MyanCare

MyanCare MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application
(2)

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ အင်တာနက်ရှိရုံနဲ့ ဘယ်လိုကျန်းမာရေးပြဿနာမျိုးကို မဆို အပြင်ထွက်စရာမလိုပဲ ဆရာဝန်များနဲ့ သက်တောင့်သက်သာ တိုင်ပင်ဆွေးနွေးမှုကို ရရှိနိုင်ပါပြီ။

တိုင်ပင်ဆွေးနွေးခများကိုလည်း Mobile Banking, Mobile Payment များနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။

English Version

MyanCare is a digital healthcare mobile application and online virtual clinic for everyone. You can consult virtually with the professional doctors and specialists from the comfort of your home through MyanCare platform. You can meet the doctor anywhere and anytime and save time, energy and transportation costs. You can choose a doctor and book an appointment at your convenience. And talk to the doctor about your health problems with video call, audio call or chatting. The doctor can provide you medical advices and give you e-prescriptions via online consultation.

29/11/2025

💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜
💜 နိုဝင်ဘာ ၁၇ – လမစေ့မွေးကလေးများနေ့ 🌙 💜

ဒီနေ့ကို အမှတ်ရပြီး
🌟 လမစေ့ကလေးတိုင်းအနာဂတ်တောက်ပဖို့
💜 စောစီးထိရောက်စွာ ပြုစုစောင့်ရှောက်နိုင်အောင်
အားလုံးအတူတကွ 🤝 လက်တွဲကူညီကြစို့!
မိသားစုဝင်၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ရပ်ရွာ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ ကူညီဖေးမမှုက

💜 💫 လမစေ့ကလေးတိုင်းအတွက် အလင်းတန်းလေးပါပဲ 🌱 💜

#လမစေ့မွေးကလေးငယ်များအနာဂတ်တောက်ပရေးစောစီးထိရောက်စွာစောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ဒေါသစိတ်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ 💬⁉️ဒေါသစိတ်ဟာ သာမန်ထက်ပိုတဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပေမဲ့ ထိန်းချုပ...
26/11/2025

ဒေါသစိတ်ကြောင့် ကျန်းမာရေးမထိခိုက်အောင် ဘယ်လိုလုပ်ရမလဲ 💬⁉️

ဒေါသစိတ်ဟာ သာမန်ထက်ပိုတဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပေမဲ့ ထိန်းချုပ်မှုမရှိဘဲ မကြာခဏ ဖြစ်ပေါ်နေမယ်ဆိုရင်တော့ ရုပ်ပိုင်း‌ဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့ အရာဖြစ်လာစေမှာပါ။

ဒေါသထွက်လိုက်တာလို့ စိတ်ခံစားချက် ဖြစ်ပေါ်လာတာနဲ့တပြိုင်နက် သွေးတိုးခြင်း၊ နှလုံးရောဂါ၊ခေါင်းကိုက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဒေါသကိုထိန်းချုပ်နိုင်ပြီး သက်သာစေမဲ့နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

💬အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

စိတ်ထဲမှာ တအားရှုပ်ထွေးပြီး ဒေါသကိုခံစားလာရတာနဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်ပါ။ ဒီလိုလုပ်ခြင်းက နှလုံးခုန်နှုန်းကို အထောက်အကူပေးနိုင်ပါတယ်။

💬တိတ်ဆိတ်တဲ့နေရာကိုသွားပါ

စိတ်အလိုမကျမှုဖြစ်နေသမျှ အရာအားလုံးကို လွှတ်ချပြီး တိတ်ဆိတ်တဲ့နေရာမှာ လေကောင်းလေသန့်
ရှူရင်း စိတ်ငြိမ်အောင်နေသင့်ပါတယ်။

💬စိတ်လေ့ကျင့်ခန်းများလုပ်ပေးပါ

တရားထိုင်ခြင်း၊ယောဂကျင့်ခြင်းလို စိတ်တည်ငြိမ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရသလို ငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေကို နားစဉ်ပေးရင်း စိတ်ကိုဖြေလျော့လို့ရပါတယ်။

💬ကျန်းမာအောင်နေပါ

ကျန်းမာရေးမှာ အိပ်ရေးမဝတာ၊အစာအာဟာရမလုံလောက်တာ၊စိတ်ဖိစီးမှု တအားများတာတွေက အလိုလိုနေရင်း ဒေါသစိတ်တွေဖြစ်လာအောင် လှုံ့ဆော်တတ်တာမို့ ကျန်းမာအောင်နေရပါမယ်။

ကိုယ်ဟာ ဒေါသစိတ် မကြာခဏဖြစ်ပြီး ထိန်းချုပ်ရခက်ကာ နေ့စဉ်ဘဝကို ထိခိုက်လာတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေအတိုင်းလိုက်နာဖို့လိုအပ်ပါတယ်။

ဒေါသကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်မှသာ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ရနိုင်မှာမို့ ဒီနေ့ကစပြီး အတတ်နိုင်ဆုံးဂရုစိုက်ဖို့ 🩺MyanCare ❤️ က အကြံပြုမျှဝေလိုက်ပါတယ်။

မိတ်ဆွေတို့ရော ဒေါသဖြစ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ကြလဲ ပြောပြပေးခဲ့ပါအုံးနော်။ 🩺❤️


#ဒေါသစိတ်ကိုထိန်းချုပ်နည်း

26/11/2025

လမစေ့ကလေးများကို ဘယ်လိုမှန်ကန်စွာ ပြုစုသင့်လဲ? 👶💜

လမစေ့ဘဲ ကလေးမွေးလာတဲ့အခါ ဘာတွေသတိထားဖို့, ဘယ်လိုပြုစုပေးရဖို့ လိုအပ်သလဲ?
✨ အခြေခံကလေးပြုစုစောင့်ရှောက်မှု ဆိုတာဘာလဲ?
✨ ဘယ်လိုအခြေအနေတွေမှာ လုပ်ဆောင်သင့်လဲ?
✨ သားပိုက်ကောင်မိခင်ပြုစုစောင့်ရှောက်မှု (KMC) ဆိုတာဘာ လဲ?
✨ ဘယ်သူတွေ၊ ဘယ်အချိန်မှာ ပြုလုပ်ပေးသင့်သလဲ?

“လမစေ့ကလေးများနေ့” အထိမ်းအမှတ်
ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော ပညာပေးဇာတ်လမ်းကနေ ဒီအကြောင်းများကို အသေးစိတ်လေး လေ့လာကြည့်ပါဦး… 💜👶

#လမစေ့မွေးကလေးငယ်များ အနာဂတ်တောက်ပရေး စောစီးထိရောက်စွာ စောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ကျန်းမာရေးကိစ္စတွေကို မျှဝေဆွေးနွေးဖို့ MyanCare ရဲ့ စကားဝိုင်းလေးရှိနေပါပြီ 💁‍♀MyanCare ဆိုတာ အင်တာနက်ရှိရုံနဲ့ အွန်လို...
24/11/2025

ကျန်းမာရေးကိစ္စတွေကို မျှဝေဆွေးနွေးဖို့ MyanCare ရဲ့ စကားဝိုင်းလေးရှိနေပါပြီ 💁‍♀

MyanCare ဆိုတာ အင်တာနက်ရှိရုံနဲ့ အွန်လိုင်းကနေ ကျန်းမာရေးဆွေးနွေးနိုင်တဲ့ အွန်လိုင်းဆေးခန်းလေးဆိုတာ မိတ်ဆွေတို့အသိဆုံးပါ။

ဆွေးနွေးချင်တဲ့ ဆရာဝန်ကိုလည်း Category အလိုက်ရွေးချယ်နိုင်အောင် MyanCare App ကို အသုံးပြုကြရပါတယ်။

အခုဆိုရင် MyanCare App မှာ ကိုယ်သိထားသမျှ ကျန်းမာရေးအကြောင်းအရာတွေကို‌
ဝေမျှဖို့ ၊ ကိုယ်ဝေခွဲမရဖြစ်နေတဲ့ကျန်းမာ‌ရေးအကြောင်းတွေကို မေးမြန်းနိုင်ဖို့ ကျန်းမာရေးစကားဝိုင်းလေးရှိနေပြီပဲဖြစ်ပါတယ်။

ကိုယ်နဲ့ခံစားရတဲ့ဝေဒနာတူ၊ရောဂါတူ မိတ်ဆွေတွေရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ ကျန်းမာရေးအလေ့အကျင့်လေးတွေကို ဒီစကားဝိုင်းလေးထဲမှာ အချိန်မရွေးဝင်ကြည့်နိုင်မှာပါ။

ကျန်းမာရေးအတွက် မျှဝေခြင်းဟာ အမွန်မြတ်ဆုံးအရာဖြစ်တာမို့ ကိုယ်သိထားတဲ့ကျန်းမာရေးအကြောင်းလေးတွေကိုမျှဝေချင်တာပဲဖြစ်ဖြစ်၊မေးမြန်းချင်တာပဲဖြစ်ဖြစ်ကျန်းမာရေးစကားဝိုင်းလေးကို အသုံးပြနိုင်ပါတယ်။

အသုံးပြုဖို့က MyanCare App ရှိမှဖြစ်မှာမို့ ကောမန့်မှာချထားတဲ့ link က တဆင့် download လုပ်ပေးပါနော်။ 🩺❤️


#ကျန်းမာရေးစကားဝိုင်း

အဆုတ်ကျန်းမာရေးအတွက်လိုအပ်နေတဲ့အခါ MyanCare ကို သာ အားကိုးပါ 🩺❤️အဆုတ်ကျန်းမာရေးဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ လူတစ်ယော...
22/11/2025

အဆုတ်ကျန်းမာရေးအတွက်လိုအပ်နေတဲ့အခါ MyanCare ကို သာ အားကိုးပါ 🩺❤️

အဆုတ်ကျန်းမာရေးဆိုတာ မပေါ့ဆသင့်တဲ့ရောဂါတစ်ခုပါ။ လူတစ်ယောက်အသက်ရှင်သန်ရေးအတွက် ကောင်းမွန်စွာ အသက်ရှူနိုင်ဖို့ လိုအပ်တာမို့ အဆုတ်ဟာ အရေးပါဆုံးဆိုတာထက် ပိုစေပါတယ်။

အဆုတ်ကျန်းမာရေးအတွက် တစ်ခုခုလိုအပ်လာပြီလို့ခံစားရမယ်၊ ဆရာဝန်နဲ့ပြသဆွေးနွေးဖို့ အချိန်ပေးရမှာလည်း အဆင်‌မပြေဖြစ်နေတယ်ဆိုရင် ✨MyanCare✨ ရှိပါတယ်။

MyanCare ရဲ့ ကျွမ်းကျင် အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီးများက ဖုန်းထဲကနေ အကောင်းဆုံးဆွေးနွေးပြောပြတိုင်ပင်ပေးသွားမှာမို့💁

ခံစားနေရသမျှအတွက် အဖြေကောင်းတစ်ခုကို သေချာရှာတွေ့ပြီး လမ်းညွှန်ချက်တွေအတိုင်း အဆုတ်ကို စောင့်ရှောက်နိုင်မှာပါ။

အချိန်အများကြီး ပေးစရာမလိုဘဲ ဆေးခန်းပြဖို့က MyanCare ရှိနေတာမို့ လိုအပ်လာတဲ့အခါ အားကိုးဖို့ သတိရလိုက်ပါနော်။ 🩺❤️

#အဆုတ်

22/11/2025

🧼 မိသားစုကို အချစ်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းက ဘာလဲ? 🤔

အဖြေကတော့ အလွယ်ဆုံး၊ အစွမ်းအထက်ဆုံး နည်းလမ်းဖြစ်တဲ့ ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် လက်ဆေးခြင်း ပါပဲ! ✅

နှစ်စဉ် အောက်တိုဘာလ (၁၅) ရက်နေ့ ကို ကမ္ဘာ့လက်ဆေးခြင်းနေ့အဖြစ် သတ်မှတ်ထားပေမယ့်၊ ဒီအလေ့အကျင့်ကောင်းဟာ တစ်ရက်တည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ မိသားစုကိုချစ်တဲ့၊ ကာကွယ်ပေးတဲ့ နေ့စဉ်အလေ့အကျင့် ဖြစ်တယ်ဆိုတာ အရေးကြီးဆုံး မက်ဆေ့ချ်ပါပဲ။
ဒီနှစ် ကမ္ဘာ့လက်ဆေးခြင်းနေ့ကို ပုံမှန်အတိုင်းမဟုတ်ဘဲ "လက်ဆေးခြင်း Short-Form ဗီဒီယိုပြိုင်ပွဲ" လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ပါတယ်။

ဒီရိုးရှင်းတဲ့ အပြုအမူရဲ့ အရေးပါတဲ့ သတင်းစကားကို လူတိုင်းဆီ ဖြန့်ဝေပေးနိုင်ဖို့ ကမ္ဘာ့လက်ဆေးခြင်းနေ့အထိမ်းအမှတ်နဲ့ ပြိုင်ပွဲဝင်များရဲ့ စိတ်ဝင်စားစရာ အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

ကျန်းမာတဲ့မိသားစုဘဝအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ ➡️

#သန့်ရှင်းကျန်းမာလက်ဆေးဖို့_သူရဲကောင်းအဖြစ်ပါဝင်စို့

20/11/2025

နိုဝင်ဘာလ (၁၇) ရက်နေ့ဟာ လမစေ့မွေးကလေးများနေ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် ကျင်းပနေကြပါတယ်။

👶✨ လမစေ့မွေးဖွားခဲ့တဲ့ ကလေးလေးကိုအဖေတစ်ယောက်အနေနဲ့ တိုက်ပွဲဝင်သလို စောင့်ရှောက်ခဲ့တဲ့ ခရီး…NICU ထဲက စက်သံတွေကြား
နေ့တိုင်း စိုးရိမ်ပြီးလည်း နေ့တိုင်း အားလည်း ပိုမိုတိုးလာခဲ့တယ်။
ကလေးလေးက တဖြည်းဖြည်း အားပြန်ရလာတဲ့အချိန်တိုင်း “မင်းက သက်ရှည် တိုက်ပွဲဝင်သူလေး”လို့ ပြန်ပြန်ပြောပေးခဲ့တယ်💜
အသေးဆုံးလေးတွေကပဲအကြီးဆုံး စွမ်းအားရှိကြပါတယ်။

ပညာပေးဇာတ်လမ်းလေးထဲမှာတော့ အသေးစိပ်လေး ဝေမျှထားပါတယ်။ အဆုံးထိကြည့်ပြီး လမစေ့မွေးကလေးများနေ့ကို အတူပါဝင် ဖေးကူကြပါစို့။

#လမစေ့မွေးကလေးငယ်များ အနာဂတ်တောက်ပရေး စောစီးထိရောက်စွာ စောင့်ရှောက်ပေး
#လမစေ့မွေး ကလေးငယ်များနေ့










ဆေးရုံဆေးခန်းနဲ့ အလှမ်းဘယ်လောက်ဝေးဝေး  MyanCare နဲ့ဆိုရင် အေးဆေး ❤️🩺ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူတိုင်းအတွက် မရှိမဖ...
17/11/2025

ဆေးရုံဆေးခန်းနဲ့ အလှမ်းဘယ်လောက်ဝေးဝေး MyanCare နဲ့ဆိုရင် အေးဆေး ❤️🩺

ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။

ကိုယ်နေတဲ့နေရာဟာ ဆေးရုံဆေးခန်းတွေနဲ့ အလှမ်းဝေးရင်တော့ ရောဂါထက် သွားလာရတာက ပိုပြီး စိတ်ရှုပ်စရာဖြစ်စေပါတယ်။

ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ" MyanCare" ရှိနေပါပြီ။💁‍♀

ဆေးပညာနဲ့ နည်းပညာပေါင်းစပ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအွန်လိုင်းဆေးခန်းဖြစ်တဲ့🩺 MyanCare ❤️မှာဆိုရင် ပြည်တွင်းပြည်ပက ဘယ်သူမဆို ကျန်းမာရေးဆွေးနွေးနိုင်အောင် စီစဉ်ပေးထားပါတယ်။

ဆွေးနွေးသူတွေရဲ့ အချက်အလက်များကိုလည်း လုံခြုံစွာထိန်းသိမ်းပေးထားသေးတာမို့ စိတ်ပူစရာမလိုပါဘူးနော်။

MyanCare မှာ ဆွေးနွေးကုသပေမဲ့ ဆရာဝန်ကြီးများကလည်း ဆေးပညာလောကရဲ့ အတွေ့အကြုံရှိကျွမ်းကျင်သူများဖြစ်လို့ ယုံကြည်ရတာထက်ကို ပိုစေပါတယ်။

ဆေးရုံဆေးခန်းနဲ့ အလှမ်းဝေးလို့ ကျန်းမာရေးအတွက် ပူပန်ရတာက MyanCare နဲ့ဆိုရင် အေးဆေးဖြစ်သွားမှာမို့

အလှမ်းမဝေးဘဲ ဖုန်းထဲမှာဘဲ ရှိမဲ့ MyanCare App ကို အခုပဲ ဒေါင်းလုခ်ဆွဲထားလိုက်တော့နော်။🩺❤️



#အွန်လိုင်းဆေးခန်း

ဆီးချိုရောဂါကိုဂရုစိုက်ခြင်းမှသည် ပိုမိုကောင်းမွန်သော နေ့ရက်တွေဆီ.............  🩺🍃ယနေ့နိုဝင်ဘာလ (၁၄) ရက်နေ့ဟာ ဆီးချိုရော...
14/11/2025

ဆီးချိုရောဂါကိုဂရုစိုက်ခြင်းမှသည် ပိုမိုကောင်းမွန်သော နေ့ရက်တွေဆီ............. 🩺🍃

ယနေ့နိုဝင်ဘာလ (၁၄) ရက်နေ့ဟာ ဆီးချိုရောဂါအကြောင်းကို ကမ္ဘာ့နေရာအသီးသီးမှာ အသိပညာပေးမျှဝေကြတဲ့ ကမ္ဘာ့ဆီးချိုရောဂါနေ့ ( World Diabetes Day ) ဖြစ်ပါတယ်။

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပြီး စနစ်တကျကုသမှုခံယူနေမှသာ နေ့စဉ်လူမှုဘဝမှာ ကျန်းမာစွာနေထိုင်နိုင်မဲ့ ရောဂါဖြစ်ပါတယ်။

ဆီးချိုရောဂါကို သေချာစွာ မကုသရင် နောက်ဆက်တွဲရောဂါတွေကိုခံစားရမှာဖြစ်တာကြောင့် ရောဂါမဖြစ်ခင်မှာလည်း အချိုလျော့စားပြီး ရောဂါဖြစ်နေချိန်မှာလည်း စနစ်တကျနေထိုင်ပေးသင့်ပါတယ်။

သွေးတွင်းသကြားဓာတ် ပုံမှန်စစ်ဆေးပေးခြင်း၊အစာအာဟာရမျှတစွာစားသောက်ခြင်း၊ ဆရာဝန်နှင့်သေချာပြသခြင်း၊စိတ်ဖိစီးမှုကိုလျှော့ချပြီး စိတ်အေးအေးနဲ့နေထိုင်ခြင်းတွေက ဆီးချိုရောဂါကို အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

❝ ဆီးချိုရောဂါ❞ဟာ နေ့စဉ်လူမှုဘဝမှာနေထိုင်စားသောက်နေရင်းနဲ့ ရှိလို့ရှိမှန်းတောင်မသိတဲ့ထိ တိတ်‌ဆိတ်စွာအလည်ရောက်လာတဲ့ရောဂါဖြစ်တာမို့ အချိန်မှီစစ်ဆေးခြင်းဖြင့် စနစ်တကျကုသမှုခံယူပြီး ပိုမိုကောင်းမွန်သောနေ့ရက်တွေဆီ သွားကြဖို့ 🩺 MyanCare❤️ မှ အသိပညာပေး မျှဝေအပ်ပါတယ်။



#ကမ္ဘာ့ဆီးချိုရောဂါနေ့

"စွမ်းသစ် အရိုးအကြောအဆစ်အထူးကုဆေးခန်း" မှ Dr. Sithu Lynn နဲ့ MyanCare မှာရော၊ အပြင်ဆေးခန်းမှာပါ ဆွေးနွေးတိုင်ပင်နိုင်တဲ့...
13/11/2025

"စွမ်းသစ် အရိုးအကြောအဆစ်အထူးကုဆေးခန်း" မှ Dr. Sithu Lynn နဲ့ MyanCare မှာရော၊ အပြင်ဆေးခန်းမှာပါ ဆွေးနွေးတိုင်ပင်နိုင်တဲ့အကြောင်း သတင်းကောင်း✨🩺

🩻အရိုး၊ အကြော၊ အဆစ်ရောဂါနဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ကျီးပေါင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ လက်ကောက်ဝတ်နာကျင်ခြင်း၊ ပုခုံးနာကျင်ခြင်းတို့ကနေစလို့.....

🩻မျက်နှာလေဖြန်းပြီး တစ်ခြမ်းရွဲ့သွားခြင်း၊ လေဖြတ်ပြီးခါစ ခြေ၊ လက်အားနည်းခြင်း၊ အာရုံကြောချို့ယွင်းမှုကြောင့် စကားအပြောအဆိုခက်ခဲခြင်းနဲ့ အစာ၊ရေ မျိုချရခက်ခဲခြင်းတို့ကိုပါ ပြန်လည်သန်စွမ်းလာအောင် MyanCare မှာ Online Booking ယူပြီး ကျန်းမာရေးလမ်းညွှန်ချက်တွေ ဆွေးနွေးရယူနိုင်ပါတယ်။💁

ဒါတင်မကသေးဘဲ အရိုးအကြောအဆစ်အထူးကု ဒေါက်တာ စည်သူလင်း ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ "စွမ်းသစ် အရိုးအကြောအဆစ်အထူးကုဆေးခန်း" မှာပဲ ကိုယ်တိုင်ကိုယ်ကျလည်း ဆေးခန်းပြလို့ရပါတယ်။

ဆေးခန်းမှာဆိုရင်တော့ ပြန်လည်သန်စွမ်းရေးအတွက် Physiotherapist တွေထားရှိပြီး ခေတ်မှီစက်ကိရိယာ‌တွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက်ပါ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။👨‍⚕️

MyanCare မှာ ဆရာနဲ့အတူ Online ဆေးခန်းပြသပြီး အချိန်ပေးနိုင်မယ်ဆိုရင် ဆေးခန်းအထိသွား‌ရောက်ကာ အနီးကပ်ကုသမှု ခံယူလို့ရတာမျိုးဖြစ်တာကြောင့် အရိုးအကြောအဆစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေရင်ဆိုင်လာရရင် စွမ်းသစ်အထူးကုဆေးခန်းနဲ့ MyanCare ကို ပထမဆုံးသတိရဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

🏥စွမ်းသစ် အရိုးအကြောအဆစ်အထူးကုဆေးခန်း
အခန်း (၁)၊ တိုက်အမှတ် (၄)၊ လှိုင်မြင့်မိုရ် အိမ်ယာ၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

Google Map Link 🧭📍
https://maps.app.goo.gl/sCo84g6u7uDdQC61A

အသက်ရှူခြင်းတိုင်းဟာ ကျန်းမာရေးအတွက် အရေးပါတဲ့အရာ ( World Pneumonia Day )🍃🩺ယနေ့နိုဝင်ဘာလ (၁၂) ရက်နေ့ဟာ အဆုတ်ရောင်ရောဂါကိ...
12/11/2025

အသက်ရှူခြင်းတိုင်းဟာ ကျန်းမာရေးအတွက် အရေးပါတဲ့အရာ ( World Pneumonia Day )🍃🩺

ယနေ့နိုဝင်ဘာလ (၁၂) ရက်နေ့ဟာ အဆုတ်ရောင်ရောဂါကို တစ်ကမ္ဘာလုံးဂရုစိုက်ဖို့ အသိပညာပေးမျှဝေတဲ့ ❝ ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့❞ ဖြစ်ပါတယ်။

အသက်ရှူခြင်းတိုင်းဟာ ကျန်းမာရေးအတွက် အရေးပါဆုံးအရာဖြစ်ပြီး အဆုတ်ရောင်ရောဂါဟာလည်း ကလေးလူကြီး အရွယ်မရွေးဖြစ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်တာမို့ မပေါ့ဆဘဲ ဂရုစိုက်သင့်ပါတယ်။

အဆုတ်ရောင်ရောဂါဟာ ဘက်တီးရီးယား၊မှို၊ဗိုင်းရပ်စ်တွေကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး အသက်ဆုံးရှုံးခြင်းထိဖြစ်စေနိုင်တဲ့ရောဂါဖြစ်ပေမဲ့ မဖြစ်အောင်ကာကွယ်လို့ရတဲ့နည်းလမ်းတွေတော့ရှိပါတယ်။

အဆုတ်သန့်စင်အောင် လေကောင်းလေသန့်ရှုရိုက်ပေးခြင်း၊ကာကွယ်‌ဆေးထိုးနှံပေးခြင်း၊ အဆုတ်အားကောင်းအောင် အာဟာရမျှတစွာစားသောက်ခြင်းနဲ့ ပတ်ဝန်းကျင်က အဆုတ်ကိုထိခိုက်စေမဲ့ အငွေ့တွေကို မရှူမိအောင် ဂရုစိုက်ပေးခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။

စီးကရက်သောက်ခြင်းဟာလည်း အဆုတ်ရောင် ( Pneumonia ) ကို ဖြစ်နိုင်ချေမြင့်တက်တာမို့ရှောင်ကြဉ်သင့်ပါတယ်နော်။

အဆုတ်ဟာ အသက်ရှူဖို့ အရေးပါဆုံး၊အလိုအပ်ဆုံးအရာဖြစ်တာမို့ ပေါ့ဆခြင်းမရှိဘဲ ဂရုစိုက်ဖို့ ❝ MyanCare❞ မှ အကြံပြုမျှဝေအပ်ပါတယ်ရှင်။ 🩺❤️




#ကမ္ဘာ့အဆုတ်ရောင်ရောဂါနေ့

.MyanCare Telemedicine မှ ယုံကြည်အားကိုးလို့ရတဲ့ ဆရာဝန်ကြီးများနဲ့ ထပ်မံလက်တွဲလိုက်ပါပြီ 🩺❤️မြန်မာနိုင်ငံတွင်းသာမက ပြည်ပ...
11/11/2025

.
MyanCare Telemedicine မှ ယုံကြည်အားကိုးလို့ရတဲ့ ဆရာဝန်ကြီးများနဲ့ ထပ်မံလက်တွဲလိုက်ပါပြီ 🩺❤️

မြန်မာနိုင်ငံတွင်းသာမက ပြည်ပနိုင်ငံတွေကပါ ယုံကြည်အားကိုးစွာ ဆေးခန်းပြလို့ရတဲ့ MyanCare အွန်လိုင်းဆေးခန်းဟာ အခုဆို ဆရာဝန်ပေါင်း (၈၀၀) ကျော်နဲ့ လက်တွဲထားပြီးပြီဖြစ်ပါတယ်။

သာမန်အထွေထွေဖျားနာ နေမကောင်းတာကနေစပြီး နှလုံး၊အသည်း၊ကျောက်ကပ်၊အဆုတ် အစရှိသည့် သက်ဆိုင်ရာရောဂါအလိုက် ဆရာဝန်ကြီးများနဲ့လည်း အင်တာနက်ရှိရုံနဲ့ မည်သည့်နေရာကနေမဆို ကျန်းမာရေးဆွေးနွေးနိုင်တာဟာ MyanCare Telemedicine ကို ရွေးချယ်အားကိုးကြတဲ့ အကြောင်းအရင်းတစ်ခုပါ။

ဒီလိုယုံကြည်ကြတဲ့ MyanCare ရဲ့ မိတ်ဆွေတို့အတွက် အမှန်တကယ်ဆွေးနွေးတိုင်ပင်အားကိုးရမဲ့ ဆရာဝန်ကြီးများနဲ့ MyanCare ဟာ ထပ်မံလက်တွဲလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော်။

ဆေးပညာလောကမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ဆရာဝန်ကြီးတွေဟာ MyanCare နဲ့အတူလက်တွဲထားတာမို့ အွန်လိုင်းဆေးခန်းပြဖို့ လိုအပ်နေပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ပထမဆုံးအွန်လိုင်းဆေးခန်းဖြစ်တဲ့ MyanCare App ကိုသာ ဒေါင်းလုခ်လုပ်ပြီး ဆေးခန်းပြဖို့ သတိရပါနော်။ 🩺❤️

❝ MyanCare App လေးကို ကောမန့်က link လေးမှာဝင်ယူနိုင်ပါပြီ❞



Address

No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774778000

Alerts

Be the first to know and let us send you an email when MyanCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyanCare:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

MyanCare ဆိုသည္မွာ

MyanCare ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှု့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး ကျန်းမာရေးနယ်ပယ်မှ ဝါရင့်ဆရာဝန်ကြီးများ၊ ပရော်ဖက်ဆာကြီးများ၊ နည်းပညာရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ MyanCare Application ဆိုတာ ဖုန်းတစ်လုံးရှိရုံ နဲ့ မည်သည့် နေရာ (အိမ်မှာပဲဖြစ်စေ၊ နယ်ဒေသများမှဖြစ်စေ) ၊ မည်သည့်အချိန်မဆို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုအပ်ပဲ အထူးကုဆရာဝန်တွေ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကြိုတင်ချိန်းဆိုမှုပြုလုပ်နိုင်ပြီး တိုင်ပင် ဆွေးနွေးလို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ Application တစ်ခုဖြစ်ပါတယ်။

MyanCare Application ထဲမှာ ဆရာဝန်တွေနဲ့ရက်ချိန်းရယူပြီး Facebook Messenger ထဲမှာလို

• Voice Call (အသံဖြင့်ဖုန်းခေါ်ခြင်း)

• Video Call - (ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်း)