09/12/2022
Gene မျိုးရိုးဗီဇ ဆိုတာဘာလဲ
Gene မျိုးရိုးဗီဇဆိုတာ protein or RNA ကိုထုတ်ပေးဖို့အတွက် လမ်းညွှန်ချက် information တွေပါတဲ့ DNA segment ကိုခေါ်တာပါ
ဉပမာ insulin protein ထုတ်ဖို့ amino acids အရေမတွက် နဲ့ အစီအစဉ် number and sequence of amino acids ဘာလိုထုတ်မယ်ဆိုတဲ့ information သယ်ပေးထားတဲ့ DNA segment ကို insulin gene လို့ခေါ်တာပါ
သာမာန်ဆဲ somatic cells တွေမှာ chromosome တမျိုးကို ၂ ခုစီပါပါတယ် အဖေဆီကရတာ ၁ခု အမေဆီကရတာ ၁ခုပါ
E.g., Insulin gene က chromosome number 11 ပေါ်မှာရှိပါတယ် အမေဆီက insulin gene ၁ခု အဖေဆီက insulin gene တခု လုတိုင်ပိုင်ဆိုင်ထားပါတယ်
Chromosome ဆိုတာ genes မျိုးစုံပါတဲ့ DNA linear sequence ကြီးပါပဲ၊ အဲ့ DNA 🧬 double helixes က histone လို့ခေါ်တဲ့ proteins နဲ့ပေါင်းပြီး cell ရဲ့ nucleus ထဲမှာရှိပါတယ်
Circular DNA အသေးလေးကတော့ Mitochondria အတွင်းထဲမှာရှိပါတယ်
Gene တွေက structure and functional proteins ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်တဲ့ proteins မျိုးစုံကိုထုတ်ပေးလို့ gene ရဲ့ information မှားသွားရင်
အလုပ်ငေချာမလုပ်နိုင်တဲ့ proteins တွေထွက်လာပြီး ရောဂါဖြစ်စေနိုင်ပါတယ်