Glow Studio - Aesthetics & Skincare Lounge

Glow Studio - Aesthetics & Skincare Lounge Iɴᴠᴇsᴛ ɪɴ ʏᴏᴜ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..

☔Glow Studio Monsoon Promotion ☔🌧️ဇူလိုင်မိုးဖွဲလေးတွေနဲ့အတူ Glow Skin လေးတွေပိုင်ဆိုင်ကြရအောင် Monsoon Sale လေးလာပါပြီရ...
01/07/2025

☔Glow Studio Monsoon Promotion ☔
🌧️ဇူလိုင်မိုးဖွဲလေးတွေနဲ့အတူ Glow Skin လေးတွေပိုင်ဆိုင်ကြရအောင် Monsoon Sale လေးလာပါပြီရှင့်🤗
💁‍♀️💁‍♂️ချစ်ရတဲ့ customer လေးတို့ရဲ့ အသားအရေအလိုက်လိုအပ်ချက်လေးတွေပိုပြီးဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်းTreatment အသစ်လေးတွေ၊ ဆေးအသစ်လေးတွေကို ထပ်တိုးထည့်ထားပေးပါတယ်ရှင်💝
📣Promotion ကာလလေးကတော့
🗓️ 31.8.2025 🗓️ထိချထားပေးမှာပါရှင့်
🕗Promotion လေးအမှီ Treatments လေးတွေယူဖို့ အချိန်ကုန်စောင့်ဆိုင်းရခြင်းမှ ကင်းဝေးအောင်၊ Appointment လေးမရဘူး မရှိရအောင် တစ်ရက်ကြိုတင်ပြီး Bookingလေးတွေတင်ပေးဖို့လည်း အနူးအညွတ် မေတ္တာရပ်ခံပါတယ်ရှင့်🙏🥰
✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨
.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇(A)၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27(A), Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

+ pink peel laser &Laser

✨✨𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿: 𝗥𝗲𝗰𝗲𝗻𝘁 𝗧𝗿𝗲𝗻𝗱 𝗶𝗻 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲✨✨အခုနောက်ပိုင်း Korea Actress တွေကြည့်လိုက်ရင် ပြင်ထားမှန်း...
03/06/2025

✨✨𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿: 𝗥𝗲𝗰𝗲𝗻𝘁 𝗧𝗿𝗲𝗻𝗱 𝗶𝗻 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲✨✨

အခုနောက်ပိုင်း Korea Actress တွေကြည့်လိုက်ရင် ပြင်ထားမှန်းမသိသာအောင် Natural ဆန်တဲ့ အလှတရားမျိုးတွေနဲ့ လှနေကြတာပါ.. အခုရဲ့ Aesthetic trend ကို Undetectable Era ခေတ် လို့လဲခေါ်ပါတယ်.. ကိုယ့်မှာရှိတဲ့ အလှအတိုင်းကို ပိုပြီးထင်းလာအောင် Augment လုပ်ပြီး ထိန်းသိမ်းတဲ့ သဘောနဲ့ ပြုပြင်လာကြတာ များလာပါတယ်.. ဒီ Undetectable Era မှာ အသုံးအများဆုံးနဲ့ trend အဖြစ်ဆုံးကတော့ Collagen Biostimulator တွေပါ..

မျက်နှာရဲ့ အချို့နေရာတွေမှာ Dermal Filler အစားထိုး Collagen Biostimulator လေးတွေကိုပိုသုံးလာကြပါတယ်.. Filler ထက်ပို Natural ဆန်ပြီး Own Collagen Stimulation ကိုယ့်ဘာကိုယ် collagen ထုတ်နိုင်စွမ်းရည်ကိုယူတာမို့ ပိုပြီး Naturalဆန် ပိုလဲကြာကြာခံပါတယ်.. Sculptra, Juvelook, Lenisna, Estella, Polydio, View Intense အစရှိတဲ့ brand လေးတွေကတော့ မြန်မာမှာအသုံးများတဲ့ Brand လေးတွေပါ..

✨✨ 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 ဆိုတာဘာလဲ?✨✨

Collagen Biostimulator ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ နည်းပညာတစ်မျိုးဖြစ်ပါတယ်။ Collagen ကြိုးလို့ခေါ်တဲ့ ကြိုးလေးတွေကို အမှုန် powder အနေနဲ့ လုပ်ထားတာဖြစ်ပြီး PLLA, PLA, PDO အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Biostimulator တခါထိုးတာက ကြိုးပေါင်းထောင်နဲ့ချီထိုးတာနဲ့ညီမျှလို့ ပိုထိရောက်ပြီး သိသာတဲ့ result ကိုရစေပါတယ်။ PLLA ကတော့ အားလုံးထဲမှာresult အသိသာဆုံး lifting effect အပေးနိုင်ဆုံးနဲ့ ကြာရှည်အခံဆုံးပါ။ PLLA ဆိုတာ **Poly-L-Lactic Acid** ကို ဆိုလိုပြီး ခန္ဓာကိုယ်အတွက် Safe ဖြစ်တဲ့ Collagen လှုံ့ဆော်ပေးမှုအများဆုံးပေးနိုင်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အသားအရေတင်းရင်းမှုကို ပြန်လည်ထိန်းသိမ်းဖို့ Aging ကြောင့် volume လျော့သွားတာတွေကိုပြန်ဖြည့်ဖို့နဲ့ အရေးအကြောင်းတွေကို လျော့ပါးစေဖို့အတွက် အဓိကအသုံးပြုပါတယ်။ PLLA ကိုမှ 50mg, 200mg, 400mg, 514mg, 1000mg အထိ dosage အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ရဲ့ဖြည့်ချင်တဲ့နေရာအပေါ်မူတည်ပြီး အသုံးပြုပုံကွာသွားတာပါ..

✨✨ PLLA 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 ရဲ့ အကျိုးကျေးဇူးများ✨✨

1. Natural Look: သဘာဝကျတဲ့ရလဒ်
PLLA Collagen Biostimulator ဟာ မိမိခန္ဓာကိုယ်ရဲ့ သဘာဝ Own Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့်၊ ရလဒ်ဟာ သဘာဝကျပြီး ကြာရှည်ခံပါတယ်..

2. Filler အစားထိုး သဘာဝ Collagen Filler လိုအသုံးပြုလို့ရခြင်း
မျက်တွင်းချိုင့်ပြီး အရေးအကြောင်းတွေ၊ မျက်နှာအရေးအကြောင်းတွေ၊ Smileline ရယ်လိုက်ရင်ပေါ်လာတဲ့ အချိုင့်တွေ၊ အသက်ကြီးလို့ ပါးပြင်ချိုင့်ဝင်မှုတွေကို လျော့ပါးစေပြီး၊ အသားအရေကို ပြန်လည်ပြည့်ဖြိုးစေပါတယ်..

3. Long Lasting: ကြာရှည်ပိုခံတဲ့ ရလဒ်
သူ့ course ပြည့်သွားအောင်ကုသမှုခံယူပြီးနောက်၊ ရလဒ်ဟာ လပေါင်းများစွာ ကြာရှည်ခံပါတယ်..

4. Safe to inject: Allergy ဖြစ်နိုင်ချေနည်းပါးပြီး စိတ်ချရခြင်း
PLLA ဟာ ခန္ဓာကိုယ်အတွက် လုံခြုံစိတ်ချရတဲ့ ပစ္စည်းဖြစ်ပြီး၊ ဓာတ်မတည့်မှုဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။

5. Less Painful: နာကျင်မှုနည်းပါးခြင်း
ကုသမှုခံယူသည့်အချိန်တွင် နာကျင်မှုနည်းပါးပြီး အပ်မပါပဲ Cannula အသုံးပြုပြီး ပြုလုပ်လေ့ရှိလို့ ပိုပြီး Safe ဖြစ်ပါတယ်..

✨✨ဘယ်သူတွေအတွက် သင့်တော်သလဲ?✨✨

PLA Collagen Biostimulator ဟာ အသက် 30-35 နဲ့အထက် Anti-aging လိုအပ်နေတဲ့သူတွေ အတွက်အထူးသင့်တော်ပါတယ်။
✔️Undereye တွေ, နားထင်ချိုင့်တာတွေ, SmileLine တွေဖြည့်ချင်တယ် Filler လဲမသုံးချင်တဲ့သူတွေအတွက်
✔️အသားအရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်ခြင်း တို့ သက်သာချင်တဲ့သူအတွက်
✔️အသက်ကြီးပြီး မျက်နှာတွဲကျနေတဲ့သူတွေ ပိန်‌နေတဲ့သူတွေ အရေပြားပါးနေတာကို ပြန်ဖြည့်ချင်သူတွေအတွက်
✔️မျက်နှာပြည့်ပြည့်ဖြိုးဖြိုးမရှိပဲ ပါးဘေးချိုင့် နားထင်ချိုင့်လို့ဖြည့်ချင်နေတဲ့သူများအတွက် အကောင်းဆုံးဖြစ်ပါတယ်။

✨✨ကုသမှုခံယူပြီးနောက် ဘာတွေမျှော်လင့်ထားသင့်သလဲ?✨✨

PLA Collagen Biostimulator တွေက ကိုယ့်ရဲ့ own collagen ကိုလှုံ့ဆော်ပေးနေတာဖြစ်လို့ ကုသမှုခံယူပြီး 1-2ရက်မှာ ရောင်ရမ်းခြင်း သို့မဟုတ် နီမြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်.. ဒါဟာ Collagen လှုံဆော်မှုကြောင့်ယောင်ယမ်းတာဖြစ်ပြီး ပုံမှန်ဖြစ်စဉ်ပဲဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး၊ ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။ treatment ခံယူပြီး ယောင်နေတာတွေလုံးဝကျသွားပြီးရင် တဖြည်းဖြည်းချင်းတလအတွင်း နည်းနည်းစီပြည့်လာတဲ့ result ကိုမြင်ရမှာပါ။ ကိုယ့်ခန္ဓာကိုယ်က Collagen ထုတ်တာကို စောင့်ရမှာဖြစ်လို့ ရလဒ် သိသိသာသာမြင်ရဖို့ကတော့ အနည်းဆုံးတစ်လတစ်လခွဲလောက် စောင့်ရနိုင်ပါတယ်။

✨✨ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိလား✨✨

Biostimulator လေးတွေက မှန်ကန်တဲ့ နည်းလမ်းနဲ့စနစ်တကျ ပြုလုပ်လျှင် ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါတယ်။
ထိုးရမယ့်နေရာထက်ကို Superficial အပေါ် ရောက်သွားရင် အခဲလေးတွေအချို့နေရာမှာဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ချေ ကတော့ တော်တော်ကို ရှားပါတယ်။ မျက်လုံးနားမှာထိုးရင်အန္တရာယ်ရှိမှာလား ဆိုရင်တော့ အပ်မပါတဲ့ Cannula Method နဲ့ထိုးမယ် သွေးကြောထဲ ရောက်မရောက်သေချာစစ်ပြီး ထိုးမယ် ဆိုရင်တော့ အန္တရာယ် လုံးဝမရှိနိုင်ပါဘူး။

✨✨ကုသမှု ဘယ်နှကြိမ်ခံယူရမှာလဲ?✨✨

Best Result အကောင်းဆုံးရလဒ် အတွက်ဆိုရင်တော့ တစ်လတကြိမ်ကို 3-4 ကြိမ် လောက်လိုရင်လဲပြုလုပ်ရနိုင်ပါတယ်.. တယောက်နဲ့ တယောက်ကွာတာမို့ တကြိမ်ထဲနဲ့ပြည့်သွားတာလဲရှိတတ်လို့ မိမိလိုအပ်သလိုကိုဆရာဝန်ကအသေးစိတ်ကြည့်ပြီး ညွှန်းပေးပါလိမ့်မယ်..

မင်မင်တို့ Glow Studio မှာရနိုင်တာလေးတွေကတော့ Estella, View Intense, Plenafill, Polydio လေးတွေရနိုင်ပါတယ်.. ဘာသုံးရမလဲ ဘာနဲ့ သင့်တော်မလဲဆိုတာတော့ Doctor ကအသေးစိတ်ကြည့်ပြီးပြောပေးပါလိမ့်မယ်ရှင့်..

Collagen Biostimulator PLLA (Mild) (Plenafill/View Intense Brand)
Original Price ▶️ 700,000 Ks
Discount Price ▶️ 580,000 Ks

Collagen Biostimulator PLLA (Max) Estella Brand
Original Price ▶️ 1,000,000 Ks
Discount Price ▶️ 750,000 Ks

Collagen Biostimulator PLLA (Juvelook Volume Brand)
Original Price ▶️ 1,250,000 Ks
Discount Price ▶️ 880,000 Ks
----------------------
Promotion till end of July 2025

🙏🏻နှစ်သစ်မင်္ဂလာဆုမွန်ကောင်း 🙏🏻နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်းတဲ့ မင်္ဂလာအခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခ...
17/04/2025

🙏🏻နှစ်သစ်မင်္ဂလာဆုမွန်ကောင်း 🙏🏻

နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်းတဲ့ မင်္ဂလာအခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံ၍ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပါစေကြောင်း Glow Studio မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်.. 🙏🏻🙏🏻

🎉☀️Summer Promotion & 💦အတာသင်္ကြန်နှစ်ကူးအကြို Promotion 💦🎉📣အားလုံးပဲ‌ စောင့်မျှော်နေကြတဲ့ Big Summer Promotion ကြီးလာပါ...
13/03/2025

🎉☀️Summer Promotion & 💦အတာသင်္ကြန်နှစ်ကူးအကြို Promotion 💦🎉

📣အားလုံးပဲ‌ စောင့်မျှော်နေကြတဲ့ Big Summer Promotion ကြီးလာပါပြီရှင့်.. 📣
💁🏻ပိတ်ရက်လေးမှာအနားယူရင်းအလှပဆုံးဖြတ်သန်းကြမလား ဒါမှမဟုတ် အလှဆုံး ပြင်ပြီးခရီးတွေသွားကြမလား?
✈️ခရီးတွေထွက်ပြီး ပြန်လာလို့ ပျက်စီးလာတဲ့အသားအရေလေးကို treatmentပြန်လုပ်ပြီး Glow ကြမလား?
🤩ဘယ်ချိန်မှာပဲဖြစ်ဖြစ် Glow Skin လေးပိုင်ဆိုင်ကြဖို့ Glow Studio ရဲ့ အတန်ဆုံး Promotion တွေကစောင့်ကြိုနေပါတယ်ရှင့်🥰🥰
📅Booking လေးတွေက Promo ကာလဆိုပြည့်တတ်တော့ မရဘူးမရှိရ‌လေအောင် ရက်ကြိုပြီး Bookingလေးတင်ပေးဖို့ကိုလဲ မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🫶

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.........................................................................

Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon.
☎️09952275996, 09955184555
☎️Viber: +959952275996
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm

🌟Happy International Women Day🌟  🧚‍♀️ကမ္ဘာပေါ်မှာရှိသမျှ အမျိုးသမီးများအားလုံး နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းများ၊ချစ်ခ...
08/03/2025

🌟Happy International Women Day🌟
🧚‍♀️ကမ္ဘာပေါ်မှာရှိသမျှ အမျိုးသမီးများအားလုံး နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်းများ၊ချစ်ခြင်းမေတ္တာများ၊‌ရဲရင့်သောနှလုံးသား၊တောက်ပတဲ့အလှတရား များရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း Glow Studio မှဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်ရှင့်💐

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

🌹Happy Valentine Day🍫💝ချစ်ရတဲ့မိတ်ဆွေအားလုံး ချစ်သူများနေ့မှာ  ချစ်ခြင်းမေတ္တာတွေများစွာလက်ခံရရှိပိုင်ဆိုင်နိုင်ကြပါစေလိ...
14/02/2025

🌹Happy Valentine Day🍫
💝ချစ်ရတဲ့မိတ်ဆွေအားလုံး ချစ်သူများနေ့မှာ ချစ်ခြင်းမေတ္တာတွေများစွာလက်ခံရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ Glow Studio မှ ဆုတောင်းပေးလိုက်ပါတယ်နော်.. 🤍🤍

Happy Chinese New Year! ✨🎉🎊ပျော်ရွှင်စရာနှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ Glow Studio မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတ...
29/01/2025

Happy Chinese New Year! ✨🎉🎊
ပျော်ရွှင်စရာနှစ်သစ်ကူးနေ့လေးဖြစ်ပါစေလို့ Glow Studio မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်.. ✨
May this auspicious year bring you an abundance of joy, prosperity, and good health. Wishing you a prosperous journey ahead, filled with success, love, and unforgettable moment.. ♥️🌸

🤩 Rosie တင်ထားတဲ့ iReju Undereye Skin Booster လေးကဆေးခန်းမှာ အဓိကသုံးပေးဝာာလေးပါနော်.. ✨ဆေးခန်းမှာလဲတကယ်ထိရောက်လို့ လူကြ...
10/01/2025

🤩 Rosie တင်ထားတဲ့ iReju Undereye Skin Booster လေးကဆေးခန်းမှာ အဓိကသုံးပေးဝာာလေးပါနော်..
✨ဆေးခန်းမှာလဲတကယ်ထိရောက်လို့ လူကြိုက်များတဲ့ treatment လေးပါရှင့်.. ☺️
✨အသေးစိတ်လေးသိချင်ရင်လဲ page chat box မှာစုံစမ်းမေးမြန်းလို့ရပါတယ်နော်..

