သာအောင် လုပ်နိုင်ပါတယ်လို့ အကြံပေးထားပါတယ်။

🦵 ဒူးနာခြင်းကို သက်သာစေမဲ့အစားအစာတွေကတော့.............

1. သစ်သီး၀လံများ
သစ်သီး၀လံများစားခြင်းက ရိုးတွင်းခြင်ဆီပျက်စီးခြင်းကို လျော့ကျနိုင်ပါတယ်။ ရိုးတွင်းခြင်ဆီ ပျက်စီးခြင်းက ဒူးနာခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီ ပျက်စီးခြင်းကို လျော့ကျနိုင်တဲ့ သစ်သီး၀လံတွေကတော့ ဗီတာမင် Cဓာတ် ကြွယ်၀တဲ့ လိမ္မော်သီး၊ကီ၀ီသီး၊ သရက်သီး၊ရှောက်ခါးသီး(ဂရိတ်ဖရု)နှင့် သဘော်သီးစသည်တို့ ဖြစ်ပါတယ်။

2.ပဲပိစပ်၊ပဲပုပ်
သုတေသနတစ်ခုအရ ပရိုတင်း ၄၀ဂရမ်ပါတဲ့ ပဲပိစပ် အမှုန့်‌ဖျော်ရည်ကို နေ့စဥ် သုံးလကြာအောင် သောက်သုံးခဲ့သူများမှာ ဒူးဆစ်နာအဖြစ်နည်းပြီး ဒူးနာခဲ့ရင်လည်း သောက်ရတဲ့ ဆေးချိနိပမာဏ ပိုနည်းပါတယ်တဲ့။ ပဲနို့၊ပဲပိစပ်၊ပဲတောင့်စိမ်းများနှင့် ပဲပိစပ်ပါတဲ့ ဘာဂါမုန်းများ စားသုံးခြင်းဖြင့်လည်း အလားတူ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်တဲ့။

3.ငါးများ
ငါးထဲမှာပါတဲ့ အိုမီဂါ(၃)အဆီအက်စစ်များက ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းများကို တားဆီးရုံမျှမက ဒူးအရိုးနုကို ယိုယွင်းပျက်စီးစေတဲ့ ပရိုတင်းများကိုပါ တားဆီးပိတ်ပင်တယ်လို့ လေ့လာမှုတစ်ခုကတွေရှိထားပါတယ်။ အဆီထူတဲ့ မက္ကာရယ်လ်ငါး (ဒါမှမဟုတ်)ဆယ်လ်မွန်ငါးကို တစ်ပတ်လျှင် ၂ပွဲစားပေးပါ။ ဒါမှမဟုတ် အိုမီဂါ(၃)အဆီ ၁ဂရမ်ပါတဲ့ဆေးတောင့်ကို နေ့စဥ်သောက်သုံးပါ။

လိုတရမိတ်ဆွေများ ကျန်းမာပျော်ရွှင်သောနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ...

11/02/2025

အရိုးအဆစ်တွေဟာ နေ့စဉ်လှုပ်ရှားသွားလာမှုတွေအတွက် အလွန်အရေးပါပါတယ် ။ တကယ်လို့သင့်မှာဒီဝေဒနာတွေခံစားနေရပြီဆိုရင် မြန်မာနိုင်ငံမှာ Review ကောင်းများစွာရရှိထားတဲ့ Rakuraku Premium လေးကို မမေ့နဲ့နော် .......

🤙သုညကိုး-250290ငါးငါးကိုး

*အရိုး၊အကြော၊အဆစ်၊အရွတ်၊ဂျိုင်းဆက်နေရာမှ ဖြစ်ပေါ် နေသော ဝေဒနာများ ရှိပါသလား?
*ချဉ်ဆီခန်းခြင်း၊အပေါ်ဝိတ်များခြင်းကြောင့် သင့်ဒူးက လှုပ်ရှားရခက်နေလား?

*ကျန်းမာရေးဖြည့်စွက်စာကောင်း တစ်လက် သင်ရှာနေပါလား?

*ပေးရတဲ့ စျေးနှင့်တန်အောင် သောက်သုံးသူများရဲ့ ရလဒ်အံ့မခန်းကို သင်တွေ့ချင်ပါသလား?

* သင့်ကိုယ်ခန္ဖာမှာ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့ ပတ်သတ်သော၊အကြောနဲ့ ပတ်သတ်သော၊အဆစ်နဲ့ ပတ်သတ်သော၊အရွတ်နဲ့ ပတ်သတ်သော ဝေဒနာ အမျိုးမျိုးကို ဤလာခူလာခူဖြည့်စွက်စာ တစ်မျိုးထဲမှ သင့်အား ကူညီပေးပါလိမ့်မယ်။

*အသက်အရွယ်ကြောင့် ချဉ်ဆီခန်းပြီး ဒူးနာတာ၊အရွတ်ရောင်တာ၊အရွတ်ပြဲတာ...စသည်တို့အတွက်လဲ ဖြည့်စွက်ပေးကာ အထူးကောင်းမွန်သော ဖြည့်စွက်စာ အမျိုးအစားဖြစ်ပါတယ်။

*ဘေးထွက်ဆိုးကျိုးလုံး၀မရှိကာ အသက်19နှစ်မှ 90ကျော်အထိ သုံးဆောင်နိုင်သော ကျန်းမာရေး ဖြည့်စွက်စာ ဟာ Rakuraku Premium (လာခူလာခူ ပရီမီယမ်)ပါ။

ဒါ့အပြင် စိုးရိမ်မှု ဖြစ်ပေါ်နေသော မိတ်ဆွေများ အားလုံး စိတ်အေးချမ်းသာစွာ သုံးဆောင်နိုင်ရန် ထုတ်ပိုးမှု မြင့်တင်ခြင်းနှင့် အတူ ဂျပန်နိုင်ငံ တရား၀င်ထုတ်လုပ်သော ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း တရား၀င်ကိုယ်စားလှယ် ကုမ္ပဏီအမည် ဘူးတွင် ရိုက်နှိပ်ကာ ထုတ်လုပ်ပေးထားပါသည်။***

#ဒူး

ယူရစ်အက်ဆစ်များနေသူများ၊ အစားအသောက်ဖြင့် လျော့စေနိုင်သောအချက်များခန္ဓာကိုယ်အတွင်း ယူရစ်အက်ဆစ်များနေသူများတွင် Gout ဆိုသည...
10/02/2025

ယူရစ်အက်ဆစ်များနေသူများ၊ အစားအသောက်ဖြင့် လျော့စေနိုင်သောအချက်များ

ခန္ဓာကိုယ်အတွင်း ယူရစ်အက်ဆစ်များနေသူများတွင် Gout ဆိုသည့် အဆစ်အမျက် နာကျင်မှုဝေဒနာ ခံစားရတတ်သည်ကို သိရှိသူများ ရှိနေပြီဟု ယူဆပါသည်။ ကျောက်ကပ် တွင် ကျောက်တည်ခြင်းလည်း ဖြစ်နိုင်ပါသည်။ အစားအသောက် အလေ့အထ ပြု ပြင်ရာမှ Uric acid လျော့ကျနိုင်သည့် သတင်းအချက်များကို မျှဝေလိုပါသည်။



၁။ အမျှင်များသော အစာစားသုံးခြင်း

အစားအစာမှ အမျှင်များက သွေးတွင်းမှ ယူရစ်အက်ဆစ်ကို စုပ်ယူ၍ ကျောက်ကပ် မှတစ်ဆင့် ဖယ်ရှားပေးနိုင်သည်ကို တွေ့ရှိရသည်။



၂။ သံလွင်ဆီစားသုံးခြင်း

သံလွင်ဆီက ယူရစ်အက်ဆစ် ထုတ်လုပ်မှုကို လျော့စေသည်။



၃။ ဗိုက်တာမင် C ကို စားသုံးခြင်း
တစ်နေ့လျှင် ဗီတာမင်စီ ၅၀၀ မီလီဂရမ် ပုံမှန်စားသုံးခြင်းဖြင့် တစ်လ၊ နှစ်လအတွင်း ယူရစ်အက်ဆစ် ပမာဏကို လျော့စေနိုင်သည်။



၄။ မုန့်ဖုတ်သော အစာများရှောင်ခြင်း

မုန့်ဖုတ်သော ကိတ်မုန့်၊ ကွက်ကီးမုန့်၊ ပျော်ဝင်ဆီပါသော မုန့်များကို မစားပါနှင့်။



၅။ တရုတ်နံနံစေ့

နံနံစေ့တွင် စိတ်ငြိမ်စေသော အာနိသင်၊ ဓာတ်တိုးပစ္စည်းများ ချေဖျက်နိုင်သော သဘာဝသတ္တိနှင့် ဆီးသွားစေသော အာနိသင်ရှိ၍ သွေးတွင်းယူရစ်အက်ဆစ် လျော့နိုင် သည်။



၆။ ဓာတ်တိုးပစ္စည်းများ

ချေဖျက်နိုင်သည့် အစွမ်းသတ္တိပါသော သစ်သီး၊ ပန်းငရုတ်၊ ခရမ်းချဉ်သီး၊ ဘယ်ရီသီးများ၊ ဂေါ်ဖီထုပ်အစိမ်း၊စပျစ်သီးများကိုစားသုံးခြင်းဖြင့်ယူရစ်အက်စစ် လျော့စေနိုင်သည်။

၇။ ချယ်ရီသီးများ

ချယ်ရီသီးများတွင် ပါဝင်သော ဓာတုပစ္စည်းက သင်၏ခန္ဓာကိုယ်မှ အညစ် အကြေးများကို ဖယ်ရှားခြင်းကြောင့် ယူရစ်အက်ဆစ်လျော့စေပါသည်။



၈။ ပန်းသီးရှာလကာရည်

ခန္ဓာကိုယ်တွင်း pH တန်ဖိုးပြောင်းလဲမှုကြောင့် ယူရစ်အက်ဆစ်လျော့စေနိုင်သည်။

Credit: ဒေါက်တာခင်

Rakuraku premium လေးက ဘယ်သူတွေ အတွက် မရှိမဖြစ်လေးလဲ  ?• အဆစ်အမြစ်၊ အရိုးနု အာဟာရ ဖြည့်စွတ်ရန် လိုအပ်နေသူများ• အရိုးအဆစ်က...
07/02/2025

Rakuraku premium လေးက ဘယ်သူတွေ အတွက် မရှိမဖြစ်လေးလဲ ?

• အဆစ်အမြစ်၊ အရိုးနု အာဟာရ ဖြည့်စွတ်ရန် လိုအပ်နေသူများ

• အရိုးအဆစ်ကျန်းမာရေး လွယ်လွယ်ထိခိုက်လာနိုင်သော သက်လတ်ပိုင်းအရွယ်များ

• အရိုးအဆစ်အမြစ်တွေကို ဂရုစိုက်ရန်လိုအပ်သော ကလေးမွေးဖွားပြီးကာစ အမျိုးသမီးများ ၊ သွေးဆုံးပြီးအမျိုးသမီးများနှင့် သက်လတ်ပိုင်း အမျိုးသမီးများ

• လက်ချောင်း ၊ လက်ကောက်ဝတ် အရိုးအဆစ်ကို အသုံးများသူများ

• မတ်တပ်အကြာကြီး ရပ်ရသူများ၊ အလေးအပင် မ,ကာ လှေကားထစ် အတက်အဆင်း မကြာခဏ လုပ်ရသူများ

• အရိုးအဆစ်အသုံးများသော တောင်တက်၊ မာရသွန်၊ ဘောလုံး အစရှိသော အားကစားများကို ဝါသနာပါ ဆော့ကစားသူများ

• အရိုးအဆစ်နှင့် အရိုးနုကို အာဟာရ ဖြည့်စွက်ပြီး ခန္ဓာကိုယ်လှုပ်ရှားအသုံးပြုရာမှာ ပေါ့ပါးစွာ လှုပ်ရှားသွားလာချင်သူများ

🤙သုညကိုး-250290ငါးငါးကိုး

#ဒူးနာ #ခါးနာ #အရိုးအဆစ်နာ

အရိုးပွရောဂါ ဘယ်သူတွေမှာ ပိုဖြစ်နိုင်မလဲ 🤔🤔🤔✅ အသက်ကြီးသူတွေမှာ အရိုးပွတာ ပိုဖြစ်နိုင်ပါတယ်။✅ အမျိုးသားနဲ့ အမျိုးသမီးတွေမ...
04/02/2025

အရိုးပွရောဂါ ဘယ်သူတွေမှာ ပိုဖြစ်နိုင်မလဲ 🤔🤔🤔

✅ အသက်ကြီးသူတွေမှာ အရိုးပွတာ ပိုဖြစ်နိုင်ပါတယ်။

✅ အမျိုးသားနဲ့ အမျိုးသမီးတွေမှာဆို အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ပါတယ်။

✅ အမျိုးသမီးထဲမှာမှ သွေးဆုံးပြီးသားသူတွေမှာ ပိုအရိုးပွနိုင်ပါတယ်။

✅ ပိန်လွန်းသူတွေနဲ့ ကိုယ်ခန္ဓာအရွယ်အစား သေးငယ်သူတွေမှာလဲ အဖြစ်များတာ တွေ့ရပါတယ်။

✅ နေရောင်ခြည်ရရှိမှု နည်းသူတွေမှာလဲ အရိုးပွပိုဖြစ်နိုင်ပါတယ်။

✅ ဆေးလိပ်သောက်သူတွေမှာ အရိုးပွနှုန်းပိုများပါတယ်။

✅ steroid ဆေးတွေ ရေရှည်သောက်နေရတဲ့သူတွေမှာ အရိုးပွတာ ပိုဖြစ်နိုင်ပါတယ်။

✅ ကိုယ်အလေးချိန်များတဲ့သူတွေမှာလဲ ပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။

✅ လှုပ်ရှားမှုနည်းပါးတဲ့သူတွေ ( inactive life style ) မှာလဲ အရိုးပွပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။

✅ မျိုးရိုးစဉ်ဆက်ဖြစ်ဖူးရင် ဖြစ်နိုင်ချေပိုများပါတယ်။

✅ နာတာရှည်ရောဂါ( ဥပမာ - ကျောက်ကပ်ရောဂါ၊ ဟိုမုန်းရောဂါ၊ သွေးလေးဖက်နာရောဂါ ) ရှိတဲ့သူတွေမှာလဲ အရိုးပွပိုဖြစ်နိုင်တာကို တွေ့ရပါတယ်။
Crd...

01/02/2025

စေတနာ ရှေ့ထား၊မေတ္တာများကြောင့် သောက်သုံးသူတိုင်း ပျောက်ကင်းကာ ဝမ်းသာပီတိများစွာရရှိတာ လာခူ လာခူ ပရီမီယမ်ပါ။

သုညကိုး-40770လေးရှစ်နှစ်ခွန်
သုညကိုး-250290ငါးငါးကိုး

➡️နေ့စဉ် ဘဝလှုပ်ရှားမှုများကို ကောငး်သော အတွေးများဖြင့် သာ ဖြတ်သန်းမယ်ဆိုလျင် အပူအပင်ဆိုတာ မရှိတော့ပါဘူး။ထိုနညး်တူစွာ စိတ်သည်လဲ အလိုလျောက်ပျော်လာမှာဖြစ်ပါတယ်။စိတ်ပိုငး်ဆိုင်ရာ ပျော်ရွှင်လာပြီဆိုလျင်တော့ ရုပ်ပိုငး်ဆိုင်ရာပါ လှပ နုပျိုလာမှာ အမှန်ပါပဲ။

➡️သင်တို့ချစ်ခင်မြတ်နိုးရသူ၊လေးစားတန်ဖိုးထားရသူများ၏ အရိုး၊အကြော၊အရွတ်၊အဆစ်၊ဂျွိုင်လ်းဆက်ဝေဒနာများအား လာခူလာခူ ဖြင့် ကာကွယ်လို၍ ဖြစ်စေ ၊လက်တွေ့ခံစားမှုအား ကုသလို၍ ဖြစ်စေ အခုပဲ မှာယူပေးလိုက်ပါ။

📍ပါဝင်သော အလုံးရေ
တစ်ဘူးတွင် အလုံးသုံးဆယ် ပါဝင်ခြင်းကြောင့် တစ်လ သောက်သုံးနိုင်ပါတယ်။

ရန်ကုန် အိမ်အရောက်ပို့ဆောင်ပေးပြီး နယ်မြို့များကိုတော့ အိမ်အရောက်ဖြစ်စေ ၊ကားဂိတ်အရောက်ဖြစ်စေ၊စာတိုက်မှဖြစ်စေ ဆောင်ရွက်ပေးပါတယ်။
ပြည်ပမှ မှာယူလိုတဲ့ သူများကိုတော့ အိမ်အရောက်ပို့ဆောင်ပေးပါတယ်။

#လိုတရ #ဒူးနာ #ခါးနာ #အရိုးအဆစ်

သွေးလေးဖက်နာရောဂါ ရှိသူများအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့...
27/01/2025

သွေးလေးဖက်နာရောဂါ ရှိသူများအနေနဲ့ အနေအထိုင်၊ အစားအသောက်ကို မှန်ကန်အောင် ပြုမူနေထိုင်စားသောက်ရင် ရောဂါသက်သာပျောက်ကင်းဖို့ အများကြီး အထောက်အကူပြုပါတယ်။

(၁) ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်ရပါမယ်။ ဆေးလိပ်ဟာ ရောဂါကို ပိုဆိုးစေတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ၊ ခြေလက်များကို သွေးမလျှောက်လို့ ပုပ်သွားတာတွေကိုဖြစ်စေဖို့ အားပေးပါတယ်။

(၂) အဆစ်အမြစ်တွေ ရောင်နေတဲ့အချိန်မှာ ရောင်နေတဲ့အဆစ်တွေကို အနားပေးရပါမယ်။ ဥပမာ လက်ဆစ်တွေရောင်နေတဲ့အချိန်မှာ ပစ္စည်းတွေကို လက်နဲ့မတာမျိုး၊ လက်ကိုများစွာ အသုံးပြုတာမျိုးတွေ ရှောင်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေသုံးပြီး သက်သာအောင် ကုသရပါမယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေရောင်ရင်တော့ အိပ်ရာပေါ်မှာ အနားယူဖို့လိုပါလိမ့်မယ်။

(၃) နားတာနဲ့ တစ်ဆက်တည်းလုပ်ရမှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ နားလို့သက်သာလာပြီဆိုတာနဲ့ ခုနက နားထားတဲ့အဆစ်တွေကို လေ့ကျင့်ခန်း တဖြည်းဖြည်းချင်း လုပ်ပေးရပါမယ်။ ဒါမှမဟုတ်ရင် အဆစ်တွေဟာ ခိုင်သွားပြီး နောက်ပိုင်းမှာ လှုပ်ရှားလို့မရ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် နားလည်တတ်ကျွမ်းတဲ့ပညာရှင် (Physiotherapist) နဲ့ တိုင်ပင်ပြီး ပြုလုပ်ရပါမယ်။

(၄) အစားအစာအနေနဲ့ အာဟာရပြည့်ဝအောင် စားရပါမယ်။

🔹 အထူးသဖြင့် အရိုးအဆစ်တွေအတွက် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။ ဥပမာအားဖြင့် နွားနို့၊ ကြက်ဥ၊ ဟင်းရွက်စိမ်းတွေ စားပေးရပါမယ်။

🔹 အရောင်ကျစေတဲ့ အစားအစာတွေကို ပိုစားပေးရပါမယ်။ ဥပမာ နာနတ်သီး၊ ဘယ်ရီသီး၊ နနွင်း၊ လက်ဖက်စိမ်း တို့ဖြစ်ပါတယ်။

🔹 အိုမီဂါ-၃ ကြွယ်ဝတဲ့အစားအစာတွေ ပိုစားရပါမယ်။ ဥပမာ အဆီပါတဲ့ငါးတွေ၊ အခွံမာတဲ့သစ်စေ့တွေ ဖြစ်ပါတယ်။

🔹 ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်လိုမျိုးတွေ မကြာခဏ စားပေးသင့်ပါတယ်။

🔹 ရှောင်သင့်တဲ့ အစားအစာတွေကတော့ ဆီကြော်မုန့်တွေ၊ ဓာတုပစ္စည်းတွေ ထည့်ထားတဲ့အစားအစာတွေ၊ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့အစားအစာတွေ၊ အချိုမှုန့် စတာတွေကို ရှောင်ရပါမယ်။
Crd....

ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကို လာခူလာခူလေးနဲ့အတူ လျှောက်လှမ်းပါ~-အရိုးအဆစ်နာဝေဒနာ ခံစားနေရသူများ-ကျီးပေါင်းဝေဒနာ ခံ...
24/01/2025

ကျန်းမာ ပျော်ရွှင်သော နေ့ရက်များကို လာခူလာခူလေးနဲ့အတူ လျှောက်လှမ်းပါ~

-အရိုးအဆစ်နာဝေဒနာ ခံစားနေရသူများ
-ကျီးပေါင်းဝေဒနာ ခံစားနေရသူများ
-လေးဘက်နာဝေဒနာ ခံစားနေရသူများ
-အရွတ် ပြန်လည်ကောင်းမွန်လိုသူများ အတွက် အကောင်းဆုံး အဖော်မွန် ~

#အရိုးအဆစ် #ဒူးနာခါးနာ #ကျီးပေါင်း #လေးဘက်နာ #အရွတ်ရောင် #ခါးကြောညှပ်

✔ယနေ့ခေတ်မှာ အရိုး,အကြော,အရွတ်,အဆစ်,ဂျိုင်းဆက်နဲ့ ပတ်သတ်လျင် လူကြီးများသာမက လူငယ်များပါ ဖြစ်ပေါ်လာကြပါပြီ။➡️ခေတ္တ ယာယီ သ...
22/01/2025

✔ယနေ့ခေတ်မှာ အရိုး,အကြော,အရွတ်,အဆစ်,ဂျိုင်းဆက်နဲ့ ပတ်သတ်လျင် လူကြီးများသာမက လူငယ်များပါ ဖြစ်ပေါ်လာကြပါပြီ။

➡️ခေတ္တ ယာယီ သက်သာမယ့် ဆေးထိုးခြင်း,အကိုက်ခဲပျောက်ဆေး မှီဝဲခြင်း,တိုင်းရင်းဆေးကုသခြင်း,ခွဲစိတ်ခြင်းများကို မေ့လိုက်ပါ။
အသက် ၁၉နှစ်မှ ၉ဝကျော်အထိ အထိရောက်ဆုံး ကုသပေးမယ့် လိုတရ လာခူလာခူ ပရီမီယမ် ရှိပါတယ်။

👌မဖြစ်ခင် ကြိုတငိကာကွယ်လိုပါသလား?
👌လက်ရှိခံစားနေရလို့ တားဆီးပျောက်ကင်းချင်လား?

ဘေးထွက်ဆိုးကျိုးမရှိ,ကျန်းမာရေး ထောက်ခံရှိသော ဖြည့်စွက်စာ စစ်စစ်ကို သုံးဆောင်မယ်ဆိုလျင် လာခူလာခူ ပရီမီယမ်က စိတ်ချရပါတယ်။

✔တစ်နေ့တစ်လုံး ညနေစာစားပြီး နှစ်နာရီခြားပြီး တစ်ကြိမ် သို့မဟုတ် အစာနဲ့ ဝေးဝေး ညမအိပ်ခင် တစ်ကြိမ်ကို တစ်လုံးသာ သုံးဆောင်ပါက သင့်အတွက် အဆင်ပြေပါလိမ့်မယ်။

အရိုး,အဆစ်,အကြော,ဂျိုင်းလ်ဆက် နဲ့ ပတ်သတ် လို့ ရောဂါ အားလုံးကို မိသားစုအတွက် အားထားရာ လိုတရ လာခူလာခူ ပရီမီယမ်ပါ။

⛟ရန်ကုန် အိမ်အရောကိ ပို့ဆောင်ပြီး နယ် ကားဂိတ်အထိ ပို့ဆောင်ပေးသလို,စာတိုက်မှ ဖြစ်စေ ,အိမ်အရောက်ဖြစ်စေမှာ ယူနိုင်ပါတယ်။

🤙သူညကိုး-၂၅၀၂၉၀ငါးငါးကိုး

#လာခူလာခူ #ပရီမီယမ် #ကျန်းမာရေး

Address

No. 529B , No3 Main Road , Mingalardon Township
Yangon
11021

Telephone

+959407704827

Website

Alerts

Be the first to know and let us send you an email when Lotaya Rakuraku UCII posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram