14/11/2023
World Diabetes Day (ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့)
November 14
____________________
November 14 ရက်နေ့ကို World Diabetes Day (ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့)အဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။ Insulin ကို ရှာဖွေတွေ့ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Sir Frederick Banting ကို ဂုဏ်ပြုကာ သူ့ရဲ့မွေးနေ့ November 14 ရက်နေ့ကို World Diabetes Day အဖြစ် သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။
November 14 ရက်နေ့မှာ ဆီးချိုရောဂါရဲ့ အန္တရာယ်ကြီးလှတဲ့ နောက်ဆက်တွဲဆိုးကျိုးများအကြောင်း အသိပညာပေးမှု campaign များ နှစ်စဉ်ဆောင်ရွက်ကြပါတယ်။
ဒါ့အပြင် ဆီးချိုသွေးချိုနှင့်ပတ်သတ်ပြီး လူအများ အသိပညာရရှိစေရန်လည်း ဆီးချိုသွေးချိုရောဂါ အသိပညာပေးလှုပ်ရှားမှုများ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ်ပြုလုပ်ကြပါတယ်။
ယနေ့ November 14 မှာကျရောက်တဲ့ World Diabetes Day မှစ၍ အားလုံးပဲ ဆီးချိုသွေးချိုရောဂါကင်းရှင်းကာ ပျော်ရွှင်ကျန်းမာပါစေကြောင်း ကျွန်တော်တို့ On Call Plus မိသားစုမှ ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ။