Satkyar Pharmacy

Satkyar Pharmacy စျေးနှုန်း၊ ပစ္စည်း မှန်ကန်ဖို့ တာဝ?

�သင့်မြတ် မှန်ကန် စေတနာထားတာ
စကြာ ဆေးဆိုင်ပါ။
�ကျန်းမာခြင်းသည် အကောင်းဆုံးသော ဘ၀
ပျော်ရွှင်ရေးဖြစ်ပါသည်။
�ချစ်ခင်သူများနှင့်သာ ကျန်းမာ ချမ်းသာစွာဖြင့်
ဘ၀ကို အတူလက်တွဲ ကျော်ဖြတ်ကြပါစို့။ �

လောကမှာ မင်းမှာ အိမ်တွေ၊ ခြံတွေ ဘယ်လောက်ပဲရှိရှိ တကယ်တမ်း မင်း အမြဲတမ်း နေထိုင်ရတာက မင်းရဲ့ "ခန္ဓာကိုယ် (Body)" ထဲမှာပဲက...
24/02/2026

လောကမှာ မင်းမှာ အိမ်တွေ၊ ခြံတွေ ဘယ်လောက်ပဲရှိရှိ တကယ်တမ်း မင်း အမြဲတမ်း နေထိုင်ရတာက မင်းရဲ့ "ခန္ဓာကိုယ် (Body)" ထဲမှာပဲကွ။ အိမ်အပြင်အဆင်ကိုတော့ သိန်းထောင်ချီ အကုန်ခံပြီး မင်းရဲ့ တကယ့် "အိမ်စစ်စစ်" ဖြစ်တဲ့ ခန္ဓာကိုယ်ကိုတော့ အမှိုက်ပုံးလို သဘောထားပြီး ဖြစ်သလို ပစ်ထားမယ်ဆိုရင်တော့ မင်းဟာ "နန်းတော်ထဲက လူမမာ" ပဲ ဖြစ်မှာပေါ့။

"အလုပ်တွေ အရမ်းများလို့ အိပ်ချိန်မရှိဘူး၊ အဆင်ပြေတာပဲ စားရတာပေါ့" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေသလား။ အဲဒါ မင်းက "ရွှေဥအုတဲ့ ငန်း" ကို သတ်နေတာပဲဗျ။ မင်းရဲ့ အောင်မြင်မှုတွေ၊ စည်းစိမ်တွေအားလုံးဟာ မင်းရဲ့ "ကျန်းမာရေး" ပေါ်မှာ တည်ဆောက်ထားတာကွ။ ခန္ဓာကိုယ်က "တောင်းဆို" လာတဲ့နေ့ကျရင် မင်းရှာထားတဲ့ ပိုက်ဆံတွေအားလုံးဟာ ဆေးရုံက "ခုတင်ဖိုး" ပဲ ဖြစ်သွားလိမ့်မယ်။

ခန္ဓာကိုယ်ဆိုတာ 'ငှား' လို့မရတဲ့ တစ်ခုတည်းသော 'အိမ်' ဗျ။ မင်းရဲ့ ကားကို ဆီအကောင်းစားထည့်သလို မင်းရဲ့ ခန္ဓာကိုယ်ထဲကိုလည်း 'အဆိပ်' တွေ (အရက်၊ ဆေးလိပ်၊ အစားအသောက်ဆိုးတွေ) အတင်းမသွတ်သွင်းနဲ့ဦးဗျာ။ အလုပ်လုပ်တာ ကောင်းပါတယ်... ဒါပေမဲ့ အဲဒီအလုပ်ကို လုပ်နိုင်ဖို့ မင်းရဲ့ 'နှလုံးသား'၊ 'အဆုတ်' နဲ့ 'ဦးနှောက်' က အသက်ရှူနေဖို့ လိုတယ်လေ။ မင်းကို မင်း တန်ဖိုးထားတယ်ဆိုရင် ပထမဆုံးအနေနဲ့ မင်းရဲ့ 'ခန္ဓာကိုယ်' ကို ဂရုစိုက်စမ်းပါ။ အဲဒါမှ မင်းဖြစ်ချင်တဲ့ 'ဘဝ' ကို ကြာကြာ ခံစားနိုင်မှာပေါ့ သူငယ်ချင်း။"

မင်းရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဒီခန္ဓာကိုယ်ကပဲ သယ်ဆောင်သွားရတာဗျ။ (ယာဉ်ပျက်ရင် ခရီးဆုံးမှာ မဟုတ်ဘူး)။ ခန္ဓာကိုယ် ညောင်းညာနေရင်၊ ဖျားနာနေရင် မင်းရဲ့ "စိတ်" ကလည်း ကြည်လင်မှာ မဟုတ်ဘူး။ (စိတ်ဓာတ် မြှင့်တင်ဖို့ဆိုတာ ကျန်းမာမှ ဖြစ်တာဗျ)။ ကျန်းမာတဲ့သူမှာ "ဆန္ဒ" ပေါင်း တစ်ထောင်ရှိပေမဲ့ မကျန်းမာတဲ့သူမှာတော့ "ကျန်းမာချင်တဲ့ ဆန္ဒ" "တစ်ခုတည်း" ပဲ ရှိတော့တာဗျ။

မင်းရဲ့ ခန္ဓာကိုယ်ကို "အားသွင်း" ဖို့ အချိန်ပေးပါ။ အိပ်ရေးပျက်တာဟာ မင်းရဲ့ "သက်တမ်း" ကို အတိုးနဲ့ ချေးယူနေတာပဲဗျ။ မင်းစားတဲ့ အစားအသောက်က မင်းရဲ့ "ဆေး" ဖြစ်ပါစေ။ (ဆေးကို အစားအစာလို ပြန်စားနေရတဲ့ ဘဝမျိုး မရောက်ပါစေနဲ့)။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကို နှိပ်စက်တာမဟုတ်ဘူး"ချောဆီ" လောင်းပေးတာဗျ။ တစ်နေ့ (၁၅) မိနစ်လောက်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးစမ်းပါ။

မင်းရဲ့ "ခန္ဓာကိုယ်" ကို "နတ်နန်း" တစ်ခုလို တန်ဖိုးထားလိုက်စမ်းပါ။ "မင်းမှာ နေစရာ ဒီတစ်နေရာပဲ ရှိတာဆိုတဲ့ အသိနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုတစိုက် ထိန်းသိမ်းနိုင်သူကမှ ဘဝရဲ့ အောင်မြင်မှုတွေကို အဓိပ္ပာယ်အရှိဆုံး ခံစားနိုင်မှာပါ" သူငယ်ချင်း...

Regard to original uploader

pharmacy

🙏🙏🙏🌿  pharmacy
23/02/2026

🙏🙏🙏🌿

pharmacy

ဓာတုဆေးကြွင်းတွေကိုမိမိကိုယ်ခန္ဓာထဲကဖယ်ထုတ်ပါ♦️💢♦️💢♦️💢♦️💢♦️💢♦️💢♦️အရင်အပတ်တွေတုန်းက ထမင်းထဲမှာပါတဲ့ဂလူတင်တွေ,အာဆင်းနစ်တွေ...
19/02/2026

ဓာတုဆေးကြွင်းတွေကိုမိမိကိုယ်ခန္ဓာထဲကဖယ်ထုတ်ပါ
♦️💢♦️💢♦️💢♦️💢♦️💢♦️💢♦️

အရင်အပတ်တွေတုန်းက ထမင်းထဲမှာပါတဲ့
ဂလူတင်တွေ,အာဆင်းနစ်တွေကိုဖယ်ရှားတဲ့နည်းလမ်းတွေကို ပေးခဲ့ပြီးဖြစ်ပါတယ်။အခုအပတ်မှာတော့ ထမင်းထဲမှာပါနေတဲ့ဓ ာတုဆေးကြွင်းတွေကိုBODYထဲကနေ ဘယ်လို ထုတ်ဖယ်ပစ်ရမလဲ
ဆိုတာကို ဆက်ပြီးပြောပြသွားပါမယ်။👇

ကျနော်တို့မြန်မာတွေက ဆန်ကိုအဓိကစားတဲ့လူမျိုးဖြစ်တယ်။နေ့တိုင်း ထမင်းတွေအများကြီး စားကြတယ်။တစ်ချို့မြန်မာတွေဆိုရင် တစ်နေ့ကိုဆန်နို့ဆီဘူး၃လုံးချက်လောက်ကုန်တဲ့အထိစားကြပါတယ်။ကျနော်တို့တအားစားနေကြတဲ့ထမင်းထဲမှာဘာတွေပါနေလဲဆိုတာ မသိကြတော့လည်းစားကြတာပေါ့လေ။🌾🌾🌾

စပါးအထွက်တိုးအောင် ဘာလုပ်ကြသလဲဆိုရင်
ဓာတုပေါင်းသတ်ဆေး၊ပိုးသတ်ဆေး၊ဓာတ်မြေသြဇာတွေကိုအလွန်အကျွံထည့့်သုံးကြတယ်။

ဒါကြောင့်ထွက်လာတဲ့စပါးထဲမှာ အဲဒီဓာတ်ဆေးကြွင်းတွေပါနေတယ်။ဓာတ်ဆေးကြွင်းတွေထဲမှာပေါင်းသတ်ဆေးက အဆိုးဆုံးပဲလို့ပညာရှင်တွေထုတ်ပြန်ကြပါတယ်။ဒီဓာတ်ဆေးကြွင်းတွေကြောင့်ကျောက်ကပ်ပျက်စီးခြင်း၊အသည်းပျက်စီးခြင်း၊ဦးနှောက်နဲ့အာရုံကြောများထိခိုက်ပျက်စီးခြင်း၊ကင်ဆာရောဂါအမျိုးမျိုးဖြစ်ခြင်းတွေတဖြည်းဖြည်းဖြစ်လာလေ့ရှိပါတယ်။🍾🍾🍾

ယနေ့ခေတ်မှာ ကျောက်ကပ်ပျက်စီးသူတွေအသည်းရောဂါတွေ၊ကင်ဆာရောဂါတွေအများကြီးဖြစ်နေကြတာလက်တွေ့ပါပဲ။ဘာကြောင့်လဲဆိုရင်ကျနော်တို့နေ့စဉ်စားနေတဲ့ ထမင်းထဲမှာသာမကဟင်းသီးဟင်းရွက်တွေထဲမှာလည်းစိုက်ပျိုးရေးသုံးဓာတုဆေးကြွင်းတွေ၊အသားငါးတွေထဲမှာလည်းမွေးမြူ ရေးသုံးဓာတုဆေးကြွင်းတွေ အများကြီးပါဝင်နေလို့ပါပဲ။အဲဒီဆေးကြွင်းတွေကနေ့စဉ်အစာစားတိုင်းကိုယ်တွင်းကိုဝင်ရောက်နေကြပါတယ်။🐯🐯🐯

ကိုယ်တွင်းကို နေ့စဉ်ဝင်ရောက်နေကြတဲ့ဓာတ်ကြွင်းအဆိပ်တွေကိုပြန်မထုတ်နိုင်ဘူးဆိုရင်ကိုယ်တွင်းမှာရောဂါတွေဖြစ်လာပြီးအနှေးနဲ့အမြန်လုံးပါးပါးကြရလိမ့်မယ်။ဒါကြောင့် တစ်ပတ်တစ်ခါဖြစ်ဖြစ်၊ဆယ်ရက်တစ်ခါဖြစ်ဖြစ်ပြန်ထုတ်သွားဖို့နည်းလမ်းကိုပေးအပ်သွားပါမယ်။စနေဖြစ်ဖြစ်တနင်္ဂနွေဖြစ်ဖြစ်ရက်တစ်ရက်သတ်မှတ်ပြီးနေ့လယ်၁၂နာရီနောက်ပိုင်းဘာမှမစားပါနဲ့။

ဗိုက်ဆာရင်ထန်းလျက်နဲ့ဖျော်ထားတဲ့မန်ကျည်းဖျော်ရည်စိတ်ကြိုက်သောက်လို့ရတယ်၊အစိမ်းရောင်အရွက်ကြိတ်ရည်-ဥပမာ
မြင်းခွါ၊ဒန့်သလွန်၊ပဲညွန့်၊ကိုက်လံ၊ရဲယိုစသည်ဖြင့်ကြိုက်တာကြိတ်သောက်လို့ရပါတယ်။

ညမအိပ်မီ ၁နာရီအလိုမှာတော့ သံလွင်ဆီပေါင်းစပ်ရည်ကိုသောက်ရမယ်။သံလွင်ဆီပေါင်းစပ်ရည်အချိုးအစားကတော့-

သံလွင်ဆီစစ်စစ် - 150 cc🍾🍾🍾
အသီးကြိတ်ရည် - 150 cc (နာနတ်၊ဂရိတ်ဖရု၊လိမ္မော်၊ကဗ္ဗလာ၊
လီမွန်၊ပင်မှည့် အဆင်ပြေရာအရည်ရွှမ်း
သီးတစ်ခုခု)🍈🍊🍑🍍
သံပရာသီးညှစ်ရည်- 50cc🍋
ပန်းရောင်ကျောက်ဆား- ဇွန်းသေးတစ်ဝက်🌫
နနွင်းဝါစစ်စစ် - ဇွန်းသေးတစ်ဝက်🍯

အဲဒီသံလွင်ဆီပေါင်းစပ်ရည်ကိုသေချာshakeလုပ်ပြီးတစ်ထိုင်တည်းသောက်ချပြီးအိပ်လိုက်ပါ။မနက်မိုးလင်းတာနဲ့ကိုယ်တွင်းက အဆိပ်ဓာတ်ကြွင်းတွေအားလုံးမစင်ပေါက်ကနေထွက်သွားပါလိမ့်မယ်။

အခြားသောရောဂါတွေလည်း လိုက်ပြီးထွက်သွားမှာဖြစ်ပါတယ်။သံလွင်ဆီဟာ တစ်ကိုယ်လုံးကအဆိပ်တွေထုတ်ပေးနိုင်လို့သူ့ကို ရွှေရည်လို့တောင်တင်စားကြပြီး သုံးစွဲသူတွေလည်း အလွန်ကိုကျန်းမာကြပါတယ်။ဒီနည်းကိုမှန်မှန်လုပ်သွားရင်ရောဂါကင်းပြီး ဘဝအရည်အသွေးမြင့့်မြင့်နဲ့ကျန်းမာစွာ အသက်ရှည်ပါလိမ့်မယ်။🍯🍯🍯

ချစ်ခင်လေးစားလျှက်........⛳️

စာအုပ် - ပထမတန်းစား ကျန်းမာရေး
ရေးသူ - မင်းကျော်ဝင်း

pharmacy

  pharmacy
19/02/2026

pharmacy

 # satkyar pharmacy
11/02/2026

# satkyar pharmacy

Creatinine ဆိုတာ ဘာလဲ။ ကျောက်ကပ်ပျက်စီးရင် Creaetinine ဘာလို့တက်လဲ။Creatinine က ကျောက်ကပ်ပျက်စီးရင်တက်တယ်။ ပြန်ရောကျနိုင...
11/02/2026

Creatinine ဆိုတာ ဘာလဲ။
ကျောက်ကပ်ပျက်စီးရင် Creaetinine ဘာလို့တက်လဲ။

Creatinine က ကျောက်ကပ်ပျက်စီးရင်တက်တယ်။ ပြန်ရောကျနိုင်လား။

Creatinine ဆိုတာဘာလဲ။

Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကို တိုင်းတာ ရာမှာ အလွန်အရေးပါ သော အရာဖြစ်ပါတယ်။။ ဘာလို့လဲ ဆိုတော့ Creatinine က ကျောက်ကပ်က မစွန့်ရင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဓာတ်ဖြိုခွဲ၍ မရသလို စွန့်ထုတ်လို့ လည်း မရနိုင်လို့ပါ။ ဒါကြောင့် သွေးအတွင်း Creatinine ဓာတ် များလာပြီ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကျောက်ကပ် မကောင်းလို့ သွေးထဲ မှ Creatinine ဓာတ်ကို မစွန့်ထုတ်နိုင်လို့ ယူဆလို့ ရပါတယ်။

Creatinine ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

Creatinine ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြွက်သားများမှ တစ်ဆင့် Energy ထုတ်သုံးသော အခါတွင် ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းအဖြစ် Creatinine ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို Creatinine သည် ခန္ဓာကိုယ် အတွက် အစိတ် အတောက်ဖြစ်ပါတယ်။ ထို အဆိပ် အတောက်များကို သွေးမှ တစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိသွားပြီး ကျောက်ကပ်မှ ပြန်လည် စွန့်ထုတ်ရပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှ သာ Creatinine ကို ဖျက်စီး စွန့်ထုတ်၍ မရသော ကြောင့် ကျောက်ကပ်မကောင်းလျှင် သွေးအတွင်း Creatinine များနေမည်ဖြစ်ပါတယ်။

Creatinine သည် ကြွက်သားများမှ Energy သုံးလျှင် စွန့်ထုတ်သော ဘေးထွက် ပစ္စည်းဖြစ်သောကြောင့် ယောကျာ်းများတွင် မိန်းမထက်စာလျှင် သွေးအတွင်း Creatinine ပိုများပါသည်။ ကျန်းမာသန်စွင်းသော ကြွက်သားတောင့်တင်းသော အားကစားသမားများတွင် Creatinine သာမန်ထက် ပိုများတတ်ပါတယ်။ သို့သော်လည်း ပုံမှန်ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းသော သူများအနေဖြင့် သာ Creatinine များနေတတ်ပါတယ်။

Creatinine များနေရင် ပြန်ကျတတ်သလား။ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လား။

ပြန်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကျောက်ကပ် ပျက်စီးခြင်း အပေါ်မူတည်ပါတယ်။ ကျောက်ကပ်က ဘာကြောင့်ပျက်စီးတာလဲ။ ရုတ်တရက် အကြောင်းအရင်းးတစ်ခုခု ကြောင့် ကျောက်ကပ်ပျက်စီးတာလား။ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာလား။

ရုတ်တရက် အကြောင်းအရင်း တစ်ခုခုကြောင့် ကျောက်ကပ်ပျက်စီး တာဆိုရင်တော့ ထိုအကြောင်းအရင်းကို ကုသလိုက်ရင်တော့ ကျောက်ကပ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး Creatinine က ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြွေကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်ရောင်ရောဂါ အချို့တို့တွင် ကျောက်ကပ်အား ပြန်လည် ကောင်းမွန်အောင် ကုသလျှင် ဖြည်းဖြည်းချင်း ကျောက်ကပ်သည် ပြန်လည် ကောင်းမွန်သွားတတ်ပါတယ်။

နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကြောင့် တက်လာတဲ့ Creatinine ဆိုရင်တော့ ပုံမှန် Level အတွင်း ပြန်ရောက်ဖို့ တော့ ခက်ပါတယ်။ ထပ်ပြီး တော့ ကျောက်ကပ်မပျက်စီးအောင် ထိန်းသိမ်းရင်း Creatinine Level ထပ်ပြီး တက်မလာအောင် ထိန်းသိမ်းပြီး ကုသရတာမျိုး ပါ။ နောက်ဆုံး ကျောက်ကပ်လုံးဝပျက်စီး သွားရင်တော့ ကျောက်ကပ် အစားထိုး ကုသရတာမျိုးရှိပါတယ်။ အစားထိုးမကုသနိုင်ရင်တော့ ကျောက်ကပ်ဆေးပြီး ခန္ဓာကိုယ် ထဲ မှ အဆိပ်အတောက်တွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းက ပိုပြီး အန္တရာယ်များပြီး ကုသရလည်းခက်ပါတယ်။ သို့သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဆိုသည့် အတိုင်း ဖြည်းဖြည်းချင်းပျက်စီးတာပါ။ နှစ်နှင့် ကြာအောင် အချိန်ယူပြီး ပျက်စီးတာပါ။ ချက်ချင်းပျက်စီးတာ မဟုတ်တဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ မကာကွယ်လို့ ဂရုမစိုက်လို့သာ အခုလို ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အခြေအနေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေမျိုးဖြစ်သွားတာပါ။

ဒါကြောင့် ဘယ်လို နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်တတ်လဲ။ ဘယ်လို သတိပြုရမလဲ။ ဘယ်လို ကာကွယ် ပြုမူနေထိုင်ရမလဲ ဆိုတာ အသေးစိတ် ဆက်လက်ဖတ်ရှု လိုက်ရအောင်။

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှ

၁။ ဆီးချိုရောဂါ

၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း အသေးစိတ်အား အောက်ဖော်ပြပါ Link အား နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။

၃။ အသက်အရွယ်ကြီးခြင်း

အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။

၄။ ကျောက်ကပ်ရောင်ရောဂါများ

ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။

၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း

ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။

၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း

ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရှုံး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။

၇။ မကြာခဏ ဆီးလမ်းကြောင်းပိုး၀င်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုး၀င်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုး၀င်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါ၀င်သနည်း။

၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း
Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။

၂။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါ၀င်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါ၀င်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါ၀င်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဥာဏ်ရယူသင့်ပါသည်။

၃။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။

Family Doctor

pharmacy

"နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။စိတ်ခံစားချက်က ဈေးကြီးတယ် ။ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ...
09/02/2026

"နှလုံးသားက သိပ်တန်ဖိုးရှိတယ် ။
အလှဆုံးအရာတွေပဲ ထည့်ထားရမယ် ။

စိတ်ခံစားချက်က ဈေးကြီးတယ် ။
ကိုယ့်ကို ပျော်ရွှင်စေတဲ့ လူနဲ့ပဲ ထိတွေ့ဆက်ဆံရမယ်

နိုင်းနိုင်းစနေ

pharmacy

စောင်းလျားသီးက နှလုံးရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ပေးတယ်။=====================================စောင်းလျားသီးမှာ ကယ်လိုရီ ပါဝ...
04/02/2026

စောင်းလျားသီးက နှလုံးရောဂါ ဖြစ်ပွားမှုမှ
ကာကွယ်ပေးတယ်။
=====================================

စောင်းလျားသီးမှာ ကယ်လိုရီ ပါဝင်မှုနည်းပြီး ဗီတာမင် အေ၊ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တွေ များစွာပါဝင်ပါတယ်။

ပိုလီဖီနောနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်ပြီး နှလုံးနဲ့ သွေးကြောတွေ ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်ပါတယ်။စောင်းလျားသီးရဲ့ အရသာက
ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားပါတယ်။

အခွံနွှာစရာ မလိုဘဲ လှီးစားပါက ကြယ်ပုံသဏ္ဌာန် လေးတွေ ရှိပါတယ်။ စောင်းလျားသီး တစ်လုံးကနေ ၂၈ ကယ်လိုရီ၊ ဗီတာမင်အေ ၅၆ အိုင်ယူ၊ အမျှင်ဓာတ် ၂ ဒသမ ၅ ဂရမ်၊ ပိုတက်စီယမ် ၁၂၁ မီလီဂရမ်ကို ရရှိနိုင်ပါတယ်။

လမ်းပြကြယ်

pharmacy

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိ...
28/01/2026

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ ဝမ်းတွင်းကလီစာများ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

သွေးကျဲစေသော သဘာဝနည်းလမ်းများ
========================

အဲဒီသွေးခဲခြင်းမဖြစ်အောင်နည်းလမ်းရှာကြဖို့လိုပါတယ်။

သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေသောက်ကြရတယ်။ ဒါကြောင့် သွေးကျဲဆေးဈေးတွေမိုးပေါ် ရောက်သွားတယ်။ လူအများမေးကြတာက သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်လို့မရဘူးလားတဲ့။

ရပါတယ်။သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်တဲ့
နည်းကို အခုပြောပြပါမယ်။

၁။ သွေးကျဲဆေးလိုပဲ သဘာဝမှာ သွေးကျဲအောင် လုပ်
ပေးနိုင် တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဓါတုသွေးကျဲဆေးထက် အများကြီးပိုကောင်းပါတယ်။

ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးသင့်တယ်။

၂။ သဘာဝမှာ သွေးမခဲအောင်လုပ်ပေးနိုင်တာရှိပါသေးတယ်။ အဲဒါကတော့ နနွင်း ဖြစ်ပါတယ်။ နနွင်းက ဆီနဲ့ဖျော်သောက် မှ အူတွေကနေ စုပ်ယူနိုင်တာဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်သင့် တယ်။

၃။ နောက်တစ်ခုကတော့ သံလွင်ဆီဖြစ်တယ်။ ဆံချည်မျှင်သွေးကြောလေးတွေ အတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။

နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့ပါ။

၄။ သွေးပျစ်ရတာက ရေသောက်နည်းလို့။ ရေများများသောက်မှ သွေးက ကျဲလာမှာဖြစ်တယ်။ဘဒါကြောင့် တစ်နေ့ကို ရေ ၄ လီတာလောက် သောက်ရမယ်။ ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပဲ။

၅။ သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။ အချဉ်ဓါတ်စားပေးရင် သွေးကျဲတယ်။ ဒါကြောင့်သံပရာရည် ချဉ်ချဉ်လေးသောက်ပေးဖို့ကောင်းတယ်။

၆။ အနောက်နိုင်ငံကတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ အခု မြန်မာပြည်မှာတော့ ကင်ပွန်းချဉ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။

၇။ သွေးထဲမှာရောနေတဲ့ အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကို သွေးသည်းခြေလို့ ခေါ်ပါတယ်။ သွေးသည်းခြေ နည်းနေရင် လည်းသွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ် အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်ပတ်မှု မှန်မှာဖြစ်တယ်။

၈။ အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်
တယ်။ ဒါကြောင့်လမ်းလျှောက်ပေးရမယ်။
လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေညှစ်တော့မှ‌ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။‌ ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေ ဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။ သွေးခဲတာခြေထောက် ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြော ထဲမှာ ပါလာပြီး နှလုံး၊ ဦးနှောက်တွေမှာ သွားပိတ်တာ များပါတယ်။

Regard to original uploader

pharmacy

ညပိုင်း ရေသောက်ခြင်းဆိုးကျိုးအရင်ပြောရင်ညအိပ်ကထပြီး ဆီးသွားရမယ်အိပ်ရေးပျက်မယ်ဒါကို မလိုခြင်ကြဘူးအဲဒီအတွက်နဲ့ကြောင့်အများ...
23/01/2026

ညပိုင်း ရေသောက်ခြင်း

ဆိုးကျိုးအရင်ပြောရင်

ညအိပ်ကထပြီး ဆီးသွားရမယ်
အိပ်ရေးပျက်မယ်
ဒါကို မလိုခြင်ကြဘူး

အဲဒီအတွက်နဲ့ကြောင့်
အများစုက အိပ်ယာဝင်ခါနီးရင်ကို

ရေကို မသောက်ကြတော့ပါဘူး

ညပိုင်း ရေသောက်ခြင်းရဲ့‌ေကာင်းကျိုးကို
ကြည့်ရအောင်

သူ့ရဲ့ဆန့်ကြင်ဘက်ကို
ဆိုးကျိုးလို့ သတ်မှတ်လိုက်ပါ

ညအိပ်ချိန် အတိုင်းအတာကို
ကြာချိန်နဲ့တွက်ရင်

ရေမသောက်တာက ၈ နာရီနဲ့အထက်ရှိပါမယ်

ရေသောက်မယ်

အိပ်ယာမဝင်ခင် ရေသောက်ခဲ့ရင်

သွေးကျဲနေတဲ့အတွက် အိပ်စက်နေချိန်
ခန္ဓာကိုယ် အလုပ်လုပ်ပုံ အလွန်ကောင်းပါတယ်

ည ၁၂ နာရီဝန်းကျင်မှာ ဆီးသွားဘို့ နိုးပါမယ်

ဆီးသွားပြီး ရေအနည်းငယ်ထပ်သောက်ပါ
နောက်တခါ
၃ နာရီဝန်းကျင်မှာ ထပ်နိုးပါမယ်

ဆီးသွားပြီး ရေထပ်သောက်ပါ

ဒါပြီးရင်

နံနက်အစောနိုးပါမယ်

သိသာတာက

အိပ်ယာနိုးချိန် ခေါင်းကိုက်တာမျိုး မဖြစ်ပါဘူး

အိပ်ယာနိုးတာနဲ့ လူက လန်းဆမ်းနေပါမယ်

နံနက်အစော ဆီးအရောင် ကြည်နေပါမယ်

လည်ချောင်းချောက် ချောင်းချိုးတာမျိုးမဖြစ်ပါဘူး

အသားအရေ ပိုစိုပြေပါတယ်

ဝမ်းချုပ်တာမျိုး မဖြစ်တော့ပါဘူး

နှစ်ရေးနိုးသော်လဲ

ရေသောက်ထားတဲ့အတွက်
သွေးမပြစ်တဲ့အတွက်
သွေးလယ်ပတ်မှု့ကောင်းတဲ့အတွက်

ခေါင်းချတာနဲ့ ချက်ခြင်း ပြန်အိပ်ပျော်ပါတယ်
အိပ်ပျော်လွယ်တယ်လို့ ဆိုရပါမယ်

ညပိုင်းရေမသောက်သူတွေမှာ
အိပ်မပျော်တဲ့ ရောဂါ ဖိစီးခံရပါတယ်

အတော်ဆိုးတဲ့ရောဂါပါ
ဆေးမရှိပါဘူး

လူဟာ ယူပြစ်သလို ကျသွားတတ်တာပါ

အိပ်ဆေးကူရင်တော့
နောက်ဆက်တွဲပြသနာပေါင်းစုံ ကပ်လာပါပြီ

တနေ့တာအတွက် ရေ ၃ လီတာ သောက်သင့်ရာမှာ
ညပိုင်းအတွက် လီတာဝက် အနဲဆုံး
သောက်နိင်အောင်ကြိုးစားပါ

ဆီးချို သွေးတိုး နှလုံး အားလုံးရဲ့
တရားခံက သွေးပြစ်ခြငိးပါ

အသက်ရှည် အနာမဲ့ ကျန်းမာသူတွေကို
မေးမြန်းထားရာမှာ

တူတာ ၃ ခုတွေ့ရတယ်

နံနက်အစော ‌
ရေနွေးကြမ်း‌တအိုးသောက်ပါ

တပတ် ၃ ခါ ဒိန်ချဉ်စားပါ

တပတ်တခါ အရိုးပြပ်ရေ သောက်ပါ
(ဆိတ်ဆွတ်ပြုပ်)

သောက်ရေကို
မြေအိုးနဲ့ထည့်သောက်ပါ
No
ပလပ်စတစ်အသုံးများလို့
လူ့ခန္ဓာကိုယ်ထဲမှာ
ပလပ်စတစ်အမှုန့်လေးတွေ စုနေပြီးလို့
ဆိုပါတယ်

မကောင်းတဲ့လက်ခနာပေါ့

ယခုမှ ညပိုင်း ရေစသောက်မဲ့သူအတွက်ကတော့
ကျင့်သားရသည်အထိတော့
အချိန်ပေးရပါမယ်

မခက်ခဲပါဘူး
ငယ်စဉ်ဘဝက ပျော်စရာကိုတွေးရင်းနဲ့ဆို
ချက်ခြင်းအိပ်ပျော်လွယ်ပါတယ်

ကျန်းမာခြင်းသည်လာဒ်တစ်ပါး

Regard to original uploader

pharmacy

- အခု ထိုင်နေတာ ဘယ်နှစ်နာရီ ရှိပြီလဲ? သင့်ထိုင်ခုံက သင့်ကျန်းမာရေးကို တိတ်တဆိတ် ဒုက္ခပေးနိုင်ပါတယ်! 🪑⚠️မင်္ဂလာပါခင်ဗျာ ဒ...
20/01/2026

- အခု ထိုင်နေတာ ဘယ်နှစ်နာရီ ရှိပြီလဲ?

သင့်ထိုင်ခုံက သင့်ကျန်းမာရေးကို တိတ်တဆိတ်
ဒုက္ခပေးနိုင်ပါတယ်! 🪑⚠️

မင်္ဂလာပါခင်ဗျာ ဒေါက်တာရဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အလုပ်လုပ်နေရင်း ဒါမှမဟုတ် ဖုန်းကြည့်နေရင်းနဲ့
နာရီပေါင်းများစွာ ထိုင်နေမိတတ်ကြပါတယ်။

"အလုပ်လုပ်နေတာပဲ ဘာဖြစ်မှာလဲ" လို့ တွေးနိုင်ပေမယ့်
ဆေးပညာလောကမှာတော့ "Sitting is the new smoking"
(အထိုင်များတာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်)
လို့တောင် တင်စားလာကြပါပြီ။

ဘာကြောင့် အထိုင်များတာက ကြောက်စရာကောင်းတာလဲ?

🔴 ၁။ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်စေတယ်
အချိန်အကြာကြီး ထိုင်နေတဲ့အခါ ခန္ဓာကိုယ်ထဲက
အဆီလောင်ကျွမ်းနှုန်းက သိသိသာသာ ကျဆင်းသွားပါတယ်။
ဒါကြောင့် သွေးထဲမှာ အဆီတွေ စုလာပြီး သွေးတိုးတာ၊
နှလုံးသွေးကြောပိတ်တာတွေ ဖြစ်လာဖို့ လမ်းစခင်းပေးသလို
ဖြစ်နေတတ်ပါတယ်။

🔴 ၂။ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာတယ်
ကျွန်တော်တို့ ထိုင်နေတဲ့အခါ ခန္ဓာကိုယ်က
အင်ဆူလင် (Insulin) ဟော်မုန်းကို တုံ့ပြန်မှု
နှေးကွေးသွားပါတယ်။ ဒါက သွေးတွင်း
သကြားဓာတ်ကို တက်စေပြီး ဆီးချိုရောဂါ
ဖြစ်ဖို့ အခွင့်အလမ်း ပိုများစေပါတယ်။

🔴 ၃။ ခန္ဓာကိုယ် ပုံပျက်ခြင်းနဲ့ နာကျင်ကိုက်ခဲခြင်း
ရုံးဝန်ထမ်းတွေမှာ အဖြစ်များတဲ့ ဇက်ကြောတက်တာ၊
ခါးနာတာ၊ ပခုံးနာတာတွေက ထိုင်တဲ့ပုံစံ မမှန်တာကြောင့်တင်
မဟုတ်ဘဲ အကြာကြီး မလှုပ်မယှက် ထိုင်နေလို့ ကျောရိုးနဲ့
ကြွက်သားတွေအပေါ် ဝန်ပိနေလို့ပဲ ဖြစ်ပါတယ်။

🔴 ၄။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည် ကျဆင်းလာတယ်
ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အကြာကြီး ထိုင်နေရင်
ဦးနှောက်ဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု
နည်းသွားပါတယ်။ ဒါကြောင့် အလုပ်လုပ်ရင်းနဲ့
ငိုက်မြည်းတာ၊ စိတ်မကြည်တာ၊ အာရုံမစိုက်နိုင်တာတွေ
ဖြစ်လာတာပါ။

✅ ဒေါက်တာရဲရဲ့ လက်တွေ့ကျတဲ့ အကြံပြုချက် (၃) ခု

၁။ "၂၀ မိနစ် စည်းမျဉ်း" ကို သုံးပါ: နာရီဝက် (သို့)
မိနစ် ၂၀ တိုင်းမှာ အနည်းဆုံး ၂ မိနစ်လောက် မတ်တပ်ရပ်ပြီး
လမ်းလျှောက်ပါ (သို့) ခြေလက်ဆန့်ပါ။

၂။ ရေများများသောက်ပါ: ရေများများသောက်တဲ့အခါ
ဆီးခဏခဏ သွားချင်လာပါလိမ့်မယ်။ ဒါက သင့်ကို
မတ်တပ်ရပ်ပြီး လမ်းလျှောက်ဖို့ အလိုလို တိုက်တွန်းပေးပါလိမ့်မယ်။

၃။ မတ်တပ်ရပ်ပြီး အလုပ်လုပ်ပါ: အခုနောက်ပိုင်း ခေတ်စားလာတဲ့
Standing Desk တွေ သုံးကြည့်ပါ (သို့) ဖုန်းပြောတဲ့အခါ
မတ်တပ်ရပ်ပြီး ပြောပေးပါ။

ကျန်းမာရေးဆိုတာ ငွေနဲ့ ဝယ်လို့မရပေမယ့်
"အလေ့အကျင့်" လေးတွေနဲ့တော့ တည်ဆောက်လို့
ရပါတယ်ခင်ဗျာ။

အခု ဒီပို့စ်ကို ဖတ်နေရင်း ထိုင်နေတာ ကြာနေပြီဆိုရင်
အခုချက်ချင်းပဲ "ထပြီး လမ်းလျှောက်လိုက်ကြရအောင်" လို့
တိုက်တွန်းချင်ပါတယ်။

ကိုယ့်ရဲ့ အလုပ်ဖော် သူငယ်ချင်းတွေထဲမှာ တစ်နေကုန်
ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူတွေရှိရင် သူတို့ကိုပါ သိအောင်i
ဒီပို့စ်လေးကို Mention ခေါ်ပြီး Share ပေးလိုက်ပါဦးနော်။

အားလုံးပဲ ကျန်းမာကြပါစေခင်ဗျာ
ဒေါက်တာရဲ




pharmacy

Address

Yangon

Telephone

+959792773716

Website

Alerts

Be the first to know and let us send you an email when Satkyar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram