Wellness Guard tips by Dr.Nyein

Wellness Guard tips by Dr.Nyein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wellness Guard tips by Dr.Nyein, Medical and health, North Dagon Township, Yangon.

✨ ရာသီအကူးအပြောင်းမှာ အအေးမိ၊ တုပ်ကွေးတွေ အဖြစ်များနေတာမို့ အအေးမိဖျားနာကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာလေး တင်ပေးလိ...
14/03/2024

✨ ရာသီအကူးအပြောင်းမှာ အအေးမိ၊ တုပ်ကွေးတွေ အဖြစ်များနေတာမို့ အအေးမိဖျားနာကင်းဝေးအောင် ဘယ်လိုနေထိုင်ရမလဲ ဆိုတာလေး တင်ပေးလိုက်ပါတယ်နော်

🦠 အအေးမိဖျားနာ ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လေထုကတဆင့် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေ ကူးစက်ပြန့်ပွားနေချိန်မှာ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ်ခံအားနည်းနေတာကြောင့် ရောဂါပိုးတွေက အလွယ်တကူ ဝင်လာရတာပါ
‎‎
🌀 ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး အအေးမိဖျားနာခြင်းတွေက ကင်း‌ဝေးစေဖို့ဆို

✔️ တစ်နေ့တာလိုအပ်တဲ့ အာဟာရဓာတ်တွေ စုံလင်မျှတအောင် ကြိုတင်ပြင်ဆင်ပြီး စားသုံးနေထိုင်ပါ
✔️ လူထူထပ်တဲ့နေရာတွေ သွားခြင်းမှရှောင်ပါ
✔️ မသွားမဖြစ် သွားရမယ်ဆို Mask ကိုသေချာစွာတပ်ပါ
✔️ လက်ကို မကြာခဏဆေးပါ
✔️ အိပ်ရေးဝအောင် အိပ်ပါ
✔️ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပါ
✔️ တုပ်ကွေးကာကွယ်ဆေးများ ကြိုတင်ထိုးနှံပါ


အသက်အာမခံက လူတိုင်း ထားသင့်တာလား❓‎💁 ကိုယ့်စီမှာ လုံလောက်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီးသားရှိတယ် ကိုယ့်အပေါ် မှီခိုနေတဲ့ မိ...
10/03/2024

အသက်အာမခံက လူတိုင်း ထားသင့်တာလား❓

💁 ကိုယ့်စီမှာ လုံလောက်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီးသားရှိတယ် ကိုယ့်အပေါ် မှီခိုနေတဲ့ မိသားစု ရှိမနေဘူးဆိုရင်တော့ မလိုပါဘူး

ဒါပေမဲ့

👨‍👩‍👧‎ ကိုယ်က ကိုယ့်မိသားစုအတွက် ထီးသဖွယ် အုပ်မိုးပြီး ကာကွယ်စောင့်ရှောက်နေရတဲ့သူဆိုရင်တော့ ထားကိုထားသင့်တယ်လို့ အကြံပေးပါရစေ ☂☂☂

‎ 🏆 လူတယောက်ချင်းစီတိုင်းက မတူညီတဲ့ ဘဝပန်းတိုင် ဘဝရည်မှန်းချက်တွေရှိကြပါတယ်

📌 ကိုယ့်သားသမီး ပညာကောင်းကောင်းသင်စေချင်တာ
📌 အိမ်ကောင်းကောင်းနေချင်တာ
📌 မိသားစု ပျော်ပျော်ရွှင်ရွှင်နေချင်တာကစလို့ အမျိုးမျိုးရှိကြပါတယ်


ဒီလို အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ရှောင်လွှဲလို့မရတဲ့ မမျှော်လင့်တဲ့

♦‎နာမကျန်းဖြစ်မှု
♦မတော်တဆဖြစ်မှု အစရှိတဲ့ Risk တွေကို ကြုံလာရတတ်ပါတယ်

🌞 မမြင်နိုင်တဲ့ ဒီ Risk တွေကို လျော့ချနိုင်ဖို့ ဂရုတစိုက် နေထိုင်သင့်သလို ကြုံလာတဲ့အခါ မိသားစုတွေ ငွေကြေးကြောင့် မပြိုလဲရလေအောင်လည်း စီစဉ်ထားသင့်ပါတယ်


ကိုယ့်မိသားစု နောင်ရေးအတွက် စိတ်အေးရလေအောင် ​​ပြုလုပ်ထားချင်တယ်ဆိုရင်တော့ 👉👉👉

အသက် အာမခံထားရှိခြင်းက ထည့်သွင်းစဉ်းစားသင့်တဲ့ Finicial Planning အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်နော်💝💝💝





မင်္ဂလာပါ 💝 " အာမခံ "ကို ဘာကြောင့် စပြီးစိတ်ဝင်စားခဲ့တယ်ဆိုတဲ့ Story လေးတခု Sharing  လေးလုပ်ချင်တာပါ နံပါတ် တစ်ကတော့ သား...
07/03/2024

မင်္ဂလာပါ 💝

" အာမခံ "ကို ဘာကြောင့် စပြီးစိတ်ဝင်စားခဲ့တယ်ဆိုတဲ့ Story လေးတခု Sharing လေးလုပ်ချင်တာပါ

နံပါတ် တစ်ကတော့ သားသားပေါ့ သား ဖျားတာ လေးရက်နဲ့မသက်သာတော့ ဆရာဝန်ပြ မသက်သာရင် ဆေးရုံတက်ရတော့မယ်ဆိုတဲ့ အချိန်မှာ ကိုယ်ပူမိတာ သားအတွက်အပြင် ဆေးရုံစရိတ်တွေက ကြီးမှာဆိုတာလေး ခေါင်းထဲရောက်လာတယ်

စုငွေလည်း လက်ထဲမှာများများမရှိတော့ တခုခုဆို ဘယ်ဟာရောင်းရမလဲ စပြီး စဉ်းစားမိတာပေါ့

ကိုယ်တစ်ယောက်ထဲ ခေါင်းထဲမှာ ချာလည်လည်နေတာ

အဲ့မှာ ရုပ်ရှင်တွေမှာကြည့်ဖူး ကြားဖူးတဲ့ ကျန်းမာရေးအာမခံအကြောင်း သတိရသွားတယ်

အော် ငါအာမခံဝယ်ထားမိရင် ကောင်းသားဆိုပြီး ဖြစ်ခဲ့တယ်

ဒီလိုနဲ့ အာမခံကို စပြီးစိတ်ဝင်စား လေ့လာဖြစ်ခဲ့ပါတယ်




Address

North Dagon Township
Yangon
11421

Telephone

+959982892793

Website

Alerts

Be the first to know and let us send you an email when Wellness Guard tips by Dr.Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Wellness Guard tips by Dr.Nyein:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram