အောင် - ဆေးဆိုင်

အောင် - ဆေးဆိုင် အာမခံကိုယ်ဝန်ဖျက်ဆေး09268748884(ph or viber)သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်🤎

🤎မလိုချင်သေးဘူးဆို စိတ်ချပြီးဘေးကင်းစွာဖြေရှင်းလို့ရနေပါပြီ🤎✅ရန်ကုန်/မန္တလေး/မုံရွာ/ပြင်ဦးလွင်/နေပြည်တော်/မကွေး/တောင်ကြီ...
31/12/2024

🤎မလိုချင်သေးဘူးဆို စိတ်ချပြီးဘေးကင်းစွာ

ဖြေရှင်းလို့ရနေပါပြီ🤎

✅ရန်ကုန်/မန္တလေး/မုံရွာ/ပြင်ဦးလွင်/နေပြည်တော်/မကွေး/တောင်ကြီး အိမ်ရောက်ငွေချေရပါတယ်📦

✅ကျန်မြို့များ ငွေလွှဲဝင်တာနဲ့ ကားဂိတ်တင်ပေးပါတယ်🚛

⏩⏩cbမှာဆက်သွယ်မှာယူနိုင်ပါတယ်⏪⏪
⏩⏩09268748884(phone or viber)⏪⏪

🌸အဖြူဆင်းခြင်းပြဿနာ🌸မိန်းမတွေဖြစ်တဲ့အလျှောက် ဓမ္မတာမှန်ခြင်း မမှန်ခြင်း ပြဿနာတွေ အပြင် မိန်းမကိုယ် မှ အဖြူဆင်းခြင်း အနံ့...
31/12/2024

🌸အဖြူဆင်းခြင်းပြဿနာ🌸

မိန်းမတွေဖြစ်တဲ့အလျှောက် ဓမ္မတာမှန်ခြင်း မမှန်ခြင်း ပြဿနာတွေ အပြင် မိန်းမကိုယ် မှ အဖြူဆင်းခြင်း အနံ့ထွက်ခြင်း ဆီးကျင်ခြင်း စတဲ့ အမျိုးသမီး ပြဿနာတွေလည်း ကြုံရတတ်ပါတယ်
ဒီလိုအခါမျိုးမှာ ဖြစ်နေတဲ့ လက္ခဏာကို တခြားသူတွေနဲ့ တိုင်ပင်ရမှာလည်း ဝန်လေးတတ်ကြပါတယ်

Va**nal discharge ဆိုတာ မိန်းမကိုယ်မှ ထွက်တဲ့ အရည်တမျိုးဖြစ်ပါတယ်
ပုံမှန်အားဖြင့် အမျိုးသမီးတွေရဲ့ သားအိမ်၊ မွေးလမ်းကြောင်း နဲ့ မိန်းမကိုယ် တလျှောက် ပျက်သွားတဲ့ cell အဟောင်း အစား cell အသစ်နဲ့ အစားထိုး တဲ့အခါ မိန်းမကိုယ်မှတဆင့် အရည် ထွက်စေခြင်းဖြင့် cell အဟောင်းကို စွန့်ပစ်ပါတယ်
ဒါကြောင့် Va**nal discharge ထွက်ခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့ သားအိမ်တခုလုံး သန့်ရှင်း ကျန်းမာစေဖို့ပဲ ဖြစ်ပါတယ်

ဒါပေမယ့် ထွက်တဲ့ discharge ဟာ အရောင် အမျိုးမျိုးဖြစ်နိုင်ပြီး အရောင်ပေါ်မူတည်ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးကို စမ်းစစ်လို့ ရနိုင်ပါတယ်

🌷 အနီရောင်
အနီရောင်ဟာ Bright red ကနေ dark red ဖြစ်နိုင်ပြီး ရာသီလာချိန်မှာ သွေးဆင်းခြင်းလို့ လွယ်လွယ်ပဲပြောပါတော့မယ် အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းဟာ ပုံမှန်၂၈ ရက်တကြိမ် ဖြစ်ပြီး ၃ ရက်မှ ၅ ရက်အထိကြာတတ်ပါတယ်
တခါတလေ ရာသီစက်ဝန်းဟာ ၂၁ ရက်မှ ၃၅ ရက် လည်းရှိတတ်ကြပါတယ်
သို့ပေမယ့် ပုံမှန်အချိန်မှာမဟုတ်ပဲ သွေးဆင်းခြင်း နဲ့ သွေးဆုံးပြီး ၁ နှစ်ကြာချိန်မှာ သွေးပြန်ဆင်းတဲ့ အခါ
ဆရာဝန် နှင့် သွားပြသင့်ပါတယ်
အထူးသဖြင့် သွေးဆုံးပြီး ၁ နှစ်အကြာ သွေးပြန်ဆင်း ရင် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ရှိလို့ သတိထားသင့်ပါတယ်

🌷အဖြူရောင်
Va**nal discharge ဟာ အဖြူရောင်ဖြစ်ပြီး တခြား ဘာလက္ခဏာမှ မရှိဘူးဆိုရင် စိုးရိမ်စရာမလိုပါဘူး
ဒါဟာ သားအိမ်ကျန်းမာတယ်လို့တောင်ပြောလို့ရပါတယ်
သို့ပေမယ့် အဖြူဆင်း တဲ့ အခါ အနံ့အသက် ထွက်တယ် ယားယံတယ် ဆိုရင် Yeast Infection မှိုစွဲတဲ့ လက္ခဏာပါ စိတ်ဖိစီးမှုများခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ပိုးသတ်ဆေးအချိန်ကြာမြင့်စွာသောက်ခြင်း စတာတွေမှာဖြစ်တတ်ပါတယ်
ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး မှိုသတ်ဆေးသောက်ရပါလိမ့်မယ်