Disclaimer: Post Credit to Original Owner..

[REVIEW] IREJU PN - BEFORE & AFTER

I’ll let the pictures speak for themselves.

ဒီနေ့စိတ်လေးပါတုန်း 2024 က အကြွေးကိုဆပ်ရမယ်။ ဒါကို အမြည်းရေးပြီး full result ကိုထိုင်စောင့်လိုက်တာ နှစ်ကုန်သွားတယ်တို့ဘာတို့။​

iReju-PN ကမျက်ကွင်းညိုတာ၊ မျက်တွင်းကျတာအတွက် ဘယ်လိုသိသာလဲဆိုတာကိုတော့ before & after ပုံလေးတွဲပေးထားတယ်နော်။ နှစ်ပုံစလုံးက same makeup, same room, same lighting အတူတူပဲ။ (တစ်ခုက warm tone makeup လိမ်းပြီး ညာဘက်မှာက cool tone base လိမ်းထားတာမို့လို့ နည်းနည်းကွာသွားတာ) ဘာက အဓိကသိသာသွားလဲဆိုတော့ မျက်လုံးအောက်က အသားအရေအခြေအနေက သိသိသာသာကောင်းသွားတာ။

ဘယ်ဘက်ကပုံ Before မှာဆိုရင် မျက်လုံးအောက်အသားအရေကခြောက်ပြီးတော့ ချောင်နေတယ်လို့ခေါ်မလား hollowness ရှိနေတာက တော်တော်လေးကိုသိသာတယ်။ ပြီးတော့ concealer သုံးထားတာတောင်မှ တော်တော်လေးကိုအရောင်ကနက်နေတယ်။ ပုံထဲမှာသိသာလား မသိသာလားတော့မပြောတတ်ဘူး။ ဒါပေမယ့် အဲ့ဒါကိုကြည့်လိုက်ရင်တော်တော်လေးကိုမျက်လုံးကပင်ပန်းတဲ့ပုံပေါက်နေတယ်လို့ခံစားရလို့ ဒီ treatment ကိုယူလိုက်တာ။

ညာဘက်က After မှာဘယ်အချက်တွေတိုးတက်သွားလဲဆိုရင်
✔️ improved hydration - ရေနဲ့ အာဟာရဓာတ်ပြည့်သွားတာမို့လို့ အရေပြားကတင်းပြည့်ပြည့်လေးလိုဖြစ်လာတယ်
✔️ improved texture - အရေပြားကပြည့်လာပြီးတော့ အရေးကြောင်းပါးပါးလေးတွေထင်းသလိုဖြစ်နေတာလေးတွေလည်းသက်သာသွားတယ်။
✔️ improved tone - မျက်တွင်းညိုတာကတော့ အသိသာဆုံးပဲ

ဒီ (၃) ခုမှာတော်တော်လေးသိသာတယ်။ အဲ့ဒီ (၃) ချက်ကြောင့် မျက်လုံးအောက်အသားအရေကပိုပြီးလန်းသလိုဖြစ်လာပြီးတော့ မျက်လုံးတဝိုက်ကတော်တော်လေး fresh ဖြစ်တယ်။ အနီးကပ်ကြည့်ရင်ပိုသိသာတယ်။ မျက်လုံးအောက်အသားအရေက အခြေအနေတိုးတက်လာတာကိုမြင်နေရတာ။

Before ကနေ After ကိုရောက်ဖို့အတွက်
📅 အချိန် (၁) လ လိုပါတယ်။ (တိတိကျကျပြောရရင် ရက်သတ္တပတ် ၄ ပတ်ပါ)
📅 Best result အတွက်က နှစ်ပတ်ခြားတစ်ကြိမ် treatment (၃) ကြိမ်လိုပါတယ်။ ဖူးပွင့်က (၃) ကြိမ်ယူထားတဲ့ ရလဒ်ပါ။

ဒီလိုမျိုး treatment အတွက်သုံးတဲ့ တခြားနာမည်အရမ်းကြီးတဲ့ဆေးလည်းရှိတယ်။ (ဈေးကနှစ်ဆနီးပါးပိုများတယ်)​ အဲ့ဒါကိုဘာလို့မသုံးဖြစ်လဲဆိုတော့ ဖူးပွင့်ပြောဖူးသလိုမျိုး anti-ageing အတွက်လုပ်ရတယ်ဆိုတာက ရေရှည်ရလဒ်ဖြစ်တဲ့အတွက်ကြောင့် ဈေးကလည်း ကိုယ်တိုင်ဝယ်ရင်ကိုယ့်အတွက်ဝန်မဖြစ်တဲ့ပမာဏလိုမျိုးဖြစ်ရမယ်၊ အရည်အသွေးလည်းကောင်းရမယ်။ ဒီနှစ်ချက်ကြောင့် ဒီ PN ကိုရွေးဖြစ်တယ်။

ဆေးကိုတော့ Harang မှာရပါတယ်။ ဆေးက aesthetic training ယူထားတဲ့ ဆရာဝန်သုံးရတဲ့ဆေးပါ။ ဆရာဝန်လက်မှတ်မရှိဘဲသုံးလို့မရပါဘူး။ (ကိုယ့်ဘာသာကိုယ်လည်း ဆိုင်မှာဝယ်လို့မရဘူး)​

ဖူးပွင့်ကတော့ ဆရာဝန်သူငယ်ချင်းကို အကူအညီတောင်းပြီးတော့ ဒါကိုသုံးပေးဖို့ request လိုက်တယ်။ သူငယ်ချင်းက The Sparkle မှာထိုင်ပါတယ်။ အကယ်၍ ကိုယ်သွားနေကျနေရာရှိရင်တော့ သူတို့ရဲ့ under eye treatment ထဲမှာ ဒီ iReju PN ဆေးကိုသုံးလားမသုံးလားတော့မေးကြည့်ပေါ့နော်။

Review လေးကဒါလေးပါပဲ။ တခြားသိချင်တာလေးတွေရှိရင် comment မှာမေးခဲ့ပေးပါ။ Aesthetic procedure ဖြစ်တာကြောင့် သိသလောက်ဖြေပေးမယ်နော်။​ နောက်တစ်ခေါက်ကျမှ ဒီ product ကိုသုံးပြီး result ဘယ်လောက်ခံလဲဆိုတာတွေကိုထပ်ပြောပေးမယ်။

Love,
Rosie

Disclaimer - This is a collaboration between The Rosie Edit and Harang for iReju-PN. Results are based on 3 months observation.

‼️စိတ်ညစ်ရတဲ့ အဆီတွေဖျော်ကြမယ်.. 🤗👉🏻မေးနှစ်ထပ်ဖြစ်နေလား?👉🏻ပါးဖောင်းပြီးအဆီတွေရှိနေပြီလား?💁🏻ဘယ်နေရာပဲအဆီရှိရှိ Glow Studi...
04/01/2025

‼️စိတ်ညစ်ရတဲ့ အဆီတွေဖျော်ကြမယ်.. 🤗
👉🏻မေးနှစ်ထပ်ဖြစ်နေလား?
👉🏻ပါးဖောင်းပြီးအဆီတွေရှိနေပြီလား?
💁🏻ဘယ်နေရာပဲအဆီရှိရှိ Glow Studio မှာ fat loss meso လေးထိုးပြီး အဆီချ လှကြမယ်ရှင့်🤩
📸ပုံမှာတော့ Fat Loss Meso Double Chin မထိုးခင် ထိုးပြီး ပုံလေး share ပေးလိုက်ပါတယ်နော်.. 😉
💉Fat loss meso လေးထိုးပြီးအဆီချလို့ရတဲ့နေရာလေးတွေကတော့
👉🏻 ပါး
👉🏻မေးနှစ်ထပ်
👉🏻လက်မောင်း
👉🏻ကျော
👉🏻ခါး
👉🏻ဗိုက်
👉🏻ပေါင် 🙅🏻အဆီမရှိချင်တဲ့နေရာလေးတွေရွေးပြီး အဆီချလိုရပါပြီရှင့်......
💉ထိုးရမယ့်ယူနစ်အတိအကျလေးနဲ့ထိုးရမယ်အကြိမ်အရေအတွက်ကိုတော့ဆေးခန်းမှာ Booking လေးကြိုယူပြီး Doctor နဲ့ တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်
ခုဆိုရင် Promotion လေးချနေချိန်မို့ ဇန်နဝါရီ လကုန်ထိ Promotion price လေးနဲ့ရအုံးမှာပါရှင့်

Original Price ➡️ 11,000 Ks for 1cc
Discount Price ➡️ 8,000 Ks for 1cc

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

🎆နှစ်ဟောင်းကုန်မြောက် နှစ်သစ်‌ရောက် တဲ့ အခါသမယမှာ စိတ်ကူး အိပ်မက်တွေ အောင်မြင်အထမြောက်ပြီး သာယာပျော်ရွှင်ဖွယ် နှစ်သစ်လေး...
31/12/2024

🎆နှစ်ဟောင်းကုန်မြောက် နှစ်သစ်‌ရောက် တဲ့ အခါသမယမှာ စိတ်ကူး အိပ်မက်တွေ အောင်မြင်အထမြောက်ပြီး သာယာပျော်ရွှင်ဖွယ် နှစ်သစ်လေးကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေကြောင်း Glow Studio မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏
❤️❤️❤️ စဥ်ဆက်မပြတ်အားပေးလာခဲ့ကြတဲ့ ချစ်ရတဲ့ Customers များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင့်❤️❤️❤️

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

🎄🎅Glow Studio ရဲ့မိတ်ဟောင်းမိတ်သစ်များ အားလုံး ပျော်ရွှင်ခြင်း၊စိတ်အေးချမ်းခြင်း၊ကျန်းမာချမ်းသာခြင်း၊ချစ်ခင်ကြင်နာခြင်း ...
25/12/2024

🎄🎅Glow Studio ရဲ့မိတ်ဟောင်းမိတ်သစ်များ အားလုံး ပျော်ရွှင်ခြင်း၊စိတ်အေးချမ်းခြင်း၊ကျန်းမာချမ်းသာခြင်း၊ချစ်ခင်ကြင်နာခြင်း အပေါင်းတို့နှင့်ပြည့်စုံ၍ ရွှင်လန်းတောက်ပသော နေ့သစ်လေးတွေပိုင်ဆိုင်နိုင်ကြပါစေကြောင်းGlow Studio မိသားစုမှ Christmas ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🙏🙏🙏

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

❄️Sweet December & New Year Promo❄️✨💁🏼‍♀️လှပစို‌ပြေတဲ့ အသားအရည်လေးစိတ်တိုင်းကျ ပိုင်ဆိုင်နိုင်ဖို့ Glow Studio ရဲ့ Big P...
01/12/2024

❄️Sweet December & New Year Promo❄️

✨💁🏼‍♀️လှပစို‌ပြေတဲ့ အသားအရည်လေးစိတ်တိုင်းကျ ပိုင်ဆိုင်နိုင်ဖို့ Glow Studio ရဲ့ Big Promotion 🎉ကို
‼️1.12.2024 မှ 31.1.2025 ‼️အထိ 2လတိတိ Promotion ချပေးထားမှာပါရှင့်..

💁🏼‍♀️ Treatment လေးတွေကြိုဝယ်ထားရင်လည်း Expiration 1 year ပေးထားလို့ တစ်နှစ်အတွင်းအဆင်ပြေတဲ့အချိန် Treatment လေးတွေလုပ်လို့ရတော့ စျေးတက်သွားမှာလည်းမပူရတော့ဘူးပေါ့.. 🤗

🎁လှပမှုအတွက် လိုအပ်ချက်တွေကို Glow Studio ရဲ့အတန်ဆုံး Big Promotion ကြီးနဲ့ဖြည့်ဆည်းလိုက်ကြရအောင်🥰

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27, Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

Address

27, Aung Mingalar Avenue, Aung Theikdi Rd, Mayangon Tsp
Yangon
11061

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

+959952275996

Website

Alerts

Be the first to know and let us send you an email when Glow Studio - Aesthetics & Skincare Lounge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Glow Studio - Aesthetics & Skincare Lounge:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram