Thukha Hearing Aids

Thukha Hearing Aids ✨️Hear Better,Live Better ✨️
(2)

🦻 BTE နားကြားကရိယာ (ဓါတ်ခဲစနစ်)🦻✔️ အသံတိုးချဲ့မှုကောင်း✔️ သုံးရလွယ်ကူ✔️ လူကြီးများအတွက် အထူးသင့်တော်✔️ Built-in Speaker ...
12/02/2026

🦻 BTE နားကြားကရိယာ (ဓါတ်ခဲစနစ်)🦻
✔️ အသံတိုးချဲ့မှုကောင်း
✔️ သုံးရလွယ်ကူ
✔️ လူကြီးများအတွက် အထူးသင့်တော်
✔️ Built-in Speaker – အသံထွက်ကောင်း
✔️ Low Noise System – ဆူညံသံ လျော့ချပေးသည်
✔️ Comfortable Wearing – နားပေါ်တပ်ဆင်ရင် သက်​တောင့်သက်သာရှိခြင်း
✔️ A675 Zinc Air Battery – ဓါတ်ခဲခံ၊ ရက်၂၀မျှ ကြာရှည်အသုံးပြုနိုင်
✔️ Smart Chip – အသံကို ချိန်ညှိပေးသည်
✔️ Clear Sound Output – စကားသံ ကြည်လင်
✔️ N / H Mode Switch – ပတ်ဝန်းကျင်အလိုက် အသံရွေးချယ်နိုင်

🔹 H Mode🔹️
➡️ ပတ်ဝန်းကျင်အသံညံ့သံ လျော့ချပေးပြီး
အသံကို ပိုမိုတည်ငြိမ်စေသည်
🔹 N Mode🔹️
➡️ ပုံမှန်အသုံးပြုရန်
အသံအမြင့် / အနိမ့် အားလုံးကို တိုးချဲ့ပေးသည်

🌺​စျေးနှုန်း @ 285000 kyats 🌺

💁‍♀️💁‍♀️စကားပြောသံကို ထပ်မမေးရတော့ဘဲ
နေ့စဉ်ဘဝကို ယုံကြည်မှုနဲ့ ပြန်လည်ခံစားနိုင်ပါပြီ💁‍♀️💁‍♀️

🌀 နားရောဂါကြောင့် ပတ်ချာလယ်၊ ခေါင်းမူးဝေတတ်ပါသလား?????👉 Epley Maneuver ဆိုတာအတွင်းနားကြောင့် ဖြစ်တဲ့မူးဝေခြင်း (Giddines...
12/02/2026

🌀 နားရောဂါကြောင့် ပတ်ချာလယ်၊ ခေါင်းမူးဝေတတ်ပါသလား?????

👉 Epley Maneuver ဆိုတာအတွင်းနားကြောင့် ဖြစ်တဲ့
မူးဝေခြင်း (Giddiness / Vertigo / BPPV) ကိုသက်သာစေဖို့ အသုံးပြုတဲ့ဦးခေါင်းလှုပ်ရှားမှု လေ့ကျင့်ခန်းတစ်မျိုးပါ 🧠👂

🔍 ဘာကြောင့် မူးဝေသလဲ?
နားအတွင်းမှာရှိတဲ့Calcium Crystal လေးတွေ
မူလနေရာကနေ လွတ်ထွက်ပြီးအရည်ကြည်ပြွန်ထဲ ရောက်သွားတဲ့အခါခေါင်းမူး၊ ပတ်ချာလယ်
ဖြစ်တတ်ပါတယ်။

💡 Epley Maneuver ကကမ္ဘာ့မြေဆွဲအားကို အသုံးပြုပြီးအဲ့ဒီ Crystal လေးတွေကို မူလနေရာကို ပြန်ပို့ပေးတာပါ။

🧭 (ညာဘက်နား မူးဝေသူများအတွက်) လုပ်နည်း
⚠️ ဘယ်ဘက်လှည့်ရင် မူးဝေသူတွေကဘယ် / ညာ ကို ပြောင်းပြီး လုပ်ပါနော်⚠️

1️⃣ မတ်မတ်ထိုင်ပါ ခုတင်ပေါ် မတ်မတ်ထိုင်ပြီး
ခေါင်းအုံးကို ပခုံးအောက်မှာ ရှိအောင် ပြင်ပါ
2️⃣ ခေါင်းကို ညာဘက် ၄၅° လှည့်ပါ
3️⃣ ချက်ချင်း လှဲချပါ။ခေါင်းကို အနည်းငယ် နောက်ချထားပြီးစက္ကန့် ၃၀–၆၀ (မူးဝေမှု ပျောက်သည်အထိ) နေပါ။
4️⃣ ဘယ်ဘက်သို့ ၉၀° လှည့်ပါ ခေါင်းမကြွဘဲ ဖြည်းဖြည်း လှည့်ပြီးစက္ကန့် ၃၀–၆၀ စောင့်ပါ။
5️⃣ ကိုယ်တစ်ခြမ်းလုံးကို ဘယ်ဘက်စောင်းပါ။
ခေါင်းက ကြမ်းပြင်ဘက်ကို စောင်းနေအောင်
စက္ကန့် ၃၀–၆၀ နေပါ။
6️⃣ ဖြည်းဖြည်း ပြန်ထိုင်ပါ

⚠️ အရေးကြီး သတိပြုရန်⚠️

✔️ လေ့ကျင့်ခန်းလုပ်နေချိန်
ခဏတာ ပိုမူးလာတာ ပုံမှန် ပါ
(Crystal လေးတွေ ရွေ့နေတာကြောင့်ပါ)
✔️ လေ့ကျင့်ခန်းပြီးပြီးချင်း
၂၄ နာရီအတွင်းခေါင်းငုံ့ခြင်း၊ ခေါင်းမော့ခြင်း
မလုပ်ပါနဲ့။

❌️❌ မလုပ်သင့်သူများ❌️❌️
✅️လည်ပင်း / ကျောရိုး ဒဏ်ရာပြင်းထန်သူ
✅️မျက်စိအတွင်းတိမ်ရှိသူ
✅️သွေးကြောဆိုင်ရာ ပြဿနာရှိသူ
➡️ ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မလုပ်ပါနဲ့

ခေါင်းမူး၊ ပတ်ချာလယ်ကြောင့် နေ့စဉ်ဘဝ အဆင်မပြေတော့ရင်အချိန်မလွန်ခင် စနစ်တကျ သိထားဖို့ အရေးကြီးပါတယ်။

နားစည်ပြင်ပလမ်း​ကြောင်းပိုးဝင်ခြင်း  ☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆✅ **External Otitis (သို့မဟုတ်) Swimmer’s Ear** ဟုလည်း ခေါ်...
03/02/2026

နားစည်ပြင်ပလမ်း​ကြောင်းပိုးဝင်ခြင်း
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆

✅ **External Otitis (သို့မဟုတ်) Swimmer’s Ear** ဟုလည်း ခေါ်ကြသော နားစည်ပြင်ပလမ်းကြောင်း ပိုးဝင်ခြင်းသည် နားအတွင်းပိုင်းနှင့် နားပြင်ပပိုင်းများ ရောင်ရမ်းလာခြင်းကို ဆိုလိုပါသည်။

✅ ဤရောဂါသည် အများအားဖြင့် **ဘက်တီးရီးယားပိုး (သို့မဟုတ်) မှိုပိုးဝင်ခြင်း** ကြောင့် ဖြစ်ပွားတတ်ပြီး
- ရေကူးပြီးနောက်
- ရေချိုးပြီးနောက် နားအတွင်း အစိုဓာတ်များစွာ ကျန်နေခြင်း
- Q-tips (နားကြပ်တံ) ကဲ့သို့ နားအတွင်းသို့ ထည့်သုံးသော အရာများကြောင့် ယားယံခြင်း
တို့ကြောင့် ဖြစ်လာနိုင်ပါသည်။

✅ **ရောဂါလက္ခဏာများ** အနေဖြင့်
- နားအတွင်း နာကျင်ခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း
- ယားယံခြင်း
- နားမှ အရည်ထွက်ခြင်း
- နားအတွင်း ရောင်ရမ်းခြင်း
တို့ကို တွေ့ရနိုင်ပါသည်။

✅ **ကုသမှု** အနေဖြင့်
- ပဋိဇီဝပိုးသတ်ဆေးများ
- မှိုသတ်ဆေးများ
- ပူနွေးသော နှိပ်နယ်ခြင်း
- နာကျင်မှု သက်သာစေရန် ဆေးဝါးများ
ဖြင့် ကုသပေးရပါသည်။

✅ သင့်တွင် **နားစည်ပြင်ပလမ်းကြောင်း ပိုးဝင်ခြင်း** ဖြစ်နိုင်သည်ဟု သံသယရှိပါက ကိုယ်တိုင် မကုသဘဲထားပါက နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် **ဆရာဝန်နှင့် မဖြစ်မနေ ပြသ၍ ကုသမှုခံယူရန် အရေးကြီးပါသည်။**

---

💚 နားကျန်းမာ​ရေးကို အမြဲဂရုစိုက်ပါ💚

🔹️🔸️️CIC (Completely-in-the-canal) နားစည်အတွင်းပိုင်း တပ်အားပြန်သွင်းနိုင်သော နားကြားကိရိယာများသည် နားပေါက်အတွင်း၌ လုံးဝ...
03/02/2026

🔹️🔸️️CIC (Completely-in-the-canal) နားစည်အတွင်းပိုင်း တပ်အားပြန်သွင်းနိုင်သော နားကြားကိရိယာများသည် နားပေါက်အတွင်း၌ လုံးဝအံဝင်ခွင်ကျရှိပြီး အားပြန်သွင်းနိုင်သော နားကြားကိရိယာအမျိုးအစားဖြစ်သည်။

🔹️🔸️ Rechargeble Digital CIC(Single/Pair) နားသီးအသေးသည်နားအတွင်းပိုင်းထဲတပ်ဆင်ထားရင် မသိသာလို့ လူငယ်/လူလတ်ပိုင်း/ လုပ်ငန်းခွင်ဝင်နေရသူများ အတွက် အထူးသင့်တော်ပါတယ်။

🔹️🔸️Digital Smart Chip(audio decoding technology)နည်းပညာ ဖြင့်ထုတ်လုပ်ထားသောကြောင့်(Indoor/Outdoor Scenes)များမှာ အသံကြည်လင်ပြတ်သားပြီး ဆူညံသံကို အထူးလျော့ချပေးပါတယ်။

🔹️🔸️တပ်ဆင်ရတာ ပေါ့ပါးပြီး နူးညံပျော့ပျောင်းသော ဆီလီကွန် နားစွပ်ကြောင့် နားအတွင်းပိုင်း နာကျင်မူကို လျော့နည်းစေပါတယ်။

🔹️🔸️အားသွင်းဘူး Charging Compartment လေးဟာဖြင့် power bank လို နားသီးတဖက်ကို ၄ကြိမ်မျှ လျှပ်စစ်မီးမလို အားပြန်သွင်းလို့ရပါတယ်။

🔹️🔸️ပုံမှန် နားသီး CIC ဓာတ်ခဲစနစ်အများစုဟာ ဓာတ်ခဲအကုန်မြန်လို့ အားသွင်းစနစ် ပြောင်းသုံးလိုလျှင်လည်း ၃နာရီအားသွင်းလျှင် နာရီ (၃၀)ကြာမျှ အသုံးပြုလို့ရပါတယ်။

‼️‼️Online မှဝယ်ယူလျှင် အဝယ်မမှားရအောင် လူကိုယ်တိုင်ဆိုင်မှာ လာရောက်လေ့လာ ဝယ်ယူလို့ပါက‼️‼️

🏥🏥Thukha Hearing Aids
👉👉အမှတ်၈၃/၈၄,ရန်ကုန်-အင်းစိန်
လမ်းမ, သုခမှတ်တိုင် အနီး,လှိုင်မြို့နယ်။
သုခအထူးကု​ဆေးခန်း မှာလာရောက်
​လေ့လာဝယ်ယူ နိုင်ပါတယ်။👈👈

🟦ရန်ကုန်မြို့တွင်း (Home Service) အိမ်ရောက်ဝန်ဆောင်မူများလည်း ကြိုတင် ရက်ချိနိးယူပြီး လာရောက်စမ်းသပ်ပြီး ရောင်းချပေးပါတယ်။

🟦အသေးစိတ်သိရှိလိုပါက 09 5595559/095110583 (သို့) chat box မှာလာရောက် မေးမြန်းနိုင်ပါတယ် ။

💥Axon A318 BTE Rechargeble Hearing Aid💥♦️နားကြားကရိယာ အားသွင်းစနစ်ဖြစ်ပြီး အားသွင်းဘူးကို အားအပြည့်သွင်းထားရင် power ban...
02/02/2026

💥Axon A318 BTE Rechargeble Hearing Aid💥

♦️နားကြားကရိယာ အားသွင်းစနစ်ဖြစ်ပြီး အားသွင်းဘူးကို အားအပြည့်သွင်းထားရင် power bank လိုမျိုး လျှပ်စစ်မလို အားပြန်သွင်းလို့ရပါတယ်။

♦️မီးပျက်ရာသီမှာ အားသွင်းစနစ်သုံးမယ်ဆို ဒီအမျိုးစားက
သင့်​တော်ပါတယ်။

♦️Ear Tube နား​ကောက်ပိုက်က မူလီ​ခေါင်းအရှင်မို့ ပိုက်​ဟောင်းသွားလို့ ကျိုးပဲ့ပျက်စီးသွားရင် ပိုက်အသစ်ပြန်လဲသုံးလို့ရပါတယ်။

♦️Ear tube ပိုက်အ​သေးမို့ နား​ကောက်အကြီး မကြိုက်သူများ နားကြားကရိယာ နဲ့ မျက်မှန်ကိုင်းနဲ့ပွတ်တိုက်နေလို့ အဆင်မ​ပြေသူများ၊ အသက်ကြီးပိုင်း အမျိုးသမီး​တွေအတွက်ပိုသင့်​တော်ပါတယ်။

♦️နားရွက်ဆိုဒ်​သေးသူများအတွက် ပိုမိုသင့်တော်ပြီး တပ်ဆင်ရတာ နာကျင်မူမရှိ နား​ပေါ်တပ်ဆင်ထားရင် မသိသာပဲ ​ပေါ့ပါးပါတယ်။

♦️Normal Mode,Noise Reduction Mode,Meeting Mode (၃)မျိုးပါဝင်ပြီး မိမိ​ပတ်ဝန်းကျင် အ​နေအထား​ပေါ်မူတည်ပြီး မိမိအကြားအာရုံဖြင့် ကိုက်ညီတဲ့ အသံအ​နေထားကို ချိန်ညှိပြီး တပ်ဆင် အသုံးပြုလို့ရပါတယ်။

♦️သုခနာကြားကရိယာရဲ့ လူကြိုက်များ အ​ရောင်းသွက်တဲ့ နားကြားကရိယာ အားသွင်းစနစ်အမျိုးစား တခုဖြစ်ပါတယ်။

♦️Lithium battery အမျိုးစားမို့ နာရီ (၃၀)နီးပါး အသုံးပြုလို့ရပြီး Charging compartment အားသွင်းဘူးကလည်း အားအပြည့်ဖြည့်ထားရင်( ၃)ခါ​လောက် အားပြန်သွင်း အသုံးပြုလို့ရပါတယ်။

📌​စျေးနှုန်း: 300000ကျပ်
💯💯အာမခံ: (6months warranty)

➡️အ​သေးစိတ်သိရှိလိုပါက 095595559 သို့ဆက်သွယ်​မေးမြန်းနိုင်ပါတယ်။

➡️ဆိုင်မှာလာ​ရောက် ​လေ့လာဝယ်ယူလိုပါက
🏥🏥အမှတ်၈၃/၈၄ ရန်ကုန်-အင်းစိန်လမ်းမ,သုခမှတ်တိုင် အနီး၊သုခအထူးကု​ဆေးခန်း၊ လှိုင်မြို့နယ်။
095595559/ 095110583

01/02/2026
Tinnitus ဆိုသည်မှာ ပြင်ပဆူညံသံ​ကြောင့်မဟုတ်ပဲ နားထဲတွင် ဆူညံသံမြည်ခြင်း သို့မဟုတ် အခြားအသံများကို ကြား​နေရခြင်း ဖြစ်သည်။...
31/01/2026

Tinnitus ဆိုသည်မှာ ပြင်ပဆူညံသံ​ကြောင့်မဟုတ်ပဲ နားထဲတွင် ဆူညံသံမြည်ခြင်း သို့မဟုတ် အခြားအသံများကို ကြား​နေရခြင်း ဖြစ်သည်။ ၎င်းတွင် အမျိုးမျိုးသော အကြောင်းတရားများ ရှိနိုင်သည်၊၊

♦️ နားနှင့်ပတ်သက်သော အကြောင်းတရားများ♦️

☑️ အကြားအာရုံဆုံးရှုံးခြင်း – အသက်အရွယ်ဆိုင်ရာ (presbycusis) သို့မဟုတ် ဆူညံသံကြောင့် အကြားအာရုံပျက်စီးခြင်း။

☑️နားပိုးဝင်ခြင်း (သို့မဟုတ်) ပိတ်ဆို့ခြင်း – နားဖာ​ချေး
များ စုပုံခြင်း၊ နားအတွင်း အရည်များ( သို့မဟုတ်) နားပိုးဝင်ခြင်း။

☑️Otosclerosis - နားအလယ်တွင် ပုံမှန်မဟုတ်သော အရိုးများ ကြီးထွားလာကာ အကြားအာရုံ ဆုံးရှုံးစေသည်။

☑️Ménière's ရောဂါ - နားအတွင်းပိုင်းချို့ယွင်းခြင်းသည် tinnitus, vertigo, နှင့် အကြားအာရုံဆုံးရှုံးခြင်း။

♦️ Noise and Trauma♦️

☑️ကျယ်လောင်သော ဆူညံသံများကို ထိတွေ့ခြင်း – ကျယ်လောင်သော အသံများကို ကြာရှည်စွာ ထိတွေ့ခြင်း (ဖျော်ဖြေပွဲများ၊ စက်ယန္တရားများ၊ နားကြပ်များ)။

☑️ဦးခေါင်း (သို့မဟုတ်) လည်ပင်း ထိခိုက်ဒဏ်ရာရခြင်း – နားအကြားအာရုံကြောများ (သို့မဟုတ်) ဦးနှောက်လုပ်ဆောင်ချက်ကို ထိခိုက်စေသော ဒဏ်ရာ။

♦️ဆေးဘက်ဆိုင်ရာအခြေအနေများ♦️

☑️​သွေးတိုး/ဆီးချိုရောဂါ - အကြားအာရုံအပါအဝင် အာရုံကြောများကို ထိခိုက်​စေနိုင်သည်။

☑️သိုင်းရွိုက်ရောဂါများ – ဟော်မုန်းမညီမျှခြင်းသည် နားအူခြင်းကို ဖြစ်စေနိုင်သည်။

☑️TMJ ပုံမမှန်မှုများ – မေးရိုးအဆစ်ပြဿနာများသည် tinnitus ကိုဖြစ်စေနိုင်သည် သို့မဟုတ် ပိုဆိုးလာနိုင်သည်။

♦️ပဋိဇီဝဆေးဝါးများ♦️

☑️Ototoxic ဆေးဝါးများ - အချို့သော ပဋိဇီဝဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ဆီးဆေး၊ ဓာတုကုထုံးနှင့် စိတ်ကျရောဂါ ပျောက်ဆေးများသည် tinnitus ကို ပိုဆိုးလာစေနိုင်သည်။

♦️စိတ်ဖိစီးမှုနှင့် လူနေမှုပုံစံစသည့်အချက်များ♦️

☑️နာတာရှည်စိတ်ဖိစီးမှုနှင့်စိုးရိမ်ပူပန်မှု - tinnitus နားအူခြင်းကို ဖြစ်စေနိုင်သည်။

☑️ကဖိန်းဓာတ်၊ နီကိုတင်းနှင့် အရက် – အချို့လူများတွင် tinnitus လက္ခဏာများ တိုးလာနိုင်သည်။

Germany made နားကြားကရိယာသုံးဓါတ်ခဲ Instock ရပါပြီ။💥၆လုံးတကဒ်@ ၁၅၀၀၀ကျပ်💥
30/01/2026

Germany made နားကြားကရိယာသုံးဓါတ်ခဲ Instock ရပါပြီ။

💥၆လုံးတကဒ်@ ၁၅၀၀၀ကျပ်💥

နားကြားကရိယာ မတပ်ဆင်မှီ အောက်ပါအချက်များ သိရှိရန်လိုအပ်ပါတယ်။✅စက်ကို စတင်အသုံးပြုတဲ့အခါမှာ (ပါဝါ  ခလုပ်ကိုပိတ်ထားပေးပါ)။...
28/01/2026

နားကြားကရိယာ မတပ်ဆင်မှီ အောက်ပါအချက်များ သိရှိရန်လိုအပ်ပါတယ်။

✅စက်ကို စတင်အသုံးပြုတဲ့အခါမှာ (ပါဝါ ခလုပ်ကိုပိတ်ထားပေးပါ)။

✅နားကြပ်အစွပ်ကလေးကို နားအတွင်းပိုင်းအထိ သေချာဝင်အောင် ထည့်သွင်းပေးပါ ။ပြီးနောက် အသံကို အနိမ့်ဆုံးထား၍ ပါဝါခလုပ်ကို စဖွင့်ပေးပါ။

✅ပါဝါဖွင့်ပြီးပါက အသံခလုတ်ကိုဖြည်းဖြည်းချင်း
ချဲ့ပြီး မိမိအသုံးပြုရန်အဆင်ပြေသော အသံအနေအထားရောက်သည်အထိ ဖြည်းညှင်းစွာ ချိန်ညှိပေးပါ။

❌❌ အသံကို တအားချဲ့ခြင်းမျိုး မပြုလုပ်ရန် အထူးသတိပြုပေးပါ ❌❌

⛔နားကြပ်သည် နားအတွင်း သေချာအံဝင်မှူ မရှိပါက လေတိုးသံလို ၊ ဝီစီသံမျိုး ထွက်တတ်ပါသည် ။ ထို့ကြောင့် သေချာစွာ နားတွင် တပ်စဉ်ပြီးမှ ပါဝါကို ဖွင့်၍ လိုသလောက် အသံချဲ့ပြီး အသုံးပြုပေးပါရန်လိုအပ်ပါတယ်။⛔

✅နားကြပ်က အသံအရမ်းဆူနေခြင်းဟာ နားစွပ်မလုံခြင်း၊ နားစွပ်ဆိုဒ် နဲ့ နားပေါက်မကိုက်ညီတာကြောင့်လည်းဖြစ်နိုင်ပါတယ်။

✅နားကြားကရိယာဝယ်ယူလျှင် ဘူးထဲမှာ ဆီလီကွန် နားစွပ်အပိုတွေပါရှိတာမို့ မိမိရဲ့ နားပေါက်နဲ့ ကိုက်ညီတဲ့နားစွပ်ဆိုဒ်ကို ​သေချာ​​လေး ရွေးချယ်တပ်ဆင်သင့်ပါတယ်ရှင့်။

‼️နားကြားကရိယာအတွင်း နားဖာ​ချေးပိတ်ဆို့ခြင်း‼️--------------------------------------------------------------------------...
27/01/2026

‼️နားကြားကရိယာအတွင်း နားဖာ​ချေးပိတ်ဆို့ခြင်း‼️
------------------------------------------------------------------------------------
✅️နားဖာချေးသည် နားပေါက်ကို ဖုန်မှုန့်၊ ဘက်တီးရီးယားနှင့် အခြားသော ပြင်ပအမှုန်အမွှားများမှ ကာကွယ်ရန် ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်ထားသည်။ သို့သော်၊ အလွန်အကျွံ နားဖာချေးသည် နားကြားကိရိယာ လက်ခံကိရိယာကို Receiver အတွင်းသို့ ပိတ်ဆို့နိုင်ပြီး၊ ၎င်းသည် အသံအရည်အသွေးနှင့် စက်၏ လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းသွားစေနိုင်သည်။

✅️ပုံမှန်အားဖြင့် နားကြားကိရိယာတွင် နားဖာချေးသည် ဖြည်းဖြည်းချင်း စုပုံလာခြင်းသည် ပုံမှန်အားဖြင့် နားကြားကိရိယာကို ပုံမှန်ဝတ်ဆင်ပြီး နားတူးမြောင်းနှင့် ထိတွေ့သောအခါတွင် တပ်ဆင်ထား​သော နားကြားကရိယာတွင်
နားဖာ​ချေးပိတ်ဆို့ခြင်းများ စတင်ဖြစ်​ပေါ်လာပါသည်။

✅️ဤပိတ်ဆို့ခြင်းသည် နားကြားကရိယာအသံထွက်နှုန်းများ ကိုလျော့ကျသွားခြင်းနှင့် အချို့သော ကြိမ်နှုန်းများကို ကြားရခက်ခဲခြင်းတို့ ဖြစ်စေနိုင်သည်။

✅️နားကြားကိရိယာတွင် နားဖာချေးများ စုပုံလာခြင်းကို ကာကွယ်ရန်၊ ကိရိယာနှင့် နားတူးမြောင်းကို ပုံမှန်သန့်ရှင်းရန် အရေးကြီးသည်။ နားကြားကိရိယာလက်ခံကိရိယာနှင့် အခြားအစိတ်အပိုင်းများမှ ပိုလျှံနေသော နားဖာချေးများကို စနစ်တကျ ဖယ်ရှားရန် အထူးကိရိယာများရှိပါသည်။

✅️နားဖာချေးတည်ဆောက်မှုကြောင့် စက်ပစ္စည်းများ၏ 60%-70% သည် နားဖာချေးများတည်ဆောက် ပိတ်ဆို့ထားသောကြောင့် အသံမကြားရ​တော့ပဲ ပြန်လည်ပြုပြင်ရတတ်ပါသည်။

✅️ နားကို ပုံမှန်သန့်ရှင်းရေးလုပ်ခြင်းသည် နားဖာချေးထိခိုက်မှုကို ရှောင်ရှားရန်နှင့် နားကြားကိရိယာကို ထိခိုက်မှုမဖြစ်စေရန် ကူညီပေးပါသည်။

✅️မဖယ်ရှားရသေးသော နားဖာချေးသည် နားကြားကိရိယာ (Receiver )လက်ခံ/အပေါက်များကို ပိတ်ဆို့နိုင်ပြီး နားဖာချေး၏ ဓာတုဗေဒ အစိတ်အပိုင်းများသည် နားကြားကိရိယာ၏ အရေးပါသော အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။

✅️နားကြားကိရိယာ၏ အကောင်းဆုံးစွမ်းဆောင်ရည်ကိုသေချာစေရန် သင့်လျော်သော သန့်ရှင်းရေးနည်းပညာများနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ အကြံပြုချက်များကို ကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူ သို့မဟုတ် အသံပညာရှင်နှင့် တိုင်ပင်ရန်လည်း လိုအပ်ပါသည်။

⚠️⚠️BTE နား​ကောက်အမျိုးစားထက် ITE/CIC နားသီးအမျိုးစားများတွင် နားဖာ​ချေးပိတ်ဆို့ခြင်းများ ပိုမိုဖြစ်​​စေနိုင်၍ နားကြားကရိယာ နှင့် နားအတွင်းပိုင်းသန့်ရှင့်​ရေးကို အထူးဂရုစိုက်သင့်ပါတယ်။⚠️⚠️

နားကြားကရိယာနှင့်ပတ်သက်ပြီး စုံစမ်းလိုပါက 095595559 သို့ဆက်သွယ်​မေးမြန်းနိုင်ပြီး Product qualityကို ဆိုင်မှာလာ​ရောက်​လေ့လာလိုပါက
👇👇👇👇👇
🏥🏥အမှတ်၈၃/၈၄,ရန်ကုန်-အင်းစိန်လမ်းမ,
သုခမှတ်တိုင်အနီး,သုခအထူးကု​ဆေးခန်း,လှိုင်မြို့နယ်။
☎️☎️095110583/095595559

Signia (Fast P ) Germany made နားကြားကရိယာ Instock ရပါပြီရှင့်။💁‍♀️💁‍♀️Warranty : one year☎️☎️095110583/095595559
26/01/2026

Signia (Fast P ) Germany made နားကြားကရိယာ Instock ရပါပြီရှင့်။💁‍♀️💁‍♀️

Warranty : one year

☎️☎️095110583/095595559

26/01/2026

Address

83/84, Yangon-Insein Road
Yangon
11051

Telephone

+9595595559

Website

Alerts

Be the first to know and let us send you an email when Thukha Hearing Aids posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram