Just Tarot Things

Just Tarot Things ✨🖤Keep Calm & Have A Tarot Reading 🖤✨

💚Message From The Golden Realm🧡Recent ကာလမှာ အလူးအလဲနဲ့အခက်အခဲများစွာကိုကျော်ဖြတ်လာရသူတွေရှိလိမ့်မယ်လို့ မြင်တဲ့အလျောက်မ...
29/01/2026

💚Message From The Golden Realm🧡
Recent ကာလမှာ အလူးအလဲနဲ့အခက်အခဲများစွာကိုကျော်ဖြတ်လာရသူတွေရှိလိမ့်မယ်လို့ မြင်တဲ့အလျောက်မှာ ဒီအခက်အခဲတွေကနေ မကြာသော လပိုင်းကာလအတွက်မှာ Settle down ပြန်ဖြစ်ပြီး အေးချမ်းလာမယ့်အနေအထားတစ်ခုကိုရောက်လာပါလိမ့်မယ်။

ဒီလပိုင်းထဲ ခရီးတွေသွားရတတ်တယ်။ ရေလမ်းခရီးတို့ဘာညာလဲဖြစ်နိုင်သလို၊ ကတ်ထဲကပုံလေးအရ မန္တလေးက ဦးပိန်တံတားကြောင့် မန္တလေးကိုသွားတဲ့ခရီးဖြစ်မလား၊ အင်းလေးပဲဖြစ်မလားပေါ့။

ဒါ့အပြင် migration and relocation စတဲ့ နေရာထိုင်ခင်းအရွေ့အပြောင်းလဲရှိနိုင်ပါတယ်။
အခုနေမှာ နေရာထိုင်ခင်းပြောင်းဖို့လုပ်နေသူတွေက ဘုရား၊ ဘုန်းကြီးကျောင်း နဲ့နီးတဲ့နေရာတွေကိုပြောင်းရတတ်ပါတယ်။

ပိုကောင်းသော ကံကောင်းခြင်းများအတွက် ယတြာလုပ်ချင်ပါက မင်္ဂလာရေစင်ကပ်လှူတာတို့၊ ဘုန်းကြီးဆွမ်းကပ်တာတို့ကိုလုပ်ဆောင်နိုင်ပါတယ်။

အောက်ပါ hierophant ကတ်ပါပုံအရ ဒီ Readingလေးက Zodiac ဆို Ta**us ၊ မြန်မာလိုဆို ကြာသပတေး ၊အင်္ဂါ စသောသူတွေနဲ့ အထူး resonateပိုဖြစ်နိုင်ပါတယ်ခင်ဗျာ။

03/01/2026

Finally, It's Burmese Tarot Deck😭🖤🫶🏻

☠️What is Osteomancy?(Bone Throwing)☠️Osteomancyဆိုတာ တိရစ္ဆာန်အရိုးလေးတွေကို အခင်း/စားပွဲ စတဲ့အရာတွေပေါ်ကို ပစ်ပြီး သူတ...
01/01/2026

☠️What is Osteomancy?(Bone Throwing)☠️
Osteomancyဆိုတာ တိရစ္ဆာန်အရိုးလေးတွေကို အခင်း/စားပွဲ စတဲ့အရာတွေပေါ်ကို ပစ်ပြီး သူတို့ကျသွားတဲ့ ပုံစံ၊ Position၊ အနေအထားကို ကြည့်ပြီးဟောရတဲ့ Divination ပညာရပ်တစ်ခုပါ။
မြန်မာမှာဆို ကြွေဗေဒင်လိုပေါ့။

Osteo= Bone , Mancy= Divination
အဲ့တော့ 2ခုပေါင်းတော့ အရိုးတွေကိုအသုံးပြုပြီး ဟောပြောရတဲ့ ပညာရပ်တစ်ခုပေါ့။
အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် စတာတွေကို ကြိုတင်ဟောပြောတဲ့အခါ၊ ​hidden message တွေကိုသိချင်တဲ့အခါ၊ Guidance တောင်းခံတဲ့အခါတွေမှာအသုံးပြုလေ့ရှိပါတယ်။

နယ်မြေ ဒေသပေါ်လိုက်ပြီး Osteomancy မျိုးစုံကွဲပြားလေ့ရှိပါတယ်။

Casting Bone: အရိုးတွေကို မြေကြီး၊ စားပွဲ၊အခင်း စတဲ့အရာတွေပေါ်ကို ပစ်ချပြီး ပြုတ်ကျသွားတဲ့အခါ အရိုးတွေရဲ့ direction၊ position၊ အရိုးတွေ ......
👇🏻👇🏻👇🏻

https://www.facebook.com/share/g/1BtKWfRt31/?mibextid=wwXIfr

New Year and getting Meaner🩷နှစ်သစ်မှာလက်ဆောင်ရထားတဲ့ "Mean Girl" tarotလေးနဲ့ဦးဦးဖျားဖျား readingလေး ကြည့်ပေးလိုက်ပါတယ်ခ...
01/01/2026

New Year and getting Meaner🩷
နှစ်သစ်မှာလက်ဆောင်ရထားတဲ့ "Mean Girl" tarotလေးနဲ့ဦးဦးဖျားဖျား readingလေး ကြည့်ပေးလိုက်ပါတယ်ခင်ဗျာ။
2026မှာ အတိတ်ကကျန်ခဲ့တဲ့နှစ်က အကျင့်ဆိုးတွေ၊ unhealthy habit and routine တချို့ကို ဖြတ်ချခဲ့ဖို့လိုလာပါလိမ့်မယ်။

ရှေ့ခရီးကို ဆက်သွားဖို့၊ လာမယ် တောင်တန်းတွေပေါ်ဆက်ပြီး ပေါ့ပါးစွာတက်လှမ်းနိုင်ဖို့ ခရီးတလျှောက်သယ်လာတဲ့ အိတ်ထဲက မလိုလားတဲ့ အပိုဝန်တွေကို လျှော့ပါ။

ဝန်တွေပေါ့သွားတဲ့နောက် ကိုယ့်ရှေ့လျှောက်လမ်းကို ပိုမို လွယ်ကူပေါ့ပါးစွာလျှောက်လှမ်းလာနိုင်ပြီး ကိုယ်ကိုယ်ကိုအတွက်လဲ ပိုအချိန်ပေးလာနိုင်လိမ့်မယ်။

ဝါသနာနဲ့အလုပ်နဲ့လဲထပ်တူကျနိုင်သလို၊ အိပ်မက်တချို့လဲအကောင်ထည်ဖော်လာနိုင်ပါလိမ့်မယ်။
ကိုယ်ချစ်ခင်ရသူတွေနဲ့လဲ 2026မှာ အမှတ်တရဖြစ်မယ့် အရာတွေကိုတူတူဖန်တီးနိုင်လိမ့်မယ်။

ချစ်ခင်ရသူတွေနဲ့ ခရီးတွေထွက်ရနိုင်တာမလို့ ပိုက်ဆံပိုရှာမယ်၊ ပိုဆုထားမယ်။
ဒီreading ဖတ်နေတဲ့ထဲမှာ Glowup မယ့်လူတွေလဲရှိပါတယ်။

Personal Year-6 သမားတွေ၊ 6ဂဏန်းသမားတွေဆို ဒီreadingက အထူး resonate ဖြစ်နိုင်ပါတယ်။

✨🎊"စုံ/မReading"🎊✨For New Year 2026Pick A Card reading မဟုတ်ပဲကွဲထွက်တဲ့ readingဖြစ်လို့ ပုံမြင်တာနဲ့ဇွတ်မရွေးပဲအောက်က ရ...
29/12/2025

✨🎊"စုံ/မReading"🎊✨
For New Year 2026
Pick A Card reading မဟုတ်ပဲကွဲထွက်တဲ့ readingဖြစ်လို့ ပုံမြင်တာနဲ့ဇွတ်မရွေးပဲအောက်က ရိုးရှင်း guideline လေးအတိုင်းလိုက်လုပ်ပေးပါ။

-ပထမဆုံးအနေနဲ့ မိမိဒီကာလအတွင်းအခြေနေဆိုတဲ့ခေါင်းစဉ်လေးကို ခေါင်းအေးအေးထားပြီးတွေနေပါ။
-ထို့နောက် ခေါင်းထဲမှာ အရမ်းမစဉ်းစားရပဲ ပထမဆုံးပေါ်လာတဲ့ 3 Digits (ဂဏန်း၃လုံး)ကို 1 digit (ဂဏန်း၁လုံး) ထဲရတဲ့အထိပေါင်းလိုက်ပါ။
ဥပမာ- ၁၅၂ပဲဆိုပါစို့။
၁+၅+၂=၈ (စုံဂဏန်း)
၁+၅+၁=၇ (မဂဏန်း)
-ပေါင်းခြင်းရပြီးနောက် မိမိရဲ့ ဂဏန်း (စုံ/မ) အလိုက်အောက်ပါပုံကိုရွေးပြီး မိမိအတွက် ကိုက်ညီမယ့် readingကိုရွေးဖတ်နိုင်ပါပြီခင်ဗျာ။

Sebastian ဒီ reading လေးကို မြန်မာလို "စုံ/မ" readingလို့ပေးထားပါတယ်ခင်ဗျာ့။
နောက်ပိုင်းလဲ Seb JTT Pageမှာ Pick A Pile အပြင် အခုလို "စုံ/မ" reading လေးတွေပိုတင်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Enjoy The Reading🖤✨

❄️Random Msg❄️Water Signs, Earth Signs နှစ်ခုက  ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိ...
26/11/2025

❄️Random Msg❄️
Water Signs, Earth Signs နှစ်ခုက ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ဘက်လုံးမှာ compatible ဖြစ်တဲ့သူနဲ့ တွေ့ဆုံရနိုင်ပါတယ်။

တစ်နည်းအားဖြင့် ဒီကာလမှာတွေ့တဲ့သူက ကိုယ့်အတွက် Right person or Soulmate ဖြစ်ပါလိမ့်မယ်။
တချို့အတွက်က ရည်းစားဖြစ်ပေမယ့်၊ တချို့အတွက်က Soul connection အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလဲဖြစ်နိုင်ပါတယ်။

ကိုယ့်ဆုတောင်းစကားတွေလဲ ဒီနှစ်မကုန်ခင်မှာ ပြည့်ဝဖို့ရှိပါတယ်။
ကိုယ့်အစောင့်အရှောက်တွေဆီကနေ လိုအပ်ပါက အိပ်မက်တွေကနေတဆင့် Msgတောင်းခံတာတွေ၊ သူတို့ဘက်ကနေလဲ အိပ်မက်ကတဆင့် msg လာပေးတာတွေရှိပါလိမ့်မယ်။

အကယ်၍ ဆောင်းညအိပ်မက်၊ အိပ်မက်ဆိုးတွေလဲ မက်တတ်တာမလို့ Dream catcherဆောင်ထားတာတွေ၊ နိုးလာရင် ညောင်ပင်မှာ အိပ်မက်ဆိုးတွေကိုအကုန်ဖယ်ပေးပါဆိုပြီး ရေလောင်းတာလေးတွေဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။

မကြာခင်မှာ ကျွန်တော်တို့ KHB မှာ Tarot Class Batch-3 ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး Zeroကနေလုံးဝတတ်မြောက်ချင်သူများ လာရောက်တတ်မြောက်နိုင်ပါတယ်ခဗျာ။

https://www.facebook.com/share/p/1BdtjDUdY9/?

အချိန်သေချာမပေးနိုင်သေးတာမလို့ Pageမှာ Personal Readingလေးတွေနားထားပါသေးတာမလို့ ဘယ်သူ့ကိုမှ စာမပြန်ထားသေးပါဘူးခင်ဗျာ။🙏🏻🖤

🎃Random Msg🎃Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။အရင်က ကိုယ်က ပေးကမ်း...
26/09/2025

🎃Random Msg🎃
Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။

အရင်က ကိုယ်က ပေးကမ်းစွန့်ကြဲ၊ လိုလားမလိုလားမသိပဲ တစ်ဖက်က မတောင်းဆိုပဲပေးနေမိတဲ့ မိမိရဲ့ energy တွေကို ပြန်ရုပ်သိမ်းရပါလိမ့်မယ်။

အားလုံးအတွက် ဒီ Oct က တံခါးပေါက်တစ်ခုလို တစ်နေရာကနေ တစ်နေရာ အပြောင်းအလဲ Major changes and transition တွေလိုဖြစ်လာစေမယ့် ကာလပဲဖြစ်တာမလို့ ပြောင်းဖို့ ချိန်တန်တဲ့သူတွေက သူ့နည်းသူ့ဟန်နဲ့ New version တွေဖြစ်လာပါလိမ့်မယ်။

ယေဘုယျအားဖြင့် အရင်ကလို အရိပ်တကြည့်ကြည့်
ဖြစ်နေတော့တာမဟုတ်ပဲ "နင်လိုရင် နင်ကိုယ်တိုင်လာ
ပြော၊ ငါကတော့ လာမမေးဘူး၊ သို့သော် လိုလို့ လာအကူညီတောင်းတိုင်းတော့ရှိပေးမယ်။" ဆိုတဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။
Detachment and Unconditional Love ပုံစံလိုဖြစ်လာတာမျိုးလဲပြောလို့ရပါလိမ့်မယ်။
🖤🎃

✨Random Msg✨ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ၊အတက်အကျ ရှိနိုင်ပါတယ်။ခဏတာ အပြောင်းအလဲမဟုတ်ပဲ အခုကနေ ပြောင်...
23/09/2025

✨Random Msg✨
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ၊အတက်အကျ ရှိနိုင်ပါတယ်။
ခဏတာ အပြောင်းအလဲမဟုတ်ပဲ အခုကနေ ပြောင်းလဲနေတဲ့အရာက ရေရှည်ဖြစ်မှာမလို့ ကောင်းတဲ့ပြောင်းလဲခြင်းဖြစ်ဖို့ကြိုးစားပါနော်။

ဒီရက်ပိုင်း ခါတိုင်းထက်လဲ Creative ဖြစ်နေတာလေးတွေ၊ အလှအပကြိုက်လာတာလေးတွေ၊ ဂရုစိုက်ပေးချင်တယ်၊ တချို့ကြတော့လဲ ဇီဇာကြောင်တာလေးတွေရှိလာတတ်ပါတယ်ခင်ဗျာ။
ကောင်းတဲ့ဘက်ကိုပဲဆွဲခေါ်နော်။

ထူးဆန်းတဲ့ Msg ဆန်ဆန် အိပ်မက်တွေလဲမက်တတ်ပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှလုံး ချမ်းသာအေးမျှပါစေခင်ဗျာ။🖤✨

Tdy's Rune Msg (18.9.2025)Raidho-Progress, Journey, MovementIngwaz-Seed, Potential, New Beginning, FertilityWunjo-Joy, C...
18/09/2025

Tdy's Rune Msg (18.9.2025)
Raidho-Progress, Journey, Movement
Ingwaz-Seed, Potential, New Beginning, Fertility
Wunjo-Joy, Celebration, Success

You are on your processing journey and move forward. You will see the flag waving at you for your fruitful success.

ကိုယ်လျှောက်နေတဲ့ခရီးလမ်းက တဝက်ကျိုးနေပါပြီ။
ဆက်လျှောက်ပါ။ ဆက်သွားပါ။
အထပ်မြင့်လေလေ လေပိုတိုက်လေလေဆိုတဲ့ awareness တစ်ခုကို အမြဲ remindလုပ်ပါ။

ကိုယ်ကိုယ်တိုင်ရဲ့ကြိုးစားအားထုတ်မှုလဲလိုပါတယ်။
ကိုယ့်ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး အကျိုးမြတ်ရရှိမှုအနဲအများကွာခြားပါလိမ့်မယ်။

ဇွဲမလျှော့ပဲ ကြိုးစားနေတို့အဖို့ ဒီ Oct လထဲမှာ အောင်မြင်မှုအလံလေးလွင့်နေတာမြင်ရပါလိမ့်မယ်ခင်ဗျာ။

အားလုံးပဲကျန်းမာ ချမ်းသာပြီး၊ စိတ်​၏ဆင်းရဲခြင်း၊ ကိုယ်​၏ ဆင်းရဲခြင်းမှ ကင်းဝေးကြပါစေခင်ဗျာ။
🙏🏻🖤

🥳🥳🥳🖤🖤🖤
16/09/2025

🥳🥳🥳🖤🖤🖤

Persephone's RuneGood morning ပါခဗျာ။အားလုံးကိုကျွန်တော် ကိုယ်တိုင် calling အရ သေချာ ဖန်တီးဖြစ်တဲ့ Divination tools တစ်ခ...
16/09/2025

Persephone's Rune
Good morning ပါခဗျာ။
အားလုံးကိုကျွန်တော် ကိုယ်တိုင် calling အရ သေချာ ဖန်တီးဖြစ်တဲ့ Divination tools တစ်ခုနဲ့ မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

ဆရာArthur ကြောင့်သိလာတဲ့ Witches Rune တွေကနေ inspiration စရပြီး Persephone ကနေမှတဆင့် ကိုယ်ပိုင် Rune တစ်ခုအနေနဲ့ ဖန်တီးပေးဖို့ Msgရလာခဲ့ပါတယ်။ တကယ်ကို ဘဝမှာ တခါမစဉ်းစားမိဖူးသလို၊ ကိုယ့်ရဲ့ ဘာမှ မဟုတ်နေ၊ မသိနေ၊မတတ်နေတဲ့ အနေအထားလောက်နဲ့ အခုလို Divination tools တစ်ခုကို စတင် ဖန်တီးဖြစ်ဖို့ဆိုတာ မတွေးရဲခဲ့မိပါဘူး။

Calling တကယ်ရလာတဲ့အခါမှာလဲ ဝုန်းဒိုင်း ဆိုပြီး 1ပတ်တောင်မကြာပဲ အပြီးသတ်လိုက်နိုင်ခဲ့တယ်။

Design တွေကိုလဲ ကိုယ်တိုင်သေချာဖန်တီးထားတာပဲဖြစ်ပါတယ်ခဗျာ။
အခုလောလောဆယ်ကတော့ လက်နဲ့ဆွဲထားရတာမလို့ မသေမသပ်ဖြစ်နေပေမယ့်လဲ သဘောကျမိပါတယ်ခဗျာ။

Symbol တွေကိုစဉ်းစားတဲ့အခါမှာ အထင်ကရဖြစ်တဲ့ Persephone, Hades, Demeter, Cerberus တို့က Symbol တွေရှိကြပေမယ့် သူရဲ့ သားသမီးတွေဖြစ်တဲ့ တခြား Godsတွေမှာက လူသိနည်းကြပြီး Symbol တွေမရှိတဲ့နောက် ကိုယ်တိုင်စဉ်းစားရတော့တာပါပဲ။

စဉ်းစားတဲ့အခါလဲ အရမ်းစဉ်းစားစရာမလိုပဲ ချက်ချင်း auto ခေါင်းထဲကနေ ထွက်လာရော။
Calling အရနဲ့ဘယ်လောက်တောင် လုပ်စေချင်လဲဆိုတာ ဒါကသက်သေပါပဲ။

ထူးဆန်းတိုက်ဆိုင်စွာနဲ့ပဲ မနေ့ညက Luna Eclipse မှာRune တစ်ခုချင်းစီနဲ့ Symbol အဓိပ္ပာယ်တွေကိုတစ်ခုချင်းစီ activateဖြစ်ပြီး စတင်အသုံးပြုခဲ့ပါတယ်ခဗျာ။
ကိုယ်တိုင်လက်နဲ့ရေးဆွဲထားတဲ့ Very First Original Set ကတော့ 4 setပဲ ရှိပြီး အားလုံးအသုံးပြုနိုင်ဖို့ကGuidebookနဲ့တကွ မကြာခင် ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

မကြာခင် Persephone Runeတွေကို "Spiritual Arts Paradise" မှာသွားရောက်မှာယူနိုင်တော့မှာမလို့ အခုထဲက Admin အမကြီးကို ကြိုတင် ပူဆာထားလို့ရပါပြီခဗျာ။

🌺Purpose of Inventing "Persephone's Rune"
သေသွားပြီးနောက် soul အတော်အများက လမ်းပျောက်နေတတ်ကြပါတယ်။
ကိုယ်ကိုယ်တိုင်လဲ မကြာခဏ မြင်ရ၊ကြားရလေ့ရှိသူအလျောက် သနားမိတာတော့အမှန်ပဲ၊ စိတ်လဲမချမ်းသာရဘူး။
အဲ့အပြင် မွေးကတည်းကသရဲကြောက်တဲ့သူမလို့ ကြောက်ကလဲကြောက် ကူကလဲကူချင်ပေါ့။🤣

တကယ့်တကယ် ကူရပီဆိုရင်တော့ မကြောက်တော့ပဲ တစ်ဖက်သူအဆင်ပြေစေချင်ဇောနဲ့ ကြောက်စိတ်ပါမဲ့သွားလေ့ရှိပါတယ်။

သေသူသည် ကောင်းတဲ့နေရာရောက်နေလား၊ အပယ်ကျနေလား၊ သေလို့သေမှန်းမသိပဲ လမ်းပျောက်နေတာလား၊ တစ်စုံတစ်ရာကို စွဲလမ်းပြီး မကျွတ်ပဲဖြစ်နေတာလား စတာတွေကို တိကျပြတ်သားစွာပေးနိုင်မှာပဲဖြစ်ပါတယ်ခဗျာ။

နောက်တစ်ခု Safeဖြစ်စေတာက သေသူတွေနဲ့တိုက်ရိုက်မဟုတ်ပဲ အခုလို သက်ဆိုင်တဲ့ Deity ဖြစ်တဲ့ Godsတွေကနေမှ တဆင့် Msg ပေးသွားမှာပဲဖြစ်တာမလို့ ကြောက်စရာမလိုပါဘူးခဗျာ။

အခုလို Runeတွေကို တခြား rune တွေလိုပဲ Manifest and spellတွေမှာပါအသုံးပြုနိုင်ပါတယ်။
ထူးခြားချက်တစ်ခုကတော့ အသားပေါ်၊ ပစ္စည်းပေါ်မှာ ရေးဆွဲတာမဟုတ်ပဲ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုနဲ့ဆိုင်တဲ့ Rune တစ်ခုကို သဘာဝကလာတဲ့ပစ္စည်းတွေဖြစ်တဲ့ သစ်သားပြား၊ စက္ကူ စတာတွေပေါ်ရေးဆွဲပြီး သစ်ပင်အောက်၊ မြေထဲမြှုတ်ရမှာပဲဖြစ်ပါတယ်။

ယခု ကျွန်တော့်ကို ဖန်တီးစေခဲ့တဲ့ "Persephone's Rune" ကို ထိုက်တန်သူတို့အားလုံး လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်ခဗျာ။

အရေးကြီးဆုံးက ဒီRune သုံးခါနီးတိုင်း Persephone and Hades အပြင် Underworld က beingတွေအကုန် မေတ္တာကိုပို့ပေးဖို့ပါပဲခဗျာ။

Thank you🌺🖤🙏🏻

ဒီစာလေး အတော်သဘောကျ။🤭🖤ကိုယ်အရမ်းသဘောကျတဲ့ Pop Mart ပုံစံလေးကို ကိုယ့်ရဲ့ spiritual & magical products လေးတွေကို အဲ့လိုပု...
11/09/2025

ဒီစာလေး အတော်သဘောကျ။🤭🖤
ကိုယ်အရမ်းသဘောကျတဲ့ Pop Mart ပုံစံလေးကို ကိုယ့်ရဲ့ spiritual & magical products လေးတွေကို အဲ့လိုပုံလေးနဲ့ တွဲသူံးတော့ ဝယ်ရသူတွေလဲ ပိုရင်ခုန်ရ၊ ကိုယ်လဲသူတို့ဘယ်သူ ဘာရမလဲရင်လိုက်ခုန်ရနဲ့ ပျော်စရာလေး။🥳🖤

Address

Yangon

Alerts

Be the first to know and let us send you an email when Just Tarot Things posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Just Tarot Things:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram