NYEIN-Counseling&Empowerment

NYEIN-Counseling&Empowerment Let me be with you
“လုံခြုံစိတ်ချရင်ဖွင့်ပါ
သင်နဲ့အတူရှိနေမှာ"

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင် အနီးနားကသူတွေကသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာခွန်အားများအတွက် လိုအပ်ပါက ကျွန်မမှ လူချင်းတွေ့ဆုံ၍သော်လည်းကောင်း၊ Online မှသော်လည်းကောင်ဆွေးနွေးပေးပါသည်။ သို့ဖြစ်ပါ မည်သူမဆိုလိုအပ်ခဲ့ပါက ကြိုတင်ပြီး ချိန်းဆိုရရှိနိုင်ပါသည်။

နှစ်သိမ့်ဆွေးနွေးမှုဝန်ဆောင်မှုများကို လူတွေ့ (သို့) Online မှတဆင့် ရယူနိုင်ပါပြီရှင်။ မင်းရဲ့ငြိမ်း
15/10/2025

နှစ်သိမ့်ဆွေးနွေးမှုဝန်ဆောင်မှုများကို လူတွေ့ (သို့) Online မှတဆင့် ရယူနိုင်ပါပြီရှင်။

မင်းရဲ့ငြိမ်း

ယနေ့ကျရောက်သော World Mental Health  Day လေးမှာ ကမ္ဘာ တစ်ဝှမ်းလုံးက လူများလည်း စိတ်ကျန်းမာရေးကောင်းမွန်စေရန် ဆန္ဒပြုလိုက်...
10/10/2025

ယနေ့ကျရောက်သော World Mental Health Day လေးမှာ ကမ္ဘာ တစ်ဝှမ်းလုံးက လူများလည်း စိတ်ကျန်းမာရေးကောင်းမွန်စေရန် ဆန္ဒပြုလိုက်ရပါသည်။
ကျွန်မတို့၏ အဖွဲ့လေးသည်လည်း ယနေ့တွင် (၅) နှစ်ခရီးတိုင်ခဲ့ပြီဖြစ်ပါသည်။
ဤခရီးလေးတွင် ပါဝင်ကြသော သူများအားလုံး၊ လက်ဦးဆရာသမားများ၊ ယုံကြည်လက်တွဲပေးကြပါသော အဖွဲ့အစည်းများ၊ သူငယ်ချင်းမိတ်ဆွေများအားလုံးကိုမှတ်တမ်းတင်ကျေးဇူးတင်ရှိပါသည်။
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။









ငါတော့ လမ်းပျောက်နေသလိုခံစားရတယ်။ဘာဆက်လုပ်ရမလဲ? အရမ်းကိုရှုပ်ထွေးနေပြီ။ ရှင်းဖို့လိုနေပြီ။ ဘယ်သူ့ကို သွားပြောရမလဲ? ငါ့နာ...
24/09/2025

ငါတော့ လမ်းပျောက်နေသလိုခံစားရတယ်။
ဘာဆက်လုပ်ရမလဲ? အရမ်းကိုရှုပ်ထွေးနေပြီ။ ရှင်းဖို့လိုနေပြီ။ ဘယ်သူ့ကို သွားပြောရမလဲ? ငါ့နားမှာလည်း ငါအရင်းနှီးဆုံးသူတွေမရှိဘူး၊ ရှိလည်း ငါပြောမိရင် ငါ့ကို ဟားနေမလား? အပြစ်တင်မလား? ဝေဖန်ပြစ်တင်ခံရတာပဲ အဖတ်တင်မှာ။ ပြီးရင် သူများတွေကို လျှောက်ပြောနေရင် ငါတော့ သွားပြီ။
ငါဘယ်သူ့ကိုမှ မပြောပြချင်ဘူးကွာ။ မပြောရင်လည်း ငါတစ်ယောက်တည်း မွန်းကျပ်နေပြီ အစရှိတဲ့ အတွေးတွေ၊ ခံစားချက်တွေနဲ့ တစ်ယောက်တည်း ပိတ်လှောင်မပစ်လိုက်ပါနဲ့။
မင်းနဲ့အတူ
ကိုယ်ရှိနေပါတယ်နော်။
ကိုယ် ဘယ်သူ့ကိုမှ ပြန်မပြောဘူးနော်။
ကိုယ်နားထောင်ပေးမယ်။
ကိုယ့်ကို ယုံကြည်ပေးရင်ရပြီ။
ကိုယ်တို့အတူ ရှင်းလင်းအောင် လုပ်ကြတာပေါ့။
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️

မင်းရဲ့ ငြိမ်း

ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။








မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား….နေထိုင်ရာကမ္ဘာကြီးမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာကြတာပဲ…ထိုဖြစ်လာမှုတွေက အကြိမ်ကြိမ်ကျရှု...
19/09/2025

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား….
နေထိုင်ရာကမ္ဘာကြီးမှာ မဖြစ်နိုင်တာတွေလည်း ဖြစ်လာကြတာပဲ…ထိုဖြစ်လာမှုတွေက အကြိမ်ကြိမ်ကျရှုံးမှုတွေ၊ ကဲ့ရဲ့လှောင်ပြောင်ခံရခြင်းတွေ၊ အထင်သေးထိုးနှက်ခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ အစရှိတာတွေကို နာကျင်ခြင်းတွေကို အကောင်းဘက်ကို ပုံသဏ္ဏာန်ပြောင်း၊ ဒေါတွေကို မခံချင်စိတ်အဖြစ်ပြောင်းလဲ၊ အချိူ့အရာတွေကို စိတ်ရှည်ပြီး အချိန်တစ်ခုအားဖြင့် သက်သေပြကျော်ဖြတ်ခဲ့ကြပြီး လိုချင်တဲ့ အိပ်မက်၊ ဆန္ဒရှိတဲ့အရာတွေကို အကောင်အထည်ဖော်ရင်းပဲ ဒီကမ္ဘာကြီးမှာ မဖြစ်နိုင်ပါဘူးဆိုတဲ့ အရာတွေဖြစ်လာတာပဲမို့
မင်းလည်းပြန်စဉ်းစားကြည့်ပါ မင်းဘဝမှာ ကြိုးစားနေတဲ့အရာကို လက်လျော့တော့မယ်ဆိုတိုင်း
မဖြစ်နိုင်ဘူးဆိုတာ တကယ်သေချာပြီးလားဆိုပြီးတော့….ဆက်၍လျှောက်ပါ၊ မရပ်တန့်လိုက်ပါနဲ့၊
မင်းနဲ့လက်တစ်ကမ်းအကွာက မင်းဖြစ်ချင်တာတွေကို သက်သေပြလိုက်ပါ။

မင်းရဲ့ငြိမ်း

“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။







ချစ်ရပါသော မိတ်ဆွေ၊ သူငယ်ချင်းများရှင့် ကျွန်မတို့အဖွဲ့လေး၏ ဝန်ဆောင်မှုများကို အောက်တိုဘာလ၊ ၂၀၂၅ အထိ ခဏ ရပ်နားထားပါမည်ဖြ...
19/09/2025

ချစ်ရပါသော မိတ်ဆွေ၊ သူငယ်ချင်းများရှင့်

ကျွန်မတို့အဖွဲ့လေး၏ ဝန်ဆောင်မှုများကို အောက်တိုဘာလ၊ ၂၀၂၅ အထိ ခဏ ရပ်နားထားပါမည်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက်
အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများနှင့် ပြန်လာပါမည်။

“တစ်နေ့အတာအတွက် စိတ်ကြည်နူးစရာ..”😣မျက်မှောင်ကြုံ့ကြည့်ပါဦး...🤨ဘယ်လိုနေလဲ.. ခံစားလို့ကောင်းလား?🙂‍↔️🙂‍↕️မျက်နှာကြောလေးတွေ ...
02/09/2025

“တစ်နေ့အတာအတွက် စိတ်ကြည်နူးစရာ..”
😣မျက်မှောင်ကြုံ့ကြည့်ပါဦး...
🤨ဘယ်လိုနေလဲ.. ခံစားလို့ကောင်းလား?
🙂‍↔️🙂‍↕️မျက်နှာကြောလေးတွေ လျှော့ပြီး နှုတ်ခမ်းလေးတွေကို ဘေးဘက်ဆန့်ပြီး ပြုံးရောင်သမ်းတဲ့ပုံလေးရော…
🤗လုပ်ကြည့်ကြဦးစို့..
🤩ဘယ်လိုနေလဲ.. ခံစားရတာရော.. ကောင်းလား?
🤗ကိုယ်တို့လေ.. မျက်မှောင်ကြုံ့မိနေရင် အသက်လေးရှူသွင်း ရှူထုတ် (ပုခုံးကြောလေးပါ လျှော့ချ).. ပြီး .. မျက်နှာကြောလေးလျှော့လိုက်ကြရအောင်..
🥳တစ်နေ့တာအတွက် စိတ်ကြည်နူးမှုအနည်းငယ်ရသွားမှာ..
မင်းအတွက် ..
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။







“လုပ်ငန်းခွင်အတွင်း မှသိမ်ငယ်မှု နှင့် သောကဝေဒနာများ”🍱မနက်ဆို အိပ်ယာကထ မိသားစုက ထည့်ပေးတဲ့ ထမင်းချိုင့်ကလေးကိုဆွဲ မိုးရွ...
29/08/2025

“လုပ်ငန်းခွင်အတွင်း မှသိမ်ငယ်မှု နှင့် သောကဝေဒနာများ”
🍱မနက်ဆို အိပ်ယာကထ မိသားစုက ထည့်ပေးတဲ့ ထမင်းချိုင့်ကလေးကိုဆွဲ မိုးရွာရွာ နေပူပူ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့ဘဝတွေ….
🍱အိမ်မှာ မိသားစုနဲ့ Chill ရတဲ့ဘဝထက် လုပ်ငန်းခွင်က ဒုတိယ မိသားစုဖြစ်လာတာပါပဲ။
ထို့ကြောင့်လည်း မိသားစု လုပ်ငန်းလို့များခေါ်ကြသလားပဲ။ မိသားစုရဲ့ အဓိပ္ပါယ်က များစွာလေးနက်ပါတယ်။
🤕တကယ့် လုပ်ငန်းခွင်ကတော့ အတ္တတွေပြိုင်ဆိုင်နေတဲ့ အတ္တတွေရှေ့တန်းတင် အငြိုးတကြီး တိုက်ခိုက်နေကြတာကိုတွေ့မြင်ရပါတယ်။
🤕အဆင့်ဆင့် ဆင့်ကဲ ရာထူး အာဏာပြမှုတွေက လုပ်ငန်းခွင်မှာ အရမ်းများပါတယ်။ (သူဌေး၊ မန်နေဂျာ၊ စီနီယာ၊ ဂျူနီယာ အစရှိသဖြင့်ပေါ့)
🤕တစ်ဦးနဲ့တစ်ဦးတွဲခေါ်ဖေးမခြင်းထက် တစ်ဦးမကောင်းကြောင်းတစ်ဦးဖော်ထုတ်ပြီး၊ တစ်ဦးအပြစ် တစ်ဦးထိုးချခြင်းဖြင့် များသောအားဖြင့် လည်ပတ်နေကြတာများပါတယ်။
🤕လုပ်ငန်းခွင်မှာ #သိမ်ငယ်မှုများတဲ့သူတွေက ပိုလို့ပင် သူများအပြစ်တွေ ပုံချရင်း သူ့တို့ရဲ့ သိမ်ငယ်မှုကို ထိန်းရပါတယ်။
👿ကိုယ့်ရဲ့ သိမ်ငယ်မှုကို ကိုယ်မဆန်းစစ်နိုင်။
👿ကိုယ့်ရဲ့ကျွမ်းကျင်မှုကို ကိုယ် မမြှင့်တင်နိုင်။
👿ကိုယ့်ရဲ့ လုပ်နိုင်စွမ်းကို ကိုယ်လက်မခံနိုင်။
👿ကိုယ့်ရဲ့ စွမ်းဆောင်ရည် ကိုယ်ပြန်မတိုင်း။
👿ကိုယ့်ရဲ့ တာဝန်ယူမှုတာဝန်ခံမှုက မရှိ။
👿ကိုယ်နဲ့မတူ ငါ့ရန်သူဆိုတာမျိုးတွေ။
👿လုပ်ငန်းခွင် အုပ်စုဖွဲ့ ခွဲခြားဆက်ဆံမှု။
အစရှိတဲ့ ခေါင်းဆောင်မှု လက်အောက်မှာ လုပ်ကိုင်ရတဲ့သူအတွက်ကတော့ တကယ့်ကို နေ့တိုင်းက သောကဝေဒနာခံစားရပါတယ်။
🤦လုပ်ငန်းခွင် ပျော်ရွှင်မှုကို မရကြတဲ့သူတွေရဲ့ အိမ်အပြန်လမ်းက နေ့တိုင်းသောကဝေဒနာဖြစ်ပြီး။
🤦မိုးလင်းတိုင်း ဝင်ရမည့် လုပ်ငန်းခွင်ကတော့ စစ်မြေပြင်လား။ ငရဲလားတောင် ကွဲပြားမှု မရှိတော့ပါဘူး။
ထိုသို့သော လုပ်ငန်းခွင်ကို ရောက်ရှိသွားတဲ့သူတွေအတွက် ရွေးချယ်ခွင့်က ဘာဖြစ်မလဲ..?
🤷အလုပ်ထွက်တာလား?
🤷ပြန်တိုက်ခိုက်တာလား?
🤷အိမ်က မိသားစုဆီ ပြန်လည်ပုံချတာလား။
🤷တကယ့်ရွေးချယ်မှုတွေက မလွယ်ကူပါဘူး။
💁‍♀️ဘဝရဲ့အချိန်တစ်ဝက်လောက်ကုန်နေတဲ့ လုပ်ငန်းခွင်လေးက တကယ်ဆို အပြိုင်အဆိုင်နည်းပါးစွာနဲ့ ပျော်ရွှင်နေသင့်တာ မဟုတ်ဘူးလား။
💁‍♀️သိပ်ချစ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် အတူရှိနေလို့မရဘူးလား။
💁‍♀️အချင်းချင်း နားလည်မေတ္တာထားမှု သည်းခံမှုတွေနဲ့ ငြိမ်းချမ်းတဲ့လုပ်ငန်းခွင်လေးဖြစ်လို့မရဘူးလား။
💁‍♀️လူသားချင်းအတူတူ ဘဝတူချင်းအတူတူ ဖေးမ လက်တွဲခေါ်ဆောင်လို့မရဘူးလား။
💁‍♀️တကယ်ပဲ ကိုယ့်ရဲ့ အတ္တတွေ ဘေးဖယ်ပြီး နားထောင်ပေးလို့မရဘူးတဲ့လား။
💁‍♀️အပြန်အလှန်လေးစားသမှုတွေနဲ့ ဆက်ဆံပေးလို့မရဘူးလား….အစရှိသဖြင့် အစရှိသဖြင့်….
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။








နောင်တအခါလွန်နောင်တ….နှောင်းမှ ရသောနောင်တ…အစရှိသဖြင့် တင်စားခေါ်ဝေါ်ကြတယ်။ တချို့က ဘဝမှာ တစ်ခါမှ နောင်တ မရဖူးဘူးလို့ ကျွ...
24/08/2025

နောင်တ
အခါလွန်နောင်တ….နှောင်းမှ ရသောနောင်တ…အစရှိသဖြင့် တင်စားခေါ်ဝေါ်ကြတယ်။
တချို့က ဘဝမှာ တစ်ခါမှ နောင်တ မရဖူးဘူးလို့ ကျွေးကြော်ကြသလို….တချို့ကလည်း နောင်တများစွာရပြီး ပြိုလဲကြတယ်…..
ကိုယ်မမှားဘူးဆို နောင်တ ဆိုတာကို မလိုချင်တဲ့သူတွေ ပိုများပါတယ်။
ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တိုင်း….
ပြုမူလိုက်တဲ့ အပြုအမူတိုင်း….
တွေ့ဆုံနေရတဲ့အရာတိုင်းမှာ လူတိုင်း “နောင်တ”
ကင်းချင်ကြတာပဲ။ အထူးသဖြင့် ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအပေါ်မှာ ပိုပြီးတောင် နောင်တ မလိုချင်ဘူး။ ဒါပေမယ့် နောင်တ ရစရာ အဖြစ်အပျက်တွေက ဖြစ်ပြီးခဲ့ပြီလေဆိုတော့…. နောင်တဆိုတဲ့အတိုင်း နောင် မှ တ တဲ့ အရာမို့ ဖြစ်ပြီးမှပဲသိကြတာပါ။
နောင်တတွေက ပြန်ပြင်လို့ရလားမေးရင် ကိုယ့်အဖြေကတော့ နောင်တတွေက ပြန်ပြင်လို့ရတဲ့ အခွင့်အရေးနည်းပါးပါးတယ်။
ပြန်ပြင်လို့မရတဲ့ နောင်တ အတွက် ဘယ်လို
ရှေ့ဆက်ရမလဲ။
ကိုယ့်အတွက်ကတော့
☘️နောင်တ တွေပဲ ရနေ ခြင်းက ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲလိုမြင်မိတယ်။ (ကိုယ်လုပ်ခဲ့တဲ့ အရာမျိုး ကိုယ်ချစ်ရသူက လုပ်ခဲ့ရင် ကိုယ့်ကိုယ်ကို အပြစ်တင်သလိုမျိုး တင်နေဖြစ်မှာတဲ့လား။)
☘️ ကိုယ်နောင်တ ရနေတယ်လို့ ခံစားရရင်ကိုပဲ ဒါဟာ ရှေ့ဆက်ဖို့ကောင်းတဲ့ လက္ခဏာရပ်ပါပဲ။ ရှေ့ဆက်ပါ။ အရှုံမပေးလိုက်ပါနဲ့။
☘️ ကိုယ်လုပ်ခဲ့တဲ့အရာကို နောင်တ ဆိုရင် ထို နောင်တ လက်ခံလိုက်ပါ။ ကိုယ့်ကိုယ်ကို မရှောင်ပြေးပါနဲ့။
☘️ ပြန်ပြင်လို့ရတယ်ဆိုရင် အချိန်မနှောင်းခင် ပြန်ပြင်ပါ။ (အခြေနေပေါ်မူတည်ပြီး)
☘️ နောင်တရဲ့ အလှပဆုံးတရားက နောင်တကို သင်ခန်းစာ အဖြစ် ၊ အတွေ့အကြုံကောင်းတစ်ခုအဖြစ်ပြောင်းလဲလိုက်ခြင်းပါ။
☘️ တချို့နောင်တ မှတဆင့် သင်ယူရခြင်းက
ဘဝမှာ အတန်းပညာ ၊ သီအိုရီတွေထက် ပိုကောင်းတဲ့ ဘဝ သင်ခန်းစာတွေ ကို ပေးစွမ်းနိုင်ပါတယ်။
☘️ ကိုယ့်ရဲ့ စိတ်ခံစားချက် (Emotion) တွေကို လေ့လာပါ၊ ကိုယ်ကို နားလည်အောင်လုပ်ပါ။
စီမံခန့်ခွဲပါ။
☘️ ခွင့်လွှတ်ဖို့လိုအပ်ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။ သူများကိုလည်း ခွင့်လွှတ်တတ်ပါစေ။
☘️ အမှားလုပ်မိတယ်ဆိုရင်လည်း တောင်းပန်တက်ပါစေ။ ကိုယ့်အမှားကိုယ်မသိတဲ့သူက ဘယ်နောင်တကိုမှလည်း ဆင်ခြင်နိုင်မှာ မဟုတ်ပါဘူး။
☘️ နောင်တ တစ်ခုတည်းကိုပဲ တစ်ပုံစံတည်း ထပ်ခါတလဲလဲ မရ အောင် အသိနဲ့ သတိရှိပါစေ။
🚨ကိုယ်ချစ်ရတဲ့သူတွေကိုလည်း “ ချစ်တယ်”လို့ပြောဖို့လည်း နောက်မကျပါစေနဲ့နော်။
☘️ ဘဝ မှာ နောင်တ ကင်းတဲ့သူ ဖြစ်/ မဖြစ် မသေချာပေမယ့်… နောင်တ နည်းတဲ့သူတွေတော့ ဖြစ်ကြပါစေ။

မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။








“စိတ်ရဲ့ Vitamin “💊ကိုယ်တွေရဲ့ ခန္ဓာကိုယ်လေး နေမကောင်းရင်ဖြစ်ဖြစ်…ပင်ပန်းနွမ်းနယ်နေရင်ဖြစ်ဖြစ်…လိုအပ်လိုဖြစ်ဖြစ်…လှဖို့ပ...
19/08/2025

“စိတ်ရဲ့ Vitamin “
💊ကိုယ်တွေရဲ့ ခန္ဓာကိုယ်လေး နေမကောင်းရင်ဖြစ်ဖြစ်…ပင်ပန်းနွမ်းနယ်နေရင်ဖြစ်ဖြစ်…လိုအပ်လိုဖြစ်ဖြစ်…လှဖို့ပဲဖြစ်ဖြစ်…အားဖြည့်ဖို့ဖြစ်ဖြစ်….အသက်အရွယ်အရ လိုအပ်လို့ဖြစ်ဖြစ်…အားပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်ဆို 💊Vitamin (A-Z🤪) သောက်သုံးကြတယ်။
🥗ဒါဆို….တို့တွေရဲ့ စိတ်ကလေးပင်ပန်းရင်ရော….နာမကျန်းရင်ရော…လိုအပ်ခဲ့ရင်ရော…ဘယ်လိုစိတ်ကလေးကို အားပြန်လည်ဖြည့်တင်းဖြစ်ကြသလဲ….ကိုယ့်ရဲ့ စိတ်ကလေးကို
အားဖြည့်ပေးတဲ့ Vitamin လေးကရော ဘာများဖြစ်မလဲ….. ။
ဝေမျှပေးလို့ရပါတယ်။ မဝေမျှလည်းပဲ ကိုယ့်ရဲ့ စိတ်ခွန်အားဖြည့်တဲ့ Vitamin လေးကို ဒီနေ့အတွက် မှီဝဲဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။

မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။














“တခြားသူတွေကိုယ့်ကိုယ်သဘောကျလာဖို့ကို စောင့်မနေနဲ့…ကိုယ့်ကိုယ်ကို  သဘောကျတာက ပိုကောင်းပါတယ်။မင်းက မင်း ဒီအတိုင်းလေးရှိနေ...
15/08/2025

“တခြားသူတွေကိုယ့်ကိုယ်သဘောကျလာ
ဖို့ကို စောင့်မနေနဲ့…
ကိုယ့်ကိုယ်ကို သဘောကျတာက ပိုကောင်းပါတယ်။
မင်းက မင်း ဒီအတိုင်းလေးရှိနေပါတယ် 🦋”

မင်းရဲ့ငြိမ်း

လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️

ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။







14/08/2025

✌️အေးချမ်းခြင်းဆိုတဲ့နေရာလေးကို လူတိုင်းလိုချင်ကြပါတယ်။
✌️ လိုက်၍ ရှာကြသူများလည်းရှိပါတယ်။
✌️တစ်ချို့ကတော့ တွေ့ရှိခဲ့ကြပြီး…
✌️တစ်ချို့ကတော့ရှာဖွေနေဆဲပေါ့…
✌️ တစ်ကယ်တော့ အေးချမ်းခြင်းဆိုတာ အဝေးကြီးမှာရှိတာ မဟုတ်ပါဘူး…
✌️ ကိုယ့်ရဲ့အနီးဆုံး နှလုံးသားထဲမှာပဲရှိတာမို့
✌️ ရှာဖွေ၍တွေ့ရှိကြပါစေ။

မင်းရဲ့ငြိမ်း

“လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ”..❤️❤️

ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။








တစ်နေ့တာ အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသော စေတနာ့ဝန်ထမ်းများအတွက် စိတ်လူမှုထောက်ပံ့ခြင်းအစီအ...
10/08/2025

တစ်နေ့တာ အင်းလေးဒေသ ငလျင်ဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသော စေတနာ့ဝန်ထမ်းများအတွက် စိတ်လူမှုထောက်ပံ့ခြင်းအစီအစဉ် (Psychosocial Support Session) နှင့် အဖွဲ့လိုက် စကားဝိုင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်း သင်တန်း ပြီးဆုံးခြင်းကျေးဇူးလွှာ~~~~❤️❤️❤️
အင်းလေး လင်းကင်းကျေးရွာမှ စေတနာ့ဝန်ထမ်းအမျိုးသမီးများ (၁၁)ဦးအတွက် Psychosocial Support အစီအစဉ်နှင့် နားထောင်ခြင်းသင်တန်း ပြီးဆုံးပြီးနောက် မိမိတို့ ရပ်ရွာတွင် အင်းသားအချင်းချင်း ပြန်လည်ပြီး အချင်းချင်းပံ့ပိုးကူညီနိုင်ရန်အတွက် ပါဝင်ကြသူများနှင့်အတူ စာတွေ့၊ လက်တွေ့ပြုလုပ်ဝေမျှခြင်း၊ တစ်ဦးချင်းစီ၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ အနာများကို ဆွေးနွေးခြင်း ၊ ၎င်းတို့ကိုယ်တိုင် လက်တွေ့ ပြုလုပ်ခဲ့သော အဖွဲ့လိုက်စကားဝိုင်းနောက်ဆက်တွဲအတွက် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာခံစားချက်များကို Supervision ပြုလုပ်ပေးခဲ့ပါသည်။
ထိုပြုလုပ်ဆွေးနွေးမှုအတွင်း ပါဝင်ကြသူများသည် ယုံကြည်မှုပေးခြင်း၊ စိတ်လုံခြုံနွေးထွေးခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပါဝင်ခဲ့ကြပါသည်။
ထို့အပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲခြင်းများအတွက် များစွာပီတိကြည်နူးမိပါသည်။
ဤအစီအစဉ်လေးအတွက်
🙏NYEIN-Counseling&Empowerment အဖွဲ့လေးကို
စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးရန်အတွက်ယုံကြည်စွာဖြင့် တာဝန်အပ်နှံပေးပါသောအဖွဲ့အစည်းများ….
🙏တက်ကြွစွာဖြင့်ပါဝင်ပေးကြသောပါဝင်ကြသူများနှင့်
🙏ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ၊ စီမံကိန်း အကျိုးခံစားခွင့်ရှိသူများ ကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်
အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုပေးရန် သော်လည်းကောင်း၊ အခြေခံနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများပေးရန်အတွက်သော်လည်းကောင်း NYEIN - Counseling&Empowerment လေးက သင်နဲ့အတူရှိနေပေးနိုင်ပါသည်။
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။










Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when NYEIN-Counseling&Empowerment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram