Thoon Yati Phamacy & Store

Thoon Yati Phamacy & Store Theinni Road, 40ward, North Dagon,yangon

30/07/2022

ဒီဆေးမျိုး တွေ့ရင် ရှောင်ပါ ။
ရောင်းတဲ့ဆိုင်ကိုပါ ခင်ဗျား မိသားစုကိုအရင် တိုက်ပါလို့ ပြောခဲ့ပါ ။

ဗမာဆေး နာမည်တပ်ပြီး မဟုတ်တရုတ်တွေ ရောထည့် ရောင်းတယ် ။
ရှမ်းဆေး သွေးဆေး နာမည်တပ်ပြီး သွေးဆေးထဲမှာ အကိုက်အခဲပျောက်ဆေးတွေ အမှုန့်ကြိတ်ထည့်တယ် ။
ဆေးမှုန့်အရောင်ကို အနီရောင်ပဲ ဆိုးထားတော့ ဗမာဆေးသွေးဆေး ထင်ရတယ် ။

ဘာတွေ ဖြစ်မလဲ ။ စားကောင်းမယ် အိပ်ပျော်မယ်
အကိုက်အခဲ တော်တော်သက်သာမယ် ။ ပေါ့ပါးနေမယ် ။

ဘာတွေဆက်ဖြစ်မလဲ ။
ဆေးဖြတ်လိုက်တာနဲ့ လူက လေးလံလာမယ် ။
အစာအိမ်ရောင်မယ် ။ အခန့်မသင့်ရင် အစာအိမ်အနာဖြစ်မယ် ။ သွေးကြောပေါက်မယ်။

ကျောက်ကပ်ပျက်စီးမယ် ။
အသည်းထိခိုက်မယ် ။
အရိုးပွမယ် ။
ခဏသက်သာပြီးလျှင် ယခင်ထက် ၂ဆ အရိုးအဆစ်များ ကိုက်ခဲလာပါမယ် ။
သွေးတိုး နှလုံး ဆီးချိုသမားများ လေဖြတ်နိုင်ချေမြင့်မားလာပါမယ် ။

အောက်ကဆေးထုပ်ထဲ ပါတာတွေကတော့

1Dexa (steroid စတီးရွိုက် အကိုက်အခဲသက်သာ ကိုယ်တွင်းအင်ဂါ အယောင်ကျစေရန် တစ်ချို့ရောဂါများတွင် အတိုင်းအဆနှင့်သုံးသောဆေး )

2 Paracetamol ( အကိုက်အခဲအနည်းငယ်သက်သာ အဖျားကျဆေး)

3Omez( အစာအိမ်ဆေး PPI အုပ်စု)

4Prednisone ( စတီးရွိုက် နောက်တစ်မျိုး ။ အပေါ်က Dexa ကဲ့သို့ပင် )

5Diclo (NSAID အုပ်စု အကိုက်အခဲပျောက်ဆေး အပြင်း)

6Piroxicam ( အကိုက်အခဲပျောက်ဆေး တစ်မျိုးပင် )

ထိုသို့ အက်ိုက်အခဲ ပျောက်ဆေးမျိုးစုံကို စုပြုံသောက်ခြင်းဖြင့် အကိုက်အခဲ ပျောက်ရုံသာမက ဘေးထွက်ဆိုးကျိုး အရမ်းပင် ပြင်းထန်စွာ ခံစားရနိုင်ပါသည် ။

မိဘပြည်သူများ ဈေးသက်သာချင်လျှင် ဆရာဝန်ကို ပွင့်လင်းစွာ အကူအညီတောင်း၍ ဆေးတောင်းသောက်ပါ ။
အကိုက်အခဲ အကြောတက် သက်သာ လေးဘက်နာ အလွန်ပင် မြန်မြန် သက်သာဆိုသော ဘယ်ဆေးကိုမှ အလွယ်တကူ ဝယ်မသောက်ကြပါနှင့် ။

အကိုက်အခဲပျောက်ဆေးတော့ ဆရာဝန်တိုင်း ပေးတတ်ပါသည် ။
မသင့်တော်လို့ မပေးခြင်းကို ဆရာဝန်က မပေးတတ်လို့ ဟုတစ်မျိုး
ဒီဆေးက လျှို့ဝှက်သော ဆေးကျမ်းထဲက အတိုင်း
ဖော်စပ်ထားတာမို့ ဆရာဝန်တွေ မသိဘူးဟု တစ်မျိုး

အထင်မရောက်ကြစေလိုပါ

ရာသီအကူးအပြောင်းမှာတော့ VITACAP ကိုသာ ဆောင်ထားလိုက်ပါ ....Vitamin C,D,Zinc အပါအဝင် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမ...
29/05/2022

ရာသီအကူးအပြောင်းမှာတော့ VITACAP ကိုသာ ဆောင်ထားလိုက်ပါ ....
Vitamin C,D,Zinc အပါအဝင် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၁၈)မျိုးပါဝင်တဲ့ အဆင့်မြင့်အားဆေး VITACAP က ဖျားနာတာတွေအလွယ်တကူမဖြစ်အောင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်ပါတယ်ဗျ။ ဒါကြောင့် ကျန်းမာကြံ့ခိုင်ပြီး ကြည်လင်လန်းဆန်းတဲ့ နေ့ရက်တွေအတွက် VITACAP ကို ဆောင်ထားဖို့ မမေ့ပါနဲ့ ...

မှာယူပြီး 3 ရက်အတွင်းပို့ဆောင်ပေးပါတယ်ရှင့်
ဆိုင်မှာ လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့
ဆိုင်လိပ်စာလေးက📝 အမှတ် 761B Theinni road. 40 ward, north dagon ပါရှင့်
📞09420077840,09424021520.

#သွန်းရတီ

မျှဝေခြင်းဖြစ်ပါတယ်... အားလုံးပဲ ကျန်းမာရွှင်လန်း တဲ့ဘဝ ကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်......  #သွန်းရတီ ​​ေဆးနှင့်စတိုး N...
21/05/2022

မျှဝေခြင်းဖြစ်ပါတယ်... အားလုံးပဲ ကျန်းမာရွှင်လန်း တဲ့ဘဝ ကိုပိုင်ဆိုင်နိုင်ကြပါစေရှင့်......

#သွန်းရတီ ​​ေဆးနှင့်စတိုး
North Dagon.

သွန်းရတီ ဆေးဆိုင်တွင် English ဆေး မြန်မာဆေးမျိုးစုံ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်ဆိုင်လိပ်စာလေးက📝 အမှတ် 761B Theinni road. 40...
20/05/2022

သွန်းရတီ ဆေးဆိုင်တွင် English ဆေး မြန်မာဆေးမျိုးစုံ ဝယ်ယူရရှိနိုင်ပါတယ်ရှင့်

ဆိုင်လိပ်စာလေးက📝 အမှတ် 761B Theinni road. 40 ward, north dagon
📞09420077840,09424021520.

ကိုယ်ခဲစွမ်းအား မြင့်တင် ပေးပြီး လူက်ု လန်းဆန်းစေတဲ့ImunActiv ဆေး ၂ လုံးတိုင်း မှာBetaglucan -337mgVitamin C    -100mgZi...
20/05/2022

ကိုယ်ခဲစွမ်းအား မြင့်တင် ပေးပြီး လူက်ု လန်းဆန်းစေတဲ့
ImunActiv ဆေး ၂ လုံးတိုင်း မှာ
Betaglucan -337mg
Vitamin C -100mg
Zinc -15 mg
Bioflavonoids-50 mg ပါဝင်ပါတယ်

**Betaglucan က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလို့ မကြာခဏဖျားတတ်သူတွေ၊ရာသီတုပ်ကွေး နဲ့ကင်ဆာရောဂါတို့မှာ အသုံးပြုပါတယ်

ဒါ့ပြင်ကို 1997 ခုနှစ် US FDA က အတည်ပြုထားတဲ့ အချက်(၃)ချက်ကတော့

(၁)Cholesterol (ကိုလက်စရော)ကိုကျစေတယ်
(၂)သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အပြင်
(၃)နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေပါတယ်

**Vitamin C ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်

**Zinc ကလည်း ခုနောက်ပိုင်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဓာတ်တစ်မျိုးအဖြစ် လူသိများ လာပါတယ်

**Bioflavonoid က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်။Bioflavonoids ကို ဓာတ်မတည့်ရောဂါ၊ဗိုင်းရပ်စ်ကူးစက်ရောဂါတွေမှာ Vitamin C နဲ့အတူတွဲသုံးပါတယ်

ImunActiv သောက်သုံးပုံ

မနက်တစ်လုံး ၊ညနေ တစ်လုံး အစာနဲ့တွဲ၍သောက်သုံးနိုင်ပါတယ်

06/05/2022

တစ်မျိုးထဲနဲ့ ဖက်တီးအက်ဆစ် စုံစုံလေး ရချင်သူများအတွက်...
အော်စီက Healthy Care Omega 3-6-9 လေးပါ... ၂ နှစ်အထက် တအိမ်လုံး သောက်လို့ရတယ်နော်...

✅ Fish oil ငါးကြီးဆီ, EPO ( evening Primrose Oil), Flaxseed oil ၃ မျိုးလုံးပါဝင်ပြီး ခန္တာကိုယ်အတွက် လိုအပ်တဲ့ Omega 3-6-9 စတဲ့ Fatty Acid ( ဖက်တီး အက်ဆစ်) တွေ ဖြည့်ဆည်းပေးတာပါ...

✔️ Skin အတွက်ကောင်းစေလို့ အသားအရေလှပြီး စိုစိုလေးဖြစ်စေတာပါ ( ဝက်ခြံတွေရော သက်သာစေတယ်နော်)...

✔️ ကလေးတွေအတွက် ဦးနှောက် ဉာဏ်ရည် မျက်လုံး အားကောင်းစေပါတယ်နော်...

✔️ နှလုံးနဲ့ ဦးနှောက်အားကောင်းစေလို့ နှလုံးသွေးကြောကျဉ်းသူများ, အားနည်းသူများ သောက်သင့်ပြီး အယ်ဇိုင်းမားဖြစ်ခြင်းကလည်းထိထိရောက်ရောက်ကာကွယ်ပါတယ်နော်...

✔️ အရိုးအဆစ်တွေအားကောင်းစေလို့ ဒူးနာခါးနာတာတွေ, လေးဘက်နာ ဂေါက်သမားတွေ အရိုးအဆစ်နာတာတွေ, အရေးပြားယားယံတာတွေ သက်သာပါတယ်နော်...

✨ အညွှန်း : 2 နှစ်အထက်ကစပြီး သောက်လို့ရပါတယ်... အစာစားပြီးသောက်ပါနော်...

- 12 နှစ်အထက် : ၂-၃ လုံး ( တစ်ရက် ၃ ကြိမ် အများဆုံးသောက်လို့ရပါတယ်)
- 6-12 နှစ် ကလေးများ: ၁ လုံး ( ၂ ကြိမ် အများဆုံးသောက်လို့ရပါတယ်)
- 2-6 နှစ်ကလေးငယ်များ: ၁ လုံး ( ၁ ကြိမ်ဆိုလုံလောက်ပါပြီနော်)
( ဆေးလုံးလိုက် မသောက်တတ်တဲ့ ဘေဘီလေးတွေကိုတော့ ဆေးလုံးလေးကို ညှပ်ပြီး အနှစ်ကို ပါးစပ်ထဲဖောက်ထည့်ပေးနိုင်သလို ရေ, ဖျော်ရည် သို့မဟုတ် နွားနို့ထဲရောပြီးလည်း တိုက်နိုင်ပါတယ်နော်)

#သွန်းရတီ ဆေးနှင့်စတိုး
09424021520 , 09420077840

အဆစ်ရောင်ကိုက်လေးဘက်နာ ရောဂါ ဆိုတာက ကမ္ဘာပေါ်မှာ လူတိုင်း အသိတခုအနေနဲ့သတိထားသင့်တဲ့ရောဂါဖြစ်ပါတယ်အဆစ်ရောင်ကိုက်လေးဘက်နာရ...
15/03/2022

အဆစ်ရောင်ကိုက်လေးဘက်နာ ရောဂါ ဆိုတာက ကမ္ဘာပေါ်မှာ လူတိုင်း အသိတခုအနေနဲ့သတိထားသင့်တဲ့ရောဂါဖြစ်ပါတယ်

အဆစ်ရောင်ကိုက်လေးဘက်နာရောဂါနှင့် ပတ်သက်ပြီး စောစောစီးစီး မကုသရင် နာတာရှည် ရောဂါ အနေနဲ့အိပ်ရာထဲ လဲနေတာမျိုး အထိ ဖြစ်တက်ပါတယ်

အဲဒီမတိုင်ခင်မှာတော့ ဝေဒနာ ခံစားရသူအနေနဲ့ ရောဂါ ပြင်းထန်မှု အပေါ်မူတည်ပြီး အဆစ်ကြီး၊အဆစ်လေးများ (အဆစ်ရောင် ကိုက်လေးဘက်နာအမျိုးအစားပေါ်မူတည်၍) နာကျင်ကိုက်ခဲရမှုကြောင့် စိတ်အနှောက်အယှက်ဖြစ်ပြီး အလုပ်မလုပ်
နိုင်အောင် အထိ ဖြစ်နိုင်လို့အထူးသတိထားဖို့လိုပါတယ်🙋

လေးဘက်နာ ရောဂါ ဘယ်သူတွေ အဖြစ်များလဲ ဆိုတော့

၁။ မိသားစု များတွင် အဆစ်ရောင်ကိုက်လေးဖက်နာရောဂါ ခံစားရသူရှိခြင်း။

၂။ ဆေးလိပ်နှင့်အရက်ဘီယာသောက်တတ်သူများ။

၃။ ကလေးမီးဖွားပြီးစ နှင့် နို့တိုက်မိခင်များ။

၄။ အသက်လေးဆယ်ကျော် အမျိုးသမီးများ အဖြစ်များတယ် လို့ ဆေးပညာရှင်တွေ ကတော့ အဆိုရှိပါတယ်။

လေးဘက်နာ ရောဂါ ရှိသူတွေ အနေနဲ့မိမိနှင့် မတည့်သည့် အစားအသောက်တွေကို စားသင့်သလို အဆစ်ရောင် ကိုက်လေး ဘက်နာရောဂါ ကို သက်သာစေသော တောင်မုရိုးခေါက် ၊ ဆင်တုံးမနွယ်၊ အကျော်တို့အပြင် အခြား သဘာ၀ အစွမ်းထက်
ဆေးမြစ်များ များ ဖြင့် ဖော်စပ်ထားသော ဂုဏ်ရည်အမှတ်တံဆပ် "အဆစ်ရောင်ကိုက် လေးဘက်နာသောက်ဆေးပြား" ကို တစ်နေ့ နှစ်ကြိမ်မှီဝဲပေးခြင်းဖြင့် ခံစားရသောရောဂါဝေဒနာ ကို သက်သာပျောက်ကင်းစေပါတယ်

