သုခစုစံ - အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • သုခစုစံ - အထူးကုဆေးခန်း

သုခစုစံ - အထူးကုဆေးခန်း အထွေထွေ ရောဂါ အထူးကုဆေးခန်း

လူမှုဖူလုံရေးကဒ်ပြသရုံဖြင့်အခမဲ့ ဆေးကုသခွင့်ရရှိနိုင်ပါသည်🤗မင်္ဂလာပါရှင်🙏လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်းများ တွင် လူမ...
10/02/2026

လူမှုဖူလုံရေးကဒ်ပြသရုံဖြင့်အခမဲ့ ဆေးကုသခွင့်ရရှိနိုင်ပါသည်🤗

မင်္ဂလာပါရှင်🙏

လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်းများ တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား များသာမက ပြင်ပလူနာများကိုလည်း အထူးကု ဆရာဝန်ကြီးများ ကိုယ်တိုင်ကြီးကြပ်၍ သင့်တင့် မျှတသောနှုန်းထားဖြင့် ပိတ်ရက်မရှိဝန်ဆောင်မှု များ ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါး ပါရစေရှင့်..🥰

📍(လူမှုဖူလုံရေးကဒ်ပြသရုံဖြင့်အခမဲ့ဆေးကုသခွင့် ရရှိနိုင်ပါသည်)📍

🏨ဆေးခန်းလိပ်စာများ

* လူမှုဖူလုံရေးသုခစုစံအထူးကုဆေးခန်းနှင့် သားဖွားခန်း (လှိုင်သာယာ)

-ဈေးလေးမှတ်တိုင်အနီး၊ အမှတ် (၆)၊ ကျန် စစ်သားလမ်းကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း။

YBS ကားနံပါတ်များ-၂၀,၅၃
ဖုန်း- 09685017108/09758966313

* လူမှုဖူလုံရေးသုခစုစံ အထူးကုဆေးခန်း (ရွှေ လင်ဗန်း)

-တိုက် (၁၀)၊ အခန်း(၁၀၁)၊ရွှေလင်ဗန်း Shop House၊ ကျန်စစ်သားလမ်း၊ (၂၃)ရပ်ကွက်၊ စိန်ပန်း မှတ်တိုင် ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း။

YBS ကားနံပါတ်များ-၅၃
ဖုန်း- 09960288358

* လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်း (ရွှေ ပြည်သာ)

-အမှတ် (၇)၊ တော်ဝင်လမ်း၊ တော်ဝင်မှတ်တိုင်၊ လူမှုဖူလုံရေးရုံးအောက်ထပ်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း။

YBS ကားနံပါတ်များ-၄၂,၆၅,၆၈, ၁၄၂,၁၄၅
ဖုန်း- 09795393171

* လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်း (ပဲခူး)

-မဂ္ဂဒစ်လမ်းမကြီး နှင့် မှော်ကန်(၁)လမ်းထောင့်၊ လိပ်ပြာကန်ရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသ ကြီး။ မဂ္ဂဒစ်မှတ်တိုင်

ဖုန်း- 09251261489

* လူမှုဖူလုံရေးသုခစုစံ အထူးကုဆေးခန်း(အောင်မြေသာစံ-မန္တလေး)
၁၂ လမ်း၊ ၈၈ x ၈၉ လမ်း၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

ဖုန်း- 09 422420494

🎉 အထူးပရိုမိုးရှင်း! 🎉အပတ်စဥ်၁၀၀ပြည့် သင်တန်းတက်သူတိုင်းကို📍ရာပြည့်အထိမ်းအမှတ်အဖြစ်📍အရည်အသွေးမြင့် Scrub Suit လက်ဆောင်!🇸...
06/11/2025

🎉 အထူးပရိုမိုးရှင်း! 🎉

အပတ်စဥ်၁၀၀ပြည့် သင်တန်းတက်သူတိုင်းကို

📍ရာပြည့်အထိမ်းအမှတ်အဖြစ်📍

အရည်အသွေးမြင့် Scrub Suit လက်ဆောင်!

🇸🇬 စင်ကာပူ၊ 🇯🇵 ဂျပန်နိုင်ငံများမှ
ဆေးရုံကြီးများတွင် သုခစုစံ မှ အရည်အချင်းပြည့်မှီသော
ကျောင်းသား/သူပေါင်း ၆၀၀ ကျော်အလုပ်ဝင်ပြီးဖြစ်ပါတယ်

နှစ်စဉ် Interview အခွင့်အရေးများ ရှိပါတယ်။

👉 လက်လွတ်မခံပဲအခုပဲ လျှောက်ထားလိုက်ပါနော်

📌📢ဆေးဝါးကျွမ်းကျင်နှင့်သူနာပြုအကူသင်တန်းအပတ်စဥ်(၁၀၀)အတွက်သင်တန်းသားများစတင်လက်ခံနေပါပြီ🤗

သင်တန်းနှင့်ပက်သက်ပြီး အသေးစိတ်သိရှိလိုပါက

အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းလို့ရပါတယ်။

☎ 09771732418

☎ 09778056667

☎ 09765027577

☎ 09268000844

📮သုခစုစံ ရုံးချုပ်

အမှတ် / ၅၀၆ | ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ( ပန်းဆိုးတန်းမှတ်တိုင် အနီး )

🏢သုခစုစံသင်တန်းကျောင်း နှင့် သုခစုစံ အထွေထွေရောဂါ အထူးကုဆေးခန်း

အမှတ်/ ၆ | ( ၆ ) ရပ်ကွက်၊ ကျန်စစ်သားလမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

🌟 အလုပ်အကိုင်အခွင့်အလမ်းများ! 🌟🏥 သုခစုစံ လူမူဖူလုံရေးဆေးခန်းများတွင်Medical Officer (MO) – ၃ ဦးအမြန်လိုအပ်နေပါသည် 🩺👨‍⚕️👩...
10/10/2025

🌟 အလုပ်အကိုင်အခွင့်အလမ်းများ! 🌟

🏥 သုခစုစံ လူမူဖူလုံရေးဆေးခန်းများတွင်
Medical Officer (MO) – ၃ ဦး
အမြန်လိုအပ်နေပါသည် 🩺👨‍⚕️👩‍⚕️



💰 လစာ: ညှိုနှိုင်းဖြစ်ပါသည်
📍 တည်နေရာ: သုခစုစံ လူမူဖူလုံရေးဆေးခန်းများ



✅ လိုအပ်ချက်များ
• ဆေးဘက်ပညာအောင်မြင်သူ (M.B.,B.S)
• လူနာစောင့်ရှောက်မှုအတွေ့အကြုံရှိသူ ဦးစားပေး
• တာဝန်ယူမှုရှိသူ



📞 ဆက်သွယ်ရန်:
📍 သုခစုစံ လူမူဖူလုံရေးဆေးခန်း
📱 [09865017180]

💡 👉 အခွင့်အလမ်းကို လျှောက်ထားလိုက်ပါ — သင့်အနာဂတ်အခြေခံအလုပ်အကိုင်ကို စတင်ဖို့အချိန်ပါ! 🌈

🌟 အလုပ်အကိုင်အခွင့်အလမ်းများ! 🌟🏥 သုခစုစံ လူမူဖူလုံရေးဆေးခန်း တွင်ပြည်တွင်းအတွက်သာ အခန့်ထားမည် 🇲🇲👩‍⚕️ Nurse (Diploma / B....
10/10/2025

🌟 အလုပ်အကိုင်အခွင့်အလမ်းများ! 🌟

🏥 သုခစုစံ လူမူဖူလုံရေးဆေးခန်း တွင်
ပြည်တွင်းအတွက်သာ အခန့်ထားမည် 🇲🇲

👩‍⚕️ Nurse (Diploma / B.N.Sc)
အနေနဲ့ ဝန်ထမ်း ၃ ဦး
အမြန်လိုအပ်နေပါသည် 💼



💰 လစာ – ညှိုနှိုင်းဖြစ်ပါသည်
📍 တည်နေရာ – သုခစုစံ လူမူဖူလုံရေးဆေးခန်းများ



✅ လိုအပ်ချက်များ
• Nurse Diploma သို့မဟုတ် B.N.Sc ဘွဲ့ရရှိသူ
• လူနာစောင့်ရှောက်မှုအတွေ့အကြုံရှိသူ ဦးစားပေး
• တာဝန်ယူမှုရှိပြီး အဖွဲ့လိုက်လုပ်ဆောင်နိုင်သူ



📞 ဆက်သွယ်ရန်:
📍 သုခစုစံ လူမူဖူလုံရေးဆေးခန်း
📱 [09685017108]

💡 👉 လျှောက်ထားလိုက်ပါ — သင့်အနာဂတ်အလုပ်အကိုင်ကို စတင်ဖို့အချိန်ပါ! 🌈

ကွယ်လွန်သူ မိခင်ကြီး ဒေါ်စန်းရီ အားရည်စူး၍ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျန်ရစ်သူ ဒေါ်သီတာဝင်း မိသားစု  မှ “Oxygen Con...
24/09/2025

ကွယ်လွန်သူ မိခင်ကြီး ဒေါ်စန်းရီ အားရည်စူး၍ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်

ကျန်ရစ်သူ ဒေါ်သီတာဝင်း မိသားစု မှ “Oxygen Concentrator Parking (၁) လုံး နှင့် ပျားအုံကြွေခွက်မွေ့ရာ (၁)" ခုအား

သင်ထောက်ကူ ပစ္စည်းအဖြစ် အသုံးပြုရန် (သို့) သင့်တော်ရာသို့ ဆက်လက်လှူဒါန်းပေးနိုင်ရန် ရည်စူး၍ “သုခစုစံ ( လူမှုဖူလုံရေး အထူးကုဆေးခန်း )" သို့ လာရောက် လှူဒါန်းသွားပါသည်။

▫️နတ် | လူ အပေါင်း သာဓု ခေါ်နိုင်ပါစေသော် ▫️

#သုခစုစံ #သုခစုစံအထူးကုဆေးခန်း

သုခစုစံ - လူမှုဖူလုံ​ရေး​ဆေးခန်း (ကျန်စစ်သားလမ်းမကြီး ၊ လှိုင်သာယာ) တွင် လူနာကြည့်ရန် ဆရာဝန်တစ်ဦး ဖိတ်​ခေါ်ပါရ​စေ ခင်ဗျ...
24/04/2025

သုခစုစံ - လူမှုဖူလုံ​ရေး​ဆေးခန်း (ကျန်စစ်သားလမ်းမကြီး ၊ လှိုင်သာယာ) တွင် လူနာကြည့်ရန် ဆရာဝန်တစ်ဦး ဖိတ်​ခေါ်ပါရ​စေ ခင်ဗျ။

​နေ့ရက် - ( 25/4/25 မှ 1/5/25 ထိ )

အချိန် - ( 8am to 5pm )

ဆက်သွယ်ရန် - 09795079937

​With Respect,

TKSS Social Security Clinics Team

#သုခစုစံ #သုခစုစံအထူးကုဆေးခန်း

🌕 ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ (ကြသပတေးနေ့) တွင် ကျရောက်သော... "တပေါင်းလပြည့်နေ့" 🙏 အခါသာမယတွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်...
13/03/2025

🌕 ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ (ကြသပတေးနေ့) တွင် ကျရောက်သော...

"တပေါင်းလပြည့်နေ့" 🙏 အခါသာမယတွင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကပ်ရောဂါဘေးအန္တရာယ်ကင်းကွာ၍ ချစ်သောမိသားစုဝင်များနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း `သုခစုစံဆေးခန်းမိသားစု´ မှ ဆုတောင်းမေတ္တာ ပို့သရင်း တပေါင်းလ၏ သဲပုံစေတီပွဲတော် အကြောင်းကို မျှဝေပေးပါရစေရှင့်...

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်ကုန် နွေစ သာယာလှသော လရာသီဖြစ်ပါသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။

ရှေးယခင်က တပေါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ (၁၂) တစ်ပေါင်းလ မိန်ရာသီတွင် ဧရာဝတီမြစ်တွင် သဲသောင်များ ဖြူဖြူဖွေးဖွေး ထွန်းပေါ်၍ ရေကျေးရေငှက်များ မြူးထူးပျော်ပါးကြသဖြင့် အလွန်ကြည်နူး ဘွယ်ဖြစ်လေသည်။ ထိုအခါတွင် မင်းမိဘုရားနှစ်ပါးသည် မင်းညီမင်းသား မှူးတော်မတ်တော်တို့ နှင့်အတူ သောင်ပြင်သို့ ထွက်စံတော်မူကာ သဲပုံစေတီများကို တည်၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်းသဘင်ဆင်ယင်ကျင်းပကြလေသည်။

ဤကိုရည်၍ အင်းဝမြို့ဘွဲ့ဆဲ့နှစ်ရာသီလူးတားတွင်၊ "တစ်ပေါင်းလသာ၊ လတကာထက်နှိုင်းရာဖက်ရှောင်၊ လများနောင်ကားတောင်လည်းသာမော၊ တောလည်းသာထွေရေလည်းသာလှ၊ ဖြူလွသောင်ပြင်ငှက်ပေါင်းရွှင်လျက်၊ သဘင်အပြီသဲစေတီဟု၊ မြှောက်ချီရွှင်ပပူဇော်ကြမှ၊ ပြည်ပပြည်တွင်းဖြောင့်စင်းရည်စောင်၊ ဆီမီးထောင်နှင့်ထွန်းပြောင်ညီရုံး၊ ပန်းလျှင်ကုံးသို့နှလုံးသဒ္ဓါ၊ ရတနာသုံးဘော်ဖူးမြော်ကုန်ကြ၊ လွန်ရွှင်ပြရှင့်။" ဟူ၍ ဖွဲ့ဆိုထားသည်ကို တွေ့ရလေသည်။

ဤသို့အားဖြင့် ဆဲ့နှစ်ရာသီပွဲတော်တို့ကို မင်းမိဘုရား နှစ်ပါးအမှူးပြု၍ အစဉ်တစိုက် ကျင်းပလာခဲ့ကြရာ အချို့ပွဲတော်များသည် ယခုအခါတိုင်အောင် ဆက်လက်ခေတ်စားဆဲပင် ဖြစ်ပေသည်။

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။


👩‍⚕️ ကျွန်မတို့ လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်းကို အားကိုးပြီးလာရောက်ပြသသော လူနာများကို အထူးကျေးဇူးတင်ပါသည်။ 🙏✅️ လူမှ...
09/03/2025

👩‍⚕️ ကျွန်မတို့ လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်းကို အားကိုးပြီးလာရောက်ပြသသော လူနာများကို အထူးကျေးဇူးတင်ပါသည်။ 🙏

✅️ လူမှုဖူလုံရေး သုခစုစံအထူးကုဆေးခန်းများတွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများသာမက
ပြင်ပလူနာများကိုလည်း အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင်ကြီးကြပ်၍ သင့်တင့်မျှတသောနှုန်းထားဖြင့် ပိတ်ရက်မရှိဝန်ဆောင်မှုများ ပေးနေပြီဖြစ်ကြောင်း
သတင်းကောင်းလေးပါး ပါရစေရှင့်….

🏨 ဆေးခန်းလိပ်စာများ 👇
https://www.facebook.com/share/p/1AHzTVrVKK/

☎️09685017108, 09784662104

#သုခစုစံ

15/12/2024
30/10/2024

မင်္ဂလာပါရှင့် 👩‍⚕️🙏

🤰 ကိုယ်ဝန်ဆောင်မိခင်တွေဆိုတာ အနာဂတ်လေးတွေကိုသယ်ပိုးပေးထားတဲ့ အာဂသူရဲကောင်းတွေပါ။

🤰 ချစ်ခင်တန်ဖိုးထားရတဲ့ မိမိတို့ရဲ့ ဗိုက်ဗိုက်လေးတွေနဲ့သားသားမီးမီးလေးတို့ကို ကိုယ်ဝန်အပ်နှံဖို့နဲ့လုံခြုံစိတ်ချစွာမီးဖွားနိုင်ဖို့စဉ်းစားနေပါသလား?

👩‍⚕️ ကျွမ်းကျင်ပြီးအတွေ့အကြုံရှိ သားဖွားမီးယပ်အထူးကူဆရာဝန်ကြီးများနှင့် ကိုယ်ဝန်အရင်ဆုံးအပ်ထားဖို့အကြံပြုပါရစေ...

👩‍⚕️ ကိုယ်ဝန်တစ်လျှောက်လုံးမှာဖြစ်တက်တဲ့
- ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း
- ကိုယ်ဝန်ဆောင်စဉ်ဆီးချိုတက်ခြင်း
- သွေးအားနည်းခြင်း
- နှလုံးကြွက်သားများအားနည်းခြင်း
- ကူးစက်ရောဂါများ
စသည့်ကျန်းမာရေးပြသာနာများသည် ကိုယ်ဝန်ကိုစောလျင်စွာအပ်နှံထားမှသာလျှင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

👩‍⚕️ မိမိတို့ရဲ့မိခင်လောင်းလေးနဲ့အနာဂတ်လေးများကိုကျန်းမားရေးစောင့်ရှောက်ပေးခြင်းဖြင့်သာယာပျော်ရွှင်တဲ့လူမှုဘဝတွေကိုပိုင်ဆိုင်နိုင်ကြစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်...

✅️ မိခင်ဘဝသာယာလှပရေး လူသားအားလုံးကူညီပေး

🔹လူမှုဖူလုံရေးသုခစုစံအထူးကုဆေးခန်းနှင့်သားဖွားခန်း (လှိုင်သာယာ)
-ဈေးလေးမှတ်တိုင်အနီး၊ အမှတ် (၆)၊ ကျန်စစ်သားလမ်းကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း။
YBS ကားနံပါတ်များ-၂၀ ,၅၃

📞 09685017108 /09784662104


#သုခစုစံ

Address

Kyan Sit Thar Road
Yangon
11401

Alerts

Be the first to know and let us send you an email when သုခစုစံ - အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram