07/11/2023
credit to Dr.မြင့်လွင် (စိတ်ပညာ)
မှားယွင်းသော မိဘအုပ်ထိန်းမှုက ကလေး၏
စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်ပုံ
နမူနာဖြစ်ရပ်အချို့
=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=•=
စိတ်ကျန်းမာရေးကုခန်းကို ရောက်လာကြတဲ့
လူနာများကို စီစစ်လေ့လာတဲ့အခါ အဆိုပါပုဂ္ဂိုလ်
များဟာ ကလေးဘဝက မိဘတို့ရဲ့ မှားယွင်းတဲ့
အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းတဲ့ကလေးတွေ
ဖြစ်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရတယ်လို့ လေ့လာမှု
များကဆိုပါတယ်။ အဆိုပါဖြစ်ရပ်များထဲမှ
အချို့ကို ကောက်နှုတ်လေ့လာ ကြည့်ပါမယ်။
သန်းကြွယ်သူဌေး ဟားဝါ့ဒ် ဟရူးစ်၏ဖြစ်ရပ်
==============================
သန်းကြွယ်သူဌေး ဟားဝါ့ဒ် ဟရူးဟာ ရောဂါပိုး
မွှားများ ကူးစက်မှာ အလွန်အမင်းပင်
အကြောက်လွန်တဲ့အတွက် သူနဲ့အလုပ် လုပ်
သူများကို အဖြူရောင်လက်အိပ်များ ဝတ်ဆင်
ခိုင်းပါတယ်။ တခါတရံမှာ သူကိုင်တွယ်ရမယ့်
စာရွက်စာတမ်းများကို ကိုင်တွယ်ရသူများအား
လက်အိပ်တစ်ထပ်မက ဝတ်ဆင်စေပါသတဲ့။
သူထံသတင်းစာလာပေးသူများကို သတင်းစာ
ကိုလက်နဲ့မကိုင်ခဲ့ရဘဲ သစ်သားချောင်းသုံးတန်း
ပါစဉ်ကလေးနဲ့ ယူလာစေပါတယ်။ အလယ်သစ်
သားတန်းမှာတင်ထားတဲ့ သတင်းစာကို သူ့ဆီ
လျောမဆင်းခင်း Kleenex တစ်ရှူးစက္ကူနဲ့သန့်
စဉ်လိုက်ပါသတဲ့။ ဖုံပေခြင်းကင်းစေရန် ဆေး
သုတ်ရာမှာ ဆေးမပေလိုစေတဲ့ နေရာတွေကိုကပ်
တဲ့ တိပ်တွေနဲ့ သူ့အိမ်၊ သူ့ကားက ပြတင်းပေါက်
မှန်တွေကိုအကပ်ခိုင်းပါတယ်။ ဟားဝါဒ်ရဲ့အပြု
အမူတွေဟာ စိတ်စွဲမနိုင် Obsessive Compulsive
Disorder ဆီကို ဦးတည်စေပါတယ်။
ဘာလို့ သူမှာ ဒီစံလွဲအပြုအမူတွေကိုအကြောင်းပြု
စေရပါသလဲ။ ဆက်ဆံရေးသင်ယူမှုပညာရှင်တွေ
ကတော့ တချို့သော အကြောက်လွန်ဝေဒနာသည်
တွေဟာ သူများကြောက်ပြတာကိုမြင်ပြီး ကြောက်
တတ်တာကိုသင်ယူသွားတာလို့ဆိုပါတယ်။ ဟား
ဝါ့ဒ် ဟရူးစ်ရဲ့ဖြစ်ရပ်မှာ ဟားဝါ့ဒ်ဟာ ကျန်းမာရေး
အပေါ် စိုးရိမ်စိတ်ကြီးလွန်းပြီး ကလေးအပေါ်အကာ
အကွယ် ပေးလွန်းတဲ့ မိခင်ရဲ့စောင့်ရှောက်မှုအောက်
ကကြီးပြင်းခဲ့ရသူဖြစ်ပါတယ်။ ကလေးအပေါ် အကာ
အကွယ် ပေးလွန်းခြင်း(Overprotection)ဟာ ကလေး
ကို ချစ်ရာမကျဘဲ စံလွဲသွားနိုင်ကြောင်း မိဘများကို
သတိပေးလိုပါတယ်။
စိတ်ကစဉ့်ကလျားရောဂါနှင့်မိသားစုပတ်ဝန်းကျင်
=================================
စိတ်ကစဉ့်ကလျားရောဂါဆိုတာ အစစ်အမှန်
လောကနဲ့ကင်းကွာလောက်အောင် စံလွဲအပြုအမူ
တွေပါရှိတဲ့ Psychotic Disorder တစ်ခုဖြစ်ပါတယ်။
သူများမကြားရတဲ့အသံတွေ သူကြားနေရတယ်။ သူ
များမမြင်ရတဲ့အရာတွေကိုမြင်နေရတဲ့ အာရုံသိမှု
ဆိုင်ရာဖောက်ပြန်မှုလက္ခများ၊ မိမိကိုမိမိ သကြား
မင်းဖြစ်တယ်လို့ ထင်နေတဲ့ ဘဝင်မြင့်ယုံမှားလွန်
မှုများ၊ မိမိကို မကောင်းကြံနေကြတယ်လို့ထင်နေ
တဲ့ ညှင်းပန်ခံယုံမှားလွန်မှုများ၊ အဓိပ္ပာယ်မဲ့ငိုလိုက်
ရီလိုက်ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ
ဖောက်ပြန်မှုလက္ခာများ၊ လူတွေနဲ့စကားမပြော
ဘဲရှောင်ခွါပြီး တစ်ယောက်တည်း စကားပြော
လိုက်နေ ထုံထိုင်းထိုင်းနေလိုက်စတဲ့လက္ခဏာ
များပါပါတယ်။ စိတ်တစ်ခုလုံး အစိတ်စိတ်အမွှာ
ပြိုကွဲတဲ့၊ ကစဉ့်ကလျားဖြစ်တဲ့ရောဂါလို့ဆိုနိုင်ပါ
တယ်။ စိတ်မကျန်းမာတဲ့ရောဂါတွေထဲမှာ ပြင်း
ထန်ပြီးအတွေ့ရများတဲ့ ရောဂါဖြစ်ပါတယ်။
ဒီရောဂါဖြစ်ပွါးမှုနဲ့ပတ်သက်ပြီးရှင်းလင်းတဲ့သီအို
ရီအချို့ရှိပါတယ်။ ဇီဝဗေဒအပေါ်အခြေခံတဲ့သီ
အိုရီတွေကတော့ ဦးနှောက်ရဲ့ လုပ်ငန်းတွေအပေါ်
မျိုးရိုးဗီဇအပေါ်၊ အာရုံကြောအဖွဲ့ရဲ့ ပြောင်းလဲမှုများအပေါ် အခြေခံရှင်းလင်းပါလိမ့်မယ်။ တချို့သီအို
ရီများကတော့ မိသားစုအတွင်းတုံ့လှယ်မှုများအပေါ်
အခြေခံရှင်းလင်းကြပါတယ်။
မိသားစုများအတွင်း ဆက်ဆံပြောဆိုပုံ မှာယွင်း
ခြင်းတွေဟာ ဒီရောဂါဖြစ်စေနိုင်တယ်လို့ထောက်
ပြပါတယ်။ အဆိုပါစံလွဲမှုတွေထဲမှာ မိသားစုတွင်း
ဗလုံးဗထွေးနိုင်တဲ့ပြောဆိုမှု၊ မသဲကွဲဝေဝါးတဲ့ဆက်
ဆံပြောဆိုမှု၊ နားစွန်နားဖျားဆက်ဆံပြောဆိုမှု၊ ရှေ့
နောက်မညီညွတ်တဲ့အာဘော်တွေပါတယ်။ ဒီမိသား
စုမှာကြီးပြင်းရတဲ့ ကလေးတွေဟာ မိမိကိုယ်ပိုင်
ကမ္ဘာလေးထဲကို ဆုပ်ခွါသွားပြီး စိတ်ကစဉ့်ကလျား
ရောဂါအဆင့်ရောက်သွားစေတယ်လို့ဆိုပါတယ်။
တချို့သုတေသီတွေကလည်း မိသားစုပတ်ဝန်းကျင်
ကို ရောဂါဖြစ်စေတဲ့အရင်းအမြစ်အဖြစ် ကြည့်မြင်
ပါတယ်။ ငြင်းပယ်ခံရတဲ့ကလေး၊ လွဲမှားစွာပြုမူ
ဆက်ဆံခံရတဲ့ကလေးများဟာ အစစ်အမှန်လောက
နဲ့ပတ်သက်တဲ့ သဘောတရားများကို အလုံအ
လောက် နားလည်နိုင်တဲ့ဖွံ့ဖြိုးမှုနည်းပြီး စံကိုက်တဲ့
စိတ်လှုပ်ရှားတုံ့ပြန်မှုများ မလုပ်နိုင်တော့လို့ ဆိုပါ
တယ်။ စိတ်ကစဉ်းကလျားလူနာတွေရဲ့ မိသားစု
တွေဟာ ပြစ်တင်ဆူပူမှု၊ ရန်လိုမှု၊ စိတ်လှုပ်ရှား
စရာကိစ္စများကို လွန်ကဲစွာတုံ့ပြန်မှုများရှိကြောင်း
တွေ့ရှိရတယ်လို့ဆိုတယ်။ ဆေးရုံမှာ သက်သာလို့
ဆင်းပေးလိုက်တဲ့လူနာများဟာ ဒီလိုအိမ်မျိုးပြန်
ရောက်ရင် ရောဂါပြန်ထနိုင်ကြောင်း တွေ့ရတယ်
လို့ဆိုပါတယ်။
ဆစ်ဘယ်လ် ဒိုးဆက်နှင့်ဗဟုကိုယ်ရည်ကိုယ်သွေး
=================================
ဗဟုကိုယ်ရည်ကိုယ်သွေး(Multiple personality)
ဆိုတာကတော့ လူတစ်ယောက်တည်းကနေ စရိုက်
မတူတဲ့လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်
ပိုတဲ့လူအမျိုးအစားများ ပြောင်းလဲဖြစ်ပေါ်တဲ့ စိတ်ရောဂါပါ။ လူတစ်ယောက်တည်းကနေ အခုကျော်မင်း
ဖြစ်လိုက် ခဏနေ ဇော်မင်းဖြစ်လိုက်ပြောင်းသွား
တာမျိုးပေါ့။ ဒီရောဂါဟာ ရှားပါတယ်။ ဆစ်ဘယ်လ်
ဆိုတဲ့ စာအုပ်နဲ့ရုပ်ရှင်ဟာ ကိုယ်ရည်ကိုယ်သွေး
၁၆မျိုးရှိတဲ့ Sybil Dorsett ဆိုတဲ့ ကျောင်းဆရာမ
တစ်ယောက်ရဲ့ တကယ်ဖြစ်ရပ်ကို ရုပ်ရှင်ရိုက်ထား
တာပါ။ ဇာတ်လမ်းထဲမှာ ဆစ်ဘယ်လ်ဟာ “ပက်ဂီ
လူး”ဖြစ်သွားချိိန်မှာ ရန်လိုဒေါသကြီးပြီး “ဗစ်ကီ”
ဖြစ်သွားချိန်မှာတော့ သူမကိုယ်သူမိ ယုံကြည်
စိတ်မြင့်တဲ့၊ စရိုက် ၁၆ခုထဲက အခြားစရိုက်တွေကို
လည်းသိတဲ့ ခေတ်မီတဲ့အမျိုးသမီးတစ်ဦးအဖြစ်
ပြောင်းလဲသွားပါသတဲ့။ မြန်မာလိုလွယ်လွယ်
ဥပမာပေးရရင် နတ်ဝင်သည်တစ်ယောက်တည်းက
နေ မနှဲလေးဝင်လိုက်၊ အမေဂျမ်းဝင်လိုက်၊ ကိုကြီး
ကျော်ဝင်လိုက်၊ မင်းညီနောင်ဝင်လိုက် နေတာမျိုး
လို့ဆိုရမလား။
ဆစ်ဘယ်လ်ကို ဒီလိုစရိုက်အမျိုမျိုးတစ်လှည့်ဆီ
ပြောင်းနေအောင် ဘာတွေကများအကြောင်းပြုစေ
ရပါသလဲ။ သူမဟာ သူမကလေးဘဝက ရက်စက်
ခြင်းမှာသာယာတဲ့၊ စိတ်ရောကိုယ်ရော ရက်ရက်
စက်စက်နှိပ်စက်ညှင်းပန်းတတ်တဲ့ သူမရဲ့မိခင်
လက်ကနေ လွတ်မြောက်ချင်ခဲ့တယ်။ လက်တွေ့ သူမ
ကြုံခဲ့ရတာတွေကို အခြားတစ်ယောက်ဖြစ်ခဲ့တာလို့
စိတ်ကူးယဉ်လိုက်ခြင်းဖြင့် စိတ်ထွက်ပေါက်ရှာခဲ့တာ
လို့ စိတ်ပညာရှင်များက သုံးသပ်ပါတယ်။ နောက်ဆုံး
မတော့ သူမဟာ ဆစ်ဘယ်အစစ်အမှန်ကိုယ်ရည်ရည်
ကိုယ်သွေးပြန်ရဖို့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ဦး
ထံ ၁၁နှစ်ကြာ ကုသမှုခံယူခဲ့ရပါတယ်။ ယုံချင်ယုံမယုံ
ချင်နေ ဆစ်ဘယ်လ်မိခင်လို လူသားများလည်းကမ္ဘာ
ပေါ်မှာရှိနေသတဲ့။ ကလေးဘဝက ညှင်းပန်းနှိပ်စက်ခံရသူ၊ လိင်ဆိုင်ရာအစော်ကားခံရသူတွေဟာ အဆိုပါ
ရောဂါမျိုး ဖြစ်နိုင်ကြောင်း ပညာရှင်များကထောက်
ပြကြပါတယ်။
မိဘတို့၏ ကလေးအပေါ်မြင့်မားသောတောင်း
ဆိုမှု၊ ခြောက်ပစ်ကင်းသဲလဲစင်စေလိုမှု၊ ကလေး
၏အောင်မြင်သင့်သလောက် အောင်မြင်တာကို
ပယ်ချမှုနှင့် စိုးရိမ်မှုနျူရိုးဆစ်ရောဂါ
===============================
စိုးရိမ်မှုနျူရိုးစစ်ရောဂါသည်တွေကို လေ့လာတဲ့
အခါ အဲဒီပုဂ္ဂိုလ်တွေမှာ ခြောက်ပစ်ကင်းတော်ဖို့
ကလေးအပေါ်စံထားတဲ့၊ ထိုစံမမှီပါက အပြစ်တင်
ဝေဖန်တတ်တဲ့မိဘများရှိကြောင်း စိတ်ပညာရှင်
ဂျန်ကင်းစ်(Jenkins) ကလေ့လာတွေရှိခဲ့ပါတယ်။
အသက်၃၄နှစ်ရှိသွားဆရာဝန်တစ်ယောက်ဟာ သူ့
လုပ်ငန်းကို ဆယ်နှစ်တာအောင်မြင်စွာလုပ်ကိုင်ခဲ့
ပါတယ်။ သူ့အလုပ်ဟာ နှစ်ကုန်ခါနီးမှာ အနည်း
ငယ်ကျဆင်းလာကြောင်း သူသတိပြုမိတယ်။ ဒါနဲ့
စိုးရိမ်မှုရဲ့တိုက်ခိုက်မှု Anxiety attack အနည်းငယ်
ခံစားရပြီး အိပ်မပျော်၊ ညည်းညူနေမိကာသူကျဆုံး
နေပြီဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဆေးခန်းကို ညနေခင်းတွေ
မှာပါ အချိန်တိုးထိုင်နေခဲ့တယ်။ ယခင်လုပ်ကိုင်ခဲ့
တဲ့နှုန်းထားထက် နာရီတွေပိုလုပ်ပေမဲ့ မပီပြင်တဲ့သူ့
ရဲ့ကျဆုံးမှာကြောက်တဲစိတ်ကမသက်သာခဲ့ပါဘူး။
ကြောက်စိတ်ကြောင့် ရင်တလှပ်လှပ်ခုန်မှုများဖြစ်
တဲ့အတွက် သူမှာနှလုံးရောဂါဖြစ်ပြီလို့ မှားယွင်း
ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နှလုံးရောဂါမဟုတ်ဘဲ
စိုးရိမ်တုံ့ပြန်မှုဝေဒနာနှင့် စိတ်ကုခန်းကို သူကိုယ်
တိုင်ရောက်လာခဲ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာ ကုသမှုများဆောင်ရွက်တဲ့အခါ
လူနာဟာ ကလေးဘဝကနာတာရှည်စိတ်မလုံခြုံ
မှုဝေဒနာတို့ခံစားရကြောင်းဖော်ပြခဲ့ပါတယ်။ သူ
မည်မျှအောင်မြင်ပါစေ မိဘများက အသိအမှတ်
မပြုပယ်ချခဲ့တယ်။ School counselor ကသူ့
IQရမှတ်တို့ မြင့်တယ်လို့ ပြောကြောင်း မိဘတို့
ကိုပြန်ပြောပြတဲ့အခါ ချီးမွမ်းအသိအမှတ်ပြုမခံ
ရဘဲ ဒါဆို မင်းကျောင်းစာရမှတ်တွေ ဒါထက်ပို
မြင့်အောင်မလုပ်နိုင်ရသလဲ အဆူခံရတာကိုသူ
မှတ်မိနေတယ်။ လေယာဉ်မော်ဒယ်ပုံစံလေးများ
လက်ဆောင်ရတာကိုမှတ်မိနေပြီး သူ့အရွယ်နဲ့
အစိတ်အပိုင်းအားလုံးကို မတပ်ဆင်နိုင်ဘဲ သူ့
ဖခင်အကူအညီနဲ့တပ်ဆင်ရတာ သူသတိရနေ
တယ်။ မြင့်မားသောရည်ရွယ်ချက်အောင်ဖို့ မိဘ
ပံ့ပိုးမှုတို့လိုအပ်စေရန် မိဘများက သူ့အပေါ်အမြဲ
လွှမ်းမိုးထားတယ်လို့ဆိုတယ်။ သွားဆရာဝန်
အလုပ်ကို နှစ်အတန်ကြာအောင်မြင်ခဲ့သော်လည်း
အနည်းငယ်မျှ ကျဆုံးမှုကလေးကိုပင် အစစ်အ
မှန် ဖြစ်ရပ်နဲ့မတန်တဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ကုန်
စေပါတယ်။ ဒါကြောင့် မိမိကလေးတွေအပေါ်
ခြောက်ပြစ်ကင်းသဲလဲစင်စေလိုပြီး မြင့်မားတဲ့
သတ်မှတ်စံများချတဲ့ မိဘများ သည်ဖြစ်ရပ်မျိုး
သတိပြုဖို့ လိုပါလိမ့်မယ်။
ဒေါက််တာမြင့်လွင်(စိတ်ပညာ)