MyanCare

MyanCare MyanCare ဆိုတာ online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application
(2)

MyanCare ဆိုတာ ကျန်းမာရေး ပြဿနာအမျိုးမျိုးတို့အတွက် online ပေါ်ကနေ ဆရာဝန်နဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးနိုင်တဲ့ Healthcare Application တစ်ခုပါ။

MyanCare မှာ အထွေထွေရောဂါကုဆရာဝန်များအပြင် ဝါရင့်အထူးကုဆရာဝန်များ၊ ပါမောက္ခများနှင့်လည်း မိမိအိမ်မှာနေပြီး တိုင်ပင်ဆွေးနွေးလို့ ရနေပြီ ဖြစ်ပါတယ်။ မိမိအဆင်ပြေတဲ့ အချိန်ကို ရွေးချယ်ပြီး ဆရာဝန်များနဲ့ Video Call, Voice Call, Chatting များနဲ့ တိုင်ပင်ဆွေးနွေ

းနိုင်ပါတယ်။

ဘယ်နေရာမှာပဲ ရောက်နေသည်ဖြစ်စေ အင်တာနက်ရှိရုံနဲ့ ဘယ်လိုကျန်းမာရေးပြဿနာမျိုးကို မဆို အပြင်ထွက်စရာမလိုပဲ ဆရာဝန်များနဲ့ သက်တောင့်သက်သာ တိုင်ပင်ဆွေးနွေးမှုကို ရရှိနိုင်ပါပြီ။

တိုင်ပင်ဆွေးနွေးခများကိုလည်း Mobile Banking, Mobile Payment များနဲ့ အလွယ်တကူ ပေးချေနိုင်ပါတယ်။

English Version

MyanCare is a digital healthcare mobile application and online virtual clinic for everyone. You can consult virtually with the professional doctors and specialists from the comfort of your home through MyanCare platform. You can meet the doctor anywhere and anytime and save time, energy and transportation costs. You can choose a doctor and book an appointment at your convenience. And talk to the doctor about your health problems with video call, audio call or chatting. The doctor can provide you medical advices and give you e-prescriptions via online consultation.

လေးဖက်နာနှင့် အရိုးအကြောအဆစ်ပြဿနာ MyanCare မှ ပါမောက္ခ ဦးချစ်စိုးနှင့်အတူ အဖြေရှာပါ။🔎လူကြီး၊ လူငယ်မ‌ရွေးဖြစ်လေ့ရှိတဲ့ လ...
27/04/2026

လေးဖက်နာနှင့် အရိုးအကြောအဆစ်ပြဿနာ MyanCare မှ ပါမောက္ခ ဦးချစ်စိုးနှင့်အတူ အဖြေရှာပါ။🔎

လူကြီး၊ လူငယ်မ‌ရွေးဖြစ်လေ့ရှိတဲ့ လေးဖက်နာ‌ရောဂါအပါအဝင် အရိုးအကြောအဆစ်ပြဿနာမှန်သမျှတို့ကို အထူးကုသ‌ပေးနေတဲ့ လေးဖက်နာနှင့် အရိုးအကြောအဆစ်အထူးကု ဆရာဝန်ကြီး "‌ပါ‌မောက္ခ ဦးချစ်စိုး" နဲ့အတူ 🩺MyanCare❤️ မှာ အိမ်ကနေပဲဆွေးနွေးပြသလို့ရပါပြီ။

အရိုးအကြောအဆစ်ရောဂါဖြစ်တဲ့အခါ ဆေးရုံ၊ ဆေးခန်းသွားလာဖို့ အခက်အခဲရှိတာကြောင့် ရောဂါလက္ခဏာစပြတာနဲ့ နေ့ချင်းပြသနိုင်အောင် MyanCare မှာ Booking ယူပြီး ဆရာဝန်ကြီးနဲ့အတူ ‌တိုင်ပင်လို့ရပါပြီရှင့်။

လေးဖက်နာနဲ့ အရိုးအကြောအဆစ်ရောဂါဝေဒနာဆိုတာ စဖြစ်ပြီဆိုအမြန်ဆုံးပြသသင့်တာကြောင့် 🩺MyanCare❤️ မှာ အခုပဲ အလွယ်တကူ Booking ယူပြီး ဆွေးနွေးတိုင်ပင်ကြဖို့ သတိပေးပါရစေနော်။✨

MyanCare Doctor App မှာ CME Case တွေကို ဘယ်လိုမျှဝေလို့ရလဲ❓ကိုယ့်လေ့လာထားတဲ့ Case Study တွေ၊ ကိုယ့်ရဲ့ experiences တွေကိ...
26/04/2026

MyanCare Doctor App မှာ CME Case တွေကို ဘယ်လိုမျှဝေလို့ရလဲ❓

ကိုယ့်လေ့လာထားတဲ့ Case Study တွေ၊ ကိုယ့်ရဲ့ experiences တွေကို အခြားဆရာဝန်တွေကိုပါ မျှဝေပေးချင်ရင် MyanCare Doctor App မှာ အခုလိုအဆင့်အတိုင်း မျှဝေလို့ရပါပြီ။🩺❤️

CME Case ဆိုတာ ဆရာဝန်တိုင်းအတွက် ဆေးကုသတိုင်းအသုံးဝင်နေမယ့် အကြောင်းအရာတွေဖြစ်တာကြောင့် အခုပဲ MyanCAre Doctor App မှာ မျှဝေလိုက်တော့နော်။✨

World Malaria Day (ကမ္ဘာ့ငှက်ဖျားရောဂါနေ့)ဒီနေ့ ဧပြီလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါနေ့မှာ လူသားတိုင်းငှက...
25/04/2026

World Malaria Day (ကမ္ဘာ့ငှက်ဖျားရောဂါနေ့)

ဒီနေ့ ဧပြီလ (၂၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ငှက်ဖျားရောဂါနေ့မှာ လူသားတိုင်းငှက်ဖျားအပါအဝင် အဖျားရောဂါဘယတွေကနေ ကင်းဝေးကြပါစေကြောင်း MyanCare မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ငှက်ဖျားရောဂါဆိုတာ ကြိုတင်ကာကွယ်လို့ ရသလို၊ အချိန်မီ ကုသရင်လည်း ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် အားလုံးပဲ ညအိပ်တိုင်း ခြင်ထောင်ထဲမှာ ဂရုတစိုက် အိပ်စက်ကြဖို့နဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေကို ခြင်အန္တရာယ်ကနေ ကာကွယ်ပေးကြဖို့ တိုက်တွန်းပါရစေ။

၂၀၂၆ ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "Driven to End Malaria: Now We Can. Now We Must." ဆိုတဲ့အတိုင်း လူသားတိုင်းအားလုံး MyanCare နဲ့အတူ တက်ညီလက်ညီနဲ့ ငှက်ဖျားကို အပြီးတိုင် တိုက်ထုတ်ကြရအောင်နော်။



#ကမ္ဘာ့ငှက်ဖျားရောဂါနေ့

Mediland Hospital(ထားဝယ်) နဲ့ MyanCare တို့ ပူးပေါင်းစီစဥ်ထားတဲ့ ကျန်းမာရေးအစီအစဉ်သစ်တစ်ခု✨ထားဝယ်မြို့မှာရှိတဲ့ Mediland...
23/04/2026

Mediland Hospital(ထားဝယ်) နဲ့ MyanCare တို့ ပူးပေါင်းစီစဥ်ထားတဲ့ ကျန်းမာရေးအစီအစဉ်သစ်တစ်ခု✨

ထားဝယ်မြို့မှာရှိတဲ့ Mediland Hospital မှ လူနာအားလုံး MyanCare က အထူးကုဆရာဝန်တွေနဲ့ ဆေးခန်းပြလို့ရပါပြီရှင့်။

အ‌ထူးကုဆရာဝန်ကြီးတွေနဲ့ပြချင်ပေမယ့် မြို့ကြီးပြကြီးကို အကြောင်းအမျိုးမျိုးကြောင့် တက်လာဖို့အဆင်မပြေတဲ့ လူကြီးမိဘများအတွက် Mediland Hospital မှ MyanCare က ဆရာဝန်ကြီးတွေဆီ ပြသနိုင်ဖို့ ချိတ်ဆက်ပေးနေပြီပဲဖြစ်ပါတယ်။

ဒါကြောင့် အထူးကုဆရာဝန်ကြီးတွေနဲ့ ဘယ်လောက်နဲ့အလှမ်းဝေးဝေး MyanCare နဲ့ဆို ဖုန်းမျက်နှာပြင်တစ်ခုစာပဲ ခြားနေမှာမို့ ကျန်းမာရေးကိစ္စ‌ဆွေးနွေးလိုရင် 🩺MyanCare❤️ မှာပဲ ဆွေးနွေးတိုင်ပင်ကြစို့နော်။

ရာသီဥတုပူလွန်းတဲ့အတွက် ကျန်းမာရေးကိစ္စဖြေရှင်းဖို့ ဆေးရုံ၊ ဆေးခန်းသွားလာရတာ အခက်အခဲဖြစ်နေပြီလား⁉️အပြင်ထွက်ရခက်ခဲတဲ့အခုလိ...
22/04/2026

ရာသီဥတုပူလွန်းတဲ့အတွက် ကျန်းမာရေးကိစ္စဖြေရှင်းဖို့ ဆေးရုံ၊ ဆေးခန်းသွားလာရတာ အခက်အခဲဖြစ်နေပြီလား⁉️

အပြင်ထွက်ရခက်ခဲတဲ့အခုလိုကာလမျိုးမှာ ကျန်းမာရေးကိစ္စတွေကို အချိန်ကုန်၊ လူပင်ပန်းသက်သာစွာနဲ့ ဆရာဝန်ကြီးတွေနဲ့အတူ ဖြေရှင်းနိုင်ဖို့ 🩺MyanCare❤️ က အမြဲတမ်းအဆင်သင့်ရှိနေပါပြီ။

ဆေးရုံ၊ ဆေးခန်းသွားရင်း လမ်းမှာတင်နွေအပူဒဏ်ကြောင့် ပိုပြီးပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်ရလေအောင် ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးအနားယူရင်း MyanCare Application ကနေတဆင့် မြန်မာနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆရာဝန်ကြီးများနဲ့ ပြသနိုင်ပါပြီ။✨

ကိုယ်ပြချင်တဲ့အချိန်၊ ကိုယ်နဲ့အဆင်ပြေမယ့်အချိန်ကို ကြိုတင် Booking ယူထားရုံဖြင့် ဆရာဝန်ကြီးတွေနဲ့ Online ကနေ လွယ်ကူလျင်မြန်စွာ တိုင်ပင်ဆွေးနွေးနိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့်မို့ နေအိမ်ကနေပဲ အထိရောက်ဆုံးနည်းလမ်းနဲ့ စိတ်အေးသက်သာစွာ ကျန်းမာ‌ရေးဆွေးနွေးချက်တွေရယူချင်ရင် MyanCare ကိုပဲ သတိရလိုက်တော့နော်။

ပူပြင်းလွန်းတဲ့နွေရာသီမှာ အထူးသတိထား စိုးရိမ်စရာ အခြေအနေတစ်ခု❗️မြန်မာနိုင်ငံမှာ နွေရာသီရဲ့အပူချိန် အပြင်းဆုံးကာလဖြစ်တဲ့အ...
21/04/2026

ပူပြင်းလွန်းတဲ့နွေရာသီမှာ အထူးသတိထား စိုးရိမ်စရာ အခြေအနေတစ်ခု❗️

မြန်မာနိုင်ငံမှာ နွေရာသီရဲ့အပူချိန် အပြင်းဆုံးကာလဖြစ်တဲ့အတွက် ပြင်ပအပူချိန် ၄၀°C ကျော်နေပြီဖြစ်တာကြောင့် အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်စေတဲ့ အပူလျှပ်ခြင်း (Heat Stroke) က လွယ်ကူစွာအဖြစ်အများဆုံး အ‌ရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုပဲဖြစ်ပါတယ်။

အပူလျှပ်ခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်ရဲ့ အပူချိန် ထိန်းညှိမှုစနစ် ပျက်စီးသွားပြီး ကိုယ်တွင်းအပူချိန်ကို ပြန်မလျှော့ချနိုင်တော့လို့ ဖြစ်ပါတယ်။

▪️အပူချိန် ၄၀°C (သို့) ၁၀၄ ℉ အထက်အပူချိန်မှာ လှုပ်ရှားသွားလာခြင်း၊ အလုပ်လုပ်ခြင်း၊

▪️ရေဓာတ်နှင့် ဆားဓာတ် ခမ်းခြောက်ခြင်း

▪️အ‌ရောင်ရင့်သော အဝတ်အစားများ ဝတ်ဆင်ခြင်း

▪️အရက်၊ ဘီယာသောက်စားခြင်း တို့လိုအကြောင်းအရင်းတွေကြောင့်လည်း အပူလျှပ်ခြင်းဖြစ်စေတတ်ပါတယ်။

အပူလျှပ်ခြင်းဝေဒနာခံစားရပြီဆိုရင်

▪️ကိုယ်ခန္ဓာရဲ့အပူချိန်က ၁၀၄ ℉ ထက် မြင့်မားနေခြင်း
နှလုံးခုန်နှုန်း အရမ်းမြန်နေခြင်း

▪️ချွေးမထွက်တော့ဘဲ ခြောက်သွေ့နေခြင်း
သတိလစ်နေခြင်း ဒါမှမဟုတ် အသိကောင်းကောင်းမရှိဘဲ ကြောင်တောင်တောင် ဖြစ်နေခြင်း

▪️တက်ခြင်း

▪️အရေပြားတွေက နီရဲ ခြောက်သွေ့ပြီး ပူနေခြင်းတို့လို လက္ခဏာတွေက အပူလျှပ်ခြင်းရဲ့ အ‌ရေးပေါ် လက္ခဏာအခြေအနေဖြစ်တာကြောင့် အမြန်ဆုံးကုသမှုရရှိနိုင်အောင် လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။

အပူလျှပ်ခြင်းခံစားရတဲ့လူနာကိုတွေ့ပြီဆိုရင်

▫️အရိပ်ရပြီး အေးမြတဲ့နေရာကို အမြန်ဆုံးရွှေ့ပြောင်းပေးပါ။

▫️လည်ပင်း၊ ချိုင်းကြား၊ ပေါင်ကြားတို့ကို ရေအေးဝတ်ဖြင့် ကပ်ပေးပါ။

▫️‌ရေနဲ့ ဓာတ်ဆားရည်တို့ကို နည်းနည်းချင်း မကြာခဏတိုက်ပေးပါ။

▫️တက်ခြင်း၊ သတိလစ်ခြင်းတို့ခံစားရမယ်ဆိုရင်တော့ ‌ရေတိုက်ခြင်းကိုခဏရပ်ထားသင့်ပါတယ်။

အပူလျှပ်ခြင်းကို အသက်အရွယ်ကြီးတဲ့သူတွေနဲ့ ကလေးငယ်တွေ၊ ပူပြင်းတဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူတွေ၊ နဂိုရောဂါအခံရှိသူတွေနဲ့ အရက်အလွန်အကျွံသောက်တတ်သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

အပူမလျှပ်အောင် ကာကွယ်နိုင်ဖို့ဆိုရင်-
အရောင်ဖျော့ပြီး ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

▫️အပြင်ထွက်ရင် ထီး၊ ဦးထုပ် ဆောင်းပါ။

▫️Suncreen လိမ်းပါ။

▫️ရေများများ သောက်ပါ။

▫️နေပူပြင်းတဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

အခုလောက်ဆိုရင်တော့ အပူလျှပ်ခြင်းအကြောင်းကို ဆောင်ရန်၊ ‌ရှောင်ရန်တွေက အကုန်လုံးသိလောက်ပြီလို့ထင်ပါတယ်ရှင့်။ နွေရာသီက အရင်နှစ်တွေကထက် ပိုပူပြင်းလာပြီမို့ အပူလျှပ်ခြင်းကို သေချာဂရုစိုက်ကြဖို့ 🩺MyanCare❤️ မှ သတိပေးမျှဝေလိုက်ပါတယ်ရှင့်။


#အပူလျှပ်ခြင်း

အလေ့အကျင့်ကောင်းတွေနဲ့အတူ အသည်းကိုစောင့်ရှောက်ပါ 🩺❤️ယနေ့ ဧပြီလ (၁၉) ရက်နေ့ဟာ အသည်းကျန်းမာရေးရဲ့ အရေးပါပုံကို တစ်ကမ္ဘာလုံ...
19/04/2026

အလေ့အကျင့်ကောင်းတွေနဲ့အတူ အသည်းကိုစောင့်ရှောက်ပါ 🩺❤️

ယနေ့ ဧပြီလ (၁၉) ရက်နေ့ဟာ အသည်းကျန်းမာရေးရဲ့ အရေးပါပုံကို တစ်ကမ္ဘာလုံး သတိပြုမိစေဖို့ မီးမောင်းထိုး အသိပညာပေးတဲ့ ကမ္ဘာ့အသည်းနေ့ " World Liver Day " ဖြစ်ပါတယ်။

လူ့ကိုယ်ခန္ဓာဟာ စက်ယန္တရားတစ်ခုလိုလည်ပတ်နေပြီး လိုအပ်တဲ့အပိုင်းအလိုက် အလုပ်တွေလုပ်ကြတဲ့အခါ အသည်းဟာ မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ ကဏ္ဍကို တာဝန်‌ကျေပွန်စွာထမ်းဆောင်ပေးပါတယ်။

အသည်းကောင်းမှသာ အဆိပ်အတောက်ကင်းတဲ့ ကိုယ်ခန္ဓာနဲ့ ကျန်းမာစွာနေထိုင်နိုင်မှာဖြစ်ပါတယ်။

အသည်းကျန်းမာရေးကောင်းမွန်ဖို့ အလေ့အကျင့်ကောင်းတွေက ကူညီပေးနိုင်ပါတယ်။

▪️တစ်နေ့ကို (၄၅) မိနစ်လမ်းလျှောက်ပေးပါ

▪️ယမကာနှင့်မူးယစ်စေတာတွေကို လျှော့သောက်ပါ၊ရှောင်ပါ

▪️အသည်းအတွက်ကောင်းမွန်စေတဲ့ အစားအစာများကိုရွေးချယ်စားသုံးပါ

▪️အဆီအဆိမ့်များတာတွေကိုလျှော့စားပါ

▪️အသည်းရောင်အသားဝါ ( A/B/C) သေချာစစ်ဆေးပါ

အသည်းကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေမွေးမြူထားမှသာ အဆိပ်အတောက်တွေကိုသန်မာစွာ ရှင်းလင်းနိုင်မဲ့ ကျန်းမာတဲ့အသည်းကိုပိုင်ဆိုင်နိုင်မှာမို့ ✨

ဒီနေ့ကစ အလေ့အကျင့်ကောင်းတွေနဲ့အတူ အသည်းကိုစောင့်ရှောက်ပြီး ကျန်းမာစွာနေထိုင်ကြဖို့ 🩺 MyanCare ❤️ မှ အသိပညာပေး တိုက်တွန်းအပ်ပါတယ်ရှင်။



#အသည်းကျန်းမာရေး

ကျန်းမာခြင်းနဲ့ပြည့်စုံသော နှစ်သစ်မင်္ဂလာဖြစ်ပါစေ 🩺✨ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ...
17/04/2026

ကျန်းမာခြင်းနဲ့ပြည့်စုံသော နှစ်သစ်မင်္ဂလာဖြစ်ပါစေ 🩺✨

ယနေ့ကျရောက်သော မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်မှစတင်ကာ လေးစားချစ်ခင်ရသော မိတ်ဆွေများနှင့်တကွ မြန်မာပြည်သူပြည်သားအပေါင်း နှလုံးစိတ်ဝမ်း ရေလိုအေးချမ်း၍ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံကြပါစေကြောင်း ✨ MyanCare ✨မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။


#နှစ်ဆန်းတစ်ရက်နေ့
#နှစ်သစ်ဆုတောင်း

သင်္ကြန်လိုမျိုး ရက်ရှည်ပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စတိုင်ပင်ချင်ရင် ဘယ်မှာတိုင်ပင်ကြမလဲ⁉️ဆေးရုံ၊ ဆေးခန်းအများစု ရက်ရှည်...
13/04/2026

သင်္ကြန်လိုမျိုး ရက်ရှည်ပိတ်ရက်တွေမှာ ကျန်းမာရေးကိစ္စတိုင်ပင်ချင်ရင် ဘယ်မှာတိုင်ပင်ကြမလဲ⁉️

ဆေးရုံ၊ ဆေးခန်းအများစု ရက်ရှည်ပိတ်ကြတဲ့အတွက် ကျန်းမာရေးကိစ္စတိုင်ပင်ဆွေးနွေးဖို့၊ ဆရာဝန်ကြီးတွေနဲ့ ပြသတိုင်ပင်ဖို့ ခက်ခဲနေကြမယ်ဆိုတာ အသေအချာပါပဲ။

MyanCare မှာဆိုရင် အထူးကုဆရာဝန်ကြီးတွေ အကုန်လုံးနီးပါးက Online ပေါ်ကနေ ကျန်းမာရေးကိစ္စတွေကို လွယ်ကူမြန်ဆန်စွာနဲ့ ဆွေးနွေးတိုင်ပင်ပေးနေတာဖြစ်လို့....

✨သင်္ကြန်ကာလအတွင်းမှာ ကိုယ်ပြသချင်တဲ့ ဆရာဝန်ရဲ့အချိန်ဇယားကို ကြိုတင်မေးမြန်းစုံစမ်းပြီး Booking အရင်ဆုံးယူကာ ပြသနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေရှင်။

ဒါကြောင့်မို့ သင်္ကြန်ကာလမှာ ကျန်းမာရေးကိစ္စကြုံလာလို့ ဆေးရုံ၊ ဆေးခန်းနဲ့ပတ်သက်ပြီးအခက်အခဲရှိ‌နေရင် 🩺MyanCare❤️ မှာ ဆေးခန်းပြဖို့ကိုပဲ သတိရလိုက်တော့နော်။

World Health Day(ကမ္ဘာ့ကျန်းမာရေးနေ့)"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားအတိုင်းပဲ လူသားတိုင်းရဲ့ဘဝမှာ ကျန်းမာနေမှသာ...
07/04/2026

World Health Day
(ကမ္ဘာ့ကျန်းမာရေးနေ့)

"ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားအတိုင်းပဲ လူသားတိုင်းရဲ့ဘဝမှာ ကျန်းမာနေမှသာ ဘယ်လိုအခက်အခဲမျိုးကိုမဆို ရင်ဆိုင်ကျော်ဖြတ်နိုင်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

တကယ်တော့ ကျန်းမာရေးဆိုတာ ငွေကြေးနဲ့ ဝယ်ယူလို့မရတဲ့အပြင် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝမှာ ကျန်းမာရေးကို နံပါတ် (၁) အဖြစ် အမြဲဦးစားပေးပြီး ဂရုစိုက်ဖို့တိုက်တွန်းမှာကြားချင်ပါတယ်။

မှန်ကန်တဲ့ စားသောက်နေထိုင်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းကသာ ကျန်းမာပျော်ရွှင်တဲ့ အနာဂတ်အတွက် အခြေခံအကျဆုံးသော လိုအပ်ချက်ပဲ ဖြစ်ပါတယ်။

မည်သည့်ကျန်းမာရေးကိစ္စမျိုးမှာမဆို ကလေး၊ လူငယ်၊ လူကြီးမ‌ရွေး အားကိုးအားထားပြုနိုင်တဲ့ အဖော်မွန်အဖြစ် လက်တွဲကူညီပေးဖို့ 🩺MyanCare❤️ က အထူးကုဆရာဝန်ကြီးတွေနဲ့ အမြဲတမ်းအတူရှိနေမယ်ဆိုတဲ့အကြောင်းလည်း မျှဝေပြောပြပေးလိုက်ပါတယ်ရှင်။

လက်တွေ့ ဆေးကုသမှုနယ်ပယ်က စိတ်ဝင်စားဖွယ်ရာ CME Case တွေကို ဘယ်မှာလေ့လာကြမလဲ⁉️ဆရာဝန်တို့အတွက် လက်တွေ့ဆေးကုမှုနယ်ပယ်က အဖိုး...
06/04/2026

လက်တွေ့ ဆေးကုသမှုနယ်ပယ်က စိတ်ဝင်စားဖွယ်ရာ CME Case တွေကို ဘယ်မှာလေ့လာကြမလဲ⁉️

ဆရာဝန်တို့အတွက် လက်တွေ့ဆေးကုမှုနယ်ပယ်က အဖိုးတန်တဲ့ ဗဟုသုတရစရာ CME Cases တွေကို MyanCare မှာလည်း ဖတ်ရှုလေ့လာလို့ ရနေပါပြီရှင်။

🩺❤️MyanCare Doctor App မှာဆိုရင်

▪️ စိတ်ဝင်စားဖို့ကောင်းတဲ့ Clinical Cases များ

▪️ လက်တွေ့ဆေးကုသမှုနယ်ပယ်က CME Case များ

▪️ မကြာခင်ကာလမှာ ကိုယ့်ထက်အတွေ့အကြုံပိုများတဲ့ Senior Professors တွေ ကိုယ်တိုင်မျှဝေပေးမယ့် အတွေ့အကြုံသစ်များကို

▪️ဖုန်းလေးတစ်လုံးရှိရုံနဲ့ အချိန်မရွေး၊ နေရာမရွေး လေ့လာနိုင်မှာပဲဖြစ်ပါတယ်။

ဆရာဝန်တိုင်းရဲ့ ဆေးကုသမှုပညာရပ်ကို အမြဲမြှင့်တင်မိ‌စေဖို MyanCare ရဲ့ CME Case တွေကို ဝင်ရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်‌နော်။

Address

No-60, G-1, New Parami Road, Mayangone
Yangon
11081

Opening Hours

Monday 08:00 - 00:00
Tuesday 08:00 - 00:00
Wednesday 08:00 - 00:00
Thursday 08:00 - 00:00
Friday 08:00 - 00:00
Saturday 08:00 - 00:00
Sunday 08:00 - 00:00

Telephone

+959774778000

Alerts

Be the first to know and let us send you an email when MyanCare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyanCare:

Share

MyanCare ဆိုသည္မွာ

MyanCare ဆိုတာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး အွန်လိုင်းပေါ်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကျန်းမာရေးဝန်ဆောင်မှု့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပြီး ကျန်းမာရေးနယ်ပယ်မှ ဝါရင့်ဆရာဝန်ကြီးများ၊ ပရော်ဖက်ဆာကြီးများ၊ နည်းပညာရှင်များဖြင့်ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါတယ်။ MyanCare Application ဆိုတာ ဖုန်းတစ်လုံးရှိရုံ နဲ့ မည်သည့် နေရာ (အိမ်မှာပဲဖြစ်စေ၊ နယ်ဒေသများမှဖြစ်စေ) ၊ မည်သည့်အချိန်မဆို ဆေးရုံ၊ဆေးခန်းသွားစရာ မလိုအပ်ပဲ အထူးကုဆရာဝန်တွေ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ကြိုတင်ချိန်းဆိုမှုပြုလုပ်နိုင်ပြီး တိုင်ပင် ဆွေးနွေးလို့ရတဲ့ကျန်းမာရေး ဝန်ဆောင်မှု ပေးနေတဲ့ Application တစ်ခုဖြစ်ပါတယ်။

MyanCare Application ထဲမှာ ဆရာဝန်တွေနဲ့ရက်ချိန်းရယူပြီး Facebook Messenger ထဲမှာလို

• Voice Call (အသံဖြင့်ဖုန်းခေါ်ခြင်း)

• Video Call - (ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်း)