🌷အဝါရောင်
အဝါဖျော့ဖျော့ ဟာ များသောအားဖြင့် အားနည်းတဲ့ အခါ အစားအသောက်မမှန်တဲ့အခါဖြစ်တတ်ပြီး ပြဿနာမရှိပေမယ့် အဝါရောင်ဟာ တဖြည်း ဖြည်း ရင့် လာမယ် တခါတရံ အစိမ်းဘက်ကိုပါ သမ်းလာရင်ပြီး အနံ့နံတာပါ ရှိရင်တော့ ပြဿနာရှိတတ်ပါတယ် ဒါဟာ လိင်ဆက်ဆံခြင်းမှ ကူးဆက်တဲ့ S*xually Transmitted Infection ဖြစ်ပြီး ဆရာဝန်နဲ့ သေသေချာချာ ပြသကုသသင့်ပါတယ်

🌷 ပန်းရောင်
တခါတလေ မိန်းမကိုယ်မှ သွေးဆင်းတာနဲ့ မတူပဲ ပန်းရောင် လည်းဆင်းတတ်ပြီး များသောအားဖြင့် ရာသီမလာခင် အချိန်၊ ကိုယ်ဝန်ရှိကာစ သားဥတွယ်ချိန် ၊ သားဥ ကြွေချိန် နဲ့ လိက်ဆက်ဆံပြီး မိန်းမကိုယ်ပွန်းပဲ့ ရင်လည်း ဆင်းတတ်ပါတယ်
ဒါဟာ spotting လောက်ပဲ ဆင်းတာမျိုးဖြစ်ပြီး ရာသီလာသလို ရက်ရှည်မဆင်းပါဘူး

🌷အကြည်ရောင်
Va**nal discharge ဟာ ဘာအရောင်မှ မရှိပဲ အကြည်ရောင် ဖြစ်နေရင် စိတ်ပူစရာမရှိပါဘူး ပုံမှန်လက္ခဏာပါ

🌷မီးခိုးရောင်
မီးခိုးရောင် ဟာ ကျန်းမာတဲ့ လက္ခဏာမဟုတ်ပါဘူး
Bacterial Infection ဝင်တဲ့ လက္ခဏာ ဖြစ်ပြီး Bacterial vaginosis မှာတွေ့ရတတ်ပါတယ်
ယားယံခြင်းနဲ့ ငါးညှီနံ့ ကဲ့သို့ အနံ့မျိုးထွက်ခြင်း နဲ့တွဲနေတတ်ပါတယ်
လိင်ဆက်ဆံခြင်း အကြိမ်ရေ များခြင်း နဲ့ ဆက်ဆံတဲ့သူများတဲ့ အခါတွေ့ရတဲ့ လက္ခဏာဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသ သင့်ပါတယ်

ဒါတွေမဖြစ်သေးရင်တော့ မဖြစ်အောင် ကာကွယ်လို့ရပါတယ်
✅ မိန်းမကိုယ်အား သန့်ရှင်းအောင်ထားပါ
✅ ချည်သားအောက်ခံ ဘောင်းဘီမျိုးရွေးခြယ်ပြီး အလွန်ကြပ်သည့် ဘောင်းဘီမျိုးမဝတ်ပါနဲ့
✅Daily pad သုံးပေးပါ panty liner ခေါ် နေ့စဥ်သုံး pad ဟာ moisture ကိုစုပ်စေပြီး ယားယံခြင်းကိုသက်သာစေပါတယ်
✅ရေဆေးတဲ့အခါ အရှေ့မှအနောက်သို့ဆေးပေးပါ
စအိုမှ တဆင့် ပိုးဝင်ခြင်းမဖြစ်အောင်ပါ
✅ Tampons နဲ့ Douching သုံးခြင်းရှောင်ပါ
✅ရေချိုးကန်မှာ ဆပ်ပြာနှင့် အကြာကြီးရေစိမ်ခြင်း ရေမွှေးပါသည့် wipes (wet tissues) သုံးခြင်းများရှောင်ပါ
✅ လိင်ဆက်ဆံခြင်းမှ တဆင့်ကူးဆက်သည့် ရောဂါများကာကွယ်နိုင်ရန် Condom သုံးပါ
ကိုယ့် partner က မသုံးလျှင် အမျိုးသမီး condom ကိုသုံးပါ
✅Probiotic သောက်ပေးပါ
Probiotic က မိန်းမကိုယ်အတွက် ကာကွယ်ပေးသည့် ပိုးကောင်းများကိုရရှိစေနိုင်ပါတယ် supplement ဒါမှမဟုတ် probiotic ပါသော အစာစားဖြစ်တဲ့ ဒိန်ချဥ် ကိုပုံမှန်သောက်ပေးပါ

တဦးနဲ့ တဦး ဖြစ်တဲ့ရောဂါဟာ မတူတာမို့ ကုသမှုကလည်း မတူနိုင်လို့ တကယ်လို့မိမိမှာ ဖော်ပြပါ လက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ် 🌸🌸သို့ပေမယ့် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ ကုသမှုထက်ထိရောက်တာကြောင့် နေထိုင်မှုပုံစံကို ပြုပြင် ပြောင်းလဲပေးခြင်းမှတဆင့် အကောင်းဆုံးရလဒ်ကို ဖန်တီးယူကြရအောင်

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေယောကျ်ားလေးနဲ့ မိန်းကလေးအတူလိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆ...
31/12/2024

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

ယောကျ်ားလေးနဲ့ မိန်းကလေးအတူလိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့အတူနေပြီးရင် နောက်ဆက်တွဲဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။

၁. ဆီးသွားလိုက်ပါ

လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွှားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။

၂. ရေသေချာဆေးပါ

လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလိုဆေးပေးခြင်းက ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ကာကွယ်ပေးတာ ကြောင့် ဆီးသွားပြီးတာနဲ့ ကိုယ့်ရဲ့လိင်အင်္ဂါကို တစ်ဆက်တည်း ဆေးကြောစေချင်ပါတယ်။ ဆေးတဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ နှံ့စပ်အောင်ပွတ်တိုက်ဆေးကြောပေးရင် လုံလောက်ပါတယ်။

အမွှေးဆီတွေ၊ ဆပ်ပြာအဆီ တွေသုံးဖို့မလိုပါဘူး။ မိန်းကလေးတွေလည်း လိင်ဆက်ဆံပြီးမိန်းမကိုယ်ထဲအထိ နှိုက်ပြီးဆပ်ပြာဆီနဲ့ ဆေးကြောတာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုဆေးကြောခြင်းက မိန်းမကိုယ်ထဲမှာ ပုံမှန်အတိုင်းရှိနေသင့်တဲ့ ပိုးတွေကိုပါဖယ်ရှားလိုက်သလိုဖြစ်သွားစေလို့ပါ။

လိင်တံထိပ်အရေပြားမဖြတ်ထားတဲ့ ယောင်္ကျားလေးတွေဆိုရင်တော့ လိင်တံထိပ်အရေပြားအနောက်ဖက်ကို ညင်ညင်သာသာလေးဆွဲပြီး လိင်တံထိပ်နဲ့ အရေပြားကြားကိုသေချာဆေးကြောပေးပါ။

၃. ရေများများသောက်ပေးပါ

တစ်ကြိမ်ဆီးသွားရုံနဲ့ ပိုးမွှားတွေဖယ်ရှားပစ်ဖို့ မလုံလောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်လက်သန့်စင်ပြီးရင်ရေ တစ်ခွက်ထပ်သောက်လိုက်ပါ။ ဆီးခဏခဏသွားရလေ ပိုးမွှားတွေပိုသန့်စင်လေဖြစ်သလို ရေဓာတ်ပြည့်ဝဖို့ လည်းအထောက်အပံ့ဖြစ်စေပါတယ်။

၄. ချောင်ချောင်ချိချိ အဝတ်အစားတွေဝတ်ပေးပါ

Body fit ဖြစ်တဲ့အဝတ်အစားဝတ်ရင် ချွေးပိုထွက်ပါတယ်။ ချွေးအောင်းပြီးစိုစွတ်နေတဲ့အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးတွေနဲ့ မှိုမျိုးစုံပေါက်ပွားနိုင်တာမို့ ကိုယ်လက်သန့်စင်ပြီးရင် ချောင်ချောင်ချိချိ အဝတ်အစား တွေဝတ်ပြီးနေလိုက်တာအကောင်းဆုံးဖြစ်ပါတယ်။ အတွင်းခံကိုဖြစ်နိုင်ရင် ချည်သားအတွင်းခံပဲဝတ်ပေးပါ၊ ဒါမှမဟုတ် အတွင်းခံလုံးဝမ၀တ်ဘဲ အိပ်ရာဝင်လိုက်လည်းရပါတယ်။

၅. လက်သေချာဆေးပါ

လိင်ဆက်ဆံတာပဲဖြစ်ဖြစ် လက်နဲ့ဆန္ဒပြီးမြောက်အောင်လုပ်တာပဲဖြစ်ဖြစ် မလုပ်ခင်နဲ့ လုပ်ပြီးချိန်မှာတော့ လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ လက်ဆိုတာ ပစ္စည်းတွေအကုန်ကိုင်တွယ်အသုံးပြုရတာမို့ ပိုးမွှားမျိုးစုံလည်းကပ်တွယ်နေမှာပါ။ ဒါ့ကြောင့် ကိုယ့်အဖော်ရဲ့လိင်အင်္ဂါကို မထိတွေ့ခင် ရေနဲ့ဆပ်ပြာသုံးပြီး သေချာဆေးဖို့ မမေ့နဲ့နော်။

၆. အသုံးပြုတဲ့ S*x Toy တွေကိုသေချာပြန်သန့်စင်ပါ

စာရေးသူတို့နိုင်ငံမှာတော့ S*x toy တွေအသုံးပြုတာ သိပ်ခေတ်မစားသေးပေမဲ့ ကျန်းမာရေးအရ သိထားသင့်တာမို့ ပြောပြချင်ပါတယ်။ လိင်ဆက်ဆံတဲ့အချိန် အသုံးပြုလိုက်တဲ့ S*x toy တွေမှာလည်း ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုရောဂါတွေ ကပ်ညှိသွားနိုင်တာမို့ သုံးပြီးတာနဲ့ တစ်ခါတည်းဆေးကြောပေးရပါမယ်။ မဆေးကြောဘဲ ထပ်ခါ ထပ်ခါသုံးစွဲတာ၊ တခြားသူတစ်ယောက်နဲ့မျှဝေသုံးစွဲတာမျိုး လုံးဝ(လုံးဝ) မလုပ်ရပါဘူး။ ဆေးကြောသန့်စင်နည်းကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက်ကွဲပြားတတ်ပါတယ်။

၇. သွေးမှန်မှန်စစ်ပါ

အကယ်၍ ကိုယ်ကလိင်အပျော်အပါးလိုက်စားတတ်တဲ့သူဖြစ်မယ်ဆိုရင် ကူးစက်ရောဂါပိုးတွေရှိမရှိ သွေးမှန်မှန် စစ်ဆေးဖို့အကြံပေးချင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီလိုလိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါအများစုက ရောဂါရှိ နေရင်တောင် ဘာလက္ခဏာမှသိပ်မပြတတ်လို့ပါ။ ဒါ့ကြောင့် သွေးစစ်ဆေးခြင်းကပဲ သေချာသိနိုင်တဲ့ နည်းလမ်း အဖြစ်ရှိနေပါသေးတယ်။ ဒါပေမဲ့ လိင်အင်္ဂါမှာပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြလာရင် (ဥပမာ – အနာပေါက် လာတာ၊ အဖုထွက်လာတာ၊ နာကျင်လာတာ၊ အရည်ထွက်တာ) တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

ရေးသားသူ – Dr.Htoo Tint

underwear နေရာ မှာ (underwear အမဲဆို ပိုသိသာ) တစ်နေရာတည်းကွက်ပြီး အရောင်ကျွတ်သွားတာက Va**na ကျန်းမာရေးမကောင်းလို့မဟုတ်ပါ...
31/12/2024

underwear နေရာ မှာ (underwear အမဲဆို ပိုသိသာ) တစ်နေရာတည်းကွက်ပြီး အရောင်ကျွတ်သွားတာက Va**na ကျန်းမာရေးမကောင်းလို့မဟုတ်ပါဘူး

Va**na က သာမန်ကိုက အက်စစ်ဂုဏ်သတ္တိရှိပါတယ် (အဲ့ဒါကြောင့်လည်း သဘာဝအရ သူ့ဟာသူပြန်ပြီးသန့်ရှင်းအောင်လုပ်နိုင်ပါတယ် ။ဆပ်ပြာနဲ့ဆေးစရာမလို၊ ရေနဲ့ဆေးပေးရုံပဲလိုအပ်တာပါ)

အက်စစ်ဂုဏ်သတ္တိကြောင့် underwear ကိုအရောင်ချွတ်သလိုဖြစ်တာပါ။ အဖြူဆင်းလို့၊ သွေးဆင်းလို့ အရောင်စွန်းတာမဟုတ်ပါဘူး၊ သင်က ကျန်းမာတဲ့မိန်းမကိုယ် ကို ပိုင်ဆိုင်တာပါ ။ ❣️

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ....သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ ပုံမှန်အားဖြင့်  အသက်အန္တရာယ် မစိုးရိမ်ရသလို့ ကုလို့မရတတ်...
31/12/2024

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ....

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာ ပုံမှန်အားဖြင့် အသက်အန္တရာယ် မစိုးရိမ်ရသလို့ ကုလို့မရတတ်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ ရာသီဓမ္မတာတစ်ခုခု ဖောက်ပြန်နေတယ် မမှန်မကန်ဖြစ်နေတယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အချိန်မီ ဆွေးနွေးတိုင်ပင်ပြီး ရောဂါရှာဖို့ လိုပါတယ်။

ခွဲစိတ်စရာမလိုဘဲ (ဒါမှမဟုတ်) လူနာဟာ အကြောင်းတစ်ခုခုကြောင့် ခွဲစိတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် တခြားနည်းလမ်းတစ်ခုဖြစ်တဲ့ Ulipristal Acetate ဆိုတဲ့ ဆေးနဲ့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။

ဆေးနဲ့ဆိုရင် ဓမ္မတာသွေးဆင်းမှု ကြီးကြီးမားမားဖြစ်နေတာကိုတောင် အများစုကို ပထမတစ်ပတ်နဲ့တင် ရပ်သွားအောင် လုပ်လို့ရပါတယ်။ ၉၀ရာခိုင်နှုန်းကျော်သော မူမမှန်သွေးဆင်းမှုများကိုလည်း ထိန်းချုပ် ပေးနိုင်ပါတယ်။ အလုံးကိုလည်း ကျုံ့သွားအောင် လုပ်ပေးနိုင်ပြီး ကုသမှုပြီးဆုံးတဲ့အခါမှာ အလုံးဟာ သေးသေးလေးပဲ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

အသက် ၃၅နှစ်နဲ့ အထက် အမျိုးသမီး ၂၅% မှာ သားအိမ်အလုံး ဖြစ်ပေါ်တတ်တာကို တွေ့ရတတ်ပါတယ်။ များသောအားဖြင့် အိမ်ထောင်ကျပြီး သားသမီး မရှိသေးတဲ့သူ၊ အဝလွန်တဲ့သူ၊ မိသားစုထဲမှာ သားအိမ်အလုံး ဖြစ်တတ်တဲ့ မျိုးရိုးရှိသူတွေမှာ တွေ့ရပါတယ်။

သားအိမ်ထဲမှာ အလုံးတည်တယ်ဆိုတာဟာ အသက်ကို အန္တရာယ်ပြုတတ်တာမျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ ကေ့စ်အများစုမှာ သားအိမ်ထဲက အလုံးဆိုတာ သေးသေးလေးတွေဖြစ်ပြီး အများစုက ဘာ လက္ခဏာမှတောင် မပြတတ်ပါဘူး။ ဘာကုသမှုမှလည်း ပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ့်မှာ သွေးဆင်းတာများတာတို့၊ တစ်လမှာ မကြာခဏဖြစ်နေတာတို့ စတဲ့ ရာသီဓမ္မတာ တစ်ခုခု ဖောက်ပြန်တာ မူမမှန်တာကို သတိပြုမိတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအတိုင်း ပေါ့ပေါ့လျော့လျော့ ထားခဲ့ရင် သားသမီးမရနိုင်တာတို့ သွေးတွေ သိသိသာသာဆုံးရှုံးမှုများလို့ သွေးအားနည်းရောဂါတို့ စတဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အလုံးတည်ခဲ့မယ်ဆိုရင် လမစေ့ ကလေး မွေးဖွားခြင်း နဲ့ ကိုယ်ဝန်ပျက်ကျခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

သားအိမ်အလုံးအမျိုးအစားများ

သားအိမ်အလုံးဟာ ပဲတီစိမ်းအရွယ်ကနေ ဖရဲသီးအရွယ်လောက်အထိ အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ တစ်လုံးထဲ ဖြစ်နိုင်သလို အပြွတ်လိုက် အခိုင်လိုက်လဲ ဖြစ်နိုင်ပါတယ်။ မာကျစ်ကျစ်သဘော ရှိပါတယ်။ သားအိမ်ရဲ့ ဘယ်နေရာမှာ မဆို တွေ့ရနိုင်ပါတယ်။ အောက်ပါအတိုင်း အမျိုးအစားတွေ ခွဲခြားထားပါတယ်။

Intramural fibroids: ဒါကတော့ အဖြစ်အများဆုံးအမျိုးအစားပါ။ သားအိမ်နံရံကြွက်သားတွေမှာ တွယ်နေ တတ်ပါတယ်။ သားအိမ်အခေါင်းနဲ့ သားအိမ်နံရံတွေကို ပုံပျက်စေပြီး မူမမှန်တဲ့ လက္ခဏာတွေ ဖြစ်လာစေတတ် ပါတယ်။

Subserosal fibroids: ဒါကတော့ သားအိမ်အပြင်ဘက်မှာ ဖြစ်ပေါ်တတ်ပြီး သားအိမ်အပြင်နံရံ တစ်ရှူးတွေအလွှာ ပတ်ပတ်လည်မှာ ဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားကတော့ ပုံသဏ္ဌာန်မမှန်တဲ့ ပုံမျိုး ရှိတတ်ပြီး ဆီးအိမ်နဲ့ အစာဟောင်းအိမ် ကို ဖိမိနေတာမျိုး ရှိတတ်ပါတယ်။

Submucosal fibroids: ဒါမျိုးကတော့ တွေ့ရခဲ့တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ကြီးထွားလာတဲ့အခါ သားအိမ်ကို အတွင်းဘက်ကို တွန်းပို့တတ်ပါတယ်။ သားအိမ်အတွင်းနံရံကြွက်သားတွေ ကြားထဲမှာ ဖြစ်လာတတ်ပါတယ်။ သားအိမ်အခေါင်းကို ပုံပျက်စေပြီး မူမမှန်ရာသီသွေးဆင်းမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

သားအိမ်အလုံးဖြစ်ရခြင်းအကြောင်းရင်းများ

သားအိမ်ထဲမှာ အလုံးတွေ ဖြစ်လာတယ်ဆိုတာ သားအိမ်ရဲ့ ကြွက်သားဆဲလ်တွေ ကနေ မူမမှန်ပြန့်ပွားလာတာ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို ခုထိ အတိအကျ မပြောနိုင်သေးပါဘူး။ အောက်ပါအကြောင်းရင်းတွေက သားအိမ်မှာ အလုံးတည်ရခြင်းအပေါ်မှာ သက်ရောက်မှုရှိတယ် လို့ မှတ်ယူထားကြပါတယ်။

မျိုးရိုးလိုက်ခြင်း - မိသားစုထဲမှာ သားအိမ်အလုံးဖြစ်တာ မျိုးရိုးရှိနေရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခေျ ပိုများပါတယ်။

လိင်ပိုင်းဆိုင်ရာဟိုမုန်းများ မူမမှန်မှု - သားအိမ်နံရံတွေရဲ့ ဖွံ့ဖြိုးမှုကို အီစထရိုဂျင် နဲ့ ပရိုဂျက်စထရုန်း ဟိုမုန်း ၂ မျိုးလုံးက လှုံ့ဆော်တဲ့အခါ သားအိမ်အလုံးတွေကို ကြီးထွားလာမှု ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတတ်ပြီး သွေးဆုံးပြီးတဲ့အခါမှာ ပြန်ကျုံ့သွားတတ်တဲ့ သားအိမ်အလုံးမျိုးလည်း တွေ့ရပါတယ်။

သားအိမ်အလုံးရဲ့ လက္ခဏာများ

သားအိမ်ထဲမှာ အလုံးအသေးလေးတွေ ရှိတဲ့ အမျိုးသမီးတော်တော်များများမှာ ဘာလက္ခဏာမှ ပြလေ့ မရှိပါဘူး။ များသောအားဖြင့် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုတဲ့အခါအမှသာ စမ်းသပ်တွေ့ရှိရလေ့ ရှိပါတယ်။ သားအိမ်အလုံး ကြီးကြီးရှိတဲ့သူတွေမှာတော့ ရာသီသွေးဆင်းမှုများခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ရာသီလာစဉ် ကိုက်ခဲခြင်း၊ ခါးအောက်ပိုင်း နာကျင်ခြင်း စတဲ့ မူမမှန်သွေးဆင်းမှုလက္ခဏာများ ပြတတ်ပါတယ်။ တစ်ချို့အလုံးတွေဟာ ကြီးလာတဲ့အခါမှာ နီးစပ်ရာ အစိတ်အပိုင်းတွေကို ဖိထားသလိုမျိုး ဖြစ်နေတတ်တဲ့အတွက် ဆီးခဏခဏသွားခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ဖြစ်တတ် ပါတယ်။ အလုံးက သိသိသာသာကြီး ကြီးလာတဲ့အခါမျိုးမှာဆိုရင် စမ်းကြည့်လို့ ရနိုင်ပြီး ကိုယ်ဝန်ရှိသလိုမျိုး ဗိုက်ကြီး ပူလာတတ်ပါတယ်။

သားအိမ်အလုံးကို ကုသခြင်း

သားအိမ်ထဲမှာ အလုံးရှိနေပြီဆိုတာ သိလိုက်တာနဲ့ ခွဲထုတ်မှပဲ ရတော့မှာလားဆိုပြီး စိတ်ပူသွားတတ်ကြပါတယ်။ လက်တွေ့မှာ တကယ်တော့ သားအိမ်အလုံးအတွက် ကုသရာမှာ တစ်ယောက်နဲ့တစ်ယောက် မတူဘဲ ကွဲပြားပါတယ်။ အထိရောက်ဆုံးဖြစ်အောင်ကတော့ အလုံးရဲ့ အရွယ်အစား၊ ဖြစ်နေတဲ့နေရာနဲ့ ပြင်းထန်မှုအပြင် လူနာရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး သင့်တော်သလို ကုသပေးရတာပါပဲ။

လောလောဆယ်မှာ အာထရာဆောင်းလိုမျိုး ကြိမ်နှုန်းမြှင့်အသံလှိုင်းတွေလွှတ်ကြည့်ပြီးတော့ ရောဂါရှာဖွေမှုနဲ့ စောင့်ကြည့်မှုတွေ လုပ်လေ့ရှိပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနဲ့ မိန်းမကိုယ်အပိုင်းကို အာထရာဆောင်းရိုက်ကြည့်ခြင်းဖြင့် တိကျမှန်ကန်တဲ့ အဖြေတွေကို ရရှိပါတယ်။ ခွဲစိတ်ကုသခြင်းမပြုလိုတဲ့ လူနာတွေအတွက် ထိထိရောက်ရောက် ကုသမှုပေးနိုင်တဲ့ ဆေးတွေလဲ ရှိနေပြီ ဖြစ်ပါတယ်။

Ulipristal Acetate ဆေးဖြင့် သားအိမ်အလုံးကို ကုသခြင်း

ကျန်းမာရေးအခြေအနေတစ်ခုခုအရ ခွဲစိတ်ကုသဖို့ မဖြစ်နိုင်တဲ့ လူနာမျိုးတွေအတွက် Ulipristal Acetate ဆေးနဲ့ ကုသတာဟာ ထိရောက်တဲ့ အစားထိုးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

လောလောဆယ် Ulipristal Acetate ဆေးဟာ ESMYA (တံဆိပ်) 5 mg ဆေးပြားလေးတွေအနေနဲ့ ရရှိနိုင်ပါတယ်။ ဒီဆေးဟာ အဓိကအားဖြင့် ပရိုဂျက်စထရုန်းဓာတ်တိုးခြင်းအများစုကိုတားဆီးပေးတဲ့ Selective Progesterone Receptor Modulator (SPRM) ဆေးဖြစ်ပြီး အောက်မှာဖော်ပြထားတဲ့ အဓိက ၃ နေရာကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပါတယ်။

သားအိမ်အလုံး- အလုံးမှာရှိတဲ့ဆဲလ်တွေကို သေအောင်လုပ်ပေးတဲ့အပြင် ပြန့်ပွားတာကိုလည်း တားဆီး ပေးခြင်းအားဖြင့် အရွယ်အစားကို သေးသွားစေပါတယ်။

ပီကျူထရီဂလင်း- ပရိုဂျက်စထရုန်းနဲ့ FSH ပမာဏကို နည်းသွားအောင်လုပ်ထားခြင်းဖြင့် မျိုးဥထွက်ခြင်းကို တားဆီးထားပါတယ်။ လူနာအများစုအတွက် အီစထရိုဂျင်ပမာဏကို အလယ်အလတ်မှာ ထိန်းသိမ်းထားပေး ပါတယ်။

သားအိမ်အတွင်းဘက်ဆုံးနံရံ- ဒီဆေးက endometrium လို့ ခေါ်တဲ့ သားအိမ်ရဲ့အတွင်းဘက်ဆုံးနံရံ ကိုလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ ဆေးကုသမှု ပြီးဆုံးတဲ့အချိန်အထိ ရာသီလာတာကို ရပ်တန့်ပေးထား ပြီး ကုသမှု ပြီးဆုံးတဲ့နောက် ၄ ပတ်အတွင်း မှာ ပုံမှန်အတိုင်း ရာသီ ပြန်လာမှာ ဖြစ်ပါတယ်။

Edmya ဆေးကို ကုထုံး ၂ မျိုးမှာ အဓိကထားပြီး ကုသဖို့ ခွင့်ပြုပေးထားပါတယ်။

၁။ သားအိမ်အလုံးကို ခွဲစိတ်မှုမပြုမီ ကြိုတင်ကုသခြင်း

၂။ ခွဲစိတ်ကုသခြင်းပြုဖို့ မသင့်တော်တဲ့ လူနာများအတွက်ကုသမှုပေးခြင်း။

ဒီဆေးနဲ့ဆိုရင် ဓမ္မတာသွေးဆင်းမှု ကြီးကြီးမားမားဖြစ်နေတာကိုတောင် ပထမတစ်ပတ်မှာတင် ရပ်သွားအောင် လုပ်ပေးနိုင်ပါတယ်။ မူမမှန်သွေးဆင်းမှု ၉၀% ကျော်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အလုံးရဲ့ အရွယ်အစားကို ကျုံ့သွားအောင် လုပ်ပေးနိုင်ပြီး ကုသမှုပြီးဆုံးတဲ့အခါမှာ သေးသေးလေးပဲကျန်စေမှာ ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ နဲ့ အခြား ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ တခြား GnRH agonists ဆေးတွေလို ရိုးတွင်းခြင်ဆီသိပ်သည်းဆအားနည်းတာ၊ သွေးဆုံးပြီးနောက်ပိုင်း ဖြစ်လာတတ်တဲ့ အီစထရိုဂျင်မလုံလောက်တဲ့ လက္ခဏာတွေ စတာတွေ ဖြစ်လာမှာမဟုတ်ဘဲ ခေါင်းကိုက်တာ ပူအိုက်တာ စတဲ့ အရေးမကြီးတဲ့ ဘေးထွက်ဆိုးကျိုးလေး တစ်ချို့ပဲ ဖြစ်နိုင်ပါတယ်။

ကုသမှုဟာ ၁၂ ပတ် ကြာမှာ ဖြစ်ပါတယ်။ ဓမ္မတာရာသီလာခြင်း ပထမပတ်မှာ စတင်ရမှာ ဖြစ်ပါတယ်။ ပထမပိုင်းဆေးကုသမှု နဲ့ ဒုတိယပိုင်းပြန်လည်ကုသမှု အကြားမှာ ဓမ္မတာစက်ဝန်း ၂ကြိမ်စာ ခေတ္တ နားသင့်ပါတယ်။ ပထမပိုင်းကုသမှုပြီးတဲ့နောက်၊ ၂ ကြိမ်မြောက် ရာသီပြန်လာမှုရဲ့ ပထမအပတ်မှာ ဒုတိယပိုင်း ပြန်လည်ကုသမှု ကို စတင်ရမှာ ဖြစ်ပါတယ်။

Esmya ဆေးဖြင့် ကုသရန်မသင့်သော လူနာများ

ဆေးထဲမှာ ပါတဲ့ အဓိကဓာတ်တွေနဲ့ မတည့်တဲ့သူတွေ၊

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ၊

သားအိမ်အလုံးကြောင့်မဟုတ်ဘဲ အခြားမသိနိုင်တဲ့အကြောင်းတစ်ခုခုကြောင့် သွေးဆင်းနေတဲ့ လူနာတွေ၊

သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာ ဖြစ်နေတဲ့လူနာတွေ နဲ့

အသည်းကောင်းကောင်းအလုပ်မလုပ်တဲ့ / အသည်းရောဂါ ခံစားနေရတဲ့ လူနာတွေ။

အဲဒီတော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် သားအိမ်ထဲမှာ အလုံးတွေ့တိုင်းလည်း တအားကြီး စိတ်ပူစရာမလိုပါဘူး။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အလုံးရဲ့ ကြီးထွားလာမှုကို စောင့်ကြည့်ရပါမယ်။ ယေဘုယျအားဖြင့် ခွဲထုတ်စရာလည်း မလိုပါဘူး။ ဒီကနေ့မှာ ပေျာက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးတွေလည်း ရှိနေပြီမို့လို့ အတွေ့အကြုံကောင်းပြီး ကျွမ်းကျင်တဲ့ တရားဝင် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များနဲ့သာ တိုင်ပင်ကုသပါ လို့ အရေးတကြီး သတိပေးလိုက်ရပါတယ်။

သားသမီးရလိုသူတွေအတွက် ဆောင်းပါး သီးသန့်လည်း ဖော်ပြပြီးပေမယ့် ဒီမေးခွန်းကို မကြာခဏ အမေးများတဲ့အတွက် ထပ်မံဖြေပေးလိုက်ပါတယ်...
31/12/2024

သားသမီးရလိုသူတွေအတွက် ဆောင်းပါး သီးသန့်လည်း ဖော်ပြပြီးပေမယ့် ဒီမေးခွန်းကို မကြာခဏ အမေးများတဲ့အတွက် ထပ်မံဖြေပေးလိုက်ပါတယ်။ သားသမီးရတနာ လိုချင်သူများ အမြန်ဆုံး ပိုင်ဆိုင်ရရှိကြပါစေ။

အမျိုးသားက သုက်ရည်အားပြည့်မှု ရှိရပါမယ်။ အမျိုးသမီးဘက်မှာကျတော့ သားအိမ်၊ သားဥအိမ်မှာ အလုံးအကျိတ်တွေရှိလား၊ ပြွန်လမ်းကြောင်း ပွင့်လား၊ သားဥကြွေလား ဒါတွေကို အခြေ ခံအနေနဲ့ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒါတွေ စစ်ဆေးလို့ အားလုံးကောင်းနေရင် အမျိုးသားက သုက်ကောင်ရည် လှုပ်ရှားမှုကို အားပေးတဲ့ ဇင့်ပါတဲ့ အားဆေး သောက်ရပါမယ်။ အမျိုးသမီးက ဗီတာမင်အီး၊ ဖောလစ်အက်စစ်သောက်ရပါမယ်။ ရာသီလာပြီး ၁၀ ရက်အကြာမှာ တစ်ရက်ခြား ၅ ရက် အတူနေပေးပါ။

31/12/2024

🤍 အဖြူမဆင်းရင်လည်း မိန်းမကိုယ်ခြောက်သွေ့မှုဖြစ်စေနိုင်သလို
🤍 အဖြူဆင်းမှလည်း မိန်းမကိုယ်က ရောဂါပိုးမွှားများကို
ကာကွယ်နိုင်မှာဖြစ်ပါတယ် ။

🤦ဒါပေမယ့် အဖြူဆင်းလွန်းပီး ပုံမှန်ထပ်လွန်ကဲလာတဲ့အခြေအနေမှာ အရောင်တွေ အနံ့တွေပါလာမယ်ဆိုရင်တော့ ကျန်းမာရေးပြသနာတွေကရှိလာပြန်ပါတယ်။

🤍အဖြူဆင်းခြင်းက အမျိုးသမီးတိုင်း ကြုံတွေ့ရတဲ့လက္ခဏာဖစ်လို့
ရှက်မနေပဲ သေချာလေးကုသပေးပါနော်။

#ကလေးမလိုချင်သူများအတွက်
#အမျိုးသမီးဟော်မုန်းအားဆေး
#ဟော်မုန်းညီမျှစေတယ်
#သားအိမ်အားကောင်းစေတယ်
#အဖြူဆင်းအနံထက်ယားယံတာသက်သာစေတယ်
#အမျိုးသမီးကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ

ဒုတိယနှလုံး (သို့မဟုတ်) ခြေသလုံး...🙂အသက်၅၀ကျော်လျှင် လမ်းလျှောက်ပါ...သဘာဝကြီးက လူတွေကိုမွေးကတည်းက ပေးထားတဲ့  နှလုံးဟာ တစ...
31/12/2024

ဒုတိယနှလုံး (သို့မဟုတ်) ခြေသလုံး...🙂

အသက်၅၀ကျော်လျှင် လမ်းလျှောက်ပါ...

သဘာဝကြီးက လူတွေကိုမွေးကတည်းက
ပေးထားတဲ့ နှလုံးဟာ တစ်ခုတည်းမဟုတ်ပါဘူး။
အဖော်ပါလာပါတယ်။အဲဒါဟာခြေသလုံးတွေက ကြွက်သားတွေပဲဖြစ်ပါတယ်။

နှလုံးခုန်ခြင်းဟာ သူဟာသူခုန်နေတာဖြစ်ပေမဲ့ခြေသလုံးက နှလုံးတွေကတော့လူကလုပ်ပေးမှ အလုပ်လုပ်တာပါ။

လူတစ်ယောက်ဟာတစ်နေ့ကိုနှလုံးခုန်တဲ့ အကြိမ်ပေါင်းတစ်သိန်းလောက်ရှိပါတယ်။ အဲဒါဟာသွေးတွေကိုသွေးလွှတ်ကြောကနေ တစ်ဆင့်တစ်ကိုယ်လုံးသို့ပို့လွတ်ဖို့ နှလုံးက pump လုပ်နေခြင်းဖြစ်ပါတယ်။

အဲဒီသွေးတွေဟာသွေးပြန်ကြောကနေတစ်ဆင့်နှလုံးကိုပြန်ရောက်လာပါတယ်။
သွေးလည်ပတ်တယ်ဆိုတာဟာ ဒါပါပဲ။

နှလုံးကသွေးတွေကိုညှစ်ထုတ်ပြီး တစ်ကိုယ်လုံးကို ကောင်းစွာရောက်ဖို့ဆိုတာ သူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

နှလုံးအိမ်ထဲမှာသွေးတွေလျော့နည်းနေရင် သွေးလွှတ်ကြောကနေ သွေးပို့လွှတ်မှုနည်းပါးသွားပါလေရော။ အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

သွေးလည်ပတ်မှုမကောင်းတော့ သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီးသွေးကြောပိတ်ဆို့မှုကိုဖြစ်စေပါတယ်။

နှလုံးအိမ်မှာ သွေးအားကောင်းဖို့အတွက် အထိရောက်ဆုံးလုပ်ပေးနိုင်တာကတော့ ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

ခြေသလုံး၂ခုကကြွက်သားတွေညှစ်ပေးမှ သွေးပြန်ကြောထဲကသွေးတွေကနှလုံးကိုကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာသွေးတွေပြည့်သွားတော့မှ နှလုံးကညှစ်လိုက်ရင်သွေးတွေဟာအားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို တရှိန်ထိုးဝင်ရောက်သွားပါတယ်။

ရေပိုက်တစ်ခုထဲမှာရေအားနည်းရင် ရေကကောင်းကောင်းမစီးဘဲ ရေထဲမှာပါလာတဲ့ အနည်တွေထိုင်ပါတယ်။

ကြာတော့ ရေပိုက်ပိတ်ဆို့မှု ဖြစ်လာရော။ ရေအားကောင်းကောင်းနဲ့ထိုးလွှတ်လိုက်တော့ ရေပိုက်ထဲကအနည်တွေ ပိတ်နေတာတွေလည်း ရှင်းသွားပါတယ်။သွေးကြောကလည်းအဲဒီသဘောအတိုင်းပဲ။

နှလုံးမှာသွေးအားကောင်းဖို့အတွက်ခြေသလုံးကြွက်သားတွေ ညှစ်မှရတာပါ။ခြေသလုံးကြွက်သားတွေညှစ်ဖို့ဆိုတာ လမ်းလျှောက်ပေးမှ ရတာပါ။

အပြေးလေ့ကျင့်မှ ရတာပါ။ ခြေသလုံးကြွက်သားတွေအကြိမ်ကြိမ်ညှစ်မှ နှလုံးသွေးအားကောင်းပြီးသွေးကြောတွေ ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာလူတွေဟာလမ်းတောင် မလျှောက်ကြဘဲ ဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ အချိန်ကုန်နေကြပါတယ်။

ဒါကြောင့်နှလုံးသွေးကြောပိတ်ပြီး နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ အများကြီးပါပဲ။

ခြေသလုံး၂ခုကို လှုပ်ရှားပြီး ကြွက်သားတွေကိုညှစ်ပေးနိုင်မှ နှလုံးအားကောင်းပြီးကျန်းမာ ကြပါလိမ့်မယ်။လမ်းလျှောက်တဲ့လူတွေအသက်ရှည်တယ်ဆိုတာ၊ ဒါကြောင့်ပါ။

ချစ်ခင်လေးစားလျှက်,

နုပျိုချင်သလား? ပြေးပါ......
အသက်ရှည်ချင်သလား? လမ်းလျှောက်ပါ......

Credit_Original uploader
#𝐇𝐬𝐮𝐦𝐲𝐚𝐭

❗မျဉ်းနှစ်ကြောင်း ပေါ်လို့ အဆင်သင့်မဖြစ်သေးပဲ ရလာတဲ့ ပူပင်သောကတွေရှိနေပြီလား အခုပဲဖြေရှင်းလိုက်ပါ❗မျဉ်း၂ကြောင်းကနေ၁ကြောင...
27/12/2024

❗မျဉ်းနှစ်ကြောင်း ပေါ်လို့ အဆင်သင့်မဖြစ်သေးပဲ ရလာတဲ့ ပူပင်သောကတွေရှိနေပြီလား အခုပဲဖြေရှင်းလိုက်ပါ❗

မျဉ်း၂ကြောင်းကနေ၁ကြောင်းတည်းဖြစ်ဖို့တာဝန်ယူပါတယ်ရှင့်🤎

✅ရန်ကုန်/မန္တလေး/မုံရွာ/ပြင်ဦးလွင်/နေပြည်တော်/မကွေး/တောင်ကြီး အိမ်ရောက်ငွေချေရပါတယ်ရှင့်📦

✅ကျန်မြို့များ ငွေလွှဲဝင်တာနဲ့ ကားဂိတ်တင်ပေးပါတယ်ရှင့်🚛

⏩⏩cbမှာဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်⏪⏪
⏩⏩09 268748884(phone or viber)⏪⏪

26/12/2024

Hi

Address

Yangon

Telephone

+9753566801

Website

Alerts

Be the first to know and let us send you an email when အောင် - ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram