13/05/2023
နွေအခါ နဲ့ သဘာဝဓာတ်စာမကျည်းဖျော်ရည်
မကျည်းဖျော်ရည် (ဝါ) ” သဘာဝဓါတ်စာ ” ပြုလုပ်ပုံနှင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ကို ဖော်ပြပေးလိုက်ပါတယ်ရှင့်
⏭ ပြုလုပ်ပုံ
ကျမတို့ မြန်မာအိမ်တိုင်းမှာ သင်္ကြန်ရောက်ရင် မြေအိုးသေးသေးလေးတွေဝယ်ကြတယ်။
အဲဒီ မြေအိုး သေးသေးလေးထဲကို ရေ မပြည့်တပြည့်ထည့်ပြီး မကျည်းသီး လက်တဆုပ်ခန့် ထည့်ပါ။
📌 ထန်းလျက် အလုံးသေးသေးလေးတွေ ၁၅လုံးခန့်
📌 ဆား ဇွန်းသေးသေး တစ်ဇွန်းခန့် နဲ့
အဲဒီ (၃) မျိုးကို ဒီအတိုင်းထည့်ထားလိုက်ပါ။
❌❌ မွှေစရာမလိုဘူးရှင့်
မွှေရင် အဖတ်မှုန်တွေထလာပါလိမ့်မယ်။
တစ်ချက်မှမမွှေဘဲ သူ့ဘာသာ ကြည်တက်လာတဲ့
အရည်ကြည်ကို ရေမသောက်ဘဲ ရေအစားထိုးပြီး
သောက်သုံးပေးပါ။
မကျည်းဖျော်ရည် သောက်ခြင်း ၏ အကျိုးကျေးဇူးများ
မကျည်းဖျော်ရည်ကို ရေအစားထိုး သောက်မယ်ဆို အမျိုးသားတွေအတွက်ရော အမျိုးသမီးတွေ အတွက်ရော ကလေး လူကြီးပါမကျန် သောက်တဲ့ အကျိုးကြောင့်
💡ဝမ်းတွင်းအေးနေမယ်။
💡ကိုယ်တွင်းအဆိပ်အတောက်များကို ဝမ်းအဖြစ်ဖယ်ရှားပေးလို့ အပူအစပ်ကင်းစင်ပြီး မျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကို ပါးသထက် ပါးစေမယ်။
💡အမြဲတမ်းသောက်ရင် ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်။
💡ရင်အေးမယ်။
💡ဝမ်းမှန်မယ်။
💡ဆီးမှန်မယ်။
💡ခံတွင်းရှင်းပြီး အနံ့ပျောက်မယ်။
💡မျက်လုံးကြည်မယ်။
💡ဝက်ခြံတွေ ကင်းစင်မယ်စတဲ့အကျိုးကျေးဇူးရရှိနိုင်ပါတယ်။
ပိုက်ဆံ အကုန်ကျ သက်သာပြီး အကျိုးများ လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင် ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ ရှေးစကားပုံလည်း ရှိတယ်နော်။
Credit & reference to original uploader
အခြားမိတ်ဆွေသူငယ်ချင်းတွေလည်း သိအောင်
Share လုပ်ပြီမျှဝေပေးလိုက်ပါဦးနော်✅✅
ကျန်းမာရေးနဲ့ပတ်သတ်တဲ့အသိသုတလေးတွေ အမြဲတင်ပေးနေမှာမို့ Health fit for you page လေးကို like , Share & Favorite လေးလုပ်ထားပေးကြဖို့ တိုက်တွန်းအပ်ပါတယ်🙏🙏🙏