🙏ဂုဏ်ရည်ဆေးတိုက်မှ ထုတ်လုပ်သော အဆစ်ရောင် လေးဘက်နာ ဆေးပြား သည် အဆစ်ရောင်ကိုက်(လေးဘက်နာ) ရောဂါကို ပျောက်ကင်းစေ၍ ဒူးဆစ်၊ ခြေဆစ်၊ လက်ဆစ်ရောင်ကိုက်ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ အကြောတက်ခြင်း၊ ဖနောင့်နာခြင်း၊ ထုံကျင်ခြင်း၊ ကိုက်ခဲခြင်းများကိုပါ ထိရောက်စွာ သက်သာပျောက်ကင်းစေပါသည်က် ဆေးစွမ်းကောင်းများဖြင့်ကုသပေး ပါသည်

#သွန်းရတီေဆးနှင့်စတိုး
မြောက်ဒဂုံ

လူတိုင်း ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားရပါတယ် ဘယ်လိုအကြောင်းကြောင့် ခေါင်းကိုက်ရတာလဲဆိုတာ အောက်မှာ ဖတ်ကြည့်လို့ရပါတယ်💗စေတနာဖ...
14/03/2022

လူတိုင်း ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားရပါတယ်

ဘယ်လိုအကြောင်းကြောင့် ခေါင်းကိုက်ရတာလဲဆိုတာ အောက်မှာ ဖတ်ကြည့်လို့ရပါတယ်💗

စေတနာဖြင့်...
ဝေဒနာများသက်သာပျောက်ကင်းကြပါစေရှင် 🙏


share
#သွန်းရတီ ဆေးနှင့်စတိုး

14/03/2022

လေးဘက်နာရောဂါ၏နောက်ဆက်တွဲရောဂါ(၁၀)မျိုး

လေးဘက်နာရောဂါသည် ခန္ဓာကိုယ်ခုခံအားစနစ် မှားယွင်း တိုက်ခိုက်သောရောဂါ (Autoimmune) အမျိုးအစားဖြစ်ပြီး မနက်အိပ်ယာထခါစ (သို့မဟုတ်) ထိုင်ရာမှထခါစတွင် အဆစ်များတောင့်တင်းနာကျင်ပြီး လှုပ်ရှားရခက်သော ရောဂါဖြစ်သည်။ လေးဘက်နာရောဂါကို သေချာစွာမကုသပါက အဆစ်များတွင် သာမက အခြားခန္ဓာကိုယ်အစိတ်အပိုင်းများတွင်ပါ ဆိုးကျိုးများ တခုမဟုတ်တခု ဖြစ်နိုင်ပါသည်။

1️⃣ မှတ်ဥာဏ်နည်းသွားနိုင်ခြင်း

လေးဘက်နာရောဂါရှိသူများသည် စိတ်ဖိစီးမှု၊ စိတ်အားငယ်မှုတို့ကို ခံစားရရုံသာမက မှတ်ဥာဏ်နည်းသွားခြင်း၊ အာရုံစူးစိုက်ရန်ခက်ခြင်း အစရှိသည်တို့ပါ ဖြစ်ပေါ်တတ်သည်။

2️⃣ သွေးကြောနံရံထူခြင်း

လေးဘက်နာ ရောဂါရှိသူများသည် နာတာရှည်ရောင်ယမ်းမှု ဖြစ်သောကြောင့် ရိုးတွင်းခြင်ဆီမှ သွေးနီဥ ထုတ်လုပ်ခြင်းကိုလျော့နည်းစေသောကြောင့် သွေးအားနည်းခြင်းဖြစ်စေသည်။ လေးဘက်နာရောဂါ မကုဘဲထားပါက သွေးကြောများကို ထူလာစေပြီး သွေးကြောကျဉ်းလာကာ နှလုံးတိုက်ခိုက်ခံခြင်း၊လေဖြတ်ခြင်း အထိပါဖြစ်တတ်သည်။

3️⃣ ဝမ်းချုပ်တတ်ခြင်း

လေးဘက်နာရောဂါ ရှိသူများသည် ဝမ်းဗိုက်ပြဿနာအနေဖြင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်တတ်သည်။ အဆစ်ကိုက်ခဲသောကြောင့် သက်သာစေရန် သောက်သုံးသော အကိုက်အခဲပျောက်ဆေး ဆိုးကျိုးများအနေဖြင့် အစာအိမ်၊ အူအနာနှင့် အစာလမ်းကြောင်း သွေးယိုစီးခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။

4️⃣ အရိုးအဆစ် နာကျင်ခြင်း

လေးဘက်နာ၏ ကနဦးလက္ခဏာအဖြစ် လက်ဆစ်များ နာကျင်တောင့်တင်းခြင်းကို ခံစားရရုံသာမက သေချာစွာမကုသဘဲထားပါက အရိုးများပျက်စီးလာပြီး အရိုးသန်မာမှု အားနည်းခြင်း၊ အရိုးပွခြင်း၊ အရိုးကျိုးလွယ်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်သည်။

5️⃣ မျက်စိရောဂါများ

လေးဘက်နာရှိသူများသည် မျက်စိနီခြင်း၊ နာခြင်း၊ မျက်လုံးခြောက်ခြင်း၊ အမြင်ဝေဝါးခြင်း အစရှိသည့်အမြင်ဆိုင်ရာ ပြဿနာများကြုံတွေ့ရရုံသာမက မျက်စိတိမ်၊ ရေတိမ်များလည်း ဖြစ်နိုင်သည်။

6️⃣ ခံတွင်းဆိုင်ရာ ပြဿနာများ

တခြို့သော လေးဘက်နာရောဂါရှိသူမြားသည်တံတွေးထုတ်လုပ်မှုကျဆင်းသော ကြောင့်အာခေါင် ခြောက်ခြင်းနှင့်ခံတွင်းသို့ရောဂါပိုးဝင်ရောက်ခြင်းများဖြစ်စေနိုင်သည်။

7️⃣ အဆုတ်တွင် ဖြစ်ပေါ်သော ရောဂါများ

လေးဘက်နာရောဂါရှိသူများတွင် အသက်ရှူလျှင်မောခြင်း၊ နာတာရှည်ချောင်းခြောက်ဆိုးခြင်း၊ မောပန်းလွယ်ခြင်း၊ အစားအသောက်ပျက်ခြင်း အစရှိသော လက္ခဏာများသာမက အဆုတ်တွင်အလုံးများပါ ဖြစ်ပေါ်နေတတ်သည်။

8️⃣ အရေပြားဆိုင်ရာ ပြဿနာများ

လေးဘက်နာရောဂါရှင်များသည် အရေပြားတွင် အကွက်နှင့် အလုံးများဖြစ်နေတတ်ပြီး အနာဖြစ်ပေါ်ပါက အနာကျက်နှုန်းနှေးပြီး ရောဂါပိုး ဝင်လွယ်တတ်သည်။

9️⃣ လက်ချောင်း၊ ခြေချောင်း ပြဿနာများ

လေးဘက်နာ မကုသဘဲထားပါက ကြာလာသောအခါ လက်ဆစ်များပုံမှန်မဟုတ်ရုံသာမက လက်နှင့် ခြေထောက်တွင် ထုံခြင်း၊ ပူခြင်း၊ နာကျင်ခြင်း အစရှိသည်တို့ကိုပါ ခံစားရနိုင်သည်။

🔟 နှလုံးနှင့်ဆိုင်သော ပြဿနာများ

လေးဘက်နာပိုးသည် နှလုံးအဆို့ရှင်များကို ကိုက်တတ်သောကြောင့် မကုသပဲထားပါက နှလုံးနှင့်ဆိုင်သော ရောဂါများ ခံစားရနိုင်သည်။
Credit & reference to original uploder

အခြားမိတ်ဆွေသူငယ်ချင်း‌တွေလည်း သိအောင်
Share လုပ်ပြီမျှဝေပေးလိုက်ပါဦးနော်✅✅

ကျန်းမာရေးနဲ့ပတ်သတ်တဲ့အသိသုတလေးတွေ အမြဲတင်ပေးနေမှာမို့ Healthy Villa page လေးကို like , Share & Favorite လေးလုပ်ထားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်🙏🙏🙏

#သွေးချိုရောဂါ #ဆီးချိုရောဂါ #ဆီးရောဂါ #ဆီးကျောက်တည် #ဆီးလမ်းကြောင်းပိုး၀င်ခြင်း #ဓနိဖူးလက်ဖက်ခြောက် #ဓနိဖူး #သွေးတိုးရောဂါ #သွေးတိုး #လောက်သေရွက် #ယာကွန်ရွက် #ဓနိဖူးယာကွန်ဆေးလက် ဖက်ခြောက်
#သွေးတွင်းအဆီဓာတ်များခြင်း

လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်းလက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍  တိုင်းရင်းဆေး ပညာရပ...
14/03/2022

လက်မောင်းကိုက်ပြီး ပခုံးဆစ်ကပ်ခြင်း

လက်မောင်းအုံတစ်ခုလုံး ကိုက်ခဲပြီး လက်မောင်းကပ်ခြင်းနှင့် ပတ်သက်၍ တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ အသိပညာပေး စာတမ်းဖတ်ပွဲအား ဘားအံမြို့၌ ပြုလုပ်ခဲ့ကြောင်းကို သတင်းစာတွင် ဖတ်လိုက်ရသည်။ လက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ဝမ်းသာစရာ ကြားသိရသည်မှာ ရောဂါမဖြစ်ပွားရေး ပညာပေးမှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သောကြောင့် ကရင်ပြည်နယ်တွင် လက်ကပ်သည့် လူနာအရေအတွက်မှာ ယခင်နှစ်များထက် လျော့နည်းသွားခြင်း ဖြစ်သည်။

ထိုအချက်က ဆေးပညာရှင်များ အနေဖြင့် ဆေးကုသမှု တစ်မျိုးတည်းကိုသာ အလေးထားပြုလုပ်နေမည့် အစား ကုသရင်းပညာပေး၊ ပညာပေးရင်း ကုသဆိုသလို ကျန်းမာရေး အသိပညာပေးခြင်းပါ ပူးတွဲလုပ်ဆောင်က ပိုမိုထိရောက်မှု ရှိကြောင်း ထင်ရှားသော သာဓက တစ်ရပ်ပင်ဖြစ်ချေသည်။ အခြားတစ်ဖက်ကလည်း တိုင်းရင်းဆေးရုံများတွင် ကုသမှုများကို ပိုမိုပြည့်စုံအောင် ပြုလုပ်ပေးနိုင်သဖြင့် အတွင်းလူနာနှင့် အပြင်လူနာများ လာရောက်ပြသကုသမှု ခံယူနှုန်း များပြားလာသည်ဆို၏။

လက်ကပ်ရောဂါ ခေါ် ပခုံးဆစ်ကပ်ခြင်းသည် ကူးစက်တတ်သော ရောဂါမဟုတ်သလို အသက်ကို ရန်ရှာနိုင်သော ရောဂါမျိုးလည်း မဟုတ်ပါချေ။ သို့တစေ ဝေဒနာ ခံစားနေကြရသူများအား ပြင်းစွာနာကျင်ကိုက်ခဲခြင်း ဖြစ်စေပြီး နေရထိုင်ရ၊ လုပ်ရကိုင်ရများစွာ အဆင်မပြေဖြစ်ကာ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ လက်ကို ပုံမှန်အတိုင်း မြှောက်မရ၊ လှုပ်ရှားမရ၊ အသုံးပြု မရသောကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ယာယီ မသန်စွမ်းမှုကဲ့သို့ ကြုံတွေ့ခံစားနေကြရလေသည်။

ဥပမာ- လက်ကိုခေါင်းနှင့်ကျောတို့၏ အနောက်ဘက်သို့ လည်းကောင်း၊ ပါးစပ်ဆီသို့ လည်းကောင်း ကောင်းစွာ မရောက်နိုင်ခြင်း။ သို့ဖြစ်ရာ မျက်နှာသစ်ခြင်း၊ ခေါင်းဖြီးခြင်း၊ လုံချည်ဝတ်ခြင်းနှင့် ဘေးဘက်သို့ပစ္စည်း လှမ်းယူခြင်း အစရှိသည်များကို ပြုလုပ်ရန်ခက်ခဲတတ်သည်။ ယခုစာရေးသူသည် အကြောအဆစ်ကု ပညာရှင် တစ်ဦးအနေဖြင့် ပခုံးဆစ်ကပ် လူနာများကို ဆေးရုံများတွင် ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့ရသည်။ ပခုံးဆစ်ကပ်သော လူနာအများစုသည် အသက် ၄ဝ နှစ်နှင့် ၆ဝ နှစ်အကြားတွင် ရှိတတ်သည်။

လူနာအတော်များများမှာ ကောင်းသည့်ဘက်က လက်ဖြင့် နာသည့်ပခုံးကို ဆုပ်ထားလျက် ဆေးကုခန်း အတွင်းသို့ ဝင်လာတတ်ကြသည်။ ပခုံးကိုလည်း ခန္ဓာကိုယ်နှင့်ကပ်ပြီး မလှုပ်ရှားဘဲ ထားလေ့ရှိ၏။ ပခုံးရောဂါ ဝေဒနာများနှင့် ပတ်သက်ပြီး အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။ ပခုံးဆစ်ကပ်ခြင်းသည် ပခုံးဆစ်နှင့် ယင်းကိုငုံထားပေးသော အရွတ်တို့ ရောင်ရမ်းလာပြီး ကြာသောအခါ ထူထဲကာ ကျပ်လာသောကြောင့် ဖြစ်ရလေသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ရောဂါဖြစ်စဉ်ကို အဆင့်သုံးဆင့် သတ်မှတ်ပြောဆိုထား၏။ ပထမအဆင့် (freezing stage) တွင် ပခုံးဆစ်နေရာမှာ စနာတတ်ပြီး နာကျင်မှုကြောင့် လက်လှုပ်ရှားမှုများ ခက်ခဲလာသည်။ ရက်သတ္တ ခြောက်ပတ်မှ ကိုးလအထိ ကြာနိုင်သည်။ ဒုတိယအဆင့် (frozen stage) တွင် နာကျင်မှု သက်သာလာကာ ပခုံးဆစ်ကပ်လာ၏။

လေးလမှ ကိုးလအထိ ကြာနိုင်သည်။ တတိယအဆင့် (recovery stage) တွင် ပြန်လည်ကောင်းမွန် လာတတ်ကာ ပခုံး ဆစ်လှုပ်ရှားမှုများ လုပ်နိုင်လာသည်။ ငါးလမှ နှစ်နှစ်အထိ ကြာနိုင်သည်။ ပခုံးနာကျင်မှုသည် တဖြည်းဖြည်းချင်း ဖြစ်လာပြီး လက်လှုပ်ရှားမှုပြုတိုင်း ပိုနာတတ်သည်။ အထူးသဖြင့် ပခုံးထိပ်အပြင်ဘက်ပိုင်းနေရာနှင့် လက်မောင်းရှေ့အပေါ်ပိုင်းတို့တွင် နာလေ့ရှိပြီး ညအိပ်သောအခါ ဖြစ်သည့်ဘက်သို့ ဖိလျက် မအိပ်နိုင်ပါချေ။ လက်လှုပ်ရှားမှု အခန့်မသင့်က အသည်းခိုက်အောင်ပင် နာသွားတတ်ကြောင်းကို လူနာအချို့က ပြောပြကြသည်။ ယင်းသို့နာသွားက ပခုံးနေရာအပြင် လက်ဖျံအထိပင် အောင့်ကာနာတတ်လေသည်။

ပခုံးဆစ်ကပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းမြစ်ကို ယနေ့တိုင် အတိအကျ မသိရသေးဟု ဆိုသည်။ သို့သော် ဆီးချိုရှိသူများ၊ ပါကင်ဆန်ရောဂါရှင်များ၊ နှလုံးသွေးကြော ရောဂါဖြစ်သူများနှင့် သိုင်းရွိုက်ဂလင်း ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများကြောင်း တွေ့ရှိရသည်။ တစ်ဖန် လေဖြတ်ထားသူ အချို့တွင်လည်း ဖြစ်သည့်ဘက်မှပခုံးတွင် ပခုံးဆစ်နာခြင်းနှင့် ပခုံးကပ်ခြင်းတို့ ဖြစ်တတ်၏။ သို့ဖြစ်ရာ ဆရာဝန် သို့မဟုတ် အရိုးအကြောခွဲစိတ် အထူးကု ဆရာဝန်ကြီးများနှင့် ပြသသင့်ပါသည်။ ကုသမှုအပိုင်းမှာ ရောဂါဖြစ်နေသော အဆင့်အပေါ်တွင် မူတည်နေတတ်သည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် အကြောအဆစ်ဆိုင်ရာ ကုသမှုများနှင့် ပတ်သက်သည် တို့ကိုသာ ပြောပြပါမည်။ ယေဘုယျအားဖြင့် အကြောအဆစ်ဆိုင်ရာ ကုသမှု နှစ်မျိုးရှိသည်။

(၁) ကုသစက်များ (Electrotherapy modalities) ဖြင့် ကုသပေးခြင်း၊ (၂) လှုပ်ရှား လေ့ကျင့်နည်းများ (Therapeutic exercises)ဖြင့် ကုသပေးခြင်း၊ ကုသစက်များဖြင့် ကုသခြင်းကို တစ်နည်းအားဖြင့် electrophysical agents သုံး၍ကုသ ပေးခြင်းဟုလည်း ပြောတတ်ကြသည်။ အဓိက ရည်ရွယ်ချက်မှာ နာကျင်မှုသက်သာ စေပြီး လက်ကိုပြန်လည် အသုံးပြုနိုင်စေရန်ဖြစ်သည်။

ပခုံးဆစ်ကပ်ခြင်းအတွက် အသုံးပြု လေ့ရှိသော ကုသစက်များမှာ အသံလွန်လှိုင်းစက် (therapeutic ultrasound)၊ လေဆာစက် (low-level laser therapy-LLLT)၊ လျှပ်စီးစက် (transcutaneous electrical nerve stimulation-TENS) နှင့် လျှပ်စစ် သံလိုက်စက် (pulsed electromaganetic field therapy-PEMF) တို့ဖြစ်ကြသည်။ လူနာတစ်ဦးစီ၏ ရောဂါဝေဒနာအဆင့်ကို လိုက်ပြီး လှုပ်ရှားလေ့ကျင့်နည်းများကို အကြောအဆစ်ကု ပညာရှင်က စနစ်တကျ သင်ကြားပြသပေးသည်။ လေ့ကျင့်ခန်းများနှင့် အတူ လူနာများ မှတ်သားလိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ညွှန်ကြားပေးသည်။

#လှုပ်ရှားလေ့ကျင့်မှု(၁)

Pendulum Stretch ခါးကိုရှေ့သို့ အနည်းငယ် ၄၅ ဒီဂရီခန့်ကုန်းလျက် မနာသည့်ဘက်မှ လက်ကို စားပွဲပေါ် ထောက်ထားပါ။ ထို့နောက် နာသည့်ဘက်မှ ပခုံးအားဖြေလျှော့ပြီး လက်ကို လောင်းချပါ။ ပြီးလျှင် တံတောင် ဆစ်ကို ဆန့်လျက် နာရီလက်တံကဲ့သို့ လက်ယာရစ် ခုနစ်ကြိမ်(စက်ဝိုင်းပုံ) ဝှေ့ယမ်းပေးရမည်။ ပြီးသောအခါ လက်ဝဲရစ် ခုနစ်ကြိမ်လုပ်ပေးပါ။ တစ်ကြိမ်ပြီးလျှင် တစ်မိနစ်စီနားကာ နှစ်ခါထပ်လုပ်ပေးရမည်။

#လှုပ်ရှားလေ့ကျင့်မှု(၂)

Cross-bodyreach မတ်တတ်အနေအထားဖြင့် ကောင်းသောလက်က နာသည့်ဘက်မှ တံတောင်ဆစ်(ယာ)ကို ကိုင်ထားပါ။ ထို့နောက် နာသည့်လက်ကို ရင်ဘတ်ဘက်သို့ တဖြည်းဖြည်း ဆွဲပေးရမည်။ ပခုံး၏အနောက်ဘက်နှင့် ဘေးကြောများ ဖြေလျှော့ပေးရန်ဖြစ်သည်။


#လှုပ်ရှားလေ့ကျင့်မှု(၃) ဖြေလျှော့ခြင်း၊

Finger walk နံရံကို မျက်နှာမူလျက်ရပ်ပါ။ ထို့နောက် ခါးအပေါ်လောက်နေရာမှစပြီး နာသည့်ဘက်မှ လက်မနှင့် လက်ညှိုးတို့ကို ခြေထောက်များသဖွယ် နံရံအပေါ်ဘက်သို့ တစ်ချောင်းချင်း လျှောက်တက်ပေးပါ။ ထိုအခါ လက်မောင်းသည် တဖြည်းဖြည်းအပေါ်သို့ မြင့်တက်လာပေမည်။ အတက်အဆင်း နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါ။ တစ်နေ့လျှင် အနည်းဆုံး သုံးခါလုပ်ပေးရမည်။ အထက်ပါ လှုပ်ရှားလေ့ကျင့်မှုများကို ပြုလုပ်ပေးခြင်းဖြင့် တင်းနေသော အကြောများ အားနည်းသောကြွက်သားများ သန်စွမ်းလာစေခြင်း၊ အဆစ်လှုပ်ရှားမှု ချောင်ချိလာခြင်းနှင့် ပုံမှန်အလုပ်များ ပြန်လည်လုပ်နိုင်ခြင်းတို့ဖြစ်စေမည်။

လှုပ်ရှားလေ့ကျင့်မှုများ မပြုလုပ်မီနှင့်ပြုလုပ်ပြီးစတို့တွင် ရေနွေးအိတ်(ခပ်နွေးနွေး)ကပ်ပေးလျက် လှုပ်ရှားမှုများကိုလည်း အလွန်မနာကျင်စေဘဲ ညင်သာစွာ ပြုလုပ်ပေးသင့်လေသည်။ ပခုံးဆစ်ကပ်နေသဖြင့် နာ၍ကိုက်၍ လှုပ်လည်းမရသောကြောင့် ငြိမ်ငြိမ်လေးနေပါက အဆစ်ကပ်သော အခြေအနေ ပိုပြီး ဆိုးရွားလာမည်ဖြစ်သည်။ သို့ဖြစ်ရာ ဆေးကုသမှု မရှိသေးသူများအနေဖြင့် နားလည်တတ်ကျွမ်းသူများနှင့် အမြန်ဆုံးပြသ သင့်သလို ကုသမှုရရှိပြီးသောသူများကလည်း လှုပ်ရှားလေ့ကျင့်မှုများကို ဇွဲကောင်းကောင်းဖြင့် မှန်မှန်လုပ်ဆောင်သွားကြရန်နှင့် အခြားတစ်ဖက်မှလည်း လက်မနာကျင်စေဘဲ လုပ်နိုင်သည်များကို မိမိတို့တတ်နိုင်သမျှ နေ့စဉ် အသုံးပြုပေးကြရန် သတိပေး တိုက်တွန်းလိုက်ရပေသည်။

#မူရင်းဓာတ်ပုံများနှင့်ရေးသားထားသောစာအားလေးစားစွာဖြင့်CRD

share
#သွန်းရတီ ဆေးနှင့်စတိုး
ဆိုင်အမှတ် 761B Theinni road. 40 ward, north dagon .
📞09420077840,09424021520.

07/03/2022

ရေးမြို့မှ ဝယ်ယူအားပေးတဲ့ အန်တီ ကျေးဇူးပါရှင့် 😘
ကျန်းမာပျော်ရွှင်မှု အစဥ်ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်....ယခုထက်မကပိုပြီးပြည့်စုံကြွယ်ဝနိုင်ပါစေရှင့်......🙏🙏🙏🙏

07/03/2022

Nature`s way 3 ဘူး မှာယူအားပေးသော ရုံးမှသူငယ်ချင်းများကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင့်....ကျန်းမာပြီးဥာဏ်ရည်ထက်မြတ်တဲ့ သားသား မီးမီးလေးတွေ ဖြစ်ကြပါစေရှင့်...👶👦👧

Today Australia ဆေးလေးတွေဝင်ပါတယ်ရှင့် ပုံအောက်မှာ ကောင်းကျိုးလေးတွေနဲ့ စျေးလေးတွေ ပါပါတယ်
01/03/2022

Today Australia ဆေးလေးတွေဝင်ပါတယ်ရှင့် ပုံအောက်မှာ ကောင်းကျိုးလေးတွေနဲ့ စျေးလေးတွေ ပါပါတယ်

Address

Theinni
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420077840

Website

Alerts

Be the first to know and let us send you an email when Thoon Yati Phamacy & Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram