U-Well Myanmar

U-Well Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U-Well Myanmar, Vitamins/Supplements, Thiri Mingalar Yeik Thar, (7) Ward, Yankin Township, Yangon.

☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်...
22/04/2026

☀️ အပြင်ထွက်ရသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ အပူဒဏ်ကာကွယ်ရေး အချက် ၅ ချက်

အခုရက်ပိုင်း မြန်မာနိုင်ငံရဲ့ အပူရှိန်က ပြင်းထန်နေပါတယ်။ဒါကြောင့် အလုပ်ကိစ္စကြောင့်ဖြစ်စေ၊ လူမှုရေးကိစ္စကြောင့်ဖြစ်စေ အပြင်ထွက်ရသူတွေအတွက် Heat Stroke (အပူလျှပ်ခြင်း) အန္တရာယ်မှ ကာကွယ်နိုင်ဖို့ ဒီအချက် (၅) ချက်ကို မဖြစ်မနေ လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။
၁။ ရေကို နည်းနည်းနဲ့ ခဏခဏ သောက်ပါ။ 💧
ရေငတ်မှ သောက်တာမျိုးမဟုတ်ဘဲ ၁၅ မိနစ် တစ်ကြိမ်လောက် ရေကို ပုံမှန်သောက်ပေးပါ။ ဓာတ်ဆားရည် သို့မဟုတ် သဘာဝအုန်းစိမ်းရည် သောက်ပေးခြင်းက ချွေးကြောင့် ဆုံးရှုံးသွားတဲ့ ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ အဝတ်အစား ရွေးချယ်မှု သတိပြုပါ။ 👕
အပူစုပ်တဲ့ အမည်းရောင်နဲ့ အရောင်ရင့်တာတွေကို ရှောင်ပြီး အေးမြစေတဲ့ အဖြူရောင် ဒါမှမဟုတ် အရောင်ဖျော့ဖျော့ ချည်သားပွပွတွေကို ဝတ်ဆင်ပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

၃။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့ပါစေနဲ့။ ⛱️
အပြင်ထွက်ရင် ထီး၊ ဦးထုပ် သို့မဟုတ် နေကာမျက်မှန် အမြဲဆောင်ပါ။ ဖြစ်နိုင်ရင် မနက် (၁၁ )နာရီကနေ ညနေ (၄) နာရီအတွင်း နေပူထဲသွားလာတာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၄။ ရေအေးအေးနဲ့ မျက်နှာသစ်ပေးပါ။ 💦
အပြင်မှာ သွားလာနေရင်း အရမ်းပူလာပြီလို့ ခံစားရရင် နားနေဆောင်တစ်ခုခုမှာ ခဏဝင်နားပြီး လက်ဖျံနဲ့ မျက်နှာကို ရေအေးအေးနဲ့ ဆေးကြောပေးပါ။ ဒါက ခန္ဓာကိုယ်အပူချိန်ကို ချက်ချင်း လျော့ကျစေပါတယ်။ (သတိပြုရန် - အပြင်က ပြန်လာပြီးချင်း ချက်ချင်း ရေချိုးခြင်းကိုတော့ ရှောင်ကြဉ်ပါ။)

၅။ အပူဒဏ်ဖြစ်စေမယ့် အစားအသောက်တွေကို ရှောင်ပါ။ ☕
နေပူထဲမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သေစာ သောက်သုံးခြင်းက ဆီးခဏခဏ သွားစေပြီး ရေဓာတ်ကို ပိုမိုခန်းခြောက်စေပါတယ်။ ဒါ့အပြင် အစားအသောက်ကိုလည်း အပူအစပ်တွေထက် အစာကြေလွယ်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

❗အကယ်၍ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ရင်တုန်ခြင်းနဲ့ ကိုယ်အပူချိန် အလွန်တက်လာခြင်းတို့ ခံစားရပါက နီးစပ်ရာ အရိပ်အောက်မှာ အမြန်နားပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

အားလုံးပဲ ဒီနွေရာသီမှာ အပူဒဏ်ကနေ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။ 🙏

မင်္ဂလာနှစ်သစ်ပါရှင်! နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်သစ်၊လူသစ် အားအင်သစ်တွေနဲ့အတူ ရှေ့ဆက်ဖို့ အဆင်သင့်ပဲလား⁉💪နှစ်ဟောင်းမှာ ကျန...
17/04/2026

မင်္ဂလာနှစ်သစ်ပါရှင်! နှစ်ဆန်းတစ်ရက်နေ့မှာ စိတ်သစ်၊လူသစ် အားအင်သစ်တွေနဲ့အတူ ရှေ့ဆက်ဖို့ အဆင်သင့်ပဲလား⁉💪

နှစ်ဟောင်းမှာ ကျန်ခဲ့တဲ့ သင်ခန်းစာတွေကို ခွန်အားယူပြီး နှစ်သစ်မှာတော့...
✅ ကိုယ့်ရဲ့ Goal တွေကို အကောင်အထည်ဖော်နိုင်သူ
✅ ပိုမိုကျန်းမာပြီး ပျော်ရွှင်သူ
✅ အောင်မြင်မှုအသစ်တွေကို ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေလို့ U-Well Myanmar က ဆုတောင်းပေးလိုက်ပါတယ်ရှင်။
ဒီနှစ်သစ်မှာ အားလုံးပဲ ကံကောင်းခြင်းတွေ လက်ဦးနိုင်ကြပါစေရှင်။ ❤️

🌼🌾💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည...
13/04/2026

🌼🌾💦 မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။✨💦

နှစ်ဟောင်းက စိတ်ညစ်စရာများ၊ ကံမကောင်းမှုများအားလုံး ရေနဲ့အတူ မျောပါသွားပြီး နှစ်သစ်မှာ ကံကောင်းခြင်းများ၊ပျော်ရွှင်ခြင်းများ၊ စိတ်ကျန်းမာချမ်းသာခြင်းများနဲ့အတူ ရှေ့ဆက်နိုင်ပြီး
ပျော်ရွှင်စရာကောင်းသော သင်္ကြန်နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေရှင်🙏
🌸 Happy Myanmar New Year & Thingyan Festival 🌸
# သင်္ကြန်အခါသမယ

သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း📢📢📢                                                                 (၁၁.၄.၂၀၂၆)ရက်နေ့မှ (၁...
08/04/2026

သင်္ကြန်ရုံးပိတ်ရက် ကြေညာခြင်း📢📢📢

(၁၁.၄.၂၀၂၆)ရက်နေ့မှ (၁၉.၄.၂၀၂၆)ရက်နေ့ထိသည် မြန်မာနှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက်ဖြစ်ပါသဖြင့် ရုံးခေတ္တပိတ်ထားမည်ဖြစ်ပြီး (၂၀.၄.၂၀၂၆)ရက်နေ့မှာ ပုံမှန်အတိုင်း ရုံးပြန်လှည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်🙏🙏🙏
#သင်္ကြန် #ဖြည့်စွက်စာ #ရုံးပိတ်ရက် #နှစ်သစ်ကူး

U Well ဖြည့်စွက်စာကို စွဲသောက်စရာလိုလား🤔?ပုံမှန်အားဖြင့် U-Well ကဲ့သို့သော ဆီးလမ်းကြောင်းကျန်းမာရေး အထောက်အကူပြု ဖြည့်စွ...
03/04/2026

U Well ဖြည့်စွက်စာကို စွဲသောက်စရာလိုလား🤔?

ပုံမှန်အားဖြင့် U-Well ကဲ့သို့သော ဆီးလမ်းကြောင်းကျန်းမာရေး အထောက်အကူပြု ဖြည့်စွက်စာတွေကို အကြောင်းရင်းမရှိဘဲ နေ့စဉ်ရက်ဆက် ရှည်လျားစွာ စွဲသောက်ရန် မလိုအပ်ပါဘူး။ ဒီဖြည့်စွက်စာကို မိမိရဲ့ လက်ရှိကျန်းမာရေး အခြေအနေပေါ် မူတည်ပြီး စနစ်တကျ ခွဲခြားသောက်သုံးတာကသာ အထိရောက်ဆုံး ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာ သောက်သုံးသင့်လဲ?
👉အကယ်၍ မိမိမှာ ဆီးကျင်တာ၊ ဆီးအောင့်တာလိုမျိုး ဆီးလမ်းကြောင်းပိုးဝင်တဲ့ (UTI) လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ (၇) ရက်ကနေ (၁၀) ရက်ခန့်အထိ ဆက်တိုက် သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးခဏခဏ ဝင်တတ်သူတွေအနေနဲ့လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကာလအပိုင်းအခြားတစ်ခုအလိုက် (ဥပမာ - တစ်လမှာ ၁ ပတ် သို့မဟုတ် ၂ ပတ်ခန့်) သောက်သုံးပေးခြင်းဖြင့် ရောဂါပြန်မဖြစ်အောင် ထိန်းသိမ်းနိုင်ပါတယ်။

ဘာကြောင့် စွဲသောက်ဖို့မလိုတာလဲ?
👉U-Well ထဲမှာ Cranberry extract၊ D-Mannose နဲ့ Hibiscus လိုမျိုး သဘာဝအဆီအနှစ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းတွေဟာ ဆီးလမ်းကြောင်းအတွင်း ပိုးမွှားတွေ ကပ်တွယ်မှုကို လျှော့ချပေးပြီး ဆီးလမ်းကြောင်းစနစ်ကို အထောက်အကူပြုပေးတဲ့ (Support Supplement) အမျိုးအစားသာ ဖြစ်ပါတယ်။ ဒါကြောင့် ရောဂါဖြစ်နေချိန်မှာ ကုသမှုကို အားဖြည့်ပေးဖို့နဲ့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက်သာ ရည်ရွယ်ပြီး သောက်သုံးသင့်တာ ဖြစ်ပါတယ်။

🩷ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေဟာ အလွန်ပြင်းထန်နေမယ်ဆိုရင်တော့ ဖြည့်စွက်စာတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ ပိုးသတ်ဆေးဝါးတွေကိုပါ တွဲဖက်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဖြည့်စွက်စာဆိုတာဟာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာဖြစ်ပြီး ဆရာဝန်ညွှန်ကြားတဲ့ ကုသမှုဆေးဝါးတွေကို အစားထိုးနိုင်ခြင်း မရှိတာကိုလည်း သတိပြုရပါမယ်။ မိမိရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် မှန်မှန်ကန်ကန် သောက်သုံးခြင်းကသာ ကျန်းမာရေးအတွက် အကောင်းဆုံး အကျိုးကျေးဇူးကို ရရှိစေမှာ ဖြစ်ပါတယ် ✅💪✨
#ဆီးလမ်းကြောင်းကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ဖြည့်စွက်စာ

Cranberry နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း🍒ခရမ်ဘယ်ရီသီးဟာ ဆီးလမ်းကြောင်းကျန်းမာရေးအတွက်တင်မကဘဲ တစ်ကိုယ်လုံးစာ ကျန်းမာရေးအတ...
25/03/2026

Cranberry နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

🍒ခရမ်ဘယ်ရီသီးဟာ ဆီးလမ်းကြောင်းကျန်းမာရေးအတွက်တင်မကဘဲ တစ်ကိုယ်လုံးစာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတဲ့ Superfood တစ်မျိုးဖြစ်ပါတယ်။ ခရမ်ဘယ်ရီမှာ ပါဝင်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်ကို ဘယ်လိုကာကွယ်ပေးသလဲဆိုတာ အောက်မှာဖော်ပြထားပါတယ်။

၁။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ခြင်း (UTI Prevention)🛡
ခရမ်ဘယ်ရီမှာပါတဲ့ A-type Proanthocyanidins (PACs) ဟာ ဘက်တီးရီးယားတွေ ဆီးအိမ်နံရံမှာ ကပ်ငြိမှုကို တားဆီးပေးပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုး ခဏခဏပြန်ဝင်တတ်သူများအတွက် အကောင်းဆုံး သဘာဝဓါတ်စာဖြစ်ပါတယ်။

၂။ အစာအိမ်ကျန်းမာရေးကို စောင့်ရှောက်ခြင်း💉
အစာအိမ်အနာနဲ့ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အဓိကတရားခံ H. pylori ဘက်တီးရီးယားတွေ အစာအိမ်နံရံမှာ တွယ်ကပ်မှုကို လျှော့ချပေးနိုင်တဲ့အတွက် အစာအိမ်ရောဂါရှင်များအတွက် သင့်လျော်ပါတယ်။

၃။ ခံတွင်းနှင့် သွားကျန်းမာရေး
PACs ဓာတ်က သွားဖုံးနဲ့ သွားတွေမှာ ဘက်တီးရီးယားတွေ မကပ်ငြိအောင် ကာကွယ်ပေးလို့ သွားဖုံးရောင်ခြင်းနဲ့ သွားပိုးစားခြင်းတို့ကို ဟန့်တားပေးပါတယ်။

၄။ ကင်ဆာရောဂါ ကာကွယ်ရေး✅
သုတေသနများအရ ခရမ်ဘယ်ရီမှာပါတဲ့ ဒြပ်ပေါင်းတွေဟာ ဆီးကျိတ်၊ အသည်း၊ ရင်သားနဲ့ အူမကြီးကင်ဆာဆဲလ်တွေ ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့ အာနိသင်ရှိကြောင်း တွေ့ရှိရပါတယ်။

👉ခရမ်ဘယ်ရီ (Cranberry) ဟာ ဆီးလမ်းကြောင်းကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ 'သဘာဝပေးတဲ့ လက်ဆောင်' တစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကြိုတင်ကာကွယ်လိုသူတွေနဲ့ ခံတွင်း၊ အစာအိမ် ကျန်းမာရေးကို ဂရုစိုက်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Superfood တစ်မျိုးပါ။ မိမိရဲ့ နေ့စဉ်စားသောက်မှုပုံစံမှာ ခရမ်ဘယ်ရီကို စနစ်တကျ ထည့်သွင်းစားသုံးပေးခြင်းဖြင့် ပိုမိုကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။

အဲဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုရင် Cranberry အဆီအနှစ် (1000mg) ပါဝင်တဲ့ U Well ဖြည့်စွက်စာကို သတိရလိုက်ပါ 🍒💜💜
#ဆီးလမ်းကြောင်းကျန်းမာရေး #ကျန်းမာရေးအသိပညာ #ကျန်းမာရေးဗဟုသုတ

UTI ပြဿနာကို လွယ်ကူစွာဖြေရှင်းမယ့် U Well🛑 ဆီးအောင့်၊ ဆီးပူပြီး ခဏခဏ ဆီးသွားချင်နေလို့ စိတ်ညစ်နေရပြီလား?ဆီးလမ်းကြောင်းပိ...
22/03/2026

UTI ပြဿနာကို လွယ်ကူစွာဖြေရှင်းမယ့် U Well
🛑 ဆီးအောင့်၊ ဆီးပူပြီး ခဏခဏ ဆီးသွားချင်နေလို့ စိတ်ညစ်နေရပြီလား?ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ပြဿနာတစ်ခုဖြစ်ပါတယ်။ဒါ့အပြင် ဆီးသွားတဲ့အခါ ကျဉ်တာ၊ အောင့်တာ၊ ဆီးကျန်သလို ခံစားရတာတွေဟာ သင့်ရဲ့ တစ်နေ့တာကို ပျက်စီးစေနိုင်ပါတယ်။
ဒီဝေဒနာတွေကို အမြန်ဆုံးသက်သာစေပြီး ဆီးလမ်းကြောင်း ကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေဖို့ U Well က အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

✨ U Well က သင့်ကို ဘယ်လိုကူညီပေးမလဲ?
🔸ဆီးလမ်းကြောင်းအတွင်းရှိ ဘက်တီးရီးယားများကို သဘာဝအတိုင်း ဖယ်ရှားပေးလို့ ပိုးဝင်ခြင်းကို ထိရောက်စွာ ကာကွယ်ပေးပါတယ်။
🔸ဆီးသွားတဲ့အခါ ခံစားရတဲ့ အောင့်ခြင်း၊ ပူခြင်းနဲ့ မအီမသာဖြစ်ခြင်းတွေကို အမြန်ဆုံး သက်သာစေပါတယ်။
🔸ဆီးလမ်းကြောင်းစနစ်တစ်ခုလုံးကို သန့်စင်ပေးနိုင်ပါတယ်။
🔸ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ခန္ဓာကိုယ်အတွက် စိတ်ချရတဲ့ သဘာဝပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်ထားပါတယ်။

👉UTI မဖြစ်အောင် ရေများများသောက်ပါ၊ ဆီးမအောင့်ပါနဲ့။ ဒါ့အပြင် U Well ကို ဆောင်ထားခြင်းဖြင့် ဆီးလမ်းကြောင်း ကျန်းမာရေးကို အချိန်ပြည့် စောင့်ရှောက်နိုင်ပါတယ်။
နေရထိုင်ရ ခက်ခဲတဲ့ ဝေဒနာတွေကနေ ကင်းဝေးပြီး ယုံကြည်မှုရှိတဲ့ နေ့ရက်တွေကို U Well နဲ့အတူ ပြန်လည်ပိုင်ဆိုင်လိုက်ပါ။
🛒 အသေးစိတ်သိရှိလိုပါက ဒါမှမဟုတ် မှာယူလိုပါက Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်။🙏
#ဆီးလမ်းကြောင်းကျန်းမာရေး #ဆီးအောင့်ခြင်း #ကျန်းမာရေးအသိပညာ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက စိုးရိမ်ရလား🤔?ဆီးသွားရင် ကျင်နေတာပဲ၊ ခဏနေရင် ပျောက်သွားမှာပါ" ဆိုပြီး လျစ်လျူရှုထားမိနေပြီလာ...
18/03/2026

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက စိုးရိမ်ရလား🤔?
ဆီးသွားရင် ကျင်နေတာပဲ၊ ခဏနေရင် ပျောက်သွားမှာပါ" ဆိုပြီး လျစ်လျူရှုထားမိနေပြီလား? UTI ဟာ အစောပိုင်းမှာ မပြင်းထန်ပေမယ့် တိတ်တဆိတ်နဲ့ အန္တရာယ်ကြီးလာနိုင်ပါတယ်။

🚨 ဘယ်လိုအချိန်မှာ အရေးပေါ် သတိထားရမလဲ?
သာမန် ဆီးကျင်တာအပြင် အောက်ပါလက္ခဏာတွေပါလာရင် ပိုးက ကျောက်ကပ်ဆီ ရောက်သွားတာ ဖြစ်နိုင်လို့ ဆရာဝန်နဲ့ အမြန်ပြသရပါမယ်။
✅ ဖျားခြင်း၊ ချမ်းတုန်ခြင်း
✅ ခါးနောက်ကျော သို့မဟုတ် နံဘေးက နာကျင်ခြင်း
✅ ပျို့အန်ခြင်း နှင့် ဆီးထဲသွေးပါခြင်း စတဲ့ ဝေဒနာတွေပဲ ဖြစ်ပါတယ်။

🛡️ UTI ရန်ကနေ ဘယ်လိုကာကွယ်မလဲ?
ရေများများသောက်တာ၊ ဘက်တီးရီးယား ပိုးမွှားစေကပ်တွယ်နိုင်တာမို့ ဆီးကို အောင့်မထားဘဲ မကြာခဏသွားတာ၊ သဘာဝဖြည့်စွက်စာ မှီဝဲတာ စတဲ့ အလေ့အကျင့်ကောင်းတွေ လိုက်နာခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
သဘာဝဖြည့်စွက်စာမှာ Cranberry နဲ့ D-Mannose ပါဝင်တဲ့ U Well ကို ဆီးလမ်းကြောင်းပိုးဝင်နေတဲ့ (၇-၁၀) ရက်အတွင်းမှာ သောက်သုံးခြင်းက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကင်းဝေးစေဖို့ U Well သဘာဝဖြည့်စွက်စညကို သတိရလိုက်ပါ 🥰⚡
#ကျန်းမာရေးဗဟုသုတ #ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆီးအောင့်ခြင်းရဲ့ နောက်ကွယ်က ဘေးထွက်ဆိုးကျိုးများဆီးအောင့်ခြင်း (Painful Urination)ကို လျစ်လျူရှုထားလို့ မရတဲ့ ကျန်းမာရေ...
14/03/2026

ဆီးအောင့်ခြင်းရဲ့ နောက်ကွယ်က ဘေးထွက်ဆိုးကျိုးများ
ဆီးအောင့်ခြင်း (Painful Urination)ကို လျစ်လျူရှုထားလို့ မရတဲ့ ကျန်းမာရေး လက္ခဏာ တစ်ခုဖြစ်ပါတယ်။ဒါ့အပြင် အချိန်မီ မကုသဘဲ ထားမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဘယ်လို ဆိုးကျိုးတွေ ခံစားရနိုင်သလဲဆိုတာကို အခုလို မျှဝေပေးလိုက်ပါတယ်။

ဆီးအောင့်ခြင်းကို မကုသဘဲထားရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
✅ကျောက်ကပ်ကို ပိုးပျံ့နှံ့ခြင်း (Kidney Infection)
ဆီးလမ်းကြောင်းမှာ ဖြစ်ပွားနေတဲ့ ပိုးမွှားတွေဟာ အပေါ်ဘက်ကို ဆက်လက်ပျံ့နှံ့သွားပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ ပြင်းထန်တဲ့ ဖျားနာမှုကို ဖြစ်စေပြီး ကျောက်ကပ် ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

✅သွေးထဲပိုးရောက်ခြင်း (Sepsis)
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကနေတစ်ဆင့် ပိုးမွှားတွေက သွေးထဲအထိ ရောက်သွားနိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

✅နာတာရှည် ဆီးလမ်းကြောင်း ပြဿနာများ
မကြာခဏ ဆီးအောင့်တာ၊ ပိုးဝင်တာတွေကို သေချာမကုသရင် ဆီးလမ်းကြောင်း ကျဉ်းတာ ဒါမှမဟုတ် ဆီးအိတ်နဲ့ ပတ်သက်တဲ့ နာတာရှည် ဝေဒနာတွေကို တစ်သက်လုံး ခံစားရနိုင်ပါတယ်။

✅မျိုးပွားအင်္ဂါများ ထိခိုက်ခြင်း
အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ရောင်တာ၊ အမျိုးသမီးတွေမှာဆိုရင် တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ရမ်းတာ (PID) တွေ ဖြစ်လာနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ကလေးရနိုင်ခြေကိုပါ ထိခိုက်စေနိုင်ပါတယ်။

မိမိကိုယ်ကို ဘယ်လို ဂရုစိုက်မလဲ❓
ဆီးအောင့်တဲ့ ဝေဒနာ ခံစားနေရပြီဆိုရင် ရေများများသောက်ပါ၊ ဆီးမအောင့်ပါနဲ့။ ဒါပေမဲ့ ဝေဒနာက (၂) ရက်ထက် ပိုကြာနေမယ်၊ ဖျားမယ်၊ ခါးနာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် Cranberry အဆီအနှစ်၊ D Mannose နဲ့ Hibiscus စတာတွေ အချိုးကျကျ ပါဝင်တဲ့ U-Well သဘာဝ ဖြည့်စွက်စာကို သောက်သုံးခြင်းက ဆီးလမ်းကြောင့် ပိုးဝင်ခြင်း ဝေဒနာကို သက်သာစေ ပါတယ်🥰✨
#ဆီးအောင့်ခြင်း #ကျန်းမာရေးဗဟုသုတ
---------------------------------------------------------------------------------

ရေသောက်တာက ဆီးပိုးကို ဘယ်လိုမောင်းထုတ်ပေးလဲ🤔🫗? 💦ရေဓာတ်ပြည့်ဝစွာ သောက်သုံးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကို ကာ...
09/03/2026

ရေသောက်တာက ဆီးပိုးကို ဘယ်လိုမောင်းထုတ်ပေးလဲ🤔🫗?

💦ရေဓာတ်ပြည့်ဝစွာ သောက်သုံးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကို ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ရေသောက်ခြင်းက ဆီးပိုးတွေကို အောက်ပါနည်းလမ်း (၄) ချက်နဲ့ ဖယ်ရှားပေးပါတယ်။

၁။ ပိုးမွှားများကို ဆေးကြောသန့်စင်ပေးခြင်း ✅
ဆီးလမ်းကြောင်းထဲက ဘက်တီးရီးယားတွေဟာ နံရံတွေမှာ ကပ်တွယ်ပြီး ပွားများဖို့ ကြိုးစားကြပါတယ်။ ရေများများသောက်ပြီး ဆီးခဏခဏသွားတဲ့အခါ ဆီးလမ်းကြောင်းနံရံမှာ ကပ်နေတဲ့ ပိုးမွှားတွေကို ဆီးနဲ့အတူ အရှိန်နဲ့ တိုက်စားမောင်းထုတ်ပေးတာ ဖြစ်ပါတယ်။

၂။ ဆီးကို ကျဲစေပြီး ပိုးမွှားမတည်နိုင်အောင် ကူညီပေးခြင်း✅
ရေဓာတ်နည်းရင် ဆီးဟာ ပျစ်ပြီး အရောင်ရင့်လာတတ်ပါတယ်။ အဲဒီအခါ ဆီးထဲမှာ အညစ်အကြေးတွေ စုစည်းမှုများလာပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ ပတ်ဝန်းကျင်ကောင်း ဖြစ်စေပါတယ်။ ရေများများသောက်ခြင်းက ဆီးကို ကျဲသွားစေပြီး ပိုးမွှားတွေ အခြေချဖို့ ခက်ခဲအောင် လုပ်ဆောင်ပေးပါတယ်။

၃။ ဘက်တီးရီးယား ပွားများမှုကို ဟန့်တားခြင်း✅
ဆီးလမ်းကြောင်းထဲမှာ ဆီးအကြာကြီး အောင်းနေလေလေ ဘက်တီးရီးယားတွေက ပိုပြီး ပွားများလာလေလေ ဖြစ်ပါတယ်။ ရေပုံမှန်သောက်ပြီး ဆီးခဏခဏ သွားပေးခြင်းဖြင့် ပိုးမွှားတွေ ပွားများဖို့ အချိန်မရအောင် ဟန့်တားပေးနိုင်ပါတယ်။

၄။ ကျောက်ကပ်နဲ့ ဆီးအိမ်ကို သန့်စင်ပေးခြင်း✅
ရေဓာတ်ပြည့်ဝနေခြင်းက ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကို အားပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပိုမိုမြန်မြန် စစ်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးအိမ်ထဲမှာ အညစ်အကြေးတွေ စုပုံမနေတော့ဘဲ ပိုးဝင်နိုင်ခြေကို လျော့ကျစေပါတယ်။

✅ ဆီးလမ်းကြောင်း ကျန်းမာစေဖို့ ဘယ်လိုနေထိုင်မလဲ?
• တစ်နေ့ကို အနည်းဆုံး ရေ ၆ ခွက်မှ ၈ ခွက်ခန့် (သို့မဟုတ် ၂ လီတာမှ ၃ လီတာအထိ) ချင့်ချိန်သောက်ပေးသင့်ပါတယ်။
• ဆီးအောင့်ထားခြင်းကို လုံးဝရှောင်ကြဉ်ပါ။ ဆီးသွားချင်စိတ် ပေါ်လာတာနဲ့ ချက်ချင်းသွားပေးပါ။
• ကော်ဖီနဲ့ အရက်ဟာ ဆီးအိမ်ကို ယားယံစေနိုင်တာကြောင့် ဆီးပိုးဝင်နေချိန်မှာ ရေကိုပဲ အဓိကထား သောက်ပေးသင့်ပါတယ်။

ရေများများသောက်ခြင်းဆိုတာ သေးငယ်တဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပေမဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးအတွက်တော့ အရေးကြီးတဲ့ ကာကွယ်မှုတစ်ခု ဖြစ်ပါတယ်။ ရေကို ဂရုစိုက်သောက်ခြင်းဖြင့် ဆီးပိုးဝင်ခြင်းကို ကာကွယ်နိုင်သလို ခန္ဓာကိုယ်ကိုလည်း လန်းဆန်းစေပါတယ်ခင်ဗျာ🥰💙🫰
#ကျန်းမာရေးဗဟုသုတ #သောက်ရေသန့်

Address

Thiri Mingalar Yeik Thar, (7) Ward, Yankin Township
Yangon
NO.23/5(C)

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959448020476

Website

Alerts

Be the first to know and let us send you an email when U-Well Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share