STAY HOME Mobile Lab Services

STAY HOME Mobile Lab Services Home care service for Lab investigation, Imaging, doctor and nurse home healthcare services

⚠️ နိုင်ငံအဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးခင်အချိန်များစွာကတည်းက သေဆုံးမှုများရှိခဲ့တဲ့ ရာသီတုပ်ကွေးရောဂါဟာ နှစ်စဉ်န...
20/04/2023

⚠️ နိုင်ငံအဝန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွါးခင်အချိန်များစွာကတည်းက သေဆုံးမှုများရှိခဲ့တဲ့ ရာသီတုပ်ကွေးရောဂါဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွါးလေ့ရှိပါတယ်
🤧 သိပ်မကြာမီမှာရောက်လာတော့မယ့် ဒီရာသီတုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်ထားဖို့က တိုက်တွန်းနှိုးဆော်ရင်း
💕မိမိရဲ့ချစ်ခင်ရသူတွေ၊
👨‍👩‍👧‍👦မိသားစုဝင်တွေ၊
🧑🏻‍💼အလေးထားအားကိုးရတဲ့ ဝန်ထမ်းတွေကို အားလုံးထက်ကြိုပြီး
💉ကာကွယ်ဆေးထိုးပေးထားချင်တယ်ဆိုရင်တော့

📩 chat box (သို့)
📞 09456-429-259 ကိုဆက်သွယ်ပြီး ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ချင်ပါတယ်နော်😍

#တုပ်ကွေး #တုပ်ကွေးကာကွယ်ဆေး

အားလုံးပဲ မင်္ဂလာပါခင်ဗျ 🙏🙏အခုဆိုရင် ကိုဗစ်ပဉ္စမလှိုင်းအဖြစ် နိုင်ငံအဝှမ်းကူးစက်ပြန့်နှံ့နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြေ...
23/09/2022

အားလုံးပဲ မင်္ဂလာပါခင်ဗျ 🙏🙏
အခုဆိုရင် ကိုဗစ်ပဉ္စမလှိုင်းအဖြစ် နိုင်ငံအဝှမ်းကူးစက်ပြန့်နှံ့နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူကြီးမိဘများအနေနဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများ လိုအပ်လာပါက ကျွန်တော်တို့ရဲ့ ✅Stay Home Mobile Healthcare✅ကို သတိရလိုက်ဖို့ အသိပေးပါရစေ။

ကျွန်တော်တို့ရဲ့ Stay Home Mobile Healthcare မှာဆိုရင် ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
👉(၁) ကျွမ်းကျင်သော ဆရာဝန်များကိုယ်တိုင် အိမ်တိုင်ရာရောက် ကုသပေးခြင်း
👉(၂) အထူးကုဆရာဝန်များကို အိမ်ပင့်ကာ ကုသမှုခံယူခြင်း
👉(၃) Ultrasound, ECG စသော ကျန်းမာရေးစစ်ဆေးမှုများ ခံယူခြင်း
👉(၄) အိမ်တိုင်ရာရောက် ကျန်းမာရေးစစ်ဆေးမှုများ၊ သွေးဖောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း
👉(၅) Covid test စစ်ဆေးပေးခြင်း၊ Certificate များပေးခြင်း
👉(၆) အိမ်တိုင်ရာရောက် Covishield, Covaxin စသော ကိုဗစ်ကာကွယ်ဆေးများထိုးနှံ့ပေးခြင်း၊ Certificate ပေးခြင်း
👉(၇) တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံပေးခြင်း
👉(၈) ပြန်လည်သန်စွမ်းရေး ပညာရှင်များ (Physiotheraphist) များဖြင့် အိမ်တိုင်ရာရောက် ကျန်းမာရေးကုသမှု ခံယူခြင်း
👉(၉) သူနာပြု၊ သူနာပြုအကူ ဝန်ဆောင်မှုများပေးခြင်း

စတဲ့ ဝန်ဆောင်မှုတွေကို ဈေးနှုန်းထား သက်သာစွာဖြင့် ဝန်ဆောင်မှုပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Customer Service
📞 ဖုန်း 09456429259 ကို ဆက်ပြီး ဆရာဝန်နဲ့ တိုက်ရိုက်ဆက်သွယ်မှုပြုလုပ်ပြီး မိမိလူနာအနေအထားကိုပြောပြခြင်းဖြင့် အိမ်ပင့်ဝန်ဆောင်မှု လိုမလို ဆွေးနွေးနိုင်ပါတယ်။

✅အထက်ပါဝန်ဆောင်မှုများထဲမှာ မိမိက တစ်ခုခုလိုအပ်နေတယ်၊ ဈေးကြီးမလားမသိဘူးဆိုပြီး ဇဝေဇဝါဖြစ်နေရင်တော့ ဖုန်းဆက်ပြီးသာ ရဲရဲ မေးမြန်းလိုက်ပါ။

📞ကျန်းမာခြင်းဟာ ငွေကြေးထက် ပိုအရေးကြီးတာဖြစ်လို့ မိမိတတ်နိုင်တဲ့ထဲက အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါမယ်။

👨‍⚕သင်အိမ်မှာပဲ နေပါ၊ ကျွန်ုပ်တို့ကိုယ်တိုင်လာခဲ့ပါမယ်👨‍⚕

❗️ကလေး ကိုဗစ်❗️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ်  တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ ကလေးမှာ ပိုဗစ်က ပြင်းထ...
07/09/2022

❗️ကလေး ကိုဗစ်❗️

အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များ လာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီက ကူးတာပါ

ကလေးမှာ ပိုဗစ်က ပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တေါ်တေါ်ရှားပါတယ် အဖျာကြီးပြီး ၃-၄ ပတ်အကြာမှာ ပြင်းပြင်းထန်ထန် ပြန်ဖျားပြီးမျက်မှေးရောင်ပါးစပ်ရောင် နှလုံးရောင်တွေနဲ့ ပြတတ်တယ် )

🔺ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္တာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

၁နှစ်အေါက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa / Lensen စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

၅ နှစ် အထက်
ဆေးပြားသေါက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လေါက်ရှိရှိ အများဆုံးတခါသေါက် ၂ ပြားထက်ပိုမသေါက်သင့်ပါ

🔺နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အေါက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ
မိမိအ​ေနနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်

ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

🔺နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်
ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🔺ဝမ်း သွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​ေသါက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသေါက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သေါက်နိုင်ပါတယ်

🔺အန်ရင်

Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေး ဆို ရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

မိခင် ကိုဗစ်ဖြစ်ရင်လည်းနို့စို့ ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် မတ်စ်တပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

ကလေး ကိုဗစ် ဖြစ် ရင် လူကြီးတွေကို ကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေ ကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

🙏🏻Credit ဆရာကြီး ဦးစောဝင်း




***ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။***နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခ...
13/07/2022

***ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။***

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။

LifePlus Health & Beauty မှာစျေးဝယ်ပြီး STAYHOME မှ ကျန်းမာရေးဝန်ဆောင်မှုများကို အထူးလျော့စျေးများဖြင့်ရယူနိုင်ပြီဖြစ်ပါ...
04/03/2022

LifePlus Health & Beauty မှာစျေးဝယ်ပြီး STAYHOME မှ ကျန်းမာရေးဝန်ဆောင်မှုများကို အထူးလျော့စျေးများဖြင့်ရယူနိုင်ပြီဖြစ်ပါတယ်😇

🩸 သွေးဖောက်စစ်ဆေးဖို့ လူကြီးမင်းတို့ အိမ်မှာပဲနေပါ…ကျွန်တော်/ကျွန်မ တို့ အရောက်လာခဲ့ပါ့မယ်🙏🙏🦠 အခုလိုမျိုး ကိုဗစ်ရောဂါဒဏ်...
26/02/2022

🩸 သွေးဖောက်စစ်ဆေးဖို့ လူကြီးမင်းတို့ အိမ်မှာပဲနေပါ…ကျွန်တော်/ကျွန်မ တို့ အရောက်လာခဲ့ပါ့မယ်🙏🙏

🦠 အခုလိုမျိုး ကိုဗစ်ရောဂါဒဏ်ကို ပြန်လည်နလန်ထူနေရတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ စျေးနှုန်းထား သက်သာစွာနဲ့ အိမ်တိုင်ရာရောက်
💉သွေးဖောက်ခြင်း ဝန်ဆောင်မှုလေးတွေကို လုပ်ဆောင်ပေးနေပြီပဲ ဖြစ်ပါတယ်။

📍ကိုဗစ်ရောဂါနှင့်ပတ်သက်သောဝန်ဆောင်မှုများသာမက ပုံမှန်ကျန်းမာရေးစစ်ဆေးချင်သူများ အပြင် အထွေထွေရောဂါကုဆရာဝန်များ၊ သမားတော်များအိမ်ပင့်ဝန်ဆောင်မှုအတွက်လည်း ခုလိုအပြင်မထွက်သင့်တဲ့အချိန်မှာလူကြီးမင်းတို့၏တည်နေရာအရောက် ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်

👨🏻‍⚕️ 👩🏻‍⚕️ လူကြီးမင်းတို့အိမ်ကို ကာကွယ်မှုဝတ်စုံအပြည့်နဲ့ ကျွမ်းကျင်တဲ့ ဆရာဝန်များ၊ သူနာပြုများကိုယ်တိုင်အိမ်တိုင်ရာရောက်လာပြီး
✔️ကျန်းမာရေးစစ်ဆေးပေးခြင်း၊
✔️သွေးဖောက်ခြင်း၊
✔️ဆေးထိုးခြင်း
✔️ကာကွယ်ဆေးများထိုးနှံပေးခြင်း စတဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို စျေးနှုန်းထားသက်သာစွာနဲ့ လုပ်ဆောင်ပေးမယ့်အပြင်
🚙 သွေးပုလင်းများကိုပါ ချိတ်ဆက်ထားသောသက်ဆိုင်ရာ ဓာတ်ခွဲခန်းအထိ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

🏠နေထိုင်ရာမြို့နယ်ကွာလို့လည်း ဝန်ဆောင်ခပြောင်းလဲမှုမရှိပါဘူးနော်

👉ဝန်ဆောင်မှုကို ရယူလိုတယ်ဆိုရင်တော့
ဖုန်းနံပါတ် - 09456429259
ကိုဆက်သွယ်ပြီး အကြောင်းကြားနိုင်ပါပြီနော်

💭 Page Cb မှာလဲ အသေးစိတ် လာရောက် မေးမြန်းနိုင်ပါတယ်🙏🏻

အားလုံးပဲ ကျန်းကျန်းမာမာရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်🙏🏻⚠️ အားလုံးသိကြတဲ့ အတိုင်းပဲ အခုဆိုရင် Covid 4th Wa...
14/02/2022

အားလုံးပဲ ကျန်းကျန်းမာမာရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်🙏🏻
⚠️ အားလုံးသိကြတဲ့ အတိုင်းပဲ အခုဆိုရင် Covid 4th Wave or Omicron wave ဟာ တဖန်ပြန်လည်ကူးစက်ပြန့်ပွားလျက်ရှိပါတယ်။
🏡ဒီလိုမျိုးရောဂါပိုးတွေ ကူးစက်ပြန့်နှံ့နေတဲ့ အချိန်မှာ ကျွန်တော်တို့ STAY HOME မိသားစုမှ နေပြီးတော့ လူကြီးမင်းတို့ရဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများကို ကာကွယ်မှုပစ္စည်းအပြည့်အစုံနဲ့
👨🏻‍⚕️👩🏻‍⚕️ဆရာဝန်၊ ဆရာမများ၊
🧑‍⚕️သူနာပြုများကိုယ်တိုင် လာရောက်ပြီး ဝန်ဆောင်မှု ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့
✔️(၁) ကျန်းမာရေးစစ်ဆေးမှုနှင့် သွေးဖောက်စစ်ဆေးခြင်း (သွေးနမူနာအား မိမိတို့အစီအစဉ်ဖြင့် စနစ်တကျဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး အဖြေပို့ပေးသည့် စနစ်ဖြစ်ပါသည်)
✔️(၂) အီးစီဂျီ (ECG) ၊ အာလ်ထရာဆောင်းရိုက်ပေးခြင်း (Ultrasound) (ဓာတ်မှန်ဆရာဝန်ကိုယ်တိုင် အိမ်တိုင်ရာရောက် လာရောက်စစ်ဆေးပေးပါသည်)
✔️(၃) Covid ကာကွယ်ဆေး ထိုးပေးခြင်း (Covishield, Covaxin စသော ကာကွယ်ဆေးများကို စျေးနှုန်းသက်သာစွာ ထိုးပေးခြင်း)
✔️(၄) ဆရာဝန်၊ အထူးကုဆရာဝန်၊ သူနာပြု အိမ်ပင့်ခြင်း (လိုအပ်သော ဝန်ဆောင်မှုအား ညှိနှိုင်းဆွေးနွေးနိုင်ပါသည်)

✅ဒီလိုမျိုး အချိန်မှာ လူကြီးမင်းတို့အနေနဲ့ မိမိကျန်းမာရေးအတွက် လိုအပ်မယ့် တစ်စုံတစ်ရာများရှိခဲ့ရင် STAY HOME ကို သတိရဖို့ မမေ့ပါနဲ့နော်

☎️ဆက်သွယ်ရန်ဖုန်း - 09-456429259

🏠ကျွန်တော်တို့ STAY HOME MOBILE HEALTHCARE ဟာဆိုရင် ကိုဗစ်တတိယလှိုင်းအတွင်းမှာ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုကို ဆိုးဝါးစွာ...
09/02/2022

🏠ကျွန်တော်တို့ STAY HOME MOBILE HEALTHCARE ဟာဆိုရင် ကိုဗစ်တတိယလှိုင်းအတွင်းမှာ ကိုဗစ်ပိုးရဲ့ တိုက်ခိုက်မှုကို ဆိုးဝါးစွာခံစားခဲ့ရတဲ့ လူနာပေါင်း (၁၀၀၀+++) ကျော်ရဲ့ ကျန်းမာရေး အခြေအနေများ၊ သွေးဖောက်စစ်ဆေးမှုများနဲ့ ဆရာဝန်များကိုယ်တိုင် ရောဂါပျောက်ကင်းသည်အထိ တိုင်ပင်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

🏠STAY HOME MOBILE HEALTHCARE မှာဆိုရင် ရောဂါအမျိုးမျိုးအတွက် ဆီး၊ဝမ်း၊သွေး၊သလိပ် အတွင်း ရောဂါရှာဖွေမှုများ၊ ECG၊ Ultrasound (အာလ်ထွာဆောင်း)၊ အိမ်တိုင်ရာရောက် ဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများ ကုသပေးခြင်း၊ ကာကွယ်ဆေး အမျိုးမျိုးထိုးပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို အိမ်တိုင်ရာရောက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။

📩ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ယခုလို အိုမီခရွန်ပိုး ပြန်လန်ပြန့်ပွါးနေတဲ့အချိန် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးတိုင်ပင်လို၍ဖြစ်စေ၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လို၍ ဖြစ်စေ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများရယူလိုပါက STAY HOME MOBILE HEALTH SERVICES ကို အခုပဲ ဆက်သွယ်လိုက်ပါနော်။

☎️ဆက်သွယ်ရန်
09456429259
09778853085

🤝အခုလို ရောဂါကူးစက်မှုအရမ်းမြန်တဲ့ Omicron အမျိုးအစား ကိုဗစ်ကပ်ရောဂါကာလကြီးမှာ သင့်အားရောဂါကူးစက်မှုကို တစ််ဖက်တစ်လမ်းမှ...
06/02/2022

🤝အခုလို ရောဂါကူးစက်မှုအရမ်းမြန်တဲ့ Omicron အမျိုးအစား ကိုဗစ်ကပ်ရောဂါကာလကြီးမှာ သင့်အားရောဂါကူးစက်မှုကို တစ််ဖက်တစ်လမ်းမှ ကာကွယ်ပေးပါရစေ။
🏠 ပြီးပြည့်စုံတဲ့ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများကို အိမ်ထဲမှာပဲနေပြီးရယူချင်တယ်ဆိုရင်တော့
📞 09-456-429-259 , 09-7788-530-85 ကိုဖုန်းဆက်၍ဖြစ်စေ
📩Page messenger chat box ကနေဖြစ်စေ ဆက်သွယ်လိုက်ရုံနဲ့ လာရောက်ဝန်ဆောင်မှုပေးပေးမှာဖြစ်ပါတယ်
⏰ သွေးဖောက်ဝန်ဆောင်မှုများအတွက် နေ့ရက်အလိုက် booking အကန့်အသတ်လေးရှိတာမလို့ စောစောလေးဆက်ပေးဖို့တော့လိုမယ်နော်☺️

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့အိုမီခရွန်၏ လက္ခဏာ (၃)မျိုး•••••••••••••••••••••••••••••••••••••အိုမီခရွန် Omicronနံပါတ်...
05/02/2022

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ (၃)မျိုး
•••••••••••••••••••••••••••••••••••••

အိုမီခရွန် Omicron

နံပါတ်(၁)
အပျော့စား လက္ခဏာက
ဖျားမယ်၊ချောင်းဆိုးမယ်၊
ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ်(၂)
အလယ်အလတ် လက္ခဏာက
မျက်စေ့နာမယ်၊
လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ်(၃)
အပြင်းစား လက္ခဏာက
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊
စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလယ်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။

အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့
အရင်ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါပဲ။
အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့
သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်။

ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးဟာ
ကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ။

ဒါကြောင့် သင့်ကို ကိုဗစ်မကူးစက်စေရန်
၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ၊
၃၊လူစုလူဝေး ရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ
မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့။

🏡 အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများရယူပါ။

အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ။


Address

11-12, Shin Tayar Kyaung Street, North Dagon
Yangon

Telephone

+959456429259

Website

Alerts

Be the first to know and let us send you an email when STAY HOME Mobile Lab Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to STAY HOME Mobile Lab Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category